Friday, November 18, 2011

Facebook ပိတ်တော့မည်ဟု Facebook စာမျက်နှာများတွင် ပျံ့ နှံ့ 



Facebook ကြီးသာ ပိတ်သွားခဲ့ရင်ဘာတွေ လုပ်ကြမလဲ.. ? ။

Facebook တည်ထောင်သူ Mark Zuckerberg မှနေ၍ Facebook ကို မတ်လ ၂၀၁၂ မှာ ပိတ်ရတော့မှာဖြစ်ကြောင်းနဲ့ Facebook ကို လုပ်နေရတာ သူ့အတွက် အရမ်းစိတ်ဖိစီးမှု များနေပါတယ်လို့ ပြောသွားပါတယ်။

"Facebook က ထိန်းလို့မရတော့ပါဘူး" လို့ Palo Alto ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Zuckerberg မှတဆင့်ပြောကြားခဲ့ပါတယ်။ "နောက်ပြီးတော့ Facebook ကို လုပ်နေရတာ ကျွန်တော့်အတွက် စိတ်ဖိစီးမှု အရမ်းများနေတာကြောင့် ကျွန်တော် ဒီဟာကို အဆုံးသတ်ဖို့ လိုအပ်နေပါပြီ။

Zuckerberg ဟာ Facebook ကို ၂၀၁၂ မတ်လ ၁၅ရက်နေ့တွင် အသုံးပြုသူများ အနေနှင့် Facebook အကောင့်များကို ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အသုံးပြုသူများအနေနဲ့ ဒီနှစ်မှာ Facebook မရှိဘဲ နေနိုင်အောင် နေပေးကြပါလို့လဲ ပြောသွားပါတယ်။

"မတ်လ ၁၅ ရက်နေ့ ၂၀၁၂ ခုနှစ် နောက်ပိုင်း မှာ Website ကြီး တစ်ခုလုံး ပိတ်လိုက်ပါတော့မယ်" လို့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ "အဲဒါကြောင့် သင့်ရဲ့ ဓါတ်ပုံတွေကို လိုချင်သေးရင် Facebook ပေါ်က ပြန်ယူထားဖို့လည်း အကြံပေးချင်ပါတယ်။ Facebook ပိတ်လိုက်ရင် ဓါတ်ပုံတွေ ပြန်ရတော့မှာ မဟုတ်ပါဘူး" လို့လည်း ပြောသွားခဲ့ပါသေးတယ်။

Zuckerberg ကတော့ Facebook ကိုပိတ်ဖို့ ဆုံးဖြတ်ရတာဟာ သူ့အတွက် အရမ်းကို ခက်ခဲကြောင်းနဲ့ သူ ပိတ်လိုက်တဲ့အတွက် အသုံးပြုသူတွေကို ၀မ်းမနည်းစေချင်ပါဘူးလို့လဲ မျှော်လင့်ကြောင်း ပြောသွားပါသေးတယ်။

"ကျွန်တော်အနေနဲ့တော့ အဲဒါ သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူးလို့တော့ ထင်တယ်ခင်ဗျ" ဆိုပြီး သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားပါတယ်။ "ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော် အဲဒီလိုလုပ်တာ ပိုကောင်းမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ Facebook မရှိရင် လူတွေဟာ အပြင်ထွက်ပြီး တကယ့်သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်ကြမှာပါ။ အဲဒါကို ကျွန်တော်မျှော်လင့်ပါတယ်။"

Facebook သုံးစွဲသူ တချို့ကတော့ အဲဒီသတင်းကို ကြားပြီး ထိတ်လန့်ခဲ့ပါတယ်။ အင်ဒီယားနား ပြည်နယ်မှ အထက်တန်းကျောင်းသား Denise Bradshaw ဆိုရင် "ကျွန်တော် Facebook သာမရှိရင် ဘာလုပ်နေရမလဲ?" လို့ ငြီးငြူခဲ့ပါသေးတယ်။ "ကျွန်တော့် ဘ၀က Facebook က အဓိကပါ။ ကျွန်တော် Facebook ကို တစ်နေ့ ၁၀ နာရီလောက် သုံးပါတယ်။ အခု Facebook မရှိတော့ဘူးဆိုရင် ကျွန်တော့် အဲဒီအချိန်တွေကို ဘယ်နားသွားသုံးရမလဲဗျာ?"

သို့ပေမယ့် မိဘတွေကတော့ အဲဒီသတင်းတွေကြားပြီး စိတ်သက်သာရာရခဲ့ပါတယ်။ "Facebook ပိတ်သွားတာ တော်တော်ကောင်းပါတယ်" လို့ Detroit မှ မိဘတစ်ဦးဖြစ်သူ Jon Guttari မှ ပြောသွားပါတယ်။ "အဲါးဆို ကျွန်တော့်ကလေးက ကွန်ပျူတာနဲ့ မျက်နာကို နေ့တိုင်း ကပ်မနေတော့ဘူးပေါ့ဗျာ။ ကျွန်တော်နဲ့ စကားပြောဖို့ အချိန်ပိုရနိုင်တာပေါ့" လို့ ၀မ်းမြောက်ဝမ်းသာ ပြောသွားပါတယ်။

FACEBOOK WILL END ON MARCH 15th, 2012!

Mark Zuckerberg announced that Facebook will be shut down in March of 2012. Managing the site has become too stressful.

“Facebook has gotten out of control,” said Zuckerberg in a press conference outside his Palo Alto office, “and the stress of managing this company has ruined my life. I need to put an end to all the madness.”

Zuckerberg went on to explain that starting March 15th of next year, users will no longer be able to access their Facebook accounts. That gives users (and Facebook addicts) a year to adjust to life without Facebook.

“After March 15th, 2012 the whole website shuts down,” said Avrat Humarthi, Vice President of Technical Affairs at Facebook. “So if you ever want to see your pictures again, I recommend you take them off the internet. You won’t be able to get them back after Facebook goes out of business.”

Zuckerberg said the decision to shut down Facebook was difficult, but that he does not think people will be upset.

“I personally don’t think it’s a big deal,” he said in a private phone interview. “And to be honest, I think it’s for the better. Without Facebook, people will have to go outside and make real friends. That’s always a good thing.”

Some Facebook users were furious upon hearing the shocking news.

“What am I going to do without Facebook?” said Denise Bradshaw, a high school student from Indiana. “My life revolves around it. I’m on Facebook at least 10 hours a day. Now what am I going to do with all that free time?”

However, parents across the country have been experiencing a long anticipated sense of relief.

“I’m glad the Facebook nightmare is over,” said Jon Guttari, a single parent from Detroit. “Now my teenager’s face won’t be glued to a computer screen all day. Maybe I can even have a conversation with her.”

from facebook's friends Avan Wang (王天) & John Htoi Aung

Source by :http://weeklyworldnews.com/headlines/27321/facebook-will-end-on-march-15th/

7 comments:

Baby taster said...

ကောင်းလိုက်တား)

SHWE ZIN U said...

ဘယ်လို စိတ်ကူးနဲ့ များပိတ်မှာ လည်း အဓိပ္ပါယ် မရှိဘူး

SML (The Chara Project) said...

လက်မခံနိုင်ပါဘူး Facebook ကြောင့်သာ အနေဝေးတဲ့ သူငယ်ချင်းများနဲ့ အဆက်အသွယ်ရနေတာပါ၊၊ တော်ရုံတန်ရုံ ဘယ်သူကမှ မေးလ်ပို့ချင်ကြတာမဟုတ်ပါဘူး၊၊

မဒမ်ကိုး said...

ကောင်းထှာ ကောင်းထှာ များတို့ကသုံးမှသုံးတား)ဟိဟိ

Anonymous said...

ဒမ်ကိုးတော့ ရန်ဖြစ်ချင်ပြီထင်တယ်
ဖဘမရှိရင် မောင်ဘကြိုင်လည်းဟာတာတာဖြစ်တော့မှာပဲ

မောင်ဘကြိုင်

mabaydar said...

ဓာတ်ပုံတွေတော့ ပြန်ဒေါင်းထားမှ... ပိတ်လိုက်တော့လဲ အချိန်ပိုထွက်လာတာပေါ့... အဲဒါကြောင့် Google+ စသုံးနေပြီ... အားလုံးလာခဲ့ကြ... အက်မယ်... ခုရုံးက ဖေ့ဘွတ်ကို ပိတ်ထားတော့ ကိုယ်တို့က ပြတ်နေတာ ၃ လလောက်ရှိပြီ... ညဘက် ခဏလေးပဲ ၀င်ဖြစ်တယ်.. ထခါတလေ မ၀င်ဖြစ်ဘူး... အိမ်က အစ်မ စွဲနေတာတော့ ပြောရမယ်...

Anonymous said...

သူဖွင့်တာ သူပိတ်ချင်ပိတ်ပါစေပေါ့
လူတွေကလည်း သူတို့ ခေါင်းမစားတိုင်း
သေချာစဉ်းစားပါအုံး ရှင်တို့ဆိုရင်ရော
ခေါင်းရှုပ်ခံနိုင်ပါ့မလား