Sunday, February 12, 2012

မလေးရှားရောက် ရွှေမြန်မာများအား အထူး သတိပေးချက်



အထူး သတိပေး အပ်ပါသည် ....

ယနေ့ မလေးရှား နိုင်ငံရှိ ကေအယ်မြန်မာဆိုင်များတွင် နံနက်အချိန် နှင့် နေလည်ပိုင်း အချိန်တွင် အော်ပရာစီ( စစ်ဆင်ရေး) များဝင်ရောက် စစ်ဆေး ဖမ်းဆီးနေကြောင်း သတင်း ရရှိပါသည်။ မလေးရှားနိုင်ငံ နေရာတိုင်းတွင် အော်ပရာစီ( စစ်ဆင်ရေး) လုပ်ငန်းများ စတင်အကောင်အထည် ဖော်နေပြီ ဖြစ်ပါသည်။

သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ ကေအယ် အနီးတစ်ဝိုက် နှင့် လူစည်ကားသော နေရာများသို့ သွာလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက်အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းကို သတိပြုသင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ အရေးကြီးသော မလေးရှားမှ သတင်းများကို ကျွန်တော်ရဲ့ အီးမေး nayzawlin1@nayzawlin.com - nayzawlin1@gmail.com ကိုပေးပို့၍ မလေးရောက် ရွှေမြန်မာများ အတွက် သတင်း ကဏ္ဍမှ တင်ပြ အကူအညီပေး နိုင်ပါသည်။

အယ်ဒီတာ



4 comments:

မိုးယံ said...

လ၀က နှင့် ရဲ အရာရှိများက အရပ်ဝတ်ဖြင့်..လှည့်လည်နေပြီး... မိမိတို့ စစ်ဆေးချင်သောသူအား.... ၄င်းတို့၏ ၀န်ထမ်းကဒ်များ ထုပ်ပြပြီး စစ်ဆေးကြပါသည်။ အိုင်စီ (နိုင်ငံသားလက်မှတ်) ကိုင်ဆောင်ထားသူများပင် မင်္သကာပါက ကားဖြင့် ခေတ္တတင်ဆောင်သွားပြီး သေချာစစ်ဆေးပြီးမှ ပြန်လွှတ်ပါသည်။ စနေနေ့ (11.2.12) တွင် ၄င်းတို့ ပါလာသော ကားကြီးများဖြင့်... ကား သုံးစီး အပြည့် တရားခံဟုတ်သူရော မင်္သကာသူများပါ ဖမ်းဆီခေါ်ဆောင်သွားသည်ဟု...ခိုင်လုံသော သတင်းရပ်ကွက်မှ သိရပါသည်။

မဒမ်ကိုး said...

း( သူတို့ကလဲတမျိုးးး((((

ခရစ္စတလ် said...

မလေးက ဘော်ဘော်တွေ အဆင်ပြေရဲ့လား
စိတ်ပူနေတယ်

mstint said...

ရွှေမြန်မာများအားလုံးအစစအရာရာသတိထားကြဘို့တော့
အထူးဂရုပြုသင့်တယ်။ တကယ်စိုးရိမ်မိတယ် မိုးယံရေ။
လူသားအားလုံးကိုယ်စိတ်နှစ်ပါးအေးချမ်းပါစေ။

မေတ္တာဖြင့်
အန်တီတင့်