Thursday, March 29, 2012

ဘလော့ကာ ဝမ်းကိုကိုအောင် နှင့် အင်တာဗျူး အစီအစဉ်



အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ဒီတစ်ပတ် ဘလော့ကာ အင်တာဗျူး အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန်ကြရောက် လာပါပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးမှာ သတင်းပိုင်း ၊ နည်းပညာပိုင်း ၊ စာပေပိုင်း နှင့် အထွေထွေပိုစ့်များ ရေးသား တင်ဆက် မျှဝေပေးနေတဲ့ International Social Network Myanmar ဘလော့ဆိုက်လေး တစ်ခုနဲ့ နိုင်ငံတကာမှ အွန်လိုင်း စာဖတ်သူများကို အသိပေး မိတ်ဆက် ပေးချင်ပါတယ်။

ဒီ ဘလော့လေးမှာ ဆိုရင် နေ့စဉ်နဲ့အမျှ Software ၊ Antivirus ၊ E book များ ၊ BLOG ၊ Converter ၊ Deep Freeze ၊ Directory ၊ Download Manager ၊ Facebook ၊ Game ၊ Gmail ၊ Gtalk ၊ Hacker ၊ Phone ၊ Photo ၊ Player ၊ Proxy ၊ Recover ၊ USB ၊ Virus Software စုစည်းမှု ၊ Music ၊ Movie Online ၊ Daliy News ၊

Web-Messenger ၊ ဗေဒင် ၊ အထူးအစီစဉ်များ ၊ သတင်းများ နှင့် အထွေထွေ နည်းပညာများ စသည့် စသည့် ပိုစ့် အမျိုးအစားများကို နေ့စဉ် တင်ဆက် မျှဝေပေးနေတဲ့ ဘလော့ လေးတစ်ခု ဖြစ်ပါတယ်။ International Social Network Myanmar ဘလော့ ပိုင်ရှင်လေး ဖြစ်တဲ့ ကိုဝမ်းကိုကိုအောင် နဲ့ တွေ့ဆုံပြီး သူရဲ့ဘလော့လေးနဲ့ ပက်သက်တာတွေကို ဒီလို ဒီလို ..... မေးဖြစ်တဲ့ အခါ ....

မင်္ဂလာပါကိုကြီး .....

မေး = အင်တာနက် အွန်လိုင်းကို ဘယ်အချိန်က စတင် အသုံးပြုခဲ့လဲ ဆိုတာလေးကို ပထမဆုံး မေးမြန်းပါရစေ။

အင်တာနက် သုံးတာတော့ ကြာပါပြီ။ အစ်ကိုရဲ့ အသက် အသက်၁၈နှစ် ထဲကပေါ့။ အင်တာနက်ဆိုတာ မြန်မာပြည်မှာ ပေါ်ခါစကပါ။ အဲဒီအချိန်က MIRC ဆိုတဲ့ ချက်တင်လေး နာမည်ကြီးကာစ ကတည်းက စတင် အသုံးပြုခဲ့တာပါ။

မေး = အခုလို ကိုယ်ပိုင် ဘလော့ရေးဖြစ်တာရော ကြာနေပြီလား? ဘယ်တုန်းက စတင် ရေးသားပြီး ဘလော့လေးကို တည်ထောင် ဖြစ်တာလဲ ?

အခု blog လေးအကြောင်း ပြောရမယ်ဆိုရင် စတင်ဖြစ်လာပုံကို အရင်ပြောပြချင်ပါတယ်။ International Social Network Myanmar ဆိုတဲ့ နာမည်နဲ့ အရင်ဆုံး facebook မှ group chat လေးစတင် တည်ထောင်မိပါတယ်။ ဒါပေမဲ့ အဲဒီထဲမှ လူသိပ်မရှိပါဘူး အဲလိုနဲ online က အစ်မ တစ်ယောက်က သူ blog ထောင်ထားတာလေး ရှိတယ်တဲ့ အဲဒါ နည်းနည်းလောက် ဝင်ပြင်ပေးပါလားတဲ့ အဲဒါနဲ့ နည်းနည်း လောက်ပြင်ပြီး လိုက်တယ်။



အဲဒါနဲ့ blog လေးတစ်ခု လောက် ရေးရင် ကောင်းမယ်ဆိုပြီး အကြံရလားတယ်။ International Social Network Myanmar ဆိုတဲ့ blog က ကျွန်တော်ရဲ့ ဒုတိယ blog ပါ ပထမ blog တစ်ခု ရှိပါသေးတယ်။ one to one ဆိုတဲ့ နာမည်နဲ့ တည်ထောင်ထားတာပါ။ အခုတော့မရှိတော့ပါဘူး International Social Network Myanmar ဆိုတဲ့ blog စတင်တည်ထောင်ထဲက ဖျက်လိုက်ပါတယ်။ International Social Network Myanmar ဆိုတဲ့ blog ကို ၁၁ လပိုင်း ၁၇ရက်နေ ၂၀၁၁ မှစတင်ရေးဖြစ်တာပါ။

မေး = ဘလော့ လေးတစ်ခု လုပ်ပြီးသွားပြီ ဆိုတော့ အစ်ကိုရဲ့ ဘလော့လေးမှာ ဘယ်လို အကြောင်း အရာ လေးတွေကို တင်ပေးမယ် မျှဝေဖြစ်မယ် လို့ စိတ်ကူးမိလဲ ?

blog မလုပ်ခင်ထဲက အတတ်နိုင်ဆုံး ကဏ္ဍတွေ စုံအောင် တင်ပြမယ်လို စိတ်ကူး မိတာတွေရှိပါတယ်။ စာဖတ်သူ ပရိတ်သက်ကို ရသမျိုးစုံ ပေးခြင်းတယ်။ သဘောမျိုးပါ နောက်ပြီးသူများတွေ blog လိုမတူတဲ့ ကဏ္ဍ မျိုးဖြစ်အောင်လည်း စိတ်ကူးမိပါတယ်။ ဥပမာ သတင်းတွေဆိုရင် ထူးထူးခြားခြား သတင်းတွေပေါ့။ နောက်ပြီး software တွေဆိုရင် လူအများ စိတ်ဝင်စားမဲ့ software မျိုးတွေကို တင်ပြမယ်လို စိတ်ကူးမိပြီး အကောင် အထည် ဖော်ဆောင် ဖြစ်ပါတယ်။

မေး = အခုလက်ရှိကရော အစ်ကိုရဲ့ ဘလော့လေးမှာ ဘယ်လိုပိုစ့် အမျိုးအစားလေးတွေ ကို မျှဝေဖြစ်လဲ ?

နေ့စဉ်ကတော့ သတင်းပိုင်း နည်းပညာပိုင်း တင်ပေးဖြစ်ပါတယ်။ အခု လတ်တလော ထူးထူးခြား တင်ဖြစ်တဲ့ post အသစ်လေးကတော့ ပျောက်ကွယ် လုနီးပါဖြစ် နေသော ပညာရပ်တစ်ခု သိပ္ပံမဟုတ်သော ဝိဇ္ဇာပညာရပ် ဆိုတဲ့ ခေါင်းစဉ်နဲ post တစ်ခုပါ။ အဲဒီ post ကိုတင်ပေးဖို့ စဉ်းစားထား တာတော့ကြာပါပြီး အခု လတ်တလောမှပဲ တင်ဖြစ်သွားတာပါ။

ရှေးခေတ်က မြန်မာပညာရပ်တစ်ခုပေါ့။ အခုခေတ်မှဆိုရင် ပျောက်ကွယ်တော့မဲ့ ပညာရပ်တစ်ခုပါ။ ကျွန်တော် blog ပရိတ်သတ်တွေ ဗဟုသုတရအောင်လို့ အဲဒီပညာရပ်ကို အသေးစိပ် သိအောင် လိုဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဖြစ်သွားတာပါ။

မေး = အစ်ကိုရဲ့ ဘလော့လေးမှာ ဆော့ဝဲလ်နဲ့ အထွေထွေ နည်းပညာပိုစ့်တွေကို ဘယ်လိုလေ့လာ တင်ပေးဖြစ်လဲ ဆိုတာ ပြောပြပေးပါဦး။

အင်တာနက် စသုံးထဲက နည်းပညာတွေ ရေးတဲ့သူတွေ blog ကို ဖတ်ရတော့ သူတို့ကိုအားကြတယ်။ ဥပမာ ကိုညီနေမင်း တိုလိုပေါ့။ သူတို့လိုပဲ ဖြစ်အောင်ကြိုစားပြီး လေ့လာတယ်။ မသိတဲ့ဟာတွေကို သိအောင် ရှာဖွေ တယ်ဖတ်တယ်။ လက်တွေ့ လုပ်တယ် အဲလိုနဲ့ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး နားလည် လာတယ်။

အရမ်းကြီး တော်တဲ့ ထဲမှာ မပါ ပါဘူး။ မူလတန်း အဆင့် လောက်ပဲရှိပါသေးတယ်။ ကိုယ်သိတဲ့ နည်းပညာ လေးတွေနဲ blog ပရိတ်သတ် တောင်းဆိုထားတဲ့ software တွေပေါင်းပြီး တင်ပြပေး လိုက်တာပါပဲ။



မေး = ဘလော့ရေးတဲ့ ဘလော့ကာတိုင်းဟာ ကိုယ့်ရဲ့ ဘလော့လေးကို မအားတဲ့ ကြားကနေ အချိန်ပေးပြီး ရေးသား နေကြတာ ဖြစ်ပါတယ်။ အစ်ကိုရဲ့ ဘလော့လေးနဲ့ ပက်သက်ပြီး နေ့စဉ် ဘယ်လို အချိန်ပေး မျှဝေ ရေးသားဖြစ်လဲ ဆိုတာ ပြောပြပေးပါဦး ?

အကို blog စထောင်ထဲက အိပ်ရေးစတင်ပျက်ပါတယ်။ မေးသမျှလည်း ဖြေကြားပေးရပါတယ်။ စတင် ရေးသားတုန်းက ဆိုရင် တစ်နေ့ကုန် blog ထဲမှအချိန် ကုန်နေပါတယ်။

အစ်ကိုနေ့တိုင်း blog မှ post အသစ်တင်ပါတယ်။ ဘာလိုလည်းဆိုရင်အကို blog မှ daliy new ဆိုတဲ့ ကဏ္ဍပါဝင်နေလိုပါပဲ။ နေစဉ့်နဲ့ အမျှ ပြည်တွင်းပြည်ပ သတင်းတွေကို blog ပရိသတ် ဖတ်လိုရအောင် စုဆောင်းပြီး တင်ပြပေးနေလိုပါပဲ။ နေ့စဉ်ပုံမှန် မြန်မာအချိန်ည 10 us အချိန်နဲ့ ဆိုရင် မနက်၁၁ ဆိုရင်ပုံမှန် blog post တင်ဖြစ်ပါတယ်။

မေး = အစ်ကိုရဲ့ ဘလော့လေးကို နေ့စဉ် ဝင်ကြည့်တဲ့ ဦးရေ ဘယ်လောက် ရှိနေပြီလဲ ?

တစ်နေ့ကို 2313 ကျော် ကနေ 3100 လောက်ရှိပါတယ်။ အဲဒါကတော့ ပုံမှန်ဝင်ကြည့် နေကြဦးရေပါပဲ။ တစ်လကို 63000 ကျော်လောက်တော့ ရှိပါတယ်။

မေး = ဘလော့ရေးတဲ့ ဘလော့ကာ တစ်ယောက် အနေနဲ့ ဘလော့ကာ ဆိုတာ ဘာလဲဆိုတာ မေးရင် အစ်ကို ဘယ်လိုပြန်ဖြေပေးမလဲ?

အစ်ကို ခံစားမိတာလေးနဲ့ သိတာမိတာလေး ပြန်ဖြေပြရစေ။ blogger ဆိုတာ blog စာဖတ်တဲ့ ပရိတ်သက်ကို ရသမျိုးစုံ ခံစားမိစေပြီး ဗဟုသုတတွေ ကြွစေတ နေရာတစ်ခုလို့ ပြော ချင်ပါတယ်။

မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်းအများတော့ ရှိကြပါတယ်။ အစ်ကိုရော ဘလော့လေးနဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေ တစ်ခုခု အနေနဲ့ ကြုံဖူးလား ?

ကြုံရတာတော့ အများကြီးပါပဲ တစ်ခါတစ်လေ download link တွေပျက်တာတွေ သီချင်းတင်ရင် ဖွင့်လို့မရတာတွေ နောက်ပြီး html coad မှားလို blog error ပြတာတွေ temple အသစ်ပြောင်းမယ်ဆိုရင် အချိန်တွေ အများကြီး ပေးရတာတွေက စိတ်ညစ်စရာတွေပေါ့။

မေး = အစ်ကို ဘလော့လေးက အရင်ကနဲ့ တော်တော်လေး ပြောင်းလဲလာပါတယ်။ ပိုပြီးလည်း ဗဟုသုတတွေ ပြည့်စုံလာပါတယ်။ နောက်ထပ် အစ်ကိုအနေနဲ့ ဘယ်လို ဆက်လက် လုပ်ဆောင်ဖို့ရှိလဲဆိုတာ စာဖတ်သူများ အားလုံး သိအောင် ဖြေပေးပါဦး ...

အစ်ကို အချိန် ရရင် ရသလို ကဏ္ဍအသစ်လေးတွေ တင်ပြပေးသွားမယ်။ လူတွေ စိတ်ဝင်စားမယ် post လေးတွေ ရေးသွားမယ် softawre သုံးတဲ့ သူတွေဆိုရင် နားလည်အောင် အသုံးပြုနည်းတွေကို ပုံနဲတကွ တင်ပြပေးသွားမယ်။

နောက်ပြီး blog မှအခက်ခဲရှိ နေတာတွေကို ပုံနဲ့ တကွရှင်းပြပေးမယ်။ ဗဟုသုတတွေပြည့်စုံအောင် လုပ်ပေးချင် ပါတယ်လို့ စာဖတ်သူတွေ ကိုပြောချင်ပါတယ်။

မေး = ဘလော့လေးက အဖက်ဖက်က အထွေထွေ ပိုစ့်တွေကို တင်ပေးနေတယ် ဆိုတော့ လူသိများပြီး အောင်မြင်နေတဲ့ ဘလော့လေး တစ်ခုလို့ ပြောမယ်ဆိုရင် ရနေပြီလား ?

အဲလိုတော့ ပြောလို မရသေးဘူးတစ်ချို့ မသိသေးတဲ့ လူတွေအများကြီး ရှိသေးပါတယ်။ အစ်ကို BLOG ကိုအသိများတယ်။ အဖတ်အများဆုံးက မြန်မာနိုင်ငံက

သူတွေပါ တခြားနိုင်ငံက သူတွေ လည်းရှိပါတယ်။ International ကလူတွေတော့ မသိသေးပါဘူး International Social Network တော့ မဖြစ်သေးပါဘူး။

မေး = International Social Network ဆိုတဲ့ နာမည်လေး ပေးဖြစ်ခဲ့ပုံလေးကို ဗဟုသုတ အနေနဲ့ ဖြေကြားပေးပါဦး။

International Social Network Myanmar ဖြစ်လာပုံက facebook မှ group chat လုပ်မယ်ဆိုပြီး နာမည် စဉ်းစားတာပေါ့။ အရင်တုန်းက လုပ်ခဲ့တဲ့ group chat နာမည်တွေက ခရမ်းရောင် အိမ်မက်အဖွဲ့၊ purple dream ဆိုပြီးနာမည်ပေးခဲ့တော့ အဲဒါနဲ့ မတူအောင်လို့ ဆိုပြီးစဉ်းစားတယ်။ facebook group မှ နိုင်ငံတကာက လူတွေရှိတော့ International ဆိုပြီးစဉ်းစားမိတယ်။ facebook က Social Network နေရာဖြစ်လို Social Network ဆိုပြီး စဉ်းစားမိတယ် မြန်မာနိုင်ငံ သားတွေဖြစ်နေလို International Social Network Myanmar ဆိုပြီး စဉ်းစားမိပြီး အဲဒီနာမည် ပေးဖြစ်သွားတာပါ။

မေး = အစ်ကို လေးစား အားကျတဲ့ ဘလော့တွေ ဘဘော့ကာတွေ ကိုလည်း ပြောပြပေးစေလိုပါတယ်။

နည်းပညာဖက်မှ ဆိုရင် ကိုညီနေမင်း ၊ သံလုံငယ် ၊ စံပီး ၊ နေမင်းမောင် နဲ့ သတင်းဖက်မှာ ဆိုရင် ဧရာဝတီ ခေတ်လူငယ် သီချင်း ဘက်မှဆိုရင် myanmarhiphopchannel အဲလောက်ပါပဲ။



မေး = ဘလော့ရေးတဲ့ ဘလော့ကာ တစ်ယောက်အနေနဲ့ အစ်ကိုရဲ့ ကိုယ်ပိုင် အချိန်တွေကို ဘယ်လို အသုံးချဖြစ်လဲ ?

မနက်အိပ်ယာနိုးလာရင်တော့ ဘုရားကိစ္စတွေ လုပ်တယ်။ အားတဲ့ အချိန်တွေမှဆို သူများတွေ ရေးထားတဲ့ blog တွေဝင် ဖတ်ဖြစ်တယ် နောက်ပြီး ကိုယ်သိခြင်းတဲ့ အကြောင်းတွေကို အင်တာနက်မှာရှာတယ်။ သီချင်းတွေ နားထောင်ဖြစ်တယ်။ ရှပ်ရှင်တွေကြည့်ဖြစ်တယ် game တွေ ကစားတယ်။ ကျောင်းစာတွေလုပ်တယ်။ စိတ်ကို အပန်းဖြေ အနားယူတယ်။ computer သမားဖြစ်လို့ မျက်စိကို အမြဲတမ်း အနားပေးဖြစ်တယ်။

မေး = အခု လူငယ်တွေ တော်တော်များများ ဟာ သူတို့အချိန်ရတာနဲ့ အင်တာနက် အသုံးပြုတဲ့ အချိန်မှာ (ဖွေ့ဘုတ် ဂျီတော့ ချက်တင် ) တွေကို သူတို့အများစု အသုံးပြုကြပါတယ်။ ချက်တင် အကြောင်းနဲ့ ပက်သက်ပြီး အဆိုး/အကောင်း ကိစ္စတွေနဲ့ လူငယ်တွေကို ဘယ်လို အကြောင်း အရာလေးတွေကို လေ့လာသင့်လဲဆိုတာ ဘလော့ကာ တစ်ယောက် အနေနဲ့ ဗဟုသုတ လမ်းညွန် ပြောပြပေးပါဦး ...

အခု ခေတ်လူငယ်တွေ အင်တာနက်ကို အသုံးပြုတာ အကျိုးရှိတဲ့ နေရာတွေမှာ အသုံးများ လာတာတွေရပါတယ်။ ဥပမာ Online ပရဟိတ ဆိုတဲ့ လူငယ်အဖွဲတွေ online မှာ ရှိနေတာတွေ တွေရပါတယ်။ အဲဒါတွေက အင်တာနက်ကို အကျိုးရှိရှိ အသုံးပြုတတ်တဲ့ ကောင်းတဲ့ အလားအလာ တွေပါ။

တစ်ချို့တွေက အင်တာနက်ကို အကျိုးမရှိတဲ့ နေရာတွေမှ သုံးတတ်လာကြပါတယ်။ တစ်နေ့ကုန် online game ကစားခြင်း အချိန် ရရင် ရသလိုသူများ email ကိုဟက်ဖို့ကြိုးစား နေတဲ့သူတွေပါ။အင်တာနက်ကို ပညာရေးကဘက်တွေ လူမှူအကျိုးပြုဘက်တွေမှာ အသုံးပြုမယ်ဆိုရင် မိမိအတွက်တင်မကပဲ အားလုံးအတွက် အကျိုးရှိမှပါ။ တစ်နေ့ကုန် အင်တာနက်နဲ့ အချိန်ကုန်နေတဲ့ သူတွေကိုပြောခြင်းပါတယ်။

မိမိအတွက် တစ်နေတာ အချိန်ကုန် အင်တာနက်သုံးနေခြင်းက ဘာတွေက မိမိအတွက် အကျိုးပြုတယ်။ မပြုဘူးဆိုတာသတိထားသင့်ပါတယ်။ ဘယ်အရာမရှိ အဆိုး/အကောင်း ယဉ်တွဲနေတာပါပဲ။ မိမိကိုယ် မိမိဆင်ခြင်စဉ်းစားသင့်ပြီး အင်တာနက်ကို အသုံးပြုသင့်ပါတယ်။ လိုပြောချင်ပါတယ်။

မေး = အခု ဘလော့ရေးသူတွေအားလုံး အတွက် ရည်ရွှယ်ပြီး မေးခွန်းလေး မေးချင်ပါတယ်။ အဲဒါကတော့ အခု ဘလော့ရေးသူ တော်တော် များများဟာ သူတို့အတွက် မဟုတ်ပဲ အများအတွက် သူတို့ သိတာ လေးတွေကို မျှဝေပေး လျှက်ရှိနေကြပါတယ်။ ဆိုတော့ သူတို့ ဆိုက်တွေ သွားပြီး လိုက်ဆဲဆိုတာတို့ မကောင်းပြောတာ တို့ ဆိုတာကတော့ ဘလော့ရေးတဲ့သူတိုင်း ကြုံဖူးကြမယ် ထင်ပါတယ်။ အစ်ကိုအနေနဲ့ရော ဒီလိုဖြစ်နေတာနဲ့ ပက်သက်ပြီးတော့ ဘာများပြော လိုပါသလဲ ?

အဲဒါနဲ့ ပတ်သတ်ပြီး ပြောချင်တာကတော့ စေတနာက လူတိုင်းနဲ့တန်တယ်လို blogger မောင်စေတနာက ပြောဖူးပါတယ်။ အဲဒီစကားကို လက်မခံဘူး ပညာဆိုတာယူတတ်မှ ရတယ်တဲ့ ကျွန်တော်တို့ blogger တွေရဲ့ စေတနာကို တစ်ချို့ ပရိတ်သတ် တွေကနားမလည်းဘူး post တစ်ခုကို လွယ်လွယ်နဲ့ ရေးလိုရနေတယ်။ blog တစ်ခုကို လွယ်လွယ်နဲ့ တည်ထောင် လို့ ရနေတယ်။

blog ရေးရင် ပိုက်ဆံရနေတယ်ဆိုတဲ့ အတွေးအခေါ် အမှားတွေရှိနေတယ်။ သူတို့ကိုလည်း အပြစ်ပြောလိုမရပါဘူး သူတို့မှ blog မရေးဘူးတော့ blogger တစ်ယောက်ရဲ့ အခက်ခဲတွေ စေတနာတွေ ကိုနားမလည်းဖူးလေ blogger အများစုက မိမိကိုယ်ကျိုး တစ်ခုမှမပါပဲ blog ပရိတ်သတ် တွေကို ဗဟုသုတ တွေပေးမယ်။

ပြသာနာ တွေဖြေရှင်းပေး နေတယ် blogger တွေက တစ်ခါတစ်လေ မိမိအိပ်စိုက်လုပ်ပြီး blog ပရိတ်သတ်တွေကိုအကျိုးပြုလုပ်ပေး နေကြတာပါ။ ကိုယ်ထမင်း ကိုယ်စားပြီး ကူလည်း ကူညီရသေးတယ်။ အဆဲလည်း ခံရတယ်ဆိုပြီး blog လောကက စွန့်ခွာ သွားတဲ့သူတွေရှိပါတယ်။

အဲလို စေတနာကို နားမလည်းပဲ blog ရေးသားသူတွေကို စော်ကားဆဲဆိုနေတဲ့ သူတွေကိုပြောချင်ပါတယ်။ မိမိကိုယ်ကို တတ်တယ် တော်တယ် နားလည်းတယ်ဆိုရင် ကိုယ်ပိုင် blog တည်ထောင်လိုက်ပါ။ ကျွန်တော်တို့ blog ပရိတ်သတ်ပြန်လုပ် ပေးပါ့မယ်။ ဆဲဆို မကောင်းကြောင်း ပြောပေးပါ့မယ်။ အဲဒီအခါကြမှ blogger တစ်ယောက်ရဲ့ စေတနာကို နားလည် သွားပါ့မယ်လိုပြောချင်ပါတယ်။

မေး = အခုလို မြန်မာ ဘလော့တွေ ဘလော့ကာတွေ ပေါများလာတာနဲ့ ပက်သက်ပြီး အဆိုး အကောင်း ကိစ္စများကို အစ်ကိုရဲ့ အမြင်လေး ပြောပြ ပေးနိုင်မလား ?

အင်တာနက် ခေတ်ဆိုတော့ blogger တွေကများ လာတာပေါ့။ လူတိုင်းက blog တစ်ခုဖတ်ပြီးရင် blogger ဖြစ်ခြင်းလာကြတယ်။ blogger တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်တယ် ဆိုတာမသိကြဘူး blogger အတုယောင် တွေက မိမိ blog နာမည်ကြီးဖို့သာ အဓိက ထားကြတယ်။

အစစ်မှန်တွေက နာမည်မကြီးရင် နေပါစေ မိမိ blog ထဲက post တစ်ခုကို စာဖတ်မိတဲ့ သူတစ်ယောက်ကို အကျိုးပြုတယ်ဆိုရင် ပီတိဖြစ်နေတာပါ။ blog တွေများ လာလို ဘယ် blog တွေက မိမိကို အကျိုးပြုတယ် ဘယ် blog တွေက အကျိုး မပြုဘူးဆိုတာကို blog ပရိတ်သတ်ကြီးက ခွဲခြားလေ့လာသင့်ပါတယ်။

မေး = လူတိုင်းမှာ ရည်ရွယ် ချက်တွေ ရှိကြပါတယ်။ အစ်ကိုဘဝရဲ့ အနာဂတ် ရည်ရွယ်ချက် ရည်မှန်းချက် လေးတွေ ကိုလည်း သိပါရစေ။

အစ်ကို ရည်ရွယ်ချက် ကတော့ကြီးကြီး မားမားကြီးတော့ မဟုတ်ပါဘူး။ ပျော် ရွင်တဲ့ ဘဝကိုပိုင်ဆိုင် ချင်တယ်။ အသက်ရှင်နေတဲ့ အချိန်လေးမှာ အေးအေး ချမ်းချမ်းနဲ့ ဘာအပူသောက မရှိပဲနေချင်တယ်။ နောက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဘဝမျိုးကို မရောက်အောင် အမြဲကြိုးစားပြီး နေမယ်လို့ ရည်ရွယ် ထားပါတယ်။



မေး = လက်ရှိ အစ်ကို နေတဲ့ နိုင်ငံနဲ့ အစ်ကိုရဲ့ ပညာအရည်အချင်း ကို ပြောပြပေးပါဦး ?

အစ်ကို အခု အမေရိကန်ပြည် ထောင်စု Maryland Baltimore မှနေပါတယ်။ CCBC Community College မှ Esl သင်တန်း တက် နေပါတယ်။

မေး = အစ်ကိုရဲ့ စိတ်နေ သဘောထား လေးကို သိချင်ပါတယ်။ အဲဒါလေး ပြောပြပေးပါဦး။

အစ်ကိုက တစ်ယောက်ထဲ အေးအေးဆေးဆေး နေတတ်တယ်။ စိတ်ကူး ယဉ်ဆန်းတဲ့ စိတ်ထားရှိတယ်။ သဘောကောင်းတယ် တော်ရုံနဲ့ စိတ်မဆိုးတတ်ဘူး

ဒေါသမထွက်တတ်ဘူး။ ဒေါသထွက်ပြီးဆိုရင် သူတွေထက်ပိုဆိုးတယ်။ မိမိ တတ်နိုင်သလောက် သူများ တဖက် သားကို ကူညီတတ်တယ်။ စကားအပြော ဆိုနည်းတယ်။ လူတော် လူကောင်းကြီးလည်း မဟုတ်ပါဘူး။

မေး = အခု အစ်ကိုက ဘလော့ ရေးနေတယ် ဆိုတော့ အစ်ကိုရဲ့ ပိုစ့်တွေကို တစ်ခြား ဆိုက် တွေမှာရော တင်ဖြစ် မျှဝေဖြစ်သေးလား ?

၎ နေရာ လောက်တင်ဖြင့် မျှဝေဖြစ်ပါတယ်။ အဲဒီ နေရာတွေက ဖူးစားရှင် ၊ မီးအိမ်ရှင် ၊ အရူးလွယ်အိတ် ၊ ရွေမြန်မာဥယျာဉ် စတဲ့ နေရာမှာ International Social Network ဆိုတဲ့ နာမည်နဲ့ တင်ဖြစ် မျှဝေဖြစ်ပါတယ်။



မေး = ဘလော့ကာ တစ်ယောက် ဖြစ်ဖို့အတွက် ဘာတွေ နားလည်ဖို့ လိုအပ်သလဲ ? ဘာတွေသိထားသင့်လဲ ? ဆိုတာ ဘလော့ ဝါသနာရှင်များ သိအောင်လည်း ပြောပြပေးပါဦး ။

blogger တစ်ယောက်ဖြစ်ဖို့ ဆိုရင် နားလည် သလောက်ပြောရမယ် ဆိုရင် အရင်ဆုံး ရေးကြီးတာက blog ကို ဘယ်လိုရေးရမယ် ဘယ်လို တင်ရမယ်ဆိုတာ နားလည်းရမယ်။ နောက်ပြီးမိမိ blog ကိုဘယ်လို ကောင်းအောင် ပြန်ပြင် တတ်ရမယ်။ HTML coad တွေကို အများကြီး မဟုတ် တာတောင် နည်းနည်း ပါးပါး နားလည်ပြင် တတ်ရမယ်။

အဲဒါ တွေပိုင်ပြီး ဆိုရင် မိမိ blog မှာ ဘာကို အဓိကထားပြီး ရေးခြင်း တင်ခြင်းတယ် ဆိုတာကို အရင် စဉ်းစားရပါ့မယ်။ မိမိ လည်းတင်ခြင်းတာ တင်မယ်။ ဖတ်ခြင်းတဲ့ သူလည်း ဖတ်ချင်တာ ဖတ်ဆိုရင်တော့ မိမိ blog လည်း မရေရာပဲ ဖြစ်သွား နိုင်ပါတယ်။

အဓိက က blog ထောင်ပြီးဆိုတာနဲ မိမိအကျိုးအတွက် လုပ်ကြမလား သူများ အကျိုး ပြုလုပ်မလား ဆိုတာပဲ စဉ်းစားကြပါ။ နောက်တစ်ခု ပြောခြင်းတာက ကျွန်တော် blog ထိပ်ဆုံးမှတင်ထားတဲ့ စာသားအတိုင်းပဲ "တတ်သော် ပညာ သေရွာတစ်ပါး သို့ယူဆောင် မသွားပါလေနဲ့ လူလောကကြီးကို အကျိုးပြုက ဧကန်စင်စစ် လူသားဖြစ်၏"

ဆိုတဲ့အတိုင်း မိမိသိထား တတ်ထားတဲ့ ပညာလေးနဲ မသိတဲ့မတတ်တဲ့ သူတွေကို လက်ဆင့်ကမ်းပြီး အကျိုးပြုကြပါလို့ နောက်အသစ် တက်လာကြမဲ့မြန်မာ blog ဝါသနာရှင်တွေကို ပြောချင်ပါတယ်။

မေး = အစ်ကိုရဲ့ ဘလော့လေးမှာ နည်းပညာ တော်တော်များများ တင်ပေးထားတာ တွေ့ရပါတယ်။ နည်းပညာပိုင်းနဲ့ ပက်သက်ပြီး လေ့လာချင်ပေမဲ့ မသိတာတွေ နားမလည် တာတွေ ရှိနေပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်းကို မသိလို့ နားမလို့ တစ်ခုခု ဖြစ်နေတယ်တဲ့ လူငယ်တွေကို အစ်ကို အနေနဲ့ ဘာများပြောချင်လဲ ?

ပြောချင်တာ လေးတွေ ရှိပါတယ်။ နည်းပညာဆိုတာ လက်တွေ့ မလုပ်ပဲနဲ့ ဘာမှမတတ်ပါဘူး။ တစ်ချို့တွေ အယူဆမှားနေတာ ရှိပါတယ်။ e book တွေဖတ် သူများတွေ ရေးထားတာတွေ ဖတ်ပြီးတတ်ပြီ လို့ ထင်နေကြတာပါ။ မိမိကိုယ်တိုင်က မတွေကြုံရင် ဘာမှသိမှာ မဟုတ်ပါဘူး။

ဘယ်အရာ ပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ကြုံဘူးမှ သိကြမှပါ။ ဥပမာ windows 7 တင်နည်းကို စာအုပ်ဖတ်ပြီး မိမိ windows 7 တင်တတ်ပြီးလို့ မထင် လိုက်ပါနဲ့ တကယ် windows 7 ကိုတင်တော့မှ windows တင်တဲ့ အကြောင်း ကို သေချာ နား လည်သွားမှာပါ။

windows တင်တဲ့အခါမှာ ဘာအခက်ခဲတွေရှိတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်တယ် ဆိုတဲ့ သဘောထားတွေပါ။ ဘယ်သူမှ မွေးထဲက တတ်လာတဲ့ သူတစ်ယောက်မှ မပါ ပါဘူး မိမိ ကိုယ်တိုင် သေချာ လေ့လာသင်ယူ လက်တွေ့လုပ်တော့မှ နည်းပညာ အကြောင်းကို နားလည်း သဘောပေါက်မှာပါ။



မေး = ဘလော့ရေးသူ အစ်ကို အနေနဲ့ ဘလော့လေးရေးတဲ့ အခါဖြစ်ပေါ်လာတဲ့ ပီတီဖြစ်မိတာ လေးကို မျှဝေပေးလို့ ရမလား ?

blog ရေးသားသူ တစ်ယောက်ရဲ ပီတိလေးက စာဖတ် ပရိတ်သတ်ဖြစ်တဲ့ blog ပရိတ်တွေရဲ့ comment တစ်ကြောင်းပဲဖြစ်ပါတယ်။ မိမိ blog post တွေမှ comment တွေပေးထားမယ်။ cbox မှစာတွေ ရေးသွားမယ်ဆိုရင် blog ရေးတဲ့သူတွေမှ နောက်ထပ် blog တွေရေးဖို့ အားရှိသွားတာပေါ့။

blog ရေးလိုရတဲ့ ပီတီလေး တစ်ခုပါ။ ဝေဖန် အကြံပြုပြောဆိုပေးတာ ကလည်းမိမိ လိုအပ်ချက်တွေကို သိသွားတာတယ်။ မိမိ blog ရေးတဲ့အခါမှ လိုအပ်ချက် တွေပြုပြင်လို့ ရသွားတယ်။ မိမိ blog ကိုဖတ်တဲ့ သူတိုင်းမသိတာကို သိသွားလို ဝမ်းသာကြသလို မိမိမှ လည်းအဲဒီ post လေးကို ရေးလိုရတဲ့ ပီတီလေးက အတိုင်း အဆ မရှိဖြစ်အောင် မိပါတယ်။

မေး = ဆက်လက်ပြီး ကိုယ်ရေး ကိုယ်တာ အကြောင်းများကို မေးသွားမှာ ဖြစ်ပါတယ်။ အစ်ကိုသိတဲ့ မိသားစု သံယောဇဉ် ၅၂၈ အကြောင်းကို ဗဟုသုတ အဖြစ် ဖြေကြားပေးပါဦး။

မိသားစု သံယောဇဉ်က မိသားစုနဲ့ ဝေးတော့မှ တော်တော် နားလည်းပါတယ်။ မိသားစုနဲ့ အတူတူနေခဲ့စဉ် အခါက မသိခဲ့ပါဘူး မိသားစုတွေ ကိုယ်အနားမှာ မရှိတော့မှ မိသားစု ဆိုတဲ့ တန်ဖိုးကို နားလည်းလာခဲ့ပါတယ်။ မိမိ မိသားစု ထက်မိမိ ပေါ်ကို ဘယ်သူမှ မကောင်းနိုင်ပါဘူး ဆိုတာ ပြောချင်ပါတယ်။

မိသားစုဆိုတာ ဆိုးလည်းအတူ ကောင်းလည်း အတူပါ။ မိသားစုမဟုတ်တဲ့ သူတွေက လိုရင်တစ်မျိုး မလိုရင် တစ်မျိုးပါ။ မိသားစုနဲ့ အတူနေတဲ့ အချိန်လေး မိသားစုကို တန်းဖိုးကို နားလည်ကြပါ။ မိသားစုနဲ့ ဝေးတော့မှ ဘယ်အရာက မိမိအတွက် အရေးပါ လည်းဆိုတာ သိသာ လာပါလိမ့်မယ်။

မေး = လူငယ် ဘလော့ကာ တစ်ယောက် အနေနဲ့ အချစ်ရေးကိစ္စ ၁၅၀၀ နဲ့ ပက်သက်ပြီးတော့ ဘယ်လို နားလည်ထားတာလဲ ?

လူငယ် တစ်ယောက်အနေနဲ့ အချစ်ရေးကိစ္စ ၁၅၀၀ နဲ့ပက်သက်ပြီးတော့ ပြောရမယ်ဆိုရင် ရင်ခုန်တယ်။ ချစ်ကြတယ် ဆိုတာ မိမိဘဝရဲ့ ပျော်ရွင်မှု တစ်ခု စိတ်ချမ်း သာမှု ကြည်နူးမှု ဘဝ လက်တွဲဖော် အဖြစ် ရည်ရွယ်မှု ဆိုပြီး နားလည် ထားပါတယ်။

မေး = အနာဂတ် လက်တွဲ့မယ် ချစ်သူကိုရော ရှာတွေ့နေပြီလား? အိမ်ထောင်ဖက် အတွက် ဘယ်လိုမျိုး ရွေးချယ်သွားမယ်လို စိတ်ကူးထားလဲ ?

အနာဂတ် လက်တွဲ့မယ် ချစ်သူတော့ရှိပါတယ်။ အိမ်ထောင်ဖက် အတွက် ဆိုရင် မိမိကိုယ် တကယ် နားလည်းပြီးချစ်ရမယ်။ အမေနဲ့ တူသော်မိန်းမမျိုး ကိုရွေးချယ်သွားဖို့ စိတ်ကူး ထားပါတယ်။

မေး = အစ်ကို နှစ်သက်တဲ့ အရောင်များနဲ့ အစ်ကိုကြိုက်တတ်တဲ့ အစား သသောက်လေးကို သိချင်ပါတယ်။

အစ်ကို နှစ်သက်တဲ့ အရောင်တွေက အစိမ်းရောင် ပန်းရောင် အဖြူရောင် အကြိုက်ဆုံး အစားစားတွေက အုန်းနို့ခေါက်ဆွဲ ရှမ်းခေါက်ဆွဲ ဖလူတာ ရေခဲမုန် တို့ကို စားဖြစ်တယ်။ ကြိုက်လည်း ကြိုက်တယ်။



မေး = နိုင်ငံတကာမှ အွန်လိုင်း စာဖတ်သူ မိတ်တွေတွေ အတွက် အစ်ကို ဘာများ ပြောလိုပါသလဲ ?

အွန်းလိုင်း စာဖတ်သူတွေကို ပြောချင် တာကတော့ လူသားအကျိုးပြု blog တွေကို အားပေးပြီး ဖတ်ဖို့နဲ့ သူများ မကောင်းကြောင်း ရေးသားထားတဲ့ blog တွေကို ဖတ်ခြင်းမှ ရှောင်ကျဉ်ကြပါလို့ ပြောချင်ပါတယ်။

မေး = အစ်ကိုရဲ့ ဘလော့လေးကို ဆက်လက်ပြီး ဘယ်လို ဘယ်ပုံ ကြိုးစားတင်ဆက် ပေးသွားမယ်ဆိုတာလေး ကိုလည်း ပြောပြပေးပါဦး။

ကျွန်တော် ဒီထက်မက International Social Network Myanmar ကိုအောင်မြင်အောင် ကြိုးစားသွားမယ် International Social Network Myanmar ကို မသိသေးတဲ့ သူတွေရော သိပြီးသားသူတွေရော အားလုံးကို International က လူတွေအားလုံးကို International Social Network Myanmar မှ အမြဲတမ်းကြိုဆို နေပါတယ်လို့ International Social Network Myanmar blog နဲ့ ပတ်သက်ပြီး အဆင်မပြေတာ တွေရှိနေခဲ့ရင် အတတ်နိုင်ဆုံး ကြိုစားပြီး ပြေလည်အောင် ဖြေရှင်းပေးနေပါတယ်လို့ ဒီနေရာကနေ ကျွန်တော် တောင်းပန်ရင်း ကျေးဇူးတင် စကားပြောပါရစေ။

မေး = စာဖတ်ပရိတ်သတ်များထဲမှ အစ်ကိုနဲ့ ဆက်သွယ်မယ်ဆိုရင် ဆယ်သွယ်နိုင်တဲ့ ဘလော့ဆိုက်လေးနဲ့ အီးမေး အကောင့်များကို ဖြေကြားပေးပါဦး။

ဘလော့ ဆိုက်လေး ကတော့ http://www.onekokoaung.co.cc/ ဖြစ်ပြီး Email ကတော့ onekokoaung@gmail.com ပဲဖြစ် ပါတယ်။

အခုလို အင်တာဗျုးလေးနဲ့ ပက်သက်ပြီး သိချင်တာလေးတွေကို အချိန်ပေး ပြောကြားပေး ဖြေကြားပေးသော ဘလော့ကာ အစ်ကို ဝမ်းကိုကိုအောင် အား ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ။ အစ်ကိုရဲ့ဘလော့လေးလည်း နည်းပညာ ဗဟုသုတ လေ့လာနေသူတွေ အတွက် တန်ဖိုးရှိသော ဆိုက်လေးတစ်ခု ဖြစ်ပြီး လူအများအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြု အသုံးဝင်သော ဆိုက်လေးတစ်ခု ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ် ခင်ဗျာ။

စာဖတ်သူတွေနဲ့ တိုက်ရိုက် မိတ်ဆက်ပေးတဲ့ အတွက် အစ်ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို အချိန်ပေးပြီး မေးပေးတဲ့ ညီလေး နေဇော်လင်း ကို အထူးပဲ ထပ်မံ ကျေးဇူး တင်ပါတယ်။

ဒီလောက်ဆို စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများ သိချင် တာလေးတွေ တော်တော်လေး ပြည့်စုံနေပါပြီ။ ... သတင်းများ နည်းပညာများ စာပေများ နဲ့ ထူးထူး ဆန်းဆန်း လေးတွေကို သိချင်နေတဲ့ သူတွေ အားလုံး အတွက် http://www.onekokoaung.co.cc/ မှာ အသေးစိပ် သွားရောက် လေ့လာနိုင်ပါတယ်။ ဆိုတာ စာဖတ်သူများကို အသိပေး ပြောကြားရင်း ဒီလအတွက် ဘလော့ကာ အင်တာဗျူး အစီအစဉ်လေးကို ဒီနေရာလေးမှာ ရပ်နားခွင့် ပြုပါ ခင်ဗျာ။



ဆက်လက်ပြီး နောက်ထပ် ဘလော့ကာ မိန်းကလေး ထဲက တစ်ယောက်ကို ရွေးချယ် ထားပါတယ်။ စာဖတ် သူများ ဘယ်သူဖြစ်နိုင်မလဲ ? ခန့်မှန်းကြည့်ရအောင် နောက် တစ်ပတ်မှာ ပြန်ဆုံမယ်ဗျာ .... အင်တာဗျူး အစီအစဉ် လေးကို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။


0 comments: