ဘက်ပေါင်းစုံမှ ၀ါဒဖြန့်ချိရေးသမားများ Facebook အပါအ၀င် အွန်လိုင်းမီဒီယာ၌ နေရာယူမှု များလာခြင်းအတွက် ခေတ်နှင့်လျော်ညီသော ဥပဒေတစ်ရပ် ပေါ်ထွန်းရေး လိုအပ်လာ by-EMG
ဘက်ပေါင်းစုံမှ ၀ါဒဖြန့်ချိရေး သမားများမှာ Facebook ကဲ့သို့သော လူမှုကွန်ယက် ၀က်ဘ်ဆိုက်များ အပါအ၀င် အွန်လိုင်းမီဒီယာများ၌ နေရာယူမှုများလာကြောင်း အင်တာနက် သုံးစွဲသူများက ပြောဆိုကြပါသည်။
အွန်လိုင်းမီဒီယာ အသီးသီးသို့ ၀င်ရောက်နေရာယူလာသည့် ၀ါဒဖြန့် ချိရေးသမားများမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမျာ
မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုခွင့်ရရှိခဲ့ပြီးနေ
၂၀၀၈ ခုနှစ် နောက်ပိုင်းအချိန်တွင်မူ ပြည်တွင်းအင်တာနက် သုံးစွဲသူများအကြား လူမှုကွန်ယက်ဝက်ဘ်ဆိုက် ဖြစ်သော Facebook ရေစီးစတင်လာခဲ့ပြီး ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များတွင် ပိုမိုအားကောင်းလာခဲ့ပါသည်။
အသက် ၆၇ နှစ်အရွယ်ရှိပြီး နိုင်ငံတကာ၏ လေးစားမှု အပါအ၀င် ပြည်သူလူထု၏ ယုံကြည်မှုကိုပါ ရရှိထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထားတိုက်ခိုက် . . .
၂၀၁၁ခုနှစ်သို့ ရောက်ရှိချိန်၌ ဘက်ပေါင်းစုံဝါဒဖြန့်ချိရေး
Myanmar Express ၀က်ဘ်စာမျက်နှာ၏ အဓိကရည်ရွယ်ချက်မှာ အသက် ၆၇ နှစ်အရွယ်ရှိပြီး နိုင်ငံတကာ၏ လေးစားမှုအပါအ၀င် ပြည်သူလူထု၏ ယုံကြည်မှုကိုပါရရှိထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထား တိုက်ခိုက်ခြင်း ဖြစ်ပါသည်။
“အရင်တုန်းကလည်း သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန် ပေါ့လေ၊ ယုတ်ယုတ်မာမာတွေ ရေးပြီး တိုက်ခိုက်တာတွေကို ဖတ်ဖူးပါတယ်။ အခု အွန်လိုင်းမှာ ရှိနေတယ်ဆိုတာလည်း ကျွန်တော်တို့လည်း သိရတယ်။ ကြားနေပါတယ်။ ဒါတွေဟာ တိုင်းပြည်အတွက်ရော၊ လူ့အဖွဲ့အစည်း အတွက်ရော လုံးဝ အကျိုးမရှိပါဘူး။ ကျွန်တော်က အဲလိုပြောချင်ပါတယ်။ ဒီအလုပ်တွေဟာ လောကပါလတရား နဲ့လည်း မကိုက်ပါဘူး”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် ကပြောပါသည်။
“လူတစ်ဦးတစ်ယောက်ကို အပုပ်ချသည်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ်ရင် စွပ်စွဲပြောဆိုသည်ပဲ ဖြစ်ဖြစ် ဒီအရာတွေဟာ မမှန်ကန်ဘူးဆိုရင် ဝေဖန်ခံရတဲ့သူ၊ အပုပ်ချခံရတဲ့ သူအနေနဲ့ ပြန်လည်ပြီး တရားစွဲဆိုပိုင်ခွင့်ရှိ ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဝေဖန်ခြင်းတွေ ပြုလုပ်လို့ရတယ်။ ပုပ်ခတ်ခြင်းတွေ ပြုလုပ်လို့ရတယ်။ အပုပ်ချခြင်းတွေ ပြုလုပ်လို့လည်း ရတယ်။ ပြောဆိုတဲ့ အကြောင်းအရာတွေမှာ မှန်ကန်မှုမရှိဘူး ဆိုရင်တော့ ဥပဒေကို ကျူးလွန်တာလို့ပဲလို့ ကျွန်တော် ပြောပြပါရစေ”ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောပါသည်။
Myanmar Express ၀က်ဘ်စာမျက်နှာ၌ ဒေါ်အောင်ဆန်းစုကြည် ကို ပုဂ္ဂိုလ်ရေးအရ အဓိကထားပြီး တိုက်ခိုက်သည့်နည်းတူ ၈၈မျိုးဆက် ကျောင်းသားများ အပါအ၀င် အခြားသော နိုင်ငံရေးသမားများကိုလည်း တိုက်ခိုက်ခဲ့ပါသည်။ Myanmar Express ၀က်ဘ်စာမျက်နှာ နည်းတူ Voice of Myanmar ဘလော့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမားများကိုပင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည
“Voice of Myanmar ကို လေ့ လာကြည့်ပါတယ်။ သူတို့ရဲ့ ရည် ရွယ်ချက်က Myanmar Express နဲ့အတူတူပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည် ရောက်သွားချိန်မှာ သူတို့ရဲ့ တိုက်ခိုက်မှုတွေက မီဒီယာတွေဘက် လှည့်လာပါတယ်။ VOM က နေ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား နာမည်နဲ့ EMG (Eleven Media Group) ကို အများဆုံး တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။၂၀၁၁ခုနှစ် ဇူ လိုင်လထဲမှာ EMG ကို နာမည်တပ် ပြီး တိုက်ခိုက်မှု စတင်ပါတယ်။ EMG ၀က်ဘ်ဆိုက်မှာရှိတဲ့ Comment တွေကို အကြောင်းပြုပြီး တိုက်ခိုက်ခဲ့တာပါ။ စက်တင်ဘာလထဲမှာ နှစ်ကြိမ်၊ အောက်တိုဘာလမှာ တစ်ကြိမ်၊ ဒီဇင်ဘာလထဲမှာ ငါးကြိမ်၊ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလထဲမှာ နှစ်ကြိမ်၊ နောက်၂၀၁၁ခုနှစ်မေလထဲမှာ နှစ်ကြိမ်စသဖြင့် EMG ကို ခေါင်းစဉ် တပ်ပြီး တိုက်ခိုက်ခဲ့တာပါ။ တစ်ဖက်မှာလည်း ဒါလားဟဲ့ စတုထ္ထ မဏ္ဍိုင်၊ စိတ်ပျက်မိတယ် စတုထ္ထ မဏ္ဍိုင်ရယ်ဆိုတဲ့ ခေါင်းစဉ်တွေတပ်ပြီး ပြည်တွင်းဖြစ် အိမ်ကျယ် စတုထ္ထမဏ္ဍိုင်၊ ပြည်တွင်းဖြစ် ခပ်ညံ့ညံ့မီဒီယာ ဒီလို စကားလုံးတွေ သုံးစွဲပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်”ဟု Eleven Media Group မှ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်က ပြောပါသည်။
“သူတို့ရဲ့ ရေးသားပုံတွေကို ပြန် ကြည့်ရင် ပုဂ္ဂိုလ်ရေး တိုက်ခိုက် မှုကို တိုက်ရိုက် လုပ်လာခဲ့တာပါ။ နောက် ပြီးရေးဟန်တွေက ပုံစံသုံးမျိုးလောက် ကွဲထွက်နေတာမို့ တစ်ယောက်တည်း မဟုတ်ဘဲ သုံးလေးဦးဝိုင်းပြီးရေးတဲ့
“ကျွန်မကြားဖူးတာတော့ ခုလို website တွေဖွင့်ပြီး တိုက်ခိုက်ရေးသား ကြဖို့အတွက် သေသေချာချာ တာဝန်ပေး assign ချထားပြီးတော့ကို လုပ်နေကြတယ်လို့ ဆိုပါတယ်။ ဒါ ဖြစ်နိုင်ပါတယ်။ အဖွဲ့အစည်းနဲ့ကို တကယ်အချိန်ပေးပြီး သေသေချာချာ လုပ်နေကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီတိုင်းဆို eagerly လုပ်ဖို့ လွယ်မှမလွယ်တာ။ ပြီးတော့ အချိန်အရ၊ အင်တာနက်မြန်နှုန်းအရ၊ တစ်ယောက်တည်းက ဘယ်လုပ်နိုင်မလဲ” ဟု စာရေးဆရာမ ဒေါ်မေငြိမ်းက ပြောပါသည်။
ထို့အပြင် သိသာထင်ရှားသော အချက်အနေဖြင့် ၀ါဒဖြန့်ချိရေး ဘလော့ တစ်ခုနှင့်တစ်ခုမှာ ချိတ်ဆက်မှုဖြင့် အကြောင်းအရာတစ်ခု ဦးတည် တိုက်ခိုက်လေ့ ရှိခြင်းဖြစ်ပါသည်။
“၀ါဒဖြန့်ချိရေး ဘလော့ဂ်တွေဟာ တလေသံတည်း ထွက်တယ်၊ ပြီးတော့ တခုနဲ့တခု အချိတ်အဆက် ရှိတယ်။ သူများမရနိုင်တဲ့ အချက်အလက်၊ ပုံတွေတင်တတ်တယ်။ ဥပမာ - ရန်ကုန်မှာ ဗုံးစမ်းသပ်စဉ် ပေါက်ကွဲပြီး သေဆုံးတဲ့ပုံတွေလိုမျိုး။ ၂၀၀၇ကစပြီး လေ့လာခဲ့ရသလောက် သူတို့စရေးစဉ်ပဲ ဟုတ်သလိုလို ပရိသတ်ရှိခဲ့ပေမယ့် နောက်တော့ ချဉ်ဖတ်ဖြစ်ကုန်တာ များပါတယ်။ အခုရှိတဲ့ ပရိသတ်ဆိုတာလည်း အလံရှူးတွေ၊ သူတို့သားသမီး မကင်းရာ မကင်းကြောင်းတွေနဲ့ မသိနိုးနား အင်တာနက်သုံးစွဲသူလောက် ပဲဖြစ်ပါတယ်။ အွန်လိုင်းအမာခံတွေ က သွားတောင် ဖတ်ကြတာ မဟုတ်ပါဘူး”ဟု နိုင်ငံရေးဘလော့ဂါနှင့် ဂျာနယ်လစ်တစ်ဦးက ပြောပါသည်။
သို့သော် ဘက်ပေါင်းစုံဝါဒ ဖြန့်ချိရေးသမားများ အနေဖြင့် Facebook ကိုအသုံးပြုပြီး ဆက်လက် လုပ်ဆောင် ခဲ့ကြပါသည်။ Facebook သည် ဘလော့ထက် အားသာချက်များစွာရှိနေပြီး မိမိဖြန့်ဝေလိုသော အကြောင်း အရာကိုလည်း အလျင်မြန်ဆုံး ဖြန့်ဝေနိုင်ကာအသုံးပြုရ လွယ်ကူသဖြင့် ၀ါဒဖြန့်ချိသူများ အနေဖြင့်Facebook ကို ပိုမိုသုံးစွဲလာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ သုံးစွဲရာတွင် နာမည်ဝှက်များဖြင့် Account များစွာ သုံးစွဲပြီးလုပ်ဆောင်လာခြဲ့
“သူတို့က ရေများ ရေနိုင်ဆိုတဲ့ ပုံစံမျိုးပေါ့လေ။ လူညီရင် ဤကို ကျွဲလို့ဖတ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်အောင် ၀ိုင်းလုပ်နေကြတာ။ သူတို့က အရင်သုံးနေတဲ့ စကားလိုပဲ။ မဟုတ်တာကို ပြောပါများရင်ဟုတ်တာဖြစ်သွာ
ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိသူများထဲတွင် အစိုးရဌာနများပါဝင် ပတ်သက်နေသည့် ယူဆမှုများ ရှိနေသည့် အချိန်၌ ယခင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့သော ခံယူချက်ဖြင့် လုပ်ဆောင်မှုများမှာ ယနေ့ထိတိုင်ရှိနေဆဲ ဖြစ်ကြောင်းသုံးသပ်သူများက ပြောဆို ပါသည်။
“တကယ့်လက်တွေ့အနေအထား မှာလည်း မီဒီယာကို မီဒီယာနဲ့ တိုက် လို့ ပြောပေမယ့်လို့ အဲဒီမီဒီယာရဲ့စာ ဖတ်ပရိသတ်ဘယ်လောက်ရှိသလဲဆို
“ နိုင်ငံမှာ အတိုက်အခံ အင်အားစုလည်း အပြိုင်ရှိလာပြီဆိုတော့ ပြိုင်ပွဲဆန်လာတာပေါ့။ ဒါပေမဲ့ ပြိုင်ပွဲမှာရန်လိုတာတွေ၊ ညစ်ပတ်တာတွေ၊ မဟုတ်မတရားတွေ ပါလာတော့ တိုက်ပွဲဆန်လာတဲ့ သဘောပါပဲ။ ဒီနေရာမှာ ပြိုင်တိုက်ရသူရဲ့ အရည်အချင်း၊ အဆင့်အတန်းနဲ့ စိတ်ဓာတ်စံမီ မမီဆိုတာပေါ် မူတည်ပြီး ခုလိုရှက်စရာကောင်းတဲ့ ကိစ္စတွေတိုက်ပွဲထဲ ပါလာတော့တာလို့ပဲ မြင်ပါတယ်။ ဒီလို ကိစ္စမျိုးတွေ သံသယဖြစ်စရာ မေးခွန်းထုတ်စရာပါပဲ”ဟု စာရေးဆရာမ ဒေါ်မေငြိမ်း က ပြောပါသည်။
ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိရေး လုပ်ငန်းများတွင် အစိုးရပါဝင်ပတ်သက်နေသည် ဆိုပါက ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းအပေါ် သံသယဖြစ်စရာ မေးခွန်းထုတ်စရာများ ရှိနေသည့်နည်းတူ အခွန်ထမ်းပြည်သူများ ၏ ငွေဖြင့်ဒီမိုကရေစီ ပျက်စီးမည့် လုပ်ရပ်များကို မလုပ်သင့်ကြောင်း ပြောဆိုမှုများလည်း ရှိပါသည်။
“အခွန်ထမ်းတွေရဲ့ ငွေနဲ့လုပ်တယ်ဆိုတာကလည်း နည်းတဲ့အင်အား၊ နည်းတဲ့ငွေကြေး မဟုတ်ဘူး။ တစ်ဦးချင်းအနေနဲ့ တစ်ဖွဲ့ချင်းအနေနဲ့ ငွေကြေးတွေ သုံးထားတာကလည်း မနည်းဘူး” ဟု ဦးကြည်မြင့်က ပြောပါသည်။
အစိုးရအနေဖြင့် ၀ါဒဖြန့်ချိရေး လုပ်ဆောင်မှုများအတွက် ငွေကြေးသုံးစွဲမှုများကို လျော့ချပြီး တရားဝင် သတင်းထုတ်ပြန်ရေး ၀က်ဘ်ဆိုက်နှင့် PR(Public Relations) များ ထားရှိသင့်ကြောင်း အကြံပြုပြောဆိုမှုများလည်း ရှိနေပါသည်။
“၀န်ကြီးဌာနတွေအနေနဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ ထားရပါမယ်။ အဲဒီကတစ်ဆင့် ထုတ်ပြန်ချင်တာတွေ၊ သတင်းမှားတွေကို ချေပချင်တာတွေကို လုပ်ဆောင်လို့ရပါတယ်။ နောက်ပြီး PR ကို သေသေချာချာ ထားရမှာပါ”ဟု Myanmar's Net မှ မန်းနေးဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်က ပြော ပါသည်။
လက်ရှိအချိန်၌ အွန်လိုင်းသုံးစွဲမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ၊ အပုပ်ချမှုများ ပိုမိုများပြားနေပြီး ထိုလုပ်ရပ်များအတွက် ကာယကံရှင်များမှ ပြန်လည်တရားစွဲဆိုနိုင်မှု အခွင့်အရေးမှာ နည်းပါးနေဆဲဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် ဖြူဖြူသင်းက ပြောပါသည်။
“ကျွန်မတို့မြန်မာပြည်မှာတစ
လက်ရှိအချိန် အီလက်ထရောနစ် ဥပဒေ ရှိနေသော်လည်း ထိုဥပဒေ မှာ အားနည်းချက်များစွာ ရှိနေသည့် အပြင် ဖျက်သိမ်းသင့်သည့် ဥပဒေဖြစ်နေသည့်အတွက် ခေတ်နှင့်လျှော်ညီ ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ၊ ကျင့်ဝတ်နှင့် မလျော်ညီသည့် အရေးအသားများဖြင့် စနစ်တကျ လုပ်ဆောင်လာမှုများအတွက် Cyber Law ကဲ့ သို့သော ဥပဒေတစ်ရပ်ပေါ်ထွက်ရန် အရေးတကြီး လိုအပ်နေကြောင်း ပြောဆိုမှုများ ရှိနေပါသည်။
“ဒီဟာမျိုးက Cyber Crime လိုပဲ။ Cyber Police တွေ ထားရမယ်ဗျာ။ Cyber Law ကတော့ ရှိရမှာပဲ။ နည်းပညာနဲ့ ပတ်သက်ပြီး တော်တော်လေးကို ကျယ်ကျယ်ပြန့် ပြန့် ဖြစ်လာပြီဆိုတော့ နည်းပညာကို အလွဲသုံးစားလုပ်တဲ့ လူတွေ ပေါ်ကို ပေါ်လာမှာပဲလေ။ အဲလို လူမျိုး တွေကို ကာကွယ်တားဆီးဖို့ကျတော့ သေချာတာ တစ်ခုကတော့ ခိုင်မာတဲ့၊ အဆင့်အတန်းမီတဲ့ Cyber Law က ရှိရမှာပေါ့။ အဲဒီအဖွဲ့အစည်းက သူတို့ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ ဒီ အဖွဲ့အစည်းကို Cyber Law နဲ့ ကျွန်တော်တို့က ပြန်ပြီးတော့ check and balance လုပ်နိုင်တဲ့ အနေအထားမျိုး ပေါ့။ အဲဒီနှစ်ခု Cyber Law ရော Cyber Police ရော အရေးတကြီး လိုအပ်တယ်လို့ ထင်တယ်”ဟု ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောပါသည်။
ဘက်ပေါင်းစုံဝါဒ ဖြန့်ချိရေးဟု ဆိုရာတွင် အစိုးရဘက်မှ ၀ါဒဖြန့်ချိသူများကိုသာ ဆိုလိုခြင်း မဟုတ်ဘဲ အတိုက်အခံများဘက်မှ ၀ါဒဖြန့်ချိသူများကိုပါ ဆိုလိုကြောင်း၊ လာဘ်စားမှုများ၊ အလွဲသုံးစားလုပ်မှုများကို အချက်အလက် ခိုင်မာစွာ ရရှိထားသည် ဆိုပါက ဝေဖန်ရေးသားနိုင်ပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုပါက ကျိုးကြောင်းခိုင်လုံမှုကို ဦးစားပေးပြီး လုပ်ဆောင်သင့်သည် ဟူသော သုံးသပ်မှုများလည်း ရှိနေပါသည်။
“ဘက်ပေါင်းစုံဝါဒဖြန့်ချိရေ
“ကျွန်တော့်အမြင်ကတော့ အွန်လိုင်းမီဒီယာပဲဖြစ်ဖြစ်
ပုဂ္ဂိုလ်တစ်ဦးချင်းစီအရ မိမိတို့ ၏ ခံစားချက်များကို တစ်ဦးချင်း လွတ်လပ်စွာဖြင့် ရေးသားပြောဆို နိုင်သော်လည်း သတင်းတစ်ခုအသွင်ဆောင်ပြီး ဖြန့်ဝေတော့မည်ဆိုပါက ရေးသားမှုနှင့်အတူ တာဝန်ယူမှုပါ ရှိသင့်သည်ဟူသောပြောဆိုမှုမျ
“Social Media နဲ့ အင်တာနက်ကို အကျိုးရှိရှိ အသုံးချချင်တဲ့ သူတွေ အတွက်ကတော့ ကိုယ့် Identity ကို ကိုယ်တန်ဖိုးထားဖို့ အလွန်အရေးကြီး ပါတယ်။ Social Media ရဲ့ နောက်ထပ်ပြဿနာက ကိုယ့်ရဲ့ ပုံရိပ် Identity ကို ပြင်ပမှာထက်ပိုပြီး လွယ်လွယ် ဖွက်ထားလို့ရတာပါပဲ။
Identity နှစ်ခုသုံးခုရှိချင်ရင်လည်း
မည်သို့ပင်ဆိုစေကာမူ အွန်လိုင်း မီဒီယာဆိုသည်မှာ ကောင်းကျိုးနှင့် ဆိုးကျိုး ရောထွေးနေသည့် အတွက်လူဆိုး၊ လူကောင်းဆိုသည်မှာ ဘက်တိုင်းတွင် ရှိနေမည်ဖြစ်ကြောင်း သုံးသပ်သူများ က ပြောဆိုခဲ့ကြပါသည်။
1 comments:
ကျွန်တော်လည်း ကိုယ့် ID ကိုတော့ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါကျတော့လည်း စိတ်က အချဉ်ပေါက်လာတော့ မလွယ်ဘူး ကိုမိုးယံရေ။ စိတ်ထဲရှိတာ ချရေးပစ်လိုက်တာပါပဲ။
Post a Comment