မလေးရှားနိုင်ငံ မဟာနန်း လုပ်ငန်းစုမှ တတိယအကြိမ်မြောက် နှစ်ပတ်လည်ဖျော်ဖြေပွဲ အစီအစဉ်တွင် မြန်မာနိုင်ငံမှ Hip Hop အဆိုတော်များ ဖြစ်ကြသော JMe ၊ ရဲလေး ၊ ဘရိတ်ကီ ၊ ဂျောက်ဂျက် ၊ လွှမ်းပိုင် ၊ စန္ဒီမြင့်လွင် ၊ အေသင်ချိုဆွေ ၊ အိမ့်ချစ် ၊ မီစန္ဒီ ၊ Bobby Soxer ၊ Super Model (Girl Group) များနှင့် Dancer Uranium ၊ Life & Dancer Twin Brother တို့ဖြင့် အစီအစဉ်အလိုက် သီဆိုဖျော်ဖြေကြပြီး ယနေ့ ၁၁.၁၁.၂၀၁၂(တနင်္ဂနွေနေ့)တွင် ကေအယ် ကိုတာရာယာကုန်တိုက်ဘေး SM ခန်းမတွင် နေ့လည် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒီနေ့ကျင်းပတဲ့ အစီအစဉ်က မဟာနန်း လုပ်ငန်းစု တတိယအကြိမ်မြောက် နှစ်ပတ်လည်ဖျော်ဖြေပွဲ ကြီးဖြစ်ပါတယ်။ ၃ နှစ်ပြည့်အနေနဲ့ ထူးထူးခြားခြားလေး ဖြစ်အောင်
အခုလို ကျင်းပပြီး မဟာနန်းဆိုင်ကို အားပေးနေကြတဲ့ ရွှေမြန်မာတွေ အတွက် တင်ဆက်ပေးတဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ " လာရောက်အားပေးတဲ့ အတွက် မဟာနန်း
လုပ်ငန်းစု မှ ကျေးဇူးတင်ရှိပါတယ် ဟု " မဟာနန်း လုပ်ငန်းစု တာဝန်ခံမှ ပြောသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ အားရောက်အားပေးကြပြီး စည်ကားစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။















နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
(ROMM-Malaysia News Media)
http://www.malaysiaonlineradiomedia.com/2012/11/blog-post_7047.html
http://www.malaysiaonlineradiomedia.com/2012/11/blog-post_7047.html
0 comments:
Post a Comment