Thursday, March 29, 2012

ဘလော့ကာ ဝမ်းကိုကိုအောင် နှင့် အင်တာဗျူး အစီအစဉ်



အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ဒီတစ်ပတ် ဘလော့ကာ အင်တာဗျူး အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန်ကြရောက် လာပါပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးမှာ သတင်းပိုင်း ၊ နည်းပညာပိုင်း ၊ စာပေပိုင်း နှင့် အထွေထွေပိုစ့်များ ရေးသား တင်ဆက် မျှဝေပေးနေတဲ့ International Social Network Myanmar ဘလော့ဆိုက်လေး တစ်ခုနဲ့ နိုင်ငံတကာမှ အွန်လိုင်း စာဖတ်သူများကို အသိပေး မိတ်ဆက် ပေးချင်ပါတယ်။

ဒီ ဘလော့လေးမှာ ဆိုရင် နေ့စဉ်နဲ့အမျှ Software ၊ Antivirus ၊ E book များ ၊ BLOG ၊ Converter ၊ Deep Freeze ၊ Directory ၊ Download Manager ၊ Facebook ၊ Game ၊ Gmail ၊ Gtalk ၊ Hacker ၊ Phone ၊ Photo ၊ Player ၊ Proxy ၊ Recover ၊ USB ၊ Virus Software စုစည်းမှု ၊ Music ၊ Movie Online ၊ Daliy News ၊

Web-Messenger ၊ ဗေဒင် ၊ အထူးအစီစဉ်များ ၊ သတင်းများ နှင့် အထွေထွေ နည်းပညာများ စသည့် စသည့် ပိုစ့် အမျိုးအစားများကို နေ့စဉ် တင်ဆက် မျှဝေပေးနေတဲ့ ဘလော့ လေးတစ်ခု ဖြစ်ပါတယ်။ International Social Network Myanmar ဘလော့ ပိုင်ရှင်လေး ဖြစ်တဲ့ ကိုဝမ်းကိုကိုအောင် နဲ့ တွေ့ဆုံပြီး သူရဲ့ဘလော့လေးနဲ့ ပက်သက်တာတွေကို ဒီလို ဒီလို ..... မေးဖြစ်တဲ့ အခါ ....

မင်္ဂလာပါကိုကြီး .....

မေး = အင်တာနက် အွန်လိုင်းကို ဘယ်အချိန်က စတင် အသုံးပြုခဲ့လဲ ဆိုတာလေးကို ပထမဆုံး မေးမြန်းပါရစေ။

အင်တာနက် သုံးတာတော့ ကြာပါပြီ။ အစ်ကိုရဲ့ အသက် အသက်၁၈နှစ် ထဲကပေါ့။ အင်တာနက်ဆိုတာ မြန်မာပြည်မှာ ပေါ်ခါစကပါ။ အဲဒီအချိန်က MIRC ဆိုတဲ့ ချက်တင်လေး နာမည်ကြီးကာစ ကတည်းက စတင် အသုံးပြုခဲ့တာပါ။

မေး = အခုလို ကိုယ်ပိုင် ဘလော့ရေးဖြစ်တာရော ကြာနေပြီလား? ဘယ်တုန်းက စတင် ရေးသားပြီး ဘလော့လေးကို တည်ထောင် ဖြစ်တာလဲ ?

အခု blog လေးအကြောင်း ပြောရမယ်ဆိုရင် စတင်ဖြစ်လာပုံကို အရင်ပြောပြချင်ပါတယ်။ International Social Network Myanmar ဆိုတဲ့ နာမည်နဲ့ အရင်ဆုံး facebook မှ group chat လေးစတင် တည်ထောင်မိပါတယ်။ ဒါပေမဲ့ အဲဒီထဲမှ လူသိပ်မရှိပါဘူး အဲလိုနဲ online က အစ်မ တစ်ယောက်က သူ blog ထောင်ထားတာလေး ရှိတယ်တဲ့ အဲဒါ နည်းနည်းလောက် ဝင်ပြင်ပေးပါလားတဲ့ အဲဒါနဲ့ နည်းနည်း လောက်ပြင်ပြီး လိုက်တယ်။



အဲဒါနဲ့ blog လေးတစ်ခု လောက် ရေးရင် ကောင်းမယ်ဆိုပြီး အကြံရလားတယ်။ International Social Network Myanmar ဆိုတဲ့ blog က ကျွန်တော်ရဲ့ ဒုတိယ blog ပါ ပထမ blog တစ်ခု ရှိပါသေးတယ်။ one to one ဆိုတဲ့ နာမည်နဲ့ တည်ထောင်ထားတာပါ။ အခုတော့မရှိတော့ပါဘူး International Social Network Myanmar ဆိုတဲ့ blog စတင်တည်ထောင်ထဲက ဖျက်လိုက်ပါတယ်။ International Social Network Myanmar ဆိုတဲ့ blog ကို ၁၁ လပိုင်း ၁၇ရက်နေ ၂၀၁၁ မှစတင်ရေးဖြစ်တာပါ။

မေး = ဘလော့ လေးတစ်ခု လုပ်ပြီးသွားပြီ ဆိုတော့ အစ်ကိုရဲ့ ဘလော့လေးမှာ ဘယ်လို အကြောင်း အရာ လေးတွေကို တင်ပေးမယ် မျှဝေဖြစ်မယ် လို့ စိတ်ကူးမိလဲ ?

blog မလုပ်ခင်ထဲက အတတ်နိုင်ဆုံး ကဏ္ဍတွေ စုံအောင် တင်ပြမယ်လို စိတ်ကူး မိတာတွေရှိပါတယ်။ စာဖတ်သူ ပရိတ်သက်ကို ရသမျိုးစုံ ပေးခြင်းတယ်။ သဘောမျိုးပါ နောက်ပြီးသူများတွေ blog လိုမတူတဲ့ ကဏ္ဍ မျိုးဖြစ်အောင်လည်း စိတ်ကူးမိပါတယ်။ ဥပမာ သတင်းတွေဆိုရင် ထူးထူးခြားခြား သတင်းတွေပေါ့။ နောက်ပြီး software တွေဆိုရင် လူအများ စိတ်ဝင်စားမဲ့ software မျိုးတွေကို တင်ပြမယ်လို စိတ်ကူးမိပြီး အကောင် အထည် ဖော်ဆောင် ဖြစ်ပါတယ်။

မေး = အခုလက်ရှိကရော အစ်ကိုရဲ့ ဘလော့လေးမှာ ဘယ်လိုပိုစ့် အမျိုးအစားလေးတွေ ကို မျှဝေဖြစ်လဲ ?

နေ့စဉ်ကတော့ သတင်းပိုင်း နည်းပညာပိုင်း တင်ပေးဖြစ်ပါတယ်။ အခု လတ်တလော ထူးထူးခြား တင်ဖြစ်တဲ့ post အသစ်လေးကတော့ ပျောက်ကွယ် လုနီးပါဖြစ် နေသော ပညာရပ်တစ်ခု သိပ္ပံမဟုတ်သော ဝိဇ္ဇာပညာရပ် ဆိုတဲ့ ခေါင်းစဉ်နဲ post တစ်ခုပါ။ အဲဒီ post ကိုတင်ပေးဖို့ စဉ်းစားထား တာတော့ကြာပါပြီး အခု လတ်တလောမှပဲ တင်ဖြစ်သွားတာပါ။

ရှေးခေတ်က မြန်မာပညာရပ်တစ်ခုပေါ့။ အခုခေတ်မှဆိုရင် ပျောက်ကွယ်တော့မဲ့ ပညာရပ်တစ်ခုပါ။ ကျွန်တော် blog ပရိတ်သတ်တွေ ဗဟုသုတရအောင်လို့ အဲဒီပညာရပ်ကို အသေးစိပ် သိအောင် လိုဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဖြစ်သွားတာပါ။

မေး = အစ်ကိုရဲ့ ဘလော့လေးမှာ ဆော့ဝဲလ်နဲ့ အထွေထွေ နည်းပညာပိုစ့်တွေကို ဘယ်လိုလေ့လာ တင်ပေးဖြစ်လဲ ဆိုတာ ပြောပြပေးပါဦး။

အင်တာနက် စသုံးထဲက နည်းပညာတွေ ရေးတဲ့သူတွေ blog ကို ဖတ်ရတော့ သူတို့ကိုအားကြတယ်။ ဥပမာ ကိုညီနေမင်း တိုလိုပေါ့။ သူတို့လိုပဲ ဖြစ်အောင်ကြိုစားပြီး လေ့လာတယ်။ မသိတဲ့ဟာတွေကို သိအောင် ရှာဖွေ တယ်ဖတ်တယ်။ လက်တွေ့ လုပ်တယ် အဲလိုနဲ့ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး နားလည် လာတယ်။

အရမ်းကြီး တော်တဲ့ ထဲမှာ မပါ ပါဘူး။ မူလတန်း အဆင့် လောက်ပဲရှိပါသေးတယ်။ ကိုယ်သိတဲ့ နည်းပညာ လေးတွေနဲ blog ပရိတ်သတ် တောင်းဆိုထားတဲ့ software တွေပေါင်းပြီး တင်ပြပေး လိုက်တာပါပဲ။



မေး = ဘလော့ရေးတဲ့ ဘလော့ကာတိုင်းဟာ ကိုယ့်ရဲ့ ဘလော့လေးကို မအားတဲ့ ကြားကနေ အချိန်ပေးပြီး ရေးသား နေကြတာ ဖြစ်ပါတယ်။ အစ်ကိုရဲ့ ဘလော့လေးနဲ့ ပက်သက်ပြီး နေ့စဉ် ဘယ်လို အချိန်ပေး မျှဝေ ရေးသားဖြစ်လဲ ဆိုတာ ပြောပြပေးပါဦး ?

အကို blog စထောင်ထဲက အိပ်ရေးစတင်ပျက်ပါတယ်။ မေးသမျှလည်း ဖြေကြားပေးရပါတယ်။ စတင် ရေးသားတုန်းက ဆိုရင် တစ်နေ့ကုန် blog ထဲမှအချိန် ကုန်နေပါတယ်။

အစ်ကိုနေ့တိုင်း blog မှ post အသစ်တင်ပါတယ်။ ဘာလိုလည်းဆိုရင်အကို blog မှ daliy new ဆိုတဲ့ ကဏ္ဍပါဝင်နေလိုပါပဲ။ နေစဉ့်နဲ့ အမျှ ပြည်တွင်းပြည်ပ သတင်းတွေကို blog ပရိသတ် ဖတ်လိုရအောင် စုဆောင်းပြီး တင်ပြပေးနေလိုပါပဲ။ နေ့စဉ်ပုံမှန် မြန်မာအချိန်ည 10 us အချိန်နဲ့ ဆိုရင် မနက်၁၁ ဆိုရင်ပုံမှန် blog post တင်ဖြစ်ပါတယ်။

မေး = အစ်ကိုရဲ့ ဘလော့လေးကို နေ့စဉ် ဝင်ကြည့်တဲ့ ဦးရေ ဘယ်လောက် ရှိနေပြီလဲ ?

တစ်နေ့ကို 2313 ကျော် ကနေ 3100 လောက်ရှိပါတယ်။ အဲဒါကတော့ ပုံမှန်ဝင်ကြည့် နေကြဦးရေပါပဲ။ တစ်လကို 63000 ကျော်လောက်တော့ ရှိပါတယ်။

မေး = ဘလော့ရေးတဲ့ ဘလော့ကာ တစ်ယောက် အနေနဲ့ ဘလော့ကာ ဆိုတာ ဘာလဲဆိုတာ မေးရင် အစ်ကို ဘယ်လိုပြန်ဖြေပေးမလဲ?

အစ်ကို ခံစားမိတာလေးနဲ့ သိတာမိတာလေး ပြန်ဖြေပြရစေ။ blogger ဆိုတာ blog စာဖတ်တဲ့ ပရိတ်သက်ကို ရသမျိုးစုံ ခံစားမိစေပြီး ဗဟုသုတတွေ ကြွစေတ နေရာတစ်ခုလို့ ပြော ချင်ပါတယ်။

မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်းအများတော့ ရှိကြပါတယ်။ အစ်ကိုရော ဘလော့လေးနဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေ တစ်ခုခု အနေနဲ့ ကြုံဖူးလား ?

ကြုံရတာတော့ အများကြီးပါပဲ တစ်ခါတစ်လေ download link တွေပျက်တာတွေ သီချင်းတင်ရင် ဖွင့်လို့မရတာတွေ နောက်ပြီး html coad မှားလို blog error ပြတာတွေ temple အသစ်ပြောင်းမယ်ဆိုရင် အချိန်တွေ အများကြီး ပေးရတာတွေက စိတ်ညစ်စရာတွေပေါ့။

မေး = အစ်ကို ဘလော့လေးက အရင်ကနဲ့ တော်တော်လေး ပြောင်းလဲလာပါတယ်။ ပိုပြီးလည်း ဗဟုသုတတွေ ပြည့်စုံလာပါတယ်။ နောက်ထပ် အစ်ကိုအနေနဲ့ ဘယ်လို ဆက်လက် လုပ်ဆောင်ဖို့ရှိလဲဆိုတာ စာဖတ်သူများ အားလုံး သိအောင် ဖြေပေးပါဦး ...

အစ်ကို အချိန် ရရင် ရသလို ကဏ္ဍအသစ်လေးတွေ တင်ပြပေးသွားမယ်။ လူတွေ စိတ်ဝင်စားမယ် post လေးတွေ ရေးသွားမယ် softawre သုံးတဲ့ သူတွေဆိုရင် နားလည်အောင် အသုံးပြုနည်းတွေကို ပုံနဲတကွ တင်ပြပေးသွားမယ်။

နောက်ပြီး blog မှအခက်ခဲရှိ နေတာတွေကို ပုံနဲ့ တကွရှင်းပြပေးမယ်။ ဗဟုသုတတွေပြည့်စုံအောင် လုပ်ပေးချင် ပါတယ်လို့ စာဖတ်သူတွေ ကိုပြောချင်ပါတယ်။

မေး = ဘလော့လေးက အဖက်ဖက်က အထွေထွေ ပိုစ့်တွေကို တင်ပေးနေတယ် ဆိုတော့ လူသိများပြီး အောင်မြင်နေတဲ့ ဘလော့လေး တစ်ခုလို့ ပြောမယ်ဆိုရင် ရနေပြီလား ?

အဲလိုတော့ ပြောလို မရသေးဘူးတစ်ချို့ မသိသေးတဲ့ လူတွေအများကြီး ရှိသေးပါတယ်။ အစ်ကို BLOG ကိုအသိများတယ်။ အဖတ်အများဆုံးက မြန်မာနိုင်ငံက

သူတွေပါ တခြားနိုင်ငံက သူတွေ လည်းရှိပါတယ်။ International ကလူတွေတော့ မသိသေးပါဘူး International Social Network တော့ မဖြစ်သေးပါဘူး။

မေး = International Social Network ဆိုတဲ့ နာမည်လေး ပေးဖြစ်ခဲ့ပုံလေးကို ဗဟုသုတ အနေနဲ့ ဖြေကြားပေးပါဦး။

International Social Network Myanmar ဖြစ်လာပုံက facebook မှ group chat လုပ်မယ်ဆိုပြီး နာမည် စဉ်းစားတာပေါ့။ အရင်တုန်းက လုပ်ခဲ့တဲ့ group chat နာမည်တွေက ခရမ်းရောင် အိမ်မက်အဖွဲ့၊ purple dream ဆိုပြီးနာမည်ပေးခဲ့တော့ အဲဒါနဲ့ မတူအောင်လို့ ဆိုပြီးစဉ်းစားတယ်။ facebook group မှ နိုင်ငံတကာက လူတွေရှိတော့ International ဆိုပြီးစဉ်းစားမိတယ်။ facebook က Social Network နေရာဖြစ်လို Social Network ဆိုပြီး စဉ်းစားမိတယ် မြန်မာနိုင်ငံ သားတွေဖြစ်နေလို International Social Network Myanmar ဆိုပြီး စဉ်းစားမိပြီး အဲဒီနာမည် ပေးဖြစ်သွားတာပါ။

မေး = အစ်ကို လေးစား အားကျတဲ့ ဘလော့တွေ ဘဘော့ကာတွေ ကိုလည်း ပြောပြပေးစေလိုပါတယ်။

နည်းပညာဖက်မှ ဆိုရင် ကိုညီနေမင်း ၊ သံလုံငယ် ၊ စံပီး ၊ နေမင်းမောင် နဲ့ သတင်းဖက်မှာ ဆိုရင် ဧရာဝတီ ခေတ်လူငယ် သီချင်း ဘက်မှဆိုရင် myanmarhiphopchannel အဲလောက်ပါပဲ။



မေး = ဘလော့ရေးတဲ့ ဘလော့ကာ တစ်ယောက်အနေနဲ့ အစ်ကိုရဲ့ ကိုယ်ပိုင် အချိန်တွေကို ဘယ်လို အသုံးချဖြစ်လဲ ?

မနက်အိပ်ယာနိုးလာရင်တော့ ဘုရားကိစ္စတွေ လုပ်တယ်။ အားတဲ့ အချိန်တွေမှဆို သူများတွေ ရေးထားတဲ့ blog တွေဝင် ဖတ်ဖြစ်တယ် နောက်ပြီး ကိုယ်သိခြင်းတဲ့ အကြောင်းတွေကို အင်တာနက်မှာရှာတယ်။ သီချင်းတွေ နားထောင်ဖြစ်တယ်။ ရှပ်ရှင်တွေကြည့်ဖြစ်တယ် game တွေ ကစားတယ်။ ကျောင်းစာတွေလုပ်တယ်။ စိတ်ကို အပန်းဖြေ အနားယူတယ်။ computer သမားဖြစ်လို့ မျက်စိကို အမြဲတမ်း အနားပေးဖြစ်တယ်။

မေး = အခု လူငယ်တွေ တော်တော်များများ ဟာ သူတို့အချိန်ရတာနဲ့ အင်တာနက် အသုံးပြုတဲ့ အချိန်မှာ (ဖွေ့ဘုတ် ဂျီတော့ ချက်တင် ) တွေကို သူတို့အများစု အသုံးပြုကြပါတယ်။ ချက်တင် အကြောင်းနဲ့ ပက်သက်ပြီး အဆိုး/အကောင်း ကိစ္စတွေနဲ့ လူငယ်တွေကို ဘယ်လို အကြောင်း အရာလေးတွေကို လေ့လာသင့်လဲဆိုတာ ဘလော့ကာ တစ်ယောက် အနေနဲ့ ဗဟုသုတ လမ်းညွန် ပြောပြပေးပါဦး ...

အခု ခေတ်လူငယ်တွေ အင်တာနက်ကို အသုံးပြုတာ အကျိုးရှိတဲ့ နေရာတွေမှာ အသုံးများ လာတာတွေရပါတယ်။ ဥပမာ Online ပရဟိတ ဆိုတဲ့ လူငယ်အဖွဲတွေ online မှာ ရှိနေတာတွေ တွေရပါတယ်။ အဲဒါတွေက အင်တာနက်ကို အကျိုးရှိရှိ အသုံးပြုတတ်တဲ့ ကောင်းတဲ့ အလားအလာ တွေပါ။

တစ်ချို့တွေက အင်တာနက်ကို အကျိုးမရှိတဲ့ နေရာတွေမှ သုံးတတ်လာကြပါတယ်။ တစ်နေ့ကုန် online game ကစားခြင်း အချိန် ရရင် ရသလိုသူများ email ကိုဟက်ဖို့ကြိုးစား နေတဲ့သူတွေပါ။အင်တာနက်ကို ပညာရေးကဘက်တွေ လူမှူအကျိုးပြုဘက်တွေမှာ အသုံးပြုမယ်ဆိုရင် မိမိအတွက်တင်မကပဲ အားလုံးအတွက် အကျိုးရှိမှပါ။ တစ်နေ့ကုန် အင်တာနက်နဲ့ အချိန်ကုန်နေတဲ့ သူတွေကိုပြောခြင်းပါတယ်။

မိမိအတွက် တစ်နေတာ အချိန်ကုန် အင်တာနက်သုံးနေခြင်းက ဘာတွေက မိမိအတွက် အကျိုးပြုတယ်။ မပြုဘူးဆိုတာသတိထားသင့်ပါတယ်။ ဘယ်အရာမရှိ အဆိုး/အကောင်း ယဉ်တွဲနေတာပါပဲ။ မိမိကိုယ် မိမိဆင်ခြင်စဉ်းစားသင့်ပြီး အင်တာနက်ကို အသုံးပြုသင့်ပါတယ်။ လိုပြောချင်ပါတယ်။

မေး = အခု ဘလော့ရေးသူတွေအားလုံး အတွက် ရည်ရွှယ်ပြီး မေးခွန်းလေး မေးချင်ပါတယ်။ အဲဒါကတော့ အခု ဘလော့ရေးသူ တော်တော် များများဟာ သူတို့အတွက် မဟုတ်ပဲ အများအတွက် သူတို့ သိတာ လေးတွေကို မျှဝေပေး လျှက်ရှိနေကြပါတယ်။ ဆိုတော့ သူတို့ ဆိုက်တွေ သွားပြီး လိုက်ဆဲဆိုတာတို့ မကောင်းပြောတာ တို့ ဆိုတာကတော့ ဘလော့ရေးတဲ့သူတိုင်း ကြုံဖူးကြမယ် ထင်ပါတယ်။ အစ်ကိုအနေနဲ့ရော ဒီလိုဖြစ်နေတာနဲ့ ပက်သက်ပြီးတော့ ဘာများပြော လိုပါသလဲ ?

အဲဒါနဲ့ ပတ်သတ်ပြီး ပြောချင်တာကတော့ စေတနာက လူတိုင်းနဲ့တန်တယ်လို blogger မောင်စေတနာက ပြောဖူးပါတယ်။ အဲဒီစကားကို လက်မခံဘူး ပညာဆိုတာယူတတ်မှ ရတယ်တဲ့ ကျွန်တော်တို့ blogger တွေရဲ့ စေတနာကို တစ်ချို့ ပရိတ်သတ် တွေကနားမလည်းဘူး post တစ်ခုကို လွယ်လွယ်နဲ့ ရေးလိုရနေတယ်။ blog တစ်ခုကို လွယ်လွယ်နဲ့ တည်ထောင် လို့ ရနေတယ်။

blog ရေးရင် ပိုက်ဆံရနေတယ်ဆိုတဲ့ အတွေးအခေါ် အမှားတွေရှိနေတယ်။ သူတို့ကိုလည်း အပြစ်ပြောလိုမရပါဘူး သူတို့မှ blog မရေးဘူးတော့ blogger တစ်ယောက်ရဲ့ အခက်ခဲတွေ စေတနာတွေ ကိုနားမလည်းဖူးလေ blogger အများစုက မိမိကိုယ်ကျိုး တစ်ခုမှမပါပဲ blog ပရိတ်သတ် တွေကို ဗဟုသုတ တွေပေးမယ်။

ပြသာနာ တွေဖြေရှင်းပေး နေတယ် blogger တွေက တစ်ခါတစ်လေ မိမိအိပ်စိုက်လုပ်ပြီး blog ပရိတ်သတ်တွေကိုအကျိုးပြုလုပ်ပေး နေကြတာပါ။ ကိုယ်ထမင်း ကိုယ်စားပြီး ကူလည်း ကူညီရသေးတယ်။ အဆဲလည်း ခံရတယ်ဆိုပြီး blog လောကက စွန့်ခွာ သွားတဲ့သူတွေရှိပါတယ်။

အဲလို စေတနာကို နားမလည်းပဲ blog ရေးသားသူတွေကို စော်ကားဆဲဆိုနေတဲ့ သူတွေကိုပြောချင်ပါတယ်။ မိမိကိုယ်ကို တတ်တယ် တော်တယ် နားလည်းတယ်ဆိုရင် ကိုယ်ပိုင် blog တည်ထောင်လိုက်ပါ။ ကျွန်တော်တို့ blog ပရိတ်သတ်ပြန်လုပ် ပေးပါ့မယ်။ ဆဲဆို မကောင်းကြောင်း ပြောပေးပါ့မယ်။ အဲဒီအခါကြမှ blogger တစ်ယောက်ရဲ့ စေတနာကို နားလည် သွားပါ့မယ်လိုပြောချင်ပါတယ်။

မေး = အခုလို မြန်မာ ဘလော့တွေ ဘလော့ကာတွေ ပေါများလာတာနဲ့ ပက်သက်ပြီး အဆိုး အကောင်း ကိစ္စများကို အစ်ကိုရဲ့ အမြင်လေး ပြောပြ ပေးနိုင်မလား ?

အင်တာနက် ခေတ်ဆိုတော့ blogger တွေကများ လာတာပေါ့။ လူတိုင်းက blog တစ်ခုဖတ်ပြီးရင် blogger ဖြစ်ခြင်းလာကြတယ်။ blogger တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်တယ် ဆိုတာမသိကြဘူး blogger အတုယောင် တွေက မိမိ blog နာမည်ကြီးဖို့သာ အဓိက ထားကြတယ်။

အစစ်မှန်တွေက နာမည်မကြီးရင် နေပါစေ မိမိ blog ထဲက post တစ်ခုကို စာဖတ်မိတဲ့ သူတစ်ယောက်ကို အကျိုးပြုတယ်ဆိုရင် ပီတိဖြစ်နေတာပါ။ blog တွေများ လာလို ဘယ် blog တွေက မိမိကို အကျိုးပြုတယ် ဘယ် blog တွေက အကျိုး မပြုဘူးဆိုတာကို blog ပရိတ်သတ်ကြီးက ခွဲခြားလေ့လာသင့်ပါတယ်။

မေး = လူတိုင်းမှာ ရည်ရွယ် ချက်တွေ ရှိကြပါတယ်။ အစ်ကိုဘဝရဲ့ အနာဂတ် ရည်ရွယ်ချက် ရည်မှန်းချက် လေးတွေ ကိုလည်း သိပါရစေ။

အစ်ကို ရည်ရွယ်ချက် ကတော့ကြီးကြီး မားမားကြီးတော့ မဟုတ်ပါဘူး။ ပျော် ရွင်တဲ့ ဘဝကိုပိုင်ဆိုင် ချင်တယ်။ အသက်ရှင်နေတဲ့ အချိန်လေးမှာ အေးအေး ချမ်းချမ်းနဲ့ ဘာအပူသောက မရှိပဲနေချင်တယ်။ နောက်ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဘဝမျိုးကို မရောက်အောင် အမြဲကြိုးစားပြီး နေမယ်လို့ ရည်ရွယ် ထားပါတယ်။



မေး = လက်ရှိ အစ်ကို နေတဲ့ နိုင်ငံနဲ့ အစ်ကိုရဲ့ ပညာအရည်အချင်း ကို ပြောပြပေးပါဦး ?

အစ်ကို အခု အမေရိကန်ပြည် ထောင်စု Maryland Baltimore မှနေပါတယ်။ CCBC Community College မှ Esl သင်တန်း တက် နေပါတယ်။

မေး = အစ်ကိုရဲ့ စိတ်နေ သဘောထား လေးကို သိချင်ပါတယ်။ အဲဒါလေး ပြောပြပေးပါဦး။

အစ်ကိုက တစ်ယောက်ထဲ အေးအေးဆေးဆေး နေတတ်တယ်။ စိတ်ကူး ယဉ်ဆန်းတဲ့ စိတ်ထားရှိတယ်။ သဘောကောင်းတယ် တော်ရုံနဲ့ စိတ်မဆိုးတတ်ဘူး

ဒေါသမထွက်တတ်ဘူး။ ဒေါသထွက်ပြီးဆိုရင် သူတွေထက်ပိုဆိုးတယ်။ မိမိ တတ်နိုင်သလောက် သူများ တဖက် သားကို ကူညီတတ်တယ်။ စကားအပြော ဆိုနည်းတယ်။ လူတော် လူကောင်းကြီးလည်း မဟုတ်ပါဘူး။

မေး = အခု အစ်ကိုက ဘလော့ ရေးနေတယ် ဆိုတော့ အစ်ကိုရဲ့ ပိုစ့်တွေကို တစ်ခြား ဆိုက် တွေမှာရော တင်ဖြစ် မျှဝေဖြစ်သေးလား ?

၎ နေရာ လောက်တင်ဖြင့် မျှဝေဖြစ်ပါတယ်။ အဲဒီ နေရာတွေက ဖူးစားရှင် ၊ မီးအိမ်ရှင် ၊ အရူးလွယ်အိတ် ၊ ရွေမြန်မာဥယျာဉ် စတဲ့ နေရာမှာ International Social Network ဆိုတဲ့ နာမည်နဲ့ တင်ဖြစ် မျှဝေဖြစ်ပါတယ်။



မေး = ဘလော့ကာ တစ်ယောက် ဖြစ်ဖို့အတွက် ဘာတွေ နားလည်ဖို့ လိုအပ်သလဲ ? ဘာတွေသိထားသင့်လဲ ? ဆိုတာ ဘလော့ ဝါသနာရှင်များ သိအောင်လည်း ပြောပြပေးပါဦး ။

blogger တစ်ယောက်ဖြစ်ဖို့ ဆိုရင် နားလည် သလောက်ပြောရမယ် ဆိုရင် အရင်ဆုံး ရေးကြီးတာက blog ကို ဘယ်လိုရေးရမယ် ဘယ်လို တင်ရမယ်ဆိုတာ နားလည်းရမယ်။ နောက်ပြီးမိမိ blog ကိုဘယ်လို ကောင်းအောင် ပြန်ပြင် တတ်ရမယ်။ HTML coad တွေကို အများကြီး မဟုတ် တာတောင် နည်းနည်း ပါးပါး နားလည်ပြင် တတ်ရမယ်။

အဲဒါ တွေပိုင်ပြီး ဆိုရင် မိမိ blog မှာ ဘာကို အဓိကထားပြီး ရေးခြင်း တင်ခြင်းတယ် ဆိုတာကို အရင် စဉ်းစားရပါ့မယ်။ မိမိ လည်းတင်ခြင်းတာ တင်မယ်။ ဖတ်ခြင်းတဲ့ သူလည်း ဖတ်ချင်တာ ဖတ်ဆိုရင်တော့ မိမိ blog လည်း မရေရာပဲ ဖြစ်သွား နိုင်ပါတယ်။

အဓိက က blog ထောင်ပြီးဆိုတာနဲ မိမိအကျိုးအတွက် လုပ်ကြမလား သူများ အကျိုး ပြုလုပ်မလား ဆိုတာပဲ စဉ်းစားကြပါ။ နောက်တစ်ခု ပြောခြင်းတာက ကျွန်တော် blog ထိပ်ဆုံးမှတင်ထားတဲ့ စာသားအတိုင်းပဲ "တတ်သော် ပညာ သေရွာတစ်ပါး သို့ယူဆောင် မသွားပါလေနဲ့ လူလောကကြီးကို အကျိုးပြုက ဧကန်စင်စစ် လူသားဖြစ်၏"

ဆိုတဲ့အတိုင်း မိမိသိထား တတ်ထားတဲ့ ပညာလေးနဲ မသိတဲ့မတတ်တဲ့ သူတွေကို လက်ဆင့်ကမ်းပြီး အကျိုးပြုကြပါလို့ နောက်အသစ် တက်လာကြမဲ့မြန်မာ blog ဝါသနာရှင်တွေကို ပြောချင်ပါတယ်။

မေး = အစ်ကိုရဲ့ ဘလော့လေးမှာ နည်းပညာ တော်တော်များများ တင်ပေးထားတာ တွေ့ရပါတယ်။ နည်းပညာပိုင်းနဲ့ ပက်သက်ပြီး လေ့လာချင်ပေမဲ့ မသိတာတွေ နားမလည် တာတွေ ရှိနေပါတယ်။ ဒီနေရာမှာ နည်းပညာပိုင်းကို မသိလို့ နားမလို့ တစ်ခုခု ဖြစ်နေတယ်တဲ့ လူငယ်တွေကို အစ်ကို အနေနဲ့ ဘာများပြောချင်လဲ ?

ပြောချင်တာ လေးတွေ ရှိပါတယ်။ နည်းပညာဆိုတာ လက်တွေ့ မလုပ်ပဲနဲ့ ဘာမှမတတ်ပါဘူး။ တစ်ချို့တွေ အယူဆမှားနေတာ ရှိပါတယ်။ e book တွေဖတ် သူများတွေ ရေးထားတာတွေ ဖတ်ပြီးတတ်ပြီ လို့ ထင်နေကြတာပါ။ မိမိကိုယ်တိုင်က မတွေကြုံရင် ဘာမှသိမှာ မဟုတ်ပါဘူး။

ဘယ်အရာ ပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ကြုံဘူးမှ သိကြမှပါ။ ဥပမာ windows 7 တင်နည်းကို စာအုပ်ဖတ်ပြီး မိမိ windows 7 တင်တတ်ပြီးလို့ မထင် လိုက်ပါနဲ့ တကယ် windows 7 ကိုတင်တော့မှ windows တင်တဲ့ အကြောင်း ကို သေချာ နား လည်သွားမှာပါ။

windows တင်တဲ့အခါမှာ ဘာအခက်ခဲတွေရှိတယ်။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်တယ် ဆိုတဲ့ သဘောထားတွေပါ။ ဘယ်သူမှ မွေးထဲက တတ်လာတဲ့ သူတစ်ယောက်မှ မပါ ပါဘူး မိမိ ကိုယ်တိုင် သေချာ လေ့လာသင်ယူ လက်တွေ့လုပ်တော့မှ နည်းပညာ အကြောင်းကို နားလည်း သဘောပေါက်မှာပါ။



မေး = ဘလော့ရေးသူ အစ်ကို အနေနဲ့ ဘလော့လေးရေးတဲ့ အခါဖြစ်ပေါ်လာတဲ့ ပီတီဖြစ်မိတာ လေးကို မျှဝေပေးလို့ ရမလား ?

blog ရေးသားသူ တစ်ယောက်ရဲ ပီတိလေးက စာဖတ် ပရိတ်သတ်ဖြစ်တဲ့ blog ပရိတ်တွေရဲ့ comment တစ်ကြောင်းပဲဖြစ်ပါတယ်။ မိမိ blog post တွေမှ comment တွေပေးထားမယ်။ cbox မှစာတွေ ရေးသွားမယ်ဆိုရင် blog ရေးတဲ့သူတွေမှ နောက်ထပ် blog တွေရေးဖို့ အားရှိသွားတာပေါ့။

blog ရေးလိုရတဲ့ ပီတီလေး တစ်ခုပါ။ ဝေဖန် အကြံပြုပြောဆိုပေးတာ ကလည်းမိမိ လိုအပ်ချက်တွေကို သိသွားတာတယ်။ မိမိ blog ရေးတဲ့အခါမှ လိုအပ်ချက် တွေပြုပြင်လို့ ရသွားတယ်။ မိမိ blog ကိုဖတ်တဲ့ သူတိုင်းမသိတာကို သိသွားလို ဝမ်းသာကြသလို မိမိမှ လည်းအဲဒီ post လေးကို ရေးလိုရတဲ့ ပီတီလေးက အတိုင်း အဆ မရှိဖြစ်အောင် မိပါတယ်။

မေး = ဆက်လက်ပြီး ကိုယ်ရေး ကိုယ်တာ အကြောင်းများကို မေးသွားမှာ ဖြစ်ပါတယ်။ အစ်ကိုသိတဲ့ မိသားစု သံယောဇဉ် ၅၂၈ အကြောင်းကို ဗဟုသုတ အဖြစ် ဖြေကြားပေးပါဦး။

မိသားစု သံယောဇဉ်က မိသားစုနဲ့ ဝေးတော့မှ တော်တော် နားလည်းပါတယ်။ မိသားစုနဲ့ အတူတူနေခဲ့စဉ် အခါက မသိခဲ့ပါဘူး မိသားစုတွေ ကိုယ်အနားမှာ မရှိတော့မှ မိသားစု ဆိုတဲ့ တန်ဖိုးကို နားလည်းလာခဲ့ပါတယ်။ မိမိ မိသားစု ထက်မိမိ ပေါ်ကို ဘယ်သူမှ မကောင်းနိုင်ပါဘူး ဆိုတာ ပြောချင်ပါတယ်။

မိသားစုဆိုတာ ဆိုးလည်းအတူ ကောင်းလည်း အတူပါ။ မိသားစုမဟုတ်တဲ့ သူတွေက လိုရင်တစ်မျိုး မလိုရင် တစ်မျိုးပါ။ မိသားစုနဲ့ အတူနေတဲ့ အချိန်လေး မိသားစုကို တန်းဖိုးကို နားလည်ကြပါ။ မိသားစုနဲ့ ဝေးတော့မှ ဘယ်အရာက မိမိအတွက် အရေးပါ လည်းဆိုတာ သိသာ လာပါလိမ့်မယ်။

မေး = လူငယ် ဘလော့ကာ တစ်ယောက် အနေနဲ့ အချစ်ရေးကိစ္စ ၁၅၀၀ နဲ့ ပက်သက်ပြီးတော့ ဘယ်လို နားလည်ထားတာလဲ ?

လူငယ် တစ်ယောက်အနေနဲ့ အချစ်ရေးကိစ္စ ၁၅၀၀ နဲ့ပက်သက်ပြီးတော့ ပြောရမယ်ဆိုရင် ရင်ခုန်တယ်။ ချစ်ကြတယ် ဆိုတာ မိမိဘဝရဲ့ ပျော်ရွင်မှု တစ်ခု စိတ်ချမ်း သာမှု ကြည်နူးမှု ဘဝ လက်တွဲဖော် အဖြစ် ရည်ရွယ်မှု ဆိုပြီး နားလည် ထားပါတယ်။

မေး = အနာဂတ် လက်တွဲ့မယ် ချစ်သူကိုရော ရှာတွေ့နေပြီလား? အိမ်ထောင်ဖက် အတွက် ဘယ်လိုမျိုး ရွေးချယ်သွားမယ်လို စိတ်ကူးထားလဲ ?

အနာဂတ် လက်တွဲ့မယ် ချစ်သူတော့ရှိပါတယ်။ အိမ်ထောင်ဖက် အတွက် ဆိုရင် မိမိကိုယ် တကယ် နားလည်းပြီးချစ်ရမယ်။ အမေနဲ့ တူသော်မိန်းမမျိုး ကိုရွေးချယ်သွားဖို့ စိတ်ကူး ထားပါတယ်။

မေး = အစ်ကို နှစ်သက်တဲ့ အရောင်များနဲ့ အစ်ကိုကြိုက်တတ်တဲ့ အစား သသောက်လေးကို သိချင်ပါတယ်။

အစ်ကို နှစ်သက်တဲ့ အရောင်တွေက အစိမ်းရောင် ပန်းရောင် အဖြူရောင် အကြိုက်ဆုံး အစားစားတွေက အုန်းနို့ခေါက်ဆွဲ ရှမ်းခေါက်ဆွဲ ဖလူတာ ရေခဲမုန် တို့ကို စားဖြစ်တယ်။ ကြိုက်လည်း ကြိုက်တယ်။



မေး = နိုင်ငံတကာမှ အွန်လိုင်း စာဖတ်သူ မိတ်တွေတွေ အတွက် အစ်ကို ဘာများ ပြောလိုပါသလဲ ?

အွန်းလိုင်း စာဖတ်သူတွေကို ပြောချင် တာကတော့ လူသားအကျိုးပြု blog တွေကို အားပေးပြီး ဖတ်ဖို့နဲ့ သူများ မကောင်းကြောင်း ရေးသားထားတဲ့ blog တွေကို ဖတ်ခြင်းမှ ရှောင်ကျဉ်ကြပါလို့ ပြောချင်ပါတယ်။

မေး = အစ်ကိုရဲ့ ဘလော့လေးကို ဆက်လက်ပြီး ဘယ်လို ဘယ်ပုံ ကြိုးစားတင်ဆက် ပေးသွားမယ်ဆိုတာလေး ကိုလည်း ပြောပြပေးပါဦး။

ကျွန်တော် ဒီထက်မက International Social Network Myanmar ကိုအောင်မြင်အောင် ကြိုးစားသွားမယ် International Social Network Myanmar ကို မသိသေးတဲ့ သူတွေရော သိပြီးသားသူတွေရော အားလုံးကို International က လူတွေအားလုံးကို International Social Network Myanmar မှ အမြဲတမ်းကြိုဆို နေပါတယ်လို့ International Social Network Myanmar blog နဲ့ ပတ်သက်ပြီး အဆင်မပြေတာ တွေရှိနေခဲ့ရင် အတတ်နိုင်ဆုံး ကြိုစားပြီး ပြေလည်အောင် ဖြေရှင်းပေးနေပါတယ်လို့ ဒီနေရာကနေ ကျွန်တော် တောင်းပန်ရင်း ကျေးဇူးတင် စကားပြောပါရစေ။

မေး = စာဖတ်ပရိတ်သတ်များထဲမှ အစ်ကိုနဲ့ ဆက်သွယ်မယ်ဆိုရင် ဆယ်သွယ်နိုင်တဲ့ ဘလော့ဆိုက်လေးနဲ့ အီးမေး အကောင့်များကို ဖြေကြားပေးပါဦး။

ဘလော့ ဆိုက်လေး ကတော့ http://www.onekokoaung.co.cc/ ဖြစ်ပြီး Email ကတော့ onekokoaung@gmail.com ပဲဖြစ် ပါတယ်။

အခုလို အင်တာဗျုးလေးနဲ့ ပက်သက်ပြီး သိချင်တာလေးတွေကို အချိန်ပေး ပြောကြားပေး ဖြေကြားပေးသော ဘလော့ကာ အစ်ကို ဝမ်းကိုကိုအောင် အား ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ။ အစ်ကိုရဲ့ဘလော့လေးလည်း နည်းပညာ ဗဟုသုတ လေ့လာနေသူတွေ အတွက် တန်ဖိုးရှိသော ဆိုက်လေးတစ်ခု ဖြစ်ပြီး လူအများအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြု အသုံးဝင်သော ဆိုက်လေးတစ်ခု ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ် ခင်ဗျာ။

စာဖတ်သူတွေနဲ့ တိုက်ရိုက် မိတ်ဆက်ပေးတဲ့ အတွက် အစ်ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို အချိန်ပေးပြီး မေးပေးတဲ့ ညီလေး နေဇော်လင်း ကို အထူးပဲ ထပ်မံ ကျေးဇူး တင်ပါတယ်။

ဒီလောက်ဆို စာဖတ်သူ မိတ်ဆွေ သူငယ်ချင်းများ သိချင် တာလေးတွေ တော်တော်လေး ပြည့်စုံနေပါပြီ။ ... သတင်းများ နည်းပညာများ စာပေများ နဲ့ ထူးထူး ဆန်းဆန်း လေးတွေကို သိချင်နေတဲ့ သူတွေ အားလုံး အတွက် http://www.onekokoaung.co.cc/ မှာ အသေးစိပ် သွားရောက် လေ့လာနိုင်ပါတယ်။ ဆိုတာ စာဖတ်သူများကို အသိပေး ပြောကြားရင်း ဒီလအတွက် ဘလော့ကာ အင်တာဗျူး အစီအစဉ်လေးကို ဒီနေရာလေးမှာ ရပ်နားခွင့် ပြုပါ ခင်ဗျာ။



ဆက်လက်ပြီး နောက်ထပ် ဘလော့ကာ မိန်းကလေး ထဲက တစ်ယောက်ကို ရွေးချယ် ထားပါတယ်။ စာဖတ် သူများ ဘယ်သူဖြစ်နိုင်မလဲ ? ခန့်မှန်းကြည့်ရအောင် နောက် တစ်ပတ်မှာ ပြန်ဆုံမယ်ဗျာ .... အင်တာဗျူး အစီအစဉ် လေးကို အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။


Tuesday, March 20, 2012

မလေးရှားရောက် ရွှေမြန်မာများအား အထူး သတိပေးချက် - ၃



အ ထူး သ တိ ပေး အပ် ပါ သည် ....

မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ အခု အချိန်တွင် မလေးရှားနိုင်ငံ အတွင်း အော်ပရာစီ(စစ်ဆင်ရေး) ကိစ္စများကို စတင်ပြုလုပ် အကောင်အထည် ဖော်ဆောင်လျှက် ရှိနေပါတယ်။ သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက်အထား မရှိသူ အိုဗာစတေး သမားများ အနေဖြင့် သတိဖြင့် နေထိုင် သွားလာကြပါရန် သတိပေး အပ်ပါသည်။

ယခု အရေးပေါ် သတင်းအရ မတ်လအတွင်း မလေးရှားနိုင်ငံအတွင်း အသေးစား အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု သတင်း ရရှိပါသည်။ မလေးရှား လ၀က နှင့် ရဲ အရာရှိများက အရပ်ဝတ်ဖြင့် လှည့်လည်နေပြီး မိမိတို့ စစ်ဆေးချင်သောသူအား .... ၄င်းတို့၏ ၀န်ထမ်းကဒ်များ ထုပ်ပြပြီး စစ်ဆေးကြပါသည်။ အိုင်စီ (နိုင်ငံသား လက်မှတ်) ကိုင်ဆောင် ထားသူများပင် မသင်္ကာပါက ကားဖြင့် ခေတ္တ တင်ဆောင်သွားပြီး သေချာ စစ်ဆေးပြီးမှ ပြန်လွှတ်ပါသည်။

ဆက်လက်၍ ကျွန်တော့်ထံသို့ ဖုန်းမှ သတင်းပေးချက်အရ 19 ရက်နေ့က KLCC သုံးလွှာ နှင့် ၎င်းအနီးတစ်ဝိုက်တွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည် ဟု သတင်းပေးချက်များ အရ သိရှိရပါသည်။ ယခု ဂျလန်အာလော နေရာ တစ်ဝိုက်တွင် စောင့်ကြည့်မှုများ နှင့် အရပ်ဝတ်ဖြင့် လှည့်လည်နေကြောင်း အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု ပြောပြလာပါတယ်။ နေ့ရက် ၊ အချိန် ၊ နေရာများကို တိတိကျကျ ပြောပြခြင်း မရှိပါဘူး ။ မထင်မှတ်သော အချိန်များတွင် ရှောင်တခင် ဝင်ရောက် ဖမ်းဆီး စစ်ဆေးမှုများ ရှိနိုင်ပါသည်။

ယခု 6P ကိစ္စများ နဲ့ ပက်သက်ပြီး အားလုံး တရားဝင် ဖြစ်ရေးအတွက် အော်ပရာစီ(စစ်ဆင်ရေး) များ စတင်နေပြီ ဖြစ်ပါတယ်။ သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ လူစည်ကားသော နေရာများ နှင့် မိမိနေထိုင်သော ပတ်ဝန်းကျင်များအတွင် သတိထား၍ နေထိုင် သင့်ပါကြောင်း နှင့် မိမိ ခရီးသွားလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက် အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းအား ဂရုစိုက် သတိထား သင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို ကျွန်တော် သိရှိ လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ အရေးကြီးသော မလေးရှားမှ သတင်းများကို ကျွန်တော်ရဲ့ဖုန်း = +6010 2148 677 နှင့် အီးမေး nayzawlin1@nayzawlin.com - nayzawlin1@gmail.com ကိုပေးပို့၍ မလေးရောက် ရွှေမြန်မာများ ဘေးရန် အန္တရာယ် ကင်းဝေး စေရန်အတွက် သတင်း ကဏ္ဍမှ မိမိ သိရှိတာ တင်ပြသင့်တာကို အကူအညီပေး သတင်းပေး အကြံညဏ်ပေး နိုင်ပါသည်။

Nay Zaw Lin 1



http://www.nayzawlin.com/search/label/Malaysia

Malaysia News Information & Online Radio Blogger

Tuesday, March 13, 2012

ဘလော့ကာ မမ အဖြူရောင် နတ်သမီးလေး နှင့် အင်တာဗျူး



အားလုံးပဲ မင်္ဂလာပါ ။ ဒီတစ်ပတ် ဘလော့ကာ များနဲ့ အင်တာဗျူး အစီအစဉ်လေးမှာ ဘလော့ကာ မိန်းကလေး ထဲမှ သုတ ရသ စာပေ ရေးသားသူ မမ အဖြူရောင် နတ်သမီးလေးကို ရွေးချယ် ထားပါတယ်။

မြန်မာ ဘလော့ကာ များထဲမှ စာပေရေးခြင်း နေရာလေးမှာ အားပေးမှုတွေ များစွာ ရရှိပြီး လူသိများပြီး အောင်မြင်နေတဲ့ မမ အဖြူရောင် နတ်သမီးလေးရဲ့ ဘလော့ ရေးသားမှုနဲ့ စာပေအပိုင်း အကြောင်း အရာလေးတွေနဲ့ ဗဟုသုတ ဖြစ်ဖွယ် လေးတွေကို စာဖတ် ပရိတ်သတ်များကို တင်ပြနိုင်ဖို့ အတွက်မမ အဖြူရောင် နတ်သမီးလေး နဲ့ တွေ့ဆုံပြီး အင်တာဗျူးလေး မေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာပါ မမ .....

မေး = မမရဲ့ ဘလော့လေးကို ဘယ်တုန်းက စတင်ရေးသား ဖြစ်လဲဆိုတာ ပထမဆုံး မေးခွန်းလေးကို ဖြေကြားပါ ခင်ဗျာ။

လွန်ခဲ့တဲ့(၂)နှစ်ကျော် လောက်ကပါ။ အတိအကျပြောရမယ် ဆိုရင်တော့ (၃၁.၀၇.၂၀၀၉) ကပါ။

မေး = ဘလော့ ရေးတဲ့ သူတွေ အများစုက ကိုယ်ဝါသနာ ပါတဲ့ အရာတွေကို ရေးသားကြပါတယ်။ ဆိုတော့ မမရဲ့ဘလော့လေးကိုရော ဘယ်လို အကြောင်း အရာလေးတွေကို ရေးသားမယ်လို့ စိတ်ကူးပြီး အကောင် အထည် ဖော်ဖြစ်လဲ ?

အမက နိုင်ငံခြားမှာ တစ်ယောက်ထဲ အလုပ်လုပ်ရတဲ့သူလေ၊ မြန်မာသူငယ်ချင်း တွေရှိပေမယ့်လည်း အလုပ်ချင်းက မတူကြဘူး၊ သူ့အလုပ်နဲ့ သူဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့ မလွယ်ကြဘူးပေါ့၊ အဲဒီတော့ အမရဲ့အထီးကျန်တဲ့ ဘဝကို စာရေးခြင်းဆိုတဲ့ အလုပ် တစ်ခုထဲမှာ နှစ်ထားလိုက်တဲ့သဘောပါ။

ရေးဖြစ်တဲ့အကြောင်း အရာတွေကတော့ ရင်ထဲက ခံစားချက်တွေကို ကဗျာအဖြစ် ပြောင်းလဲလိုက်တာမျိုး၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ တွေ့မြင်ရတဲ့ အသိ၊ အမြင်၊အတွေး၊ ဗဟုသုတတွေကို အများသိအောင် မျှဝေတဲ့ စာလေးတွေ ရေးဖြစ်ခဲ့ပါတယ်။



မေး = အဖြူရောင် နတ်သမီး ဆိုတဲ့ မမရဲ့ ဘလော့နာမည်လေးကို ဘယ်လိုရွေးချယ်ပေးဖြစ် သွားတာလဲ ?

ဘလော့ဂ်တစ်ခု လုပ်မယ် ဆိုတော့ နာမည် ရွေးရပြီပေါ့နော်၊ အဲဒီမှာ အဖြူရောင်ကြိုက်တဲ့အမက အဖြူရောင်ဆိုတဲ့ စာသားလေး ပါအောင် ထည့်ချင်တာက အဓိကပေါ့၊ မိန်းခလေးဆိုတော့ နတ်သမီးနဲ့ တင်စားပြီး “အဖြူရောင်နတ်သမီး” ဘလော့ဂ်ဆိုပြီး မှည့်ဖြစ်သွား တာပါ။ အမနဲ့ဘလော့ဂ်လုပ်ပေးတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်ပြီး ရွေးထားတဲ့ နာမည်လို့ပြောလို့ရပါတယ်။

မေး = ဘလော့ နာမည်လေးက “အဖြူရောင်နတ်သမီး” ဆိုတော့ အစ်မရဲ့ ကလောင် နာမည်လေးနဲ့ နာမည်အရင်းလေးကို စာဖတ် ပရိသတ်များ အတွက် ပြောပြပေးလို့ ရမလား ?

ဟုတ် ... ရပါတယ်။ ကလောင် နာမည် ကိုလည်း နာမည် လှလှလေးပေး ထားတယ်..၊ “နမ်းမဝ”တဲ့ နာမည်ရင်း ကတော့ “ဥမ္မာစိန်မောင်”လို့ခေါ်ပါတယ်။

မေး = မမရဲ့ဘလော့လေးမှာ ဘယ်လို အကြောင်း အရာလေးတွေကို အဓိကရေးသား မျှဝေဖြစ်လဲ ဆိုတာ ဖြေကြားပေးပါဦး။

ခံစားချက် ကဗျာတွေ ၊ စိတ်ကူးယဉ် အချစ်ဝတ္ထုတွေ၊ အလုပ်ထဲက အတွေ့အကြုံတွေ၊ ပညာပေး ဆောင်းပါးတချို့နဲ့ ဆိုက်ပရပ်စ်(Cyprus) နိုင်ငံက လူနေမှုစရိုက် ၊ သမိုင်းရာဇဝင်တွေ၊ ရိုးရာပွဲတော်တွေ အကြောင်း အရေးများပါတယ်။

မေး = ဘလော့ရေးကြတဲ့ ဘလော့ကာတိုင်း ခံယူချက်တွေ အမျိုးမျိုးနဲ့ ရေးသားကြပါတယ်။ ဘလော့ကာ ဆိုတဲ့ နာမည်လေးနဲ့ ဘလော့ကာ အကြောင်း အရာလေးတွေကို သုတ ရသ စာပေရေး သားနေသူ တစ်ယောက် အနေနဲ့ ဘယ်လိုခံယူ နားလည်ထားလဲ ဆိုတာ ဗဟုသုတ အနေနဲ့ ဖြေကြား ပေးစေလိုပါတယ်။

အဓိက ကတော့ “စာရေးတဲ့သူ”တွေပါပဲ၊ တချို့က ကဗျာဆရာ၊ တချို့က ဝတ္ထုရေးဆရာ၊ တချို့က ဆောင်းပါး၊ သတင်း၊ အဲဒီလိုလူတွေဟာ အင်တာနက် ခေတ်မှာ ဘလော့ဂ် တစ်ခုဖွင့်ပြီး မိမိတို့ နှစ်သက်ရာ အားသန်ရာ စာတွေကို ရေးကြတယ်၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ စာချစ်သူတွေ အလွယ်တစ်ကူဖတ်နိုင်အောင်လို့ မိမိတို့ရဲ့ဘလော့ဂ် ပေါ်မှာ တင်ကြတယ်၊။

ဘလော့ဂ်ပေါ်မှာ ရေးတဲ့သူဆိုတော့ “ဘလော့ဂ်ကာ”ပေါ့ကွယ်။ အဲဒီဘလော့ဂ်ကာ တွေဟာ သူတို့ လေ့လာမိသမျှ၊ တွေ့ရှိသမျှ ဗဟုသုတ တွေကို မသိရှိသေးတဲ့ သူတွေအတွက် အသိပညာ၊ အတတ် ပညာတွေကို မျှဝေနေတဲ့ သူတွေပဲဖြစ်တယ်လို့ နားလည်ထားပါတယ်။

မေး = မမရဲ့ ပထမဆုံး ရေးသားဖြစ်တဲ့ စာပေ အကြောင်း အရာလေးကို သိချင်ပါတယ်။

ပထမဦးဆုံး ရေးဖြစ်ခဲ့တာ ကတော့ ကဗျာနဲ့ စခဲ့တာပါ။ VZO လို့ခေါ်တဲ့ ဆိုရှယ် ဆိုဒ်တစ်ခုမှာ nan_ma_wa ဆိုတဲ့ Account နဲ့ ကဗျာတွေ စပြီးရေးခဲ့တယ်။ အဲဒီကနေ တဆင့်တက်ပြီး ဘလော့ နေရာလေးကို ရောက်လာ ခဲ့တာပါ။

မေး = မမရဲ့ အဖြူရောင် နတ်သမီး ဆိုတဲ့ ဘလော့လေးကို စာဖတ်သူများ သိစေခဲ့တဲ့ စာပေပိုစ့်လေးနဲ့ ပက်သက်ပြီး ပြောပြနိုင်မလား ? အမှတ်တရ တစ်ခုခုပေါ့။

အဲဒါ ကတော့ အမအနေနဲ့ တတ်အပ်ပြောလို့ မရနိုင်ပါဘူး ၊ အမရေးတဲ့ ပို့စ်နဲ့ စာဖတ်သူတွေရဲ့ ခံစားချက်(သို့)အကြိုက်နဲ့ ထပ်တူ ကျသွားတဲ့ ပို့စ်မျိုးဟာ စာဖတ်သူများ သိစေခဲ့တဲ့ပို့စ်ရယ် လို့ပြောလို့ရပါတယ်။ စာဖတ်သူတွေ ဆီက ပြန်ကြားခဲ့ရတဲ့ ပို့စ်တွေကတော့ “သင်္ကြန်...တဲ့လား”(ဝတ္ထု)“အမှတ်ရလွမ်းနေဆဲပါ”(ဝတ္ထု) ၊ “မြန်မာဗီဒီယို ရိုက်ကွင်းမှ တာဝန်ရှိသူ များသို့”(ဆောင်းပါး)၊ “ကျမမှာ အဖေမရှိလို့ပါ” (ဆောင်းပါး) တို့ဖြစ်ပါတယ်။

မေး = အစ်မရေးတဲ့ ရသ စာပေနဲ့ ပက်သက်ပြီး ဘယ်လို အကြောင်း အရာတွေကို လေ့လာ ခံစားပြီး ရေးသားဖြစ်လဲ ?

“ရသ”စာပေဆိုတဲ့နေရာမှာ (၂)မျိုးရှိတယ်။ တစ်ခုက အချစ်အကြောင်း၊ နောက်တစ်ခုက အတွေးအခေါ်ပိုင်းပေါ့။ အချစ် ဇာတ်လမ်းကို ရေးမယ်ဆိုရင် အဲဒီထဲက ဇာတ်ကောင်နေရာကို အမရောက်သွားတယ်၊ စာရေးနေတဲ့ အချိန်မှာ အဲဒီဇာတ်ကောင်ထဲကမိန်းခလေး အမဖြစ်သွားတယ်။

အဲဒါက အချစ်ရသပေါ့။ အတွေးအခေါ်ပိုင်း ရသမျိုး ကိုပြောရမယ် ဆိုရင် အမရဲ့အလုပ်က ဧည့်ကြို၊ အဲဒီတော့ လုပ်ငန်းခွင်ထဲက အဖြစ် အပျက်တွေကို ကုန်ကြမ်းယူပြီး ပညာပေး အနေနဲ့ ရေးလေ့ရှိတယ်။

ဥပမာ။ ။ “Mind the step...please” ဆိုတဲ့ ပို့စ်မျိုးပေါ့၊ လှေခါးတက်ရင် သတိထားပြီးတက်ပါ..၊ အဲဒီလိုပဲ ဘဝရဲ့လှေခါးကိုလည်း သတိနဲ့တက်ပါ၊ ခြေချော် ကျတတ်တယ်ဆိုတဲ့ အတွေးပိုင်းလေး တွေကို နှိုင်းယှဉ်ပြထားတာမျိုး ....

ပြီးတော့ ဘယ်အသက် အရွယ်တွေက ခြေချော်ကျတာ များသလဲ၊ ဘဝမှာလည်း အမှားများများ တွေ့တဲ့သူတွေဟာ ဘယ်အသက် အရွယ်တွေဖြစ်မလဲ ဆိုတာ မျိုးလေး တွေကို ယှဉ်ပြထားတယ်။

မေး = မမရဲ့ အဖြူရောင် နတ်သမီး ဘလော့လေးမှာ အခုလက်ရှိ ကိုယ်တိုင်ရေး ပိုစ့်တွေ ဘယ်လောက်ရှိနေပြီလဲ ?

အစ်မ ကိုယ်တိုင်ရေးဖြစ်တဲ့ ကဗျာ၊ ဆောင်းပါး၊ ဗဟုသုတ၊ ဝတ္ထု အားလုံးပေါင်း ၄၀၀ ကျော်ရှိပါပြီ။




မေး = လူတိုင်းမှာ ရည်ရွယ် ချက်တွေ ရှိကြပါတယ်။ အစ်မရဲ့ အနာဂတ် ရည်ရွယ်ချက် လေးကို ပြောပြပေးပါဦး။

အမရဲ့ဘဝက အထီးကျန်တယ် ၊ အမ ငယ်စဉ်အချိန် ကတည်းက မိဘနှစ်ပါး ဆုံးပါးသွားခဲ့တယ်၊ မောင်နှမ အရင်းခြာရယ်လို့ အမမှာမရှိဘူး။ အဲဒီအတွက် “အမ အလှည့်ကျရင်” ဆိုတဲ့ အတွေးလေး(ခံစားချက်လေး )အမမှာရှိတယ်။

နောက်တစ်ချက်က အမရဲ့ဘဝကို အမကိုယ်တိုင်ဖန်တီး ယူခဲ့ရတာ၊ အမရဲ့ရှေ့မှာ မားမား မတ်မတ် ရပ်ပေးမယ့်သူ ဆိုတာ မရှိခဲ့ဘူး၊ အဲဒီအတွက် အမမှာ တစ်ယောက်ထဲ ပေမယ့် ကိုယ့်ကိုယ်ကို အားပေးတဲ့ မာန်ဆိုတာ အမြဲရှိတယ်။ ဒါ့ကြောင့် အမရဲ့ဆန္ဒကတော့ အသိဥာဏ် ထက်မြက်တဲ့ ၊အရာရာကို ဝေဖန်ပိုင်းခြား နိုင်တဲ့ ရင့်ကျက် တည်ငြိမ်တဲ့ ၊ ပျော်ရွှင်တဲ့ မိသားစုတစ်ခုကို ဖန်တီးနိုင်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ချင်ပါတယ်။

မေး = ရသ စာပေ စာရေးသူ တစ်ယောက်အနေနဲ့ အစ်မရဲ့ ကိုယ်ပိုင် အချိန်တွေကို ဘယ်လို အသုံးချဖြစ်လဲ ?

အမက ပင်လယ်ကမ်းစပ်မှာ နေတဲ့သူဖြစ်တဲ့ အတွက် ကိုယ်ပိုင် အချိန်လေးတွေမှာ ပင်လယ်ကမ်းစပ်မှာ သွားထိုင် လေ့ရှိတယ်။ အဲဒီလို သွားတိုင်းလည်း အမရဲ့လက်ဆွဲအိတ်ထဲမှာ ကင်မရာရယ် ၊ ဘောပင် နဲ့စာအုပ် တစ်အုပ် အမြဲပါတယ်၊ အဲဒီစာအုပ်ထဲမှာ စိတ်ကူးပေါက်ရင် ပေါက်သလို ကဗျာလေးတွေချရေးဖြစ်တယ်။

မျက်စိရှေ့မှာ မြင်သမျှ ပုံရိပ်တွေကို ဓာတ်ပုံရိုက်တယ်။ ပြီးတော့ ဘလော့ဂ်ပေါ်မှာ တင်ဖြစ်ပါတယ်။

မေး = မမရဲ့ ဘလော့လေးမှာ ဝါသနာ အရ ပိုစ့်တွေ တင်ပေးနေတယ်ဆိုတော့ တစ်ခြားအလုပ်တွေ ကိုယ်ရေး ကိုယ်တာကိစ္စလေးတွေ အတွက်နဲ့ စိတ်ညစ်စရာတို့ ကြုံခဲ့ရမှာပေါ့။ ဘာလော့ကာတိုင်း ဝါသနာ အရ ရေးနေကြတယ် ဆိုတော့ အချိန်မပေးနိုင်တဲ့ လူတွေလည်း အနည်းနဲ့ အများတော့ ရှိကြပါတယ်။ အစ်မ ကိုယ်တိုင်ရော ဘလော့လေးနဲ့ ပက်ပြီး ဒီလို ကိစ္စတွေကို ဘယ်လိုဖြတ်သန်း ခဲ့ရသလဲ ?

ဘလော့ဂ်ကို စရေးတုန်းကတော့ စိတ်လွတ်ကိုယ်လွတ် ရေးခဲ့တာပါ၊ စိတ်ထဲမှာ မွန်းကြပ်လာရင် ကဗျာတွေ ချရေးမိတယ်၊ အဆန်းအပြား တစ်ခုခုတွေ့ပြီ သိပြီဆိုရင် မျှဝေဖို့ ရေးဖြစ်တယ်၊ အဲဒီကနေ တဆင့်တက်ပြီး စာဖတ်သူတွေ ရှိလာတဲ့အခါ ကိုယ့်မှာ တာဝန်ကြီးလာတယ်။

ဧည့်သည်စာရင်းမှာ တစ်ရက်ကို လူဘယ်နှစ်ယောက် လာတယ်ဆိုတာက ပေါ်နေတာလေ၊ အဲဒီတော့ ကိုယ်မအားလို့ စာမရေးဖြစ်တဲ့အခါ စာဖတ်သူတွေမှာ အရင်က ရေးထားတဲ့ ပို့စ်အဟောင်း လေးတွေကိုရှာကျန်ပြီး ဖတ်သွားကြတာမျိုး ကောမန့်လေးတွေ ပေးသွားကြတာ မျိုးတွေကို တွေ့တဲ့အခါ စိတ်ထဲ မကောင်းဘူး၊ သူတို့မှာ ကိုယ့်ကို အားပေးရှာတယ်။

စိတ်ဝင်တစား လာဖတ်ကြရှာတယ်၊ အဲဒီအတွက် ကိုယ့်ဖက်က ဂါရဝရှိဖို့ အပြန်အလှန် လေးစားဖို့ လိုလာပြီလေ။ ဒါ့ကြောင့် အရမ်းအလုပ်များခဲ့ သည်သော်၎င်း ကိုယ်ရေးကိုယ်တာ စိတ်ညစ်စရာတွေ ရှိခဲ့သည်သော်၎င်း ရှိခဲ့တဲ့အခါ ဖတ်စရာ တစ်ခုခုရှိအောင် ဖန်တီးရပါတယ်။

အမဆိုရင် ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်၊ အဲဒီတော့ စာမရေးနိုင် သည့်တိုင်အောင် အလည်လာ သူတွေအတွက် ဆိုက်ပရပ်စ် နိုင်ငံက ရှုခင်း ဓာတ်ပုံ လေးတွေကို အပြင်းပြေကြည့်ဖို့ တင်ပေးတာ မျိုးလေးတွေနဲ့ အစားထိုး ဧည့်ခံ ရပါတယ်။



မေး = လက်ရှိအစ်မ နေတဲ့နိုင်ငံနဲ့ အစ်မရဲ့ အလုပ်အကိုင်ကို ပြောပြပေးလို့ ရမလား ?

ဆိုက်ပရပ်စ်(Cyprus)နိုင်ငံပါ။ အလုပ်က ဧည့်ကြို အလုပ် လုပ်ပါတယ်။

မေး = မမက ဆိုက်ပရပ်စ်(Cyprus) နိုင်ငံမှာ နေတယ်ဆိုတော့ (Cyprus) အကြောင်းလေး ဗဟုသုတ တစ်ခုခု ပြောပြပေးလား ?

ဆိုက်ပရပ်စ်နိုင်ငံဟာ ဂရိနိုင်ငံရဲ့ အရှေ့ဖက်၊ လက်ဘနွန် ဆီရီးယား အစ္စရေးနိုင်ငံ တို့ရဲ့အနောက်ဖက်၊ တူရကီနိုင်ငံရဲ့တောင်ဖက်၊ အီဂျစ်နိုင်ငံရဲ့မြောက်ဘက်မှာ တည်ရှိတဲ့ ကျွန်းနိုင်ငံလေး တစ်ခုဖြစ်တယ် ။ ဧရိယာ အကျယ်အဝန်း စတုရန်း မိုင်ပေါင်း ၃၅၇၂မိုင်ရှိပြီး လူဦးရေ(၇၈၄၃၀၁)ကျော်ရှိပါတယ်။

မေး = ဟုတ်ကဲ့ပါ ။ ဆက်လက် မေးချင်တဲ့ မွေးခွန်းက အစ်မရေးထားတဲ့ ဘလော့ပိုစ့်တွေကို အစ်မရဲ့ ဘလော့လေးမှာပဲ မျှဝေဖြစ်လား ?

မမက များသော အားဖြင့်တော့ ဘလော့ဂ်မှာပဲ တင်ဖြစ်ပါတယ်။ ကဗျာတချို့နဲ့ ဆောင်းပါး၊ ဝတ္ထုတွေကိုတော့ အချစ်ဂျာနယ်က ယူသုံးပေးပါတယ်။ မနိုင်းနိုင်း စနေရဲ့ဆက်သွယ် ပေးမှုနဲ့ LOOK မဂ္ဂဇင်းမှာလည်း ဆောင်းပါး တချို့ ပါခဲ့ဖူးပါတယ်။ (မနိုင်းကို ကျေးဇူး တင်ပါတယ် ရှင်)။

မေး = အစ်မက ရသ စာပေရေးတယ် ဆိုတော့ အစ်မရဲ့ ရည်ရွှယ်ချက်လေး တွေကရော စာရေး ဆရာမ လုပ်ဖို့ရော အစီအစဉ် ရှိလား ?

အခုချိန်ထိတော့ မရှိသေးပါဘူး။ နောက်တော့ မပြောတတ်ဘူး။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး ရေးဖြစ်ချင်လည်း ရေးဖြစ်လာ ပါလိမ့်မယ်။

မေး = အစ်မရဲ့ ဘလော့လေးမှာ အစ်မကိုယ်တိုင် အပျော်တမ်း သရုပ်ဆောင်ခဲ့သော ဗီဒီယို ပုံရိပ်လေးတွေ ကိုလည်း တင်ထား တယ်နော် ... သရုပ်ဆောင် ရတာကိုရော ဝါသနာပါလား ?

ဟုတ် ... သရုပ်ဆောင်တာ ဝါသနာပါ ပါတယ်။

မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်းအများတော့ ရှိကြပါတယ်။ ဘလော့လေးနဲ့ ပက်သက်ပြီး စိတ်ညစ်စရာတွေ တစ်ခုခု အနေနဲ့ ကြုံဖူးလား ?

ရှိခဲ့ဖူးပါတယ်၊ ဘလော့ဂ်စရေးတုန်းက ကဗျာ တစ်ပုဒ်ရေးတိုင်း အမရဲ့ဓာတ်ပုံ တစ်ပုံနဲ့ တွဲတင်လေ့ရှိတယ်။ အမရဲ့ဓာတ်ပုံတချို့ကို ကူးယူပြီး ညစ်ညမ်း ဘလော့ဂ်တစ်ခုမှာ အသရေ ဖျက်ခံရဖူးတယ်။ အဲဒီတုန်း ကတော့ အရမ်းကို တုန်လှုပ်ပြီး စိတ်ညစ်ဖူးခဲ့တယ်။ ၃ခါလောက်ကို ဒီလို လုပ်ကြံခံခဲ့ရတာ။

မေး = ဒီလိုကိစ္စမျိုးတွေ ကြုံလာရတော့ ကို အစ်မကိုယ်တိုင် ဘယ်လို ဖြေရှင်းဖြစ်လဲ ? ပြီးတော့ အခုလို ဘလော့ရေးနေတဲ့ ဘလော့ကာ အများကိုလည်း ဘယ်လို ကာကွယ်သင့်သလဲ ဆိုတာလေး ပြောပြပေးပါ ခင်ဗျာ။

ဒီလိုကိစ္စမျိုးက ဘလော့ဂ်ကာ အတော်များများမှာ ကြုံတွေ့ရတဲ့ ပြဿနာမျိုးပါ။ အမရဲ့ပုံတွေကို အပြာဆိုဒ်တစ်ခုမှာ တင်ခံရတုန်းက အရမ်းကို စိတ်ထိခိုက်ခဲ့ရတယ်၊ အဲဒီတုန်းက အမရဲ့ဓာတ်ပုံကို တင်တာ မဟုတ်ဘူး၊ အမ အပျော်တန်း သရုပ်ဆောင်ထားတဲ့ VCD ထဲက ပုံအရှင်တွေကို ပုံအသေဖြစ်အောင် (ဓာတ်ပုံအဖြစ်) ဖန်တီးပြီး တင်ခဲ့ကြတာဆိုတော့ အဲဒီဓာတ်ပုံတွေကို တွေ့တဲ့သူတွေက လုပ်ကြံမှုဆိုတာကို သဘော ပေါက်ကြပါတယ်။

အမရဲ့မိတ်ဆွေ ဘလော့ဂ်ကာ တစ်ချို့ကလည်း အဲဒီဆိုဒ်ပိုင်ရှင်ကို မေတ္တာရပ်ခံကြတယ်၊ သူလည်း ပြန်ဖြုတ်ပေးပါတယ်။ ဆိုဒ်ပိုင်ရှင်ပြောပြချက်အရ “နမ်းမဝက တင်ပေးပါဆိုလို့ တင်ပေးရတာပါ”တဲ့။ အဓိက ကတော့ လုပ်ကြံမှုဖြစ်တဲ့အတွက် ဘာမှကြိုတင် ကာကွယ်လို့မရပါဘူး၊ ဒီလိုလုပ်ကြံမှုတွေ ကလည်း အမမှမဟုတ်ပါဘူး၊ ဘလော့ဂ်ကာ မိန်းခလေး/ယောက်ျားလေးတွေပါ။

ကြုံတွေ့နေကြတာမို့ အချိန်တစ်ခုကိုပဲ စောင့်ရပါတယ်။ နောက်တော့လည်း သူ့အလိုလို ပြီးသွားကြတာပါပဲ။ ဘလော့ဂ်ကာ တွေကို ပြောချင်တာ ကတော့ အဲဒီလို လုပ်ကြံမှုနဲ့ကြုံတွေ့လာတဲ့အခါ ဘာမှမဖြေရှင်းပဲ ဒီအတိုင်းသာ လွှတ်ပေးလိုက်ပါ၊ သူ့အလိုလိုပြီးသွား ပါလိမ့်မယ်။

မေး = အခုလို မြန်မာဘလော့တွေ ပေါများလာတာနဲ့ ပက်သက်ပြီး အဆိုး အကောင်း ကိစ္စများကို အစ်မရဲ့ အမြင်လေး ပြောပြပေးနိုင်မလား ?

နေရာတိုင်းမှာ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲ နေတတ်တာမျိုးမို့ အမအနေနဲ့ ဘာမှ မဝေဖန်ချင် ပါဘူး၊ အမရဲ့ခံယူချက်က ဘလော့ဂ်ကာဆိုတာ “အသိပညာ အတတ်ပညာ ဗဟုသုတများကို မျှဝေသူ”လို့ခံယူထားတဲ့ အတွက် မျှဝေသူတွေ ပေါများ လာတာဟာ ဝမ်းသာစရာပဲပေါ့။



မေး = အစ်မသိတဲ့ ၅၂၈ မိသားစုလေးရဲ့ နွေးထွေးတဲ့ အဖြူရောင် သံယောဇဉ်လေး အကြောင်း လေးတွေကို စာရေးသူ အနေနဲ့ ဘယ်လို နားလည်ထားလဲ ? အစ်မရဲ့ အမြင်လေးပေါ့ ...

ဒီမေးခွန်းကို ဖြေရမှာ ဝမ်းအနည်းဆုံးပဲ ငယ်စဉ်ကလေး ဘဝကတည်းက အမရဲ့မိဘတွေ ဆုံးပါးသွားခဲ့တဲ့ အတွက် မိသားစု နွေးထွေးမှုဆိုတာ အမမှာသိပ်မရှိခဲ့ဘူး အစ်မ မှတ်မိသလောက် ပြောရမယ်ဆိုရင် “သိပ်ပျော်ခဲ့တယ်”၊ မိဘရဲ့မေတ္တာဟာ သိပ်နွေးထွေးတာပဲ ၊ မေမေ့ရဲ့ရင်ခွင်မှာ မျက်နှာအပ်ပြီး အိပ်ခဲ့တဲ့ပုံရိပ်လေးကို အမ မှတ်မိ နေသေးတယ်၊ အမကိုထွေးပွေ့ထားတဲ့ မေမေ့ လက်တစ်စုံရဲ့နွေးထွေးမှုမျိုး အခုချိန်ထိ ဘယ်အရာနဲ့မှ အစားထိုးလို့ မရသေးဘူး။

မေး = အစ်မက သုတ ရသ ခံစားချက် စာပေအကြောင်း အရာလေးတွေကို အဓိက ရေးသားတယ်ဆိုတော့ အချစ်ရေးကိစ္စ ၁၅၀၀ နဲ့ ပက်သက်ပြီး အစ်မ ဘယ်လိုနားလည် ခံယူထားတာလဲ ? အစ်မဘဝရဲ့ ချစ်သူ အိမ်ထောင်ဖက်ကို ဆိုတာရော ဘယ်လို ပုံစံမျိုးကို ရည်ရွှယ် ထားတာလဲဆိုတာ ဖြေကြားပေးလိုပါတယ်။

““အချစ်”ဆိုတာ ဖန်တီးရတာလွယ်သလို၊ ပျက်ဆီးတာလည်း လွယ်တယ်။ အမကတော့ “အချစ်”ထက် “သံယောဇဉ်”နဲ့“နားလည်မှု”ကိုပဲ ပိုအလေးပေးတယ်။ “ချစ်သူ”ဆိုတဲ့ အသုံးနှုန်းအစား “အိမ်ထောင်ဖက်” လို့ပဲ သုံးပါရစေ ၊ အမရဲ့အိမ်ထောင်ဖက်ကို ရွေးချယ်ရာမှာ ... အမရဲ့ဘဝမှာ တစ်ယောက်ထဲ ရုန်းကန် လာခဲ့ရတယ်၊

ငယ်စဉ်အခါက ဆွေမျိုးများရဲ့ နှိပ်စက် ညှင်းပမ်းမှု အောက်မှာ ညှိုးငယ်စွာ နေခဲ့ရတယ် ၊ မိဘများနဲ့ကြီးပြင်း သည်အထိ မနေခဲ့ရတဲ့ အမအတွက် မေတ္တာကို ငတ်မွတ်ခဲ့တယ်။ မောင်နှမ မရှိပဲ တစ်ကောင်ကြွက်ဘဝ မှာ ... ချစ်သူနှင့် တူသော ယောက်ျား ... အစ်ကိုနှင့် တူသော ယောက်ျား ... ဖခင်နှင့်တူသော ယောက်ျား ....အဲဒီလို အရည် အချင်းတွေနဲ့ ပြည့်စုံတဲ့ ယောက်ျားမျိုးကို အမရွေးပါမယ်..။”

မေး = အခုရော မမရဲ့ စိတ်ကူးလေးထဲက အိမ်ထောင်ဖက်ကို တွေ့ပြီလား ခင်ဗျာ ။

တွေ့ပြီးပါပြီ (ပြုံးလျှက် ဖြေသွားသည်) ....

မေး = မမရဲ့ အိမ်ထောင်ရေး ကရော ဘယ်တော့လောက် ဖြစ်မှာလဲလို့ စာဖတ်သူတွေက သိချင်နေကြပါတယ်။ ဘယ်လို ပြန်ဖြေပေးရမလဲ ?

“သီးချိန်တန်သီး.. ပွင့်ချိန်တန်ပွင့်”ဆိုတဲ့ စကားပုံလေး အတိုင်း ၂၀၁၃ နှစ်မကုန်ခင်မှာ “သီး”ပါတော့မယ် “ပွင့်”ပါတော့မယ်ဆိုတဲ့ အကြောင်း သတင်းကောင်းပါး အပ်ပါတယ်ရှင်.... ( ရီလျှက် ဖြေကြား ပေးသွားပါသည် )

မေး = အစ်မရဲ့ စာဖတ်သူ မိတ်ဆွေများ အတွက် အစ်မပြောချင် အသိပေးချင်တဲ့ အမှတ်တရ ဖြစ်စေမဲ့ စကား လက်ဆောင်လေး ပြောပေးပါလား ?

" မည်သူမဆို ညအိပ်ရာ ဝင်ချိန်၌ မနက်အိပ်ရာ ထချိန်ထက် နည်းနည်းဖြစ်စေ အသိဥာဏ် ပိုရှိနေရမည်၊ သို့မဟုတ်ပါက လူသားတစ်ဦး အနေနှင့် အကြီးမား ဆုံးသောပြစ်မှုကို ကျူးလွန်ရာရောက်သည်”..တဲ့။ ဆရာ(ဦး)ဖေမြင့်ရေးတဲ့ စာထဲမှာ ဖတ်ဖူးတယ်၊ အမလည်း ဆရာဦးဖေမြင့် ပြောတဲ့အတိုင်း “စာများ များဖတ်ပါ”လို့ပဲပြောပါရစေ။

ဘဝတိုးတက်ဖို့ အသိပညာရှိဖို့လိုပါတယ်၊ အဲဒီ အသိပညာတွေကို စာပေတွေထဲမှာ ရှာရမှာ ဖြစ်တဲ့အတွက် “စာများများဖတ်ကြပါ”လို့သာ ပြောချင်ပါတယ်။

မေး = အစ်မရေးတဲ့ ရသ စာပေနဲ့ ပက်သက်ပြီး ဝေဖန် အကြံပေးမယ်ဆိုရင် ဆက်သွယ်နိုင်မဲ့ ဘလော့လေးရယ် အီးမေး အကောင့် လိပ်စာလေးရယ် ပြောပြပါဦး ခင်ဗျာ။

ဟုတ်ကဲ့ .... nanmawa2011@gmail.com ပါ။ http://seaandangel.blogspot.com နေရာလေးမှာ ဆက်သွယ် နိုင်ပါတယ်။

အခုလို မောင်လေး မေးသမျှကို အချိန်ပေး ဖြေကြားပေးသော မမ အဖြုရောင် နတ်သမီးလေး အောင်မြင်တဲ့ ဘလော့ကာ တစ်ယောက်ဖြစ်ပြီး လူအများအတွက် စာပေအပိုင်း တစ်ထောင့် တစ်နေရာကနေ တောက်ပ လင်းလက် အကျိုးပြုပြီး စာပေ အလင်းရောင် ပေးစွမ်းနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ် ခင်ဗျာ ...

ပေးတဲ့ ဆုနဲ့ပြည့်ပါစေရှင်၊ အမကလည်း အခုလို တကူးတက အချိန်ပေးပြီး စာဖတ်သူများ နဲ့ မိတ်ဆက် ပေးတဲ့ မောင်လေး နေဇော်လင်း ကို အထူး ကျေးဇူး တင်ရှိပါတယ်။း)

အခုဆို ဘလော့ကာ မမ အဖြူရောင် နတ်သမီးလေးရဲ့ အကြောင်း အရာလေးတွေ တော်တော်များများ ကို စာဖတ်ပရိသတ်များ သိကြရော့ပေါ့ ။ မမရဲ့ ဘလော့လေးနဲ့ စာပေရေးသားမှု အကြောင်းအရာ လေးတွေကို မမရဲ့ ဘလော့ လေးဖြစ်တဲ့ http://seaandangel.blogspot.com/ နေရာလေးမှာ ဝင်ဖတ်နိုင် ပါတယ် ခင်ဗျာ။



နောက်တစ်ပတ်မှာ အောင်မြင်နေတဲ့ ဘလော့ကာ ယောက်ကျားလေးထဲက ဘယ်သူဖြစ်နိုင်မလဲ? ဆိုတာ အင်တာဗျူး အစီအစဉ်လေးမှာ ရင်ခုန်စွာ စောင့်မျှော်ဖတ်ကြပါလို့ ပြောကြားရင်းနဲ့ ဒီတစ်ပတ် အင်တာဗျူး အစီအစဉ်လေးကို ဒိနေရာလေးမှာ ရပ်နားခွင့် ပြုပါခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

စာဖတ်သူများ အတွက် အကောင်းဆုံး ကြိုးစား တင်ဆက်ပေးလျှက်



Monday, March 12, 2012

မလေးရှားနိုင်ငံမှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ပထမအကြိမ် သွေးလှူပွဲအခမ်းအနား ကျင်းပ

၁၁-၃-၂၀၁၂ (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူဒါန်း ပွဲကြီးကို မလေးရှားနိုင်ငံ Chinese Assembly Hall (တရုတ်တန်းခမ်းမ) ၊ ကေအယ် ကွာလာလမ်ပူမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

မလေးရှားရောက် မြန်မာများနှင့် နိုင်ငံတကာ မှ အွန်လိုင်း စာဖတ်သူ မိတ်ဆွေများကို တင်ပြနိုင်ဖို့ အတွက် ကိုယ်တိုင် သွားရောက် သတင်း ရယူ၍ အမှတ်တရ ဓာတ်ပုံများဖြင့် တင်ဆက် ပေးလိုက်ပါသည်။



မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့မှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့လေးကို စတင်ဖွဲ့စည်း ဖြစ်ပေါ်လာဖြစ်ခဲ့ ပုံလေးကို မေးမြန်း ကြည့်တဲ့ အ ခါ .... .....






ကျွန်တော်တို့ ဒီအသင်းလေး စတင်ဖြစ် ပေါ်လာတာကတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော်တို့ မိတ်ဆွေ လူနာတစ်ဦးဟာ ဆေးရုံ တင်ထားရပါတယ်။ အဲဒီ မိတ်ဆွေလူနာမှာ အရေးကြီးခွဲစိတ်မှု ခံယူရတဲ့ အခါမှာ အင်မတန်မှ သူ့အတွက် အရေးကြီးတစ်ကြီး လိုအပ်နေတဲ့ သွေးကို ကျွန်တော်တို့ အဖွဲ့သားတွေ အားလုံးမှ သွားရောက်ပြီး လှူဒါန်းခဲ့ပါတယ်။



အဲလို လှူဒါန်းပြီးတဲ့ အချိန်မှာ ဒီလူနာဟာလည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာပါတယ်။ သွေးလှူခဲ့တဲ့ အတွက် ကျွန်တော်တို့ အဖွဲ့သားများက အားလုံးပဲ ဝမ်းသာ ပီတိဖြစ်မိပါတယ်။ အဲလို ဝမ်းသာပီတိ ဖြစ်ခဲ့ပြီးတော့မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံ နာရေးကူညီမှု အသင်းကြီးရဲ့ ဒုတိယ ဥက္ကဌ လည်းဖြစ် မြန်မာနိုင်ငံ ပရဟိတ လုပ်ငန်းများနဲ့ လူမှုရေး လုပ်ငန်းများစွာကို လုပ်ကိုင်လျှက်ရှိတဲ့ စာရေး ဆရာမကြီး ဒေါ်သန်းမြင့်အောင် မှ မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့နဲ့ ပီနန်မြို့တွေမှာ စာပေဟောပြောပွဲ အတွက် ရောက်ရှိခဲ့ပါတယ်။




ဒီလို ရောက်ရှိတဲ့ အချိန်မှာလည်း ဆရာမကြီးက ဘာလုပ်လဲ ဆိုလို့ရှိရင် .... ကျွန်တော်တို့ ဘာလုပ်ဖြစ်လဲ ဆိုရင် စာပေဟောပြောပွဲကို ကြွရောက်လာတဲ့ စာပေဝါသနာရှင်တွေ စာပေ အနုပညာ ရှင်တွေ အားလုံးကို ဆရာမကြီး မေတ္တာ ရပ်ခံတာက တစ်ခြားပရဟိတ လုပ်ငန်း အဖွဲ့အစည်းတွေ ရှိတယ်။ အခုလိုအပ်နေတာက သွေးလှူရှင် အဖွဲ့တွေ လိုအပ်နေတာ သူတွေ့ရတယ်ပေါ့လေ ... အဲအတွက်ကြောင့်မို့ သွေးလှူရှင် အဖွဲ့လေး ဖွဲ့စည်းဖို့ ဆိုပြီးတော့ စာပေဟောပြောပွဲ နေ့လေးမှာ ပီနန်မြို့မှာရော ကွာလာလမ်ပူ မြို့မှာရော ပြောကြားခဲ့ပါတယ်။



အဲဒီအချိန်မှာ ကျွန်တော်တို့လည်း အရမ်းဝမ်းသာ သွားခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့သား တွေကလည်း သွေးလှုရှင်များ အဖွဲ့လေးကို ဖွဲ့စည်းချင်နေတဲ့ အချိန်လေး ဖြစ်ပါတယ်။ ဆရာမကြီးက ပြောလိုက်တာနဲ့ သွားဆုံတဲ့ အခါကျတော့ စာပေဟောပြောပွဲ တွေ ပီးသွားပြီး ဆရာမကြီး ပြန်လည် မထွက်ခွာ ခင်မှာ ဆရာမကြီးနဲ့ ကျွန်တော်တို့ ဆွေးနွေးတိုင်ပင် ပြီးတော့မှ ဒီအဖွဲ့လေးကို ဖွဲ့စည်းဖို့အတွက် ဆရာမကြီးနဲ့ တိုင်ပင်ပြီးတော့မှ အကြံညဏ်လေး တောင်းခံ ခဲ့ပါတယ်။



ဆရာမကြီးကလည်း ဒီအဖွဲ့လေး ဖွဲ့စည်းဖို့ အတွက်ကို အကြံကောင်း ညဏ်ကောင်းလေးတွေ ပေးအပ်ပြီးတော့မှ မြန်မာနိုင်ငံကို ပြန်သွားပါတယ်။ ဆရာမကြီး ပြန်သွားပြီး ရက်ပေါင်း ၂၃ ရက်အကြာမှာ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကျွန်တော်တို့က သူနာပြု ဆရာမကြီး ဒေါ်အေးအေးစိန် ရဲ့နေအိမ်မှာပေါ့နော် ... ကျွန်တော်တို့ လူငယ်များ သွေးလှူရှင် အဖွဲ့လေးကို ဖွဲ့စည်းခဲ့ပါတယ်။



ဒီလို ဖွဲ့စည်းပြီးတော့မှ ကျွန်တော်တို့ ဆရာမ သန်းမြင့်အောင် ကို အကြောင်းကြား ခဲ့ပါတယ်။ အဲလို အကြောင်းကြားတဲ့ အခါမှာ ဆရာမကြီးက အရမ်းကို ဝမ်းသားပြီးတော့မှ ကျွန်တော်တို့ အဖွဲ့ကို နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ဆိုပြီး နာမည်လေး ပေးခဲ့ပြီးတော့မှ ကျွန်တော်တို့ အဖွဲ့လေးကို ဖွဲ့စည်း တည်ထောင် ခဲ့ပါတယ်။



ဒီနေ့ လုပ်ဖြစ်တဲ့ ပထမအကြိမ် သွေးလှူပွဲကြီးနဲ့ ပက်သက်ပြီး မေးမြန်းတဲ့ အခါမှာတော့





ဒီနေ့လုပ်ဖြစ်တဲ့ ပွဲလေးနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့က အတိုင်းမသိ အရမ်းပဲ ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ ကျွန်တော်တို့ ယူနီဖာစတီ ဆေးရုံမှာ ပေါ့နော် .... ပထမဦးဆုံး အကြိမ် သွေးလှူဒါန်းမှု အတွက်ကို ကျွန်တော်တို့က လူအယောက် ၃၀ နဲ့ ကြိုတင်ပြင် ဆင်ထားခဲ့ပါတယ်။



ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ကလည်း လှူတဲ့နေရာမှာတော့ ဘယ်သူမှ လိုက်လို့ မမှီပါဘူး။ သွေးလှူပွဲ့ လုပ်မယ်လို့ ကြေငြာလိုက်ရော စာစောင်ထဲ ကြေငြာလိုက်တာနဲ့ တစ်ခါတည်း အယောက် ၆၀ အထိ ဖြစ်သွားပါတယ်။ အခု ဒီနေ့ အခမ်းအနား ကျင်းပနေတဲ့ အချိန်မှာ သွေးလှူဖို့ စရင်းပေးတဲ့ သူတွေဟာ အယောက် ၁၃၀ အထိ ဖြစ်နေပါတယ်။



သူတို့ရဲ့ သွေးလှုတဲ့ စိတ်ဓာတ် လေးတွေပေါ့ ။ သွေးတောင်မှ လှူချင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်လေးတွေ မြင်ရတွေ့ရတယ်။ အရမ်းကို အားရဖို့လည်း ကောင်းပါတယ်။ ကျွန်တော်တို့ အခမ်းအနား ကျင်းပတဲ့ အခန်းကြီးတောင် ပြည့်လျှံပြီးတော့ အပြင်ထိတောင် ထွက်ထိုင် ရတဲ့ အနေ အထားမျိုးထိ ရောက်သွားပါတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ရဲ့ သွေးလှူရှင်များ အဖွဲ့က အင်မတန် ဝမ်းသာ ကြည်နူးဖြစ်မိ ပါကြောင်း ကျွန်တော် ပြောချင်ပါတယ် လို့ .... ကိုစိုးဝင်း မှ ဖြေကြား ပေးသွားခဲ့ပါတယ်။



လူသားတို့၏ အသက်ကယ် ဆေးကုသမှုတွင် အရေးတကြီး လိုအပ်နေသော သွေးများကို အချိန်မီ ပေးအပ် လှုဒါန်းနိုင်ရန် ရည်ရွယ်၍ နှလုံးလှ ပရဟိတ လူငယ်များ သွေး လှူရှင်အဖွဲ့မှ ကြီးမှူးကာ ၂၀၁၂ ခုနှစ် ၁၁-၃-၂၀၁၂ (တနင်္ဂနွေနေ့) (တောင်သူလယ်သမားနေ့) အထိမ်းအမှတ်အဖြစ် ပထမအကြိမ် သွေးလှူဒါန်း ပွဲကြီးကို နံနက် (၁၀) နာရီ မှ ညနေ (၅) နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပြီး .....

၎င်း သွေးလှူဒါန်းပွဲကြီးသို့ သွေး လာရောက်လှူကြသော ဧည့်ပရိတ်သတ်များအား အစားအသောက်များဖြင့် ဧည့်ခံကာ သွေးလှူဒါန်းရခြင်း နှင့် ပက်သက်သော ကျန်းမာရေး အသိပညာများ ကို တာဝန်ရှိသူများမှ အသိပေးပြောကြားပြီး အခမ်းအနားတွင် နှလုံးလှ ပရဟိတ လူငယ်များ အဖွဲ့မှ တာဝန်ရှိသူများမှ မိတ်ဆက်စကားပြောကြားခြင်း နှင့် ကျေးဇူးတင် စကားများကို ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်း သတင်း ရရှိပါသည်။



ဆက်လက်၍ မလေးရှားနိုင်ငံမှ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့လေးအား အသေးစိမ် အင်တာဗျုး မေးမြန်းချက် အစီအစဉ်လေးကို ကျွန်တော် အဆင်ပြေတဲ့ အချိန်လေးမှာ ထပ်မံတွေ့ဆုံပြီး အင်တာဗျုး သီးသန့် တင်ဆက် ပေးသွားမှာပါ။

http://api.ning.com/files/7uFtMgQpQgirjBycvVHiGVEB5S8huuUjvOdKEFsRn5yfP0ETGxer9jJhgHlgA6*qKNbuEUkMNfCgB0w4hMbtXaC01NivGuva/nay124.gif

အင်တာဗျုး ဖြေကြားချက်များကို စာနဲ့ ဖြစ်စေ ကျွန်တော်ရဲ့ မလေးရှား အွန်လိုင်း ရေဒီယို အသံလွင့် အစီအစဉ် ကနေ ဖြစ်စေ စောင့်မျှော် အားပေးကြပါလို့ အသိပေး ပြောကြားလိုက်ပါတယ် ခင်ဗျာ။




Saturday, March 10, 2012

ရဲတိုက်ရဲ့ Facebook

ရဲတိုက်ရဲ့ Facebook http://www.facebook.com/profile.php?id=100001488146839&sk=wall က ခုတလော ရဲရဲတောက်နေပါတယ်။

ရဲတိုက်က NLD နဲ့ နီးစပ်သူပါ။ ထင်ရှားတဲ့ သရုပ်ဆောင်တွေထဲမှာ သူက NLD အဖွဲ့ဝင်ဖို့ ပထမဆုံး လျှောက်လွှာတင်ထားသူ၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးမှာ ပထမဆုံး ပါဝင် အားဖြည့်တဲ့ မင်းသား (သူပြီးတော့ အဆိုတော် လင်းလင်း)


ရဲတိုက်ဟာ ဆာတိုရီ ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးရဲ့ စင်တင်မင်းသား ဖြစ်ပါတယ်။ ဈေးကွက်ဝင် မင်းသား ဆိုပေမယ့် လူမှုရေးလုပ်ငန်းတွေလည်း လုပ်ဆောင်တတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းမှာ ပရဟိတ လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်ဖို့ ရဲတိုက် ဖောင်ဒေးရှင်း ဆိုပြီး ထူထောင်လိုက်ပါတယ်။

ဖောင်ဒေးရှင်း Facebook လင့် - http://www.facebook.com/YeDeightFoundation

ဒီဖောင်ဒေးရှင်းက လေလွှင့်ကလေးငယ်များ စောင့်ရှောက်ရေး၊ သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသများကို ကူညီရေး စသဖြင့် ရည်ရွယ်ပါတယ် တဲ့။

ဒီလင့် http://www.facebook.com/pages/Ye-Deight/257436268366?sk=wall က သူ့ရဲ့ fan page ဖြစ်ပါတယ်။ ဘယ်သူလုပ်ထားမှန်း မသိပါ။
ဒီဘလော့နဲ့ ရဲတိုက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟဲဟိုးမြို့ ခရီးစဉ် www.irrawaddyblog.com/2012/03/blog-post_7619.html
ဆိပ်ဖြူရောက် ရဲတိုက်ဖောင်ဒေးရှင်း www.irrawaddyblog.com/2011/10/blog-post_4237.html

မင်းသားရဲတိုက်လည်း ဧရာဝတီမြစ်အကြောင်း စိတ်ဝင်စားတယ် www.irrawaddyblog.com/2011/09/blog-post_8866.html
မြစ်တစင်းရဲ့ကောက်ကြောင်း www.irrawaddyblog.com/2011/09/blog-post_9618.html

Source by :http://www.irrawaddyblog.com/

Wednesday, March 7, 2012

ဟင်္သာတ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးတွင် ဗုံးကွဲ



ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ဟင်္သာတမြို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး (ဓာတ်ပုံ - Thxa Lay Hza / Facebook)

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဝန်းအတွင်း ယနေ့နံနက် ဆယ်နာရီခန့်က ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

ဗုံးပေါက်ကွဲချိန်သည် ရုံးတက်ချိန် ဖြစ်သော်လည်း ဝန်ထမ်းတဦးမျှ ထိခိုက်ဒဏ်ရာမရရှိဟု သိရကြောင်း၊ ပေါက်ကွဲမှု အရှိန်ကြောင့် အုပ်ချုပ်ရေးမှူးရုံး အမိုးပွင့်ထွက်သွားကြောင်း မြို့နယ်ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။

“သေဆုံးဒဏ်ရာတော့ မရှိပါဘူး။ ထိခိုက်မှုကတော့ အမိုးပွင့်ထွက်သွားတာပဲ ရှိပါတယ်ခင်ဗျ။ ဒါနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ဌာန တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

ပေါက်ကွဲသော ဗုံးအမျိုးအစားကို ရဲအဖွဲ့က ချိန်ကိုက်ဗုံးဟု လတ်တလော ယူဆထားပြီး အသေးစိတ် စစ်ဆေးနေဆဲဖြစ်ကြောင်း၊ ဖောက်ခွဲသူတရားခံကိုလည်း ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဟင်္သာတမြို့ခံတချို့ကမူ ဝန်ထမ်းတချို့ ဒဏ်ရာရသည်ဟု ပြောဆိုနေကြပြီး သေဆုံးသည့်သတင်းကိုမူ မကြားသိရကြောင်း ပြောသည်။

ထို့အပြင် ဟင်္သာတမြို့ မြန်မာ့ဆက်သွယ်ရေး ရုံးဝန်းအတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်အောက်တွင်လည်း မပေါက်ကွဲသေးသော ဗုံးတလုံးအား တွေ့ရှိရကြောင်း မြို့နယ်ရဲအရာရှိက ပြောသည်။ ယင်းဗုံးကို ခလရ (၁၈) က လာရောက်ရှင်းလင်းသည်ဟု သိရှိရသည်။

ဗုံးပေါက်ကွဲပြီးနောက် မြို့နယ် ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ဟင်္သာတမြို့တွင်းနှင့် မြို့အဝင် အထွက်ဂိတ်များတွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်ကာ လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

Source by :http://burma.irrawaddy.org/

Tuesday, March 6, 2012

ဆရာမျိုးဟန်ကို - 2012 - March လ အတွက် ဗေဒင် ဟောစတမ်း

http://api.ning.com/files/fqUKtFY7A6tgSgdPFBrIcxPb02I9HniWeYgPlFlLsRbtFvoVZfxP6I9tcROjHrhIZaliwjnKAxzAFUWtGqncBVBodMK5oNjr/march.gif

ဆရာမျိုးဟန်ကို - 2012 - March လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့် တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ လုပ်ငန်းကိစ္စများ အတွက် ဆုံးဖြတ်ရ ခက်နေသော အချိန်လေး ဖြစ်ပါသည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။

ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ ထွက်မဲ့ ကိစ္စတွေများနေမည်။ ခရီးယာယီတွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။ အလှူအတန်း နှင့် ဘာသာရေးကိစ္စများ အောင်မြင်လာမည်။ ပညာရေး ကြိုးစားမှု အားထုပ်မှု နည်းနေမည်။ အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ်ဇတ်လမ်းလေး တွေ့ရမည်။ စန်းပွင့်လာမည်။

အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး သင့်တင့်လေးပါ ခါးနာ ဒူးနာ ဖြစ်နေမည်။ ယတြာ = တနင်္ဂနွေနေ့ နေအိမ် ဘုရားတွင် ပန်း အနီရောင် ၇ ပွင့် တင်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးသော ဂဏန်း ။ ။ 4 6 5 0

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလတွေမှာ လိုချင်တာတွေ မရသေးဘူး။ မလိုချင်တာတွေ မရလာလိမ့်မည်။ အလုပ်အကိုင်တွေ အဆင်ပြေနေပေမဲ့ အလုပ်အတွက်နဲ့ စိတ်ညစ်နေရမည်။ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ ငွေကြေးအတွက်နဲ့ စိတ်ညစ်နေရမည်။ ရုက်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။

ဒီလတွေထဲ အနည်းငယ် စိတ်ညစ်နေရမည်။ငွေကြေးများကုန်ကျမှု များနေမည်။ ခရီးကိစ္စများ အဆင်ပြေမည်။ ပညာရေး ရည်ရွယ်ချက်များ အသစ်ပေါ်လာမည်။ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေပေမဲ့ စကားပြောဆိုမှုများ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ မတူညီပဲ စကားများနေရမည့် အချိန်လေးပါ။

ဒီလအတွင်း ကျန်းမာ ရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေးညံနေမည်။ ယတြာ = ကံကောင်းစေရန် အတွက် တနင်္လာနေ့ မိမိနေအိမ် ဘုရားတွင် မိမိမွေးနေတွင် ပန်းကန်ပြား တစ်ချပ်ပေါ်တွင် ဖယောင်းတိုင် ၁ တိုင်ထွန်း၍ လိုရာဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ 3 4 7 9

၃။ အင်္ဂါ သားသမီးများ အတွက်

ဒီလတွေမှာမိမိရည်ရွယ်နေသာ စိတ်ကူးများ အသေးအဖွဲ့ ကိစ္စလေးတွေ အရင်ပြည့်မှာပါ။ အလုပ်ကိစ္စများ ရှိနေပါက အမြန်ဆုံး သွားတွေ့ လိုက်ပါ။ အဆင်ပြေမဲ့ အချိန်လေးပါပဲ။ စီးပွားရေးမှာပုံမှန် လေးပါ။ ငွေကြေးကတော့ တဖြည်းဖြည်း ပြည့်စုံလာမဲ့ အချိန်လေးပါ။ အဆင်ပြေလာ မည်။ စက်ပစ္စည်း ဝင်လာမည် ။ အဝတ်အထည် အသစ်ဝင်မည်။ သူငယ်ချင်းများနှင့် ခရီးသွားရမည် အဆင်ပြေပါသည်။

ပညာရေး ကံကောင်းလာမည်။ အချစ်ရေးမှာ နီးမလိုလိုနဲ့ ဝေးနေရမည်။ အိမ်ထောင်ရေးမှာကတော့ စကားများနေရမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။ ယတြာ = ဆင်းရဲ့သောသူ
တစ်ယောက်ကို ဆပ်ပြာလှူ၍ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။ အကျိုးပေးသော ဂဏန်း ။ ။ 7 1 0 3

၎။ ဗုဒ္ဓ္ဓဟူးသားသမီးအတွက်

ဒီလအတွင်း မိမိရဲ့ စိတ်ကူးလေးတွေဟာ အချိန်တွေ အရမ်းကြာမှ ဆန္ဒလေးတွေ ပြည့်စုံလာမယ်။ လွယ်လွယ်လေးနဲ့ အဆင်မပြေသေးပါဘူး အလုပ်အတွက်နဲ့ စီးပွားရေးအတွက်နဲ့ ပုံမှန်လေးပြုလုပ်သင့်တဲ့ အချိန်လေးပါပဲ။ ယခုလအတွင်း သူများတွေနဲ့ အထက်လူကြီးတွေနဲ့ စကားပြောဆိုတာတို့ အဆင်မပြေတာတွေ ဖြစ်နေမည်။

အလုပ်အကိုင် လုပ်ကိုင်တာတို့ အဆင်ပြေပါသည်။ အလုပ်အကိုင်စီးပွားရေး ငွေကြေးကိစ္စများ ပုံမှန်လေးပါပဲ။ တဖြည်းဖြည်း ပြည့်စုံလာမှာပါ။ စိတ်မညစ်ပါနဲ့။ ပညာရေး ကြိုးစားနေရမည်။ ခရီးကိစ္စများ သွားလာမှုများ သွားလိုက်ပါ။ အဆင်ပြေပါသည်။

အချစ်ရေးမှာ ရည်ရွှယ်နေပေမဲ့ အဆင်မပြေပါဘူး။ အိမ်ထောင်ရေးမှာတော့ လိုက်ဖက်ညီနေပါတယ်။ ယခုလ ကျန်းမာရေးမှာအိပ်ရေးပျက်တာတို့ စိတ်ပင်ပန်း တာတို့ဖြစ်နေမည်။ ယတြာ=ဗုဒ္ဓ္ဓဟူးနေ့ မိမိနေ့ နေအိမ်ဘုရားတွင် ပန်းကန်ပြားတစ်ချပ်တွင် ပန်းပွင့် ၉ ပွင့်ထည့်၍ အိမ်ဘုရားတွင် တင်လှူ၍ ကံကောင်းလာ စေရန် အတွက် ဆုတောင်းယူပါ။ အကျိုးပေးသောဂဏန်း ။ ။ 5 0 1 1

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွှယ်တာလေးတွေ အောင်မြင်နေမည်။ အလုပ်ကိစ္စများ စီးပွားရေးကိစ္စတွေမှာတော့ အဆင်ပြေလာမည်။ အထက်လူကြီးနဲ့ အတူတူပြုလုပ် ဆောင်ရွှက် တာတွေ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။ အလုပ်ထဲ စိတ်မပျော်ပဲ အလုပ်လုပ်နေရမည်။

လူတစ်ခြား စိတ်တစ်ခြား ဖြစ်နေတာပါ။ငွေကြေးကိစ္စတွေမှာ အဆင်မပြေသေးပါဘူးဗျာ မရခင်ကကုန်ကုန်နေလို့ စိတ်ညစ်နေရမည်။ ငွေကတော့ ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါဘူး။ ဒီလအတွင်း စနေသားသမီးများ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။

ပညာရေး ကိစ္စများ အကူအညီပေးသူ ပေါ်လာမည်။ အချစ်ရေးကတော့ လွမ်းနေရမည်။ အိမ်ထောင်ရေးကတော့ ရန်ဖြစ်နေမည့် အချိန်လေးပါ။ အခုလ ကျန်းမာရေး အနေနဲ့ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့မည်။ ခေါင်းမူးတာတို့ ဖြစ်မည်။ ယတြာ = အုန်းညွန့် ၃ ညွန့်ကို ကြာသပတေးနေ့ နံနက် ၉ နာ၇ီ ၄၅ မီနစ်တွင် မိမိရဲ့အိမ်ဘုရားတွင် တင်လှူရင်း လိုရာ ဆုတောင်းယူပါ။ ကံကောင်းလာမည်။ အကျိုးပေးသော ဂဏန်း ။ ။ 2 5 9 0

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ မိမိလိုချင်သော ဆန္ဒတွေအားလုံး သူများကူညီပေးလို့ အဆင်ပြေလာမည်။ စိတ်မောလူမောနဲ့ လုပ်နေရတဲ့ ကိစ္စများ စိတ်ချမ်းသာမှုများ ရရှိလာမည်။ အလုပ်အကိုင်များ အရင်ထက် လုပ်ကိုင်ဆောင် ရွက်နေရမည်။ အထက်လူကြီးများနဲ့ လုပ်ကိုင်ဆောင်ရွှက်မှုများ အဆင်ပြေမည်။ စီးပွားရေး ငွေကြေးကိစ္စများ ကူညီဆောင်ရွှက်ပေးသူ ပေါ်မည်။ ရုတ်တစ်ရက် ငွေကြေးကိစ္စများ အဆင်ပြေနေမဲ့ အချိန်လေးပါ။

ပညာရေး ဆက်လက် အောင်မြင်မှုများ ရရှိလာမည်။ခရီးတွေကတော့ သူငယ်ချင်းများ မိတ်ဆွေများနဲ့ သွားရမည်။ သူငယ်ချင်း မိတ်ဆွေများနဲ့ ဆုံတွေ့ရမည်။ ပညာရေး အဆင်ပြေနေမည်။ အချစ်ရေးမှာ ပျော်ရွှင်သော အချစ်ကို တွေ့ရမည်။ အိမ်ထောင်ရေး အဆင်ပြေပါသည်။ ကျန်းမာရေးမှာ စိတ်ပင်ပန်းနေမည်။ ခါးနာ ၊ မျက်စိအားနည်း ဖြစ်နေမည်။ ယတြာ = သောကြာနေ့ မိမိနေအိမ် ဘုရားတွင် ရွှေရောင် ပန်းကန်ပြားထဲတွင် သင်္ဘောသီး တစ်လုံးတင် လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 1 9 7 5

၇။ စနေသားသမီးများ အတွက်

ယခုလအတွင်း ကံကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ မိမိရည်ရွယ်နေသာ စိတ်ကူးများ အဆင်ပြေလာမည်။ စနစ်တကျနဲ့ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ စီးပွားရေး လုပ်ငန်းများ တိုးတက်အောင်မြင်မှု ရှိလာမည်။ စမ်တူကိစ္စများ အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် ငြိုငြင်မှုခံရမည်။ သတိထားပါ။ ငွေကြေးကိစ္စများ အဆင်ပြေနေသာအချိန်လေးပါ။ ရအောင်သာ စုပေတော့ ကူညီသူ ပေါ်မည်။

မိသားစု အိမ်တွင်းရေး ကိစ္စများ ကောင်းသော အပြောင်းအလဲ တစ်ခုခု ဖြစ်ပေါ်မည်။ပညာရေး မှာ ကြိုးစားအားထုပ်မှု နည်းနေသော အချိန်လေး ဖြစ်ပါသည်။ ခရီးသွားမည့် ကိစ္စများ အဆင်မပြေသေးပါ။ ပညာရေး အားနည်းနေမည်။

အချစ်ရေးမှာ အဆင်ပြေနေသော ဘဝလေးသို့ ပြသာနာများ ဝင်ရောက် လာမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ မိသားစု ပျော်ရွှင်နေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်မည်။ ယတြာ = စနေနေ့ မိမိနေအိမ် ဘုရားတွင် သရက်သီး ၃ လုံးကို ကပ်လှူ၍ ကံကောင်း လာစေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 2 3 8 5

ဆရာမျိုးဟန်ကို

2012 - March လတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် - ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Sunday, March 4, 2012

အွန်လိုင်းပေါ်က မင်းအုပ်စိုး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လထဲ လူပြောအများဆုံး အမျိုးသား သရုပ်ဆောင်ကို ဆုပေးမယ် ဆိုရင် အဲဒီဆုကို မင်းအုပ်စိုး ရနိုင်ပါတယ်။

နေပြည်တော် အကယ်ဒမီပေးပွဲ အခမ်းအနား အပြင်ဘက်မှာ ခြံစည်းရိုးပေါ် ကျော်ခွတက်နေတဲ့ မင်းအုပ်စိုးရဲ့ပုံဟာ Facebook ပေါ် ရောက်လာပါတယ်။ ဒီမင်းသား အကယ်ဒမီ မရလို့ သောင်း ကျန်းနေတာလားလို့ ပရိသတ်တချို့က သံသယ ၀င်ကြတာပေါ့။ အကယ်ဒမီဆုရသူများရဲ့ ဂုဏ်ပြုညစာ စားပွဲတွေတက်ပြီး အရက်မူး၊ သောင်းကျန်းခဲ့ပါသေးတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။

လမ်းလယ်မှာ ထိုင်နေတဲ့ မင်းအုပ်စိုး (ဓာတ်ပုံ - လှမိုးအောင် / facebook)

ခြံကျော်တက်၊ မူးပြီးရစ်တာလောက်နဲ့တော့ လူပြောအများဆုံးဆု ဘယ်ရနိုင်ပါ့မလဲ။ ဖေဖော်ဝါရီ ၁၅ ရက်နေ့ဟာတော့ မင်းအုပ်စိုး အဲဒီဆု ရဖို့ အလားအလာ အကောင်းဆုံးနေ့ ဖြစ်သွားပါတယ်။

အဲဒီနေ့မှာ ဇာတ်လိုက် မင်းအုပ်စိုးက ရန်ကုန်မြို့၊ ဖိုးစိန်လမ်းက အမှိုက်ပုံတခုကို မီးရှို့လိုက်တယ်၊ ရဲတွေရောက်လာတယ်၊ ရောက်လာတဲ့ ရဲတွေထဲက တယောက်ကို ထိုး၊ ရဲကားမှန်တချပ်ကို ခွဲလိုက်တယ် ဆိုပြီး The Voice Weekly ဂျာနယ်မှာ ရေးသားထားပါတယ်။ အဲဒီဖြစ်ရပ် မှတ်တမ်းဓာတ်ပုံတွေ မရှိဘူးလို့ ယူဆရပါတယ်။ အဲ … ရဲတွေနဲ့ ပဋိပက္ခဖြစ်ပြီး နောက်ပိုင်း ဖြစ်ထွန်းမှုတွေကတော့ မှတ်တမ်း ရှိပါတယ်။

အင်တာနက်မှာ ကနဦး တက်လာတဲ့ပုံကတော့ အေးရာအေးကြောင်းပါပဲ။ မင်းအုပ်စိုးက လမ်းလယ်မှာ တင်ပလ္လင်ခွေပြီး ထိုင်နေပါတယ်။ ဘေးမှာလည်း ကားတွေရှုပ်နေတာပဲ။

“ဟာ … မင်းအုပ်စိုး လမ်းလယ်မှာ ထိုင်နေတယ်” လို့ ဆိုတော့ ဧရာဝတီသတင်းဌာန စာတည်းတယောက်က “ဒီဆရာ ပါဖောင်းမင့် လုပ်နေတာထင်တယ်” တဲ့။ ထင်ရင်လည်း ထင်စရာမဟုတ်လား။

မင်းအုပ်စိုးဟာ သရုပ်ဆောင်၊ ဒါရိုက်တာ၊ သရပါ မဂ္ဂဇင်း အယ်ချုပ်၊ ကုမ္ပဏီပိုင်ရှင်၊ လုပ်ငန်းရှင်၊ စာတွေလည်းရေးတဲ့သူမို့ ပါဖောင်းမင့် လို့ ခေါ်တဲ့ တင်ဆက်မှုအနုပညာကို ဖန်တီးတာ ဖြစ်မှာပါ ပေါ့လေ။ ဒီခေတ်မှာက နာမည်ကြီးရင် လိုင်းပေါင်းစုံ လုပ်တတ်ကြတယ်မဟုတ်လား။

မင်းအုပ်စိုး ပါဖောင်းမင့်လုပ်နေတာ မဟုတ်မှန်း ဘယ်အချိန်မှ သိသွားသလဲဆို နောက်ဆုံး ကားလမ်းပေါ် ပုဆိုးမပါ၊ အတွင်းခံဘောင်းဘီ မပါဘဲ လျှောက်သွားနေတဲ့သူ့ကို လူတယောက်က ဆွဲခေါ်နေတဲ့ပုံ Facebook မှာ တက်လာမှပဲ သိသွားပါတော့တယ်။ အခုတော့ တရားစွဲခံထားရပါပြီ။

မနှစ်တုန်းကလည်း မိုင်တိုင် ၇၄ လို့ ထင်ရှားတဲ့ “ကားပေါ်မှာလိုက်လာတယ်” ဇာတ်ကားကို ဆင်ဆာခွင့်ပြုချက်မပါဘဲ မင်းအုပ်စိုးရဲ့ သရ၀ဏ်ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးက ဖြန့်တယ် ဆိုပြီး တရားစွဲခံထားရပါသေးတယ် တဲ့။

ဒီဇာတ်ကား တကားလုံး ဆင်ဆာ ထိသွားရတဲ့ အကြောင်းရင်းတွေထဲမှာ ဗိုလ်မှူးတယောက်ရဲ့ တကယ့်အဖြစ်အပျက်ကို အခြေခံ ရိုက်ကူးထားတယ် ဆိုတဲ့ အချက်လည်း ပါတယ်လို့ ဆိုတယ်။ ဆင်ဆာအဖွဲ့က ပိတ်ထားတာကိုတောင် ရဲရဲကြီး ဖြန့်ချိရဲတယ်ဆိုတော့ မင်းအုပ်စိုးမှာ ဘယ်လို သတ္တိခွန်အားတွေ ရှိနေသလဲလို့ တွေးသူက တွေးနေပါတယ်။

သူ့ကို အငြိမ်းစားဗိုလ်မှူးကြီးတဦးက မွေးစားထားလို့ ဒီလို ခွန်အားတွေ ရှိနေတာပေါ့ ဆိုပြီး တချို့က ပြောပါတယ်။

နောက်ဆုံးသတင်းအရ ဆိုရင် … သူ့အိမ်မှာ လိုင်စင်မဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ရှိတာကို ရဲက တွေ့သွားတယ် တဲ့။ အခုတော့ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ မင်းအုပ်စိုး ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၃၀ ကျော်တယ်လို့ ဆိုပါတယ်။

ဗဟန်းမြို့နယ် ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းတဲ့အခါ “သူ့အမှုတွေက အများကြီးပဲလေ။ အများကြီးဆိုတော့ ကျနော်တို့က ဘာကို ပြောရမှာလဲ” လို့ တာဝန်ကျ ရဲအရာရှိတဦး ဆိုပါတယ်။

ကဲ … သရုပ်ဆောင် မင်းအုပ်စိုးတယောက် သူများ မလုပ်ရဲတဲ့၊ ထူးခြားတဲ့ အလုပ်တွေ ဘယ်သူ့အားကိုးနဲ့များ သတ္တိကောင်းကောင်း လုပ်နေပါလိမ့်။ သူ့အမှုတွေဟာ ဘယ်လို ဖြစ်လာမလဲ၊ တရားစီရင်ရေးမဏ္ဍိုင်ကြီး ဘယ်လောက်တောင် တည့်မတ် မှန်ကန်လာပြီလဲ ဆိုတာကို ပြည်သူတွေနဲ့အတူ မစပ်စု စောင့်ကြည့်ရင်း…။

သရုပ်ဆောင်မင်းအုပ်စိုးအား မူးယစ်ရမ်းကားသောကြောင့် ဗဟန်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်ထား

Source by :http://burma.irrawaddy.org