Showing posts with label ဖုန်းဆော့ဝဲလ်. Show all posts
Showing posts with label ဖုန်းဆော့ဝဲလ်. Show all posts

Sunday, November 3, 2013

မလေးရှားက မြန်မာတွေအတွက် အသုံးဝင်မယ့် မလေးဘာသာပြန် APK

 
မလေးရှားက မြန်မာတွေအတွက် အသုံးဝင်တဲ့ မလေးဘာသာပြန် APK လာပြီနော် .... ဆွဲထားကြ ..... မလေးဘာသာစကားတွေကို ဖုန်းထဲကနေ နေ့စဉ် လေ့လာလို့ ရပါတယ်။ 

မလေးရှား - မြန်မာ အိပ်ဆောင် အဘိဓါန်လေးကို ကျော်ဇင်ဟိန်းမှ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒီ မလေးရှား - မြန်မာ အိပ်ဆောင် အဘိဓါန်လေးမှာ လိုအပ်ချက်တွေ ရှိမှာပါ ။ ဒါပေမဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး မလေး အသံထွက် တွေကို မှန်ကန်အောင် ကြိုးစားပေးထားပါတယ်။ 

အိပ်ဆောင် အဘိဓါန် ဆိုတော့ အသုံးဝင်မဲ့ စာလုံးတွေပဲ အဓိက စုစည်းပေးထားပါတယ်။ ဒီ အဘိဓါန်လေး က သူငယ်ချင်းတို့ အတွက် တစ်ထောင့်တစ်နေရာက အဆင်ပြေမယ်ဆိုရင် ကျွန်တော် ဖန်တီးရကျိုး နပ်ပါတယ်။  

အောက်ပါလိပ်စာကို ဝင်ရောက်ပြီး ဒေါင်းယူပါ။

http://www.malaysiaonlineradiomedia.com/2013/11/apk.html

Source by : ஜ۩۞۩ஜ ကျော်ဇင်ဟိန်း ஜ۩۞۩ஜ

နေဇော်လင်း
Live Free Online Radio Media (Malaysia)
Website - http://www.malaysiaonlineradiomedia.com/
Facebook - https://www.facebook.com/pages/Nayzawlin1/292530074131729

Thursday, October 17, 2013

Android ဖုန်းတွေမှာ မြန်မာစာ အမှန်မြင်ဖို့အတွက် 4 Myanmar FB APK

 

ကျွန်တော်တို့ ဖုန်းသုံးတဲ့ အခါမှာ အဓိက ပြသာနာတစ်ခုက ဝဘ်ဆိုဒ်တွေဝင်ရောက်ပြီး စာဖတ်တဲ့အခါမှာ မြန်မာစာလုံးတွေကို အမှန်မမြင်ရပဲ တစ်ခါတစ်ခါ မြန်မာစာလုံးတွေ အတုံးလေးပုံစံလေးတွကို ဖြစ်နေတတ်ပါတယ်။ တစ်ချို့ဆိုက်တွေမှာ ဇော်ဂျီဖောင့်ကို သုံးထားပြီး တစ်ချို့ဆိုက်တွေမှာ ကုဒ်ယူနီကုဒ် စာလုံးတွေကို သုံးပြီး ရေးထားတတ်ပါတယ်။ 

ဒီလို ပြသာနာတွေကို စာဖတ်သူများမှာ ကြုံတွေ့နေတယ် ဖြစ်နေတယ် ဆိုရင်တော့ 4 Myanmar FB လေးကိုသုံးကြည့်ပါလို့ အကြံပေး ပါရစေဗျာ။ ဇော်ဂျီနဲ့ မြန်မာယူနီကုဒ် နှစ်မျိုးလုံး Support လုပ်ထားပါတယ်။ Support Zawgyi and Myanmar Unicode ချိန်းပြီး အသုံးပြုနိုင်ပါတယ်။ 4 Myanmar FB လေးက ဝဘ်ဆိုက်တွေ ဝင်တဲ့အခါမှာ ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေ ယူနီကုဒ်နဲ့ ရေးထားတဲ့ စာတွေကို ရေးထားတဲ့ မြန်မာစာလုံးတွေကို အမှန်မြင်ရတဲ့ Facebook App လေးဖြစ်ပါတယ်။ 

နောက်တစ်ခုက တစ်ချို့ဖုန်းအသစ်တွေမှာ မြန်မာစာထည့်ဖို့ Root လုပ်ရပါတယ်။ Root လုပ်လိုက်ရင် ဖုန်းမှာ Ornagai (အသစ်အတိုင်း) မဖြစ်တော့ပဲ ဖြစ်သွားပါမယ်။ 4 Myanmar FB လေးက Root လုပ်စရာမလိုပဲ ဒေါင်းပြီး တစ်ခါတည်း သုံးနိုင်ပါတယ်။ ဖိုင်ဆိုက်က 1.23 MB ရှိပါတယ်။ Android 2.2 နဲ့ အထက်မှာ သုံးနိုင်မှာဖြစ်ပြီး လိုချင်တယ်ဆိုရင် အောက်က လိပ်စာလေးကိုနှိပ်ပြီး ဝင်ရောက် Download နိုင်ပါတယ်။ 


နေဇော်လင်း 
Live Free Online Radio Media (Malaysia) 

Saturday, October 12, 2013

Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ် ထွက်ပြီ

 
Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ် ထွက်ပါပြီ .... 

ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယိုလေးကို မိမိတို့ရဲ့ ဖုန်း မှ တစ်ဆင့် နားဆင်ချင်တယ် ဆိုရင်တော့ ၊ Malaysia Online Radio.apk ဆော့ဝဲလ်လေးကို မိမိတို့ရဲ့ဖုန်းထဲမှာ ထည့်သွင်း ထားနိုင်ပါတယ် ။ ဆော့ဝဲလ်လေးရဲ့ Size ဖိုင်ဆိုဒ်ကတော့ 3.93 MB ပဲ ရှိပါတယ်။ 

Malaysia Online Radio.apk လေးကို မိမိတို့ရဲ့ ဖုန်းထဲမှာ ၊ ထည့်သွင်းထားခြင်း အားဖြင့် ၊ သီချင်းပေါင်းများစွာကို ၊ အင်တာနက်လိုင်းရှိရုံလေးဖြင့် လွယ်လင့်တကူ ၊ ခံစားနားဆင် နိုင်မှာ ဖြစ်ပါတယ်။ အခု ဗာရှင်းအနေနဲ့ ၁၂.၁၀.၂၀၁၃ ရက်နေ့မှ စတင်ကာ Android Version 2.5.1 အထက်ရှိသော ဖုန်းတွေတိုင်းမှာ အဆင်ပြေပြေ အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးထားပါတယ်။ 

Malaysia Online Radio.apk ကိုထည့်ထားခြင်းဖြင့် မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာဝက်ဆိုက်မှာ တင်ထားသမျှ မလေးရှားသတင်းများ ၊ စာပေများ ၊ နည်းပညားမျာ ၊ ဆော့ဝဲလ်များ ၊ ဗဟုသုတများကို အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ပြီး Facebook လည်း အသုံးပြုနိုင်ပါတယ်။ 

 ဒီ APK လေးကိုတော့ မလေးရှား အွန်လိုင်းရေဒီယိုမှ ၊ Dj - Nay Zaw Lin နှင့် Dj - Zaw Min Tan က ဖန်တီးထားခြင်း ဖြစ်ပါတယ်။ Android ဖုန်းများ အားလုံးမှာ နားဆင်ဖို့အတွက် အောက်ကလိပ်စာမှာ APK လေးကို ဒေါင်းယူပြီး ဖုန်းထဲ အင်စတောလုပ်ပြီး နားဆင်နိုင်ပါတယ်။ 


အားလုံးပဲ အေးချမ်းသော ဘဝနေ့သစ်လေးတွေမှာ ၊ နွေးထွေးသာယာလွန်းတဲ့ သံစဉ်လှိုင်းများနဲ့ ၊ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ ကျန်မာခြင်းတို့ကို ၊ ကျော်လွန် ဖြတ်သန်းနိုင်ပါစေလို့ ၊ ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယို အဖွဲ့သားများမှ ၊ တောင်းဆုခြွေ မေတ္တာ ပို့သလိုက်ပါတယ်။ 

ဖုန်းနဲ့နားထောင်ဖို့ အဆင်မပြေသူများအတွက် အောက်ကဝဘ်ဆိုဒ်တွေကို ဝင်ရောက်ပြီး ရေဒီယို အစီအစဉ်လေးကို နားဆင်နိုင်ပါတယ်။ 


မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်တွင် ရေဒီယို ထုပ်လွင့်မှု အစီအစဉ်များကို စေတနာ ၊ ဝါသနာဖြင့် ပါဝင်ကူညီပေးနေသော Live Free Online Radio Media (Malaysia) မှ တာဝန်ရှိသူများ။ 

(1) Radio DJ - ,~NLS~' {ALinn} (China) 
(2) Radio DJ - David Sai (Muar-Malaysia) 
(3) Radio DJ - Zaw Zaw (Rawang-Malaysia) 
(4) Radio DJ - Sky Min (Bangkok - Thailand) 
(5) Radio DJ - Par Par Lay (Kuala Lumpuer-Malaysia) 
(6) Radio DJ - Zaw Min Tan (Alor Stear-Malaysia) 
(7) Radio DJ - Nay Zaw Lin1 (Kuala Lumpuer-Malaysia) 
(8) Radio DJ - Par Par Lay (Kuala Lumpuer-Malaysia) 
(9) Radio DJ -Aung Phyo(San Diego-California-American) 
(10) Radio DJ - Yaw Tha Ma Mhwe Ko Htet (Pyin Oo Lwin-Myanmar) 

နေဇော်လင်း
Live Free Online Radio Media (Malaysia) 

Saturday, May 18, 2013

Android ဖုန်းများအတွက် Myanmar eRadio App Software ( New Update)

 
ဟိုနေ့က Play Store ထဲရေဒီယို ဆော့ဝဲလ်တွေ လိုက်ရှာတာရင်း တွေ့လို့သုံးကြည့်တော့ အရမ်းမိုက်တယ်ဗျာ... မြန်မာ Online radio တစ်ခုပါ။ လက်ရှိကျွန်တော် အသုံးပြုနေပါတယ်။ Mandalay FM , Voice of America (VOA) , Radio Free Asia (RFA မနက်ပိုင်း ၊ ညနေပိုင်း) , ABC Australia , BBC News (Morning) , BBC News (Evening) NHK World Radio , စတာတွေကို အမြဲနားထောင်လို့ ရပါတယ်။ 

အခု နောက်ပိုင်း အသစ်အနေနဲ့ ထည့်သွင်းပေးထားတဲ့ ရေဒီယိုတွေကတော့ Shwe FM , Just Music Radio , MUMC Online FM , Myanmar Online Broadcasting , MMYO Online Radio , Nay Nat Thar , Easy Music Radio စတာတွေကို ထည့်သွင်းပေးပါတယ်။ အားလုံး ရေဒီယိုလိုင်း ၁၃ လိုင်းကို ဒီကောင်လေးနဲ့ ကြိုက်ရာ လိုင်းတွေကို နားထော င်နိုင်ပါတယ်။ ပြည်ပနိုင်ငံရောက် မြန်မာများ အတွက် မြန်မာပြည် အလွမ်းပြေ Mandalay FM နှင့် Shwe FM စတဲ့ မြန်မာနိုင်ငံမှ လွင့်နေတဲ့ ရေဒီယို လိုင်းတွေကို နားထောင်လို့ ရပါတယ်။ 

ဥပမာ - Radio Free Asia (RFA) ရေဒီယို တိုက်ရိုက်လွင့်တာတွေ အလုပ်များနေလို့ နားမထောင်ဖြစ်ရင် ကိုယ်အားတဲ့ အချိန်ပြန်နားထောင်လို့ ရပါတယ်။ လမ်းသွားရင်း ကားစီးရင်း နားထောင်လို့ ရပါတယ်။ ရေဒီယိုလိုင်း ၆ လိုင်းကို ဝဘ်ဆိုက်တွေကို ဝင်ရောက်ဖို့ မလိုအပ်ပဲ Myanmar eRadio App လေးကိုဖွင့်ပြီး နားထောင်လို့ အဆင်ပြေတယ်။ အဓိက တစ်ချက်က internet ချိတ်ဆက်ပြီး နားထောင်ရမှာ ဖြစ်ပါတယ်။ လိုင်းကောင်းဖို့တော့ လိုအပ်ပါတယ်။ 

ရေဒီယိုကြီးဖွင့် နားထောင်ဖို့ မလိုအပ်ပဲ Myanmar eRadio App လေးနဲ့ လိုင်းစုံနားထောင်ရမှာပါ။ အားလုံး အိုကေပါတယ်။ သူငယ်ချင်းများလည်း သုံးကြည့်ပါ ခင်ဗျာ ... ဒီ App ကို ဖန်တီးခဲ့တဲ့ JS Media ကိုလဲ ကျေးဇူးတင်ပါတယ်။ နောက်လည်း ကောင်းတာတွေ တီထွင်နိုင်ပါစေဗျာ ... 

 အောက်ပါနေရာတွင် ဝင်ရောက် ရယူနိုင်ပါတယ်။