Showing posts with label Facebook မှ သတင်းများ. Show all posts
Showing posts with label Facebook မှ သတင်းများ. Show all posts

Monday, October 1, 2012

Wednesday, September 12, 2012

“သမိုင်းကြွေးပေးဆပ်ရမယ်”..... လို့ စိန်ခေါ်လိုက်တဲ့




ဦးသန့်၏မြေး သန့်မြင့်ဦးရေးတဲ့ ခြေရာပျောက်မြစ် (သို့) ခြေရာလည်းပျောက် ရေလည်းနောက် စာအုတ်မှ ကိုယ်တိုင်ရေးမြန်မာ့သမိုင်း အမှားတွေအတွက် ဆရာကြီးမောင်သွေးချွန်က “သမိုင်းကြွေးပေးဆပ်ရမယ်”..... လို့ စိန်ခေါ်လိုက်တဲ့ ကလောင်စစ်ပွဲ


မြန်မာ့သမိုင်းနှင့် ရခိုင်သမိုင်း ဗုဒ္ဓဘာသာ သမိုင်းကို စုတ်ပြတ်သတ်ပြီး ကမ္ဘာ့အလယ် ရှုံ့ချအောင် လူတတ်ကြီး လုပ်ပြီးရေးသားဖြန့်ဝေလိုက်သော သန့်မြင့်ဦးရေးသော စာအုတ်ကို ဆရာကြီးက ဒီလိ
ုချေပသွားတယ်။


ဆရာ ယုဒသာန် ဆိုတာ အင်မတန်တော်ပါတယ်။ မြန်မာပြည်မှာ အနှစ် ၂၀ လုံးလုံး ခရစ်ယာန် သာသနာပြုသွားတာ ခရစ်ယာန်ထဲကို ဗုဒ္ဓဘာသာမှ ၈ ယောက်ပဲကူးပြောင်းရောက်ရှိပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသော မြန်မာနိုင်ငံမှာ တုတ်မိုး ဒါးမိုးပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ခိုင်းတာ မရှိပါဘူး ဒါတောင် မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာမှကိုးကွယ်မှု ပျက်အောင် မလုပ်နိုင်ပါဘူး။ ထို့အတူ ရခိုင်မှန်ရင် ဗုဒ္ဓဘာသာလို့ ပြောစမှတ်ရှိတာကို နိုင်ငံခြားမှာပဲနေတဲ့ သန့်မြင့်ဦးက ရခိုင်သမိုင်းနဲ့ ဗုဒ္ဓသမိုင်းကို အရုပ်ဆိုးအကျဉ်းတန်အောင် ရေးသားခဲ့တယ်။ 


ဒီလိုစာအုတ်ကို ကမ္ဘာမှာဖြန့်ပြီး မြန်မာ့သမိုင်း ရခိုင်သမိုင်းကို အမှတ်မှား အထင်မှားအောင်လုပ်လို့ ဘင်္ဂါလီတွေက ရောင့်တက်တာပါ။ အင်မတန်ကြောက်စရာကောင်းတဲ့ နိုင်ငံ့သမိုင်းဖျက်ဆီးမှုပါ။ ဒီလိုလူမျိုးသာ ရခိုင်အရေးစုံစမ်းရေးမှာ တာဝန်ပေးလိုက်လို့ကတော့ သွားပါပြီ။ သမိုင်းအဆက်ဆက် အသုံးအကျတဲ့မြန်မာ ဘင်္ဂလားနယ်တစ်နယ်အဖြစ် ရပ်တည်ခဲ့တဲ့ ရခိုင်ဖြစ်သွားတော့မှာပါ။ 


ဆရာကြီးက “ ဦးသန့်၏မြေး သန့်မြင့်ဦးရေးတဲ့ မြန်မာ့သမိုင်းအမှားများ“ မောင်သွေးချွန်ဝေဖန်တင်ပြသည်။ စာအုတ်နှင့်ပတ်သက်ပြီး sky net up to date တွေ့ဆုံခန်းမှာ ဒီလို နိဂုံးချုပ်သွားပါတယ်။


ဗုဒ္ဓ၀ါဒဆိုတာ ၀ိဘစ္စ ၀ါဒပါ ဝေဖန်ပိုင်းခြားပြီးမှဆုံးဖြတ်ရပါတယ်။ ထို့အတူပဲ ကျွန်တော်တို့လည်း ကုလသမ္မဂ အတွင်းရေးမှုး ဦးသန့်ရဲ့မြေး သန့်မြင့်ဦးဟာ ဦးသန့်လိုပဲ မြန်မာ့ဂုဏ်ဆောင်မယ် ထင်မိတာ


ပညာအရည်အချင်းကလည်း ကင်းဗရစ်တက္ကသိုလ်က ပီအိတ်ခ်ျဒီ ပါရဂူဘွဲ့ကို သမိုင်းဘာသာနဲ့ ရတာဆိုတော့ အထင်ကြီးမိပါသည်။ ဆရာကြီးမောင်သွေးချွန်သာ မကယ်ရင် ရခိုင်ပြည်ကို ကုလားတွေရဲ့နယ်မြေအဖြစ် အထင်မှားကုန်ကြမှာပါ။ ဒါကြောင့် သန့်မြင့်ဦးရဲ့ စာအုတ်ထဲက စာသားတွေကို ကုလားတွေ တွင်တွင်ရွတ်ပြီး နယ်မြေလုနေကြတာပါ။ သန့်မြင့်ဦးသည် နိုင်ငံခြားတွင် နေထိုင်ကြီးပြင်းပြီး မြန်မာနိုင်ငံကို အထင်သေး ရှုံ့ချ စော်ကားရုံသာမက မြန်မာနိုင်ငံ အစိတ်အပိုင်းကိုပါ လူမျိုးခြားလက် ၀ကွက်အပ်ရအောင် လုပ်တဲ့အမျိုးသား သစ္စာဖောက်ပါ။ ထို့အတူ သန့်မြင့်ဦးရေးသော ခြေရာပျောက် စာအုတ်ကို ဖတ်ကြည့်သင့်သည့် စာအုတ်ဟု ဒေါ်စုညွှန်းထားတာ ဘာကြောင့်လည်း ဒါကြောင့် ရခိုင်အရေးမှာ သွေးအေးနေတာလား? ဒေါ်စု မြန်မာနိုင်ငံကို လူမျိုးကို တကယ်ချစ်ရင် ဆရာမောင်သွေးချွန် ဝေဖန်တင်ပြသည့် “ ဦးသန့်၏မြေး သန့်မြင့်ဦးရေူးတဲ့ ” ” ကိုယ်တိုင်ရေးမြန်မာ့သမိုင်းအမှားများကို လည်း ဖတ်ကြည့်သင့်သည့်စာအုတ်တစ်အုတ်အဖြစ် ရဲဝံ့စွာ ညွှန်ပြပေးပါ။
Say Nyon Thu ၏ ဖေ့ဘွတ်မှ ကူးယူတင်ပြပါသည်။

Tuesday, September 11, 2012

တရုတ်နိုင်ငံလုပ် ဆန်အတုများ သတိထား ရှောင်ကြဉ်ရန်လို


တရုတ်နိုင်ငံတွင် အစားအစာ ဘေးကင်း လုံခြုံ စိတ်ချရမှု မရှိသည်ကို ပြသရာ ရောက်နေသည့် လက္ခဏာတစ်ရပ် အနေနှင့် ယခုအခါ တရုတ်နိုင်ငံမှ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုများကို ထုတ်လုပ်လျက် ရှိကြောင်း စင်ကာပူနိုင်ငံရှိ မီဒီယာများက ဖော်ပြခဲ့ကြသည်။ Very Vietnam အမည်ရှိ အွန်လိုင်းမှ ထုတ်ပြန်သော သတင်းများအရ တရုတ်နိုင်ငံရှိ ဆန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် ဆန်အတုမျ

ားကို ပြုလုပ်ရာတွင် အာလူးများ၊ ကန်ဇွန်းဥများနှင့် ပလတ်စတစ်များကို ရောသမမွှေ၍ ပေါင်းစပ် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုရီးယား ဘာသာစကားဖြင့် ဖော်ပြသော Weekly Hong Kong သတင်းစာ၌ ဆန်အတုများကို တရုတ်နိုင်ငံ ရှန်စီပြည်နယ်၊ တိုင်ယွန်မြို့တွင် ရောင်းချလျက် ရှိကြောင်း ဖော်ပြထားသည်။ အဆိုပါ ဆန်အတုဖြင့် ချက်သောထမင်းကို ပန်းကန်လုံး (၃)လုံးခန့် စားသုံးပါက ပလတ်စတစ်အိတ် တစ်အိတ်ကို စားသုံးရသည်နှင့် တူညီနေကြောင်း တရုတ် စားသောက်ဆိုင် အသင်းအဖွဲ့မှ အရာရှိများက ပြောကြားခဲ့သည်။

ယခုကဲ့သို့ စိုးရိမ်ရသည့် အခြေအနေကြောင့် ဆန်အတုများ ထုတ်လုပ်နေသည်ဟု စွပ်စွဲခံထားရသော ကုမ္ပဏီများ စက်ရုံများကို စုံစမ်းစစ်ဆေး သွားမည် ဖြစ်ကြောင်း စားသောက်ဆိုင် အသင်းအဖွဲ့ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်ဟု Very Vietnam အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံ၌ ဆန်အတုများ ထုတ်လုပ် ရောင်းချမှုမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ကြောင်း တရုတ်နိုင်ငံ၏ Global Times သတင်းစာက ဖော်ပြခဲ့သည်။ ယခင်က တရုတ်နိုင်ငံ၊ ယန်စီပြည်နယ် စီအန်မြို့မှ ကုမ္ပဏီတစ်ခုသည် အထက်ပါ နည်းအတိုင်း ပေါင်းစပ်၍ ဆန်အတု ထုတ်လုပ် ရောင်းချခဲ့ဖူးကြောင်း သိရသည်။

တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန လက်အောက်ခံ သစ်သီးပန်းမန် စိုက်ပျိုးရေး ဌာနမှ အရာရှိ မစ္စတာတာ ကွမ်ဟန်းက ၎င်းသည် ဆန်အတုဟု သတင်းထွက်နေသော ဆန်များကို ယခင်က မမြင်ဖူးခဲ့ကြောင်း မည်သို့ပင်ဆိုစေ အတုဟု သတင်းထွက်နေသော ဆန်များကို ပလတ်စတစ် ဆန်အတုဟုတ်၊ မဟုတ် ကောက်ချက် မချမီ ရူပဗေဒ၊ ဓာတုဗေဒ နည်းများဖြင့် လေ့လာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပလတ်စတစ်ဆန်ဟု သတင်း ထွက်နေသော ဆန်များသည် ဆန်တစ်စေ့လျှင် ၁ဝမီလီမီတာ ရှည်လျားပြီး သာမန်ဆန်များထက် ၃၊ ၄ မီလီမီတာ ပိုမို ရှည်လျားကြောင်း၊ ဆန်လုံးပတ်မှာမူသာ ခြားနားမှု ရှိကြောင်း၊ သာမန်ဆန်များထက် မှုန်မှိုင်းသော အရောင်မရှိဘဲ ဆန်စေ့မှာ ကြည်လင်နေကြောင်း ထို့ကြောင့် စားသုံးသူများ အနေနှင့် အဆိုပါ ဆန်များကို ဝယ်ယူခြင်း၊ စားသုံးခြင်းများ မပြုရန် မစ္စတာတာ ကွမ်ဟန်းက သတိပေး ပြောကြားခဲ့သည်။


 




 

Monday, August 20, 2012

ကျောင်းကုန်းရေကြီး


ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ပေါ်ဝယ် င၀န်မြစ်ရေ တတ်ရောက်လွှမ်းမိုးစဉ်

 ဧရာဝတီတိုင်း ကျောင်းကုန်းမြို့တွင်း တနေရာကို ယနေ့မြင်တွေ့ရစဉ်


ကျောင်းကုန်းမှာလေ ရေတွေကြီးလို့ လှေလေးစီးလို့ ဘုရားပန်းဝယ်


ကျောင်းကုန်းမြို့ ဆက်သွယ်ရေးရုံးရှေ့ကို ယနေ့တွေ့မြင်ရစဉ်


ကျောင်းကုန်းမြို့ အလုပ်သမားများအဖွဲ့ရုံးရှေ့ကို ယနေ့တွေ့မြင်ရစဉ်


ရေနစ်မြုပ်နေသော ကျောင်းကုန်းမြို့  မြို့ မဈေး အရှေ့ ဘက်မြင်ကွင်း

 19.8.2012 နေ့ကမြင်တွေ့ရတဲ့ကျောင်းကုန်းမြို့လယ် ဌာနလမ်းရဲ့ မြင်ကွင်း

 19.8.2012 နေ့ကမြင်တွေ့ရတဲ့ကျောင်းကုန်းမြို့လယ် ရတနာပုံလမ်းရဲ့ မြင်ကွင်း

 19.8.2012 နေ့ကမြင်တွေ့ရတဲ့ကျောင်းကုန်းမြို့အမှတ်(၁)ရပ်ကွက်ရဲ့ မြင်ကွင်း
 19.8.2012 နေ့ကမြင်တွေ့ရတဲ့ကျောင်းကုန်းမြို့အမှတ်(၃)ရပ်ကွက် မြင်ကွင်း


 ကျောင်းကုန်းမြို့နယ် ရေလွှမ်းအိမ်ထောင်စုများစာရင်း

ကျောင်းကုန်းမြို့လယ် ရေပေါ်ဈေး

ယခု တင်ထားသော ဓါတ်ပုံများသည် ကိုယ်တိုင်ရိုက်ကူးထားသည့် တစ်ပုံမျှ မပါရှိပါ။ မူရင်းဓါတ်ပုံရိုက်ကူးသူများကို ကျေးဇူးအထူးတင်ရှိပါသည်။ အများအကျိုး ဆက်လက်သယ်ပိုး နိုင်ပါစေ။
asawkha kha
တို့၏ ဖေ့ဘွတ် စာမျက်နှာများမှ ကူးယူတင်ပြပါသည်။

Wednesday, August 15, 2012

မဟုတ်တဲ့သတင်းတွေ မလွှင့်ပါနဲ့ဆို....။


ဖန်တီးလုပ်ကြံထားတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး သတင်းအမှား ထုတ်လွှင့်ခြင်း မပြုရန် ပြည်ပအခြေစိုက် တိဗက်ဘုန်းတော်ကြီးများအုပ်ချုပ

်ရေးအဖွဲ့က ထုတ်ပြန်ကြေညာ

ဗုဒဘာသာနဲ့ မူဆလင် အုပ်စုတွေအကြား ပဋိပက္ခတွေ ပိုမိုကြီးမား လာအောင် တိဗက်ဘုန်းတော်ကြီးတွေ ပါဝင်နေတဲ့ ဓါတ်ပုံတွေကို တစ်လွဲ
ဲအသုံးချပြီး ဆောင်ရွက်နေတာတွေ မပြုလုပ်ဖို့၊ ဒီဓါတ်ပုံတွေကို ကမ္ဘာ တစ်ဝှမ်းရှိ သတင်းမီဒီယာများအနေနဲက အသုံး မပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

တိဗက် ဘုန်းကြီးတွေ ပါဝင်နေတဲ့ ဒီဓါတ်ပုံတွေကို မူဆလင်နိုင်ငံတွေက ၀က်ဘ်ဆိုက်တွေမှာ ဖြန့်ဖြူးနေတာ ဖြစ်ပြီး အဓိကအားဖြင့် ပါကစ္စတန်နိုင်ငံဟာ မြန်မာနိုင်ငံက ဖြစ်စဉ်တွေကို သတင်းတင်ပြရာမှာ လူသေအလောင်းတွေရှေ့မှာ တိဗက် ဘုန်းကြီးတွေ မတ်တပ်ရပ်နေတဲ့ ဓါတ်ပုံတွေ အသုံးပြု ဖော်ပြနေကြကြောင်း၊ ယင်းဓါတ်ပုံများမှာ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၄ ရက်နေ့က တိဗက်အရှေ့ပိုင်း Kyegudo (Yushul) မှာ မြေငလျင်လှုပ်ခတ်ခဲ့စဉ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံများသာ ဖြစ်ကြောင်း Central Tibetan Administration က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မဟုတ်တဲ့ အခြားနိုင်ငံက ဖြစ်စဉ်တွေ ဓါတ်ပုံတွေကို အသုံးပြုပြီး ပုံကြီးချဲ့ သတင်းဖြန့်နေတဲ့ အင်တာနက်သတင်းတွေ အကြောင်းကို တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ Central Tibetan Administration ရဲ့ ထုတ်ပြန်ကြေညာချက်ရဲ့ ကြေညာချက်ဟာ ဒီဆောင်ရွက်ချက်တွေ ဖြစ်ပေါ်နေတာ မှန်ကန်နေကြောင်း သက်သေပြနေတာ ဖြစ်ပါတယ်။

The exile Tibetan administration has expressed concerns over the misuse of photographs showing Tibetans to provoke conflict between the Buddhist and Muslim communities.

Following reports of recent clashes between Buddhists and Rohingya Muslims in Myanmar, certain sections of the media as well as social websites have portrayed photographs involving Tibetans to misinform the public and to lead a hate campaign.

The recent ethnic clashes in the Indian northeastern state of Assam have raised further tensions.

The Dharamshala based Central Tibetan Administration in a release yesterday said it was “deeply disturbed and concerned” over the circulation of a misleading photograph in some section of the media showing Tibetan monks.

The release noted that many websites in the Muslim countries, especially Pakistan have used a photograph of Tibetan monks standing in front of a pile of dead bodies in their reports on the clashes in Myanmar.

“This photo of Tibetan monks was actually taken during their relief work in Kyegudo (Yushul), eastern Tibet, after a devastating earthquake hit the region on 14 April 2010,” CTA clarified. “The Tibetan monks extended remarkable service in the rescue and relief operations at the time.”

http://www.phayul.com/news/
article.aspx?article=%27Don%27t
+misuse+pictures+to+provoke+tension%2C%27+CTA+appeals&id=31906

Wednesday, August 8, 2012

ရန်သူ “ရေ”


ကျွန်တော်တို့ မြန်မာနိုင်ငံတော်တွင် အများပြည်သူလိုက်နာနိုင်ရန်စေ ထုတ်ပြန်ထားသော ဆောင်ပုဒ်များအနက် “လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ” ၊ “ပြည်ပအားကိုး ပုဆိန်ရိုး” ၊ “သင့်သွေးဖြင့် အသက်ကယ်ပါ” ၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ၊ “သင့်ကြောင့် မီးမလောင်ပါစေနှင့်” ၊ “မီးသတိပြု” စသည့် ဆောင်ပုဒ်များစွာရှိပေသည်။

၇.၈.၂ဝ၁၂ (အင်္ဂါ)နေ့တွင် “ရေ သတိပြု” ဟူသော ဆောင်ပုဒ်တစ်ခု ထပ်မံထုတ်ပြန်ရမည့် အနေ အထားတရပ်သို့ ဖြစ်ပေါ်လာခဲ့ပြီ
ဟု ခေါ်ဆိုရတော့မည်။ အကြောင်းမှာ မြန်မာနိုင်ငံတွင် မိုးရာသီဖြစ်သည်နှင့်အညီ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရပ် ဒေသအချို့၌ ရေကြီးခြင်း၊ ရေလျှံခြင်းတို့ ဖြစ်ပေါ်လျှက်ရှိသည်။ ရေဘေးဒုက္ခသည်များ၊ အိုး/အိမ် ပစ် ရသည့် ဒုက္ခသည်များ၊ စားရေးသောက်ရေးခက်ခဲသူများ များစွာဖြစ်ပေါ်လျှက်ရှိသည်။

ထိုသူများထဲတွင် အိုးအိမ်ရှိပါလျှက်နှင့် နေရာအတည် တကျရှိပါလျှက်နှင့် ဘဝကိုရုန်းကန်ရပ်တည် နေထိုင်လျှက်ရှိသော မိသားစုများလည်းရှိသည်။ ထိုသူများထဲတွင် အမှတ် ၄ဝ၊ သခင်မြလမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ ဈေးညစောင့် ဖြစ်သူ ဦးဝင်းဆွေ၊ ဇနီးဖြစ်သူ သပြေပန်းရောင်းချသူ မဥမ္မာသန်းနှင့် (၈) တန်းကျောင်းသား မောင်ခန့်ဝင်း အောင် တို့သည်လည်း အပါအဝင်ဖြစ်သည်။

၇.၈.၂ဝ၁၂ နံနက် (၆းဝဝ) နာရီခန့်တွင် သားဖြစ်သူ မောင်ခန့်ဝင်းအောင်သည် ကျောင်းသွားရန် အတွက် နေအိမ်၏ အရှေ့ဘက်အနီးတွင်ရှိသော ရေဖုံးလွှမ်းနေသော အမှတ် ၄ဝ၊ ဈေးစည်ပင်ရုံး အဆောက်အဦးဘေးသို့ ဒူးဆစ်ခန့်မြုပ်နေသောရေကို ဖြတ်လျှောက်သွားစဉ် . . . .

မိခင်ဖြစ်သူ မဥမ္မာသန်းသည်လည်း နေအိမ်တွင် စားဝတ်နေရေးအတွက် ဈေးအတွင်းသို့ သပြေပန်းရောင်းရန် သပြေခက်များအား စုစည်းသန့်စင်မှုပြုလုပ်နေစဉ် သားဖြစ်သူ မောင်ခန့်ဝင်းအောင်၏ အော်သံကိုကြားရှိကာ သားကျောင်းသွားရာလမ်းသို့ တရှိန်ထိုးသွားရောက်ကာ ကြည့်ရှုလိုက်စဉ် မောင်ခန့် ဝင်းအောင် အသက် (၁၃) နှစ် ရေနစ်နေသည် ဟုထင်၍ သား၏အသက်အား ကယ်တင်နိုင်ရန်အတွက် ရေထဲသို့အဆင်း မဥမ္မာသန်း အသက် (၃၈) နှစ်သည်လည်း သားအနီးသို့အရောက် အော်ဟစ်၍ ရေထဲသို့ လဲကျသွားပြန်တော့သည်။

ထိုစဉ် ခင်ပွန်းဖြစ်သူ ဦးဝင်းဆွေသည်လည်း ဈေးညစောင့် တာဝန်ပြီးစီး၍ နေအိမ်တွင် ပြန်လည် အနားယူနေခိုက် ဇနီးနှင့်သားတို့၏ မခံမရပ်နိုင်အောင် အော်ဟစ်လိုက်သော အသံများကို ကြားသိသောအခါ သားဇော၊ မယားဇောတို့ဖြင့် ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့အော်ဟစ် နေသော ရေအိုင်ထဲသို့ တရှိန်ထိုး ပြေးဆင်းတော့မည့်အခိုက်တွင်ဈေးအတွင်း၌ စားဝတ်နေရေးအတွက် ထမင်းကြော်ရောင်းနေသော ဈေးသည်တစ်ဦးမှ “မဆင်းနဲ့ … မဆင်းနဲ့ … ဓါတ်လိုက်နေတာ” ဟု အတင်းအကြပ်အော်ဟစ် တားမြစ်မှုကြောင့် ဇနီးဖြစ်သူ မဥမ္မာသန်းနှင့် သားဖြစ်သူ မောင်ခန့်ဝင်းအောင်တို့ သည် မိမိမျက်စိရှေ့မှောက်တွင် ငြိမ်သက်သွားသည်အထိ ရင်နင့်စွာဖြင့် ခံစားကြည့်ရှု နေရတော့သည်။

ပတ်ဝန်းကျင်မှလည်း မည်သို့မှ အသက်နှစ်ချောင်းကို မကယ်တင်နိုင်ခဲ့တော့ချေ။ မြို့နယ်လျှပ်စစ်ရုံးမှ လာရောက်၍ စစ်ဆေးကြည့်ရှုသည့်အခါ စည်ပင်ရုံးဘေးတွင်ရှိ ဓါတ်မီးတိုင်အား လဲမကျသွားစေရန် ထိန်းထားသော ဆိုင်းကြိုးမှတဆင့် လျှပ်စစ်များဝင်ရောက်၍ ရေထဲသို့ လျှပ်စစ်များစီးဆင်းနေမှုကို တွေ့မြင် ရတော့သည်။

ဘဝတစ်ပါးသို့ ပြောင်းသွားသော မဥမ္မာသန်းနှင့် မောင်ခန့်ဝင်းအောင်တို့၏ ရုပ်အလောင်း အား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်မှုပြုလုပ်ရန် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ဆက်သွယ် အကြောင်းကြားလာခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ နှင့် ဝန်ထမ်းများတို့သည် ကွယ်လွန်သွားသော ရုပ်အလောင်းများ သယ်ဆောင်ရန်အတွက် နိဗ္ဗာန်ယာဉ် (၂) စီး ဖြင့် သွားရောက်ကူညီဖေးမ၍ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ယင်းဖြစ်ရပ်အားပြန်လည်၍ သုံးသပ်ကြည့်ပါက ရေကြီးရေလျှံမှုကြောင့် အိုးအိမ်အသက် ဆုံးရှုံးမှု များ ဖြစ်ခဲ့ရသလို ယခုကဲ့သို့ မထင်မှတ်သည့် ဖြစ်ရပ်များကြောင့်လည်း အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေ ကြောင်း သင်ခန်းစာရခဲ့သည်။

ထိုသို့သော အဖြစ်ဆိုးများ အချိန်မတန်ဘဲနှင့် ဘဝတစ်ပါးသို့ ထွက်ခွာခဲ့ရမှု များ မဖြစ်ပေါ်ရန်အတွက် ပြည်သူ/သားများအားလုံးတွင် တာဝန်ရှိပေသည်။ မိဘများအနေဖြင့်လည်း ရေမြောင်း၊ ရေကန်၊ ရေအိုင်လေးများပါမကျန် မိမိတို့၏ ရင်သွေးငယ်လေးများအား သွားရောက်ဆော့ ကစားခြင်း၊ ဖြတ်သွားဖြတ်လာ ပြုလုပ်ခြင်းများကို သတိပေး တားမြစ်မှုများကို ပြုလုပ်သင့်ပေသည်။ ထိုသို့ တားမြစ်မှုသည် ကလေးသူငယ်များအား ချုပ်ခြယ်ခြင်း၊ ဟန့်တားခြင်း၊ ကလေးသူငယ်တို့၏ အခွင့်အရေး အား ချိုးဖောက်ခြင်း မဟုတ်ချေ။

ကလေးသူငယ်များအား အသိပေး နားလည်စေရန်အတွက် သင်ခန်းစာ ပေးခြင်းပင်ဖြစ်သည်။ သို့မှသာ တတ်သိနားလည်သော ကလေးငယ်များ၏ စိတ်သန္ဓေတွင် လုပ်သင့် လုပ်ထိုက်၊ သွားသင့်သွားထိုက်၊ စားသင့်စားထိုက်သော အမှန်တရားများကို သိရှိလာကာ လူ့ဘဝ သက်တမ်းတစ်လျှောက် ငြိမ်းချမ်းသာယာသောဘဝကို မိသားစုနှင့်အတူ ပျော်ရွှင်စွာလျှောက်လှမ်းနိုင် တော့မည် ဖြစ်ပေသည်။

ကမ္ဘာမြေပြင်တစ်ခုလုံးတွင် အချိန်မတန်ဘဲနှင့် မကြွေသင့်ဘဲ ကြွေလွင့်သွားရှာကြရသော ရင်နင့် ဖွယ်ရာ အဖြစ်ဆိုးများမှ ကင်းဝေးပပျောက်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတော့သည်။

ုသတင်းဓာတ်ပုံအပြည့်အစုံကြည့်ရန် (https://www.facebook.com/media/set/?set=a.453906244630618.106425.112990405388872&type=1 )