Showing posts with label ကြော်ငြာ. Show all posts
Showing posts with label ကြော်ငြာ. Show all posts

Wednesday, August 15, 2012

နေဇော်လင်း ဆိုက်မှ စာဖတ်ပရိသတ်များသို့ အသိပေးအပ်ပါသည်



http://www.nayzawlin.com/ စာဖတ် ပရိတ်သတ်များသို့ အထူး အရေးပေါ် အသိပေး အပ်ပါသည်။ ကျွန်တော်ရဲ့အင်တာနက် စာမျက်နှာကို ယခု ဆိုက်လိပ်စာ ပြောင်းထား ပါသောကြောင့် http://www.nayzawlin.com/သို့ဝင်ရောက်ပါက မိမိ လိုချင်သော သိချင်သော အရာများ မရရှိပဲ ဖြစ်နေပါမည်။ သို့ဖြစ်ပါ၍ ယခုလက်ရှိ http://www.malaysiaonlineradiomedia.com/ ဖြင့် ဝင်ရောက်ကြပါရန် အသိပေး အပ်ပါသည်။ လေးစားလျှက် - နေဇော်လင်း ( မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)

Source by :http://www.nayzawlin.com/2012/08/blog-post_8385.html

Sunday, January 15, 2012

မလေးရှားမှ သူငယ်ချင်းများ ကျေးဇူးပြ၍ ကူညီပေးကြပါရန်



မလေးရှားမှ သူငယ်ချင်းများ ကျေးဇူးပြ၍ ကူညီပေးကြပါရန်

မောင်လေးရေ ....

အစ်မ အမျိုးသားရဲ့ ညီလေးက ၁၉၉၈ ခုနှစ်က တည်းက မလေးမှာ အလုပ်လုပ်ရင်း အဆက်အသွယ် မရတာ အခုထိဘာဘဲကွယ်။ အစ်မတို့ လည်းတတ်နိုင်သလောက် လက်လှမ်းမှီရာ မေးမြန်းပေမဲ့ ဘာမှ သတင်း အစ်မတို့ မရဘူးကွယ် .... မိသားစုတွေလည်း စိတ်ပူနေပါတယ်။

အခု အစ်မ သူ့ရဲ့ ဓါတ်ပုံနဲ့ ကိုယ်ရေးရာဇ၀င် အချို့ကို ပေးလိုက်ပါတယ်။ သေလား ရှင်လား မသိတော့ မိဘတွေမှာလည်း ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး မောင်လေးရဲ့ ဘလော့ဂ်ရော နီးစပ်ရာ ဝက်ဆိုက်တွေမှာ ကူညီတင်ပေး စေချင်ပါတယ်။




အမည် - လှဖုန်း (ခေါ်) ကိုကို
အဘ - ဦးလှသိန်း
အသက် - ယခုသက်ရှိထင်ရှား ရှိလျှင် ၄၇ နှစ်
နေရပ် - အမှတ်(၆) ဓမ်မိက၀တီလမ်း၊ စမ်းချောင်း ၊ ရန်ကုန်

ဆက်သွယ်ရန်

မခင်ခင်စိန်

khinsein2008@gmail.com

အထက်က ရေးထားသလိုပါပဲ စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများလည်း ဖော်ပြပါ ဦးလေးကို မြင်ဖူးတယ် တွေ့ဖူးတယ် ဆိုရင် ဆက်သွယ်ပြီး ကူညီပေးလိုက်ကြပါနော် ... သူငယ်ချင်းက စိတ်ကောင်းရှိပါတယ်။ သူတစ်ပါး အခက်အခဲ ဖြစ်နေတာ တတ်နိုင် သလောက် ကူညီ ပြောပြလိုက်ကြပါနော် ... ကျေးဇူးတင်ပါတယ်။



www.nayzawlin.com - www.nayzawlin1.net - www.nayzawlin1.org

အဝေးရောက် မြန်မာနိုင်ငံသားများ နှင့် မလေးရှားရောက် မြန်မာများ အတွက် အထူး ဝန်ဆောင်မှု ကူညီမှုဖြင့် ကျွန်တော်၏ ဆိုက်လေးတွင် ဘာသာရေးကိစ္စများ လူမှုရေး ကိစ္စများ အလုပ်အကိုင်ကိစ္စများ လူပျောက် ကြေငြာများ မိမိတို့ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စများ နှင့် မွေးနေ့ ဆုတောင်းများ မင်္ဂလာ ဆုတောင်းများ အမှတ်တရ သီချင်း တောင်းလို သူများ စီးပွားရေး လုပ်ငန်း ကြော်ငြာချက် လေးများကို မလေးရှားနိုင်ငံအတွင်းမှ သီးသန့် နေ့စဉ် လူဦးရေ 1352 နှင့် နိုင်ငံအားလုံး နေ့စဉ် ဝင်ရောက်ဖတ်ရှုနေသော ဦးရေ 4578 ရှိသော www.nayzawlin.com တွင် စေတနာဖြင့် အခမဲ့ ကူညီ ဖော်ပြ ထည့်ပေးလျှက် ရှိပါသည်။ ဆက်သွယ်ရန် - nzl@nayzawlin.com - nayzawlin1@gmail.com nayzawlin@nayzawlin1.net - Phone : 0 1 0 - 2 1 4 8 6 7 7 သို့ ဆက်သွယ် ပေးပို့ ကြော်ငြာ နိုင်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Wednesday, November 23, 2011

ဘိုင်ပင်ဂူ(ဂူပင်) ရွာလေးအတွက် စုပေါင်း ကူညီ ပေးကြပါ


Align Center
ကျွန်တော်သိခဲ့သော ဘိုင်ပင်ဂူ(ဂူပင်) ရွာလေး အကြောင်း ....

မနက်ခင်း တစ်ခုမှာပေါ့။ အွန်လိုင်းပေါ်တက်ရင်း “ဂိုင်းပင်ရွာ (ဂူပင်ရွာ) ဘုန်းတော်ကြီးသင်စာသင်ကျောင်း” ဆိုတဲ့ ပိုစ့်လေးကို ဆိုဒ်မှာတွေ့ ခဲ့ရတယ်ဗျ။ ပိုစ့်လေးကိုဖတ်ပြီး တော်တော်လေးလည်း စိတ်မကောင်းဖြစ် မိတယ်ဗျာ။ အဲ့ပိုစ့်လေး ဖတ်ပြီးပြီးချင်း ကတည်းက သွားလှူဖို့ ဆန္ဒကလည်း ထက်သန်ခဲ့တယ်။ ဒါပေမယ့် အထ မမြောက်သေးဘူး။

တစ်နေ့ကျတော့ ကျွန်တော် အဲ့သတင်းလေးကို ပို့ပေးတဲ့ ကိုဖိုးကျော်နဲ ဖုန်းအဆက် အသွယ်ရခဲ့တယ်။ ဘယ်တတ်နိုင် မလဲဗျာ။ ကျွန်တော်လည်း ကိုဖိုးကျော်ကို မေးမြန်းရတာပေါ့ဗျာ။ ကိုဖိုးကျော်ခမျာ လည်းသူတတ်နိုင်တဲ့ဖက်ကနေ လုပ်ပေး ရှာပါတယ်ဗျာ။ သူ့ အလုပ်တွေကြားထဲကနေ (၁၂.၁၁.၂၀၁၁) မှာ ကျွန်တော့်ကို ၈ မိုင် Lucky Seven မှာချိန်းတယ်ဗျ။ ဘိုင်ပင်ရွာလေးနဲ့  ပက်သက်ပြီး တော့ အောက်ပါ အတိုင်းရှင်းပြ ပေးခဲ့ပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြိုနယ်၊ မင်းကန်ကျေးရွာ အုပ်စုအတွင်းရှိ၊ တောစုကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ ရွာလေးနာမည်က ဘိုင်ပင် ရွာလေးဖြစ်ပါတယ်ဗျ။ခ ရီးစဉ်ကတော့ ကျွန်တော်တို့ ပထမဆုံးအနေဖြင့် မန္တလေးကိုသွားအဲ့ကမှကြာနီကန် လမ်းအတိုင်းသွားရပြီး တောစုရွာလေးကို ရောက်မှာဖြစ်ပါတယ်။



ကျွန်တော် အခုပြောမယ့် ဘိုင်ပင်ရွာလေး ကတော့ တောင်ပေါ်ဒေသ လေးပေါ့ဗျာ။ တောစု ကျေးရွာ လေးနဲ့ ဆို ၄မိုင်ကျော်ကျော် လောက်ဝေးပါတယ်။ တောင်ပေါ် ကိုကတော့ လမ်းလျှောက်တက် ရတာပါ။ ကိုဖိုးကျော်တို့ သွားတုန်း ကတော့ လှည်းတစ်တန် ကုန်းကြောင်း တစ်တန်(လမ်းလျှောက်ရတာကို) ပြောတာနော်။

အခု အချိန်တော့ တော်တော် အဆင်ပြေသွားပြီလို့ ပြောပါတယ်။ လမ်းခရီးကလည်း အရင်လို မခက်ခဲတော့ပါဘူး။ လွန်ခဲ့သော နှစ်နှစ် ကျော်ကဆို အဲ့ရွာက ကလေးတွေက စာသင်ခွင့်မရရှိခဲ့ကြပါဘူး။ ကျေးဇူးရှင် ၀ါးခင်းကုန်း ဆရာတော် ဦးတိက္ခ နဲ့ တောစုရွာ ကျောင်းအုပ်ကြီး ဦးကံလွင်တို့ ရဲ ကူညီဖေး မမှုကြောင့် ကလေးတွေကို စာသင်ပေး နိုင်ခဲ့တယ်ဗျ။



စိတ်မကောင်းဖြစ်မိတဲ့ တစ်ချက်က တော့ဗျာ။ အသက် ၁၂ နှစ်လောက်ရှိတဲ့ကျောင်းသူ၊ ကျောင်းသားလေး တွေက အခုမှ နှစ်တန်းစာကို သင်နေရတုန်းပဲရှိသေးတယ်တဲ့။ နောက်ပြီး စာသင်နေတဲ့ကလေးတစ်ချို့ ကအခုချိန်ထိ အစိုးရစာမေးပွဲကို ဖြေဆိုခွင့် မရသေးတာပါ။ ခေတ်စကားနဲ့ ပြောရရင် ဘက ကျောင်း အဖြစ် မပြောင်းလဲနိုင် သေးတာပါ။

အဲ့ကျောင်းလေးကို ဆရာတော်က ကျောင်းဆရာလေး တစ်ယောက်ကို လစာ ၂၀၀၀၀ ပေးပြီး ဒါနပြုဖို့ အကူအညီ တောင်းရာမှ ဆရာလေးက တောင်ပေါ် တောင်အောက် ၄ မိုင်ဝေးတဲ့ ခရီးကိုခေါက်တုန် ခေါက်ပြန်ခြေလျှင် တက်ဆင်းပြီး စာသင်ပေးနေတာပါ။

ကျွန်တော်တို့ တွေ တစ်သက်လုံး ပရဟိတလုပ်လာတာသူကို တော့မမှီသေးနိုင်ပါဘူး။သူ့ ရဲ့ ဇွဲလုံ့ လလေးကို တကယ်ပဲ လေးစားမိပါတယ်။ ဆရာတော်ရဲ့ သပိတ် ကတော့သူ့ အတွက် ထမင်းအိုးကြီးပါဗျာ။ ဆရာတော်က မိုးတွေရွာလို့ ဆွမ်းခံ မထွက်ဖြစ်ရင်တော့ ပဲပြုတ်လေးနဲ့ ဆားလေးနဲ စားရတာပေါ့ဗျာ။

ခက်တာက သူကလည်း ကျောင်းမပီးသေးဘူးလေ။ ကျောင်းတက်နေဆဲပေါ့ဗျာ။ ဆရာတော်ကလည်း ဒီလကုန်ရင် သူလည်း လစာပေးဖို့ မတတ်နိုင်တော့ဟု ပြောကြား ကြောင်းသိရသည်။ ကလေးတွေရဲ့ ပညာရေးက ရင်လေး စရာတွေပေါ့ဗျာ။ ဆရာတော် ဦးတိက္ခကလည်း ဘိုင်ပင်ဂူအနီးမှာရှိတဲ့ သဘာဝ လိုင်ဂူကြီးထဲမှာပဲ သီတင်းသုံးတာပါ။

ဂူအတွင်းမှာရှိတဲ့ ရှုခင်းကလည်း တကယ်ပဲအေးချမ်း သာယာလှပါတယ်။ ကိုယ်တိုင်မြင်ရရင် ပိုပြီးကြည်နူးမိမှာပါ။ ဘိုင်ပင်ဂူရွာလေးက ပညာလေးနဲ့ ပက်သက်ပြီးအခက်အခဲတင်မဟုတ်ဘူးနော်၊ အဓိကအရာ တစ်ခုဖြစ်တဲ့ ရေ အခက်အခဲ မှာလည်း ဆိုးရွားလှပါတယ်ဗျာ။ ဘိုင်ပင်ဂူရွာသူ၊ ရွာသားတွေဆိုရင် သဘာဝဂူကြီးနဲ့ တစ်မိုင်ခန့် ဝေးတဲ့ တောင်ကျစမ်းရေကိုသာ အဓိကအားကိုးနေရတာပေါ့ဗျာ။တချို့ ဆို ကိုဖိုးကျော်တို သွားတုန်းကဆို ရေတောင် မချိုးနိုင်ဘဲ ညစ်တီး ညစ်ပတ် သဘာဝ အလှလေးတွေနဲ့ တဲ့။



နောက်ပြီး ဆရာတော်တို့ ဆောက်ပေးထားတဲ့ စာသင်ဆောင်လေးကလည်း ချို့ တဲ့လှပါတယ်။ အခန်း ၂ ခန်း၊၃ ခန်းမြေစိုက်လေး၊ ထရံကာ၊ သက်ကယ်မိုးလေးနဲ့ ပါဗျာ။ ကျောင်းကိုလစာ ထောက်ပံ့မှုဖြင့် စာသင်ပေးနေတဲ့ ဆရာလေးနေဖို့ က အခန်း ၁ခန်း ပတ်လည်(ကင်းတဲပုံစံ)ထရံကာ၊၀ါးခင်း၊သက်ကယ်မိုး သုံးဘက်သာ ကာထားပြီး တံခါးပိတ် မပါတဲ့ အဆောင်လေးနဲ့ ပေါ့ဗျာ။တကယ်ပါဗျာ။ ရှိတာလေးနဲ့ဖြစ်သလိုလေး ကြိုးစားနေရတာပါဗျာ။

အခုလိုမျိုး မျှစ်ချိုး၊၀ါးခုတ်ပြီး ၀မ်းစာအတွက်အသည်းအသန်ရှာဖွေနေရပြီး ပညာရေးလမ်းကြောင်းတွေမှာ ဒုက္ခပင်လယ်တွေ ဝေနေတဲ့ သူတို့ရဲ့ ဘ၀လေးတွေကို လက်ပိုက်ပြီးကြည့်နေတော့ မှာလားဗျာ။ မိုးတွင်းဆို မိုးကရွာ ချမ်းကလည်းချမ်း မလုံမခြုံဖြစ်နေတဲ့ စာသင်ဆောင်လေးကိုရော မမွမ်းမံပေးချင်ဘူးလားဗျာ။ တစ်မိုင်လောက်ဝေးတဲ့နေရာကို ခက်ခက်ခဲခဲသွား ရေသွားခဲ့ပြီး ရေကိုတောင် လုံလုံလောက်လောက် မသုံးနိုင်တဲ့ သူတို့ ဘ၀လေးကိုရော မကူညီ ချင်ဘူးလားဗျာ။

ကျွန်တော်တကယ်ပဲ ၀မ်းနည်းမိတယ်ဗျာ ဒီစာလေးကိုရေးနေရင်းနဲ့ တောင်။ ဘိုင်ပင်ရွာမှာရှိတဲ့ ကျောင်းသူ၊ သားလေးတွေကိုရော အစိုးရ ကျောင်းမှာတက်ဖို့ အတွက်နဲ့ သူတို့ ရဲ့ အနာဂတ်လေးတွေ အတွက် အလင်းရောင် တွေရော မပေးချင်ဘူးလားဗျာ။ တတ်နိုင်ရင်ကူညီကြပါဗျာ။ ကျွန်တော်တစ်ကယ်ဖြစ်စေချင်တဲ့ ဆန္ဒကတော့ဗျာ ကျွန်တော်သိတဲ့ ပရဟိတအဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့မယ် ဒီအကြောင်းလေးကိုရှင်းပြမယ်။

အဲ့ရွာလေး ကိုရောက်ဖူးတဲ့ ကိုဖိုးကျော်ကို အကူအညီတောင်းပြီးပေါ့ဗျာ..ပြီးတော့ ဆိုဒ်အသီးသီးကနေ အလှူငွေတွေ ကောက်၊ ကျောင်းသုံးပစ္စည်း လေးတွေဝယ်၊ ရှိစုမှတ်စု သတင်းစာလေးတွေ၊ ရွှေသွေး လေးတွေသယ်၊ Unicef ကနေချပေးတဲ့ အခမဲ့ မြေစစ်အိုးလေး တွေတောင်း၊ ကိုယ်နဲ့ သိတဲ့ ဆရာဝန်လေးတွေပေါင်းပြီး၊ ကျန်းမာရေး အသိပညာ ပေးပွဲလေးတွေလုပ်၊ စာသင်ဆောင်လေးကိုလည်း၊ တတ်စွမ်း သလောက်လေးမွမ်းမံ၊ အခက်အခဲဖြစ်နေတဲ့ ရေဒုက္ခလေးရယ်ကို ကျွန်တော်တို ညီအစ်ကို မောင်နှမတွေ ကူညီလိုက် ရအောင်လားဗျာ။

နောက် တစ်ခုက ကျွန်တော်တို့  အနေနဲ့ ဘိုင်ပင်ဂူမှာ စာသင်ပေးဖို့ အတွက် ကျောင်း ဆရာ တစ်ယောက် ကိုသာအခြေ ကျကျ ခန့်အပ် ပေးနိုင်ရင် ဘိုင်ပင်ဂူရှိ ဘက ကျောင်းလေး မှာရှိတဲ့ ကျောင်းသား တွေဟာ အစိုးရ စာမေးပွဲ တွေကို ဖြေဆိုနိုင်မှာဖြစ်ပြီး သူတို့ရဲ့ အနာဂတ် ခရီးလမ်းမှာလည်း အရင်ကထက်ပိုပြီး ထွန်းလင်း တောက်ပ လာမှာ ကိုကြိုတင် မှန်းဆ တမ်းတပြီး ၀မ်းသာပီတိ ကျွန်တော်ဖြစ်မိ ပါတယ်ဗျာ။



စကားပုံတောင် ရှိသေးတာပဲ တစ်ယောက်အား နှင့်ယူသော်မရ တစ်သောင်းအား နှင့် ယူသော်ရဧ။် ဆိုတဲ့ဟာလေး။ ပရဟိတအဖွဲ့ တွေအများကြီးရှိတာပါဗျာ နာမည်လေး ပဲကွဲတာပါ။ အားလုံး စုစုစည်းစည်း လေးနဲ့ ထိထိရောက်ရောက် သွားပြီးကူညီလိုက်ကြရ အောင်လားဗျာ။

ကျွန်တော် ကတော့ဗျာ ကိုယ့်ထမင်း ကိုယ်စားပြီး သူများပြောရင်လည်း ခံမယ့်သူပါ။ မသန့် ရှင်းတဲ့ ရေတွေသောက် ရောဂါတွေရပြီး သောကတွေဝေ နေမယ့် အဖြစ်မျိုးတွေ၊မလုံမခြုံ စာသင်ဆောင်လေးမှာ တုန်တုန်ရီရီနဲ့ စာသင်နေရတဲ့ မြင်ကွင်းတွေ၊ ၀ါးခုတ်၊ မျှစ်ချိုးရင်းနဲ့ ပဲ တောထဲမှာ အဆုံးသတ်သွားရမယ့် ဘ၀တွေ သူတို့ ကိုတော့ မရစေချင်ဘူးဗျာ။

ဖြစ်နိုင်တော့ တတ်နိုင် သလောက်လေး ပါဝင်ကူညီကြပါလို့ ကျွန်တော်တို့ IT_Youth_Donation အဖွဲ့မှ အားလုံးကို ဖိတ်ခေါ်ပါတယ်ဗျာ။ လုပ်အားဖြင့် သော်၎င်း၊ ငွေအားဖြင့် သော်၎င်းပါဝင်ကူညီမည်ဆိုပါက Mail Account များကို Comment တွင်ရေးပေးကြပါရန် ပန်ကြားအပ်ပါတယ်ဗျာ။

ဘိုင်ပင်ဂူ စာသင်ကျောင်း
တည်နေရာ - မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြိုနယ်
မင်းကန်အုပ်စု ၊ တောစုကျေးရွာအနီး ၊ ဘိုင်ပင်ဂူရွာ။
တောင်ပေါ်ဒေသ လေးဖြစ်ပြီး၊ တောစုရွာနဲ့ လေးမိုင်အကွာတွင်ရှိ။

စတင်ဖြစ် ပေါ်လာပုံ - လွန်ခဲ့သောနှစ်နှစ်ခန့် က ဒေသ ရှိကလေးများ စာမသင်ကြားနိုင် ၊ တောစု ကျောင်းအုပ်ကြီး၊ ၀ါးခင်းကုန်း ဆရာတော်တို့ဧ။် ထောက်ပံ့မှုဖြင့် စာသင်ဆောင်လေး တစ်ဆောင်၊ ဆရာတော်မှ လစာပေးထောက်ပံ့ထားသော ကျောင်းဆရာလေး တစ်ယောက်သာရှိ။

လမ်းခရီးအခြေနေ - တောစုကျေးရွာအထိ ကားဖြင့်တိုက်ရိုက်သွားနိုင်ပြီး၊တောင်ပေါ်ကိုမူ လှည်း၊ဆိုင်ကယ် တို့ ဖြင့်သွားနိုင်၊ယခင်ကထက်ပိုမို ချောမွေ့ သောလမ်းခရီးဖြစ်။

လိုအပ်ချက်များ - စာသင်ဆောင်မကောင်း၊ ရေအခက်အခဲဖြစ် (ရွာနှင့် တစ်မိုင်ခန့် အကွာမှာ သွားခပ်ရ)၊ ကျောင်းဆရာ အခက်အခဲဖြစ်။ ကျောင်းသုံးပစ္စည်းများ၊ ခြင်ထောင်၊ အနွေးထည်၊ ရွှေသွေး၊သတင်းစာ၊ ဂျာနယ်၊ ဦးထုပ်၊ အ၀တ်အထည် အစရှိတာတွေ လိုအပ် လျှက်ရှိနေပါသည်။

ကျွန်တော်သိခဲ့သော ဘိုင်ပင်ဂူ(ဂူပင်) ရွာလေးအတွက် ကူညီချင်သူများ အသေးစိပ် မေးမြန်းနိုင်ပါတယ်။

*** ဆက်သွယ်ရန် ***

lwanpaishin@gmail.com
Phone-09 - 43136207
01 - 210800 (ဇေယျာဟု ခေါ်ပါ)

kaung42@gmail.com
Phone-0973083241

http://ityouthdonation.blogspot.com/
it.youth.donations@gmail.com

( မလေးရှားမှ အလှူရှင်များ အတွက်
မလေးရှား တာဝန်ခံ ဖြစ်တဲ့
www.nayzawlin1.com
nayzawlin1@gmail.com
nayzawlin@nayzawlin1.net
Ph: 010 2148 677
သို့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။)


www.nayzawlin1.com - www.nayzawlin1.net - www.nayzawlin1.org

Thursday, October 20, 2011

Buddha FM ရဲ့ ၀က်ဆိုက်အသစ်နဲ့ App တချို့ကို မိတ်ဆက်ပါပြီ

Buddha FM ရဲ့ ၀က်ဆိုက်အသစ်နဲ့ App တချို့ကို မိတ်ဆက်ပါပြီ


Buddha FM App ကို တရားဝင်ကြေညာလိုက်ပါပြီ။ အခုအချိန်ကစပြီး Buddha FM ကို Facebook မှာ တိုက်ရိုက် နားဆင်နိုင်ကြပါပြီ။ Facebook ကို Sign In မလုပ်ပဲ တိုက်ရိုက်လင့်နဲ့လည်း နားဆင်နိုင်သလို Sign In လုပ်ပြီးလဲ နားဆင်နိုင်ပါပြီ။ Buddha FM ဟာ အခုဆိုယင် ၀က်ဆိုက်အသစ်ကိုလည်း လွှင့်တင်လိုက်ပါပြီ။ လိပ်စာကတော့ www.buddhafm.tv ဖြစ်ပါတယ်။ မည်သည့် Software မှ အင်စတောလုပ်စရာမလိုပဲ Buddha FM ကို နားဆင်နိုင်ကြတော့မှာပါ။ လက်ရှိ Buddha FM လိုင်း ၃ လှိုင်း ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အသံလွှင့်သူနည်းပါးလာယင် Auto DJ လုပ်ဖို့ တစ်လှိုင်း ၀ယ်ယူထားသလို။ ကျန် ၂ လှိုင်းကို ပုံမှန်အတိုင်း ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ Buddha FM ဟာ ဆက်လက်ပြီး အိပ်မက်တွေ စိတ်ကူးတွေနဲ့ ပြည့်နေပါတယ်။ အဲ့ဒါတွေကတော့ မကြာမှီ auto song request system ကို အသုံးပြုသွားမှာ ဖြစ်သလို Buddha FM ကို Tricaster ၀ယ်ယူပြီးယင် တိုက်ရိုက်တီဗီ ထုတ်လွှင့်ပေးနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ အနာဂါတ် နှစ် ၂၀ အတွင်း မှာ မည်သူမှ ရေဒီယိုစက်တွေ၊ တယ်လီဗီးရှင်းစက်တွေ ကို အသုံးပြုကြတော့မှာ မဟုတ်ပါဘူး။ အင်တာနက်ကွန်နက်ရှင်းနဲ့ မိုဘိုင်းဖုန်းတစ်လုံးရှိယင် အရာရာ ဖန်တီးနိုင်တဲ့ ခေတ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Buddha FM က တဖြည်းဖြည်းနဲ့ ဦးတည်ရာကို အရောက်သွားနေမှာ ဖြစ်ပါတယ်။ Buddha FM ဟာ သီချင်း ရေဒီယိုဆိုက်တွေယှဉ်လိုက်ယင်တော့ စက္ကန့်တွင်း နားဆင်သူဦးရေဟာ ရာဂဏာန်းကို မရောက် ရှိသေးပါဘူး။ ပုထုဇဉ်လူသားပီပီ မကောင်းမှုတွေမှာ ပျော်မွေ့ကြတာကတော့ ဓမ္မတာပါပဲ။ ဒါပေမယ့် အခု ရက်ပိုင်း ပလေယာအသစ်နဲ့ ၀က်ဆိုက်အသစ်ကို စမ်းသပ်ကာလဆဲမှာ သီချင်းတွေကို သီးသန့်ထုတ်လွှင့်ပေးခဲ့ပါတယ်။ ၂၅၀ ယောက်အတွက်ပဲ ၀ယ်ယူထားတဲ့ လှိုင်းအသစ်ဟာ ၁၉၁ ထိကို ရောက်ခဲ့ပါတယ်။ Buddha FM ဟာ ဆက်လက်ပြီး Mobile/Smart Phone တွေအတွက် Application များ ရေးနေပါတယ်။ Buddha FM ကို Facebook ပေါ်မှာ နားဆင်မယ်ဆိုယင် ပုံမှာပြထားတဲ့အတိုင်း ဘယ်ဘက်ဆိုက်ဘားမှာ Buddha FM Radio Player ဆိုတာ ရှိပါတယ်။ ပထမဦးဆုံး Buddha FM Fan Page ကို သွားပါ။ မိမိအကောင့်ကို ၀င်ပါ။ လိပ်စာကတော့ http://www.facebook.com/buddhafm.radio ဖြစ်ပါတယ်။ နောက်တစ်ခုက မိမိအကောင့်ကို မ၀င်ပဲနဲ့လည်း တိုက်ရိုက်လင့်နဲ့ နားဆင်နိုင်ပါတယ်။ လိပ်စာကတော့ http://www.facebook.com/buddhafm.radio?sk=app_246130498771989 ဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်လျက်၊


အရှင်မေတ္တစာရ

Tuesday, October 4, 2011

မလေးရှားနိုင်ငံအတွင်း ကေအယ်လ် နှင့် ပီနန်မြို့များတွင် မြန်မာစာပေ ဟောပြောပွဲ အစီအစဉ်များ ကျင်းပမည်


ပုံပေါ်တွင် စာဖတ်လိုသော မိတ်ဆွေများ ကလစ်တစ်ချက်နှိပ်၍ ဖတ်နိုင်ကူးနိုင်ပါသည်။

နာရေးကူညီမှုအသင်း (ကေအယ်လ်) မှ ကြီးမှူးကျင်းပသော ၂၀၁၁ ခုနှစ်အတွက် ပထမအကြိမ် အဖြစ် မြန်မာစာပေ ဟောပြောပွဲကို မလေးရှားနိုင်ငံအတွင်း ကေအယ်လ် ၊ ပီနန် စသည့်နေရာများတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ပထမအကြိမ် မြန်မာစာပေဟောပြောပွဲ အတွက် ဖိတ်ကြားထားသော စာရေးဆရာများဖြစ်တဲ့ ဆရာနွမ်ဂျာသိုင်း မှ " စာရေးသူမှ စာဖတ်သူသို့ " ခေါင်းစဉ်ဖြင့် ဟောပြောပေးမှာ ဖြစ်ပြီး ဆရာ အကြည်တော် မှ " လမင်းဖမ်းပွဲ " ခေါင်းစဉ်ဖြင့် ဟောပြောပေးမှာ ဖြစ်ပါတယ်။ ဆရာမ သန်းမြင့်အောင်မှ" လူမှ ဘဝ ပရဟိတ နယ်ပယ် "ဆိုတဲ့ စာပေခေါင်းစဉ်ဖြင့် ဟောပြော သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

စာပေဟောပြောပွဲ အစီအစဉ်များကို အောက်ပါ အစီအစဉ် အတိုင်း ကျင်းပ ပြုလုပ်သွားပါမည်။

(ကေအယ်လ်)

နေ့ရက်
၁၁.၁၂.၂၀၁၁ (တနင်္ဂနွေနေ့ )

အချိန်
နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီ အထိ

နေရာ
SM ကုန်တိုက် (၆)လွှာ
ကိုတာရာယာ ဘေးအဆောက်အဦး

(ပီနန်မြို့)

နေ့ရက် = ၁၈.၁၂.၂၀၁၁ (တနင်္ဂနွေနေ့ )
အချိန် = နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီ အထိ
နေရာ = ဓမ္ဓိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်း


မြန်မာစာပေ ဟောပြောပွဲအစဉ်များ နှင့် ပက်သက်၍ ဆက်သွယ်စုံစမ်းလိုပါက အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ကေအယ်လ် စာပေဟောပြောပွဲ အတွက် ဆယ်သွယ်ရန်

ဦးမျိုးပိုင်
016, 2727 044

ကိုသက်
017, 2838 470

ကိုဆန်းမင်းဦး
016, 3687 939

ကိုစိုးမိုးအောင်
010,8343 475

ကိုအော်စကာ
016,6738 398

ကိုစိုးဝင်း
016, 6938 766

သတင်းကွန်ယက်
016,6598 531


ပီနန် စာပေဟောပြောပွဲ အတွက် ဆက်သွယ်ရန်


ကိုထွန်းရီ
016,4640 784
(အမေ့ရင်သွေး တေးဂီတ)


ဦးပေါ်ဦး
012, 5152 439
(အောင်သပြေ စားသောက်ဆိုင်)


ကိုဇော်နိုင်
012,5195 283
(အောင်သပြေ စားသောက်ဆိုင်)


ကိုနန္ဒ
017, 4667 281

ကိုဆန်း
012,4450 099
(အမေ့ရင်သွေး တေးဂီတ)

ကိုရဲ
012,5173 457
(မိုးသောက်နေ စတိုးနှင့် စားသောက်ဆိုင်)

ကိုဆန်းလွင်
(အောင်သဖူ စားသောက်ဆိုင်)


Source by : www.nayzawlin1.com - www.nayzawlin1.org- www.nayzawlin1.net

Sunday, September 18, 2011

မလေးရှားနိုင်ငံ အတွင်း ဆရာတော် ဦးသုမင်္ဂလ ၏ တရားပွဲ အစီအစဉ်များ



မင်္ဂလာတိုက် ဒယ်အိုးဆရာတော်

ဆရာတော် ဦးသုမင်္ဂလ ၏

ဒုတိယ အကြိမ်မြောက် ဓမ္မဒါန တရားပွဲ

ကိုမြစိုး - မခင်မေကျော်
( ရွှေကမ္ဘာ စတိုး နှင့် စားသောက်ဆိုင် )

ကိုစည်သူ - မနန္နာ

Star Treader Employment Agency

တို့မှ ကြီးမှူး ကျင်းပသည့်

မလေးရှားနိုင်ငံ အတွင်း တရားပွဲ အစီအစဉ်များ

၂၁.၉.၂၀၁၁ ည (၇) နာရီမှ (၁၀) ဂျိုဟိုး Dewan TamanSri Tebru Hall ရွှေကမ္ဘာ အနောက်ဖက် EON Bank မျက်စောင်းထိုး - ဆက်သွယ်ရန် - ကိုကျော်မင်း ၊ ရွှေကမ္ဘာ (၂) ၀၇-၃၃၅၉ ၄၂၄ - ၀၁၂ - ၂၄၆၈ ၅၉၃ ကိုရာဇာဝင်း - ရွှေကမ္ဘာ (၃) ၀၇-၅၉၈၇ ၄၆၉ - ၀၁၂ ၉၃၅၈ ၃၄၂

၂၂.၉.၂၀၁၁ ည (၇) နာရီမှ (၁၀) နာရီ ( ကွမ်တန်း) Persatuan eng choon Kuantan NO 1/68 Jalan Bukit Ubi /25200 Kuantan - ဆက်သွယ်ရန် - ကိုသက် (ကြယ်သုံးစင်း စတိုး) ၀၁၆-၉၄၀၉ ၀၄၆ - မဥမ္မာ ၀၁၇-၉၃၂၈ ၃၂၅

၂၃ ၉ ၂၀၁၁ ည (၇) နာရီမှ (၁၀) နာ၇ီ(အီပို့) နယူးဝေါလ်ကုန်တိုက် (ပ)ထပ် The Store ကုန်တိုက်ရှေ့ (အောင်မန္တလာစတိုး) အပေါ်- ဆက်သွယ်ရန် - ကိုနေမျိုး (၀၁၂ ၄၆၄၇ ၈၇၅) ယုယုကျော် (၀၁၇ ၅၇၄၀ ၇၅၇) ကိုကျော်ကျော်(၀၁၆ ၅၄၉၀ ၄၇၇)

၂၄ ၉ ၂၀၁၁ ည (၇) နာရီမှ (၁၀) နာ၇ီ (ပီနန်း) ဓမ္မိကာရာဘုန်းကြီးကျောင်း- ဆက်သွယ်ရန် - ကိုမြကြီး (နာရေးကူညီမှုအသင်း) ၀၁၀ ၅၀၀၀၀ ၆၅ ကိုမျိုးခင် (၀၁၂ ၅၆၆ ၉၂၇)

၂၅ ၉ ၂၀၁၁ နေ့လည်(၃)နာရီမှ ညနေ (၆)နာ၇ီ(ကွာလာလမ်ပူ) တရုတ်တန်းအပေါ်ဖက် (ယခင်စတိတ်ရှိုးပွဲများ ကျင်းပရာ) Chin Woo ခန်းမ

ဆက်သွယ်ရန် - (ရွှေကမ္ဘာစတိုး-၁)၀၃-၂၀၈၇ ၂၃၇၉ ၊ မနန္နာ ၀၁၆-၆၇၇၀ ၃၇၀ မခင်မေကျော် - ၀၁၂-၆၅၉၈ ၉၆၉

အထက်ဖော်ပြပါ ဖုန်းနံပတ်များတရားပွဲ ကျင်းပရာ နေရာအလိုက် တရားပွဲအစီအစဉ်များ နှင့် ပက်သက်ပြီး အသေးစိပ် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Saturday, August 20, 2011

အဖြူရောင်နတ်သမီး (နမ်းမ၀) ပတ်သက်သူများအတွက် အရေးပေါ်


white: သဘောပေါက်လား
6:25 PM နမ်းမဝ ဆိုပြီး လင့်ပို့ရင်မဖွင့်ဖို့နဲ့ နမ်းမဝ မဟုတ်ပါကြောင်း
နမ်းမဝ FB အကောင့်ကို block လုပ်ပေးစေကြောင်းလေး
ရေးပေးပါကွယ်
ကူညီပါ
6:26 PM me: တင်လိုက်ပြီ
white: အိုကေ
ကျေးဇူး
မနိုင်းတို့
6:27 PM မချောတို့ထိမှာဆိုးလို့
း(
6:28 PM me: အိုကေပါ
အခုတင်ပေးပါ့မယ်
6:31 PM white: ငါ့ကို မဟုတ်တာတွေ ရေးထားတယ်ဆို
သူတို့က
ရက်စက်လိုက်ကြတာ
း(

သတိထားသင့်သူများက သတိထားပြီး ခဏ ဘလော့ခ်(Block) လုပ်ထားပြီး၊ တတ်နိုင်သူများ တတ်သိသူများက နတ်သမီးနှင့် အပေါင်းအပါများအား ကယ်တင်ပေးကြပါဗျာ.. ကျွန်တော်ကတော့ အိုင်တီ သူငယ်တန်းတောင် ၀င်ခွင့်မအောင်တဲ့ ကောင်မို့ နကန်းတစ်လုံး မသိသူပါ ..သူက တင်ပေးဆိုလို့သာ တင်ပေးရတာ ဘာတွေဖြစ်ပြီး ကိုယ်လဲ ဘာတွေ ဒုက္ခရောက်ဦးမလဲ မသိ။

Thursday, August 18, 2011

သိသလောက်သာ ပြောပါမည်။



http://klews.net/maps/2009/12/08/kl-football-stadium/

http://maps.google.com.my/maps?hl=en&biw=1280&bih=620&q=stadium+bola+sepak+kuala+lumpur+cheras&gs_sm=c&gs_upl=2700l3203l5l5369l2l2l0l0l0l0l240l468l2-2l2l0&um=1&ie=UTF-8&sa=N&tab=वल

ယခုတစ်လော မလေးရှားမှာ ပါမစ်များ တရားဝင်ပြန်ဖြစ်ရေးကို လူဝင်မှုကြီးကြပ်ရေးက နိုင်ငံပိုင်သတင်းစာ မှရော မီဒီယာ များမှပါ ကြေငြာ ထားတာကို မလေးရှားရောက် မြန်မာနိုင်ငံသား အလုပ်သမားများ အားလုံးလဲ သိလောက်ပါပြီ။ အခု ပြောပြချင်တာလေးကတော့ အဆင်မပြေ၍ တစ်ဝမ်းတစ်ခါး ရေကြည်ရာမြက်နုရာမှာ မိဝေးဖဝေးဖြင့် လာရောက် ၀မ်းစာရှာနေကြ သော ညီအစ်ကို မောင်နှမ များအား စေတနာရှေ့ထား ပြောပြချင်တာပါ။

တရားဝင် ပါမစ် မရှိသူတွေကတော့ နှိပ်လိုက်တဲ့ လက်ဗွေ၊ ပေးလိုက်ရတဲ့ ပိုက်ဆံ တစ်ရုံးရုံးနဲ့ သောက်သောက်လဲ ပါပဲ။ တစ်ကယ်တော့ မလေးရှားရောက်နေတဲ့ မြန်မာလုပ်သားများနှင့် အခြားနိုင်ငံမှ သူများအားလုံးဆိုလျှင် မလေးရှား လ၀က မှလည်း အားလုံးကို အချိန်မှီ မှတ်တမ်းယူရန်၊ အထောက်အထား ထုတ်ပေးရန် အဆင်မပြေလှပါ ။အခြား နိုင်ငံသားများကိုတော့ ယခုရေးမည့် အကြောင်းအရာတွင် ချန်လှပ်ထားခဲ့ပါရစေ။ မြန်မာ ပြည်သားများအတွက်သာ အထူးရည်ညွန်းလိုပါသည်။ ထို့ကြောင့် မြန်မာ အေးဂျင့်များမှ
မလေးရှား လ၀က ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသားများကို ၀န်ဆောင်မှု ပေးပါသည်။ ဂျာနယ်များ စာစောင်များတွင်တော့ မလေးရှား လူဝင်မှု ကြီးကြပ်ရေးမှ လာရောက် တပ်ဆင်ပေးသော လက်ဗွေနှိပ်စက်၊ ခွင့်ပြုထားသော အခြား လုပ်ပိုင်ခွင့်များ (သူဌေးမရှိသူများအား လက်ဗွေနှိပ်၍ မှတ်တမ်းတင်ခြင်း၊ ပါမစ်မကျမှီ သုံးလ ယာယီ အလုပ်လုပ်ခွင့် ရရန် အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးခြင်း၊နိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားပေးခြင်း) စသည် စသည် ဖြင့် ၀န်ဆောင်မှု ပေးကြပါသည်။

ကုန်ကျစားရိတ်များ၏ အသေးစိတ်ကို ၀န်ဆောင်မှုပေးသူများက ဇယားကွက်များဖြင့် ဂျာနယ်များတွင် ရှင်းလင်းဖော်ပြပေးထားသည်မှ အလွန်ပင် ကျေးဇူးတင်စရာကောင်းလှပေသည်။ ဥပမာ ကျွန်တော်တို့လို မလေးရှားကို ထွက်လာပြီး နှစ်ရှည်ကြာသည့်တိုင် ပါမစ်ကိစ္စ ၊ စာအုပ်ကိစ္စ ၊ လဲဗီးကြေး၊ အခွန် စသည်တို့အား နကန်းတစ်လုံး နားမလည်သူများအတွက် အဆင်ပြေသင့်လျော်လှပါသည်။

ဝန်ဆောင်မှု ပေးသူများမှ ၀န်ဆောင်ခ အဖြစ် တန်ရာတန်ကြေးယူကြပါသည်။ သို့သော် ကျွန်တော် ယခု ပြောပြလိုသည်မှာ လက်ဗွေနှိပ်ခြင်း၊အထွေထွေဝန်ဆောင်ခ၊ လဲဗီး၊ Insurance၊ဆေးစစ်၊ Compound ၊ ပါတ်စ်ပို့ အသစ် စသည့် ကုန်ကျစားရိတ်များထဲမှ “အထွေထွေ ၀န်ဆောင်ခ”အတွက် ဖြစ်ပါသည်။ အထက်က တင်ပြခဲ့သလို ကျွန်တော်လို မသိနားမလည်သူများအတွက်တော့ အထွေထွေ ၀န်ဆောင်ခ အဖြစ် ရင်းဂစ် ၃၀၀ သည် ထိုက်တန်သော ပေးဆပ်ခြင်းဖြစ်ပါသည်။ သို့သော် ဘာသာစကားလည်း ကျွမ်းကျင်စွာ ပြောတတ်၊ လည်လည်ဝယ်ဝယ်လည်း သွားတတ်လာတတ်၊ ပြောရဲဆိုရဲလည်းရှိသော အစ်ကိုအစ်မများအတွက် ၀န်ဆောင်ခ ကို သက်သာစေရန် စေတနာ ရည်သန်ပါသည်။ (သူများ ထမင်းအိုး ထုတ်နှင့်ထိုးရန်တော့ စိတ်ထဲတွင် အလျဉ်းမရှိပါချေ။)

အချို့သော သူများသည် စာအုပ်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တရားဝင်ပါမစ်မရှိကြတော့ပါ။ ထိုကဲ့သို့ သောအစ်ကို အစ်မ၊ ညီငယ် ၊ ညီမငယ် တို့အတွက် သိခဲ့ရသော ငွေကုန်ကြေးကျ သက်သာစေမည့် နည်းလမ်းလေးကို မျှဝေလိုပါသည်။ ၄င်းမှာ အခြားမဟုတ်။ယခင်က ပါမစ်ရှိသူများရော၊ မရှိသူများပါ မလေးရှား လူဝင်မှု ကြီးကြပ်ရေးရုံးတွင် သွားရောက်မှတ်ပုံတင်နိုင်ပါသည်။ ယခုကား မည်သို့သော အကြောင်းကိစ္စကြောင့် ဟု(ကျွန်တော်) သေချာစွာမသိပါ။ယင်း ၀န်ဆောင်မှုအား လ၀က ရုံးတွင်မဟုတ်တော့ပဲ ဘောလုံးကွင်းတွင် ယာယီရုံးဖွင့်ပြီးဆောင်ရွက်ပေးပါသည်။ နေရာ ကျယ်ဝန်းသည်၊ လွတ်လပ်စွာ ထိုင်စောင့်နိုင်သည်၊ လက်ဗွေနှိပ်ခြင်း အမှု ကို သီးသန့်ဆောင်ရွက်နိုင်သည်။ မနက်ကိုးနာရီမှ ည ဆယ်နာရီလောက်အထိ အသုတ်ခွဲ၍ ဆောင်ရွက်ပေးနေပါသည်။

ပါမစ်အမှန်ရှိသူများသည် ငွေကုန်ကြေးကျ တစ်ပြားတစ်ချပ်မျှ မပေးရပါ။ ပါမစ်မရှိသူများကတော့ Form ဖြည့်ရပါမည်။ ၄င်း ရုံး၏ အရှေ့တွင်ပင် ၀န်ဆောင်မှုပေးပါသည်၊ ကုန်ကျငွေ ရင်းဂစ် ၃၅ မျှသာ။ သူဌေးသို့မဟုတ် ကိုယ်စားလှယ် ပါရပါမည်။ ယင်းနှစ်မျိုးအနက်မှ ကျွန်တော်သိသော တရားဝင် ပါမစ်သမားများ အတွက် လိုအပ်သည်များကို ပြောပြပါမည်။ လုပ်ဆောင်မှု အဆင့်ဆင့်မှာ သူဌေး(သို့) ကိုယ်စားလှယ်မှ တန်းစီ၍ အထောက်အထား စာရွက်စာတမ်းများ ပြပြီး တိုကင်နံပါတ်ယူရပါမည်။ ယင်းနောက် မိမိနံပါတ် ခေါ်သော အခါတွင် အလုပ်သမား ဘယ်နှစ်ယောက်ဟု တစ်ခါတည်းပြောပြီး ၊ ငါးယောက် ဖြစ်စေ ဆယ်ယောက်ဖြစ်စေ တစ်ခါတည်း ၀င်ရုံသာဖြစ်ပါသည်။ ကျွန်ပျူတာရှေ့တွင် လက်ဗွေ နှိပ်မည့် သူများမှ တစ်ယောက်ချင်းရှေ့နောက် တန်းစီ ထိုင်နေယုံသာဖြစ်သည်။ မိမိ ပါတ်စပို့စ် စာအုပ်ကိုလက်ဝယ် ကိုင်ထားပါ။ မိမိအလှည့်ရောက်လျှင် စာအုပ်ပေး၊ ငြိမ်ငြိမ် မတ်မတ်ထိုင်ရုံမျှသာ၊ (မိမိရှေ့ရှိ ကွန်ပျူတာနှင့် ဆက်သွယ်ထားသော ကင်မရာ အသေးစား (Web Camera ) ဖြင့် တာဝန်ကျသူမှ မှတ်တမ်းတင်ပါသည် ၊ ယင်းနောက် ဘယ်ဖက်လက်လေးချာင်း (လက်မ မပါ) စကင်န် ဖတ်စက်ပေါ်တင် ၊ အသံမြည်၊ ညာလက်ပြောင်း၊ ဘယ်ဖက်နှင့် ညာဖက် လက်မနှစ်ချောင်း တစ်ပြိုင်တည်းတင် ၊ အသံမြည်၊ စုစုပေါင်း သုံးမိနစ်လောက်မျှသာ ကြာပါသည် ၊ ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးရန်မလိုပါ၊ “ လာဘ်ပေး ရန်မလို” စာတန်းများ မမြင်မိပါ။

ယခု ယာယီ ဖွင့်လှစ်ပေးထားသော မလေးရှား လ၀က ၏ လက်ဗွေနှိပ်ရန်ရုံးနေရာမှာ

Stadium Bolasepak Kuala Lumpur, Cheras

သူတစ်ပါး ထမင်းအိုးကို တုတ်ဖြင့်ထိုးရန် မရည်ရွယ်သလို၊ မကုန်ကျသင့်သည်ကို ကုန်ကျမည်ကိုလည်း မြန်မာအချင်းချင်း ရိုင်းပင်းသည့် သဘောဖြင့်သာ မျှဝေခြင်း ဖြစ်ပါသည်။ လွဲချော်မှုများ ရှိပါက နားလည်ပေးကြပါရန်။ သည်နေ့မှ ဖုန်းက ကျန်ခဲ့သဖြင့် မှတ်တမ်းတင်ရန် အဆင်မပြေခဲ့သဖြင့် ဓါတ်ပုံများကို Google မှ ကူးယူထားပါသည်။
မိုးယံ

Friday, July 15, 2011

မလေးရှားရောက် မြန်မာဗုဒ္ဓဘာသာဝင်များအတွက် တရားတော်နာ ဖိတ်ကြားလွှာ ....

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgau2PKHO8EXZwyZDpJkutxHzbgy88mk07rDVScaRsFH6R0m075pkjr6ja07dS_LSZgquCYGdn-HZWVZ0KwviWbwIhUMjZbEqFcR3nA-BPdheaAdLS2fUwNp6i2CpUHWARgTDKiLuk3Q984/s400/BuddhistFlag.jpg

ကမ္ဘာဗုဒ္ဓသာသနာပြု မိုးကုတ်ဓမ္မကထိက ကမ္မဋ္ဌာနစရိယ

(ရွှေသိဒ္ဓိအောင်)

အပ်ချည်မျှင် ဆရာတော် အရှင်ဝိမလဝံသ

၏ တရားပွဲ ဖိတ်ကြားလွှာ

(ကေအယ်လ်) နာရေးကူညီမှုအသင်းကြီးမှ ကြီးမှူးကျင်းပသော

(ပထမအကြိမ်) တရားသဘင်


မလေးရှားနိုင်ငံရောက် ဗုဒ္ဓဘာသာဝင် ရွှေမြန်မာများ အပေါင်းတို့ခင်ဗျား ... (ကေအယ်လ်) နာရေးကူညီမှုအသင်းကြီးမှ ကြီးမှူး၍ တရားပွဲအလှူ ၊ ဒါယိကာ ဒါယိကာမများဖြစ်ကြသော ကိုသိန်းလင်း + မသီတာ (သီရိစံ စတိုးနှင့် စားသောက်ဆိုင်) တို့မှ ရတနာသုံးပါး ဦးထိပ်ထား လှူဒါန်းပူဇော် ကျင်းပတော်မူသော ကမ္ဘာဗုဒ္ဓသာသနာပြု မိုးကုတ်ဓမ္မကထိက ကမ္မဋ္ဌာနစရိယ (ရွှေသိဒ္ဓိအောင်) အပ်ချည်မျှင်ဆရာတော် အရှင်ဝိမလဝံသ ဟောကြားတော်မူမည့် " ဆုံးမသြဝါဒ တရားအနှစ်ချုပ် " တရားပွဲသို့ တရားတော်နာ ကြွရောက်တော်မူကြပါရန် နိဗ္ဗန်အကျိုးမျှော်၍ နှိုးဆော် ဖိတ်မံတက ပြုလိုက်ပါတယ်။

" တရားပွဲ အစီအစဉ် "

နေ့ရက် ။ ။ 17.7.2011 (တနင်္ဂနွေနေ့)
အချိန် ။ ။ နေ့လည် ( ၁၂း၀၀) နာရီမှ ညနေ ( ၅း၀၀ ) အထိ
နေရာ ။ ။ SM ကုန်တိုက် (၆လွှာ) ကိုတာရာယာဘေး အဆောက်အဦး

" တရားပွဲ ဖြစ်မြောက်ရေး ကော်မတီ "

အောက်ပါ ဖုန်းနံပတ်များသို့ အသေးစိပ် အစီအစဉ်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

1 : ဦးမျိုးပိုင် - 016 2727 044
2 : ကိုသက် - 017 2838 470
3 : ကိုကျော်သူ - 012 3653 130
4 : ကိုသက်နိုင်စိုး - 016 2471 397
5 : ကိုဆန်းမင်းဦး - 016 3678 939
6 : ကိုစိုးမိုးအောင် - 012 2766 809
7 : ကိုစိုးဝင်း - 016 6938 766
8 : ကိုသိန်းလင်း - 012 2436 625
9 : မသီတာ - 016 3984 719
10 : ကိုပြည့်စုံအောင် - 010 2667 513


မလေးရှားရောက် မြန်မာများအတွက်
မလေးရှားမှ သတင်းများနှင့် ဗဟုသုတများကို
ဤနေရာတွင် ဝင်ရောက် ဖတ်နိုင်ပါသည်။


www.nayzawlin1.com
www.nayzawlin1.org

Tuesday, March 22, 2011

ဘလော့ဂ်ဂါ စကားဝိုင်း

ဘလော့ဂ်ဂါ စကားဝိုင်းမှ သူငယ်ချင်းအပေါင်းအသင်းအားလုံးကို ကြိုဆိုပါတယ်ခင်ဗျာ …. ။ ကျွန်တော်တို့ ဘလော့ဂ်ဂါ စကားဝိုင်းလေးက ဘလော့ဂ်ဂါ တွေတင်မဟုတ်ပါဘူး အွန်လိုင်းပေါ်မှာရှိတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေအားလုံး လွတ်လွတ်လပ်လပ်နဲ့ ဆွေးနွေးပြောဆိုနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ် ။ ကျွန်တော်တို့ရဲ့ ညီအစ်ကို ဘလော့ဂ်ဂါ တွေရော အွန်လိုင်းမှ သူငယ်ချင်းတွေရော ဒီနေရာလေးမှာ နည်းပညာပိုင်း ၊ စာပေ ၊ ရသ ၊ အနုပညာ ၊ လူမှုဘ၀ အစရှိတဲ့ ပုံစံမျိုးစုံ ဆွေးနွေးချက်မျိုးစုံတို့ကို လွတ်လပ်စွာ ဆွေးနွေးတိုင်ပင် ကြရင်း ဘလော့ဂ်ဂါ များသာမက အွန်လိုင်းပေါ်က သူငယ်ချင်းများ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးပြီး နွေးထွေးတဲ့ လူမှုကွန်ယက်လေးတစ်ခုကို ဖေါ်ဆောင်ချင်တဲ့ စိတ်ကူးတစ်ခုတည်းနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ် ။ ကျွန်တော်တို့ ဘလော့ဂ်ဂါ စကားဝိုင်းမှာ တစ်ခြားပိုစ့်တွေတင်မည် မဟုတ်ပဲ … ဆွေးနွေးလိုသူများ တောင်းဆိုသော ခေါင်းစဉ်များဖြင့် ပို့စ် များတည်ဆောက်ပြီး ကွန့်မန့်များတွင် ဆွေးနွေးတိုင်ပင်သည့် ပုံစံမျိုးဖြင့် ကျွန်တော်တို့ စကားဝိုင်းလေးကို အသက်သွင်းဖို့စီစဉ်ထားပါတယ် … ။ ဒီဆိုက်လေးမှာ ကျွန်တော် အပါအ၀င် ဒီဆိုက်အတွက် ပါဝင်ကူညီသူများက ဆိုက်ပြင်ဆင်မွန်းမံ သူများအနေနဲ့သာ တည်ရှိနေမှာဖြစ်ပြီး ဆွေးနွေးသည့်ခေါင်းစဉ်များ … ဆွေးနွေးလိုသည့် အကြောင်းအရာများအားလုံးမှာ လွတ်လပ်စွာတည်ရှိနေမှာ ဖြစ်ပါတယ် …. ။ ဆွေးနွေးပြောဆိုရာတွင်လည်း တစ်ဦးတစ်ယောက်တည်းမှ ဒိုင်ခံ ဖြေရှင်းပြောဆိုချင်းမျိုးမဟုတ်ပဲ တစ်ယောက်နှင့်တစ်ယောက် အသိပညာ မျှဝေတဲ့ပုံစံမျိုးနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးလိုသည့် ခေါင်းစဉ်(သို့) အကြောင်းအရာများကို “ဆွေးနွေးလိုသည့် အကြောင်းအရာများ” ဆိုသည့် ပိုစ့် အောက်မှ ကွန်မန့် မန့်ရန်နေရာတွင် ရေးသားခဲ့နိုင်ပါသည် ။ သူငယ်ချင်းတို့ ဖွင့်လှစ်တောင်းဆိုသော ဆွေးနွေးသည့်ခေါင်းစဉ်များကို တောင်းဆိုသူ (သို့)ဆွေးနွေးချက် ဖွင့်လှစ်သူ၏ နာမည်ဖြင့် ဆွေးနွေးချက်ပိုစ့်များကို တင်ပေးမှာဖြစ်ပါတယ် ။ဘလော့ဂ်ဂါ စကားဝိုင်း ၀ိုင်းတော်သားများမှ အထူးမေတ္တာရပ်ခံလိုသည်မှာ ဆွေးနွေးပြောကြားရာတွင် ဆဲဆိုရိုင်းပြခြင်းများကို လုံးဝ(လုံးဝ) မပြုလုပ်ရန်ပဲ ဖြစ်ပါတယ် ။ မိမိသိသော အတတ်ပညာ ၊ အသိပညာ ၊ အတွေးအခေါ် များကို သူတစ်ပါးအား ပြန်လည်မျှဝေ ဆွေးနွေးရင်းဖြင့် ကျွန်တော်တို့ရဲ့ ဘလော့ဂ်ဂါ စကားဝိုင်းလေးကို စတင် အသက်သွင်းကြရအောင်ဗျာ …….။


သူငယ်ချင်း ညီအစ်ကိုအားလုံး မင်္ဂလာပါခင်ဗျာ .... သူငယ်ချင်းတို့ဆွေးနွေးပြောဆိုလိုသော နည်းပညာ ၊ ကဗျာ ၊ စာပေ ၊ ရသ ၊ လူမှုဘ၀ အစုံအလင်တို့ကို ဒီပို့ အောက်တွင်ပါသော ကွန်မန့် ရေးရန်နေရာတွင် ရေးသားပြီး ဆွေးနွေးချက် ပိုစ့် အသစ်များကို ဖွင့်လှစ်နိုင်ပါပြီ ။ သူငယ်ချင်းတို့ ဖွင့်လစ်လိုသော ဆွေးနွေးချက် အကြောင်းအရာများကို အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးချက် ပိုစ့်များအဖြစ် ကျွန်တော်တို့ ၀ိုင်းတော်သားများမှ ပြန်တင်ပေးမှာ ဖြစ်ပါတယ် ။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ချက်ခြင်း မတင်ပေးနိုင်ခဲ့လျှင် အနည်းငယ်သည်းခံပေးပါရန်နှင့် ဖွင့်လှစ်လိုသော ဆွေးနွေးချက်များကို အမြန်ဆုံး တင်ပေးနိုင်အောင် ကြိုးစားသွားပါ့မယ်ခင်ဗျာ ။ သူငယ်ချင်းအားလုံး ပျော်ရွှင်နိုင်ပါစေ ။


http://blogger-discuss.blogspot.com/



Saturday, February 26, 2011

အရေးကြီးပါသည် ဆက်လက်ဖြန့်ဝေပေးကြပါရန်

> အရေးကြီးပါသည် ဆက်လက်ဖြန့်ဝေပေးကြပါရန်။ သူငယ်ချင်းတို့အကောင့်ကို
> knaniar@gmail.com ဆိုသောအကောင့် လာအပ်ခဲ့မည်ဆိုပါက
> လုံးဝလက်ခံခြင်းမပြုကြပါနှင့်..
ထိုအကောင့်မှာ မြန်မာနိင်ငံ
> ရှိသမီးပျိုလေးများကို မှောင်ခိုတင်သွင်းနေသော အဖွဲ့တစ်ခုမှ
> အကာင့်တစ်ခုဖြစ်ကြောင်း..သိရှိထားပါသည်..ကျေးဇူးပြုပြီး
> ယခုမေးလ်(Mail)လေးကို ဆက်လကိဖြန့်ဝေပေးစေ ချင်ပါသည်

လိုအပ်မယ်ထင်လို့ သိသိခြင်းမျှဝေခြင်းဖြစ်ပါတယ်.
http://www.sbsangpi.com ဆိုဒ်မှပြန်လည်ဖြန့်ဝေသည်။

Monday, January 31, 2011

မင်းဒင်ရဲ့ သက်ခိုင်ရှာပုံတော်




တစ်လလုံးစာအတွက် စာရင်းတွေချုပ်၊ အချောသတ်ပြီးသကာလ ပရင့်ထုတ် စာအုပ်ချုပ်မယ့် အဆင့်ရောက်အောင် အပေါက်ဖောက် အဖုံးပါအဆင့်သင့်လုပ်ပြီး အထက်လူကြီးကိုအပ်ခဲ့တယ်၊ မနက်ဖြန် ကမ္ဘာကျော်မိုးယံ အနားယူမယ်။ အရေးကြီးရင် ဖုန်းဆက်လိုက်ပါ၊ ရောက်ရာအရပ်က သာဓုခေါ်.. အဲ... ဟုတ်ပေါင် အမြန်လာခဲ့မယ်လို့။ဒီလို ဒီလို ဟိုယောင်ဒီကြောင်နဲ့ အိပ်ယာဝင်နောက်ကျသွားတယ်။ ရှင်းတယ်လေ စောစောအိပ်ရင်တောင် နေဖင်ထိုးမှ ထတဲ့ကောင်က အိပ်ယာဝင်နောက်ကျတော့ မနက် ဆယ့်တစ်နာရီခွဲမှနိုးတယ်။ ကမန်းကတန်း ရေချိုး ၊ ဒယ်အိုးထဲက ထမင်းကြော်ကို သုံးဇွန်းလောက် ပါးစပ်ထဲပစ်ထည့်ပြီး ရေတစ်ခွက်နဲ့ အစာအိမ်နှိုးလိုက်တယ်။ တော်သေးတာက ကားကြုံအဆင်သင့်ရှိနေလို့ ၊ တက္ကစီ တစ်တန် ရထားတစ်တန် စီးရရင် ဒီနေ့ ဘာမှကို အရာထင်မှာမဟုတ်ဘူး။ မနက် ဆယ့်နှစ်နာရီ ချိန်းထားတဲ့ ညီငယ် နေဇော်လင်းက နေ့လည်တစ်နာရီမှာ ရောက်လာတယ်။


ကဲ...စတင်ပါပြီ နေဇော်လင်းနဲ့ မိုးယံပေါင်းမွှေတဲ့ပွဲ။ ပြောတော့ ကမ္ဘာကျော်သလေး ဘာလေးနဲ့ မြို့ထဲတောင် နှံ့အောင် မသွားတတ်တဲ့မိုးယံ ၊ နေဇော်လင်းသာ မကယ်ရင် သေဖွယ်ရာ......အဲ စာအုပ်ဝယ်ဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဆုံဖြစ်ခဲ့ကြတိုင်း များသောအားဖြင့်တော့ ရွှေတောင်မှာဆုံတတ်ပါတယ်။ သူဖုန်းဆက်တော့လဲ ကျွန်တော့်ကို ဘယ်မှာလဲတဲ့၊ သူ “ ရွှေတောင်” စားသောက်ဆိုင်ထဲမှာ တက်ရှာတာ မတွေ့တဲ့၊ အဲဒီ အချိန်ကျွန်တော်က ကားပေါ်မှာပဲရှိသေးတာ ဒါပေမယ့် နောက် ငါးမိနစ်နေရင်ရောက်ပါပြီ၊ ဒါနဲ့ နေဇော်လင်းကို အဲဒီဆိုင်မှာပဲ စောင့်နေဖို့မှာထားတယ်.. ကျွန်တော်က အိတ်ထဲမှာ ရှိတဲ့ ပိုက်ဆံတွေကို အလုပ်မှာပစ္စည်းတွေတင်တုန်းက စိုက်ပေးထားခဲ့တော့ ပိုက်ဆံကပြတ်နေပြီ။ ကုမ္ပဏီကနေလည်း ပြန်မထုတ်ရသေးတော့။ ဒီနေ့သွားမှာလာမှာ လှူမှာတန်းမှာ၊ စားမှာမသောက်မှာရယ် ၀ယ်ဖို့ခြမ်းဖို့ရယ်ကို ကာဗာဖြစ်အောင် ပိုက်ဆံသွားထုတ်ရဦးမှာ။ ဒါကြောင့် သူ့ကို ခဏစောင့်ခိုင်းထားတာ၊ ဒါနဲ့ ပိုက်ဆံဝင်ထုတ်တယ်ပေါ့လေ.. ထုံးစံအတိုင်းပါပဲ လူများနေတော့ ခဏတော့စောင့်ရသပေါ့။ ဒါပေမယ့် မျက်နှာစိမ်းတွေ မဟုတ်တော့(ကိုယ်က ညိုချောကိုး) မြန်ပါတယ်.. ပိုက်ဆံထုတ်ပြီး ဆိုင်ထဲမှ လှည့်အထွက် ကျေးဇူးရှင်လေးက မစောင့်နိုင်တော့လို့ ကိုယ့်နောက်လိုက်လာတာနဲ့ ဆိုင်ဝ မှာ ၀င်တိုက်မလိုဖြစ်ပြီး။ နှစ်ယောက်သား ကားဂိတ်ဆီကို ချီတက်ခဲ့ကြတယ်။ ဒီနေ့က ကိစ္စနှစ်ခုကို တစ်ရက်တည်းနဲ့ အဆုံးသတ်အောင်လုပ်ရမှာ ဆိုတော့ သုတ်ချေတင်ကြသပေါ့လေ.. ဆရာတော် ဆန်နီနေမင်း က မလေးရှားရောက်တော့ ဖုန်းဆက် ထားတယ်.. ကိုယ်လဲသွားဖူးမယ်၊ ဆရာတော့်ကိုလဲ လျှောက်တင်စရာတွေရှိတော့ မသွားလို့မဖြစ် နောက်လဆို ဆရာတော်ကလဲ စင်္ကာပူသွားမယ် စင်္ကာပူကနေ မြန်မာပြည်ပြန်မှာ အခုတောင် သီရိလင်္ကာ မှ ကျောင်းပြီးလို့ မလေးရှားကို သာသနာရေး ကိစ္စတွေကြောင့်လှည့်လာတာ။ဆရာတော်နဲ့ တွေ့ဖို့သွားတဲ့ ခရီးလမ်း ဒုက္ခတွေပါရေးရရင် သက်ခိုင်ရှာပုံတော်ကနေ ရှည်ပုံတော်ဖြစ်သွားမှာစိုးလို့ ဒီမှာတင် အေသင်ချိုဆွေ (ရပ်)။


ဆရာတော့်ဆီကနေ ကေအယ်လ်ကိုပြန်ရောက်တော့ ညနေ လေးနာရီကျော်နေပြီ အခုထိ သက်ခိုင် စာအုပ်ဝယ်မယ့် နေရာကို မရောက်ကြသေးဘူး။သို့သော်လည်း နှစ်ယောက်စလုံးက နေ့လည်စာ မစားရသေးဘူး၊ ကိုယ်ကတော့နေနိုင်တယ်လေ ဗိုက်ဆာတဲ့ အကျင့်မရှိသလို ကွမ်းယာကလဲ ပါးစပ်ထဲမပြတ်ပဲကိုး လေခံပြီးဗိုက်မဆာဘူး၊ ညီငယ် နေဇော်လင်းကတော့ လူရိုး ဆေးလိပ်မသောက် ကွမ်းမစား သေရည်သေရက်ဆို ဝေလာဝေးသမား။ လူကလည်း ခပ်အေးအေးသမားလေး။ သူ့ကိုတော်တော် အားနာနေမိပြီ သူ့မှာ ကိုယ့်ကို ကူညီဖို့အတွက် ရဲထွန်းဇော်နဲ့ တွေ့ဖို့ အစီအစဉ်တောင် ပျက်သွားခဲ့ သေးတယ်။ ဒါနဲ့ပဲ ထမင်းဆိုင်ခေါ်သွားပြီး ထမင်းကြော်တစ်ပွဲ အတင်းကျွေးရတယ်.၊ ဒီလိုမှ အဆင်ပြေမှာလေ၊ သက်ခိုင်ရှာပုံတော်ကို သူက လမ်းပြမှာ ၊ ဒါကြောင့် နောက်ထပ်သူ့ကို ညှင်းဖို့ တော်တော်အားနာနေပြီ။ သူကလဲ ယိုင်ချင်နေပြီကိုး။



ဒီလိုနဲ့ SS 2 က ရတနာရာမကျောင်း၊ ဆရာတော် ဦးစရိယ ဆီကို စာအုပ်ဝယ်ဖို့ ဆက်လက်ထွက်ခွါ။ ကိုယ့်ကတော့ အရူးလွယ်အိတ်ထဲ ကွမ်းယာတွေ အပြည့်ဖြည့်ပြီး။ ကားဂိတ်ကိုရောက်တော့ ဘယ်ကားစီးရမလဲမသိ ၊ ဒါနဲ့ပဲဆရာတော်ဆီဖုန်းဆက်မေး ၊ ဆရာတော်မိန့်တဲ့ ကားနံပါတ် ကိုစောင့်ပြီး စီးခဲ့ကြတယ်။ အဲဒီမှာခက်တာက ကိုယ်ကလဲ အရင်နှစ်နှစ်လောက်တုန်းက ညဖက်ကြီး သူငယ်ချင်းအိမ်ကို သူရာမှီဝဲဖို့ ဆိုင်ကယ်နဲ့ပဲ သွားဖူးတာ၊ အဲဒီနားက ဘုန်းကြီးကျောင်းကို မသိဘူး။ သွားဖူးတဲ့ ညီငယ်နေဇော်လင်းကလဲ မေ့တေ့တေ့ ။ အဲဒီနေ့က ဘယ်လိုဖြစ်တယ်လဲ မသိပါဘူး ကားတွေကလဲ လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့နေတာက လိပ်ပေါ်တက်ခွစီးသွားရင် မြန်ဦးမယ်၊ နှစ်ဘီး သုံးပတ်လှိမ့်လိုက် ခဏရပ်လိုက် ခြောက်ဘီး လေးပတ်လှိမ့်လိုက် ရပ်လိုက် လုပ်နေတာနဲ့ ဒီညအဖို့ စာအုပ်ဝယ်ရမယ့် ဘုန်းကြီးကျောင်း ရောက်ပါ့မလား တောင်တွေးမိသေး။ အဲဒါနဲ့ တစ်နာရီကျော်ကျော် ကားစီးပြီးလို့ ဆရာတော်ပြောတဲ့ အဆောက်အဦးနား ရောက်တော့ ဆရာတော့်ကို ဖုန်းဆက်ပြီး ဆင်းလိုက်တာပဲ။ ဒါတောင် တစ်မှတ်တိုင်ကျော်သွားသေး ပြောတော့သာ တစ်မှတ်တိုင် ပြန်လျှောက်ရတော့ အဝေးကြီး။ ဒီကြားထဲ ဘုန်းကြီးကျောင်းက ဘယ်မှာဆိုတာ သေချာမသိတော့ ဖုန်းဆက်လိုက် လေးငါးလှမ်းလှမ်းလိုက်၊ ဟိုကွေ့ ဒီကွေ့လိုက် ဖုန်းဆက်လို့။ ဒါနဲ့ပဲ လုံးလည်ချပ်ပြားဖြစ်နေပြီး ဆယ်မိနစ်လျှောက်ရမယ့် ခရီးကို သုံးဆယ့်ငါးမိနစ် လျှောက်လိုက်ရတယ်... ဒါတောင် ဘုန်းကြီးကျောင်းရှေ့တည့်တည့် ရောက်နေတာတောင် ရွှေတိဂုံကွယ်သလိုဖြစ်နေလို့လား မသိပါဘူး။ ဘေးလမ်းကြားထဲ ချိုးကွေ့ဝင်သွားသေးတယ်။ ဒါနဲ့ ဆရာတော့်ကို ဖုန်းထပ်ဆက်တော့ ။ အခု မောင်တို့ ရောက်နေတဲ့နေရာက ဘုန်းကြီးကျောင်းရှေ့မှာပဲတဲ့။ အခုတင် ကျောင်းက ဘောင်းဘီရှည် အင်္ကျီလက်ပြတ်နဲ့ ဒကာတစ်ယောက် ထွက်သွားတယ်၊ တွေ့လိုက်လား ဆိုတော့ ကိုယ်လည်း မယောင်မလည် ဟိုကြည့်ဒီကြည့်ပေါ့။ တော်သေးတာက ကိုယ်တော်ချောက ရှေ့တည့်တည့် လမ်းလျှောက်လာတယ်။ ဒါနဲ့ပဲ အဲဒီနောင်ကြီးကို မေးတော့။ ဟုတ်တယ် အခု ကိုယ်က ဆရာတော်ခိုင်းတဲ့ ကိစ္စကြောင့် သွားရဦးမယ် ညီတို့ ဒီအတိုင်းတည့်တည့် လျှောက်သွားလိုက် ဆိုတော့မှ ကျောင်းရှေ့မိုးဖွဲဖွဲ ထဲမှာ ဆရာတော်က အဆောင်းမပါပဲ ကိုယ်တော်ချော နှစ်ယောက်ကို ခရီးဦးကြိုလေရဲ့။ ပြီးတော့ ဆရာတော်က အအေးချတိုက်တယ်။



ဆရာတော်က ဆရာကြီး ဦးမင်းဒင် ကို ဖြစ်ပျက်ရှာပုံတော်ပြီးရင် ပျက်ဖြစ်ရှာပုံတော် ရေးသင့်တယ်လို့ တိုက်တွန်းထားတယ်တဲ့။ အဲဒီ ဒကာကြီးက မြန်မာစာကို ပိုင်ပိုင်နိုင်နိုင်ရေးနိုင်တဲ့လူ လို့ ချီးမွမ်း မိန့်ကြားသေးတယ်။ ဒီလိုနဲ့ပဲ ဆရာတော်က လူငယ်တွေ အခုလို စာအုပ်ကိုဖတ်သင့်ကြောင်း နဲ့ စာအုပ်အပေါ် ဆရာတော်ရဲ့ သဘောထားတွေကို မိန့်ပါတယ်။ အချိန်ကတော့ ည ရှစ်နာရီကျော်နေပြီ ၊ ဒီလိုနဲ့ ဆရာတော်နဲ့ စကားအနည်းငယ် ပြောပြီး ဘုရားရှိဦး ဆရာတော်ကိုဦးချပြီး စာအုပ်ဝယ်တယ်၊ ပြီးတော့ ကျောင်းအတွက် ဝေယျာဝစ္စ အလှူငွေထည့်ပြီးတော့ ကျောင်းကနေ အပြန်ခရီးကို သုတ်ချေ တင်ရတော့တယ်။ အလာတုန်းကတော့ တစ်ဖက်က လာပြီး။ ပြန်ထွက်တော့ တစ်လမ်းဖြစ်သွားလို့ ကားဂိတ်ကို လိုတာထက် ပိုလျှောက်လိုက်ရသေးတယ်။ နေဇော်လင်းကတော့ ပြောရှာပါတယ်။ “ နောက်တစ်ခါ ကိုမိုးယံနဲ့ ဘုန်းကြီးကျောင်းဆို အဲဒီနေ့ခွင့်ယူမယ်” တဲ့ ။ သူ့ကို ညစာကျွေးဖို့ဖိတ်တာတောင် မစားနိုင်တော့ဘူး ၊ သူ့ခမျာ နောက်တစ်နေရာသွားဖို့ အချိန်အတော်လင့်နေရှာပြီ ။ လူကလဲ တော်တော်ဟန်ချက်ပျက်နေပြီ။ ဒါနဲ့ပဲ ည ကိုးနာရီကျော်အောင် ကားဂိတ်မှာ ယောင်တောင်တောင် ထိုင်စောင့်နေဖြစ်ကြတယ်။ ကံကောင်လို့ကျွန်တော်တို့ စီးရမယ့် ကားတစ်စီးပေါ်လာတယ်၊ ကဗျာကယာ ပြေးတက်ကြပြီး ထိုနေ့ည ကေအယ်ကို ဆယ်နာရီ ထိုးခါနီးမှ ပြန်ရောက်တယ်။



သက်ခိုင်ရှာပုံတော်ပြီးဆုံးပြီ။ ဖြစ်ရပ်အမှန် သမိုင်းစာမျက်နှာများကို လက်ဝယ် ပိုင်ပိုင်ရခဲ့ပြီလေ။ ဆရာကြီးရဲ့ စာအုပ် မင်းဒင်ရဲ့သက်ခိုင်ဟာ ဘယ်လောက်အဖိုးတန်သလဲ ဆိုတာကို ဖတ်ဖူးသူတိုင်း သိကြမှာပါ။ ကိုယ်က ချီးမွမ်းခန်း ဖွင့်မယ်ဆိုရင် မြင်းထိန်းငတာ လို အခြေအနေဖြစ်သွားမှာမို့။ ကိုယ်တိုင် မချီးမွမ်းတော့ပါဘူး။

ဆရာကြီးရဲ့ အရေးအသား၊ လူငယ်တို့လက်လှမ်းမမှီ မြင်တွေ့ခွင့်မရခဲ့ရတဲ့ နိုင်ငံရေးသမိုင်း၊ ကျွန်တော်တို့ ရင်ထဲက နိုင်ငံတော်ရဲ့ အခြေအနေအမှန်ကို ဖွင့်ထုတ်ပြထားတဲ့ သမိုင်းစာအုပ်၊ ဆရာကြီးရဲ့ ဇတ်ကောင် သက်ခိုင် တို့ရဲ့ ဘ၀ဖြတ်သန်းစဉ်များကို လက်ကမချနိုင်အောင် ရင်သပ်ရှုမော ဖတ်ရှုရတော့မှာပေါ့။ ဆရာကြီးရဲ့ ဆိုက်မှာ မတင်ရသေးပဲ ကျန်ရှိနေသေးတဲ့ အခန်းများကတော့

(၉၀) မယားပြိုင်ဟု ခေါ်တွင်စေရမည်

(၉၁) ကမ္ဘာခြားလေသူများ

(၉၂) သပွတ်အူထဲက သက်ခိုင်

(၉၃) ညစ်သမျှကို

(၉၄) သေရွာပြန် သက်ခိုင်

(၉၅) စိုးမြတ်နဲ့ သက်ခိုင်


(၉၆) ယစ်ထုပ်သက်ခိုင်

(၉၇) သက်ခိုင်ရဲ့ ကုဏ္ဍလိနီ


(၉၈) ကာမဘုံသား ၊ ဆုံလည်နွား

(၉၉) တရုတ်သံအမတ်ကြီးလျန်တုန်းနှင့်သက်ခိုင်


(၁၀၀) မောင်ဝိတ်နှင့် အတုံ့အလှည့်

(၁၀၁) မဆုံးသော နိဂုံး တို့ပါဝင်သော စာမျက်နှာ ၇၀၀ ကျော် အလေးချိန် တစ်ကီလို ရှိသော စာအုပ်ကြီးကို လက်မမချနိုင်အောင် ဆွဲဆောင်မှု ကောင်းလှတယ်ဆိုတာကတော့.....။ ပြောမယုံ ကြုံဖူးမှသိ။

ဖြည့်စွက်ချက်... မလေးရှားနိုင်ငံမှ သူငယ်ချင်းများကတော့ လွယ်ကူစွာဝယ်လိုလျှင် ဇေယျာစတိုး (ကွာလာလမ်ပူ) တွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် ခင်ဗျာ။