Showing posts with label မလေးရှားသတင်း. Show all posts
Showing posts with label မလေးရှားသတင်း. Show all posts

Saturday, October 26, 2013

မြန်မာ အမျိုးသမီးတစ်ဦး ရက်စက်စွာ တိုက်ခိုက်ခံရ (မလေးရှား သတင်း)

ဲ    
17.10.2013 တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အမ်ပန်းဆေးရုံကြီးအနောက်ဘက် ၊ ပန်းဒန်းမယ်ဝ တွင် အလုပ်လုပ်ကိုင်လျှက်ရှိသော မြန်မာ အမျိုးသမီးတစ်ဦး ဖြစ်သည့် မဝေမာလင်း နှင့် အခြားအမျိုးသမီး တစ်ဦးလုပ်ငန်းခွင် အတွင်းစကား  အခြေအတင်များကြရာမှ အခြား  အမျိုးသမီးတစ်ဦးမှ မကြေမနပ်ဖြစ်ကာ အမျိုးသား ၅ ဦးအား အကြမ်းဖက်တိုက်ခိုက်ရန် စေခိုင်းခဲ့ပြီး 18.10.2013 နေ့တွင်

မဝေမာလင်း နှင့် သူမ၏ အမျိုးသား အလုပ်မှအပြန် စောင့်ဆိုင်းကာ အကြမ်းဖက်တိုက် ခံစေခဲ့ကြောင်းသိရပါသည် ။ ထိုသို့အခြားအမျိုးသမီး တစ်ဦးဖြစ်သူမှ စေခိုင်းမှုကြောင့် မဝေမာလင်းနှင့် သူမ၏အမျိုးသား မောင်အောင်ဇော်ဝင်း တို့မှာ လူ ၅ ယောက်၏ တိုက်ခိုက်မှုကို ခံရပြီး ဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ကြပါသည် ။

ထို့အတူ အဆိုပါ မှုခင်းဖြစ်မှု့အတွက် မလေးရှား ရဲမှ ဓားဖြင့်ခုတ်သူထဲမှ တစ်ဦးအပါအဝင် ခုတ်ရန်စေခိုင်းသူ နှင့်ပါဝင်ပတ်သက်သူ တရားခံအချို့ကို ဖမ်းဆီးထားခဲ့ပြီးဖြစ်ကြောင်းသိရသည် ။ ကျန်ရှိသူများကို ဆက်လက်ရှာဖွေလျှက်ရှိကြောင်းသိရသည် ။

ထို့အတူ မြန်မာသံရုံးမှ တာဝန်ရှိသူများ မှာထိုဖြစ်ရပ် အတွက် ဆောင်ရွက်လျှက်ရှိပြီး အမ်ပန်းဆေးရုံးသို့သွားကာ မဝေမာလင်း နှင့်  မောင်အောင်ဇော်ဝင်းတို့အား သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်းသိရသည် ။

တိုက်ခံခိုက်ရသူ မဝေမာလင်းမှာ လက် တစ်ဘက် လုံးဝပြတ်ထွက် ၊ အခြားလက်တစ်ဘက် ၉၀% ပြတ်ထွက် (ပြန်ချုပ်ပြီး) ၊ ဦးခေါင်း တွင် ဓားဖြင့် ၂ ချက် အခုတ်ခံရ (ချုပ်ချက်များစွာ) ၊ ပါး ၂ ဘက်ဓားဖြင့်ခုတ်ခံရ ဒဏ်ရာကြီးမား (မေးရိုးပြုတ်ထွက် အလူမီနီယံအစားထိုးရမည်) ကာဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့ပါသည် ။ မောင်အောင်ဇော်ဝင်းမှာမူ ပြန်လည်ခုခံ သောကြောင့် တင်ပါးတွင် ဒဏ်ရာရရှိ သည်မှလွဲပြီး ကြီးမားသော ဒဏ်ရာ မရရှိခဲ့ပါ ။

မဝေမာလင်း ၊ မောင်အောင်ဇင်ဝင်း ၂ ဦးလုံး ကွာလာလမ်ပူ ၊ အမ်ပန်းဆေးရုံတွင် ဆေးကု သခံယူလျှက်ရှိပြီး မဝေမာလင်းအတွက် အရေးပေါ် အနေဖြင့် မေးရိုး ဆက်ရန် အလှူမီနီယံ အစားထိုးရမည်ဖြစ်ပြီး မလေးငွေ အများအပြား ကုန်ကျခံရမည်ဖြစ်သည် ။ လောလောဆယ် မေးရိုး အစားထိုး ရန်အတွက် တစ်ဘက်လျှင် ရင်းဂစ် ၂၀၀၀ ကျော် ၂ ဘက်စာ အတွက် ၄၀၀၀ ကျော်အား မပေးနိုင်ပဲ ရှိနေပါတယ် ။

မဝေမာလင်းအတွက် အလှူငွေ လိုအပ်လျှက်ရှိသည် ။ သို့ပါသောကြောင့် မလေးရှားရောက် မြန်မာများအနေဖြင့် တစ်သက်စာ လူကောင်းပြန်  မဖြစ်နိုင်တော့မည့် မဝေမာလင်းအား တတ်နိုင်သလို တတ်အားသရွေ့ ကူညီနိုင် ပေးကြပါရန် မဝေမာလင်း ကိုယ်စား ကျွန်တော်တို့ မလေးရှားရောက် မြန်မာများမှ အထူးအကူအညီ တောင်းခံအပ်ပါသည်။

အလှူခံမည့်သူအနေဖြင့် တင်ပါး  ဓားခုတ်ခံရသော မဝေမာလင်း၏ ဇနီး မောင်အောင်ဇော်ဝင်း ဖုန်း - 0103610554 သို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းကြပါရန် ကာယကံရှင်ကိုယ်စား အကူအညီအထူး တောင်းခံ အပ်ပါသည်ခင်ဗျာ ။

ကာယကံရှင်များ၏ အချက်လက်များ မဝေမာလင်း - M984478 မြန်မာပြည်လိပ်စာ - အမှတ် 93 သန္တာလမ်း ၊ ၅/၆ ရပ်ကွက် ၊ ရွှေပြည်သာ ။ မောင်အောင်ဇော်ဝင်း - (ကားဆေးမှုတ်) ရှမ်းစု ၊ လက်ပံတော ၊ သုံးဆယ်မြို့ ၊ သာယာဝတီခရိုင် ။ Ph - 0103610554 

Source by : မလေးရှားရောက် မြန်မာများ

မလေးရှား သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုလိုပါက အောက်ပါနေရာတွင် ဝင်လေ့လာပါရန်
 http://www.malaysiaonlineradiomedia.com/search/label/Malaysia

Friday, October 25, 2013

6Pစီမံချက်များအတွက် မြန်မာသံရုံးမှ အသိပေး ကြော်ငြာချက်

 
မလေးရှား ရောက် မြန်မာနိုင်ငံသား များအတွက် ယနေ့မြန်မာသံရုံးမှ ကြော်ငြာချက် တစ်စောင် ထုတ် ဝေခဲ့သည် ။ ကျွန်တော်တို့ မလေးရှား ရောက် မြန်မာများ Facebook စာမျက်နှာမှ တင်ဆက်ခဲ့သည့် အတိုင်း ယခု ပါမစ်ပြုလုပ် ဆောင်ရွက် ပေးမည့် 6P နောက်ဆက် တွဲ Amnesty စီမံချက်သည် ယခင် 6P တွင် ပါမစ် မရရှိသေးသော သူများ အတွက် သာဖြစ်ကြောင်း ထည့်သွင်း  ကြော်ငြာထားသည်။

ကြော်ငြာချက်အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်သည် ။ 

ဆက်ဖတ်ရန် >>>>>
http://www.malaysiaonlineradiomedia.com/2013/10/6p.html

Tuesday, October 22, 2013

SABAH,SARAWAK ရှိမြန်မာလုပ်သားများဘဝ (မလေးရှားရောက် မြန်မာများ)

 
ကျွန်တော်တို့ ယခု Story ကိုတင်ဆက်ချင်ခဲ့တာ လွန်ခဲ့သောသြဂုတ်လကတည်းကပင် ။ လိုအပ်သောအထောက်အထား ၊ အချက်လက်များ ကာယကံရှင်များ၏ တောင်းဆိုမှု့များကို စုစည်းပြီး ယနေ့ News Story တစ်ပုဒ်အနေဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားများသာမက မြန်မာနိုင်ငံရှိ လူငယ်များအားလုံး ဖတ်နိုင်ရန် ကျွန်တော်တို့ ရေးသားတင်ဆက်သည် ။ ပထမဆုံး မလေးရှား နိုင်ငံ အရှေ့ခြမ်း (East Malaysia) , ဆီဗူး (SIBU) ရှိ မြန်မာနိုင်ငံသား စောသက်နိုင်ဝင်း မှ ကျွန်တော်တို့ထံ ဖုန်းဆက်အကြောင်းကြား လာခြင်းမှ စတင်သည် ။ 

စောသက်နိုင်ဝင်း ဖုန်းဆက်အကြောင်းကြားမှုတွင် အဆိုပါ စောသက်နိုင်ဝင်းအပါအဝင် မြန်မာစုစုပေါင်း ၁၁ ဦးသည် ငါးဖမ်းစက်လှေတွင် အလုပ်လုပ်နေကြရကြောင်း ၊ ထို ၁၁ ဦးလုံး လစာ အတည်တကျ မရသည့်အပြင် မည်သည့် အခွင့်ရေးမှ မရကြောင်း ၊ သူဌေးမှခေါ်သော အချိန်တွင် ငါးဖမ်းစက်လှေပေါ်သို့ လိုက်ရပြီး မလေးရှား နှင့် အင်ဒိုနီးရှား ရေပိုင်နက်များတွင် ငါးဖမ်းရကြောင်း ။ သူတို့ မလေးရှားသို့ မရောက်မီ ထိုင်းနိုင်ငံသို့ ဦးစွာ ရောက်ရှိ အလုပ်လုပ်ကိုင်ကြောင်း ။ 

မြန်မာနိုင်ငံ မြဝတီ မြို့မှ အလုပ်ပွဲစားအဆက်အသွယ်ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် ပို့ဆောင်ခံ ရပြီး ထိုင်းသို့ရောက်သောအခါ အလုပ်မလုပ်ရပဲ ငါးဖမ်းစက်လှေတွင် ရောင်းစားခံရကြောင်း ၊ ထိုသို့ ထိုင်းငါးဖမ်းစက်လှေတွင် အလုပ်လုပ်ကိုင်စဉ် လှေဦးစီး နှင့်စကားများသောကြောင့် စောသက်နိုင်ဝင်း၏ လုပ်ဖော်ကိုင်ဘက်အား ရိုက်နှက်ကာ သွေးအလိမ်းလိမ်းဖြင့် ပင်လယ်ထဲပြစ်ချအစ ဖျောက်ပစ်ခဲ့ကြောင်း .... ။ 

ဆက်လက်ဖတ်ရှုပါရန် >>>>>

Sunday, October 20, 2013

မလေးရှား ပါမစ်ပြန်ပေးမည့်ရက် ၂၁.၁၀.၂၀၁၃ တွင်စတင်တော့မည်

 
အားလုံး မေးနေတဲ့မေးခွန်းတစ်ခု လဲဖြစ် ၊ မလေးရှားရောက် မြန်မာအိုဗာစတေးသမားများအတွက် အခွင့်အရေးတစ်ခုလဲဖြစ်တဲ့ OPS 6P ရဲ့ နောက်ဆက်တွဲ ဒုတိယအကြိမ် Legalization အစီအစဉ်ကို ၂၁.၁၀.၂၀၁၃ မှာ မလေးရှားနိုင်ငံ ပူထရာဂျာရာ ရှိ ပြည်ထဲရေးဝန်ကြီးရုံး ၄ လွှာမှာ လာမည့် ၂၁.၁၀.၂၀၁၃ (တင်္နလာနေ့) မှာစတင်တော့မည် ဖြစ်ကြောင်း မလေးရှားရှိ အာဏာပိုင်များမှ တရား ဝင်ကြော်ငြာသွားခဲ့သည် ။ 

အစီအစဉ်အရ တရားမဝင် အလုပ်သမားများ ဖြင့်လည်ပတ်နေသော အလုပ်ရှင်များ နှင့် 6P အေးဂျင်းများ ထံငွေသွင်းပြီး ပါမစ်မရရှိခဲ့သော သူများအားလုံး ကိုချက်ချင်းပါမစ်ရရှိအောင် စီစဉ်ပေးသွားမည်ဟု ကြော်ငြာသွားခဲ့သည် ။ ကြာလူ ၊ အေးဂျင်းနှင့် မည်သည့် ကုမဏီကိုမှ ကြားနေဆောင်ရွက်ခွင့်ပေးမည်မဟုတ်ကြောင်းလဲထည့်သွင်းရေးသားထားသည် ။ 

သို့ကြောင့် 6P တွင် ငွေပေးပြီး ပါမစ်မရရှိသော သူများအားလုံး မိမိတို့ အလုပ်ရှင်သူဌေးများကို ခေါ်ယူကာ ၊ အောက်ပါ အချက်လက်များဖြင့် တရားဝင်သွားရောက်ဆောင်ရွက်နိုင်ပြီဖြစ်သည် ။ 

 အသေးစိပ် အစီအစဉ်ကို အောက်ပါနေရာတွင် ဝင်ဖတ်ပါ။
>>>>>>  

Saturday, October 12, 2013

Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ် ထွက်ပြီ

 
Live Free Online Radio Media (Malaysia)မှ ရေဒီယို APK ဗားရှင်းအသစ် ထွက်ပါပြီ .... 

ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယိုလေးကို မိမိတို့ရဲ့ ဖုန်း မှ တစ်ဆင့် နားဆင်ချင်တယ် ဆိုရင်တော့ ၊ Malaysia Online Radio.apk ဆော့ဝဲလ်လေးကို မိမိတို့ရဲ့ဖုန်းထဲမှာ ထည့်သွင်း ထားနိုင်ပါတယ် ။ ဆော့ဝဲလ်လေးရဲ့ Size ဖိုင်ဆိုဒ်ကတော့ 3.93 MB ပဲ ရှိပါတယ်။ 

Malaysia Online Radio.apk လေးကို မိမိတို့ရဲ့ ဖုန်းထဲမှာ ၊ ထည့်သွင်းထားခြင်း အားဖြင့် ၊ သီချင်းပေါင်းများစွာကို ၊ အင်တာနက်လိုင်းရှိရုံလေးဖြင့် လွယ်လင့်တကူ ၊ ခံစားနားဆင် နိုင်မှာ ဖြစ်ပါတယ်။ အခု ဗာရှင်းအနေနဲ့ ၁၂.၁၀.၂၀၁၃ ရက်နေ့မှ စတင်ကာ Android Version 2.5.1 အထက်ရှိသော ဖုန်းတွေတိုင်းမှာ အဆင်ပြေပြေ အသုံးပြုလို့ရအောင် လုပ်ဆောင်ပေးထားပါတယ်။ 

Malaysia Online Radio.apk ကိုထည့်ထားခြင်းဖြင့် မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာဝက်ဆိုက်မှာ တင်ထားသမျှ မလေးရှားသတင်းများ ၊ စာပေများ ၊ နည်းပညားမျာ ၊ ဆော့ဝဲလ်များ ၊ ဗဟုသုတများကို အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ပြီး Facebook လည်း အသုံးပြုနိုင်ပါတယ်။ 

 ဒီ APK လေးကိုတော့ မလေးရှား အွန်လိုင်းရေဒီယိုမှ ၊ Dj - Nay Zaw Lin နှင့် Dj - Zaw Min Tan က ဖန်တီးထားခြင်း ဖြစ်ပါတယ်။ Android ဖုန်းများ အားလုံးမှာ နားဆင်ဖို့အတွက် အောက်ကလိပ်စာမှာ APK လေးကို ဒေါင်းယူပြီး ဖုန်းထဲ အင်စတောလုပ်ပြီး နားဆင်နိုင်ပါတယ်။ 


အားလုံးပဲ အေးချမ်းသော ဘဝနေ့သစ်လေးတွေမှာ ၊ နွေးထွေးသာယာလွန်းတဲ့ သံစဉ်လှိုင်းများနဲ့ ၊ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ ကျန်မာခြင်းတို့ကို ၊ ကျော်လွန် ဖြတ်သန်းနိုင်ပါစေလို့ ၊ ကျွန်တော်များ မလေးရှား အွန်လိုင်း ရေဒီယို အဖွဲ့သားများမှ ၊ တောင်းဆုခြွေ မေတ္တာ ပို့သလိုက်ပါတယ်။ 

ဖုန်းနဲ့နားထောင်ဖို့ အဆင်မပြေသူများအတွက် အောက်ကဝဘ်ဆိုဒ်တွေကို ဝင်ရောက်ပြီး ရေဒီယို အစီအစဉ်လေးကို နားဆင်နိုင်ပါတယ်။ 


မလေးရှား အွန်လိုင်း ရေဒီယို အစီအစဉ်တွင် ရေဒီယို ထုပ်လွင့်မှု အစီအစဉ်များကို စေတနာ ၊ ဝါသနာဖြင့် ပါဝင်ကူညီပေးနေသော Live Free Online Radio Media (Malaysia) မှ တာဝန်ရှိသူများ။ 

(1) Radio DJ - ,~NLS~' {ALinn} (China) 
(2) Radio DJ - David Sai (Muar-Malaysia) 
(3) Radio DJ - Zaw Zaw (Rawang-Malaysia) 
(4) Radio DJ - Sky Min (Bangkok - Thailand) 
(5) Radio DJ - Par Par Lay (Kuala Lumpuer-Malaysia) 
(6) Radio DJ - Zaw Min Tan (Alor Stear-Malaysia) 
(7) Radio DJ - Nay Zaw Lin1 (Kuala Lumpuer-Malaysia) 
(8) Radio DJ - Par Par Lay (Kuala Lumpuer-Malaysia) 
(9) Radio DJ -Aung Phyo(San Diego-California-American) 
(10) Radio DJ - Yaw Tha Ma Mhwe Ko Htet (Pyin Oo Lwin-Myanmar) 

နေဇော်လင်း
Live Free Online Radio Media (Malaysia) 

Tuesday, June 25, 2013

မလေးရှားတွင် လေထုညစ်ညမ်းမှုများ စတင်ဖြစ်ပေါ်၍ သတိပေးချက်

 

အင်ဒိုနီးရှားဘက်က တောမီးကြောင့် မလေးရှားနိုင်ငံတွင်လည် လေထုညစ်ညမ်းမှု အုံ့ဆိုင်းမှုများ စတင် ဖြစ်ပေါ်နေပါတယ်။ တချို့ဈေးဆိုင်တွေ၊ အစားအသောက် ၀န်ဆောင်မှု လုပ်ငန်းတချို့လည်း ဒီအုံ့ဆိုင်းမှုတွေကြောင့် ခဏပိတ်နားထားကြောင်း သိရပါတယ်။ 

ယနေ့ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် တွင်ရှိသော မွားမြို့နယ်အား မီးခိုးငွေ့ ဖုံးလွမ်းမှု့ ကြောင့်လေထုညစ်ညမ်းမှု့ အဆင့် ၇၄၆ သို့ရောက်ရှိပြီဖြစ်တာကြောင့် မွားပြည်နယ် တစ်ခုလုံးအား အရေးပေါ်အခြေအနေဟု ယနေ့ နံနက် ၇ နာရီက စတင်ကြာ်ငြာလိုက်ပြီဖြစ်ပါတယ်။ 

ဂျိုဟိုး ပြည်နယ်ကျမ်းမာရေး ဌာနမှ ဒါရိုက်တာဒေါက်တာ မိုဟာမက်ကအာရီရာကွတ်က ယနေ့ ဆေးရုံလူနာတင်ကားများမှအစပြုကာ မီးခိုးဖုံးမှု့ကြောင့် မမြင်ရ၍ ဖြစ်လာမည့် မတော်တဆမှု့များ ၊ ကားတိုက်မှုများကို ကြိုတင် ကာကွယ်ရတော့မည်ဟု ၎င်းမှ ပြောကြားသွားပါတယ်။ ယခုလက်ရှိ မလေးရှားနိုင်ငံ၏ မြို့တော်တစ်ခုဖြစ်သော ကွာလာလမ်ပူမြို့တော်တွင်လည်း နံနက် ၆ နာရီအချိန်က စတင်၍ မီးခိုးငွေ့ ဖုံးလွမ်းမှုများကြောင့် လေထုညစ်ညမ်းမှု့များ စတင်ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။ 

ယခုကဲ့သို့ ဖြစ်စဉ်များသည် မလေးရှားနိုင်ငံအတွင်း ၆ နှစ်တစ်ကြိမ် ဖြစ်ပွားလေ့ရှိကြောင်း သိရှိရပါတယ်။ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများ အားလုံး အိမ်တွင်းမှာပင် နေရန် နှင့် မလိုအပ်ပါက အပြင်ထွက်သွားလာခြင်း မပြူရန် စတင်ကြော်ငြာ ထားပြီဖြစ်ပါတယ် ။ စာသင်ကျောင်များအားလုံးလဲ ယနေ့မှစတင် ပိတ်ထားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများအားလုံး မဖြစ်မနေအပြင်ထွက်ရပါက API ၇၄၆ ရှိသော ညစ်ညမ်းလေထုအတွင်း မဖြစ်မနေ မီးခိုးကာ မျက်နှာဖုံး (Mask) များဝတ်ဆင်ထားကြပါရန် မလေးရှားနိုင်ငံရောက် မြန်မာများအားလုံးကို သတိပေးရပါတယ်။ 

မလေးရှား အစိုးရက လမ်းပေါ်သွားလာသူတွေကို နှာခေါင်းကာမျက်နှာဖုံးတွေ ၀တ်ဆင်ကြဖို့ သတိပေးထားပါတယ်။ ၎င်းမီးခိုးတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်းပေါ်မှာ တရားမ၀င် တောမီးရှို့ ရာကနေ ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် အင်ဒိုနီးရှား အစိုးရ အနေနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးဖို့  မလေးရှား နိုင်ငံဘက်က တောင်းဆို ထားပါတယ်။ 

မီးခိုးငွေ့ ဖုံးလွမ်းမှု့ ကြောင့်လေထုညစ်ညမ်းမှု့များကြောင့် ၅ ရက်ခန့် စင်္ကာပူနိုင်ငံတွင် မီးခိုးငွေ့ ဖုံးလွမ်းမှု့ ကြောင့်လေထုညစ်ညမ်းမှု့ များဖြစ်ပေါ်ခဲ့ပြီး ယခု မလေးရှားနိုင်ငံအတွင်း မီးခိုးငွေ့ ဖုံးလွမ်းမှု့ကြောင့် လေထုညစ်ညမ်းမှု့ စတင်ဖြစ်ပေါ်နေပြီ ဖြစ်ပါတယ်။ 

အင်ဒိုနီးရှား အစိုးရက တောမီးတွေကို ရဟတ်ယာဉ်များဖြင့် မိုးအတုရွာပြီး ငြိမ်းသတ်ဖို့ အစီအစဉ်ကို ယခုပတ် စနေ့နေ့မှ စတင် စီစဉ်နေတယ်လို့  ဆိုပါတယ်။ 

(သတင်း၊ဓာတ်ပုံ)
 နေဇော်လင်း 
(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ) 
Free Online Radio Media (Malaysia News) 
http://www.malaysiaonlineradiomedia.com/

Saturday, June 8, 2013

မလေးရှားတွင် ဖမ်းဆီးမိသော မြန်မာများထဲမှ အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ

 

 ခေါ်ယူစစ်ဆေးခံနေရသော မြန်မာ ၁၀၀၀ ကျော်အထိ ရှိနေပြီး အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ 

The Star သတင်းဌာန၏ ၀က်ဘ်ဆိုက်တွင် ဇွန် ၆ ရက်က သတင်းကို ဖော်ပြထားပုံ ဇွန် ၅ ရက် မလေးစံတော်ချိန် နံနက် ၁၁ နာရီခန့်မှစ၍ မြန်မာအများအပြား နေထိုင်သော အမ်ပန်း၊ ချရတ်၊ ဆလာရန်း ဒေသများတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် မြန်မာလူမျိုး ၁၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သော The Star တွင် ဖော်ပြထားသည်။ 

The Star သတင်းဌာနက မလေးရှား၌ ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများနှင့် ဆက်စပ်နေကြောင်း ကွာလာလမ်ပူ ဒုတိယရဲချုပ်အာမာဆင်းက ပြောကြားခဲ့သည်။

 ခေါ်ဆောင်သွားသူများအား ဖမ်းဆီးထားခြင်း မဟုတ်ဘဲ အထောက်အထား ခိုင်လုံမှု ရှိမရှိကို စစ်ဆေးနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုကျော်ဦးက ''အခု ဖမ်းထားတဲ့လူတွေမှာ အထောက်အထား မရှိတဲ့ လူ ၉၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို ထောင်လေးလကနေ ခြောက်လလောက်အထိ ချနိုင်တယ်။ 

သူတို့ကို ထောင်ချလို့ လွတ်ရက်စေ့ရင် မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ် ၀ယ်ပေးရမယ်။ မ၀ယ်ပေးနိုင်ရင်တော့ သူတို့ကို ထိန်းသိမ်းရေးစခန်းကို ပို့လိမ့်မယ်။ ထိန်းသိမ်းရေးစခန်းမှာ လာရွေးမယ့်လူ မပေါ်မချင်း နေရာမှာပဲ တချို့ဆိုရင် တစ်နှစ်ကျော်လောက် နေရတယ်။ နောက်ဆုံး UN လက်မှတ်ထုတ်ပေးမှပဲ ထွက်ခွင့်ရသွားတာ'' ဟု Eleven Media Group သို့ ပြောပြသည်။ 

ဆက်လက်ဖတ်ရန် .............  

Wednesday, June 5, 2013

မလေးရှားတွင် ယနေ့မှ စတင်၍ ဖမ်းဆီးနေပြီ

 

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မလေးရှားနိုင်ငံအတွင်း မြန်မာအများစု တည်ရှိသော နေရာများကို အော်ပရာဇီ (အဖမ်းအဆီး) ဝင်မည်ဖြစ်ကြောင်း အသိပေး ထုပ်ပြန်ထားပါသည်။ ယနေ့ 5.6.2013 ဗုဒ္ဓဟူးနေ့ အခြေအနေမှာ .... နေ့လည်ဖက်တွင် Selayang ဈေးကြီး တစ်ဝိုက်အောက်ပိုင်းကို မလေးရှား အာဏာပိုင်းများ စတင်ပိတ်ဆို့စစ်ဆေးနေပြီး ယနေ့ 5.6.2013 ဗုဒ္ဓဟူးနေ့ ပြီးခဲ့တဲ့ 11 နာရီက မလေးရှားကွာလမ်ပူမြို့လယ် မြန်မာဆိုင်တန်းများနေရာကို အထူးဖမ်းဆီးရေး အဖွဲ့လိုက် ဖမ်းသွားပြီး ယခု မြန်မာများ နေထိုင်ရာ နေရာများတွင် ပိုက်စိမ်တိုက် ဖမ်းဆီးရေးအဖွဲ့များ စတင်ဖမ်းဆီနေကြောင်း မလေးရှားရာက် မြန်မာများအဖွဲ့မှ သတင်းရရှိပါသည် ။ 

အချုပ်ကား (၈)စီးဖြင့် အဖမ်းခံရသော လူများကို တင်ဆောင်သွားခဲ့သည်။ ယခုဖမ်းဆီးမှုများတွင် မလေးရှားတာဝန်ရှိသူများမှ တရားဥပဒေနှင့်အညီ လုပ်ဆောင်မည် ဖြစ်ပြီး ယခုလတ်လောတွင် အချုပ်ထဲထည့်မည် ဖြစ်ကြောင်း သိရှိရသည်။ ပထမဦးဆုံး မလေးရှား ကွာလာလမ်ပူတွင် ဖမ်းဆီးမှု့ အကြီးစား အပြီ ယခု ဆလာရန်းဈေး အား စတင်ဝိုင်း ထားပြီဖြစ်ပါသည် ။ 

ယနေ့ဖမ်းဆီးမှု့များ အားလုံးသည် မြန်မာနိုင်ငံသားမျာ ကြားဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုင်ခိုက်မှု့များအပေါ် ထိန်းချုပ်ကိုင်တွယ်နိုင်ရန် အတွက်နှင့် နိုင်ငံတကာမှ ဖိအားများဖြစ်မလာခင် မလေးရှား အာဏာပိုင်များစတင် အရေးယူနေသည်ဟု ယူဆရပါသည်။ 

 အောက်ပါနေရာတွင် အပြည့်အစုံ ဝင်ရောက်ဖတ်ပါရန် ..... http://www.malaysiaonlineradiomedia.com/2013/06/blog-post_7645.html

ယခုလက်ရှိ ကွာလာလမ်ပူ မြန်မာဆိုင်များတွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ

 

ယနေ့ 5.6.2013 နံနက် 11 နာရီမှ စတင်ပြီး ကွာလာလမ်ပူမြို့မြန်မာစားသောက်ဆိုင်များတည်ရှိရာ အနီးတစ်ဝိုက် ရှိ လမ်းများအားလုံး ၊ မြန်မာဆိုင်များ ၊ လမ်းထောင့်များ တွင် အင်အားရာကျော်ရှိသော ရဲ ၊ လဝက ၊ ရေးလား(ပြည်သူ့စစ်) များပါဝင်သည့် အထူးစီမံချက် တစ်ရပ်ပြုလုပ်ကာ မည်သူ့ကိုမဆို စစ်ဆေးဖမ်းစီးမှု့စတင်နေပြီဖြစ်ပါတယ် ။

 ပြီးခဲ့တဲ့ 4 ရက်ဆက်တိုင် မြန်မာနိုင်ငံသားများ ကြားတွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု့များ ကြောင့် ယနေ့ကွာလာလမ်ပူတစ်ဝိုက် Block Checking များ ၊ နေအိမ်များသို့ ရှောင်တခင် စစ်ဆေးမှု့များ နှင့်ုမြန်မာနိုင်ငံသားများနေထိုင်မှု့ များသောနေရာဒေသများတွင် အထူးစီမံချက် ဖြင့် ဖမ်းဆီးစစ်ဆေးမှု့များ ပြုလုပ်နေတာဖြစ်တယ်လို့ ဖမ်းဆီးသည့် အဖွဲ့တွင်ပါဝင်သော ရေးလားမှ ပြောပြခဲ့တာ သိရပါတယ် ။ 

 အောက်ပါနေရာတွင် လက်ဆက်ဖတ်ရှုပါရန် .... 

Tuesday, May 14, 2013

မလေးရှားမှ ရွှေမြန်မာများဖတ်ရန် အရေးပေါ် အထူးသတိပေးချက်(၁၈)

 

ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကေအယ် ကိုတာရာယာ ၊ မိုင်ဒင်း အနီးတစ်ဝိုက်နှင့် မြန်မာဆိုင်တန်း ဖက်များတွင် အော်ပရာဇီဝင်(စစ်ဆေးရေး)များ မကြာခဏ ခရီးသွားသူများကို စစ်ဆေးလျက် ရှိနေပြီး အထောက်အထား မခိုင်လုံပါက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ 

၁၄.၅.၂၀၁၃ အင်္ဂါနေ့ ညနေ ၂ နာရီကနေ ၄ နာရီအတွင်း ကေအယ်ရှိ ကိုတာရာယာ ကုန်တိုက်ရှေ့တွင် အချုပ်ကားများ ရပ်ထားပြီး ခရီးသွားလာသူများကို အထောက်အထား စစ်ဆေးကာ အထောက်အထား မခိုင်လုံသော သူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ 

အောက်ပါနေရာတွင် ဝင်ရောက်ဖတ်ရှုပါရန် ........ 

နေဇော်လင်း 
Free Online Radio Media (Malaysia News) 

Sunday, November 25, 2012

မလေးရှားနိုင်ငံ ပီနန် ပဲရပ်မြို့နယ် ကွာလာကူရောင်းတွင် ဆရာတော် ဦးသုမင်္ဂလ ဓမ္မဒါနတရားပွဲ ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)


ဆရာတော် (ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ ၊ ပီနန်မြို့ ပဲရပ်မြို့နယ် ကွာလာကူရောင်းရွာ စတဲ့နေရာများတွင် တရားတော်များကို ဟောကြားခဲ့ပြီး ဆက်လက်၍ ၊ ပီနန်မြို့ ပီနန်ကျွန်း စသည့်နေရာများနှင့် ကွာလာလမ်ပူမြို့ ၊ မလ္လကာမြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၃.၁၁.၁၂ သောကြာနေ့တွင် မလေးရှားနိုင်ငံ (ပီနန်မြို့ ပဲရပ်မြို့နယ် ကွာလာကူရောင်းရွာ) ကိုစုလောင် မကြူခိုင်တို့၏ ဂိုဒေါင် တွင် ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ ဓမ္မဒါန တရားပွဲ အစီအစဉ်ကို ည ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ ရှစ်ပါး သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ သီလခံယူပြီးသော အချိန်တွင် တရားလာရောက် နာယူကြသော ပရိတ်သတ်များမှ သံဃာတော် အရှင်သူမြတ်များကို ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ 

သင်္ကန်းကပ်လှူပြီးသော အချိန်တွင် ဆရာတော်များမှ ဘေးရန်အန္တရာယ် ကင်းဝေးစေရန်အတွက် ပရိတ်တရားတော်များကို ရွတ်ဖတ်ပေးခဲ့ပါသည်။ ဆရာတော် တရား ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ ရတနာ သုံးပါးအကြောင်း လိုက်နာပြုပြင်သင့်သော သီလအကြောင်း ၊ သမာဓိအကြောင်း ပညာအကြောင်း ၊ ဘာသာရေးအကြောင်း အရာများ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမ အသိပေး ဟောပြောခဲ့ပါသည်။ 

ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုခဲ့ပါတယ်။ မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ် တ္ထု ၅၂၇၀ ကိုဆက်ကပ် လှူဒါန်းရာ ဆရာတော်၏ အကျိုးတော်ဆောင်မှ လက်ခံခဲ့ပါသည်။ 

၎င်းနောက် ပြုပြုသမျှ ကုလိုလ် ကောင်းမှုများကို ရေစက်ချ အမျှတန်းပေးဝေ ခဲ့ပါသည်။ ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံ (ပဲရပ်မြို့နယ် ကွာလာ ကူရောင်းရွာ) ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ ကားအကြိုအပို့များဖြင့် တရားတော် လာရောက်နာယူကြပြီး ဂိုဒေါင် ပြည့်လျှံ သွားခဲ့ပါသည်။ 

တရားလာရောက် နာယူကြသော ပရိတ်သတ်များကို အကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ပါသည်။ ဆရာတော် တရားပွဲ အစီအစဉ်ကို " ဗုဒ္ဓသာသနံ စိရံ တိဌာတု " ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော် သုံးကြိမ်ရွတ်ဆိုပြီး ည ၁၁း၀၀ အချိန်တွင် ရပ်နားခဲ့ပါသည်။ 


နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

Friday, November 23, 2012

မလေးရှားနိုင်ငံ အီပို့မြို့တွင် ဆရာတော် ဦးသုမင်္ဂလ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)


ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ စတဲ့နေရာများတွင် တရားတော်များကို ဟောကြားခဲ့ပြီး ဆက်လက်၍ ဘာတာဝပ် ၊ ပီနန် ၊ ကွာလာလမ်ပူမြို့ ၊ မလ္လကာမြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၂.၁၁.၁၂ ကြာသပတေးနေ့တွင် မလေးရှားနိုင်ငံ (အီပို့မြို့) နယူးဝေါလ်ကုန်တိုက် ၊ ပထမထပ် THE STORE ကုန်တိုက်ရှေ့ ခန်းမတွင် ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ ဓမ္မဒါန တရားပွဲ အစီအစဉ်ကို ည ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ 

ဆရာတော် ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ ရတနာ သုံးပါးအကြောင်း လိုက်နာပြုပြင်သင့်သော အရာများကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမဟောပြောခဲ့ပါသည်။ ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုခဲ့ပါတယ်။

မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ် ဝတ္ထုကိုဆက်ကပ် လှူဒါန်းရာ ဆရာတော်၏ အကျိုးတော်ဆောင်မှ လက်ခံခဲ့ပါသည်။ ၎င်းနောက် ပြုပြုသမျှ ကုလိုလ်ကောင်းမှုများကို ရေစက်ချ အမျှတန်းပေးဝေ ခဲ့ပါသည်။ 

ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲအစီအစဉ်ကို မလေးရှားနိုင်ငံ (အီပို့မြို့) ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ ကားအကြိုအပို့များဖြင့် တရားတော် လာရောက်နာယူကြပြီး နယူးဝေါလ်ကုန်တိုက် ခန်းမ ပြည့်လျှံသွားခဲ့ပါသည်။ ဆရာတော် တရားပွဲ အစီအစဉ်ကို " ဗုဒ္ဓသာသနံ စိရံ တိဌာတု " ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော် သုံးကြိမ်ရွတ်ဆိုပြီး ည ၁၁း၀၀ အချိန်တွင် ရပ်နားခဲ့ပါသည်။ 


နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

Thursday, November 22, 2012

မလေးရှားနိုင်ငံ ကွမ်တန်းမြို့တွင် ဆရာတော် ဦးသုမင်္ဂလ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)


ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ နေရာများတွင် တရားတော်များကို ဟောကြားခဲ့ပြီး ဆက်လက်၍ အီပို့ ၊ ပီနန် ၊ ကွာလာလမ်ပူမြို့ ၊ မလကာမြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၂.၁၁.၁၂ ဗုဒ္ဓဟူးနေ့တွင် မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) Per Satuan Eng Choon Kuantar No.1/68. Jalan Bukit Ubi/25200 Kuantar ခန်းမတွင် ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ ဓမ္မဒါန တရားပွဲအစီအစဉ်ကို ည ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ ဆရာတော် ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ ရတနာ သုံးပါးအကြောင်း လိုက်နာပြုပြင်သင့်သော အရာများကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမ ဟောပြောခဲ့ပါသည်။ 

ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုစေခဲ့ပါတယ်။ မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ် ဝတ္ထုကိုဆက်ကပ် လှူဒါန်းရာ မလေးရှားရင်းဂစ် ၂၆၀၁၅ ကို ဆရာတော်၏ တပည့်မှ လက်ခံပေးခဲ့ပါသည်။ 

၎င်းနောက် ပြုပြုသမျှ ကုလိုလ်ကောင်းမှုများကို ရေစက်ချ အမျှတန်းပေးဝေ ခဲ့ပါသည်။ ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲအစီအစဉ်ကို မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ ကားအကြိုအပို့များဖြင့် တရားတော် လာရောက်နာယူကြပြီး Per Satuan Eng Choon Kuantar No.1/68. Jalan Bukit Ubi/25200 Kuantar ခန်းမ ပြည့်လျှံသွားခဲ့ပါသည်။ ည ၁၁း၂၁ မီနစ် အချိန်တွင် ဆရာတော်၏ တရားပွဲ အစီအစဉ်ကို ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော် သုံးကြိမ်ရွတ်ဆိုပြီး ရပ်နားခဲ့ပါသည်။ 

 

နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့တွင် ဆရာတော် ဦးသုမင်္ဂလ ၏ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)


မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့တွင် ဆရာတော် ဦးသုမင်္ဂလ ၏ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ) ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ ၊ ပီနန် ၊ ကွာလာလမ်ပူမြို့ ၊ မလကာ မြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၀.၁၁.၁၂ အင်္ဂါနေ့တွင် မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့ Dewan Taman Sri Tebru Hall ခန်းမတွင် ဓမ္မဒါနတရားပွဲကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဓမ္မဒါန တရားပွဲအစီအစဉ်ကို ည ၈ နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ ဆရာတော် ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ လိုက်နာပြုပြင်သင့်သော အရာများကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမဟောပြောခဲ့ပါသည်။ 

ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုစေခဲ့ပါတယ်။ မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ်ဝတ္ထုကိုဆက်ကပ် လှူဒါန်းရာ မလေးရှားရင်းဂစ် ၃၃၅၁၈ ကို ဆရာတော်၏ တပည့်မှ လက်ခံပေးခဲ့ပါသည်။

၎င်းနောက် ပြုပြုသမျှ ကုလိုလ် ကောင်းမှုများကို ရေစက်ချ အမျှတန်းပေးဝေ ခဲ့ပါသည်။ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲအစီအစဉ်ကို မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ ကားအကြိုအပို့များဖြင့် တရားတော် လာရောက်နာယူကြပြီး Dewan Taman Sri Tebru Hall ခန်းမအထဲအပြင်တွေမှာ ပြည့်လျှံသွားခဲ့ပါသည်။ ဆရာတော်တရားပွဲ အစီအစဉ်ကို ဗုဒ္ဓ သာသနံ စိရံ တိဌာတု သုံးကြိမ်ရွတ်ဆိုပြီး ည ၁၁ နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

 

နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

Sunday, November 11, 2012

မလေးရှားနိုင်ငံ မဟာနန်း လုပ်ငန်းစုမှ တတိယအကြိမ်မြောက် နှစ်ပတ်လည်ဖျော်ဖြေပွဲ ကျင်းပပြီးစီး

မလေးရှားနိုင်ငံ မဟာနန်း လုပ်ငန်းစုမှ တတိယအကြိမ်မြောက် နှစ်ပတ်လည်ဖျော်ဖြေပွဲ အစီအစဉ်တွင် မြန်မာနိုင်ငံမှ Hip Hop အဆိုတော်များ ဖြစ်ကြသော JMe ၊ ရဲလေး ၊ ဘရိတ်ကီ ၊ ဂျောက်ဂျက် ၊ လွှမ်းပိုင် ၊ စန္ဒီမြင့်လွင် ၊ အေသင်ချိုဆွေ ၊ အိမ့်ချစ် ၊ မီစန္ဒီ ၊ Bobby Soxer ၊ Super Model (Girl Group) များနှင့် Dancer Uranium ၊ Life & Dancer Twin Brother တို့ဖြင့် အစီအစဉ်အလိုက် သီဆိုဖျော်ဖြေကြပြီး ယနေ့ ၁၁.၁၁.၂၀၁၂(တနင်္ဂနွေနေ့)တွင် ကေအယ် ကိုတာရာယာကုန်တိုက်ဘေး SM ခန်းမတွင် နေ့လည် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ဒီနေ့ကျင်းပတဲ့ အစီအစဉ်က မဟာနန်း လုပ်ငန်းစု တတိယအကြိမ်မြောက် နှစ်ပတ်လည်ဖျော်ဖြေပွဲ ကြီးဖြစ်ပါတယ်။ ၃ နှစ်ပြည့်အနေနဲ့ ထူးထူးခြားခြားလေး ဖြစ်အောင် အခုလို ကျင်းပပြီး မဟာနန်းဆိုင်ကို အားပေးနေကြတဲ့ ရွှေမြန်မာတွေ အတွက် တင်ဆက်ပေးတဲ့ အစီအစဉ်လေးပဲ ဖြစ်ပါတယ်။ " လာရောက်အားပေးတဲ့ အတွက် မဟာနန်း လုပ်ငန်းစု မှ ကျေးဇူးတင်ရှိပါတယ် ဟု " မဟာနန်း လုပ်ငန်းစု တာဝန်ခံမှ ပြောသည်။ 

အဆိုပါ ဖျော်ဖြေပွဲတွင် မလေးရှားနိုင်ငံရောက် ရွှေမြန်မာများ အားရောက်အားပေးကြပြီး စည်ကားစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

   
   
   
   
   
   
   
 


 
 နေဇော်လင်း 
(သတင်း၊ဓာတ်ပုံ)