Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, September 12, 2012

“သမိုင်းကြွေးပေးဆပ်ရမယ်”..... လို့ စိန်ခေါ်လိုက်တဲ့




ဦးသန့်၏မြေး သန့်မြင့်ဦးရေးတဲ့ ခြေရာပျောက်မြစ် (သို့) ခြေရာလည်းပျောက် ရေလည်းနောက် စာအုတ်မှ ကိုယ်တိုင်ရေးမြန်မာ့သမိုင်း အမှားတွေအတွက် ဆရာကြီးမောင်သွေးချွန်က “သမိုင်းကြွေးပေးဆပ်ရမယ်”..... လို့ စိန်ခေါ်လိုက်တဲ့ ကလောင်စစ်ပွဲ


မြန်မာ့သမိုင်းနှင့် ရခိုင်သမိုင်း ဗုဒ္ဓဘာသာ သမိုင်းကို စုတ်ပြတ်သတ်ပြီး ကမ္ဘာ့အလယ် ရှုံ့ချအောင် လူတတ်ကြီး လုပ်ပြီးရေးသားဖြန့်ဝေလိုက်သော သန့်မြင့်ဦးရေးသော စာအုတ်ကို ဆရာကြီးက ဒီလိ
ုချေပသွားတယ်။


ဆရာ ယုဒသာန် ဆိုတာ အင်မတန်တော်ပါတယ်။ မြန်မာပြည်မှာ အနှစ် ၂၀ လုံးလုံး ခရစ်ယာန် သာသနာပြုသွားတာ ခရစ်ယာန်ထဲကို ဗုဒ္ဓဘာသာမှ ၈ ယောက်ပဲကူးပြောင်းရောက်ရှိပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသော မြန်မာနိုင်ငံမှာ တုတ်မိုး ဒါးမိုးပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်ခိုင်းတာ မရှိပါဘူး ဒါတောင် မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာမှကိုးကွယ်မှု ပျက်အောင် မလုပ်နိုင်ပါဘူး။ ထို့အတူ ရခိုင်မှန်ရင် ဗုဒ္ဓဘာသာလို့ ပြောစမှတ်ရှိတာကို နိုင်ငံခြားမှာပဲနေတဲ့ သန့်မြင့်ဦးက ရခိုင်သမိုင်းနဲ့ ဗုဒ္ဓသမိုင်းကို အရုပ်ဆိုးအကျဉ်းတန်အောင် ရေးသားခဲ့တယ်။ 


ဒီလိုစာအုတ်ကို ကမ္ဘာမှာဖြန့်ပြီး မြန်မာ့သမိုင်း ရခိုင်သမိုင်းကို အမှတ်မှား အထင်မှားအောင်လုပ်လို့ ဘင်္ဂါလီတွေက ရောင့်တက်တာပါ။ အင်မတန်ကြောက်စရာကောင်းတဲ့ နိုင်ငံ့သမိုင်းဖျက်ဆီးမှုပါ။ ဒီလိုလူမျိုးသာ ရခိုင်အရေးစုံစမ်းရေးမှာ တာဝန်ပေးလိုက်လို့ကတော့ သွားပါပြီ။ သမိုင်းအဆက်ဆက် အသုံးအကျတဲ့မြန်မာ ဘင်္ဂလားနယ်တစ်နယ်အဖြစ် ရပ်တည်ခဲ့တဲ့ ရခိုင်ဖြစ်သွားတော့မှာပါ။ 


ဆရာကြီးက “ ဦးသန့်၏မြေး သန့်မြင့်ဦးရေးတဲ့ မြန်မာ့သမိုင်းအမှားများ“ မောင်သွေးချွန်ဝေဖန်တင်ပြသည်။ စာအုတ်နှင့်ပတ်သက်ပြီး sky net up to date တွေ့ဆုံခန်းမှာ ဒီလို နိဂုံးချုပ်သွားပါတယ်။


ဗုဒ္ဓ၀ါဒဆိုတာ ၀ိဘစ္စ ၀ါဒပါ ဝေဖန်ပိုင်းခြားပြီးမှဆုံးဖြတ်ရပါတယ်။ ထို့အတူပဲ ကျွန်တော်တို့လည်း ကုလသမ္မဂ အတွင်းရေးမှုး ဦးသန့်ရဲ့မြေး သန့်မြင့်ဦးဟာ ဦးသန့်လိုပဲ မြန်မာ့ဂုဏ်ဆောင်မယ် ထင်မိတာ


ပညာအရည်အချင်းကလည်း ကင်းဗရစ်တက္ကသိုလ်က ပီအိတ်ခ်ျဒီ ပါရဂူဘွဲ့ကို သမိုင်းဘာသာနဲ့ ရတာဆိုတော့ အထင်ကြီးမိပါသည်။ ဆရာကြီးမောင်သွေးချွန်သာ မကယ်ရင် ရခိုင်ပြည်ကို ကုလားတွေရဲ့နယ်မြေအဖြစ် အထင်မှားကုန်ကြမှာပါ။ ဒါကြောင့် သန့်မြင့်ဦးရဲ့ စာအုတ်ထဲက စာသားတွေကို ကုလားတွေ တွင်တွင်ရွတ်ပြီး နယ်မြေလုနေကြတာပါ။ သန့်မြင့်ဦးသည် နိုင်ငံခြားတွင် နေထိုင်ကြီးပြင်းပြီး မြန်မာနိုင်ငံကို အထင်သေး ရှုံ့ချ စော်ကားရုံသာမက မြန်မာနိုင်ငံ အစိတ်အပိုင်းကိုပါ လူမျိုးခြားလက် ၀ကွက်အပ်ရအောင် လုပ်တဲ့အမျိုးသား သစ္စာဖောက်ပါ။ ထို့အတူ သန့်မြင့်ဦးရေးသော ခြေရာပျောက် စာအုတ်ကို ဖတ်ကြည့်သင့်သည့် စာအုတ်ဟု ဒေါ်စုညွှန်းထားတာ ဘာကြောင့်လည်း ဒါကြောင့် ရခိုင်အရေးမှာ သွေးအေးနေတာလား? ဒေါ်စု မြန်မာနိုင်ငံကို လူမျိုးကို တကယ်ချစ်ရင် ဆရာမောင်သွေးချွန် ဝေဖန်တင်ပြသည့် “ ဦးသန့်၏မြေး သန့်မြင့်ဦးရေူးတဲ့ ” ” ကိုယ်တိုင်ရေးမြန်မာ့သမိုင်းအမှားများကို လည်း ဖတ်ကြည့်သင့်သည့်စာအုတ်တစ်အုတ်အဖြစ် ရဲဝံ့စွာ ညွှန်ပြပေးပါ။
Say Nyon Thu ၏ ဖေ့ဘွတ်မှ ကူးယူတင်ပြပါသည်။

Monday, May 21, 2012

အွန်လိုင်းမီဒီယာ ဆိုသည်မှာ

Min Ko Aung ၏ Facebook စာမျက်နှာမှ ကူးယူဖေါ်ပြပါသည်။

ဘက်ပေါင်းစုံမှ ၀ါဒဖြန့်ချိရေးသမားများ Facebook အပါအ၀င် အွန်လိုင်းမီဒီယာ၌ နေရာယူမှု များလာခြင်းအတွက် ခေတ်နှင့်လျော်ညီသော ဥပဒေတစ်ရပ် ပေါ်ထွန်းရေး လိုအပ်လာ by-EMG

ဘက်ပေါင်းစုံမှ ၀ါဒဖြန့်ချိရေး သမားများမှာ Facebook ကဲ့သို့သော လူမှုကွန်ယက် ၀က်ဘ်ဆိုက်များ အပါအ၀င် အွန်လိုင်းမီဒီယာများ၌ နေရာယူမှုများလာကြောင်း အင်တာနက် သုံးစွဲသူများက ပြောဆိုကြပါသည်။

အွန်လိုင်းမီဒီယာ အသီးသီးသို့ ၀င်ရောက်နေရာယူလာသည့် ၀ါဒဖြန့် ချိရေးသမားများမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို (အထူးသဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားနိုင်ငံရေးသမားများ၊ မီဒီယာသမားများ) ပြုလုပ်လာခဲ့ခြင်း ဖြစ်ပါ သည်။

မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုခွင့်ရရှိခဲ့ပြီးနေ
ာက် ၂၀၀၅ ခုနှစ် အချိန်တွင် ဘလော့ရေးသားမှုများ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ထိုသို့ေ ပ်ါပေါက်ခဲ့ပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ် နှင့်၂၀၀၇ခုနှစ် အချိန်များတွင် ဘလော့ရေစီးအား ကောင်းစွာ ပေါ်ထွက်လာခဲ့ပါသည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ နောက်ပိုင်းတွင် အစိုးရ(သို့မဟုတ်) အစိုးရကိုယ်စား ရေးသားသည့် ၀ါဒဖြန့်ချိရေး ဘလော့များ ပေါ်ထွက်ခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်း ပြည်ပရောက် အတိုက်အခံများ ရေးသားခဲ့ကြသည့် ဒေါင်းကွင်း၊ မောင်ဒိုင်း၊ နေနတ်နွယ် အစရှိသူတို့၏ ဘလော့စာမျက်နှာများ ၌ ရေးသားမှုများကို အစိုးရဘက်မှ ကျေးစေတမန်နှင့် အခြားဘလော့များ မှ အပြန်အလှန် ချေပပြောဆိုခဲ့ရာမှ အစိုးရ၏ ၀ါဒဖြန့်ချိရေး ဘလော့များစွာ ပေါ်ထွက်လာခဲ့ပါသည်။ ထိုအချိန်ကပင် အစိုးရနှင့်အတိုက်အခံ နှစ်ဘက်စလုံးတွင် ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိရေး ဘလော့များရှိခဲ့ပါသည်။

၂၀၀၈ ခုနှစ် နောက်ပိုင်းအချိန်တွင်မူ ပြည်တွင်းအင်တာနက် သုံးစွဲသူများအကြား လူမှုကွန်ယက်ဝက်ဘ်ဆိုက် ဖြစ်သော Facebook ရေစီးစတင်လာခဲ့ပြီး ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များတွင် ပိုမိုအားကောင်းလာခဲ့ပါသည်။ Facebook ရေစီး အားကောင်းလာချိန်တွင် ဘလော့ရေးသားသူ အများစုမှာ Facebook ဘက်သို့ ကူးပြောင်းလာသဖြင့် ဘလော့ရေးသားမှုများ အားလျော့သွားသော်လည်း ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိရေးဘလော့များမှာမူခိုင်မာစွာ ရှိနေခဲ့ပါသည်။ အခြားတစ်ဖက်တွင်လည်း Facebook ၏ အားသာချက်ဖြစ်သော သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်ခြင်းကို အားပြု၍ ဘလော့နှင့် Facebook စာမျက်နှာများကို တွဲဖက်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ အပုပ်ချမှုများကို လုပ်ဆောင်လာခဲ့ကြပါသည်။
အသက် ၆၇ နှစ်အရွယ်ရှိပြီး နိုင်ငံတကာ၏ လေးစားမှု အပါအ၀င် ပြည်သူလူထု၏ ယုံကြည်မှုကိုပါ ရရှိထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထားတိုက်ခိုက် . . .

၂၀၁၁ခုနှစ်သို့ ရောက်ရှိချိန်၌ ဘက်ပေါင်းစုံဝါဒဖြန့်ချိရေး ဘလော့ပေါင်းများစွာ ရှိလာသည့်အနက် Myanmar Express (www. myanmar-express.net) နှင့် Voice of Myanmar (doctorsatephwar. blogspot.com) အစရှိသည့် ၀က်ဘ်စာမျက်နှာ နှစ်ခုမှာ သိသာထင်ရှားသော ၀ါဒဖြန့်ချိရေး ၀က်ဘ်စာမျက်နှာများ ဖြစ်လာခဲ့ပါသည်။

Myanmar Express ၀က်ဘ်စာမျက်နှာ၏ အဓိကရည်ရွယ်ချက်မှာ အသက် ၆၇ နှစ်အရွယ်ရှိပြီး နိုင်ငံတကာ၏ လေးစားမှုအပါအ၀င် ပြည်သူလူထု၏ ယုံကြည်မှုကိုပါရရှိထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထား တိုက်ခိုက်ခြင်း ဖြစ်ပါသည်။

“အရင်တုန်းကလည်း သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန် ပေါ့လေ၊ ယုတ်ယုတ်မာမာတွေ ရေးပြီး တိုက်ခိုက်တာတွေကို ဖတ်ဖူးပါတယ်။ အခု အွန်လိုင်းမှာ ရှိနေတယ်ဆိုတာလည်း ကျွန်တော်တို့လည်း သိရတယ်။ ကြားနေပါတယ်။ ဒါတွေဟာ တိုင်းပြည်အတွက်ရော၊ လူ့အဖွဲ့အစည်း အတွက်ရော လုံးဝ အကျိုးမရှိပါဘူး။ ကျွန်တော်က အဲလိုပြောချင်ပါတယ်။ ဒီအလုပ်တွေဟာ လောကပါလတရား နဲ့လည်း မကိုက်ပါဘူး”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် ကပြောပါသည်။

“လူတစ်ဦးတစ်ယောက်ကို အပုပ်ချသည်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ်ရင် စွပ်စွဲပြောဆိုသည်ပဲ ဖြစ်ဖြစ် ဒီအရာတွေဟာ မမှန်ကန်ဘူးဆိုရင် ဝေဖန်ခံရတဲ့သူ၊ အပုပ်ချခံရတဲ့ သူအနေနဲ့ ပြန်လည်ပြီး တရားစွဲဆိုပိုင်ခွင့်ရှိ ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဝေဖန်ခြင်းတွေ ပြုလုပ်လို့ရတယ်။ ပုပ်ခတ်ခြင်းတွေ ပြုလုပ်လို့ရတယ်။ အပုပ်ချခြင်းတွေ ပြုလုပ်လို့လည်း ရတယ်။ ပြောဆိုတဲ့ အကြောင်းအရာတွေမှာ မှန်ကန်မှုမရှိဘူး ဆိုရင်တော့ ဥပဒေကို ကျူးလွန်တာလို့ပဲလို့ ကျွန်တော် ပြောပြပါရစေ”ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောပါသည်။

Myanmar Express ၀က်ဘ်စာမျက်နှာ၌ ဒေါ်အောင်ဆန်းစုကြည် ကို ပုဂ္ဂိုလ်ရေးအရ အဓိကထားပြီး တိုက်ခိုက်သည့်နည်းတူ ၈၈မျိုးဆက် ကျောင်းသားများ အပါအ၀င် အခြားသော နိုင်ငံရေးသမားများကိုလည်း တိုက်ခိုက်ခဲ့ပါသည်။ Myanmar Express ၀က်ဘ်စာမျက်နှာ နည်းတူ Voice of Myanmar ဘလော့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမားများကိုပင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစု ကြည်လွှတ်တော်သို့ ၀င်ရောက်သွားခဲ့ပြီး နောက်ပိုင်းတွင် Eleven Media Group ကို တိုက်ခိုက်ခြင်းအား အရှိန်မြှင့် လုပ်ဆောင်လာခဲ့ပြီးThe Voice ၊ YPI (Yangon Press Internation) အစရှိသည့် ပြည်တွင်း မီဒီယာများကို တိုက်ခိုက်လာခဲ့ပါသည်။

“Voice of Myanmar ကို လေ့ လာကြည့်ပါတယ်။ သူတို့ရဲ့ ရည် ရွယ်ချက်က Myanmar Express နဲ့အတူတူပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ပါတယ်။ ဒါပေမယ့် လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည် ရောက်သွားချိန်မှာ သူတို့ရဲ့ တိုက်ခိုက်မှုတွေက မီဒီယာတွေဘက် လှည့်လာပါတယ်။ VOM က နေ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား နာမည်နဲ့ EMG (Eleven Media Group) ကို အများဆုံး တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။၂၀၁၁ခုနှစ် ဇူ လိုင်လထဲမှာ EMG ကို နာမည်တပ် ပြီး တိုက်ခိုက်မှု စတင်ပါတယ်။ EMG ၀က်ဘ်ဆိုက်မှာရှိတဲ့ Comment တွေကို အကြောင်းပြုပြီး တိုက်ခိုက်ခဲ့တာပါ။ စက်တင်ဘာလထဲမှာ နှစ်ကြိမ်၊ အောက်တိုဘာလမှာ တစ်ကြိမ်၊ ဒီဇင်ဘာလထဲမှာ ငါးကြိမ်၊ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလထဲမှာ နှစ်ကြိမ်၊ နောက်၂၀၁၁ခုနှစ်မေလထဲမှာ နှစ်ကြိမ်စသဖြင့် EMG ကို ခေါင်းစဉ် တပ်ပြီး တိုက်ခိုက်ခဲ့တာပါ။ တစ်ဖက်မှာလည်း ဒါလားဟဲ့ စတုထ္ထ မဏ္ဍိုင်၊ စိတ်ပျက်မိတယ် စတုထ္ထ မဏ္ဍိုင်ရယ်ဆိုတဲ့ ခေါင်းစဉ်တွေတပ်ပြီး ပြည်တွင်းဖြစ် အိမ်ကျယ် စတုထ္ထမဏ္ဍိုင်၊ ပြည်တွင်းဖြစ် ခပ်ညံ့ညံ့မီဒီယာ ဒီလို စကားလုံးတွေ သုံးစွဲပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်”ဟု Eleven Media Group မှ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်က ပြောပါသည်။

“သူတို့ရဲ့ ရေးသားပုံတွေကို ပြန် ကြည့်ရင် ပုဂ္ဂိုလ်ရေး တိုက်ခိုက် မှုကို တိုက်ရိုက် လုပ်လာခဲ့တာပါ။ နောက် ပြီးရေးဟန်တွေက ပုံစံသုံးမျိုးလောက် ကွဲထွက်နေတာမို့ တစ်ယောက်တည်း မဟုတ်ဘဲ သုံးလေးဦးဝိုင်းပြီးရေးတဲ့ ပုံစံဖြစ်နေပါတယ်။ ဒါပေမယ့် Smart News ဂျာနယ်အတွဲ (၁)၊အမှတ်(၆)မှာ တော့ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားရဲ့ နိုင်ငံပိုင် မီဒီယာများအပေါ် ဒေါက်တာဆိတ်ဖွား၏ အမြင်ဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့တာ တွေ့ရပါတယ်။Smart News ဂျာနယ်ရဲ့အယ်ဒီတာချုပ်က ဦးခင်မောင်ညို (ဘောဂဗေဒ)ပါ။ မြန်မာ့ဆက်သွယ်ရေးက ထုတ်တဲ့ ဂျာနယ်တစ်စောင် ဖြစ်ပါတယ်။ ဆက်သွယ်ရေး သတင်းမှားတွေကို ပြန်လည်ချေပဖို့နဲ့ ဆက်သွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် ချက်တွေကို ဦးစားပေးဖော်ပြဖို့ အတွက် ဒီဂျာနယ်ကို ဆက်သွယ်ရေးဝန်ကြီးဌာနက ငွေကြေးစိုက်ထုတ်ပြီး ထုတ်ဝေခဲ့တာလို့ သိရပါတယ်။ ဒါကြောင့်မို့ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွားနဲ့ Voice of Myanmar ဘ လော့ဆိုတာဟာ Smart News ဂျာနယ် ဒါမှမဟုတ် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့သူ တစ်ဦးလားဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်”ဟု ကိုနေထွန်းနိုင် က ဆက်လက် ပြောကြားပါသည်။

“ကျွန်မကြားဖူးတာတော့ ခုလို website တွေဖွင့်ပြီး တိုက်ခိုက်ရေးသား ကြဖို့အတွက် သေသေချာချာ တာဝန်ပေး assign ချထားပြီးတော့ကို လုပ်နေကြတယ်လို့ ဆိုပါတယ်။ ဒါ ဖြစ်နိုင်ပါတယ်။ အဖွဲ့အစည်းနဲ့ကို တကယ်အချိန်ပေးပြီး သေသေချာချာ လုပ်နေကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီတိုင်းဆို eagerly လုပ်ဖို့ လွယ်မှမလွယ်တာ။ ပြီးတော့ အချိန်အရ၊ အင်တာနက်မြန်နှုန်းအရ၊ တစ်ယောက်တည်းက ဘယ်လုပ်နိုင်မလဲ” ဟု စာရေးဆရာမ ဒေါ်မေငြိမ်းက ပြောပါသည်။

ထို့အပြင် သိသာထင်ရှားသော အချက်အနေဖြင့် ၀ါဒဖြန့်ချိရေး ဘလော့ တစ်ခုနှင့်တစ်ခုမှာ ချိတ်ဆက်မှုဖြင့် အကြောင်းအရာတစ်ခု ဦးတည် တိုက်ခိုက်လေ့ ရှိခြင်းဖြစ်ပါသည်။

“၀ါဒဖြန့်ချိရေး ဘလော့ဂ်တွေဟာ တလေသံတည်း ထွက်တယ်၊ ပြီးတော့ တခုနဲ့တခု အချိတ်အဆက် ရှိတယ်။ သူများမရနိုင်တဲ့ အချက်အလက်၊ ပုံတွေတင်တတ်တယ်။ ဥပမာ - ရန်ကုန်မှာ ဗုံးစမ်းသပ်စဉ် ပေါက်ကွဲပြီး သေဆုံးတဲ့ပုံတွေလိုမျိုး။ ၂၀၀၇ကစပြီး လေ့လာခဲ့ရသလောက် သူတို့စရေးစဉ်ပဲ ဟုတ်သလိုလို ပရိသတ်ရှိခဲ့ပေမယ့် နောက်တော့ ချဉ်ဖတ်ဖြစ်ကုန်တာ များပါတယ်။ အခုရှိတဲ့ ပရိသတ်ဆိုတာလည်း အလံရှူးတွေ၊ သူတို့သားသမီး မကင်းရာ မကင်းကြောင်းတွေနဲ့ မသိနိုးနား အင်တာနက်သုံးစွဲသူလောက် ပဲဖြစ်ပါတယ်။ အွန်လိုင်းအမာခံတွေ က သွားတောင် ဖတ်ကြတာ မဟုတ်ပါဘူး”ဟု နိုင်ငံရေးဘလော့ဂါနှင့် ဂျာနယ်လစ်တစ်ဦးက ပြောပါသည်။

သို့သော် ဘက်ပေါင်းစုံဝါဒ ဖြန့်ချိရေးသမားများ အနေဖြင့် Facebook ကိုအသုံးပြုပြီး ဆက်လက် လုပ်ဆောင် ခဲ့ကြပါသည်။ Facebook သည် ဘလော့ထက် အားသာချက်များစွာရှိနေပြီး မိမိဖြန့်ဝေလိုသော အကြောင်း အရာကိုလည်း အလျင်မြန်ဆုံး ဖြန့်ဝေနိုင်ကာအသုံးပြုရ လွယ်ကူသဖြင့် ၀ါဒဖြန့်ချိသူများ အနေဖြင့်Facebook ကို ပိုမိုသုံးစွဲလာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ သုံးစွဲရာတွင် နာမည်ဝှက်များဖြင့် Account များစွာ သုံးစွဲပြီးလုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

“သူတို့က ရေများ ရေနိုင်ဆိုတဲ့ ပုံစံမျိုးပေါ့လေ။ လူညီရင် ဤကို ကျွဲလို့ဖတ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်အောင် ၀ိုင်းလုပ်နေကြတာ။ သူတို့က အရင်သုံးနေတဲ့ စကားလိုပဲ။ မဟုတ်တာကို ပြောပါများရင်ဟုတ်တာဖြစ်သွားတယ် ဆိုတဲ့ ပုံစံမျိုးဆိုတဲ့ အယူအဆအပေါ်မှာ အခြေခံပြီး သူတို့ လုပ်နေတာ။ ပြောရမယ်ဆိုလို့ရှိရင် မဟာဗျူဟာ ချမှတ်ပြီးတော့ ကိုလုပ်နေတဲ့ သဘော ရှိတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်ကပြောပါသည်။

ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိသူများထဲတွင် အစိုးရဌာနများပါဝင် ပတ်သက်နေသည့် ယူဆမှုများ ရှိနေသည့် အချိန်၌ ယခင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့သော ခံယူချက်ဖြင့် လုပ်ဆောင်မှုများမှာ ယနေ့ထိတိုင်ရှိနေဆဲ ဖြစ်ကြောင်းသုံးသပ်သူများက ပြောဆို ပါသည်။

“တကယ့်လက်တွေ့အနေအထား မှာလည်း မီဒီယာကို မီဒီယာနဲ့ တိုက် လို့ ပြောပေမယ့်လို့ အဲဒီမီဒီယာရဲ့စာ ဖတ်ပရိသတ်ဘယ်လောက်ရှိသလဲဆို တဲ့ အပေါ်မှာ ပြဿနာရှိတယ်။ ဥပမာ A နဲ့ B နဲ့တိုက်တယ်။ A ရဲ့ စာဖတ်သူက ထောင်ဂဏန်းလောက်ပဲရှိပြီး B ရဲ့စာဖတ်သူက သောင်းဂဏန်းလောက် ရှိတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ်သူ့ရဲ့ စာစောင်မှာပဲဖြစ်ဖြစ်၊ သူ့ရဲ့ ၀က်ဘ်စာမျက်နှာမှာပဲ ဖြစ်ဖြစ် သူရေးတဲ့စာတွေကို သူ့ရဲ့ စာဖတ်သူတွေက လက်ခံတယ်၊ သဘောကျတယ်ဆိုရင် သူရဲ့စာဖတ်ပရိတ်သတ် က တက်လာမယ်။ ကျွန်တော်တို့က ရလဒ်ကို ကြည့်ရမယ်။ သူတို့ ထူထောင်ထားတဲ့ မီဒီယာတွေ ရေးတဲ့သားတဲ့ အပေါ်မှာ လူတွေကဖတ်ပြီးတော့ ဘယ်လိုရလဒ်တွေ ထွက်လာလဲ။ ရ လဒ်ဆိုတာ လက်တွေ့ဘ၀ထဲမှာကြည့်ရမှာကိုး။ ရလဒ်က အွန်လိုင်းစာမျက်နှာပေါ်မှာ ကြည့်လို့မရဘူး။ အကြောင်းအရာတစ်ခုကို အွန်လိုင်းမှာ ရေးလိုက်တယ်။ ရေးလိုက်တဲ့အပေါ်မှာ စာဖတ်သူပေါင်းစုံ တက်ဖတ်တယ်။ ဖတ်ပြီးတဲ့ အခါမှာ အဲဒီရဲ့ရိုက်ခတ်မှုက အပြင်မှာ ဘာဖြစ်လာလဲ။ အဲဒါကို ကြည့်ရမယ် ထင်တယ်”ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသည့် ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါသည်။

“ နိုင်ငံမှာ အတိုက်အခံ အင်အားစုလည်း အပြိုင်ရှိလာပြီဆိုတော့ ပြိုင်ပွဲဆန်လာတာပေါ့။ ဒါပေမဲ့ ပြိုင်ပွဲမှာရန်လိုတာတွေ၊ ညစ်ပတ်တာတွေ၊ မဟုတ်မတရားတွေ ပါလာတော့ တိုက်ပွဲဆန်လာတဲ့ သဘောပါပဲ။ ဒီနေရာမှာ ပြိုင်တိုက်ရသူရဲ့ အရည်အချင်း၊ အဆင့်အတန်းနဲ့ စိတ်ဓာတ်စံမီ မမီဆိုတာပေါ် မူတည်ပြီး ခုလိုရှက်စရာကောင်းတဲ့ ကိစ္စတွေတိုက်ပွဲထဲ ပါလာတော့တာလို့ပဲ မြင်ပါတယ်။ ဒီလို ကိစ္စမျိုးတွေ သံသယဖြစ်စရာ မေးခွန်းထုတ်စရာပါပဲ”ဟု စာရေးဆရာမ ဒေါ်မေငြိမ်း က ပြောပါသည်။

ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိရေး လုပ်ငန်းများတွင် အစိုးရပါဝင်ပတ်သက်နေသည် ဆိုပါက ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းအပေါ် သံသယဖြစ်စရာ မေးခွန်းထုတ်စရာများ ရှိနေသည့်နည်းတူ အခွန်ထမ်းပြည်သူများ ၏ ငွေဖြင့်ဒီမိုကရေစီ ပျက်စီးမည့် လုပ်ရပ်များကို မလုပ်သင့်ကြောင်း ပြောဆိုမှုများလည်း ရှိပါသည်။

“အခွန်ထမ်းတွေရဲ့ ငွေနဲ့လုပ်တယ်ဆိုတာကလည်း နည်းတဲ့အင်အား၊ နည်းတဲ့ငွေကြေး မဟုတ်ဘူး။ တစ်ဦးချင်းအနေနဲ့ တစ်ဖွဲ့ချင်းအနေနဲ့ ငွေကြေးတွေ သုံးထားတာကလည်း မနည်းဘူး” ဟု ဦးကြည်မြင့်က ပြောပါသည်။

အစိုးရအနေဖြင့် ၀ါဒဖြန့်ချိရေး လုပ်ဆောင်မှုများအတွက် ငွေကြေးသုံးစွဲမှုများကို လျော့ချပြီး တရားဝင် သတင်းထုတ်ပြန်ရေး ၀က်ဘ်ဆိုက်နှင့် PR(Public Relations) များ ထားရှိသင့်ကြောင်း အကြံပြုပြောဆိုမှုများလည်း ရှိနေပါသည်။

“၀န်ကြီးဌာနတွေအနေနဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ ထားရပါမယ်။ အဲဒီကတစ်ဆင့် ထုတ်ပြန်ချင်တာတွေ၊ သတင်းမှားတွေကို ချေပချင်တာတွေကို လုပ်ဆောင်လို့ရပါတယ်။ နောက်ပြီး PR ကို သေသေချာချာ ထားရမှာပါ”ဟု Myanmar's Net မှ မန်းနေးဂျင်းဒါရိုက်တာ ဦးဇော်ထွဋ်က ပြော ပါသည်။

လက်ရှိအချိန်၌ အွန်လိုင်းသုံးစွဲမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ၊ အပုပ်ချမှုများ ပိုမိုများပြားနေပြီး ထိုလုပ်ရပ်များအတွက် ကာယကံရှင်များမှ ပြန်လည်တရားစွဲဆိုနိုင်မှု အခွင့်အရေးမှာ နည်းပါးနေဆဲဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် ဖြူဖြူသင်းက ပြောပါသည်။

“ကျွန်မတို့မြန်မာပြည်မှာတစ် လျှောက်လုံးပဲ အရင်ကတည်းကလည်း အဲဒီလိုလုပ်နေတာတွေ ရှိတယ်။ တစ်ကယ်ပြောရမယ် ဆိုလို့ရှိရင် တရားဝင်လို ပုံစံမျိုးကို လုပ်နေကြပေါ့နော်။ အမှန်တစ်ကယ်ဆိုလို့ရှိရင် ဒါတွေဟာ နိုင်ငံတကာမှာဆိုလို့ ရှိရင် Internet တွေဘာတွေနဲ့ ပတ်သက်ပြီးတော့ တရားစွဲတာတွေ မဟုတ်တဲ့ သတင်းတွေ တင်လို့ရှိရင်တောင် ပြန်ပြီးတော့ တရားစွဲခွင့်ရှိတယ်။ ပြန်ပြီးဖြေရှင်းခွင့်ရှိတယ်။ အဲလိုမျိုးရှိနေတဲ့ အခါကြတော့ ကျွန်မတို့ မြန်မာပြည်မှာကြတော့ အခုအချိန်အထိ အဲလိုအခွင့်အရေးတွေက မရှိသေးဘူး” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။

လက်ရှိအချိန် အီလက်ထရောနစ် ဥပဒေ ရှိနေသော်လည်း ထိုဥပဒေ မှာ အားနည်းချက်များစွာ ရှိနေသည့် အပြင် ဖျက်သိမ်းသင့်သည့် ဥပဒေဖြစ်နေသည့်အတွက် ခေတ်နှင့်လျှော်ညီ ပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ၊ ကျင့်ဝတ်နှင့် မလျော်ညီသည့် အရေးအသားများဖြင့် စနစ်တကျ လုပ်ဆောင်လာမှုများအတွက် Cyber Law ကဲ့ သို့သော ဥပဒေတစ်ရပ်ပေါ်ထွက်ရန် အရေးတကြီး လိုအပ်နေကြောင်း ပြောဆိုမှုများ ရှိနေပါသည်။

“ဒီဟာမျိုးက Cyber Crime လိုပဲ။ Cyber Police တွေ ထားရမယ်ဗျာ။ Cyber Law ကတော့ ရှိရမှာပဲ။ နည်းပညာနဲ့ ပတ်သက်ပြီး တော်တော်လေးကို ကျယ်ကျယ်ပြန့် ပြန့် ဖြစ်လာပြီဆိုတော့ နည်းပညာကို အလွဲသုံးစားလုပ်တဲ့ လူတွေ ပေါ်ကို ပေါ်လာမှာပဲလေ။ အဲလို လူမျိုး တွေကို ကာကွယ်တားဆီးဖို့ကျတော့ သေချာတာ တစ်ခုကတော့ ခိုင်မာတဲ့၊ အဆင့်အတန်းမီတဲ့ Cyber Law က ရှိရမှာပေါ့။ အဲဒီအဖွဲ့အစည်းက သူတို့ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ ဒီ အဖွဲ့အစည်းကို Cyber Law နဲ့ ကျွန်တော်တို့က ပြန်ပြီးတော့ check and balance လုပ်နိုင်တဲ့ အနေအထားမျိုး ပေါ့။ အဲဒီနှစ်ခု Cyber Law ရော Cyber Police ရော အရေးတကြီး လိုအပ်တယ်လို့ ထင်တယ်”ဟု ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောပါသည်။

ဘက်ပေါင်းစုံဝါဒ ဖြန့်ချိရေးဟု ဆိုရာတွင် အစိုးရဘက်မှ ၀ါဒဖြန့်ချိသူများကိုသာ ဆိုလိုခြင်း မဟုတ်ဘဲ အတိုက်အခံများဘက်မှ ၀ါဒဖြန့်ချိသူများကိုပါ ဆိုလိုကြောင်း၊ လာဘ်စားမှုများ၊ အလွဲသုံးစားလုပ်မှုများကို အချက်အလက် ခိုင်မာစွာ ရရှိထားသည် ဆိုပါက ဝေဖန်ရေးသားနိုင်ပြီး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုပါက ကျိုးကြောင်းခိုင်လုံမှုကို ဦးစားပေးပြီး လုပ်ဆောင်သင့်သည် ဟူသော သုံးသပ်မှုများလည်း ရှိနေပါသည်။

“ဘက်ပေါင်းစုံဝါဒဖြန့်ချိရေး ဆိုတာ အစိုးရဘက်ကလူတွေကို တင်ပြောတာ မဟုတ်ပါဘူး။ အတိုက်အခံ ဘက်ကလူတွေလည်း ပါဝင်ပါတယ်။ အစိုးရရဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ ပြည်သူလူထု နစ်နာတာတွေကို ပြောလို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စတွေ နဲ့မဆိုင်ဘဲ လူပုဂ္ဂိုလ်ကို ဦးတည်ပြီး အကြောင်းမဲ့ တိုက်ခိုက်တာတွေကို ကျွန်တော်တို့ မီဒီယာအနေနဲ့ လက်မခံပါဘူး။ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေရဲ့ မိသားစု အတွင်းရေးတွေ၊ အခြားပုဂ္ဂလိ ကဘ၀တွေကို မဟုတ်မမှန်စွပ်စွဲရေးသား အပုပ်ချတာမျိုးတွေ၊ ဒါမျိုးတွေ ကတော့ မလုပ်သင့်ပါဘူး။ တချို့တွေ ဆိုရင်လည်း ဒီမိုကရေစီကို အကြောင်းပြပြီး အချက်အလက်မှားတွေနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေကို လုပ်နေကြတာတွေ့ရပါတယ်။ ဘယ်ကိစ္စမှာမဆို ဝေဖန်ရေးသားမှုတွေဟာ အချက်အလက် တိတိကျကျနဲ့တာဝန်ခံပြီး ရေးသားတဲ့ ပုံစံပဲဖြစ်သင့်ပါတယ်”ဟု Weekly Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

“ကျွန်တော့်အမြင်ကတော့ အွန်လိုင်းမီဒီယာပဲဖြစ်ဖြစ်၊ ပရင့်မီဒီယာ ပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးကို အခြေခံပြီးတော့ ခိုင်မာတဲ့ သတင်းအရင်းအမြစ် မရှိဘဲနဲ့ရေးသားတာမျိုးကို တားသင့်တယ်လို့ ထင်တယ်လေ။ ဘာဖြစ်လို့လဲဆိုရင် သတင်းရင်းမြစ် မခိုင်မာလို့ရှိရင် ဒီသတင်းကို အကြောင်းပြုပြီးတော့ တစ်ဖက်မှာ ထိခိုက်မှုတွေ၊ သက်ရောက် မှုတွေရှိတယ်။ ဘယ်ဘက်ကိုပဲဖြစ်ဖြစ် အားနည်းချက် လိုအပ်ချက်ကို ပြောရ မယ်။ အစိုးရဖြစ်တဲ့ဘက်ရော၊ အစိုးရ မဟုတ်တဲ့ဘက်ရော။ ဒါပေမယ့် အွန်လိုင်းပေါ်ရေးတာပဲ။ ရေးလို့ရတာပဲ ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ရင့်ရင့်သီးသီး ပြောတာတွေ ရှိတယ်။ မကြားဝံ့မနာသာ ပြောတာတွေ ရှိတယ်။ လက်ရှိ အနေအထား အရတော့ မြင်နေတာတွေက အွန်လိုင်းမှာ တချို့ရေး နေတာတွေက ဖတ်ဖို့ မသင့်တော်တဲ့ အထိပေါ့လေ။ အဲဒီလောက်အထိ ဖြစ်သွားဖို့တော့ မလိုဘူးလို့ထင်တယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဒီလိုမျိုးတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ဒီလောက်ကြီး ပြင်းပြင်းထန်ထန် မဖြစ်သင့်ဘူးလို့ မြင်တယ်လေ”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါသည်။

ပုဂ္ဂိုလ်တစ်ဦးချင်းစီအရ မိမိတို့ ၏ ခံစားချက်များကို တစ်ဦးချင်း လွတ်လပ်စွာဖြင့် ရေးသားပြောဆို နိုင်သော်လည်း သတင်းတစ်ခုအသွင်ဆောင်ပြီး ဖြန့်ဝေတော့မည်ဆိုပါက ရေးသားမှုနှင့်အတူ တာဝန်ယူမှုပါ ရှိသင့်သည်ဟူသောပြောဆိုမှုများ လည်းရှိပါသည်။ ထို့အပြင် သတင်းဝက်ဘ်ဆိုက် တစ်ခုအနေဖြင့် အယ်ဒီတာအဖွဲ့ (သို့မဟုတ်) ထုတ်ဝေဖြန့်ချိသည့် အဖွဲ့အစည်းကို ထားရှိသင့်ကြောင်း သုံးသပ်မှုများရှိပါသည်။

“Social Media နဲ့ အင်တာနက်ကို အကျိုးရှိရှိ အသုံးချချင်တဲ့ သူတွေ အတွက်ကတော့ ကိုယ့် Identity ကို ကိုယ်တန်ဖိုးထားဖို့ အလွန်အရေးကြီး ပါတယ်။ Social Media ရဲ့ နောက်ထပ်ပြဿနာက ကိုယ့်ရဲ့ ပုံရိပ် Identity ကို ပြင်ပမှာထက်ပိုပြီး လွယ်လွယ် ဖွက်ထားလို့ရတာပါပဲ။ 


Identity နှစ်ခုသုံးခုရှိချင်ရင်လည်း လွယ်လွယ် ရရှိနိုင်တာပါပဲ။ အဲ့ဒီလိုအတုလုပ်လို့ လွယ်နေတော့င် Identity အတုတွေနဲ့ သတင်းမှားတွေ ဖြန့်တဲ့အတွက် သတင်းမှားတွေကလည်း လွယ်လွယ်ပြန့်နိုင်ပါတယ်။ တစ်ဘက်ကကြည့် ပြန်တော့လည်း လွယ်လွယ်ပြန့်နိုင်တာ သတင်းမှားတစ်ခုတည်း မဟုတ်ပါဘူး။ သတင်းမှန်တွေလည်း လွယ်လွယ်ပြန့်နိုင်တာပါပဲ။ စကားကြီး စကားကျယ်ပြောရရင် အချိန်တန်တော့ အမှန်တရားက စကားပြောသွား မှာပါပဲ”ဟု Fair Way Web မှ ပရောဂျက်မန်နေဂျာ ကိုအိမောင်က ပြောပါသည်။

မည်သို့ပင်ဆိုစေကာမူ အွန်လိုင်း မီဒီယာဆိုသည်မှာ ကောင်းကျိုးနှင့် ဆိုးကျိုး ရောထွေးနေသည့် အတွက်လူဆိုး၊ လူကောင်းဆိုသည်မှာ ဘက်တိုင်းတွင် ရှိနေမည်ဖြစ်ကြောင်း သုံးသပ်သူများ က ပြောဆိုခဲ့ကြပါသည်။

Saturday, December 3, 2011

မေတ္တာ ဆုံးရှုံးသွားသူ မြန်မာများ အကြောင်း



ဒီအကြောင်းတွေ မရေးချင်၊ မပြောချင်ပါ...။

စင်ကာပူမှာ မြန်မာ မိန်းကလေးတစ်ဦး တိုက်ပေါ်က ခုန်ချသေသွား တဲ့သတင်း Oct-2011 မှာ စင်ကာပူသတင်းစာ၊ မြန်မာပြည် ဂျာနယ်တွေမှာ ပါလာတယ်။ အတိက်ကအကြောင်းတွေ ပြန်သတိရမိပါတယ်။ ဘာကြောင့် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရသလဲ။ သေချာတာကတော့ ရူးသွတ်တဲ့ စိတ်ဖေါက်သွားလို့ပါပါ။

အခြေခံအကြောင်းတွေကြည့်ရင် မေတ္တာဆုံးရှုံးသွားလို့ပဲ။ မိမိချစ်မြတ်နိုးရသူ၊ မိမိအားကိုးရသူ ချစ်သူ၊ အိမ်ထောင်ဖက်၊ သားသမီး၊ ညီအစ်ကို၊မိဘများ သေဆုံးသွားရင် မြင့်မိုလ်တောင်ပြိုလဲသလိုဖြစ်သွားတယ်။ အသက်ရှင်ရတာ ဘာမှမျှော်လင့်ချက်မရှိတော့ဘူး ခံစားရချိန်မှာ မိမိခံစားချက်ကို နားလည်၊ နားထောင်၊ ဖြေရှင်းပေးနိုင်မဲ့သူလဲ မရှိတော့ .. ဒီတော့ ရူးသွတ်သွားတာပေါ့။

မျှော်လင့်ချက်ကတော့ လူတိုင်းရှိပါတယ်။ ငယ်ရွယ်သူများက ဆရာဝန်၊ အင်ဂျင်နီယာ၊ အနည်းဆုံး ဘွဲလေးတခု၊ သို့မဟုတ် ၀င်ငွေကောင်းတဲ့အလုပ်တခု၊ မြန်မာပြည်က ပေါ်ပင်၊ အကွက်ချောင်းနေသူများအတွက် စားကွက်ကြီးကြီးတခုရဖို့၊ ထီပေါက်သလို၊ ငွေတွေအများကြီးရဖို့ ... မျှော်လင့်နေကြပါတယ်။ အသက်ကြီးသူများကတော့ ဘုရား၊တရားနဲ့ ဖြေကြတယ်။ အချိန်က နှောင်းနေပြီးကိုး။

တချို့အသက်ကြီးသူ မြန်မာများ သူတို့ကိုယ်ကို သူတို့ ဦးတေဇ၊ ဦးဇော်ဇော်တို့လို ဖြစ်ချင်နေတုန်းပဲ။ တစ်ချို့ နိုင်ငံရေးစိတ်ဝင်စားသူများလည်း သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ကို လိုက်ယှဉ်ကြတယ်။ ငါလဲလူပဲ၊ သူတို့လဲ လူပဲ၊ သူတို့တောင်ဖြစ်သေးတာ ငါက ဘာလို့မဖြစ်ရမှာလဲ ..စိတ်ထဲအားတင်းထားတယ်။

တချို့ ပိုပြီးရူးသွတ်သူ မြန်မာလူကြီးများကတော့ သူ့မိတ်ဆွေများကို ပါးစပ်ကထုတ်ဖေါ်ပြောတယ်။ စာရေးဆရာများကတော့ အင်တာနက်လောကဖြစ်လို့ သူတို့ ဘလောက်တွေထဲ၊ ၀က်ဆိုက်၊ မဂ္ဂဇင်းတွေထဲ ထည့်ရေးတယ်။ တက်လာတဲ့အစိုးရ ကောင်းတာလုပ်အောင်ဆိုပြီး နိုင်ငံပြည်သူများဘက်က ရပ်တည်ရေးသားသူများရှိသလို၊ ငါမလုပ်ရရင် ပတ်မကြီးဖေါက်မှာပဲဆိုပြီး ဒေါ်စု၊ ဦးသိန်းစိန်တို့ကို ကန့်ကွက်တယ် အော်နေသူများလည်း ရှိပါတယ်။ ဒါ သူတို့အခွင့်အရေးပဲ။ ပြောခွင့်၊ရေးခွင့်ရှိပါတယ်။

ဆေးပညာနဲ့လူမှုရေးစာတမ်းများအရ အသက်၄၀ကျော်ရင် မိမိကိုယ်ကို သတ်သေလောက်အောင် မရူးသွတ်တော့ဘူးဆိုပဲ။ သူငယ်များပဲ သတ်သေကြတယ်။ လူငယ်များပဲ စစ်တိုက်ရဲလို့ အသက်၂၅နှစ်ကျော်ရင် စစ်သားသစ်မခေါ်တော့ဘူ။ ရယ်စရာပုံပြင်တခု အသက်၄၀ကျော် မြန်မာပြည်စစ်သားစုဆောင်းရေးမှာ စစ်သားလုပ်မယ်ဆိုပြီးသွားလျှောက်တော့ အသက်ကြီးလို့ လက်မခံဘူး။

ဒီလူကြီးက အရှက်ပြေ အော်ပြောခဲ့တာကတော့ "ငါက စစ်သားနေရာ လာလျှောက်တာမဟုတ်ဘူး၊ ဗိုလ်ချုပ်နေရာလာလျှောက်တာ..ကွ" .. ဆိုပဲ။ လူကြီးတွေက ဒီလိုပါပဲ။ တချို့လဲ မြန်မာပြည်က အဖြစ်အပျက်ကြီးတခု ဥပမာ သံယာ့သပိတ်ကြီး ဖြစ်လာတာ ငါနောက်ကွယ်က ဒီလိုလုပ်လိုက်လို့ကွ နဲ့ ပြောပြီး ကျေနပ်နေသူများလည်း ရှိပါတယ်။ အဆုံးပြောရရင် လူဆိုတာ အားလုံးအရူးတွေချည်းပါပဲ။ ကိုယ်ဇနီး၊သားသမီးများနဲ့ ပြသနာကြီးများကြုံရင် ခပ်ပေါပေါ၊ ရူနှမ်းသလို လုပ်ပစ်လိုက်ရင်း ပြသနာကို ပိုကြီးမလာအောင် လုပ်ရတာမျိုးလဲရှိပါတယ်။

မြန်မာပြည်မှာလည်း အာဏာရှင်စနစ်လိုဖြစ်လာလို့ ၀န်ကြီးချုပ်ဦးနုက ၁၀နှစ် ၀န်ကြီးချုပ်လုပ်ပြီးချိန် အေးအေးဆေးဆေး စာပဲရေးတော့မယ်။ ၀န်ကြီးချုပ်ကိုတော့ သူ့လူ ဦးတင်ကို လုပ်ခိုင်းတယ်။ ဦးကျော်ငြိမ်းက အာဏာထက်ပြီး၊ စစ်တပ်နဲ့မတည့်တော့ သူ့ကို ဖ.ဆ.ဖ.လ ပါတီဥက္ကဌလုပ်ခိုင်းတယ်။ ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်းက လက်ခံပေမဲ့ ကိုကြီးနုပြောတာလက်ခံပါတယ် လို့ပြောခဲ့တယ်။

ဦးနုလည်း တရားဝင်စာထွက်ပြီး သူ့မြို့ကို ပြန်၊ အေးအေးပဲနေတယ်။ အာဏာလွဲမှု အဆင်ချောပြီ ထင်တုန်း .. ဦးနုဆီသတင်းတွေရောက်လာတယ်။ ဦးကျော်ငြိမ်းက ဦးနုလုပ်ထားတာတွေကို ပြင်ဆင်ဖို့လုပ်နေပြီ ..ဆိုတော့ ဦးနုက ငါဝန်ကြီးချုပ်ပြန်လုပ်တယ်ကွာ ..ဆိုပြီး ရန်ကုန်ပြန်လာတယ်။ ဒီတော့ ဦးကျော်ငြိမ်းက အစ်ကိုကြီးနုက လုပ်ဆိုလို့ ကျွန်တော်တို့လုပ်ရတာပဲ။ ၀န်ကြီးချုပ်ပြန်လုပ်မယ်ဆိုလဲ .. ကျွန်တော်တို့ ဘာမှပြောစရာမရှိပါဘူး..လို့ အစည်းအဝေးမှာ မျက်ရည်ရွှဲပြီး ပြောခဲ့တယ်လို့ ဦးနုရဲ့ တာတေစနေသား စာအုပ်မှာ ဖတ်ဖူးပါတယ်။

ဝန်ကြီးချုပ်ဦးနုလည်း အာဏာရှင်လုပ်ခဲ့တာပါပဲ။ ဦးနုက အဲဒီတုန်းက ကျွန်တော်ခပ်တည်တည်နဲ့ မနေပဲ ဦးကျော်ငြိမ်းကို ခါတိုင်းလုပ်သလိုပဲ ..ခပ်ပေါပေါပဲ .. ရယ်စရာလုပ်ပစ်လိုက်ရင် ဖ.ဆ.ဖ.လ ၂ခြမ်းကွဲပြီး၊ ဦးနေ၀င်းအာဏာသိမ်းမှုမျိုး ဖြစ်လာချင်မှ ဖြစ်မယ် ..လို့ ရေးသားထားပါတယ်။ ဒါကြောင့် ပြသနာကြီးလာရင် ခပ်တည်တည်နဲ့အနိုင်ပိုင်းပစ်တာမျိုးထက် ရူးပေါပေါနဲ့အနိုင်ပိုင်းတာမျိုးက တခါတလေ ရှုံးနိုမ့်သူကို ဖြေသာပါတယ်။

မိမိကိုယ်ကို သတ်သေသူ လူငယ်များအကြောင်း ပြန်ဆက်ပါမယ်။ ကျွန်တော့် ဘ၀မှာ ငယ်စဉ်က ဘယ်တော့မှ ဆေးရုံကို ပက်လက်နဲ့မနေစေရဘူး လို့ ကြုံးဝါးပြောဆိုခဲ့ဖူးပါတယ်။ သူများကို လုံးဝဒုက္ခမပေးဘူး။ ပက်လက်နေပြီး သူများကို မှီခို၊ ငွေကုန်ရမဲ့ ဘ၀ရောက်ရင် ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်မယ်..လို့လဲ ခံယူခဲ့ပါတယ်။ အသက်တွေ ၄၀ကျော်လာချိန်လည်း ဒီစိတ်ထားက မပြောင်းသေးပါဘူး။ ကိုယ်တိုင် သေမတတ် ဆေးရုံမှာပက်လက် ခံပြီးတဲ့နောက်ပိုင်းမှ စိတ်နေစိတ်ထားပြောင်းသွားပါတယ်။

ဒါမှမပြောင်းလဲသေးရင် လူငရဲနဲ့တမလွန်ငရဲ ၂ခုက ကျွန်တော့ကို စောင့်ကြိုနေမှာ သေချာပါတယ်။ အဲဒီတုန်းက သားသမိးမကောင်းရင် အမွေပြက်ပဲ။ ခြေမမကောင်းရင် ခြေမကို ဖြတ်ပစ်ရမယ် ..ဆိုတဲ့ စိတ်ဓါတ်နဲ့ မိသားစု၊ အလုပ်အကိုင်မှာ ကျင့်သုံးခဲ့တဲ့အတွက် ဘ၀အောင်မြင်မှု ရသင့်သလောက် မရခဲ့ပါ။ နောက်ဆုံး မိမိကိုယ်တိုင် ပက်လက်နဲ့ ဘာမှမလုပ်နိုင်ပဲ ဆေးရုံကိုရောက်ခဲ့ပါတယ်။ အရမ်းနောင်တရခဲ့ပါတယ်။ ဆေးရုံမရောက်ခင် မြန်မာဆေးခန်းတခုက မြန်မာဆရာဝန်တစ်ဦးထံ အရင်ပြကြည့်ခဲ့ပါတယ်။ မိမိကျန်းမာချိန်မှာတော့ မြန်မာစကားနဲ့ ကိုယ့်ကျန်းမာရေးအတွက် မြန်မာဆရာဝန်ဆီ ဈေးကြီးကြီးပေးပြီး သွားပြသူများကို အားပျော့သူများလို့ ဝေဖန်ခဲ့ပါတယ်။ စင်ကာပူမှာ ဈေးချိုတဲ့ ပေါ်လီကလင်းနစ် (သို့မဟုတ်) အင်္ဂလိပ်စကားပြောဆေးခန်း များစွာရှိတာပဲ ..လို့ ဝေဖန်ခဲ့ပါတယ်။ တကယ် မိမိကိုယ်တိုင် အကြီးကျယ်နာမကျန်းဖြစ်တဲ့အခါ စင်ကာပူက ဆရာဝန်များ၊ အထူးကုများ၊ အစိုးရဆေးရုံကြီးများကို အားကိုးပြီး ငွေကုန်ခံ ပြသခဲ့ပါတယ်။ မသက်သာတော့ မြန်မာဆရာဝန်ဆီပဲ ပြေးရတယ်။

ဟုတ်ပါတယ်။ မြန်မာလို ကိုယ့်ပြသနာ၊ကျန်းမာရေးကို ဆရာဝန်ဆီ မြန်မာစကားနဲ့ပဲ ပြောပြရတော့ စိတ်သက်သာရပါတယ်။ အဲဒီ မြန်မာဆရာဝန် ကျွန်တော့ကို အားဆေးများသွင်းပါတယ်။ အခြားတဖက် ၂ခန်းမှာလည်း ပိုလီကျောင်းသူ၂ယောက် စာမေးပွဲဖြေဖို့ အားနည်းတာနဲ့ အားဆေးသွင်းနေရတယ်လို့ ပြောပါတယ်။ ကျွန်တော် နောက်နေ့ ဒီ မြန်မာဆရာဝန်ဆီပြန်လာပြတော့ အလှုငွေကောက်ပါတယ်။

မနေ့က အားဆေးလာသွင်းတဲ့ ပိုလီကျောင်းသူလေးတစ်ယောက် အိမ်ပြန်သွားပြီး တိုက်ပေါ်က ခုန်ချသေသွားပြီး၊ ဆူဆိုက်ဆိုတော့ အင်ရှုရင့်အသက်အာမခံမရဘူး။ သူ့အတွက် အလှုခံနေတာ ဆိုလို့ အလှုငွေထည့်လိုက်ရတယ်။

မိတ်ဆွေတဥိး၊ လူငယ်တယောက်ကပြောတယ်။ စင်ကာပူမှာ ပေါ်လီဒီပလိုမာကို အထင်ကြီးပြီး၊ ရန်ကုန်စက်မှုတက္ကသိုလ်က တ၀က်တပျက်ထွက်လာတယ်။ ပေါ်လီကျောင်းပြီးအလုပ်လုပ်မှပဲ အဆင့်ပိုမြင့်ဖို့ ဒီဂရီတက်ရမယ်ဆုံးဖြတ်တယ်။ သြစတြေးလျှားမှာ ကျောင်းလျှောက်တော့ အိုကေတယ်။ ရန်ကုန်က ဖခင်ဖြစ်သူကလဲ အားပေးတယ်။ ရုတ်ရက် ဖခင်ရန်ကုန်မှ ဆုံးသွားတော့ အားကိုးရမဲ့ မြင့်မိုလ်တောင်ကြီး ပြိုသွားရှာတယ်။ ဒီကောင်က အခန်းဖေါ်တွေကို ဒါး စားပွဲပေါ်စိုက်ထားရင်း ဘုတောနေတယ်။ အခန်းဖေါ်တွေ မနေရဲလို့ အပြင်ထွက်နေရတယ် ..ဆိုတာကြားရတယ်။

စိတ်ညစ်ပြီး သေချင်တယ်ဆိုပဲ။ ခရစ်ယန်ဓမ္မ ဆရာတစ်ယောက်ကို အကူညီတောင်းလို့ ခရစ်ယန်မဟုတ်သော်လည်း မေတ္တာလိုအပ်တာဖြစ်မယ်ဆိုပြီး သွားစကားပြောတယ်။ လက်ခံပြောဆိုပြီး တနာရီကြာတဲ့အချိန် အပြန်အလှန်ပြောလို့ ရင်းနှီးလာတယ်။ နောက် လူငယ်ကပြောတယ်။ ဆရာ .. ကျွန်တော့ ဆရာကို ဖက်ထားချင်တယ်။ ဒါမှ ကျွန်တော့်စိတ်တွေ ပိုပြီးငြိမ်းချမ်းမယ်လို့ထင်ပါတယ် ..ဆိုတော့ ဆရာက ..ရပါတယ်ပြောပြီး ဆရာကို ဖက်ထားတယ်။

ဆရာလည်း အလိုက်သင့် ကိုယ့်သားလိုသဘောထားပြီး ပြန်ဖက်ပေးထားတာပေါ့။ ၅မိန်ကြာတဲ့အချိန် လူငယ်က ဆရာ ကျွန်တော်မရတော့ဘူး.. ကိုင်တော့မယ်နော် ဆိုပြီး သူ့လက်က ဆရာပေါင်ပေါ်ရောက်လာလို့ ခရစ်ယန်ဆရာလဲ အမြန်ပြန်ပြေးလာရတယ်။ နောက်မကြာပါဘူး။ ဒီလူငယ်လဲ တိုက်ပေါ်က ခုန်ချသေသွားရှာပါတယ်။

ရုံးမှာလည်း သူငယ်ချင်းကိုအောင်က ဖုန်းဆက်ပြီး သူငယ်ချင်းရဲ့သားဖြစ်သူ ၁၉နှစ်အရွယ်တစ်ဦး တိုက်ပေါ်က ခုန်ချသေသွားတယ်ပြောပြတယ်။ ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ဆင်း မြိုပြအင်ဂျင်နီယာတဦးရဲ့သားပါ။ မိဘကလည်း စင်ကာပူမှာ အလုပ်ထဲမှာပဲအချိန်ကုန်၊ သားက ကိုယ့်တူ၊သားသမီးများကို အချိန်မပေးနိုင်၊ သင်္ကြန်အကတိုက်နေတဲ့ သူ့ရီးစား မြန်မာမိန်းကလေးကို နင့်ကိုခဏစကားပြောဖို့ခေါ်တာ၊ မထွက်ရင် တိုက်ပေါ်က ခုန်ချလိုက်မယ် ပြောတာ ..မိန်းကလေးက ငါအကတိုက်တာအရေးကြီးတယ်။

ပြီးမှပြောကြတာပဲ။ မစေါင့်နိုင်ရင်လဲ ခုန်ချချင်ခုန်ချပေါ့ ..ပြောလိုက်တာ အားလုံးရှေ့မှာ တကယ်ပဲခုန်ချ သေသွားပါတယ်။ ဒီသတင်းကြားတာနဲ့ ကျွန်တော့သား ၁၉နှစ်သား ပိုလီစာမေးပွဲဝင်ခွင့်မရသူ၊ ရီးစားနဲ့ပြသနာဖြစ်နေသူ၊ ငွေရှိမှဘ၀အဆင်ပြေမယ်ထင်သူကို ချက်ချင်းသတိရတယ်။ ဖုန်းလှမ်းဆက်တော့ သားဖြစ်သူက ဖုန်းကိုင်တယ်။ တော်သေးတာပေါ့..ငါ့သားအသက်ရှင်သေးတယ် ..ဆိုပြီး အလုံးကြီးကျသွားခဲ့ပါတယ်။ ကိုယ့်ကိစ္စပဲ သတိရ၊ ..ဒီလိုပါပဲ..။

သေကြောင်းကြံတာတောင် လူတွေက အမှတ်တရဖြစ်ကျန်ရစ် စေချင်တယ်။ ဆန်ဖရန်စစ္စကို ဂိုးဒင်းဂိတ်တံတားကြီးပေါ်က ခုန်ချသေသူ နှစ်စဉ်အများကြီးဆိုပဲ။ ဂျပန်မှာတော့ အမြန်ရထားရှေ့ ခုန်ချသေကြတယ်။ စင်ကာပူ ကတော့ တိုက်အမြင့်ကြီးပေါ်က ခုန်ချသေကြတယ်။

အခု ဂျပန်လို လူဦးရေတအားကျပ်လာတော့ ရထားလာတုန်း အကြိတ်ခံခုန်ချသေ သူများ ပေါ်လာလို့ စင်ကာပူရထား ဘူတာတွေမှာ နံရံကာထားတယ်။ ခုန်ချချင်ရင် နံရံပေါ်အရင်တက်ပြီမှ ခုန်ချရမှာဆိုတော့ နဲနဲခက်သွားတာပေါ့။ ရိုးရာနည်းလမ်းကတော့ အိပ်ဆေး၊ အဆိပ်သောက်သေခြင်းပါပဲ။

မိမိကိုယ်ကို သတ်သေခြင်းဟာ အလွန်ဆိုးဝါးတဲ့ ရာဇ၀တ်မှုကြီးဖြစ်သလို၊ အသက်အာမခံလဲမရပါဘူ။ ဘာသာတရားအားဖြင့်လဲ ဗုဒ္ဓဘာသာဆို အပယ်ငရဲကို ဘ၀အဆက်ဆက် မလွတ်နိုင်သလို၊ ခရစ်ယန်များမှာလည်း ငရဲကျမဲ့လူလို့ သတ်မှတ်ထားပါတယ်။ ဘာသာတရားတွေမှာ ဘုရားအတွက် အသေခံခြင်းဆိုတာ ရှိပေမဲ့ ၊ ဘုရားအတွက် သူများကို လိုက်သတ်ခြင်းဟာ ကြပ်တည်းစွာတာမြစ်ထားပါတယ်။ သို့သော် လူဗီဇအရ မွေးကတည်းက အတိုက်အခိုက်ဝါသနာပါသူလူသားများကတော့ ဘာသာရေးခုတုန်းလုပ်ပြီး တိုက်ခိုက်နေဦးမှာ ခန္တာတည်သရွေ့၊ ကမ္ဘာတည်သရွေ့ပါ။

အလွန်ဘုရားတရားနဲ့နေထိုင်တဲ့ မိတ်ဆွေတစ်ဦးရှိတယ်။ သူယောက္ခမကြီးက အမေရိကားကပြန်လာပြီး၊ စင်ကာပူမှာ သူ့မိသားစုအပေါ်အရမ်းစိတ်နာနေချိန်မှာ သားမတ်၊သမီးများက လိုလေသေးမရှိ စင်ကာပူမှာ စောင့်လျှောက်ပါတယ်။ စိတ်ရူးပေါက်လာချိန်မှာ အသက်၇၀ကျော်အရွယ်က တိုက်ပေါ်က ခုန်ချသေသွားလို့ စိတ်ကောင်းရှိတဲ့ မိဆွေ (အဖွားကြီးရဲ့သာမက်) က ဗုဒ္ဓဘာသာဝင်တစ်ဦးအတိုင်း ကိုယ်ဘယ်လောက် ကောင်းတာလုပ်ပေမဲ့ -၀တ်ကြွေးရှိတော့ သူ့အိမ်မှ ဒါမျိုးလာဖြစ်ရတယ်.. စိတ်မကောင်းကြီးစွာ ရင်ဖွင့်ပါတယ်။

နောက်ဆုံးတော့ အသက်၄၀ကျော်လာချိန်မှာ ကျွန်တော်လည်း ဘုရားကိုပဲ အားကိုးလာပါတယ်။ ခရစ်ယန်တစ်ဦးဖြစ်တော့ ပုံသက်သေကောင်းကောင်းပြဖို့ကို ဦးစားပေးပါတယ်။ ကိုယ်မလုပ်နိုင်တဲ့အရာကို သူများကို နားမချချင်ပါဘူး။ အရေးကြိးဆုံးကတော့ မေတ္တာတရားပါပဲ။ ဘာသာတိုင်း၊ လူသားတိုင်း မေတ္တာလိုချင်ပါတယ်။ ကိုယ်တိုင်လဲ မေတ္တာပြချင်ပါတယ်။

မေတ္တာတရားကို ပြောရုံနဲ့ မရပါဘူး။ ကိုယ်တိုင် စတင်ပြသ၊ လက်တွေ့ကျင့်သုံးမှဖြစ်မယ်ဆိုတော့ ကိုယ့်သားသမီး၊ ဇနီးသည်နဲ့ မေတ္တာကို လက်တွေ့ကျင့်သုံးဖို့ ကြိုးစားပါတယ်။ တကယ်မလွယ်လှပါဘူး။ အထူးသဖြင့် အရင်က အိမ်ထောင်ဦးစီး၊ ငါက အဓိကငွေရှာသူပဲ ဆိုတဲ့ ငါ အာဏာရှင်စိတ်ထားကို မြန်မာစစ်အာဏာရှင်လက်အောက်က ကြီးပြင်းလာတဲ့ ကျွန်တော့ရဲ့ အားနည်းချက်ပဲ။ မိဘ၊ခင်ပွန်း။သားသမီးများကိုတောင် မေတ္တာပြဖို့ မလွယ်ပေမဲ့ တဖြေးဖြေးတော့ သာ၍မြင့်သောနေရာကို ရောက်လာမှာပါ။

ဓမ္မဆရာတစ်ဦး ဆရာစံတိုးက ပြောတယ်။ လူမှာ ဗီဇဆိုတဲ့ အတ္တစိတ်ရှိတယ်။ အဲဒီစိတ်ဟာ တခါတခါ လွတ်ထွက်လာရင် စက္ကန့်ပိုင်းအတွင်း ဆဲဆို၊ အပြစ်တင်မှု၊ ရိုက်နှက်ထိုးကြိတ်မှု၊ ကားတိုက်မှု၊ နောက်ဆုံး လူသတ်မှုတွေ ဖြစ်သွား တတ်တယ်။ ရာဇ၀တ်မှုအများစုဟာ တဒင်္ဂ ဒေါသစိတ်နဲ့ဆုံးဖြက်လုပ်ကိုင်မှုကြောင့်ဖြစ်ပါတယ်။ ဆရာစံတိုးက တရားဟောတော့ အသက်၇၀ကျော် လူကြီးက အိမ်း.. လူငယ်တွေတော့ ဒေါသစိတ်ရှိမှာပဲ၊ ငါကတော့ အသက်ကြီးပြီဆိုတော့ ဒေါသစိတ်မရှိတော့ပါဘူး.. လို့ တရားပွဲမှာ ပြောတေယ်။ ဆရာစံတိုးက အသက်ကြီးလဲ ဒေါသစိတ်ရှိပါတယ်..

ပြန်ပြောတယ်။ ဒီလိုနဲ့ ရှိတယ်၊ မရှိဘူး ၃၊ ၄ခါလောက် ငြင်းခုန်ရာက လူကြီးဒေါသနဲ့ အော်ဟစ်ပြောဆိုလာတယ်။ ဒီတော့မှ ဆရာစံတိုးက ကဲ ဦးလေး..ဒေါသဖြစ်လာပြီးမဟုတ်လား.. ရှိပါတယ်.. ဆိုနေမှပဲလို့ ပြောတော့ အဖိုးကြီးက ဒေါသနဲ့ မင်းကငါ့ကိုဒေါသထွက်အောင်လုပ်တာကိုး... လို့ပြောရင်း စိတ်လျှော့လိုက်တယ်။ ပြီးတော့ အရှက်ပြေပြောလိုက်သေးတယ် ... နောက်ဆို ငါ့ကိုဒေါသထွက်အောင်တိုင်း ဒေါသမထွက်တော့ပါဘူး.. ဆိုပဲ။

စိတ်နေစိတ်ထား ပြောင်းလဲဖို့ မြန်မာပြည်မှာ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေနဲ့၊ အတိုက်အခံခေါင်းဆောင်များ မေတ္တာစိတ်၊ မြန်မာနိုင်ငံသား စစ်မှန်တဲ့မျိုးချစ်စိတ်နဲ့ ကြိုးစား၊ ပြုပြင်ပြောင်းလဲနေပါတယ်။ သူတို့ကိုလည်း ဝေဖန်နိုင်ပါတယ်။

ဒေါသစိတ်၊ နာကျည်းစိတ်၊ မနာလိုစိတ်များ မထားဖို့ ပြောချင်ပေမဲ့၊ ဆေးလိပ်လက်ကြားကမချပဲ ..ငါ့တူ၊ ဆေးလိပ်မသောက်နဲ့၊မကောင်းဘူးကွ၊ ငါကတော့ရှိပါစေ....ဆိုပြီး မပြောချင်ပါဘူး။ ဒါကြောင့် Action Speaks Louder than Word .. အင်္ဂလိပ်ဆိုစကားအတိုင်း ကိုယ်တိုင်ပဲ အကျင့်စရိုတ်၊ စိတ်နေစိတ်ထား ပြောင်းဖို့ လုပ်ရပါတယ်။

ကျွန်တော့မိသားစု အိမ်ထောင် အတွင်းမှာပဲ စိတ်နေစိတ်ထား စတင်ပြုပြင်ပြောင်းလဲဖို့၊ မေတ္တာတရားကို ဘယ်လိုကျင့်သုံးရမလဲ။

ဇော်အောင် (မုံရွာ)
၂၃-အောက်တိုဘာ-၂၀၁၁

Source by :http://myanmarinsingapore.com/

Thursday, December 1, 2011

စင်္ကာပူကို မလာခင် သိထားရမည့် အချက်များ



မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုပဲ သွားသွား တရားဝင်သွားမယ်ဆိုရင် Passport ဆိုတဲ့ မြန်မာနိုင်ငံ အစိုးရက တရားဝင် ထုတ်ပေးတဲ့ နိုင်ငံကူး လက်မှတ် လိုပါတယ်။ ဒါအားလုံး သိပြီးသားပါ။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ ပြည်ဝင်ခွင့် ဗီဇာပေါ့။ ဒီနေရာမှာ နိုင်ငံအလိုက် စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အတူ သွားမယ်ပုံစံပေါ်မှာပါ မူတည်ပြီး ကွဲပြားလာပါတယ်။ စင်္ကာပူကို သွားမယ့် မြန်မာနိုင်ငံက လူငယ်တွေ အတွက်တော့ ကျောင်းသွားတက်မယ်ဆိုတဲ့ Student Visa နဲ့ အလည်အပတ် သွားမယ်ဆိုတဲ့ Short Visit Visa ဆိုပြီး နည်း ၂ နည်း အသုံးများနေပါတယ်။

Student Visa ကတော့ စင်္ကာပူမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းတက်မယ်လို့ အကြောင်းပြ၊ ကျောင်းအပ်ပြီး ကျောင်းသားအဖြစ် လာတဲ့ နည်းပါ။ ဒီနေရာမှာ အစိုးရကျောင်းနဲ့ ပုဂ္ဂလိက ကျောင်းရယ် အခွင့်အရေးနဲ့ အခြေအနေတွေ အရမ်းကွာသွားပါတယ်။ တကယ် ပညာသင်ချင်တာမို့၊ ပိုက်ဆံလည်း ချမ်းသာလို့ ကျောင်းလာတက်မယ့်သူတွေကို ဘာမှ မပြောချင်ပေမယ့် အလုပ်လုပ်မှာ စင်္ကာပူမှာ တရားဝင်နေထိုင်ခွင့် Stay ရချင်လို့သာ ကျောင်းအပ်လိုက်တာဆိုတဲ့ သူတွေကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ချင်ပါတယ်။

ပိုပြီး ဆိုးတာက ပုဂ္ဂလိက ကျောင်းတွေဆိုရင် ပိုးစိုးပက်စက် ကန့်ကွက်ပါတယ်။ မြန်မာပြည်မှာ ပုဂ္ဂလိကကျောင်း ကိုယ်စားလှယ်တွေကိုလည်း တစ်ခါတည်း တောင်းပန်ချင်ပါတယ်။ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ မကြည့်ကြပါနဲ့၊ လူငယ်တွေရဲ့ အနာဂါတ်ကို အတုအယောင်မက်လုံးတွေနဲ့ မဖျက်စီးကြပါနဲ့လို့။

စင်္ကာပူမှာ ရှိတဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံးဟာ သူတို့ ပိုက်ဆံရဖို့ ဖွင့်ထားတာပါ၊ ရှင်းပါတယ်။ သူတို့ အကျိုးက ပထမပါ။ စင်္ကာပူ အစိုးရရဲ့ ဥပဒေအရ ပုဂ္ဂလိက ကျောင်းတွေမှာ တက်နေတဲ့ နိုင်ငံခြားသား ကျောင်းသူ/ကျောင်းသားတွေဟာ အချိန်ပိုင်း၊ အချိန်ပြည့် ဘာအလုပ်မှ တရားဝင် လုပ်လို့ မရပါဘူး၊ အဲဒီတော့ မြန်မာလူငယ်တွေ၊ မိန်းခလေးရော၊ ယောက်ျားလေးရော အလုပ်ခိုးလုပ်ကြရပါတယ်။ စင်္ကာပူ ရဲက မိသွားရင် ဒဏ်ငွေ S$ 5000 ဒဏ်ရိုက်ပါတယ်၊ ကြိမ်ဒဏ်လည်း ရှိပါတယ်။

အစိုးရကျောင်းက ကျောင်းသူ/ကျောင်းသားတွေကတော့ အချိန်ပိုင်း လုပ်ခွင့်ရပါတယ်။ ဒါပေမယ့် ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရပြီး တစ်နာရီကို S$ 5 ၀န်းကျင်ပဲရကြပါတယ်။ လုပ်ရတာတွေက တစ်ညလုံး ကားရေဆေးရတာတို့၊ ၅ နာရီ ၆ နာရီလုံးလုံး မထိုင်ရပဲ ဆပ်ပြာရည်တွေထဲမှာ လက်နှစ်ပြီး ပန်းကန်ဆေးနေရတာတို့၊ တော်တော်ကို ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေပါ။

အခြေအနေတစ်ခုမှာ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ စင်္ကာပူအစိုးရကျောင်းကို ရအောင်တက်၊ စာကြိုးစားပြီး အားတဲ့ အချိန်မှာ အိမ်က မိဘ ပိုက်ဆံမပို့ရအောင် အပင်ပန်းခံပြီး ကြိုးစားလုပ်ကိုင်နေကြတဲ့ လိမ္မာတဲ့ လူတော် ညီငယ်၊ ညီမတွေကိုတော့ အပြစ်ပြောစရာ မရှိပါဘူး၊ အားပေးပါတယ်။ သူတို့က အချိန်တန်ရင် အဆင့်မြင့်ဘွဲ့တစ်ခုရပြီး ရာထူးကြီးကြီး လစာကောင်းကောင်း နေရာတွေမှာ အဆင့်အတန်းရှိရှိ လုပ်ကိုင်နိုင်ကြမှာပါ။ အရိပ်လိုချင်လို့ နေပူက စောင့်တဲ့သဘောပါ။

အဓိက အပြစ်ပြောပြီး သတိပေးချင်တာက ပုဂ္ဂလိကကျောင်းတွေနဲ့ အဲဒီကျောင်းတွေမှာ ဟန်ပြကျောင်းအပ်ပြီး အလုပ်ရှာမယ့် သူတွေကိုတော့ လုံးဝ(လုံးဝ) မလုပ်ကြဖို့ ပြောလိုပါတယ်။ အခု ဆိုရင် စင်္ကာပူအစိုးရက ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းသားတွေ တကယ်ကျောင်းမတက်တဲ့ ကိစ္စကို စပြီး ကိုင်တွယ်နေပြီ၊ ဟိုတယ်တွေ အလုပ်တွေကိုလည်း နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းသားတွေကို အလုပ်မခန့်ဖို့ အလုပ်ခန့်တာကို စီမံချက်နဲ့ စစ်ဆေးတွေ့ရှိရင် အလုပ်ရှင်ကိုပါ ဒဏ်ငွေ ရိုက်မယ်ဆိုတဲ့ သတိပေး အကြောင်းကြားစာတွေ ပို့နေပြီ။

အဲဒီတော့ မြန်မာပြည်ကနေ ပိုက်ဆံတွေ သိန်း ၄၀၊ ၅၀ အကုန်ခံပြီး ပုဂ္ဂလိကကျောင်း အပ်မယ်၊ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ကူးတွေ၊ ဘယ်နှစ်လ သင်တန်း၊ ဘယ်နှစ်လ လက်တွေ့ အလုပ်ခွင်၊ ဘယ်နှစ်လဆို ဘာဖြစ်ပြီဆိုတဲ့ ဘယ်သူသေသေ ငတေကြီး မာရင်ပြီးတာပဲဆိုတဲ့ ကျောင်းပွဲစားတွေရဲ့ မက်လုံးတွေကို မယုံကြနဲ့။ ကိုယ်နီးစပ်ရာကိုလည်း လက်တို့ပြီး သတိပေးလိုက်ကြပါဦး။

ကျောင်းပွဲစားကတော့ သူပွဲစားခ ရဖို့ပဲ အဓိကလေ၊ တချို့ဆို ပိုပြီးဆိုတာက ဒီမှာ S$800 လောက်နဲ့ ကျောင်းအပ်လို့ရတဲ့ နာမည်မရှိတဲ့ ဟန်ပြ ကျောင်းသေးသေးလေးတွေကို မြန်မာပြည်မှာ ဟိတ်လုံးတွေ ထုတ်ပြီး S$2000 လောက်နဲ့ လက်ခံပြီး ပွဲစားခ ယူနေကြတာတွေလည်း အများကြီးပဲ။ ဒီရောက်မှ ဒုက္ခရောက်ပြီး ပိုက်ဆံတွေ နှမြေနေကြရတဲ့ သူတွေလည်း အများကြီးပဲ။

ကဲ အလုပ်လာရှာဖို့ အသင့်ဖြစ်ပြီဆိုရင် (ဘယ်လောက်မှ အသင့်ဖြစ်တယ် ဆိုတဲ့ အကြောင်း နောက်တစ်ပိုင်းမှာ ထည့်ရေးထားပါတယ်) စင်္ကာပူကို လာမယ့် ကိစ္စ၊ Short Visit Visa ရဖို့။ စင်္ကာပူအစိုးရက အလုပ်လာရှာမယ့် သူတွေ၊ ခေတ္တခဏ အလည်အပတ်လာမယ့် သူတွေအတွက် စင်္ကာပူမှာ နေထိုင်ခွင့်ကို Short visit visa ၃ လအထိ အလွယ်တကူ ထုတ်ပေးပါတယ်။

ဘာတွေ လိုအပ်သလဲဆိုရင် (ကုန်သည်တွေရဲ့ ဖြတ်သွားဖြတ်လာ ပုံစံကို ကျော်ခဲ့ပါမယ်) အကြမ်းအားဖြင့် စင်္ကာပူနိုင်ငံသား တစ်ဦးဦး ဒါမှ မဟုတ် PR – Permanent Resident တစ်ဦးဦးရဲ့ စင်္ကာပူကို လာရောက်လည်ပတ်ဖို့ ခေါ်တဲ့ ဖိတ်စာ လိုပါတယ်၊ ဒါကလည်း ကိုယ့်အဆက်အသွယ် ရှိရင် ရှိသလို ဘာမှ မခက်ပါဘူး၊

အဆက်အသွယ် မရှိခဲ့ရင်လည်း စင်္ကာပူက သူငယ်ချင်းတစ်ဦးဦးကို အကူအညီတောင်းရင် Pennisular Palaza ပေါ်က မြန်မာ ကုမ္ပဏီတွေက အကျိုးဆောင်ခ ယူပြီး အစအဆုံး လုပ်ပေးကြပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ မြန်မာပြည်ကနေ ကိုယ့်ရဲ့ လိုင်စင်ဓါတ်ပုံ(နောက်ခံအဖြူရောင်)နဲ့ ဓါတ်ပုံ တစ်ပုံရယ် နိုင်ငံကူးလက်မှတ် Scan ဖတ်ထားတဲ့ ဖိုင်ရယ်ကို ပို့ပေးရုံပါပဲ။ သူတို့ ရဲ့ အကျိုးဆောင်ခက အပြီးအစီး S$ 50 ပဲ ကုန်ကျပါတယ်။ မြန်မာပြည်က စင်္ကာပူသံရုံးကိုတောင် ၀င်စရာမလိုတော့တဲ့ Visa ကို ရန်ကုန်က သူတို့ရဲ့ ရုံးခွဲမှာ သွားယူပြီး လေယာဉ်ကွင်း ဆင်းလာရုံပါပဲ။

အဲလိုမဟုတ်ပဲ ကိုယ့်မိတ်ဆွေဆီကနေ အဆက်အသွယ်နဲ့ ဖိတ်မယ်ဆိုရင်တော့ အင်တာနက်ကနေ ဖိတ်စာပုံစံ ဆွဲချပြီး စင်္ကာပူမှာရှိတယ် ကိုယ်ကို ဖိတ်မယ့်သူက ဖြည့်ပေးရပါမယ်၊ ပြီးရင် အဲဒီဖိတ်စာရယ်၊ ဖိတ်တဲ့သူရဲ့ PR card မိတ္တူရယ်နဲ့ ရန်ကုန်မှာ ရှိတဲ့ စင်္ကာပူ သံရုံးကို ၀င်ရပါတယ်၊ အသွားအပြန် လေယာဉ်လက်မှတ်ကတော့ Short Visit နဲ့ လာမယ့်သူ ဘယ်သူမဆို ၀ယ်ဖို့ လိုပါတယ်။

အဲဒီ အသွားအပြန် လေယာဉ်လက်မှတ်ပါ ပူးတွဲပြီး သံရုံးကိုဝင်ရင် သံရုံးကနေ Visa ထုတ်ပေးပါတယ်။ စင်္ကာပူသံရုံးဝင်ခက ရန်ကုန်မှာ S$ 20 ဆိုလား အတိအကျ ကျွန်တော် မသိပါဘူး။ Visa မှ လက်ထဲရောက်ပြီဆိုရင် သွားဖို့ တော်တော်ပြီးသွားပါပြီ။

D-Form လို့ခေါ်တဲ့ မြန်မာနိုင်ငံ လ၀က ရဲ့ ပြည်ပထွက်ခွာခွင့် ပုံစံကိုတော့ Online ကတင် အလွယ်တကူ လျှောက်ထားလို့ရပါတယ်။ ကိုယ်တိုင်လုပ်ပါ၊ အချက်အလက်တွေ မှန်တယ်ဆိုရင် တစ်ရက်တောင် အချိန်မကူးပဲ အလွယ်တကူ ထွက်ခွာခွင့်ပြုတဲ့ ပုံစံကို ကိုယ့်ရဲ့ အီးမေးလ်ထဲ ပြန်ရောက်လာပါ လိမ့်မယ်။

အဲ.. D-Form လျှောက်ဖို့ ဘဏ်မှာ ငွေ ၂၀၀ ကျပ် ကြိုသွင်းထားဖို့ လိုပါတယ်၊ ဂရုပြုရမှာက အဲဒီ ဘဏ်က ပြန်ပေးတဲ့ ချလံကို လေယာဉ်ကွင်းမှ ပြဖို့ သိမ်းထားဖို့ရယ်နဲ့ ချလံမှာပါတဲ့ နံပတ်ကို အသေအခြာကူးပြီး D-Form လျောက်ဖို့ပါပဲ။ D-Form လည်းရပြီ၊ လေယာဉ်လက်မှတ်လည်း လက်ထဲရောက်ပြီ၊ Visa လည်း အဆင့်သင့်ဆိုရင်တော့ လေယာဉ်ကွင်းဆင်းပြီး အခန့်သား ထွက်လာရုံပါပဲ။

စင်္ကာပူရဲ့ တစ်ခုတည်းသော ချန်ဂီလေဆိပ်ကို ရောက်ရင် ICA လို့ခေါ်တဲ့ စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေးက ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ ပုံမှန်အားဖြင့် တစ်လ သက်တမ်း ထုပေးပါတယ်။ ပညာအပြည့်နဲ့ ရင်ကော့ပြီးလာတဲ့ သူတွေအတွက်တော့ သူတို့က Welcome ပါပဲ။ အဲဒါဆိုရင် စင်္ကာပူရောက်ပြီ၊ ပြီးပြီပေါ့။ သက်တမ်းတစ်လအတွင်းမှာ အလုပ်မရခဲ့ဘူးဆိုရင် Online ကနေ နောက်ထပ် တစ်လ လွယ်လွယ်ကူကူ ထပ်တိုးလို့ရပါတယ်၊ ဘယ်သူမျက်နှာမှ ကြည့်စရာမလိုပါဘူး၊ နှစ်လ ပြည့်တော့မယ်၊ Online ကလည်း သက်တမ်း တစ်ကြိမ်တိုးပြီးပြီ၊ အလုပ်လည်း မရသေးဘူးဆိုရင်တော့ ICA Building ကို လူကိုယ်တိုင်သွားဖို့ လိုပါတယ်၊ ဆက်နေဖို့ လိုအပ်နေလို့ သက်တမ်းတိုးပေးပါဆိုပြီး အကျိုးအကြောင်း ရှင်းပြရင် ပထမအကြိမ် အဖြစ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ နောက်တစ်ခါ ထပ်သွားရင် ဒုတိယအကြိမ် နောက်ထပ် ၂ ပတ် ထပ်တိုးပေးပါတယ်၊ စုစုပေါင်း ရက် ၉၀ ပေါ့။ တကယ်လို့ ကိုယ့်ဘက်က ပညာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ ပြင်ဆင်လာတယ်ဆိုရင် အလွန်ဆုံး ၂ လအတွင်းမှ အလုပ်ရကြပါပြီ။

မြန်မာပြည်က မထွက်ခင် မမေ့ခဲ့ဖို့က ဘွဲ့လက်မှတ်၊ ကိုယ့်ရဲ့ အခြားတတ်ကျွမ်းတဲ့ အောင်လက်မှတ် မိတ္တူမှန်သမျှ နိုထရီပြန်ခဲ့ဖို့ပါပဲ။ ပြည်ပကပေးတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ လက်မှတ်တွေကိုတော့ နိုထရီ ပြန်စရာ မလိုပါဘူး။ အရေးကြီးတာက ဘွဲ့ရမဟုတ်ရင် SPass လျှောက်လို့ မလွယ်ပါဘူး။

စင်္ကာပူရဲ့ ရာသီ ဥတုအခြေအနေက ၂ မျိုးပဲ ရှိပါတယ်။ နေပူနေတာ နဲ့ မိုးရွာနေတာ ပါ။ ဆောင်းတွင်း လုံးဝ မရှိပါဘုး။ နေပူရင် ရန်ကုန်ထက်ပူပြီး မိုး သည်းရင်လည်း အရမ်း သည်းပါတယ်။ ဒါပေမဲ့ မိုးရွာနေတုန်း အပြင်ထွက်ရင်တောင် မိုး ရေမထိပဲနဲ့ လိုရာ ခရီးရောက်သည် အထိ သွားနိုင်ပါတယ်။ အ၀တ်အစားအနေနဲ့ ပေါ့ပါးပြီး အေးသော ချည်သားမျိုး သယ်ဆောင်လာရင် အဆင်ပြေပါတယ်။ အနွေးထည်၊ လက်ရှည် စတာတွေကိုတော့ ၁ ထည်ဆိုရင် ရပါပြီ။ ကိုယ်သုံးနေကျ အသုံးအဆောင်မှန်သမျှ သယ်ဆောင်လာတာ ကောင်းပါတယ်။

ကျောင်းလာတက်မယ် ဆိုရင်တော့....။ အများကြီး ပြင်ဆင်ပြီး စိတ်ဓာတ်ခိုင်ခိုင်ထားပြီး မှ လာတာကောင်းပါတယ်။ မြင်မြင်သမျှ ပျော်ရွင်စရာများနှင့် အေးချမ်းသော်လည်း အရမ်း အထီးကျန်ဆန်ပါတယ်။ ကျောင်း တဖက်၊ အလုပ်တဖက်ဖြင့် ကြာလာသောအခါ မိမိ ဘ၀ကို ငြီးငွေ့ စိတ်ကုန်လာတတ်ပါတယ်။ ကန်စွန်းရွက် တစီးလျှင် မြန်မာငွေ ၉၀၀ ကျပ်ကျော် ပေးရသောကြောင့် ကျောင်းသား တယောက်အတွက် နေစရိတ်၊ စားစရိတ် အလွန်ကြီးပါတယ်။

သို့သော် အချိန်ပိုင်း အလုပ်လုပ်လျှင် ရသောငွေမှာ ၁ နာရီ လုပ်လျှင် မြန်မာကျပ် ၃၆၀၀ မှ ၄၅၀၀ ထိ ရနိုင်ပါတယ်။ အချိန်ပိုင်းအလုပ်ဖြစ်သောကြောင့် လခပုံမှန်မရနိုင်ပါ။ မိဘအရိပ်တွင် အေးချမ်းစွာ နေခဲ့သမျှ သူများ လက်အောက်တွင် အလုပ်လုပ်သော အခါမှ ဘ၀ ကို စတင်ရင်ဆိုင် ရသောအခါ အလွန် ဒုက္ခရောက်ပါတယ်။

Source by :**အိုင်တီမောင်မောင်**
http://jacbaburma.blogspot.com

Monday, October 10, 2011

ကားအကောင်းတွေ လာတော့မယ် ... လမ်းအကောင်းတွေ ဘယ်မှာလဲ



ကုန်လမ်းညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ကားများအနက် ယာဉ်မှတ်ပုံတင် သက်တမ်းအနှစ် ၂၀ ကျော်မှ အနှစ် ၄၀ ကျော်အထိ ရှိနေသော ကားဟောင်းများကို ပယ်ဖျက်ကာ ကားအဟောင်း အစားကားအသစ်များ အစားထိုး တင်သွင်းခွင့် ပြုတော့မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ ယာဉ်အပ်နှံမှုကို စတင်လက်ခံခဲ့ရာ မကြာမီ ကားအသစ်များ ၀င်ရောက် လာတော့မည် ဖြစ်သည်။

ထိုသို့ ကားမော်ဒယ်အသစ်များ ၀င်ရောက်လာသော်လည်း မြန်မာနိုင်ငံ၏ မြို့တွင်း လမ်းပမ်းဆက်သွယ်ရေး အခြေအနေနှင့် မြို့တွင်းလမ်းများ အနေဖြင့် ဆိုးရွားစွာရှိနေဆဲ ဖြစ်ကြောင်း နှင့် ကားအကောင်းစားများနှင့် လမ်းအဆိုးများမှာ စီးရန်မသင့်တော်သေးကြောင်း၊ ထို့ကြောင့် မြို့တွင်းလမ်းများကို အမြန်ဆုံးပြုပြင်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ဆိုပါသည်။



ချိုင့်ခွက်များဖြစ်ပေါ်၍ ပျက်စီးနေသော ရန်ကုန်မြို့ လမ်းပိုင်းတစ်နေရာ

“အခုဆိုရင် သက်တမ်းရင့် ကားအိုကားဟောင်းတွေ နေရာမှာ ကားသစ်တွေနဲ့ အစားထိုးလဲ ပေးတော့မယ်။ ကားသစ်တွေပေးသွင်းတာ မြို့ပြ အင်္ဂါရပ်နဲ့ ညီညွတ်အောင် တင်သွင်းခွင့်ပေးတယ်လို့ ထင်ပါတယ်။ ကားသစ်တွေက ရောက်လာပြီဆိုတော့ လမ်းကောင်းဖြစ်ဖို့ပဲ လိုတော့တယ်။ ခုဆိုရင် နေရာတော်တော်များများမှာ ကားသစ်လေးတွေ မြင်နေရပြီ။ လမ်းကောင်းတွေ မြင်ရသွားရဖို့ပဲ လိုတော့တယ်။ ဒီနှစ်မိုးတွင်းဆိုရင် ရန်ကုန်မှာ ဘယ်နားသွားသွား ချိုင့်ခွက်ကြီးတွေနဲ့။ Down town လိုနေရာမျိုးမှာတောင် လမ်းတွေပျက်နေတာ။ ကျန်တဲ့နေရာတွေဆိုရင် ပြောမနေနဲ့တော့။ မြို့ထဲကနေ အောင်မင်္ဂလာသွားတဲ့ လမ်းဆို တော်တော်ဆိုးတယ်။ အဲဒီလို လမ်းမျိုး က မြို့တွင်းမဟုတ်ပေမယ့် လမ်းကတော့ ကောင်းသင့်တယ်။ အခုတော့ မြို့တွင်းကော မြို့ပြင်ပါ တော်တော် ဆိုးဆိုးရွားရွား ပျက်စီးနေတယ်။ ဒီတော့ကားအသစ်နဲ့ လမ်းပေါက်နဲ့ ကတော့ ကြည့်လို့ကောင်းနေပြီ။ ကား အိုနဲ့လမ်းစုတ်နဲ့ တုန်းကတော့ လိုက်နေတာပဲ။ အခုကားသစ်တွေ လာတော့မယ်။ ကားသစ်နဲ့ လမ်းသစ်ဖြစ်ဖို့လိုပြီ”ဟု ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

ထိုသို့ ရန်ကုန်မြို့တွင်းရှိ လမ်းများ ဆိုးရွားစွာ ပျက်စီးနေမှုကြောင့် ယခု နောက်ပိုင်းတွင် ယာဉ်ပိုင်ရှင်များ အနေဖြင့် ကားအောက်ပိုင်းပြင်ဆင်မှုများ ပိုမိုပြုလုပ်လာရကြောင်းလည်း ကားဝပ်ရှော့များထံမှ သိရသည်။

“အခုနောက်ပိုင်းမှာ ကားအောက်ပိုင်း၊ တိုင်းလော့၊ ဘောဂျွိုင့်၊ ရှော့ဘားတွေ ခဏခဏလာပြင်ရတယ်။ အဓိကကတော့ လမ်းချိုင့်ထဲ ကို ကျပြီးဖြစ်တာ။ အရင်တုန်းကတော့ ကောင်းတဲ့လမ်းကို ရွေးမောင်း တယ်။ ဒါပေမယ့် အခုလမ်းတွေက ရှောင်မောင်းစရာ မရှိတော့ဘူး။ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းတို့လို အဓိက လမ်းမကြီးတွေမှာတောင်မှ မကောင်းတော့ဘူး။ လမ်းတွေကောင်းမယ်ဆိုရင် ကားပြင်ဆင်စရိတ်လည်း သက်သာလာမှာပါ။ ခုတော့ ဆင်ဖိုးထက်ချွန်းဖိုး ပိုကြီးနေဆိုသလိုကား ဈေးထက် ကားပြင်ဆင်စရိတ်က ပိုကြီးနေတဲ့ အနေအထားမှာ ရှိနေပါတယ်”ဟု ကားဝပ်ရှော့ လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

ယခုနှစ် မိုးရာသီတွင် ယာဉ်သွားယာဉ်လား များပြားသည့် လမ်းမကြီးများနှင့် လမ်းသွယ်များတွင် ချိုင့်ခွက်ကြီးများ ပိုမိုဖြစ်ပေါ်နေကြောင်းနှင့် လမ်းပြင်ဆင်မှုများ ပြုလုပ်ရာတွင်လည်း ကြာရှည်ခံနိုင်ရန်အတွက် ပြင်ဆင်ခြင်းမရှိသောကြောင့် လမ်းများမှာ မိုးရွာသွန်းပြီးနောက်ပိုင်း ပြန်လည်ပျက်စီးခြင်းများနှင့် ပျက်စီးနေသော လမ်းချိုင့်ခွက်များကို ရှောင်၍ မောင်းနှင်ရခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမို ကြုံတွေ့လာရကြောင်းလည်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပြခဲ့ပါသည်။

“မိုးတွင်းမို့ လမ်းမခင်းဘဲလမ်း ပြင်တဲ့အပိုင်းပဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ခဏခဏ ပြန်ပျက်တယ်။ လမ်းကို ဖာတယ်။ ဒါပေမယ့် ရေထွက်ပေါက်၊ ရေစီးပေါက်ကို မပြင်ဘူး။ ဒီတော့ မိုးရွာ၊ ရေ၀ပ်ပြီးပြန်ပျက်တာပေါ့။ လမ်း တံတား အင်ဂျင်နီယာတွေက ဒါကို သိပါတယ်။ ကျွမ်းလည်းကျွမ်းကျင် ပါတယ်။ စာရေးဆရာထက်ကျော်က ဟောပြောပွဲတစ်ခုမှာ ပြောဖူးတာကို သတိရမိတယ်။ အင်ဂျင်နီယာကြီးရဲ့ သား အင်ဂျင်နီယာလေးက သူတို့ မြို့ကို ပြန်တာဝန်ကျတော့ သူငယ်ငယ်ကတည်းက ပျက်နေတဲ့ လမ်းတွေခုထိ မကောင်းသေးတဲ့အကြောင်း အဖေ အင်ဂျင်နီယာကြီးကို ပြောတော့ အဲဒီလို ခဏခဏပြင်နေရလို့ မင်းအခုလို အင်ဂျင်နီယာကြီး ဖြစ်လာတာပေါ့လို့ ပြန်ပြောတယ်။ အခုလည်း အဲဒီလိုပဲလား လို့ တွေးမိတယ်။ အခုပွင့်လင်းရာသီမှာ လမ်းတွေ ဘယ်လောက်ကောင်း လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ”ဟု တာမွေမြို့နယ် တောင်မြင်းပြိုင်ကွင်း လမ်းတွင် နေထိုင်သူ လူငယ်တစ်ဦးက ဆိုပါသည်။

“အသုံးစရိတ်ကို တိုင်းဒေသကြီး အစိုးရကခွင့်ပြုတဲ့ ပမာဏပဲသုံးရတယ်ဆိုရင်လည်း တကယ်လိုအပ် တဲ့ နေရာမှာပဲ သုံးစေချင်တယ်။ လူမသွားတဲ့ ပလက်ဖောင်းပြင်တာမျိုး၊ လမ်းပေါက် ကျောက်ချတာမျိုး မလုပ်စေချင်ပါဘူး။ ရရှိတဲ့ ဘတ်ဂျက်ကို အမှန်တကယ် အသုံးပြုမယ်ဆိုရင် တော့ လမ်းတွေက ပြန်လည်ကောင်းမွန်သွားပြီး ရန်ကုန်မြို့လည်း ကျက်သရေပိုရှိသွားမယ်”ဟု အငြိမ်းစား လမ်းတံတား အင်ဂျင်နီယာတစ်ဦးက ပြောပါသည်။

ရန်ကုန်မြို့တွင်းရှိ လမ်းများ နည်းတူ အဝေးပြေးလမ်းများတွင် လည်း လမ်းပျက်စီးနေမှုများကြောင့် အဝေးပြေးယာဉ်လိုင်းအချို့ ယာဉ်ထွက် ချိန်စောခြင်း၊ ယာဉ်ဝင်ချိန် နောက်ကျခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်းလည်း သိရှိရသည်။

ထို့ပြင် BOT စနစ်ဖြင့် လမ်းတံတားအသုံးပြုခ ကောက်ခံခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ များအနေဖြင့်လည်း သက်ဆိုင်ရာ လမ်းပိုင်းအလိုက် လမ်းပျက်စီးမှုများ ပြင်ဆင်နိုင်ရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရသည်။

ရန်ကုန်မြို့ရှိ ယာဉ်သွားယာဉ်လာ များပြားသော ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ မဟာဗန္ဓုလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုရင့်နောင်လမ်းစသည့် လမ်းများရှိ လမ်းပေါက်များကို အမြန်ဆုံး ချက်ချင်းပြုပြင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

“လမ်းဆိုတာနဲ့ ဘယ်လမ်းပဲ ဖြစ်ဖြစ်၊အဝေးပြေးလမ်းရော မြို့တွင်း လမ်းတွေပါ လမ်းကောင်းတွေပဲ ဖြစ်သင့်တာပါ။ ကားတွေကတော့ ကားသစ်ပဲဖြစ်ဖြစ်၊ ကားဟောင်းပဲဖြစ်ဖြစ် လမ်းကောင်းကိုပဲ မောင်းချင်ကြတာပါ။ ရန်ကုန်လိုမြို့မျိုးကျတော့ အများ ပြည်သူအများဆုံး အသုံးပြုနေတဲ့၊ ဘတ်စကားလိုင်းတွေ အများဆုံးပြေး ဆွဲနေတဲ့ main road တွေက ကောင်းကို ကောင်းသင့်ပါတယ်။ နောက်ပြီး အဲဒီအဓိကလမ်းတွေကို ဆက်သွယ်ထားတဲ့ လမ်းတွေနဲ့ ရပ်ကွက်ထဲက လမ်းသွယ်အဆုံး၊ လမ်းအကုန်လုံး ကောင်းသင့်ပါတယ်။ ဘတ်စ်ကားလိုင်းတွေ မှာဆိုရင်လည်း လမ်းကောင်းမှ အများပြည်သူ သွားရလာရတဲ့ အချိန်တိုတောင်းမယ်။ အချိန်ဆုံးရှုံးမှု နည်းလို့သွားချင်တဲ့နေရာ မြန်မြန် ဆန်ဆန်ရောက်မယ်။ လမ်းမကောင်းတော့ ရုံးသူရုံးသားတွေဆိုရင် ရုံးတက်ဖို့၊ ရုံးကိုရောက်ဖို့ကိုတောင် ဘတ်စကားပေါ်မှာ အချိန်အများကြီး ပေးနေရပါတယ်။

ဒီတော့သူတို့ရဲ့ အလုပ်ချိန်တွေ ဆုံးရှုံးတယ်။ တက္ကသိုလ်ကျောင်းတွေ ကလည်း အများအားဖြင့် မြို့ပြင်မှာဆိုတော့ လမ်းတွေသာ ကောင်းမယ်ဆိုရင် ကျောင်းသူ ကျောင်းသားတွေရဲ့ trafficking hours တွေ လျော့ကျသွားမယ်။ ကျောင်းစာအပေါ်မှာ စိတ်ဝင်စားမှု ပိုကောင်းလာမယ်ပေါ့။ ဒီတော့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေး ဒီအရေးတွေ အားလုံးက လမ်းကောင်းတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်”ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီးက သုံးသပ် ပြောကြားခဲ့သည်။

http://www.news-eleven.com/

Tuesday, May 31, 2011

အဖိုးတန်သောပစ္စည်းနှင့် အဖိုးမတန်သောလူ

ပစ္စည်းတစ်ခုကို တန်ဖိုး ဘယ်ရွေ့ဘယ်မျှ ဆိုပြီး ဈေးနှုန်း ရေးရေး မရေးရေး ဘယ်လောက်တော့ တန်တာဘဲ၊ ဘယ်လောက်တော့ တန်မှာလဲ စသဖြင့် ယေဘုယျလောက်တော့ သိကြ၊ လက်ခံကြတတ်ပါတယ်။
လူတွေဆိုရင် . . .

ရန်ကုန် ၀ိဇယမီးပွိုင့်မှာပါ။
ကားတွေ ဥဒဟို ဖြတ်သန်း မောင်းနှင်နေချိန်မှာ မီးပွိုင့်က စိမ်းလိုက်၊ ၀ါလိုက်၊ နီလိုက်နဲ့။ တစ်ခုသော စိမ်းဝါနီမှာပေါ့ဗျာ။ ဘယ်ဘက်ကွေ့ကြောမှာ ကွေ့နေကြတဲ့ ကာတွေထဲက ကားကြီးကားကောင်း တစ်စီးကွေ့ရင်း
မီးနီမိသွားတယ်။ ဒီတော့ ကွေ့လက်စ နေရာ လမ်းဆုံရဲ့ အလယ်ခေါင်မှာ ရပ်တယ်။
မြင်လိုက်တာနဲ့ အင်မတန့် အင်မတန်မှ ဈေးကြီးမှန်း သိသာတဲ့ကားကြီးပေါ့။ အဲဒီကားကြီး ကိုးလို့ကန့်လန့် ရပ်ထားတော့ မီးပွိုင့် လွတ်လာတဲ့ကားတွေ ဒုက္ခရောက်ကုန်တယ်။ တည့်တည့်သွားဖို့ထားတဲ့ ယာဉ်ကြောနှစ်ကြောထဲက တစ်ကြောက လုံးဝ ပိတ်သွားတယ်။
တစ်ဖက်ကနေ တည့်တည့်သွားမယ့် အငှားကား ယာဉ်မောင်းကတော့ သည်းခံနိုင်ဟန် မရှိတော့ပါဘူး။ ကားခေါင်းထဲကနေ ခေါင်းပြူပြီး ''ခင်ဗျားတို့ ဘယ်လိုလုပ် ရပ်ထားတယ်။ နောက်ပြန်ဆုတ်ပါလား။ ဒီမှာ ကားတွေပိတ်ကုန်ပြီတဲ့''။
စိတ်တိုတိုနဲ့ အော်ပါရော။
ကားကောင်းကြီးကတော့ ခပ်တည်တည်နဲ့ နောက်မဆုတ်တဲ့ အပြင် ကားပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ မိန်းမကြီးတစ်ယောက် အငှားကားယာဉ်မောင်းကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြန်အော်ပါရော။ ''ဟဲ့ နင်ခိုင်းတိုင်းလုပ်ရအောင် နင်က ဘာကောင်မို့လို့လဲ။ အောက်တန်းစား တက်စီသမားကများ လူပါးဝလို့''
ပြောတဲ့စကားနဲ့ လေယူလေသိမ်းနဲ့ မျက်နှာပုံစံ၊ အသားအရည် အရောင်အသွေးက အဲဒီမိန်းမကြီး ကိုယ်စားပြုတဲ့ မျိုးနွယ်စုကို အထင်သား ဖော်ပြနေတယ်။
စိတ်တိုဒေါသထွက်စွာနဲ့ အငှားကားယာဉ်မောင်း တံခါးဖွင့်ပြီး လမ်းပေါ်ဆင်းလာတယ်။ အဲဒီအချိန်မှာပဲ တစ်ဖက်မီးပွိုင့်က စိမ်းသွားတာနဲ့ ကားအကောင်းစားကြီး ၀ူးကနဲ မောင်းထွက်သွားတယ်။ မိန်းမကြီးက တံထွေးတစ်ချက် ထွီကနဲထွေးရင်း လမ်း ပေါ်က အငှားကား ယာဉ်မောင်းကို စေ့စေ့ကြည့်သွားတယ်။ လမ်းပေါ်က ကားဆရာခမျာ လက်သီးလက်မောင်းတန်းပြီး ဒေါသထွက်လွန်းလို့ တုန်ပြီး ကျန်နေခဲ့တယ်။
အဲဒီမိန်းမကြီးကို မိုက်ရိုင်းခွင့်လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။

ရန်ကုန် အေဒီလမ်းမီးပွိုင့်မှာပါ။
ပြည်လမ်းရဲ့ ယာဉ်ကြောသုံးခုထဲက ဘယ်ဘက် အစွန်ဆုံးကြောကို ဘယ်ကွေ့တဲ့ကားတွေအတွက် သီးသန့်ပေးထားပြီး မီးပွိုင့်မှာလဲ မီးစိမ်း သီးခြားအချက်ပြ တပ်ဆင်ထားပါတယ်။
ပြည်လမ်း မီးနီ မိနေချိန်မှာ အရောင်တွေ တဖိတ်ဖိတ်တောက်နေတဲ့ ကားကြီးတစ်စီး မောင်းဝင်လာတယ်။ ဘယ်ကွေ့ကြောအတိုင်း လာပြီး ရှေ့ဆုံးမှာရပ်တယ်။ ကားရဲ့နံပါတ်က သာမန်ကားနံပါတ်တွေလို မဟုတ်ဘူး။
နံပါတ်သက်သက် အဖြူရောင်နံ ပါတ်ပြားနဲ့။ ကားရှေ့မှာလဲ အလံတိုင်ငယ် တစ်ခုကို သားရေအစွပ် အမဲနဲ့ ကပ်ထားတယ်။ ဘယ်အလံမှန်းတော့ မသိရဘူးပေါ့။ ဗဟုသုတရှိ သူတွေကတော့ ဘယ်ကကားလည်း သိမှာပါ။
မီးစိမ်းတယ်။ ဘယ်ကွေ့ကြောက ကားတွေ လွတ်လွတ်လပ်လပ် ကွေ့နိုင်ဖို့ သီးသန့် အချက်ပြမီးစိမ်းက ပေါ်လာတယ်။ မြားစိမ်းစိမ်းရယ်။ ၂၀၊ ၁၉၊ ၁၈၊ ၁၇ . . .စသဖြင့် တဖြည်းဖြည်း ငယ်သွားတဲ့ ဂဏန်းတွေက အချိန်ကိုပြလို့။
ကွေ့ဖို့ သီးသန့်ခွင့်ပြုထားတဲ့ လိုင်းရဲ့ထိပ်က ကားအကောင်းစားကြီးက လုံးဝမလှုပ်။ နောက်ကားက မီးဖွင့်ပိတ်လုပ်ပြီး သတိပေးတယ်။ မမြင်တာလား။ ဂရုမစိုက်တာလား။ ကားအကောင်းစားကြီးရယ်။ ငြိမ်လို့ ခပ်တည်တည်ပဲ။
ကွေ့ကြောသီးသန့် မီးစိမ်း အပြီးမှာ တည့်တည့်သွားမယ့် မီးစိမ်း ပေါ်လာတယ်။ ၀ူး ခပ်တည်တည် ကားအကောင်းစားကြီး ခပ်တည်တည်ပဲ တည့်တည့် မောင်းထွက်သွားတယ်။ ကွေ့ဖို့ ခွင့်ပြုချိန်မှာ မကွေ့လိုက်ရတဲ့ တသီတတန်းနဲ့ ကားတွေ နောက်မှာရပ်ပြီး မေတ္တာပို့ ကျန်ခဲ့တယ်။
အဲဒီကားမောင်းတဲ့ နိုင်ငံကြီးသားကို စည်းကမ်းဖောက်ဖျက်ခွင့် လိုင်စင်ပေးထားတာ မဟုတ်ပါဘူး။

နာမည်ကြီး နိုက်ကလပ် တစ်ခုမှာပါ။ မပြောပါရစေနဲ့တော့။ ညကလပ်ပါဆိုမှ တရားမှတ်တဲ့လူတွေ ဘယ်လာကြမှာလဲ။ သန်းခေါင်ကျော်လို့ တစ်နာရီတောင် ခွဲနေပြီ။
ကားရပ်တဲ့နေရာမှာ ကားတွေက ဒင်းကြမ်း။ အများစုက ခပ်မိုက်မိုက်ကားတွေ။ အဲဒီကားတွေက ဈေးက မိုးပေါ်မှာဆိုတာ တော်ရုံတန်ရုံလူ သိပါတယ်။ အဲဒီထဲက ကားတစ်စီးရဲ့ နံပါတ်ပြားက ဖြူ၊ နက်၊ နီ၊ ပြာ တစ်ခုမှမဟုတ်တဲ့ တခြားအရောင်။
ကားဝယ်ယူတင်သွင်း ခွင့်ပြုချက် မူလရထားသူပဲဖြစ်ဖြစ်၊ သူ့ဆီကနေ တစ်ခြားသူတစ်ယောက်ယောက်က ခဏယူသုံးတာပဲ ဖြစ်ဖြစ်၊ ယာဉ်မောင်းက ခိုးထွက်လာတာမျိုးပဲ ဖြစ်ဖြစ်၊ ဘာတွေဖြစ်ဖြစ်ပါ မလျော်မကန်ကြီးပါလား ဟရိုး ဆိုပြီး အော်ချင်မိတာ အမှန်ပါ။
အဲဒီသူတို့ကို လုပ်ချင်ရာလုပ်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။


ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်မှာ ပြဿနာက နည်းပါတယ်။ ယဉ်ကျေးမှုတွေ ထွန်းကားလာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် များပြားလာတယ်။ ကုန်သွယ်ရာမှာ ကြားခံအဖြစ် ငွေကိုသုံးလာတယ်။ လူသားရဲ့အစွမ်းက အံ့မခန်းပါပဲ . . .

အဆင့်မြင့် စားသောက်ဆိုင်ကြီး တစ်ခုမှာ။ အထပ်အမြင့်ကြီးမှာ ဖွင့်ထားလို့ အဆင့်မြင့်ပြောတာ မဟုတ်ဘူး။ သန့်ရှင်းသပ်ရပ် လှပခန့်ညားပြီး ဈေးကလဲ အင်မတန်ကြီးတာမို့ ပြောတာ။ နောက်ပြီး ဇွန်းခရင်းတွေကလဲ ငွေသားစစ်စစ်တွေ။ လာတဲ့သူတွေကလဲ ကြေးရတတ်တွေပဲများတာ။
အဲဒီတစ်ခုသော သီးသန့်ခန်းမှာ ရေပေါ်ဆီတစ်စု ညစာ သုံးဆောင်ကြတယ်။ ထုံးစံအတိုင်း စားစားသောက်သောက် ပြောပြောဆိုဆိုနဲ့ပေါ့။ သူ့ ရိုးလက်နာရီက ဘယ်လောက်တန်တာ။ ငါ့ကိုရမ်နာရီက ဘယ်လိုဈေးကြီးတာတွေလဲ ပါတယ် ဘောလုံးပွဲ၊ ရုပ်ရှင်၊ ကိုရီးယားမင်းသား၊ မင်းသမီး ဘာညာစုံပါရော။
အဲဒီမှာတင် ဟိုတစ်ယောက်က ငါနဲ့ဘယ်မှာ ဘယ်လိုဖြစ်ဖူးတာတို့၊ ဘာတို့ညာတို့ကို နာမည်တွေနဲ့ ပျစ်ပျစ်နစ်နစ် တစ်ယောက်နဲ့တစ်ယောက် အားကျမခံ ပြောကြပါရော။ တကယ်ပဲလား။ ပါးစပ်အရသာခံ ပြောတာလား။
ဘာပဲဖြစ်ဖြစ် မကောင်းတာအ မှန်။ စောင့်ရမယ့် ''စည်း''ကို ကျော်ပြီး ပြောချင်ရာ ပြောကြာတာဗျာ။ နောက်ပြီး စားပွဲထိုးလေးကို လှမ်းပြောသေးတယ်။ ''နင် ငါတို့ အခုပြောနေတာတွေကို ဘယ်သူ့မှ လျှောက်မပြောနဲ့နော်''တဲ့။
သေချာပါတယ် ပြောမှာ။
အဲဒီပုဂ္ဂိုလ်များကို တစ်ဖက်သား ထိခိုက်နစ်နာအောင် အသရေဖျက်ပြောခွင့် လိုင်စင်ပေးထားတာ မဟုတ်ဘူး။

အဆင့်မြင့် ဂေါက်ကွင်းကြီး တစ်ခုမှာ။
ပိတ်ရက်ဖြစ်တော့ ထုံးစံအတိုင်း လူကများလှသပေါ့။ ဒီတော့ တီရုံမှာ စထွက်ရဖို့ အရေးက စောင့်ရတယ်။ ကြာတယ်။ စရိုက်မဲ့အဖွဲ့၊ ရိုက်ဖို့ပြင်နေတဲ့ အဖွဲ့၊ နောက်လိုက်မဲ့ အဖွဲ့ စသဖြင့် အနည်းဆုံး သုံးဖွဲ့လောက်
နေရာယူထားတာဆိုတော့ လူဆယ့်လေးငါးယောက်လောက် ရှိသပေါ့ဗျာ။ သူငယ်ချင်း မိတ်ဆွေတွေကို နှုတ်ဆက်ခွဲရသလို ကြွားချင်တဲ့ ပုဂ္ဂိုလ်များဆိုလည်း ကြွားဖို့ အင်မတန် အဆင်သင့်ချိန်ပေါ့။
''ဟဲ့ကေင်မလေး၊ ငါ့ဒရိုင်ဗာ အသစ်ယူခဲ့စမ်း''
ကျယ်ကျယ်ဟဟ အသံထွက်လာတော့ ဂေါက်သီးရိုက်မယ့် လူတွေရော၊ ကျန်တဲ့ ကယ်ရီ၊ ထီးမိုး၊ တီဇုံဝန်ထမ်း စတဲ့ လူတွေရဲ့ အာရုံက အသံလာရာဆီကို ရောက်သွားကြတယ်။
''ငါ့ကို ဂေါက်တုတ် အသစ်နော်၊ အဲဒီ တစ်ချောင်းထဲကို သိန်းငါးဆယ် ပေးရတာ''
ဘာကြီးလဲဟ၊ သူ့ဖာသား ငါးဆယ်မလို့ ငါးရာဖြစ်ဖြစ်၊ ငါးထောင်ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် အားကျအထင်ကြီးတဲ့ မျက်လုံးတွေလဲရှိရဲ့။ ဆက်လာတဲ့စကားက နားထဲကို ခါးသီးစွာ ၀င်လာတယ်။
''ကောင်းကေင်းကိုင်ခဲ့၊ ထိခိုက် ပွန်းပဲ့သွားလို့ကတော့ ငါနဲ့တွေ့မယ်။ အဲဒီလောက်ပိုက်ဆံ နင်ဟိုဟာလုပ်ရှာတောင် တစ်သက်လုံးရမှာ မဟုတ်ဘူး''
သွားပြီ။ ကယ်ဒီလေးမျက်နှာ ရဲကနဲ ဖြစ်သွားတယ်။ အနားက ဂေါက်သမားတချို့ မျက်နှာလည်း မည်းကနဲနဲ့။
အဲဒီလူကို နိုင်ထက်စီးနင်း ပြုကျင့်ခွင့် လိုင်စင် ပေးထားတာ မဟုတ်ပါဘူး။

ရန်ကုန်က နာမည်ကျော် လက်ဖက်ရည်ဆိုင်ကြီးတစ်ခုမှာ သူငယ်ချင်းတစ်စု လက်ဖက်ရည်သောက်၊ မနက်စာစားရင်း စကားပြောနေကြတယ်။ မရှိမရှား ပုံစံတွေကြားမှာ တစ်ယောက်ကတော့ စီးပွားရေး အလွန်ကောင်းပုံ ပေါက်ပါတယ်။ သူ အဆင်အပြင် အဆင်တန်ဆာတွေက သက်သေလေ။
''ကဲရှင်းမယ်၊ ပိုက်ဆံတွက်''
ပိုက်ဆံအိတ်ကြီးကို ဘုတ်ကနဲ ထုတ်ယူပြီး ပြောတယ်။ ''ဒါနဲ့ဟိုကောင်၊ မနက်ဖြန်မနက် ၆ နာရီတိတိ စရိုက်မှာနော်။ ကွင်းကြေး သောင်းကျော်ရော၊ ကယ်ဒီမုန့်ဖိုးပါ ငါပေးနေတာ။မင်းဘာကုန်ရတာ မို့လို့လဲ။ ဂေါက်သီးလေး လာရိုက်ပေးပါတယ်။ အရေးထဲ ပင့်ရဖိတ်ရနဲ့၊ မင်းဖာသာဆို ဒီလိုကွင်းမျိုး သွားနိုင်လို့လား''
အပြောခံလိုက်ရတဲ့ သူငယ်ချင်းရဲ့ ရင်ထဲမှာ ကျင်ခနဲ နာသွားတယ်။ သံယောဇဉ်နဲ့ လုပ်ပေးနေတာတွေကိုကွာ၊ မင်းလက်အောက်ငယ်သားလဲ မဟုတ်ရပေါင်ကွာ။ စိတ်ထဲက စကားတွေက နှုတ်ဖျားကို ရောက်မလာပါဘူး။ နောက်ပြီး အမြဲတမ်းလဲ အားချင်မှအားမှာ၊ ပြီးတော့ အချိန်၊ လစ်ဟာသွားတဲ့ မိသားစုတာဝန်။တခြားဟာတွေတော့ ဖယ်ထားလိုက်ပါတော့။
ပစ္စည်းရှိတဲ့လူ အနေနဲ့ ပစ္စည်းမဲ့တဲ့လူကို စိတ်ဒဏ်ရာရအောင် လုပ်ခွင့် လိုင်စင်ပေးထားတာ မဟုတ်ပါဘူး။

ပုံပြင်လေးတစ်ပုဒ်ပါ။ သူဌေးကြီးတစ်ယောက် မြစ်ကြီးကို သဗ္ဗာန်နဲ့ဖြတ်ဖို့ ငှက်ဆိပ်ကို ဆင်းလာပါတယ်။ (အိပဲ့၊ အိပဲ့ ငှက်သဗ္ဗာန် ခတ်သွားတယ်ဆိုပြီး ရေချိုးဆိပ်သီချင်းမှာတောင် ပါတယ်လေ။)
''ဟိတ်ကောင် ငါ့ကိုလာတွဲဦး။ ရေထဲပြုတ်ကျလို့ ငါ့အဖိုးတန် အ၀တ်အစားတွေ ရေစိုကုန်ရင် မလွယ်ဘူး''
''ဟုတ်ကဲ့''
ဒီလိုနဲ့ သမ္ဗန်ပေါ်မှာ သူဌေးကြီးကိုတင်ပြီး ငှက်ခတ်လာတယ်။
''အခု တစ်နေ့ ဘယ်လောက်ရတုံး''
''အမှန်မရှိပါဘူး။ သူဌေးကြီးရယ်။ တစ်ကျပ်ရ ငါးမူးရနဲ့''
''၀င်ငွေဘာမှမရပါလား။ တယ်ညံ့သကိုး''
ခဏနေပြန်တော့ ''မင်းမှာ အိမ်ရောရှိရဲ့လား''
''မရှိပါဘူး။ သူဌေးကြီးရယ်၊ ဟိုသောင်ခုံကတဲမှာ နေတာ''
''အိမ်ကလေး တစ်လုံးတောင် မရှိတဲ့ကောင်၊ တယ်ညံ့သကိုး''
ဒီလိုနဲ့ သူဌေးကြီးက သမ္ဗန်သမားမှာ မရှိတာတွေကို မေးလိုက်၊ တယ်ညံ့သကိုး ဆိုလိုက်နဲ့ မြစ်လယ် ရောက်လာတယ်။ အဲဒီမှာတင် ရုတ်တရက် မိုးမှောင်ကျလာပြီး လေပြင်းအတိုက် လှိုင်းအရိုက်မှာ သမ္ဗန်မှောက်ပါရော။
''ဟိတ်ကောင်၊ ငါရေမကူးတတ်ဘူးကွ၊ ငါ့ကိုဆယ်ပါဦး''
''ရေလေးတောင် မကူးတတ်တဲ့ သူဌေးကြီး၊ တယ်ညံ့သကိုး'' ပြောပြောဆိုဆိုနဲ့ သမ္ဗန်သမားဟာ ရေကူးပြီး ထွက်သွားပါရော''
ယဉ်ကျေးမှု မထွန်းကားသေးတဲ့ ကျောက်ခေတ်မှာ ပြဿနာက နည်းပါတယ်။ ယဉ်ကျေးမှုတွေ ထွန်းကားလာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက် များပြားလာတယ်။ ကုန်သွယ်ရာမှာ ကြားခံအဖြစ် ငွေကိုသုံးလာတယ်။
လူသားရဲ့အစွမ်းက အံ့မခန်းပါပဲ။
ကိုယ်အဆင်ပြေစေဖို့ တီထွင်ခဲ့တဲ့ ပစ္စည်းတွေကြောင့် အဆင်မပြေ ဖြစ်ရတာတွေလဲ ရှိလာတယ်။
အားလုံးကို ဆိုလိုတာ မဟုတ်ပါ ဘူး။ ပိုင်ဆိုင်မှုတွေ များသထက် များပြားလာချိန်မှာ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာတယ်။ ဂရုဏာတရားတွေ ပျောက်ကွယ်လာတယ်။ သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာတယ်။ ပုံမှန် ဆက်ဆံရေးတွေ ကွယ် ပျောက်လာတယ်။
''ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်''လို့ ပြောတတ်ကြပါတယ်''
ကိုယ်တစ်ယောက်ထဲနဲ့ ပြီးသွားမယ်ဆိုရင် ပြဿနာ မရှိပါဘူး။ ကိုယ့်လူမျီုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်အလွှာ၊ ကိုယ့်ပတ်ဝန်းကျင် စသဖြင့် ရိုတ်ခတ်မှုက အနည်းအများ ရှိမှာ။ ဒါ အသေအချာ။

မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမင်းသိမ်းရဲ့အိမ် ကျောက်သင်ပုန်းမှာ ရေးထားတဲ့ စာလေးတစ်ပိုဒ် ရှိပါတယ်။ ကောင်းတယ်ဗျ ဆိုပြီး သဘောကျသမို့ မှတ်သားခဲ့ဖူးတာ ဖောက်သည်ချပါရစေ။ (ခွင့်တော့
မတောင်းတော့ပါဘူး။ အစ်ကိုကြီးရေ)
''အဖိုးတန်ပေ့ဆိုတဲ့ ပစ္စည်းတွေကို ပိုင်ဆိုင် အသုံးပြုနိုင်ရုံနဲ့ လူ့အဖိုးတန် မဖြစ်ဘူး။ ရိုးသားစိတ်ကောင်းထားပြီး လူ့လောက ကောင်းကျိုးကို တတ်နိုင်သမျှ သယ်ပိုးဆောင်ရွက်မှ တကယ့် လူ့အဖိုးတန်တဲ့ဗျား။''


Written by မောင်စံပေါ


http://www.news-eleven.com/index.php?option=com_content&view=article&id=8501&catid=78&Itemid=135