Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

Saturday, November 19, 2011

ဂိုးတစ်ဂိုး၊ ရှုံးပွဲတစ်ပွဲ နှင့်သမိုင်းမှတ်တိုင်သစ် တစ်ကြိမ် ရေးထိုးခွင့် ဆုံးရှုံးခဲ့သော မြန်မာအသင်း (မြန်မာ ၀-၁ မလေးရှား)



ဂိုးတစ်ဂိုး၊ ရှုံးပွဲတစ်ပွဲ နှင့် သမိုင်းမှတ်တိုင်သစ်တစ်ကြိမ် ရေးထိုးခွင့် ဆုံးရှုံးခဲ့သော မြန်မာအသင်း (မြန်မာ ၀-၁ မလေး၇ှား)

ယနေ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ တွင် ၂၆ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ကျင်းပလျက်ရှိနေရာ အမျိုးသား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင် ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း နှင့် လက်ရှိ ချန်ပီယံ မလေးရှားလက်ရွေးစင် ယူ ၂၃ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မလေးရှားအသင်းက ၁-၀ ဖြင့် အနိုင်ရပြီး ဖိုင်နယ်လ်တက်သွားခဲ့သလို မြန်မာအသင်းမှာမူ တတိယလုပွဲအတွက် ဆက်လက်စောင့်စားရတော့မည် ဖြစ်သည်။

ပွဲအစပိုင်းတွင် မြန်မာအသင်း ရော မလေးရှားနိုင်ငံအသင်းကပါ တစ်ဖက်နှင့် တစ်ဖက် တိုက်စစ်ဖွင့် ကစားခဲ့ခြင်း မရှိပဲ အခွင့်ကောင်းခြောင်းမြောင်း ကစားနေခဲ့သလို မလေးရှားနိုင်ငံအသင်းကလည်း ခံစစ်ကို အားပြု ကစားနေခဲ့သည်။

မြန်မာအသင်းမှာ ပထမပိုင်း ပွဲချိန်ပြီးဆုံးချိန်အထိ မလေးရှား အသင်း ပင်နယ်လ်တီ ဧရိယာထိပ်နားမှ အလွတ်တည်ကန်ဘော ၄ ကြိမ်အထိ ရရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိသလို ထောင့်ကန်ဘော ၃ ကြိမ်မှလည်း ထိရောက်သော ခြိမ်းခြောက်မှု ပြုနိုင်ခဲ့ခြင်း မရှိပေ။

မလေးရှား အသင်းမှာမူ ရရှိခဲ့သော ပြစ်ဒဏ်ဘော တစ်ကြိမ်ကို ကန်သွင်းခဲ့ရာ မြန်မာ့လက်ရွေးစင်အသင်း ဂိုးတိုင်အပေါ်ထောင့် နားမှ ဖြတ်ထွက်သွားခဲ့ရာ ပရိသတ်များ အသဲယား သွားစေခဲ့သည်။ ပထမပိုင်း ပြီးဆုံးသွားချိန်အထိ မြန်မာအသင်း နှင့် မလေးရှားအသင်းတို့မှ ထိရောက်သော ဂိုးသွင်းခွင့်များ မရရှိပဲ ဂိုးမရှိသရေဖြင့်သာ ပွဲကို ရပ်နားခဲ့ရသည်။

ဒုတိယပိုင်း ပြန်လည် စတင်သည်နှင့် မလေးရှားအသင်းက အလျှင်အမြန် တိုက်စစ်ဆင် ကစားလာခဲ့ရာ မြန်မာအသင်း အနေဖြင့် မလေးရှားကွင်း သုံးချိုးတစ်ချိုးအထိ ဘောလုံးရောက်ရေးပင် မနည်းကြိုးစားခဲ့ရပြီး မလေးရှားအသင်း၏ တစ်ကြိမ်တစ်ကြိမ် ထိုးဖေါက်မှုများကို မြန်မာနောက်တန်းလူများက ပိပိရိရိ ဖျက်ထုတ်နိုင်ခဲ့မှုကြောင့်သာလျှင် မြန်မာအသင်း အဖွင့်ဂိုး မပေးခဲ့ရသော်လည်း ပွဲချိန် ၈၄ မိနစ်တွင်မူ မြန်မာအသင်းနောက်တန်းလူများ၏ မသေမချာ ဖျက်ထုတ်မှုမှတဆင့် မလေးရှားတိုက်စစ်မှူး က ဂိုးသမားနှင့် အနီးကဒ် ပိတ်သွင်းခဲ့ပြီး အဖွင့်ဂိုး နှင့် အနိုင်ဂိုးကို ရယူသွားခဲ့သည်။

လက်ကျန်မိနစ် ဆယ်မိနစ်ခန့် အချိန်အတွင်း မြန်မာအသင်းက ဂိုးရရှိရေးအတွက် အပြင်းအထန် ကြိုးစားခဲ့သေးသော်လည်း လက်ရှိချန်ပီယံ မလေးရှားအသင်း၏ ခြေစွမ်းကို ကျော်လွန် အနိုင်ရခြင်း မရှိပဲ ၁၉၇၅ ခုနှစ်နောက်ပိုင်း အရှေ့တောင်အာရှ ပွဲစဉ်များအတွင်း ချန်ပီယံ မဖြစ်တော့သည့် စံချိန်ကို ဆက်လက်ထိန်းသိမ်း သွားခဲ့သည်။

Source by :http://mutdfan.com/

Monday, July 12, 2010

တတိယမြောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဟော်လန် 'ဟော်လန် ၀ - ၁ စပိန်'

Iniesta Shoot

Spain Celebrate

ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာဖလားပြိုင်ပွဲတစ်လျောက် (၈) သင်းမြောက် ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ နှစ်သင်းစလုံး ကြိုးစားကစားသွားခဲ့ပါတယ်။ ပွဲအစ (၅) မိနစ်မှာပဲ ရာမို့စ်ရဲ့ ခေါင်းတိုက်ချက်ကို စတယ်ကန်လန်ဘတ် ပုတ်ထုတ်ကာကွယ်ပေးခဲ့လို့ ဟော်လန်တို့ သက်သာရာရခဲ့ပါတယ်။ စပိန်အသင်းဟာ ဟော်လန်အသင်းဘက်ကို ကစားကွက် အသာစီးရယူဖို့ ကြိုးစားရင်း ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့တာတွေရပြီး ရာမို့စ်ရဲ့ကန်ချက် နှင့် ဒေးဗစ်ဗီလာရဲ့ ခေါင်းတိုက်ချက်တွေက ဟော်လန်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် (၃ရ) မိနစ်မှာ ထောင့်ကန်ကောကနေ တစ်ဆင့် မက်ဆီသန် ဂိုးဧရိယာအတွင်းကနေ အပိုင်ပိတ်ခွင့်ရပေမယ့် လွဲချော်ခဲ့ပါတယ်။ ဟော်လန်အသင်းဟာ စပိန်အသင်းရဲ့ ကွင်းလယ်ကစားအားကို ခပ်ကြမ်းကြမ်း တုန့်ပြန်ကစားသွားခဲ့ပြီး ဗန်ပါစီ၊ ဗန်ဘွန်မဲလ်နှင့် ဒီဂျောင်တို့ အဝါကဒ်ဖြစ်ခဲ့ရပါတယ်။

David Villa

World Cup

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ဂိုးရဖို့ အပြန်အလှန်ကြိုးစားလာခဲ့ပြီး ပူယိုးလ်ခေါင်းတိုက်ချပေးတာကတစ်ဆင့် ကတ်ဒီဗီလာပိတ်ခွင့်ရပေမယ့် လွဲချော်ခဲ့ပါတယ်။ ပွဲချိန် (၆၂) မိနစ်မှာ ရော်ဘင် ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန်သွင်းခဲ့ပေမယ့် ကာစီးလက် ခြေထောက်နှင့်ထိပြီး ထွက်သွားလို့ ဟော်လန်တို့ နစ်နာခဲ့ပါတယ်။ နောက်ပိုင်းမှာ နှစ်သင်းစလုံး ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးသွင်းခွင့်တော့ အများအပြားမရခဲ့ပါဘူး။

Champion Span

အချိန်ပို ပထမပိုင်းမှာ ဖာဘရီဂတ်စ်၊ အင်နီယေစတာတို့ အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲခဲ့နိုင်ပါဘူး။ဒါအပြင် နာဗတ်စ်ရဲ့ ကန်ချက် ဟော်လန်နောက်ခံလူနဲ့ ထိပြီး ထွက်သွားခဲ့လို့ စပိန်တို့ ထပ်မံကံဆိုးခဲ့ရပါတယ်။ အချိန်ပို ပထမပိုင်းမှာလည်း ဂိုးမရှိ သရေကျနေခဲ့ပြီး အချိန်ပို ဒုတိယပိုင်းမှာတော့ အင်နီယေစတာကို ဆွဲလှဲခဲ့လို့ ဟိုင်တင်ဂါ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ တစ်ယောက်အသားစီးရသွားတဲ့အတွက် စပိန်တို့ စိတ်ဓာတ်တက်သွားပြီး ဆက်တိုက်ဖိကစားနိုင်ခဲ့ပါတယ်။ စပိန်တို့အတွက် သမိုင်းတစ်လျောက် ပထမဆုံး ကမ္ဘာ့ချန်ပီယံဖြစ်စေမယ် အနိုင်ဂိုးကိုတော့ ပွဲချိန် (၁၁ရ) မိနစ်မှာ ဖာဘရီဂတ်စ် ထိုးပေးတာကတစ်ဆင့် အင်နီယေစတာက ဟော်လန်ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ ကန်သွင်းယူခဲ့ပါတယ်။

ဒါကြောင့် စပိန်အသင်းဟာ ဂျာမနီ၊ ပြင်သစ်အသင်းတို့နဲ့အတူ ဥရောပချန်ပီယံနှင့် ကမ္ဘာ့ချန်ပီယံဆုတို့ကို ဆက်တိုက်ရယူနိုင်တဲ့ တတိယမြောက်အသင်း ဖြစ်လာခဲ့ပါတယ်။

Wednesday, July 7, 2010

တောင်အာဖရိကရှိ ဖီဖာ ယာယီ ရုံးချုပ်မှ ကမ္ဘာ့ဖလား ဆုဖလားများ ဖောက်ထွင်းခိုးယူ ခံရ


ယင်းသတင်းနှင့် ပတ်သက်၍ အထူး တာဝန်ပေးခြင်း ခံထားရသူ တောင်အာဖရိက အမျိုးသား ရဲအရာရှိ ဘီကီစီလီက “အဲဒါတွေ အခိုးခံရတယ် ဆိုတာ ကျွန်တော်တို့ သိပြီးပါပြီ။ လောလောဆယ်မှာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် နေပါတယ်” ဟု La Repubblica သတင်းစာသို့ ပြောကြားခဲ့သည်။ အဆိုပါ ဆုရုပ်တု များသည် လာမည့် ဇူလိုင် ၁၁ရက်နေ့တွင် ဂျိုဟန်စ်ဘတ်မြို့၊ ဆော်ကာစီးတီး ဘောလုံး ကွင်းကြီး၏ စတိတ်စင်မြင့် အလယ်တွင် ထားရှိမည့် ပုံစံတူ ဆုပွားများ ဖြစ်ကြသည်။ သူခိုးများသည် အဆိုပါ ဆုရုပ်တုများ အပြင် အခြား အားကစား ပစ္စည်း အချို့လည်း ခိုးယူသွားကြောင်း သိရသည်။

ထို့ပြင် ရဲတပ်ဖွဲ့သည် ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင် ကတည်းက ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် ပတ်သက် ဆက်စပ်နေသော မှုခင်းများ အတွက် လူပုဂ္ဂိုလ် စုစုပေါင်း ၃၁၆ ယောက်ကို ဖမ်းဆီး ထားကြောင်းလည်း အတည်ပြု ပြောကြားသွား ခဲ့သည်။ ၎င်းတို့အနက် ၂၀၇ဦးမှာ ဒေသခံ တောင်အာဖရိက လူမျိုးများ ဖြစ်ကြကြောင်းလည်း သိရသည်။

http://www.soccermyanmar.com မှ ပြန်လည်မျှဝေသည်။

Wednesday, June 30, 2010

ဥရောပချန်ပီယံရဲ့ ထိုက်တန်တဲ့အနိုင် (စပိန် ၁-၀ ပေါ်တူဂီ)

Spain

ဥရောပချန်ပီယံ စပိန်အသင်းနှင့် ၂၀၁၀ ကမ္ဘာဖလားမှာ ပေးဂိုးလုံးဝ မရှိသေးတဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပွဲကတော့ ပွဲစတယ်ဆိုတာနဲ့ စပိန်အသင်းက ပေါ်တူဂီအသင်းရဲ့ အထနှေးမှုကို အခွင့်ကောင်းယူကာ ဆက်တိုက်ဖိကစားခဲ့ပြီး တောရက်စ်နှင့် ဒေးဗစ်ဗီလာတို့ရဲ့ အပြင်းကန်ချက်တွေကို ပေါ်တူဂီဂိုးသမား အက်ဒွါဒို ပုတ်ထုတ်ကာ ကာကွယ်ခဲ့ရပါတယ်။ ပေါ်တူဂီအသင်းကတော့ စပိန်အသင်းရဲ့ ကစားအားကို မထိန်းနိုင်ဘဲ ခံစစ်သက်သက် ကစားနေခဲ့ရပြီး၊ ပွဲချိန်(၇) မိနစ်မှာ ဗီလာရဲ့ ကန်ချက်ကိုလည်းပေါ်တူဂီဂိုးသမား ထပ်မံပုတ်ထုတ်နိုင်ခဲ့လို့ ပေါ်တူဂီအသင်းသက်သာရာရခဲ့ပါတယ်။ ပေါ်တူဂီအသင်းက စပိန်အသင်းဘက်ကို Counter ကနေပြန်လည်တိုက်ခိုက်ခဲ့ပြီး၊ ပွဲချိန်မိနစ် (၂၀)မှာ တီယာဂိုရဲ့ ကန်ချက်ကောင်းပေမယ့် ကာဆီးလက်စ် ကာကွယ်ပေးခဲ့လို့ ဦးဆောင်ဂိုးနှင့် လွဲခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီအသင်းဘက်က ရော်နယ်ဒိုရဲ့ ဖရီးကစ်ကန်ချက် ဂိုးရလုနီးပါးဖြစ်ခဲ့ကာ၊ အယ်မေးလ်ဒါးလ်၊ တီယာဂိုတို့ရဲ့ ခေါင်းတိုက်ချက်တွေ လွဲချော်ခဲ့လို့လည်း ပထမပိုင်းမှာ နှစ်သင်းစလုံးမှာ ဂိုးမရရှိဘဲ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ နှစ်သင်းစလုံးဟာ အပြန်အလှန် ထိုးဖောက်ကစားခဲ့လို့ ပွဲဟာကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာ အယ်လ်မေးဒါးလ် ဘယ်တောင်ပံက တစ်ကိုယ်တော် ဆွဲပြေးပြီးထိုးပေးတာကို ပူယိုးလ် ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာ စပိန်အသင်းက တောရက်စ်နှင့် ပေါ်တူဂီအသင်းက အယ်မေးဒါးလ်တို့ အစား လောရန်တေးနှင့် ဒန်နီတို့ ၀င်ရောက်ကစားခဲ့ပါတယ်။ တိုက်စစ်အပြောင်းအလဲ လုပ်လိုက်တဲ့အတွက် စပိန်အသင်းဟာ ဂိုးသွင်းခွင့်တွေရခဲ့ပြီး လော်ရန်တေးနှင့် ဗီလာတို့ရဲ့ အားထုတ်မှုတွေ ဂိုးရရှိမှုနီးပါးဖြစ်ခဲ့ပါတယ်။


ဆက်တိုက်ဖိကစားခဲ့တဲ့အတွက် ပေါ်တူဂီခံစစ်ပြာသွားပြီး ပွဲချိန် ၆၃ မိနစ်မှာ ဇာဗီဖနောင့်နဲ့ ထုတ်ပေးတာကတစ်ဆင့် ဗီလာက နှစ်ချက်ဆင့်ပိတ်သွင်းခဲ့လို့ စပိန်အသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။ တစ်ဂိုးရပြီးနောက်ပိုင်း စပိန်အသင်းကပဲ ဂိုးသွင်းခွင့်တွေရခဲ့ပြီး ဗီလာ၊ ရာမို့စ်တို့ရဲ့ ကန်ချက်တွေကို အက်ဒွါဒို လက်စွမ်းပြ ကာကွယ်ပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ စပိန်ကွင်းလယ်က ဇာဗီ၊ အလွန်ဆို၊ အင်နီယေစတာ တို့ခြေစွမ်းပြခဲ့ကြပြီး၊ ပေါ်တူဂီနောက်တန်းက ကော်စတာကလည်း ဒေးဗစ်ဗီလာကို လုံးဝမထိန်းနိုင်ခဲ့ပါဘူး။ (၈၈)မိနစ်မှာ ရီကာဒိုကော်စတာ အနီကတ်ပြ အထုတ်ခံခံရပြီး၊ ဒီအနီကတ်ဟာ စပိန်နောက်ခံလူ ကတ်ဒီဗီလာ ဟန်ဆောင်ကောင်းခဲ့လို့ပါ။ ပွဲပြီးခါနီးမှာ ပေါ်တူဂီတို့ အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်လို့ ချေပဂိုးနဲ့ဝေးခဲ့ရပြီး ၊စပိန်အသင်းကတော့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ စပိန်အသင်းဟာ တောင်အမေရိက အသင်းတစ်သင်းဖြစ်တဲ့ ပါရာဂွေးအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

Tuesday, June 22, 2010

ပြင်သစ်နှင့် အင်္ဂလန် ကစားသမားများ နည်းပြများနှင့် ပြဿနာတက်

ပြင်သစ် တိုက်စစ်မှူး နီကိုလပ်စ် အနယ်လ်ကာကို နည်းပြ ဒိုမိနက်ခ်ျက အသင်းမှ ထုတ်ပယ် လိုက်သည့် အတွက် တသင်းလုံး ပုံမှန် လေ့ကျင်ခန်း မပြုလုပ်ဘဲ ဆန္ဒပြခဲ့ ကြသည်။

မက္ကဆီကို အသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် အသုံးပြုသည့် နည်းပြ၏ ဗျူဟာများ မှားယွင်းကြောင်း အနယ်လ်ကာက ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည့်အပြင် ရင့်သီး ကြမ်းတမ်းသည့် စကားလုံးများနှင့် ဆဲဆိုခဲ့သည့် အတွက် အသင်းမှ ထုတ်ပယ် ခံရခြင်းဖြစ် သည်ဟု အင်္ဂလန်နိုင်ငံ အခြေစိုက် Telegraph သတင်းစာတွင် ရေးသားထားသည်။

[အထုတ်ခံရသည့် တိုက်စစ်မှူး အနယ်လ်ကာနှင့် ပြင်သစ် အသင်းသားများ (ဓာတ်ပုံ - AFP )]

ထိုသို့ ထုတ်ပယ် မှုကြောင့် အသင်းသား များကြား မကျေနပ်မှုများ ဖြစ်ပွားခဲ့ရာမှ လေ့ကျင်ခန်း မဆင်းဘဲ တည်းခိုရာ ဟိုတယ်သို့ ပြန်သွားခဲ့ ကြသည်။

ထိုသို့ အသင်းသားများ ဆန္ဒပြမှု ဖြစ်ပွား ခဲ့ခြင်းကြောင့် ပြင်သစ် ဘောလုံး အဖွဲ့ချုပ် (FFF) မှ ဒါရိုက်တာ ဂျင်းလူးဝစ် ဗယ်လင်တိုင်းလည်း ရာထူးမှ နှုတ်ထွက်ခဲ့သည်။

“ဒီလုပ်ရပ်ဟာ ပြင်သစ် တပြည်လုံးနဲ့ အဖွဲ့ချုပ်ကို စော်ကားတဲ့ လုပ်ရပ်ပါ၊ လက်ခံနိုင်စရာ မရှိပါဘူး၊ စက်ဆုပ်ဖွယ် ကောင်းတဲ့ လုပ်ရပ်ပါ” ဟု ဒါရိုက်တာ လူးဝစ်က ပြောသည်။

ထိုအတောအတွင်း အသင်း၏ ကြံ့ခိုင်ရေး နည်းပြ Robert Duverne က လေ့ကျင့်ရေး ကိရိယာများကို ဒေါသတကြီး လွှင့်ပစ်ခဲ့ သဖြင့် ပြင်သစ် အသင်းခေါင်းဆောင် အီဗရာနှင့် အချေအတင် စကားများခဲ့ကြသည်ဟု အဆိုပါ သတင်းစာတွင် ရေးသား ထားသည်။ ၎င်းနောက်တွင် အီဗရာနှင့် နည်းပြအဖွဲ့တို့ ဆက်လက်ဆွေးနွေးကြောင်း သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က မက္ကဆီကို အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် အတွက် ပြင်သစ်အသင်း နောက်တဆင့် တက်ရန် အလားအလာမှာ များစွာမှေးမှိန်ခဲ့ရသည်။

ထို ရှုံးနိမ့်မှုကို ပြင်သစ်၏ ဂန္ထ၀င် ကစားသမားကြီး ဇီဒန်းအပါအ၀င် လက်ရွေးစင်များဖြစ်ကြသည့် အီဗရာ၊ ဂါးလက်စ်၊ ရစ်ဘာရီနှင့် အွန်နရီတို့ကပါ ဝေဖန်ခဲ့ကြသည်။

ယခုပြဿနာများကြောင့် တိုက်စစ်မှူး နီကိုလပ်စ်အနယ်ကာသည် ပြင်သစ်လက်ရွေးစင်ဘ၀မှ အပြီးတိုင် အနားယူလိုက် သကဲ့သို့ 
နည်းပြ ဒိုမစ်နစ်ခ်ျ၏ ရှေ့ရေးလည်း မသေမချာဖြစ်နေသည်။

ပြင်သစ်အသင်းသည် လာမည့် အင်္ဂါနေ့တွင် အိမ်ရှင်တောင်အာဖရိကအသင်းနှင့် ကစားရဦးမည် ဖြစ်သည်။

အလားတူ နာမည်ကြီး အင်္ဂလန်အသင်းတွင်လည်း နောက်ခံလူ ဂျွန်တယ်ရီက နည်းပြ ကာပယ်လို၏ ဗျူဟာများကို ဝေဖန် လျှက်ရှိသည်။

ယခု အချိန်တွင် အင်္ဂလန် အသင်း၏ အနေအထားကို အားလုံး သိပြီး ဖြစ်ကြောင်း၊ ပွင့်လင်း ရိုးသားမှု မရှိလျှင် မည်သည့် အရာမှ ဖြစ်လာမည် မဟုတ်ကြောင်း ဂျွန်တယ်ရီက မီဒီယာများသို့ ပြောဆိုကြောင်း အင်္ဂလန် အခြေစိုက် ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြ ထားသည်။



“အသင်း ကိုယ်စား ကျနော် ပြောချင်တာက ကစားသမား တွေရဲ့ ခံစားချက်ကိုပါ။ အသင်းဟာ ချောက်ထဲ ရောက်နေသလို နည်းပြ ကိုလည်း အားလုံး စိတ်ပျက် နေတယ်”ဟု ဂျွန်တယ်ရီက ဆိုသည်။

အင်္ဂလန်အသင်းသည် အရှေ့ဥရောပ အသင်းတသင်းဖြစ်သည့် ဆလိုဗေးနီးယား၊ အမေရိကန်၊ အာဖရိကတိုက်မှာ အယ်ဂျီးရီးယား အသင်းတို့နှင့် တအုပ်စုတည်း ကျရောက်နေပြီး ၂ ပွဲကန်ရာ သရေကျ၍ ၂ မှတ် ရရှိထားသည်။

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဇယားထိပ်ဆုံးတွင် အုပ်စု ပထမနေရာ ရယူထားသည့် ဆလိုဗေးနီးယား အသင်းနှင့် ကစားရမည် ဖြစ်သည်။

ဧရာဝတီမြန်မာသတင်း

Friday, June 18, 2010

ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဒတ်ခ်ျ အမျိုးသမီး ၃၆ ဦး နှင်ထုတ်ခံရ

နယ်သလန်နှင့် ဒိန်းမတ် အသင်းတို့ ပြီးခဲ့သည့် တနင်္လာနေ့က ယှဉ်ပြိုင် ကစားခဲ့သော ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် လိမ္မော်ရောင် အဝတ်အစား များကို ဖက်ရှင်ကျကျ ဝတ်ဆင် ထားသည့် ဒတ်ခ်ျ အမျိုးသမီး ၃၆ ဦး ပြိုင်ပွဲကွင်း အတွင်းမှ နှင်ထုတ်ခံရကြောင်း သိရသည်။

တရားမ၀င် ဘီယာ အရောင်း မြှင့်တင်ရေး ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသည့် ဒတ်ခ်ျ အမျိုးသမီးများ (ဓာတ်ပုံ - Getty Images)

နယ်သာလန် အသင်းကို အားပေးရန် လာရောက် ကြသည့် အမျိုးသမီး များကို “တရားမဝင် ဘီယာ အရောင်း မြှင့်တင်ရေး လုပ်ဆောင်သည်” ဟု ဆိုကာ ပထမပိုင်း ပြီးချိန်တွင် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) က နှင်ထုတ်ခြင်း ဖြစ်သည်ဟု ယနေ့ ထုတ် ဆန်ဖရန် စစ္စကို အခြေစိုက် Bleacher သတင်းတွင် ဖော်ပြထားသည်။

ယင်းအမျိုး သမီးများထဲမှ တစ်ဦး ဖြစ်သည့် ဘာဘရာ ကတ်စ်စတိန်းက “ကျမတို့ကို Bavaria ဘီယာ ကုမ္ပဏီ အတွက် တရားမဝင် အရောင်း မြှင့်တင်ရေး လုပ်တယ်၊ ဒါဟာ တောင်အာဖရိက ဥပဒေနဲ့ ငြိစွန်းနေတဲ့ အတွက် ထောင်ခြောက်လ ကျသွား နိုင်တယ်လို့ ရဲက ပြောတယ်”ဟု ဆိုသည်။

ဘောလုံးပွဲ ပထမပိုင်းပြီးချိန်တွင် အာဏာပိုင်တို့က ကွင်းအတွင်းမှ ခေါ်ဆောင်ပြီး သုံးနာရီခန့် ကြာသည်အထိ မေးမြန်းခဲ့ ကြောင်း၊ ၎င်းတို့အနေဖြင့် နယ်သာလန်အသင်းကိုယ်စားပြုသည့် လိမ္မော်ရောင် ၀တ်စုံကို ၀တ်ဆင်ခြင်းဖြစ်ပြီး အစိုးရ ရုံး ပိတ်ရက်များနှင့် ကမ္ဘာ့ဖလားဘောလုံးပွဲများတွင် လိမ္မော်ရောင်ဝတ်စုံကို ဝတ်ဆင်လေ့ရှိကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။

FIFA ၏ မှတ်တမ်းများတွင်မူ ၎င်းတို့ ၃၆ ဦး ကို Bavaria ဘီယာ ကုမ္ပဏီ ကိုယ်စားပြုသည့် လိမ္မော်ရောင် ၀တ်စုံကို ၀တ်ဆင်ပြီး အရောင်းမြှင့်တင်ရေး ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

Bavaria ဘီယာ ကုမ္ပဏီ ကိုယ်စားလှယ် ဖြစ်သူ မစ္စတာ ဆွင်ကယ်လ်က“ဒတ်ခ်ျ အမျိုးသမီးတွေရဲ့လိမ္မော်ရောင် ဝတ်စုံ ပေါ်မှာ ကုမ္ပဏီ တံဆိပ်မပါဘူး၊ လိမ္မော်ရောင်ဟာ ကုမ္ပဏီရဲ့ အမှတ်အသား ဖြစ်တယ်၊ ဒါပေမယ့် FIFAက ပရိသတ် ဝတ် ဆင်တဲ့ အရောင်တွေကို ခြယ်လှယ်လို့ မရပါဘူး”ဟု ပြောဆိုသည်။

မည်သည့် အမျိုးသမီးကိုမှ စစ်ဆေး မေးမြန်း ထိန်းသိမ်းထားခြင်း မရှိကြောင်း၊ သို့သော်“တရားမဝင် အရောင်း မြှင့်တင် ရေး”ဟုတ် မဟုတ်ကိုမူ သေချာစွာ မေးမြန်းခဲ့ရကြောင်း FIFA ၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ နစ်ကိုးလတ်စ် မိန်းဂေါ့ထ် က ပြောသည်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကုန်ပစ္စည်း ကြော်ငြာလိုသော ကုမ္ပဏီများသည် FIFA မှ ခွင့်ပြုချက်ရယူပြီးမှသာ ကြော်ငြာ ခွင့် ရှိကြောင်း သိရသည်။

Wednesday, June 16, 2010

ယခု ကမ္ဘာ့ဖလားကျင်းပနေတဲ့ တောင်အာဖရိက ဘောလုံးကွင်းများ




ကွင်းအမည် Soccer City
တည်ရှိသည့်မြို့ Johannesburgs
ဝင်ဆံ့သည့် ပရိသတ်ဦးရေ ၉၄၇၀၀ ယောက်
ကွင်းတည်ဆောက်ရာ၌ကုန်ကျမှု အမေရိကန်ဒေါ်လာသန်း ၄၄၀

လက်ခံကျင်းပမည့်ပွဲစဉ်များ
၁၁-၆-၂၀၁၀ တောင်အာဖရိက - မက္ကဆီကို (Group A)
၁၄-၆-၂၀၁၀ ဟော်လန် - ဒိန်းမတ် (Group E)
၁၇-၆-၂၀၁၀ အာဂျင်တီးနား - တောင်ကိုရီးယား (Group B)
၂၀-၆-၂၀၁၀ ဘရာဇီးလ် - အိုင်ဗရီကို့စ် (Group G)
၂၃-၆-၂၀၁၀ ဂါနာ - ဂျာမနီ (Group D)
၂၇-၆-၂၀၁၀ ရှုံးထွက် (၁၆)သင်းအဆင့်
၂-၇-၂၀၁၀ ကွာတားဖိုင်နယ်
၁၁-၇-၂၀၁၀ နောက်ဆုံးဗိုလ်လုပွဲ




ကွင်းအမည် Moses Mabhida Stadium
တည်ရှိသည့်မြို့ Durban
ဝင်ဆံ့သည့် ပရိသတ်ဦးရေ ၇၀၀၀၀ ယောက်
ကွင်းတည်ဆောက်ရာ၌ကုန်ကျမှု အမေရိကန်ဒေါ်လာသန်း ၄၅၀






လက်ခံကျင်းပမည့်ပွဲစဉ်များ
၁၃-၆-၂၀၁၀ ဂ်ာမနီ - ၾသစေၾတးလ် (Group D)
၁၆-၆-၂၀၁၀ စပိန် - ဆွစ်ဇာလန် (Group H)
၁၉-၆-၂၀၁၀ ဟော်လန် - ဂျပန် (Group E)
၂၂-၆-၂၀၁၀ နိုက်ဂျီးရီးယား - တောင်ကိုရီးယား (Group B)
၂၅-၆-၂၀၁၀ ဘရာဇီး - ပေါ်တူဂီ (Group G)
၂၈-၆-၂၀၁၀ ရှုံးထွက် (၁၆) သင်းအဆင့်
၇-၇-၂၀၁၀ ဆီမီးဖိုင်နယ်

ကွင်းအမည် Ellis Park Stadium (Coca-Coal Park)
တည်ရှိသည့်မြို့ Johannesburgs
ဝင်ဆံ့သည့် ပရိသတ်ဦးရေ ၆၂၅၆၇ ယောက်
ကွင်းတည်ဆောက်ရာ၌ကုန်ကျမှု စတာလင်ပေါင် ၅၀၀၀

လက်ခံကျင်းပမည့်ပွဲစဉ်များ
၁၁-၆-၂၀၁၀ အာဂျင်တီးနား - နိုက်ဂျီးရီးယား (Group B)
၁၅-၆-၂၀၁၀ ဘရာဇီးလ် - မြောက်ကိုရီးယား (Group G)
၁၈-၆-၂၀၁၀ ဆလိုဗေးနီးယား - အမေရိကန် (Group C)
၂၁-၆-၂၀၁၀ စပိန် - ဟွန်ဒူးရပ်စ် (Group H)
၂၄-၆-၂၀၁၀ ဆလိုဗက်ကီးယား - အီတလီ (Group F)
၂၈-၆-၂၀၁၀ ရှုံးထွက် (၁၆)သင်းအဆင့်
၃-၇-၂၀၁၀ ကွာတားဖိုင်နယ်



ကွင်းအမည် Loftus Versfeld Stadium
တည်ရှိသည့်မြို့ Pretoria
ဝင်ဆံ့သည့် ပရိသတ်ဦးရေ ၅၁၇၆၂ ယောက်
ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သည့်ခုနှစ် ၂၀၀၈ ခုနှစ်

လက်ခံကျင်းပမည့်ပွဲစဉ်များ
၁၁-၆-၂၀၁၀ တောင်အာဖရိက - မက္ကဆီကို (Group D)
၁၆-၆-၂၀၁၀ ဟော်လန် - ဒိန်းမတ် (Group A)
၁၉-၆-၂၀၁၀ အာဂျင်တီးနား - တောင်ကိုရီးယား (Group E)
၂၃-၆-၂၀၁၀ ဘရာဇီးလ် - အိုင်ဗရီကို့စ် (Group C)
၂၅-၆-၂၀၁၀ ဂါနာ - ဂျာမနီ (Group H)
၂၉-၆-၂၀၁၀ ရှုံးထွက် (၁၆)သင်းအဆင့်

































Tuesday, June 15, 2010

ကမ္ဘာ့ဖလား အုပ်စုပွဲ (၈) ပွဲ ကစားအပြီးတွင် တောင်ကိုရီးယား၊ အာဂျင်တီးနား၊ ဆလိုဗေးနီးယား၊ ဂျာမဏီ၊ ဂါနာတို့ (၃) မှတ်စီ ရရှိထား

ကမ္ဘာတ၀ှမ်းရှိ ဘောလုံးပရိသတ်များ အထူးစိတ်ဝင်စားကြသည့် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဇွန်လ (၁၁) ရက်နေ့မှ စတင်၍ ယှဉ်ပြိုင်ကစားခဲ့ရာ စုစုပေါင်း (၈) ပွဲကစားအပြီးတွင် အနိုင်အရှုံးရလဒ် ပြတ်ပြတ်သားသား ထွက်ပေါ်သည့် ပွဲ (၅) ပွဲ၊ သရေကျသည့်ပွဲ (၃) ပွဲ ရှိခဲ့သည်။ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ထူးခြားချက်မှာ ကစားသည့် ပွဲစဉ်တိုင်းတွင် ဘောလုံးကွင်းအတွင်း အာဖရိကန်ပရိသတ်များ၏ ဗူဗူဇီလာခရာမှုတ်သံများဖြင့် ဆူညံနေခြင်းပင်ဖြစ်သည်။ ခရာမှုတ်အားပေးသံများက အာဖရိကအသင်းများအတွက် ယဉ်ပါးပြီး စိတ်အားတက်စရာဖြစ်သော်လည်း အခြားအသင်းများအတွက်မူ စိတ်အနှောက်အယှက်ဖြစ်ရာ ကြုံတွေ့ရနိုင်သည်။

ဇွန်လ (၁၁) ရက်နေ့က ယှဉ်ပြိုင်ကစားသည့် အုပ်စု (က) အဖွင့်ပွဲစဉ်တွင် အိမ်ရှင်တောင်အာဖရိကအသင်းနှင့် မက္ကဆီကိုအသင်းတို့ (၁) ဂိုးစီ သရေကျခဲ့သည်။ ပထမပိုင်းတွင် မက္ကဆီကိုအသင်းက ဘယ်ထောင့်ကန်ဘောမှတဆင့် ဂိုးသွင်းယူခဲ့သော်လည်း စည်းကြပ်ဒိုင်က လူကျွံဘော အလံထောင်ပြသည့်အတွက် ဂိုးမရခဲ့ပေ။

ဒုတိယပိုင်း (၅၅) မိနစ်တွင် တောင်အာဖရိက ကွင်းလယ်လူက ကွင်းလယ်စက်ဝိုင်းအတွင်းမှ ကန့်လန့်ဖြတ်တင်ပေးသည့် ဘောလုံးကို ဘယ်တောင်ပံတွင်ရှိသည့် တိုက်စစ်မှူး ရှာဘလာလာက မက္ကဆီကို ဂိုးသမားပိတ်ထားသည်ကို ကျော်၍ ဂိုးတိုင်ညာဘက် ဆယ်ပြားစေ့ထောင့်သို့ ဘယ်ခြေဖြင့် တန်းတန်းမတ်မတ် ကန်သွင်းယူလိုက်သဖြင့် အိမ်ရှင်အသင်း ဗွေဆော်ဦးဂိုး စတင်ရရှိသည်။ ထိုဂိုးသည် ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ပထမဆုံး မှတ်တမ်းဝင် ဂိုးလည်းဖြစ်သည်။

ထို့နောက် ဒုတိယပိုင်း (၇၉) မိနစ်တွင် တောင်အာဖရိက ဂိုးဧရိယာအပြင်ဘက် ဘယ်ဘက်ခြမ်းမှ ခုတ်တင်ပေးသည့် ဘောလုံးကို ညာဘက် ဂိုးတိုင်နားတွင်ရှိသည့် မက္ကဆီကိုနောက်ခံလူ ဂါစီယာမားကွက်ဇ်က တချက်ဖမ်းထိန်းပြီး ကန်သွင်းယူလိုက်သဖြင့် မက္ကဆီကိုအသင်း ချေပဂိုး ပြန်လည်ရရှိကာ အိမ်ရှင်အသင်းနှင့် တမှတ်စီ ခွဲယူခဲ့ကြသည်။

ဇွန်လက် (၁၁) ရက်နေ့ အုပ်စု (က) ဒုတိယပွဲစဉ်တွင်မူ ကမ္ဘာ့ဖလား (၂) ကြိမ်ရ ဥရုဂွေးအသင်းနှင့် ကမ္ဘာ့ဖလား တကြိမ်ရ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ တဘက်နှင့် တဘက် ဂိုးသွင်းနိုင်ခြင်းမရှိဘဲ သရေကျကာ (၁) မှတ်စီခွဲယူခဲ့ကြပြန်သည်။

ဇွန်လ (၁၂) ရက်နေ့ အုပ်စု (ခ) မှ တောင်ကိုရီးယားနှင့် ယူရို ၂၀၀၄ ချန်ပီယံဂရိတို့ ယှဉ်ပြိုင်ကစားသည့် အုပ်စုပွဲစဉ်တွင် တောင်ကိုရီးယားအသင်းက ခြေစွမ်းပြကစားပြီး (၂) ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ပထမပိုင်းတွင် ဘယ်ထောင့်ကန်ဘော ကန်တင်သည်ကို ညာဘက်ဂိုးတိုင်နားတွင်ရှိသည့် နောက်ခံလူ လီဂျွန်ဆူးက ပိတ်သွင်းယူလိုက်သဖြင့် တောင်ကိုရီးယားအသင်း အဖွင့်ဂိုး စတင်ရရှိသည်။

ဒုတိယပိုင်း (၅၂) မိနစ်တွင် ဂရိနောက်တန်းလူတဦး ဖမ်းထိန်းသည့် ဘောလုံး အန်ထွက်သွားသည်ကို တောင်ကိုရီးယားအသင်းခေါင်းဆောင် ပက်ဂျီဆန်က ဖြတ်ယူဆွဲပြေးပြီး နောက်ခံလူတဦးကို ကျော်ဖြတ်ကာ ဂိုး၏ ညာဘက်ထောင့်သို့ ဘယ်ခြေဖြင့် အနိမ့်ဘော ကန်သွင်းယူလိုက်သဖြင့် တောင်ကိုရီးယားအသင်း ဒုတိယအနိုင်ဂိုးရရှိပြီး အနိုင် (၃) မှတ်ကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ အဆိုပါ ဒုတိယဂိုးသည် မန်ယူကစားသမား ပက်ဂျီဆန်၏ လျင်မြန်ဖြတ်လတ်မှုကြောင့် ရရှိသည့် ဂိုးလည်းဖြစ်သည်။

ဇွန်လ (၁၂) ရက်နေ့ အုပ်စု (ခ) ဒုတိယပွဲစဉ်တွင် ကမ္ဘာ့ဖလား (၂) ကြိမ်ရ နည်းပြမာရာဒိုနာ၏ အာဂျင်တီးနားအသင်းက နိုက်ဂျီးရီးယားအသင်းကို နောက်ခံလူ ဟိန့်ဇီ၏ ခေါင်းတိုက်သွင်းဂိုးဖြင့် အနိုင်ရရှိသည်။ ပထမပိုင်း (၆) မိနစ်တွင် ၀ါရင့်ကွင်းလယ်လူ ဗီရွန် ကန်တင်သည့် ညာထောင့်ကန်ဘောကို နောက်ခံလူ ဟိန့်ဇီက ဂိုးစည်းအတွင်း ပြေး၍ ခေါင်းတိုက်ရာ ဂိုး၏ ဘယ်ဘက်အပေါ်ထောင့်သို့ တန်းတန်းမတ်မတ် ၀င်သွားသဖြင့် အာဂျင်တီးနားအသင်း ပွဲဦးထွက် (၃) မှတ်ရရှိခဲ့ခြင်းဖြစ်သည်။ အာဂျင်တီးနားအသင်းသည် နိုက်ဂျီးရီးယားအသင်းကို ဖိကစားသော်လည်း ဂိုးကံခေသဖြင့် ဂိုးပြတ်သင့်သလောက်မပြတ်ဘဲ (၁) ဂိုးနှင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ဇွန်လ (၁၂) ရက်နေ့ အုပ်စု (ဂ) ပွဲစဉ်တွင် မြန်မာဘောလုံးပရိသတ် အသည်းစွဲ အင်္ဂလန်အသင်းနှင့် အမေရိကန်အသင်းတို့ တဂိုးစီသရေကျပြီး (၁) မှတ်စီ ခွဲယူခဲ့ကြသည်။ အင်္ဂလန်အသင်းသည် သုံးမှတ် လွတ်လွတ်ကျွတ်ကျွတ် ရရှိရန် အခွင့်အရေးရှိခဲ့သော်လည်း ဂိုးသမား ရောဘတ်ဂရင်း၏ အမှားကြောင့် သရေတမှတ်နှင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ပထမပိုင်း (၄) မိနစ်တွင် အမေရိကန် ဂိုးဧရိယာအပြင်ဘက်နားမှနေ၍ တိုက်စစ်မှူး အီမီလီဟက်စကီ ထိုးပေးသည့် ဘောလုံးကို အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ညာခြေဖြင့် ပက်၍ ဂိုးသမား တင်မ်ဟောင်းဝပ်၏ ညာဘက်ထောင့်သို့ ကန်သွင်းယူလိုက်သဖြင့် အင်္ဂလန်အသင်း ပွဲစပြီးမကြာမီ အဖွင့်ဂိုး ရရှိခဲ့သည်။

သို့သော် ပထမပိုင်း မိနစ် (၄၀) တွင် အမေရိကန်အသင်းမှ တိုက်စစ်မှူး ကလင့်ဒမ့်ဆေးက ဘီးကုတ်စက်ဝိုင်းအနီးမှ ဘယ်ခြေဖြင့် အပြင်းကန်သွင်းရာ အင်္ဂလန်ဂိုးသမား ရောဘတ်ဂရင်း လက်ထဲမှ အန်ထွက်ပြီး ဂိုးထဲသို့ ၀င်သွားသဖြင့် အမေရိကန်အသင်း ချေပဂိုး ရရှိခဲ့ခြင်းဖြစ်သည်။ ရောဘတ်ဂရင်း၏ ပေါ့ဆမှုကြောင့် အင်္ဂလန်အသင်း (၃) မှတ် ရရှိမည့်အခွင့်အရေး ဆုံးရှုံးခဲ့ရသည့်အတွက် အင်္ဂလန်နည်းပြ ကာပယ်လို အထူးစိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည့် ဂိုးလည်းဖြစ်သည်။ ထိုပွဲတွင် အမေရိကန်ဂိုးသမား တင်မ်ဟောင်းဝပ် အထူးလက်စွမ်းပြ ကာကွယ်ခဲ့သည်။

ဇွန်လ (၁၃) ရက်နေ့ အုပ်စု (ဂ) ဒုတိယပွဲစဉ်တွင် ဆလိုဗေးနီးယားအသင်းက အယ်လ်ဂျီးယားအသင်းကို တဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး (၃) မှတ်ရရှိခဲ့သည်။ ဆလိုဗေးနီးယားအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို အသင်းခေါင်းဆောင်ဖြစ်သူ ကွင်းလယ်ကစားသမား ရောဘတ်ကိုရင်က ဒုတိယပိုင်း (၇၉) မိနစ်တွင် ဘီးကုတ်စက်ဝိုင်း ထိပ်နားမှ ညာခြေဖြင့် ဂိုး၏ ညာဘက်ထောင့်သို့ အနိမ့်ဘော ကန်သွင်းယူခဲ့သည်။

ဇွန်လ (၁၃) ရက်နေ့ အုပ်စု (ဃ) ပထမပွဲစဉ်တွင် ဂါနာအသင်းက ဆာဘီးယားအသင်းကို တလုံးတည်းသော ပင်နယ်တီဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဆာဘီးယားအသင်းသည် ဒုတိယပိုင်း (၇၄) မိနစ်တွင် အလက်ဇန္ဒာလူကိုဗစ် နှစ်ဝါတနီဖြင့် အထုတ်ခံရသဖြင့် (၁၀) ယောက်တည်းနှင့် ကစားခဲရသည်။ ထို့နောက် ဒုတိယပိုင်း (၈၃) မိနစ်တွင် ဆာဘီယားနောက်ခံလူ ကုဇ်မာနိုဗစ် ဂိုးဧရိယာအတွင်း ဘောလုံးကို ခေါင်းခုန်တိုက်ရင်း လက်နှင့်ထိသဖြင့် ဂါနာအသင်း ပင်နယ်တီကန်ခွင့် ရရှိသည်။ အဆိုပါ ပင်နယ်တီကို ဂါနာတိုက်စစ်မှူး အဆာမိုဂိုင်ယန်က ကန်သွင်းယူလိုက်သဖြင့် ဂါနာအသင်း (၃) မှတ်ရရှိခဲ့ခြင်းဖြစ်သည်။

ဇွန်လ (၁၃) ရက် အုပ်စု (ဃ) ဒုတိယပွဲစဉ်တွင် ချန်ပီယံသုံးကြိမ်ရ ဂျာမဏီအသင်းက တိုက်စစ်စွမ်းရည် ပြသပြီး သြစတြေးလျအသင်းကို (၄) ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဂျာမဏီအသင်းအတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး ပိုဒေါလ်စကီး (၈ မိနစ်)၊ ကလိုဆေး (၂၆ မိနစ်)၊ သောမတ်စ်မူလာ (၆၈ မိနစ်)၊ ကာကူး (မိနစ် ၇၀) တို့က အသီးသီး သွင်းယူခဲ့သည်။

ဇွန်လ (၁၄) ရက်နေ့တွင် အုပ်စု (င) မှ နယ်သာလန်-ဒိန်းမတ်၊ ဂျပန်-ကင်မရွန်း၊ အုပ်စု (စ) မှ အီတလီ-ပါရာဂွေးအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။





ရီးရဲလ် မက်ဒရစ်နှင့် ပေါ်တူဂီ စတား စီရော်နယ်ဒိုက အုပ်စု G မှ ချဲလ်ဆီးနှင့် အိုင်ဗရီကို့စ် စတား ဒရော့ဘာကို စိုးရိမ် ထိတ်လန့်မှု မရှိဟု ပြောဆိုလိုက်သည်။

မနက်ဖြန်တွင် အဆိုပါအုပ်စုမှ ဘရာဇီးနှင့် မြောက်ကိုရီးယား၊ ပေါ်တူဂီနှင့် အိုင်ဗရီကို့စ် အသင်းတို့ စတင် ယှဉ်ပြိုင် ကြတော့မည် ဖြစ်သည်။ ကမ္ဘာ့ဖလား၏ အအောင်မြင်ဆုံး ဘရာဇီး၊ စီရော်နယ်ဒို ပါဝင်သော ပေါ်တူဂီအသင်းနှင့် ဒရော့ဘာ ဦးဆောင်သော အိုင်ဗရီကို့စ် အသင်းတို့ ပါဝင်သည့် အုပ်စု G ကို မရဏအုပ်စု သို့မဟုတ် အကျပ်ဆုံး အုပ်စုဟု သတ်မှတ်ထားကြသည်။

အိုင်ဗရီကိုစ် ကစားသမား ဒီဒီယာ ဒရော့ဘာ တောင်အာဖရိကနိုင်ငံ ဗာရင်းနင်း လေ့ကျင်ကွင်းတွင် လေ့ကျင်ခန်း ဆင်းနေစဉ် (ဓာတ်ပုံ- AFP)

စီရော်နယ်ဒိုက "ဒရော့ဘာဟာ တကယ် ကြီးကျယ်တဲ့ ကစားသမား ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သူ့ကြောင့် ကျနော်တို့ အသင်းမှာ အာရုံ နောက်စရာ မရှိပါဘူး။ ကျနော်တို့ အသင်း ကျနော်တို့ နည်းစနစ်နဲ့ ကျနော်တို့ ပန်းတိုင်ကိုပဲ အာရုံ စူးစိုက် ထားပါတယ်။ ဒါဟာ အနိုင်ရဖို့ အတွက် တခု တည်းသော နည်းလမ်းပါ" ဟု ပြောကြောင်း FIFA အဖွဲ့ ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။

ဥရောပ အသင်းများသည် ကမ္ဘာ့ဖလား ၀င်ခွင့်ရရန်အတွက် အုပ်စုများခွဲကာ ခြေစစ်ပွဲဝင်ကြရသည်။ အုပ်စုတိုင်းမှ ဗိုလ်စွဲသော အသင်းကသာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သည်။ ခြေစစ်ပွဲတွင် ဒုတိယရသော အသင်းများက မဲနှိုက်ကာ ကမ္ဘာ့ဖလား ၀င်ခွင့်ရရေးအတွက် ပြန်ကစားရသည်။ ပေါ်တူဂီသည် အုပ်စုဗိုလ်မဖြစ်ခဲ့သောကြောင့် အခြားအုပ်စုတခုမှ ဒုတိယရခဲ့သော ဘော့စနီးယား ဟာဇီဂိုဗီးနား အသင်းနှင့် ပြန်လည်ကစားပြီးမှ အနိုင်ရကာ ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပွဲသို့  ၀င်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ပေါ်တူဂီအသင်းသည် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့သော အသင်းဖြစ်သည်။

"အခု အရေးအကြီးဆုံး အချက်ကတော့ အုပ်စုက ကျွတ်ဖို့ ပါပဲ။ စပိန်အသင်းက အရမ်းကို ရေပန်းစားနေပါတယ်။ ဒါပေမယ့် ကျနော်တို့ စပိန်နဲ့ ကစားရမှာကိုလည်း မကြောက်ပါဘူး။ ဘယ်သူ့ကိုမှလည်း စိုးရိမ်မနေပါဘူး" ဟု စီရော်နယ်ဒိုက ပြောသည်။

Monday, June 14, 2010

ရေနံ ယိုဖိတ်မှု အရေးကို လျစ်လျူရှု၍ ကမ္ဘာ့ဖလားပွဲ သွားကြည့်နေသည့် ဒုသမ္မတကို အိုဘားမား ဒေါသထွက်နေ


အမေရိကန် သမ္မတ ဘားရတ် အိုဘားမားသည် သူ၏ ဒုသမ္မတ ဖြစ်သူ ဂျိုးဘိုင်ဒန်အား ကမ္ဘာ့ ဖလား ပြိုင်ပွဲ သွားကြည့်နေ သဖြင့် ဒေါသ ထွက်လျှက် ရှိနေကြောင်း သိရသည်။ ဘိုင်ဒန် သည် အမေရိကန် အစိုးရ လတ်တလော ခေါင်းခဲ နေရသော ရေနံ ယိုဖိတ်မှု ပြဿနာကို လျစ်လျူရှုပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ သွားရောက် ကြည့်ရှုနေ သဖြင့် အိုဘားမားက ဒေါသ ထွက်ခဲ့ခြင်း ဖြစ်သည်။ ဘိုင်ဒန်သည် သူ၏ မိသားစုဝင် အချို့နှင့်အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပရန် တစ်ရက် အလို၌ တောင်အာဖရိက နိုင်ငံသို့ ရောက်ရှိ နေခြင်း ဖြစ်သည်။ အိုင်ယာလန် - အမေရိကန် ကပြား ဖြစ်သူ ဘိုင်ဒန်သည် အမေရိကန် အသင်း နှင့် အင်္ဂလန် အသင်းတို့ ထိပ်တိုက် တွေ့ဆုံသည့် ပွဲကို ကြည့်ရှုလို သဖြင့် ယင်းသို့ သွားရောက် နေခြင်းလည်း ဖြစ်ပြီး သမ္မတ အိုဘားမားကို ပြန်လည် တောင်းပန်မှု ပြုလုပ်ခဲ့ ရကြောင်းလည်း သိရသည်။ "အမေရိကန် နိုင်ငံရဲ့ ကိုယ်စား ကျွန်တော် ဒီမှာရောက်နေ ရတာကို ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ သမ္မတ ကတော့ ဒေါသထွက် နေပါတယ်" ဟု ဘိုင်ဒန်က ဂျိုဟန်စ်ဘတ် မြို့တွင် ရောက်ရှိနေ သည့် အမေရိကန် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ အဖွဲ့တစ်ဖွဲ့သို့ ပြောကြားခဲ့သည်။ "အိုင်ယာလန် သွေးပါတဲ့ လူတစ်ယောက် အနေနဲ့ ပြောရရင် ကျွန်တော်တို့ အင်္ဂလန်ကို အနိုင်ရချင် ပါတယ်"ဟု ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိ အချိန်သည် မက္ကဆီကို ပင်လယ်ကွေ့တွင် ဗြိတိသျှ ရေနံ ကုမ္ပဏီ BP မှ ရေနံများ ယိုဖိတ်မှု ဖြစ်ပွားခဲ့ သဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ပြုလုပ် ရန် အမေရိကန် အစိုးရ အလုပ်ရှုပ် နေသည့် အချိန် ဖြစ်သည်။ ယင်း ပြဿနာသည် သမ္မတ အိုဘားမား လက်ထက် ရင်ဆိုင် ရဖူးသော အကြီးဆုံး ပြဿနာလည်း ဖြစ်သည်။ ဘိုင်ဒန် သည် တောင် အာဖရိက သို့ ရောက်ရှိနေစဉ် မြေးမလေး ကွယ်လွန်မှုကြောင့် ပူဆွေးသောက ရောက်နေရသည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား ထံသို့လည်း ၀င်ရောက်ကာ ၀မ်းနည်းစကား ဆိုခဲ့ကြောင်း သိရသည်။ ( Soccermyamar )

Friday, June 11, 2010

ခန့်မှန်းမှုအမှားများဖြင့် နာမည်ကြီးသည့် ဘရာဇီးလ်ဂန္ထ၀င်ဟောင်းပီလီ ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းဗိုလ်စွဲမည်ဟုခန့်မှန်းပြန်


ခန့်မှန်းမှုအလွဲများဖြင့် နာမည်ကြီးသည့် ဘရာဇီးလ်ဂန္ထ၀င်ကစားသမားဟောင်း ပီလီက

ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းဗိုလ်စွဲမည်ဟု ခန့်မှန်းလိုက်ပြန်ကြောင်း သိရှိရသည်။
ဘရာဇီးလ်အသင်းသည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန်ရေပန်းစားသော

အသင်းများထဲ၌ တစ်သင်းအပါအ၀င်ဖြစ်ပြီး ပီလီကယင်းကဲ့သို့ ခန့်မှန်းလိုက်ခြင်းလည်း

ဖြစ်သည်။ပီလီ၏ ခန့်မှန်းမှုများအပေါ် ဘရာဇီးလ်နာမည်ကျော်ကစားသမားဟောင်း ရိုမာရီယိုက

ပီလီနှင့်ပတ်သက်၍“ကျွန်တော်အကြံပြုချင်တာကတော့ပီလီသူ့ရဲ့ပါးစပ်ကိုပိတ်ထားဖို့ပါပဲ” ဟုပြောကြားခဲ့သည်။

ထို့ပြင်စကိုလာရီကလည်း “ကျွန်တော်ယုံကြည်တာကတော့ ပီလီဟာဘောလုံးအကြောင်းကို

လုံးဝမသိဘူးဆိုတာပါပဲ။ သူ့ရဲ့ခန့်မှန်းသုံးသပ်မှုတွေကလည်း အမြဲမှားယွင်းပါတယ်။

ဗိုလ်စွဲမယ့်အသင်းကို ခင်ဗျားတို့သိချင်တယ်ဆိုရင် ပီလီပြောတာကိုနားထောင်ပြီး

ဆန့်ကျင်ဘက်လုပ်လိုက်ဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။

ပီလီ၏ ထင်ရှားသည့်အမှားများ

  • ၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင်တရုတ်အသင်းနောက်တစ်ဆင့်တက်မည်ဟု
  • ခန့်မှန်းခဲ့သော်လည်းရဂိုး၊ရမှတ်ပင်မရှိဘဲ ထွက်ခွာခဲ့ရ။
  • ၁၉၉၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်စပိန်ဗိုလ်စွဲမည်ဟုခန့်မှန်းခဲ့သော်လည်း နိုက်ဂျီးရီးယားကိုရှုံး၊ပါရာဂွေးကိုသရေကျကာ အုပ်စုမှထွက်ခဲ့ရ။
  • ၁၉၉၄ကမ္ဘာ့ဖလားတွင်ကိုလံဘီယာဗိုလ်စွဲမည်ဟုခန့်မှန်းခဲ့သော်လည်း အုပ်စုဘိတ်ဆုံးနေရာသာရရှိခဲ့။
  • ၂၀၀၂ကမ္ဘာ့ဖလားတွင်အာဂျင်တီးနားနှင့်ပြင်သစ်ဗိုလ်လုပွဲတွင်တွေ့မည်ဟုခန့်မှန်းခဲ့သော်လည်း (၂)သင်းစလုံးအုပ်စုမှထွက်ခဲ့ရ။
  • ၂၀၀၀ခုနှစ်မတိုင်မီအာဖရိကတစ်သင်းသင်းဗိုလ်စွဲမည်ဟုခန့်မှန်းခဲ့သော်လည်း၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရောက်သည်အထိ ကွာတားဖိုင်နယ်ကို မကျော်လွန်းဖူးသေး။
  • ၂၀၀၂ကမ္ဘာ့ဖလားတွင်ဘရာဇီးလ်အသင်းအုပ်စုမှတက်မည်မဟုတ်ဟုခန့်မှန်းခဲ့သော်လည်း ဘရာဇီးလ်အသင်းဗိုလ်စွဲခဲ့။

ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ဗိုလ်စွဲမည်ဟု ပရီးမီးယားလိဂ်နည်းပြများ မယုံကြည်

Eng

အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ကာပယ်လိုက ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် မိမိတို့အသင်းဗိုလ်စွဲရန် ယုံကြည်မှုရှိနေသည်ဟု ဆိုခဲ့သော်လည်း ပရီးမီးယားလိဂ်မှ နည်းပြများကမူ အင်္ဂလန်အသင်း ဗိုလ်စွဲလိမ့်မည်ဟု မယုံကြည်ကြကြောင်း သိရှိရသည်။အင်္ဂလန်အသင်း၏ ပရိသတ်များကလည်း (၄၄)နှစ်ကြာ ဝေးကွာနေသည့် ကမ္ဘာ့ဖလားချန်ပီယံဆုကို အရယူနိုင်မည်ဟု ယုံကြည်နေကြပြီး အင်္ဂလန်မီဒီယာများကလည်း ကာပယ်လို၏ လက်ထက်တွင် အင်္ဂလန်အသင်း အခြေအနေကောင်းလိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။ သို့သော် ပရီးမီးယားလိဂ်မှနည်းပြများကို သီးသန့်ပြုလုပ်ခဲ့သည့် စစ်တမ်းတွင်မူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းဗိုလ်စွဲမည်ဟု ခန့်မှန်းသူတစ်ဦးမှ မရှိခဲ့ကြောင်း သိရှိရသည်။

ယင်းစစ်တမ်းတွင် ပရီးမီးယားလိဂ်မှ နည်းပြ(၁၇)ဦး ခန့်မှန်းဖြေဆိုခဲ့ကြပြီး (၃)ဦးမှာ ပါဝင်ခြင်းမရှိခဲ့ချေ။ ယင်း(၁၇)ဦးအနက် ထက်ဝက်ကျော်က ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းဗိုလ်စွဲလိမ့်မည်ဟု ခန့်မှန်းခဲ့ကြပြီး၊ (၂၄)ရာခိုင်နှုန်းက စပိန်ကို ခန့်မှန်းခဲ့ကြကာ၊ (၁၂)ရာခိုင်နှုန်းကမူ အာဂျင်တီးနာအသင်းကို ခန့်မှန်းခဲ့ကြသည်။


အင်္ဂလန်အသင်း၏ မျှော်လင့်ချက်အဖြစ် သတ်မှတ်ရမည့် ကစားသမားအတွက်မူ (၁၇)ဦးစလုံးက မန်ယူတိုက်စစ်မှူး ၀ိန်းရွန်နီကို မဲပေးခဲ့ကြပြီး၊ ပရီးမီးယားလိဂ်ကစားသမားများထဲမှ ဂိုးသွင်းဘုရင်ဆု ရနိုင်သူအဖြစ်ကိုမူ တောရက်စ်ကို( ၄၇) ရာခိုင်နှုန်း၊ ရွန်နီကို (၄၁) ရာခိုင်နှုန်းနှင့် တီဗက်ဇ်ကို (၁၂) ရာခိုင်နှုန်း မဲပေးခဲ့ကြသည်။ ပြိုင်ပွဲဝင်အားလုံးထဲတွင် အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်မည့်သူအဖြစ်ကိုမူ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို (၈၂) ရာခိုင်နှုန်းအထိ မဲပေးခဲ့ကြပြီး ရွန်နီနှင့် စီရော်နယ်လ်ဒိုတို့က ဒုတိယနှင့်တတိယနေရာတို့တွင် အသီးသီးရပ်တည်နိုင်ခဲ့ကြသည်။



Thursday, June 10, 2010

ဘောလုံးပွဲအတွင်း တောင်အာဖရိက ပရိသတ် စည်းကမ်းရှိဖို့ လိုအပ်

တောင်အာဖရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အကြိုလေ့ကျင့် ကစားပွဲတွေ တနင်္ဂနွေနေ့မှာ မစတင်မီမှာဘဲ လူပေါင်း ၁၆ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အထိ တိုးဝှေ့နင်းမိတဲ့ ဖြစ်ရပ်နဲ့ ကြုံခဲ့ရတဲ့နောက် ဘောလုံးဝါသနာအိုးတွေ ထိန်းထိန်းသိမ်းသိမ်း ပြုမူနေထိုင်ဖို့ တောင်အာဖရိက အစိုးရက အထူးမေတ္တာရပ်ခံချက် တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။

ဘောလုံး ပရိသတ်တွေ အနေနဲ့ အများပြည်သူတွေရှေ့ ယဉ်ယဉ်ကျေးကျေး ပြုမူကြဖို့ ဒီကနေ့ အစိုးရရဲ့ ကြေညာချက်က တိုက်တွန်းလိုက်တာပါ။

အားကစားပွဲတွေကို တက်ရောက်ကြသူတွေ၊ အများသူငါ ကြည့်ရှုကြတဲ့ နေရာတွေမှာ တခြားလူတွေ ထိခိုက်အောင်၊ ဒဏ်ရာရအောင် မဖြစ်စေဖို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လက်မခံနိုင်စရာ၊ ထိန်းမနိုင် သိမ်းမရ အနှောင့်အယှက်ဖြစ်အောင် လုပ်လာမယ် ဆိုရင်တော့ သည်းညည်းခံမှာ မဟုတ်ဘူးလို့လည်း သတိပေးခဲ့တာပါ။

ကမ္ဘာ့ဖလား ကွင်းဖွင့်ပွဲနေ့အဖြစ် သောကြာနေ့ကျရင် ဂျိုဟန်နက်စဘက်ခ်မြို့က ကွင်းမှာ တောင်အာဖရိကနဲ့ မက္ကဆီကို နိုင်ငံတို့ကြား စတင်ကစားမယ့် ပွဲကိုတော့ ပရိသတ် ၉၀,၀၀၀ ကျော်လောက် တက်ရောက်လာလိမ့်မယ်လို့လည်း မျှော်လင့်ထားတာ ဖြစ်ပါတယ်။

Wednesday, June 9, 2010

ကမ္ဘာ့ဖလား ဂုဏ်ပြု့ Miss World Cup 2010 အလှမယ် ရွေးချယ်ပွဲ ကျင်းပ

၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကမ္ဘာ့နိုင်ငံ အသီးအသီးမှ ဘောလုံးအသင်း ၃၂ သင်းကို ကိုယ်စားပြုသော နိုင်ငံအသီးသီးမှ အလှမယ်လေးများ ပါဝင်သည့် Miss World Cup 2010 အလှမယ် ရွေးချယ်ပွဲကို ဇွန်လ ၅ ရက်နေ့က ဂျာမနီနိုင်ငံတွင် ကျင်းပခဲ့သည်။

Miss World Cup 2010 အလှမယ် ရွေးချယ်ပွဲ တွင် အသက် ၁၇ နှစ်အရွယ် အာဂျင်တီးနားမယ် Jennifer Scherman က Miss World Cup 2010 ကိုရရှိခဲ့ပြီး ဂရိမယ် Katerina Giannoglou က ဒုတိယနှင့် နယ်သာလန်မယ် Avalon-Chanel Weijzig က တတိယ အသီးသီး ရရှိခဲ့ကြသည်။ အာဂျင်တီးနားမယ် Jennifer Scherman သည် နိုင်ငံတကာ အလှမယ်ပေါင်း ၉၅၀ အနက် မှ နောက်ဆုံး Miss World Cup 2010 ဆွတ်ခူရရှိသူ ဖြစ်ပြီး ဆုငွေအဖြစ် ယူရို ၅၀၀၀ နှင့် အီဂျစ်နိုင်ငံသို့ ခရီးသွားခွင့် ရရှိသည်မည်ဖြစ်သည်။

မြို့တော်ပုသိမ် သတင်းစဉ်

အမေရိကန်ဘောလုံးအသင်းအား သမ္မတအိုဘားမားတွေ့ဆုံအားပေး

သမ္မတ ဘာရတ်အိုဘားမားကိုယ်တိုင် အားပေးခဲ့မှုက မိမိတို့ အမေရိကန် လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မည့် တွန်းအားတစ်ရပ် ဖြစ်စေခဲ့ကြောင်း ဂျိုနသန်စပက်တာက ပြောကြားလိုက်သည်။ ၀က်စ်ဟမ်းယူနိုက်တက် ခံစစ်မှူးက ၎င်းတို့အား သမ္မတက တောင်အာဖရိကသို့ မထွက်ခွာမီ အိမ်ဖြူတော်သို့ ဖိတ်ကြားကာ အကောင်းဆုံး ပြိုင်ပွဲဝင်နိုင်စေရန် ဆုမွန်ကောင်း တောင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်၏ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ခဲ့သူ စပက်တာက “ကျွန်တော်တို့အားလုံး သမ္မတကြီးအပြင် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့နဲ့ပါ တွေ့ခွင့်ရခဲ့ပါတယ်”ဟု ၎င်း၏ အတွေ့အကြုံအား ပြောကြားခဲ့သည်။ “ဒါဟာ ကြီးကျယ်တဲ့ ချီးမြှောက်မှုပါပဲ။ သမ္မတကြီးက ကျွန်တော်တို့အသင်းကို အကောင်းဆုံး အားပေးပါ့မယ်လို့တောင် ကတိပေးလိုက်သေးတယ်”ဟု စပက်တာကဆိုသည်။ အမေရိကန် လက်ရွေးစင်အသင်းသည် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ လက်ရှိအစိုးရအဖွဲ့ ထိပ်တန်းပုဂ္ဂိုလ်များနှင့်အတူ အိမ်ဖြူတော်တွင် အမှတ်တရ ဓာတ်ပုံအရိုက်ခံခဲ့သေးသည်။ စပက်တာက ၎င်းသည် သမ္မတကြီးမှာ ၀က်စ်ဟမ်းယူနိုက်တက် ပရိသတ်တစ်ဦးဆိုသော ကောလဟာလများမှာ အမှန်ဟုတ်မဟုတ် မေးခွင့်မရလိုက်ကြောင်းလည်း ပြောကြားခဲ့သည်။ “သူ့ကို ခဏလောက်ပဲ မြင်ခဲ့ရတယ်။ သမ္မတကြီးက တော်တော်အလုပ်များတာပဲ”ဟု စပက်တာကဆိုသည်။

United States Football Team

ဖူလ်ဟမ်အသင်းတွင် ကစားဖူးသည့် လက်ရှိအမေရိကန် အသင်းခေါင်းဆောင် ကားလို့စ်ဘိုကန်နီဂရာက “သမ္မတနဲ့ တွေ့ခွင့်ရတာ ကျွန်တော်တို့အတွက် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ရပ်တစ်ခုပါ။ တကယ်လည်း အသင်းအတွက် အကျိုးရှိစေပါတယ်”ဟု သုံးသပ်ခဲ့သည်။ အမေရိကန် လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား ပွဲဦးထွက်အဖြစ် နာမည်ကြီး အင်္ဂလန်အသင်းနှင့် ဇွန်လ(၁၂)ရက်နေ့တွင် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

Tuesday, June 8, 2010

ကမ္ဘာ့ဖလား ပွဲစဉ် အချိန်ဇယား




ဘားမိကလပ်စစ်မှ ကူးယူဖေါ်ပြသည်။

Thursday, June 3, 2010

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်း အပြီးသတ်လူစာရင်းထုတ်ပြန်


ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်း အပြီးသတ်လူစာရင်းထုတ်ပြန်





ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အပြီးသတ် (၂၃)ဦးအား ရွေးချယ်လိုက်ရာ အာစင်နယ်မှ တောင်ပံတိုက်စစ်မှူး သီအိုဝဲလ်ကော့တ်အား ချန်လှပ်ထားလိုက်ကြောင်း သိရသည်။ အသက်(၂၁)နှစ်အရွယ် ၀ဲလ်ကော့တ်အား နည်းပြကြီး ဖေဘီယို ကာပယ်လိုက မရွေးချယ်ခဲ့သော်လည်း ဒဏ်ရာမှ နာလံထခါစ မန်ချက်စတာစီးတီး ကွင်းလယ်လူ ဂါရတ်ဘယ်ရီကို ခေါ်ယူသွားသည်။ ထို့အပြင် (၂)ရက်အနားပေးသည့် အချိန်တွင်ပင် တစ်ကိုယ်တည်း ကိုယ်ပိုင်အစီအစဉ်ဖြင့် လေ့ကျင့်ခန်းဆင်းခဲ့သူ ဂျိုးကိုးလ်မှာလည်း တောင်အာဖရိကသို့ လိုက်ပါခွင့် ရခဲ့သည်။ “မစ္စတာ ကာပယ်လိုရဲ့ ဆုံးဖြတ်ချက်အတွက် အရမ်းကို စိတ်ပျက်မိပါတယ်။ ကျွန်တော်ဟာ အင်္ဂလန်အသင်းဖော်တွေနဲ့အတူ ကမ္ဘာ့ဖလားကို လိုက်ပါခွင့်ရမယ်လို့ မျှော်လင့်ထားတာပါ။ ဘာပဲဖြစ်ဖြစ် နည်းပြရဲ့ အစီအစဉ်တိုင်းကို လေးလေးစားစား လက်ခံသွားပါ့မယ်”ဟု (၂၀၀၆)ခုနှစ်က ဂျာမနီတွင် ကျင်းပသော ကမ္ဘာ့ဖလား ပွဲစဉ်များအတွင်း နည်းပြဆဗန်ဂို အဲရစ်ဆင်၏ အံ့အားသင့်ဖွယ် ရွေးချယ်မှုကို ခံခဲ့ရသည့် ၀ဲလ်ကော့တ်ကဆိုသည်။ သို့သော်လည်း ထိုကမ္ဘာ့ဖလားတွင်လည်း ၀ဲလ်ကော့တ်မှာ တစ်ပွဲမှ ပါဝင်ခွင့် မရခဲ့ချေ။ ကာပယ်လိုသည် ၀ဲလ်ကော့တ်အစား ညာတောင်ပံ တိုက်စစ်အတွက် မန်ချက်စတာစီးတီးမှ ရှောင်ရိုက်ဖီးလစ်နှင့် တော့တင်ဟမ် ဟော့စပါးမှာ အာရွန်လင်နွန်တို့ကို ရွေးချယ်ခဲ့သည်။ ဘယ်ခြမ်းအတွက်မူ အက်စ်တန်ဗီလာမှ ဂျိမ်းစ်မီလ်နာနှင့် ဂျိုးကိုးလ်တို့ကို လျာထားသည်။ ကာပယ်လို၏ အပြီးသတ် လူစာရင်းတွင် မူလရွေးထားသည့် အယောက်(၃၀)မှ အခြားအပယ်ခံရသူများမှာ စပါးမှ မိုက်ကယ်ဒေါ်ဆန်၊ ၀က်စ်ဟမ်းယူနိုက်တက်မှ စကော့တ်ပါကား၊ ဆန်းဒါးလန်းမှ ဒါရင်းဘန့်တ်၊ အဲဗာတန်မှ လင်တန်ဘိန်းစ်နှင့် စီးတီး၏ အဒမ်ဂျွန်ဆန်တို့ ဖြစ်ကြသည်။ ကာပယ်လိုသည် အရံသင့် အစားထိုးမည့် ကစားသမားအဖြစ် စပါးမှ တွမ်ဟဲလ်ဒါစတုန်းကိုလည်း တောင်အာဖရိကသို့ ခေါ်ယူသွားမည်ဖြစ်သည်။ အင်္ဂလန်၏ အပြီးသတ် (၂၃)ဦးပါဝင်သော ကမ္ဘာ့ဖလား လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂိုး - ဂျိုးဟတ်၊ ဒေးဗစ်ဂျိမ်းစ်၊ ရောဘတ်ဂရင်း

နောက် - ဂျေမီကာရေဂါ၊ အက်ရှ်လေကိုးလ်၊ ရီယိုဖာဒီနန်၊ ဂလန်းဂျွန်ဆန်၊ လက်ဒ်လေကင်း၊ ဂျွန်တယ်ရီ၊ မက်သရူးအပ်ဆွန်၊ စတီဖန်ဝါးနော့ခ်

လယ် - ဂရက်သ်ဘယ်ရီ၊ မိုက်ကယ်ကာရစ်၊ ဂျိုးကိုးလ်၊ စတီဖင်ဂျရတ်၊ ဖရန့်ခ်လမ်းပတ်၊ အာရွန်လင်နွန်၊ ဂျိမ်းစ်မီလ်နာ၊ ရှောင်ရိုက်ဖီးလစ်

ရှေ့ - ပီတာခရော့ခ်ျ၊ ဂျာမိန်းဒီဖိုး၊ အီမီလီဟက်စကီး၊ ၀ိန်းရွန်နီ

Monday, May 31, 2010

2010 Word Cup Timetable

2010 World Cup Group stages fixtures, dates and venues

11/6/2010 South Africa v Mexico
Soccer City, JB Opening match
11/6/2010 Uruguay v France
Cape Town
12/6/2010 Argentina v Nigeria
Ellis Park, JB
12/6/2010 ENGLAND v USA
Rustenburg
12/6/2010 South Korea v Greece
Port Elizabeth
13/6/2010 Germany v Australia
Durban
13/6/2010 Algeria v Slovenia
Polokwane
13/6/2010 Serbia v Ghana
Pretoria
14/6/2010 Holland v Denmark
Soccer City, JB
14/6/2010 Japan v Cameroon
Bloemfontein
14/6/2010 Italy v Paraguay
Cape Town
15/6/2010 Brazil v North Korea
Ellis Park, JB
15/6/2010 New Zealand v Slovakia
Rustenburg
15/6/2010 Ivory Coast v Portugal
Port Elizabeth
16/6/2010 Honduras v Chile
Nelspruit
16/6/2010 Spain v Switzerland
Durban
16/6/2010 South Africa v Uruguay
Pretoria
17/6/2010 Argentina v South Korea
Soccer City, JB
17/6/2010 Greece v Nigeria
Bloemfontein
17/6/2010 France v Mexico
Polokwane
18/6/2010 Slovenia v USA
Ellis Park, JB
18/6/2010 ENGLAND v Algeria
Cape Town
18/6/2010 Germany v Serbia
Port Elizabeth
19/6/2010 Ghana v Australia
Rustenburg
19/6/2010 Holland v Japan
Durban
19/6/2010 Cameroon v Denmark
Pretoria
20/6/2010 Brazil v Ivory Coast
Soccer City, JB
20/6/2010 Italy v New Zealand
Nelspruit
20/6/2010 Slovakia v Paraguay
Bloemfontein
21/6/2010 Spain v Honduras
Ellis Park, JB
21/6/2010 Portugal v North Korea
Cape Town
21/6/2010 Chile v Switzerland
Port Elizabeth
22/6/2010 Mexico v Uruguay
Rustenburg
22/6/2010 France v South Africa
Bloemfontein
22/6/2010 Nigeria v South Korea
Durban
22/6/2010 Greece v Argentina
Polokwane
23/6/2010 Ghana v Germany
Soccer City, JB
23/6/2010 Australia v Serbia
Nelspruit
23/6/2010 Slovenia v ENGLAND
Port Elizabeth
23/6/2010 USA v Algeria
Pretoria
24/6/2010 Slovakia v Italy
Ellis Park, JB
24/6/2010 Denmark v Japan
Rustenburg
24/6/2010 Cameroon v Holland
Cape Town
24/6/2010 Paraguay v New Zealand
Polokwane
25/6/2010 North Korea v Ivory Coast
Nelspruit
25/6/2010 Switzerland v Honduras
Bloemfontein
25/6/2010 Portugal v Brazil
Durban
25/6/2010 Chile v Spain
Pretoria

Round of sixteen/second round

26/6/2010 Group C winner v Group D runner up
Rustenburg Match 1
26/6/2010 Group A winner v Group B runner up
Port Elizabeth Match 2
27/6/2010 Group B winner v Group A runner up
Soccer City, JB Match 3
27/6/2010 Group D winner v Group C runner up
Bloemfontein Match 4
28/6/2010 Group G winner v Group H runner up
Ellis Park, JB Match 5
28/6/2010 Group E winner v Group F runner up
Durban Match 6
29/6/2010 Group H winner v Group G runner up
Cape Town Match 7
29/6/2010 Group F winner v Group E runner up
Pretoria Match 8
30/6/2010

Rest day

1/7/2010 Rest day
World Cup quarter finals
2/7/2010 Winner Match 1 v Winner Match 2
Soccer City, JB Match A
2/7/2010 Winner Match 5 v Winner Match 6
Port Elizabeth Match B
3/7/2010 Winner Match 7 v Winner Match 8
Ellis Park, JB Match C
3/7/2010 Winner Match 3 v Winner Match 4
Cape Town Match D
4/7/2010

Rest day

5/7/2010 Rest day

World Cup semi finals

6/7/2010 Winner Match A v Winner Match B
Cape Town Match 1
7/7/2010 Winner Match C v Winner Match D
Polokwane Match 2
8/7/2010

Rest day

9/7/2010 Rest day

3rd place play off

10/7/2010 Loser Match 1 v Loser Match 2
Port Elizabeth

2010 World Cup Final

11/7/2010 Winner Match 1 v Winner Match 2
Soccer City, JB