Monday, July 12, 2010

တတိယမြောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဟော်လန် 'ဟော်လန် ၀ - ၁ စပိန်'

Iniesta Shoot

Spain Celebrate

ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာဖလားပြိုင်ပွဲတစ်လျောက် (၈) သင်းမြောက် ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ နှစ်သင်းစလုံး ကြိုးစားကစားသွားခဲ့ပါတယ်။ ပွဲအစ (၅) မိနစ်မှာပဲ ရာမို့စ်ရဲ့ ခေါင်းတိုက်ချက်ကို စတယ်ကန်လန်ဘတ် ပုတ်ထုတ်ကာကွယ်ပေးခဲ့လို့ ဟော်လန်တို့ သက်သာရာရခဲ့ပါတယ်။ စပိန်အသင်းဟာ ဟော်လန်အသင်းဘက်ကို ကစားကွက် အသာစီးရယူဖို့ ကြိုးစားရင်း ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့တာတွေရပြီး ရာမို့စ်ရဲ့ကန်ချက် နှင့် ဒေးဗစ်ဗီလာရဲ့ ခေါင်းတိုက်ချက်တွေက ဟော်လန်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် (၃ရ) မိနစ်မှာ ထောင့်ကန်ကောကနေ တစ်ဆင့် မက်ဆီသန် ဂိုးဧရိယာအတွင်းကနေ အပိုင်ပိတ်ခွင့်ရပေမယ့် လွဲချော်ခဲ့ပါတယ်။ ဟော်လန်အသင်းဟာ စပိန်အသင်းရဲ့ ကွင်းလယ်ကစားအားကို ခပ်ကြမ်းကြမ်း တုန့်ပြန်ကစားသွားခဲ့ပြီး ဗန်ပါစီ၊ ဗန်ဘွန်မဲလ်နှင့် ဒီဂျောင်တို့ အဝါကဒ်ဖြစ်ခဲ့ရပါတယ်။

David Villa

World Cup

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ဂိုးရဖို့ အပြန်အလှန်ကြိုးစားလာခဲ့ပြီး ပူယိုးလ်ခေါင်းတိုက်ချပေးတာကတစ်ဆင့် ကတ်ဒီဗီလာပိတ်ခွင့်ရပေမယ့် လွဲချော်ခဲ့ပါတယ်။ ပွဲချိန် (၆၂) မိနစ်မှာ ရော်ဘင် ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အပိုင်ကန်သွင်းခဲ့ပေမယ့် ကာစီးလက် ခြေထောက်နှင့်ထိပြီး ထွက်သွားလို့ ဟော်လန်တို့ နစ်နာခဲ့ပါတယ်။ နောက်ပိုင်းမှာ နှစ်သင်းစလုံး ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးသွင်းခွင့်တော့ အများအပြားမရခဲ့ပါဘူး။

Champion Span

အချိန်ပို ပထမပိုင်းမှာ ဖာဘရီဂတ်စ်၊ အင်နီယေစတာတို့ အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲခဲ့နိုင်ပါဘူး။ဒါအပြင် နာဗတ်စ်ရဲ့ ကန်ချက် ဟော်လန်နောက်ခံလူနဲ့ ထိပြီး ထွက်သွားခဲ့လို့ စပိန်တို့ ထပ်မံကံဆိုးခဲ့ရပါတယ်။ အချိန်ပို ပထမပိုင်းမှာလည်း ဂိုးမရှိ သရေကျနေခဲ့ပြီး အချိန်ပို ဒုတိယပိုင်းမှာတော့ အင်နီယေစတာကို ဆွဲလှဲခဲ့လို့ ဟိုင်တင်ဂါ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ တစ်ယောက်အသားစီးရသွားတဲ့အတွက် စပိန်တို့ စိတ်ဓာတ်တက်သွားပြီး ဆက်တိုက်ဖိကစားနိုင်ခဲ့ပါတယ်။ စပိန်တို့အတွက် သမိုင်းတစ်လျောက် ပထမဆုံး ကမ္ဘာ့ချန်ပီယံဖြစ်စေမယ် အနိုင်ဂိုးကိုတော့ ပွဲချိန် (၁၁ရ) မိနစ်မှာ ဖာဘရီဂတ်စ် ထိုးပေးတာကတစ်ဆင့် အင်နီယေစတာက ဟော်လန်ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ ကန်သွင်းယူခဲ့ပါတယ်။

ဒါကြောင့် စပိန်အသင်းဟာ ဂျာမနီ၊ ပြင်သစ်အသင်းတို့နဲ့အတူ ဥရောပချန်ပီယံနှင့် ကမ္ဘာ့ချန်ပီယံဆုတို့ကို ဆက်တိုက်ရယူနိုင်တဲ့ တတိယမြောက်အသင်း ဖြစ်လာခဲ့ပါတယ်။

0 comments: