Tuesday, July 20, 2010

Windows မိုဘိုင်းဖုန်းများအတွက် ယူနီကုဒ်သုံး မိုဘိုင်းအဘိဓာန် ရေးသားနေ

မိုဘိုင်း ဖုန်းများတွင် အသုံးပြုနိုင်မည့် Myanmar 3 ယူနီကုဒ်ဖောင့်သုံး
အင်္ဂလိပ် - မြန်မာ မိုဘိုင်း အဘိဓာန် ဆော့ဖ်ဝဲကို Myanmar NLP အဖွဲ့က
ဖန်တီး ရေးသားလျက် ရှိကြောင်း သိရှိရပါသည်။ အဆိုပါ အဘိဓာန် ဆော့ဖ်ဝဲသည်
ကွန်ပျူတာသုံး Myanmar 3 ယူနီကုဒ်ဖောင့်ကို သုံးစွဲဖန်တီး ရေးသား
ထားကြောင်း သိရသည်။ အဘိဓာန် အတွက် A ကနေ O အထိ ပြီးသွားပြီ ဖြစ်ပြီး အက္ခရာ
Z အထိ ပြီးသွားလျှင် သုံးစွဲနိုင်ပြီ ဖြစ်ကြောင်းနှင့် အဘိဓာန် ထည့်သွင်း
လိုက်သည်နှင့် အင်တာနက်ပေါ်တွင် ရှိသော ယူနီကုဒ် အသုံးပြု မြန်မာ
ဝက်ဆိုက်များကို ကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း သိရှိ ရပါသည်။ မိုဘိုင်း
အဘိဓာန်ကို မည်သည့် အချိန်တွင် ဖြန့်ချိမည်ကို မသိရှိရ သေးသော်လည်း
မကြာမီတွင် ဈေးကွက် အတွင်းတွင် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရပါသည်။
လက်ရှိ ရောင်းချ နေသည့် မိုဘိုင်းဖုန်းသုံး ဆော့ဖ်ဝဲ အများစုသည်
နာမည်ကျော် ဇော်ဂျီဖောင့်ကို အသုံးပြု ရေးဆွဲ ထားကြောင်း
မိုဘိုင်းဖုန်းသုံး မြန်မာစာ ဆော့ဖ်ဝဲ လုပ်ကိုင်နေသူ တစ်ဦးက ဆိုသည်။
Myanmar NLP အဖွဲ့ကို ၂၀ဝ၃ ခုနှစ်၊ အောက်တိုဘာလတွင် ကွန်ပျူတာ
ပညာရှင်များနှင့် မြန်မာစာ ပညာရှင် စုစုပေါင်း ၁၇ ဦးဖြင့် ဖွဲ့စည်း
ခဲ့ကြောင်း သတင်း ရရှိပါသည်။

source by Daily Mail

0 comments: