Thursday, July 8, 2010

Facebook Fan အရေအတွက် ဆယ်သန်းပြည့်သူအဖြစ် လေဒီဂါဂါစံချိန်တင်


Facebook Fan အရေအတွက် ဆယ်သန်းပြည့်သူအဖြစ် လေဒီဂါဂါစံချိန်တင်

Lady Gagaသက်ရှိထင်ရှား နာမည်ကျော်များအနက် Facebookတွင် အားပေးထောက်ခံသူ Fanအရေအတွက် ပထမဆုံး (၁၀)သန်းပြည့်သော စံချိန်အား လေဒီဂါဂါက တင်လိုက်နိုင်ပြီဖြစ်သည်။ ထို့ကြောင့်လည်း အသက်(၂၄)နှစ်ရှိ အမေရိကန် Popအဆိုတော်လေးသည် ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တွင် Fanအရေအတွက် (၁၀)သန်းကျော်ရှိသည့် သက်ရှိထင်ရှား ပထမဆုံးသော လူပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ ဂါဂါမတိုင်မီက Popဂီတ နာမည်ကျော် အဆိုတော်ကြီး မိုက်ကယ်ဂျက်ဆင်သည်လည်း Fanဦးရေ (၁၀)သန်းပြည့်ခဲ့ဖူးသော်လည်း ပြီးခဲ့သည့်နှစ်က ကွယ်လွန်သွားခြင်းကြောင့် ဂါဂါတစ်ဦးသည် အသက်ရှင်လျက် ရှိနေသူများအနက် ပထမဆုံး Fan(၁၀)သန်းပြည့်သူအဖြစ် ရပ်တည်နေနိုင်သည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားမှာလည်း ယခုအခါ Fanအရေအတွက် (၁၀)သန်းကျော်သွားပြီ ဖြစ်သော်လည်း ဂါဂါက (၁.၂)သန်းမျှ အသာရနေသည်။ ဂရမ်မီဆုရှင် Poker Faceစတား ဂါဂါသည် ဇူလိုင်လ (၇)ရက်နေ့ စာရင်းအရ Fanအရေအတွက် (၁၁.၂)သန်းပင် ကျော်သွားပြီဟု သိရသည်။ ဂါဂါက သူမကို အားပေးထောက်ခံသည့် Facebookမှ ပရိသတ်များအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။



Lady Gaga



အခြားနာမည်ကျော် Popအဆိုတော် ဘရစ်တနီ စပီးယားစ်မှာ Fanအရေအတွက် (၃.၂)သန်းကျော်၊ ကနေဒါ Punkအဆိုတော် အက်ဗရာလက်ဂ်ဗင်းက (၄.၁)သန်းကျော်၊ မက်ဒေါနားက (၁.၈)သန်းကျော်၊ တေလာဆွစ်ဖ်က (၆.၄)သန်းကျော် အသီးသီး ရှိနေကြောင်းလည်း သိရှိရသည်။ ဂါဂါသည် လက်တလောတွင် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဉ် Monster Ball Tourအတွက် မြောက်အမေရိကသို့ လှည့်လည်ဖျော်ဖြေနေကြောင်း သိရသည်။


0 comments: