Friday, July 23, 2010

ပန်းကန်ပြားပျံလား

အခုတလော ပန်းကန်ပြားပျံနဲ့ပတ်သက်ပြီး သတင်းတွေတော်တော်များများထွက်လာခဲ့ပါတယ် နောက်ဆုံးသတင်းကတော့တရုတ်နိင်ငံမှာ ဒီလ (July) ၉ ရက်နေ့က ဖြစ်ပေါ်ခဲ့တာပါ။

တရုတ်နိုင်ငံ ရဲ့ Hangzhou မြို့ရဲ့ လေယာဉ်ကွင်းပေါ်ကို ပန်းကန်ပြားပျံလို ယူဆရဲ့ အရာဝတ္တုတစ်ခုဟာ အနီးကပ်ဖြတ်သန်းသွားတယ်လိုဆိုပါတယ်။ အဖြူရောင်
အလင်းတန်းဖျာထွက်နေပြီ ပုံသဏ္ဍာန်ကတော့ စက်ဝန်း ပုံသဏ္ဍာန်လို့ဆိုပါတယ်။



အချိန်ကတော့ တရုတ်နိုင်ငံ စံတော်ချိန် မွန်းလွဲ ၉းဝဝ နာရီဖြစ်ပြီး ထို အဖြစ်အပျက်ကြောင့် လေယာဉ် ဆယ်စီးထက်မက လမ်းကြောင်းလွဲခဲ့ရတယ်လို့ သိရပါတယ်။ မျက်မြင် သက်သေတွေက ပြောရာမှာတော့ ရုတ်တရက် မီးအလင်းလုံးကြီး
ဖြတ်ပြန်သွားတယ် ဆိုပါတယ်။ ဒေသခံ တော်တော်များလည်း ဓါတ်ပုံ ထို
ပျံသန်းသွားတဲ့ အရာဝတ္တုကို ရိုက်နိုင်ခဲ့ကြပါတယ်။





Yu လို အမည်ရတဲ့ ဒေသခံကားသမား တစ်ယောက်ကတော့ အရမ်းထူးဆန်းတဲ မီးအလင်းလုံးကြီး ဖြစ်ပြီး ဗုဒ္ဓဟူးနေ ညနေချိန် မှာနောက်ဖက်ကို ဦးတည်ပြီ
ဖြတ်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဘာလဲဆိုတာကိုတော့ တရုတ်နိုင်ငံက
အရာရှိတွေကတော့ တရားဝင်ထုတ်ပြန်မယ်အသိပေးမယ်
လို့တော့ပြောပါတယ်။


1 comments:

blackroze said...

နောက်ဆို..အွန်လိုင်းလောကမှာ..ပန်းကန်ပြားပျံတွေ
အကြောင်းခေတ်စားလာဦးမယ်ထင်တယ်..
ထူးခြားတာလေးတင်ပေးလို့ကျေးဇူးပါ