Tuesday, July 6, 2010

အိမ်မွေးတိရစ္ဆာန်များကို ဆေးဆိုးပေးခြင်း တရုတ်တွင် ခေတ်စား


တရုတ်နိုင်ငံတွင် နောက်ဆုံး ပေါ်ပင်ခေတ်ထနေသောအရာမှာ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များအား ဆေးဆိုးပေးခြင်းဖြစ်ကြောင်း သိရသည်။
ခွေး၊ ကြောင်များကို ဖူးဖူးမှုတ်ထားသောပိုင်ရှင်များအတွက် ဆေး ဆိုးပေးခြင်းအလုပ်များသည် ကြီးထွားလာနေသည့်နောက်ဆုံးလမ်း ကြောင်းတစ်ခုဖြစ်သည်။
ခွေးတစ်ကောင်အတွက် နားတစ်ဖက်ဆေးဆိုးခြင်းအတွက် ကျသင့် ငွေမှာ အမေရိကန်ဒေါ်လာ ခုနစ်ဒေါ်လာ(စင်ကာပူဒေါ်လာ ၁၀ဒေါ်လာ) ကျသင့်ကြောင်း သိရသည်။ အမြဲတမ်းဆိုးပေးခြင်းအတွက် ကျသင့်ငွေ မှာ အမေရိကန်ဒေါ်လာ ၃၀၀ဖြစ်ကြောင်း သိရသည်။
အက်စ်ပီအေပိုင်ရှင် ဆန်းရူအိုဝန်က ''လူတွေက သူတို့ချစ်တဲ့အိမ် မွေးတိရစ္ဆာန်လေးတွေကို ရှိုးပြရတာကို နှစ်ခြိုက်ကြပါတယ်။ ဒီတိရစ္ဆာန် တွေအပေါ်မှာ လူတွေရဲ့အာရုံကိုဖမ်းစားရတာကိုလည်း သဘောတွေ့ ကြပါတယ်။ ဒါကြောင့် ပင်ဒါပုံဆေးဆိုးထားတဲ့ခွေးတစ်ကောင်နဲ့ လမ်းထဲ မှာလျှောက်သွားရင် လူတွေက သမင်လည်ပြန်လှည့်ကြည့်ကြရပါတယ်'' ဟု ပြောကြားခဲ့သည်။
ပင်ဒါကဲ့သို့ဆေးဆိုးထားသော ခွေးကလေးကန်ဖူး၏ပိုင်ရှင်က ''ခွေးနဲ့အတူ လမ်းထဲလမ်းလျှောက်သွားတဲ့အခါ ဒီခွေးရဲ့ဆွဲဆောင်မှုကို မကြည့်ဘဲနေနိုင်တာရှားတယ်''ဟု ပြောကြားခဲ့သည်။

0 comments: