Showing posts with label ရင်သို့ထိသော. Show all posts
Showing posts with label ရင်သို့ထိသော. Show all posts

Monday, October 1, 2012

Wednesday, September 12, 2012

ဟန်ပြတပ်ထားသည့် အရေးပေါ် လှေကားများကြောင့်


ဟန်ပြတပ်ထားသည့် အရေးပေါ် လှေကားများကြောင့် နေထိုင်သူများ ထိခိုက်ဆုံးရှုံးရမှုသည် ကန်ထရိုက်အပြင် စစ်ဆေးရေးအဖွဲ့များ၌ပါ တာဝန်ရှိကြောင်း ဝေဖန်မှုများရှိနေ

အထပ်မြင့်တိုက်များတွင် တပ်ဆင်ထားသည့် အရေးပေါ်လှေခါးများကြောင့် နေထိုင်သူများ ထိခိုက်ဆုံးရှုံးမှုသည် ဆောက်လုပ်သည့် ကန်ထရိုက်အပြင် စစ်ဆေးသည့် အဖွဲ့များ၌ပါ တာဝန်ရှိကြောင်း နေထိုင်သူ အများပြည်သူနှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီတာဝန်ရှိသူ အချို့က

 ထုတ်ဖော် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်သည့်အခါ ယခုနောက်ပိုင်းတွင် အရေးပေါ်လှေကားများ ထည့်သွင်းတည်ဆောက်ရန် သတ်မှတ်ထားကြောင်း၊ တည်ဆောက်ပြီးသည့်အခါတွင် ခိုင်ခံ့မှုရှိ၊ မရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အဆောက်အအုံ စစ်ဆေးရေးအဖွဲ့မှ အဆောက်အအုံ တစ်ခုလုံးကို စစ်ဆေးပြီးမှသာ လူနေထိုင်ခွင့်ချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့ရှိ အထပ် မြင့်တိုက်များ၌ အရေးပေါ်လှေကားပါဝင်သော တိုက်များရှိသော်လည်း အလွန်သေးငယ်သည့် သံတိုင်များ ဖြင့် အဖြစ်သဘော ထည့်သွင်းတပ်ဆင်ပေးခြင်းများ ပြုလုပ်ထား၍ အမှန်တကယ် အရေးပေါ်အခြေအနေတွင် လူအများ အသုံးပြု၍ရမည် မဟုတ်ကြောင်း၊ လက်ရှိတွင် မီးလောင်မှုကြောင့် ဖြစ်ပေါ်သည့်အရေးပေါ် အခြေအနေကို မကြာခဏ ကြုံတွေ့ ရသည့်အတွက်လည်း အထပ်မြင့် တိုက်နေ ပြည်သူများက ကန်ထရိုက် သို့မဟုတ် စစ်ဆေးရေးအဖွဲ့များက ပြန်လည်စိစစ်ကာ ခိုင်မာစွာပြင်ဆင် ပေးရန် လိုလားသည်ဟုဆိုကြသည်။

လတ်တလောအနေဖြင့် အလုံမြို့နယ် အထပ်မြင့် တိုက်တစ်လုံးတွင် နေထိုင်သူ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျသေဆုံးခဲ့မှုတွင်လည်း အရေးပေါ်လှေကားပါ တစ်ပါတည်းပြုတ်ကျခဲ့ရာ ယင်းသို့ အရေးပေါ်လှေကားမျိုးမှာ ဟန်ပြသာ တပ်ထားသည့် အတွက်၊ မခိုင်ခံ့သည့်အတွက် ယခုကဲ့သို့ ဖြစ်ပေါ်ရခြင်းဟု အဆိုပါတိုက် တွင်နေထိုင်သူတစ်ဦးက ပြောခဲ့သည်။

“အလုံမှာဖြစ်ပွားခဲ့တဲ့ အရေးပေါ် လှေကားပြုတ်ကျလို့ လူသေဆုံးမှု ဖြစ်စဉ်ဖြစ်တဲ့နေရာကို နောက်တစ်နေ့မှာ သိခဲ့တဲ့အတွက်မြေပြင်ကိုသွား ရောက်ပြီး စစ်ဆေးမှုလုပ်ခဲ့ပါတယ်။ ဒီကိစ္စဟာဆောက်လုပ်တဲ့ကန်ထရိုက် ရော၊ စစ်ဆေးတဲ့ အဖွဲ့အစည်းမှာပါ တာဝန်ရှိပါတယ်။ ကန်ထရိုက်က ဆောက်ကတည်းက လှေကားကိုအဖြစ် သဘောမျိုးလုပ်ခဲ့တယ်။ စစ်ဆေးတဲ့ အင်ဂျင်နီယာအဖွဲ့လည်း တာဝန်ရှိတာပေါ့”ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဓာတ်ပုံမှာ-စက်တင်ဘာလ ၉ ရက်နေ့က အရေးပေါ်လှေကားမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည့်
အလုံမြို့နယ် ငုဝါလမ်းရှိ အခင်းဖြစ်ပွားရာ တိုက်ကိုတွေ့ရစဉ် 




ဓာတ်ပုံ-စောဝဏ္ဏ

Ref:EMG
Posted By Admin-KMO

ညဥ့်လမ်းပေါ်က ဘ၀များစွာ


ရေးသားသူ- သီဟ

နီယွန်မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေသည်မှာ ရန်ကုန်၏ ညကမ္ဘာငယ်တစ်ခုအလား သက်ဝင်လှုပ်ရှားလျက်ရှိသည်။

သက်ကြီးခေါင်းချချိန် ကျော်သည့်တိုင်ပင် နုပျိုလတ်ဆတ် သယောင် ညချမ်းသည် ဟိုမှဒီမှ ကူးခတ်သွားလာနေသည့် ညဥ့်ငှက်လေးများဖြင့် ပျော်ဝင်နေဆဲဖြစ်သည်။

ကားတစ်စီး ထိုးရပ်လာတိုင်း အပြေးအလွှားထွက်လာသည့် သွေးသားအကျိုးဆောင်များက စကားလုံးများဖြင့် ဆွဲဆောင်လျက်ပင်။

ထိုနေရာကား ရန်ကုန်မြို့၏ စီးပွားရေး အချက်အချာကျရာ ဈေးကြီးတစ်ခု၏ ပတ်ဝန်းကျင်တွင်ဖြစ်သည်။

နေ့လယ်ခင်းအချိန်တွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိပြီး ညပိုင်းမှာတော့ သွေးသား ကူးသန်းရောင်းဝယ်မှုများဖြင့် စည်ကားလေ့ရှိသည့် ယင်းနေရာသည် တရားဝင် မဟုတ်သော်လည်း ရန်ကုန်မြို့၏ ထိုနေရာများစွာထဲမှ တစ်နေရာပင် ဖြစ်လေသည်။

“ကျွန်မထင်ပါတယ် ဒီအလုပ်နဲ့ အသက်မွေးနေကြတဲ့ မိန်းကလေးတွေ အကုန်လုံးက သူတို့ဘ၀ကိုသူတို့ ပျော်လို့ကျေနပ်လို့ လုပ်နေကြတာတော့ မဟုတ်ပါဘူး”ဟု ပြောလာသူမှာ ပြည့်တန်ဆာလုပ်ငန်းဖြင့် ဆယ်စုနှစ်တစ်ခုနီးပါး အသက်မွေးနေရသည့် မမော်မော်(အမည်လွှဲ)ပင်ဖြစ်သည်။
ဟိုမှသည်မှ ဥဒဟိုသွားလာသူများနှင့် အသက်ဝင်လှုပ်ရှားနေသည့် ရန်ကုန်မြို့၏ ညနေချမ်းအချိန်တွင် မမော်မော်တို့ကဲ့သို့သော လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုရသူလေးများလည်း လူစည်ကားရာ ကားမှတ်တိုင်ကဲ့သို့သော နေရာများတွင် လုပ်ငန်းခွင် ၀င်ရောက်လာကြပြီဖြစ်သည်။
သူတို့လုပ်ငန်းခွင်ဝင်ရာ နေရာသည် အခြားသော သူများကဲ့သို့ ရုံးအဆောက်အအုံမရှိ၊ လုံခြုံရာနထ္ထိ။ လမ်းဘေး ကွမ်းယာဆိုင်များသည်ပင်လျှင် သူတို့၏ရုံးခန်း၊ ကားမှတ်တိုင်သည်ပင်လျှင် သူတို့ အလုပ်လက်ခံရာပင် ဖြစ်တော့သည်။ လူမြင်ကွင်းတွင် ဧည့်သည်ရှာ ဈေးညှိ အလုပ်လုပ်နေရသော်လည်း သူတို့၏ အလုပ်မှာ တရားဝင် အလုပ်မဟုတ်။ ထို့ကြောင့် တစ်ခါတစ်ရံ ကံမကောင်း အကြောင်းမလှပါက တစ်နှစ်တန်သည် နှစ်နှစ်တန်သည် သံတိုင်လေးဘက်ကြား အနားယူရသည်များလည်း ရှိတတ်သည်။

ခွင့်ပြုချက်များ လိုင်စင်များဖြင့် တရားဝင် အလုပ်လုပ်ခွင့်ရသည့် အလုပ်မဟုတ်သော်လည်း သူတို့အဖွဲ့ဝင်ဦးရေမှာ တစ်နေ့တခြား တိုးတိုးလာပြီး သူတို့ကျင်လည်ရာ ပတ်ဝန်းကျင်သည်လည်း ပို၍ကျယ်ပြန့်လာနေပြီဖြစ်သည်။ ထိုသို့ တိုးပွားများပြားလာခြင်းမှာ နိုင်ငံ၏ စီးပွားရေး လူမှုရေး ပညာရေး နိမ့်ကျမှုများကြောင့်ပင် ဖြစ်သည်ဟု ကောက်ချက်ဆွဲသူများလည်း ရှိကြသည်။

နိုင်ငံတော်မှလည်း ထိုသို့ လုပ်ကိုင်စားသောက်သည့် ပြည့်တန်ဆာများ ပပျောက်သွားစေရန် လွတ်လပ်ရေးရပြီးစ ၁၉၄၉ ခုနှစ်ကပင် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေကို ပြဌာန်းဆောင်ရွက်ခဲ့သော်လည်း မပပျောက်သည့်အပြင် တစ်နေ့ထက်တစ်နေ့
ပိုမိုများပြားလာခဲ့သည်ကို တွေ့နေရသည်။ ထို့ကြောင့် ယင်းကဲ့သို့ နှိပ်ကွပ်ရေးဥပဒေဖြင့် ကိုင်တွယ်ခြင်းအား ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်သည်။

ပြည့်တန်ဆာများ ပပျောက်စေရန် နှိပ်ကွပ်ရေးဥပဒေဖြင့် ဆောင်ရွက်သော်လည်း ဥပဒေအား လက်တွေ့ အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိသည့် အောက်ခြေအဖွဲ့အစည်းများ၏ အားနည်းချက်များကြောင့် လုပ်ငန်းခွင်ထဲတွင် လုပ်ကိုင်စားသောက်နေသည့် ပြည့်တန်ဆာများမှာ နှိပ်ကွပ်ခံရသည့် ပုံသဏ္ဍန်များ လွဲမှားနေကြောင်း သိရသည်။

“ကျွန်မတို့ ဒီနယ်မြေမှာ လုပ်ကိုင်စားသောက်နေတာ သူတို့မသိတာမဟုတ်ဘူး သိတယ် တစ်ခါတလေ ပေးရကမ်းရတာတွေလည်း ရှိတယ်။ ဒါပေမဲ့ စီမံချက်ဆိုတာကို အကြောင်းပြပြီးတော့လည်း အဖမ်းခံရတာမျိုးလည်း ရှိတယ်”ဟု လုပ်ငန်းခွင်အတွင်းမှ ပြည့်တန်ဆာတစ်ဦးက ပြောသည်။
၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအရ ပြည့်တန်ဆာဖမ်းဆီးမည်ဆိုပါက ရဲအုပ်အောက်မနိမ့်သည့် ရဲအရာရှိက ၀ရမ်းမပါဘဲ ဖမ်းဆီးချုပ်နှောင်နိုင်ပြီး ဖမ်းမိပါကလည်း နောက်တစ်ရက်တွင် တရားရုံးသို့ အမှုဖွင့်ရမည်ဟု ပါရှိသည်။

ဖမ်းဆီးမိသည့်နေ့၏ နောက်တစ်နေ့သည် အစိုးရရုံးပိတ်ရက် ဖြစ်ပါက အနီးစပ်ဆုံး အစိုးရရုံးဖွင့်ရက်တွင် တရားရုံးတင်ရမည်ဟု ပါရှိကြောင်း ပိတောက်မြေအသံလွှင့်ဌာနတွင် ဥပဒေအကြောင်းအရာများ အသံလွှင့်လျက်ရှိသည့် ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။ သို့သော် ယခုနောက်ပိုင်းတွင် ချက်ချင်းရုံးမတင်ဘဲ ယမန်ယူသည့် အလေ့အထဖြစ်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ပြည့်တန်ဆာဖမ်းဆီးသည့် အခါတွင်လည်း ရဲအုပ်အောက်မနိမ့်သည့် အရာရှိဆိုသော်လည်း ယခုအခါတွင် အဆင့်မျိုးစုံမှ ဖမ်းဆီးနေမှုများလည်းရှိကြောင်း အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင် ကျင်လည်နေသည့် ပြည့်တန်ဆာအချို့မှာ အတန်အသင့် လယ်ဝယ်မှုရှိသဖြင့် အကြောင်းပြ ဖမ်းဆီးခံရမှု အနည်းငယ် သက်သာသော်လည်း နယ်မှ ပြည့်တန်ဆာများမှာ အနိုင်ကျင့် နှိပ်ကွပ်ခံရမှု ပိုများကြောင်း ပြည့်တန်ဆာကွန်ရက်တစ်ခုမှ သိရသည်။

ပြည့်တန်ဆာလုပ်ငန်းသည် တရားမ၀င်သော်လည်း ထိုလုပ်ငန်းဖြင့် အသက်မွေးသူများ တစ်နေ့ထက်တစ်နေ့ များပြားလာသည့်အတွက် ပြည့်တန်ဆာနှင့် ဆက်စပ်သည့် HIV ၊ ကာလသားကဲ့သို့သော ရောဂါပျံ့နှံ့မှုမှာလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများအား ကာကွယ်ရန်အတွက် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပြည့်တန်ဆာများအား ကွန်ဒုံးများ ဖြန့်ဝေထားသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးလိုပါက ကွန်ဒုံးရှိသည်ဟု အကြောင်းပြ ဖမ်းဆီးမှုများလည်းရှိသဖြင့် ကွန်ဒုံးမဆောင်ထားရဲကြောင်း မမော်မော်ကပြောသည်။

“ကွန်ဒုံးရှိရင် ဖမ်းရမယ်လို့ ဥပဒမှာမပါဘူး။ အဲဒီလိုသာ ဖမ်းကြေးဆိုရင် အင်န်ဂျီအိုက ၀န်ထမ်းတွေ၊ ဆရာဝန်တွေပါ အကုန်ဖမ်းရမလို ဖြစ်နေပြီပေါ့”ဟု ရှေ့နေဦးခင်ဇော်က ပြောသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော စင်ကာပူ၊ ထိုင်း အစရှိသည့် နိုင်ငံများတွင် ပြည့်တန်ဆာများအား နေရာသတ်မှတ်၍ တရားဝင် လုပ်ကိုင်ခွင့်များ ပြုထားသောကြောင့် လိင်မှတစ်ဆင့် ကူးစက်သည့် ရောဂါများအား ထိထိရောက်ရောက် ကာကွယ်နိုင်သည့်အပြင် ပြည့်တန်ဆာအရေအတွက်ပါ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဥပဒေပညာရှင်များက ပြောသည်။

“ကျွန်မတို့ကိုလာပြီး ပညာပေးတဲ့အဖွဲ့တွေနဲ့ တချို့တွေက ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေပြောင်းဖို့ ပြောကြတယ်။ အလုပ်အကိုင် ပြောင်းရအောင် ကျွန်မတို့မှာ ပညာမှမတတ်တာ ကျွန်မတို့ တတ်တဲ့ပညာနဲ့ဆိုလည်း ရတဲ့အလုပ်က အခုဝင်ငွေကို မီမှာမဟုတ်ဘူး”ဟု ပြည့်တန်ဆာတစ်ဦးက သူ၏ခံစားချက်ကို ပြောပြသည်။

“အခုပြဌာန်းထားတဲ့ ဥပဒေတွေက နှိပ်ကွပ်ရေးဥပဒေတွေနဲ့ ပပျောက်ရေးဥပဒေတွေပဲ ဖြစ်နေတယ် ကာကွယ်ရေးဥပဒေ မပါဘူး”ဟု သူမက ဆက်လက်ပြောပြသည်။ ပြည့်တန်ဆာများ အနေဖြင့်လည်း သူတို့နှင့်ဘ၀တူများအား ကာကွယ်မှုများပေးရန်နှင့် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများမှ ကာကွယ်မှုများ ပြုလုပ်ပေးရန် ပညာပေးအဖွဲ့အား တရားဝင် ဖွဲ့စည်းလိုသော်လည်း လူမှုရေးအသင်းအဖွဲ့များ တရားဝင်ဖွဲ့စည်းခြင်း
စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းနေသဖြင့် ဖွဲ့ခွင့်မရကြောင်း သိရသည်။

“ကျွန်မတို့က တစ်ခြားနိုင်ငံတွေမှာလို တရားဝင်အတန်းတွေ ဘာတွေ ချက်ချင်းရဖို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဥပဒေထဲမှာပါတဲ့အတိုင်း တိတိကျကျ ဖြစ်စေချင်တာပါ”ဟု မမော်မော်ကပြောသည်။

“အခုက တစ်ခါတလေ ပေးလည်းပေးရသေးတယ်။ ဖမ်းချင်တဲ့ အချိန်ကျတော့လည်း အဖမ်းခံရသေးတယ်”ဟု သူမက ဆက်လက်ပြောပြသည်။
၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေအရ ပြည့်တန်ဆာများကို ဖမ်းဆီးမိပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ကို ချမှတ်ရမည်ဟု ပါရှိပြီး နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရတက်ပြီးချိန်တွင် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဟု ပြောင်းလဲခဲ့ကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။

“ပြည့်တန်ဆာတွေကို နှိပ်ကွပ်မယ်။ ထောင်ထဲထည့်မယ် ဆိုတာထက် အလုပ်အကိုင် အသိပညာ ပေးမယ်ဆိုရင် မပပျောက်တောင် လျော့ပါးသွားမယ်၊ထောင်ချရုံနဲ့တော့ ထောင်ကထွက်လာရင် မထူးဇာတ်ခင်းရာကနေ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ထောင်ထဲဝင်ရတဲ့ ပြည့်တန်ဆာတွေ အများကြီးပဲ ရှိတယ်”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

ထို့ကြောင့် ပြည့်တန်ဆာလုပ်ငန်းများ မပပျောက်သည့်တိုင် စည်းကမ်းတကျ ဖြစ်လာစေရန်အတွက် အစိုးရ၏ ထိန်းသိမ်းကိုင်တွယ်မှုသည် အရေးကြီးပြီး အသိပညာပေးမှုများလည်း ပြုလုပ်သွားရန် လိုအပ်သည်ဟု ဥပဒေပညာရှင်များက ပြောသည်။ ထို့အပြင် ၁၉၄၉ ခုနှစ် အက်ဥပဒေသည် နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ခေတ်နှင့်လျော်ညီသည့် ပြုပြင်ပြောင်းလဲမှုများလည်း ပြုလုပ်ရန် လိုအပ်ကြောင်း ဥပဒေပညာရှင်များက ပြောသည်။
ရန်ကုန်၏ ညနေချမ်းသည်လည်း တဖြည်းဖြည်း ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ လူစည်ကားရာ လမ်းမများနှင့် ကားမှတ်တိုင်များတွင်လည်း ဘ၀ကြမ်းကြမ်း ပန်းနွမ်းနွမ်းလေးများ၏ သရုပ်သည်လည်း ပိုမိုပီပြင်လာခဲ့သည်။

သို့သော် သူတို့၏ လမ်းမထက်က ဘ၀များကား ရင့်ကျက်မှု မရရှိနိုင်သေးပေ။ မမော်မော် ပြောသလို ဥပဒေထဲတွင် ပါသည့်အတိုင်း တိတိကျကျ ဖြစ်ခဲ့လျှင်သော်လည်းကောင်း (သို့မဟုတ်) အခြားအိမ်နီးချင်းနိုင်ငံများကဲ့သို့ သတ်သတ်မှတ်မှတ် နေရာတစ်ခုများ ရခဲ့လျှင်သော်လည်းကောင်း ညဥ့်လမ်းပေါ်က ဘ၀များစွာ၏ ရှင်သန်မှုမှာ.... ။

REF: 7Day News Journal
Posted by Admin-HWH

Thursday, August 18, 2011

သိသလောက်သာ ပြောပါမည်။



http://klews.net/maps/2009/12/08/kl-football-stadium/

http://maps.google.com.my/maps?hl=en&biw=1280&bih=620&q=stadium+bola+sepak+kuala+lumpur+cheras&gs_sm=c&gs_upl=2700l3203l5l5369l2l2l0l0l0l0l240l468l2-2l2l0&um=1&ie=UTF-8&sa=N&tab=वल

ယခုတစ်လော မလေးရှားမှာ ပါမစ်များ တရားဝင်ပြန်ဖြစ်ရေးကို လူဝင်မှုကြီးကြပ်ရေးက နိုင်ငံပိုင်သတင်းစာ မှရော မီဒီယာ များမှပါ ကြေငြာ ထားတာကို မလေးရှားရောက် မြန်မာနိုင်ငံသား အလုပ်သမားများ အားလုံးလဲ သိလောက်ပါပြီ။ အခု ပြောပြချင်တာလေးကတော့ အဆင်မပြေ၍ တစ်ဝမ်းတစ်ခါး ရေကြည်ရာမြက်နုရာမှာ မိဝေးဖဝေးဖြင့် လာရောက် ၀မ်းစာရှာနေကြ သော ညီအစ်ကို မောင်နှမ များအား စေတနာရှေ့ထား ပြောပြချင်တာပါ။

တရားဝင် ပါမစ် မရှိသူတွေကတော့ နှိပ်လိုက်တဲ့ လက်ဗွေ၊ ပေးလိုက်ရတဲ့ ပိုက်ဆံ တစ်ရုံးရုံးနဲ့ သောက်သောက်လဲ ပါပဲ။ တစ်ကယ်တော့ မလေးရှားရောက်နေတဲ့ မြန်မာလုပ်သားများနှင့် အခြားနိုင်ငံမှ သူများအားလုံးဆိုလျှင် မလေးရှား လ၀က မှလည်း အားလုံးကို အချိန်မှီ မှတ်တမ်းယူရန်၊ အထောက်အထား ထုတ်ပေးရန် အဆင်မပြေလှပါ ။အခြား နိုင်ငံသားများကိုတော့ ယခုရေးမည့် အကြောင်းအရာတွင် ချန်လှပ်ထားခဲ့ပါရစေ။ မြန်မာ ပြည်သားများအတွက်သာ အထူးရည်ညွန်းလိုပါသည်။ ထို့ကြောင့် မြန်မာ အေးဂျင့်များမှ
မလေးရှား လ၀က ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသားများကို ၀န်ဆောင်မှု ပေးပါသည်။ ဂျာနယ်များ စာစောင်များတွင်တော့ မလေးရှား လူဝင်မှု ကြီးကြပ်ရေးမှ လာရောက် တပ်ဆင်ပေးသော လက်ဗွေနှိပ်စက်၊ ခွင့်ပြုထားသော အခြား လုပ်ပိုင်ခွင့်များ (သူဌေးမရှိသူများအား လက်ဗွေနှိပ်၍ မှတ်တမ်းတင်ခြင်း၊ ပါမစ်မကျမှီ သုံးလ ယာယီ အလုပ်လုပ်ခွင့် ရရန် အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးခြင်း၊နိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားပေးခြင်း) စသည် စသည် ဖြင့် ၀န်ဆောင်မှု ပေးကြပါသည်။

ကုန်ကျစားရိတ်များ၏ အသေးစိတ်ကို ၀န်ဆောင်မှုပေးသူများက ဇယားကွက်များဖြင့် ဂျာနယ်များတွင် ရှင်းလင်းဖော်ပြပေးထားသည်မှ အလွန်ပင် ကျေးဇူးတင်စရာကောင်းလှပေသည်။ ဥပမာ ကျွန်တော်တို့လို မလေးရှားကို ထွက်လာပြီး နှစ်ရှည်ကြာသည့်တိုင် ပါမစ်ကိစ္စ ၊ စာအုပ်ကိစ္စ ၊ လဲဗီးကြေး၊ အခွန် စသည်တို့အား နကန်းတစ်လုံး နားမလည်သူများအတွက် အဆင်ပြေသင့်လျော်လှပါသည်။

ဝန်ဆောင်မှု ပေးသူများမှ ၀န်ဆောင်ခ အဖြစ် တန်ရာတန်ကြေးယူကြပါသည်။ သို့သော် ကျွန်တော် ယခု ပြောပြလိုသည်မှာ လက်ဗွေနှိပ်ခြင်း၊အထွေထွေဝန်ဆောင်ခ၊ လဲဗီး၊ Insurance၊ဆေးစစ်၊ Compound ၊ ပါတ်စ်ပို့ အသစ် စသည့် ကုန်ကျစားရိတ်များထဲမှ “အထွေထွေ ၀န်ဆောင်ခ”အတွက် ဖြစ်ပါသည်။ အထက်က တင်ပြခဲ့သလို ကျွန်တော်လို မသိနားမလည်သူများအတွက်တော့ အထွေထွေ ၀န်ဆောင်ခ အဖြစ် ရင်းဂစ် ၃၀၀ သည် ထိုက်တန်သော ပေးဆပ်ခြင်းဖြစ်ပါသည်။ သို့သော် ဘာသာစကားလည်း ကျွမ်းကျင်စွာ ပြောတတ်၊ လည်လည်ဝယ်ဝယ်လည်း သွားတတ်လာတတ်၊ ပြောရဲဆိုရဲလည်းရှိသော အစ်ကိုအစ်မများအတွက် ၀န်ဆောင်ခ ကို သက်သာစေရန် စေတနာ ရည်သန်ပါသည်။ (သူများ ထမင်းအိုး ထုတ်နှင့်ထိုးရန်တော့ စိတ်ထဲတွင် အလျဉ်းမရှိပါချေ။)

အချို့သော သူများသည် စာအုပ်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တရားဝင်ပါမစ်မရှိကြတော့ပါ။ ထိုကဲ့သို့ သောအစ်ကို အစ်မ၊ ညီငယ် ၊ ညီမငယ် တို့အတွက် သိခဲ့ရသော ငွေကုန်ကြေးကျ သက်သာစေမည့် နည်းလမ်းလေးကို မျှဝေလိုပါသည်။ ၄င်းမှာ အခြားမဟုတ်။ယခင်က ပါမစ်ရှိသူများရော၊ မရှိသူများပါ မလေးရှား လူဝင်မှု ကြီးကြပ်ရေးရုံးတွင် သွားရောက်မှတ်ပုံတင်နိုင်ပါသည်။ ယခုကား မည်သို့သော အကြောင်းကိစ္စကြောင့် ဟု(ကျွန်တော်) သေချာစွာမသိပါ။ယင်း ၀န်ဆောင်မှုအား လ၀က ရုံးတွင်မဟုတ်တော့ပဲ ဘောလုံးကွင်းတွင် ယာယီရုံးဖွင့်ပြီးဆောင်ရွက်ပေးပါသည်။ နေရာ ကျယ်ဝန်းသည်၊ လွတ်လပ်စွာ ထိုင်စောင့်နိုင်သည်၊ လက်ဗွေနှိပ်ခြင်း အမှု ကို သီးသန့်ဆောင်ရွက်နိုင်သည်။ မနက်ကိုးနာရီမှ ည ဆယ်နာရီလောက်အထိ အသုတ်ခွဲ၍ ဆောင်ရွက်ပေးနေပါသည်။

ပါမစ်အမှန်ရှိသူများသည် ငွေကုန်ကြေးကျ တစ်ပြားတစ်ချပ်မျှ မပေးရပါ။ ပါမစ်မရှိသူများကတော့ Form ဖြည့်ရပါမည်။ ၄င်း ရုံး၏ အရှေ့တွင်ပင် ၀န်ဆောင်မှုပေးပါသည်၊ ကုန်ကျငွေ ရင်းဂစ် ၃၅ မျှသာ။ သူဌေးသို့မဟုတ် ကိုယ်စားလှယ် ပါရပါမည်။ ယင်းနှစ်မျိုးအနက်မှ ကျွန်တော်သိသော တရားဝင် ပါမစ်သမားများ အတွက် လိုအပ်သည်များကို ပြောပြပါမည်။ လုပ်ဆောင်မှု အဆင့်ဆင့်မှာ သူဌေး(သို့) ကိုယ်စားလှယ်မှ တန်းစီ၍ အထောက်အထား စာရွက်စာတမ်းများ ပြပြီး တိုကင်နံပါတ်ယူရပါမည်။ ယင်းနောက် မိမိနံပါတ် ခေါ်သော အခါတွင် အလုပ်သမား ဘယ်နှစ်ယောက်ဟု တစ်ခါတည်းပြောပြီး ၊ ငါးယောက် ဖြစ်စေ ဆယ်ယောက်ဖြစ်စေ တစ်ခါတည်း ၀င်ရုံသာဖြစ်ပါသည်။ ကျွန်ပျူတာရှေ့တွင် လက်ဗွေ နှိပ်မည့် သူများမှ တစ်ယောက်ချင်းရှေ့နောက် တန်းစီ ထိုင်နေယုံသာဖြစ်သည်။ မိမိ ပါတ်စပို့စ် စာအုပ်ကိုလက်ဝယ် ကိုင်ထားပါ။ မိမိအလှည့်ရောက်လျှင် စာအုပ်ပေး၊ ငြိမ်ငြိမ် မတ်မတ်ထိုင်ရုံမျှသာ၊ (မိမိရှေ့ရှိ ကွန်ပျူတာနှင့် ဆက်သွယ်ထားသော ကင်မရာ အသေးစား (Web Camera ) ဖြင့် တာဝန်ကျသူမှ မှတ်တမ်းတင်ပါသည် ၊ ယင်းနောက် ဘယ်ဖက်လက်လေးချာင်း (လက်မ မပါ) စကင်န် ဖတ်စက်ပေါ်တင် ၊ အသံမြည်၊ ညာလက်ပြောင်း၊ ဘယ်ဖက်နှင့် ညာဖက် လက်မနှစ်ချောင်း တစ်ပြိုင်တည်းတင် ၊ အသံမြည်၊ စုစုပေါင်း သုံးမိနစ်လောက်မျှသာ ကြာပါသည် ၊ ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးရန်မလိုပါ၊ “ လာဘ်ပေး ရန်မလို” စာတန်းများ မမြင်မိပါ။

ယခု ယာယီ ဖွင့်လှစ်ပေးထားသော မလေးရှား လ၀က ၏ လက်ဗွေနှိပ်ရန်ရုံးနေရာမှာ

Stadium Bolasepak Kuala Lumpur, Cheras

သူတစ်ပါး ထမင်းအိုးကို တုတ်ဖြင့်ထိုးရန် မရည်ရွယ်သလို၊ မကုန်ကျသင့်သည်ကို ကုန်ကျမည်ကိုလည်း မြန်မာအချင်းချင်း ရိုင်းပင်းသည့် သဘောဖြင့်သာ မျှဝေခြင်း ဖြစ်ပါသည်။ လွဲချော်မှုများ ရှိပါက နားလည်ပေးကြပါရန်။ သည်နေ့မှ ဖုန်းက ကျန်ခဲ့သဖြင့် မှတ်တမ်းတင်ရန် အဆင်မပြေခဲ့သဖြင့် ဓါတ်ပုံများကို Google မှ ကူးယူထားပါသည်။
မိုးယံ

Saturday, August 6, 2011

ဆောရီးပဲ ညီမလေး .



ညီမလေးရေ။

ဆောရီးပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။

မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့၊ ဈေးကွက်ဝင်ဖို့
ပါတိတ်၊ သရီးစတပ်၊ မီနီစကပ်၊ နှုတ်ခမ်းနီ ပါးနီ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့
မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။

ဆောရီးပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက်၊ ဘူးပဲပျိုးပျိုး
နွေစပါး၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း အကြည့်တွေ
ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ်၊ ကိုယ်လည်းအသိပဲ။

ဆောရီးပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတနပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။

မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ၊ ဆိုနီအဲရစ်ဆင်၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။

ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး၊
ဒီကောင်တွေဟာ နွားတွေ။

ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။

ဆောရီးပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။

အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တဘက်နိုင်ငံတွေကိုပေါ့)
( .. ) နိုင်ငံ ဆိုပြီးတော့လေ ...။

ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ၊ မယ်ဆိုင်မှာ၊ ဘီကေကေမှာ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...
အင်း ... ... ... ... ... ...

ဖဦးထုပ်တွေ၊ နငယ်တွေ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။

တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ်၊ တိုလီမိုလီ၊ အချစ်ဇာတ်လမ်း၊ ပေါသွပ်၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။

(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။

မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတသပ်သပ်၊ ပါးစပ်တပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။

မင်းတို့လေးတွေကို
နှုတ်ခမ်းတလန် ပန်းတလန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့​ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။

ဆောရီးပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။

ဆောရီးပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တခုခုမှာ ကျွဲရိုင်းအချိုရည်
တခါသုံးဆပ်ပြာ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။

အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ ...
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။

မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။

ဆောရီးပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။

မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့​အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။

ဆောရီးပါ ညီမလေးတို့ရေ ...။ ။

မားဆိုး

၁၄၊ မတ်၊ ၂၀၁၀။

(မြန်မာလူမျိုးမှန်ရင် မြန်မာအမျိုးသမီးများကို တန်ဖိုးထားကြပါ။ မြန်မာအမျိုးသမီးများလည်း ကိုယ့်ကိုကိုယ် ကောင်းမွန်သင့်လျော်တဲ့တန်ဖိုးကို ထိန်းသိမ်းကြပါ)။

Tuesday, July 5, 2011

စာပေဟောပြောပွဲ ( ၁၂၃ ) ဖိုင်


1AKyiTaw - AKyiTaw 20110529 LaMinPhanPwe NorthOkkalapa 56:27Download
2AKyiTaw - DoteKhaSoTarNaungTaChangeHarThaPar
3:35Download
3AttaKyaw - AttaKyaw 20110507 SateMyetSiKoPhwintYaAu... 44:11Download
4AttaKyaw - AttaKyaw TanPhoeShiDeLu MawLaMyaing 2010 0:38Download
5AungKyawSan - AungKyawSan KaNaungALwanHtooSanHtwayL... 27:05Download
6Aung Pyae - AungPyae YayThuEiPaRiYalPhatThuEiKhanSa... 40:37Download
7AungThin - AungThin 20110529 KoKyintYinPyinNyar Nor... 5:54Download
8Aung Thinn - Youth's Life 2:10Download
9AungThin - YaNayLuNge&SarPay(2) 9:57Download
10Aung Thinn - Today's Youth And Literature 58:05Download
11AungThin - AungThin 20101219 LuNgalHnintPyinNyar He... 21:34Download
12AungThin - AungThin 20110130 LuNgeTwayNeltANarGat K... 50:22Download
13Aung Thin - AungThin AMway _ 4:12Download
14Aung Thin - AungThin KhaungSaungSoTar 55:40Download
15Aung Thin - AungThin LetKhanLiteSanBa SarPayLawKa 55:59Download
16Aung Thin - AungThin LuHninrPyinNyar AThode _ 59:01Download
17Aung Thin - AungThin PyinNyar Monywa 57:09Download
18Aung Thin - AungThin YaNaeLuNgalHnintYaNaeYaThaSarP... 58:11Download
19Aung Thin - AungThin YaNaeLuNgeBaWaHtuHtaungHmu Pya... 2:12Download
20UAungThin - UAungThin BeAccepted 46:55Download
21Aung Thinn - Youth's Life 2:10Download
22AwPeKyalUAELiteraryTalk 39:26Download
23AwPiKyal - AwPiKyal 20101219 AThiPyinNyarPhyintMaun... 30:30Download
24AwPiKyal - AwPiKyal AThiPyinNyarPhyintMaungHninThaw... 16:59Download
25AwPiKyal - AwPiKyal AThiPyinNyarPhyintMaungHninThaw... 3:13Download
26AwPiKyal - AThiPyinNyarPhyintMaungHninTha 16:59Download
27AwPiKyal - AwPiKyal BaMarTwayPyawKyaParSay KaNaung ... 39:06Download
28AwPiKyal - AwPiKyal BaMarTwayPyawParSay 20100926 SPore 56:20Download
29AwPiKyal - AwPiKyal BaWaAYayHnintKarToonATway AThode 9:12Download
30ChitNaing - ChitNaing 20110403 LuThitSateThit OhnHne 10:23Download
31Chit Naing - ChitNaing SaGarLetSaung ShineHope 29:23Download
32ChitOoNyo - ChitOoNyo 20110529 KyaNawKhanSarMiThaLo... 25:20Download
33ChitOoNyo - ChitOoNyo 20100319 KyauPaDaung 1:52Download
34ChitOoNyo - ChitOoNyo 20110403 ToOhnHneFromChitOoNy... 12:37Download
35ChitOoNyo - ChitOoNyo 20110509 ToTaunggooFromChitOo... 21:39Download
36ChitOoNyo - ChitOoNyo 21YarSuEiSeinKhawHmuKoYinSaiC... 17:52Download
37ChitOoNyo - ChitOoNyo ANuPyinNyarPhanTeeThuHnintANu... 25:57Download
38ChitOoNyo - ChitONyo ANuPyinNyarPhanThuHnintANuPyin... 10:59Download
39ChitOoNyo - ChitOoNyo KyaNawKhanSarMiThaLoPyawSoPar... 38:45Download
40ChitOoNyo - ChitOoNyo NeePyinNyar ShweNyaWar 39:54Download
41ChitOoNyoUAELiteraryTalk 38:18Download
42Dr. Kay Thi Tun - Z DrKayThiTun KaLayMyarTwinAPh 36:22Download
43Dr. Khin Mg Lwin - Z DrKhinMgLwin KyetHnetToteKaw 10:20Download
44DrKhinMgNyo - DrKhinMgNyo SateDatPyuPyinPyaungLeHmy... 15:39Download
45Dr. Kyaw Nyunt - Z DrKyawNyunt ThwaySoneTarNelt 29:05Download
46Dr. Kyaw Sein - DrKyawSein LuTineATwetAThoneChaSate... 45:03Download
47DrMinTinMon - 03 DrMinTinMon AbhidhammarHmaPayThawB... 32:01Download
48Dr. Myint Myint Kyi - Z DrMyintMyintKyi HowToProtect 29:27Download
49Dr. Thein Lwin - DrTheinLwin HanChetNyiSateHtar Shi... 36:24Download
50Dr. Tint Lwin - Z DrTintLwin KuYarNatHti 50:38Download
51EiKyarKway - EiKyarKway YalSaYarVision ShineHope 6:53Download
52HlaTun Myanmarsar - HlaTun Myanmarsar SadanSinMinZa... 14:35Download
53Hmu Tin - HmuTin PsychologyAndCulture ShineHope 30:07Download
54Ju - Ju 20110506 KoSate2PhyarChanTharKyaParSay Taun... 42:00Download
55Ju - Ju BaWaHnintSarPay MawLaMyaing 2010 10:00Download
56Ju - Ju SarYaeSayarHmatSu Spore 2009 30:20Download
57KaungThant - KaungThant 20100318 SarPhatParTwayPar ... 13:49Download
58KaungThant - KaungThant SarPayYayYar MyaungDaGar 46:24Download
59khat_mar_1 24:05Download
60khat_mar_2 15:03Download
61Khet_Mar 31:46Download
62KhetMar - KhetMar BaWaHteKaSarMyar SanFransisco 200... 40:20Download
63KhinKhinHtoo - KhinKhinHtoo 20110509 ANyarDaLaeYwar... 22:19Download
64hinKhinHtoo - KhinKhinHtoo SarPayYayYar MawLaMyaing... 18:34Download
65KoTar - KoTar AMwayKhanHtikeSay MawLaMyaing 2010 31:28Download
66KyawYinMyint - KyawYinMyint 20110508 LanPawHmar Tau... 54:34Download
67KyawYinMyint - KyawYinMyint MawLaMyaing 2010 58:50Download
68KyiMin - KyiMin BaWaAungMyinYay MawLaMyaing 2010 16:09Download
69Kyi Min - KyiMin BeautyParlorHnintMaHarAwThaDa Shin... 5:59Download
70LalTwinTharSawChit - LalTwinTharSawChit 20100319 Ba... 25:10Download
71LalTwinTharSawChit - LalTwinTharSawChit 20110507 Ba... 30:58Download
72LalTwinTharSawChit - LalTwinTharSawChit 20110515 Ba... 44:27Download
73LalTwinTharSawChit - LalTwinTharSawChit HmwaTaThawS... 27:40Download
74LalTwinTharSawChit - LalTwinTharSawChit SarPayHninB... 34:04Download
75Daw Le' Le' Tin - LeLeTin ThantShinHlaPaEainShinMa ... 49:30Download
76MarMarAye - MarMarAye AMyoTharYayTayGiTa LA20092 22:18Download
77May_Nyein 1:26Download
78may_nyein_1 25:10Download
79may_nyein_2 23:34Download
80MayNyein - SarPhatChinANuPyinNyar 48:44Download
81Mg_Swem_Yee 29:33Download
82Mg Mg Hlaing - MgMgHlaing Health ShineHope 0:43Download
83Maung Sein Htwe - MgSeinHtwe BaWaMaShoneThuMyar Shi... 8:20Download
84MgseinWin - MgseinWin 20100319 ThuTaRaThaSarPay Kya... 3:58Download
85MgSeinWin - MgSeinWin 20110515 ThuTaRaThaSarPay Min... 6:16Download
86MgSeinWin - MgSeinWin 20110607 ThuTaYaThaSarPay Myaung 10:59Download
87MgSeinWin - MgSeinWin YaThaSarPay AThode 9:44Download
88MgSeinWin - MgSeinWin YaThaSarPay Singapor 26:06Download
89MgSeinWin 25:38Download
90MgSwanYi - MgSwanYi AMyoTharNae LA 53:16Download
91MgTharCho - MgTharCho 20110130 BaWaAHlaATwetSarAHla... 14:43Download
92MgTharCho - MgTharCho 20110506 SarAHlaHmaYwarAHlaTh... 23:04Download
93MgTharCho - MgTharCho 20110606 TaKaeLu Myaung 24:30Download
94MgTharCho - MgTharCho HnaLoneHlaParSay Aun 21:53Download
95MgTharCho - HnaLoneHlaParSay 21:53Download
96MgTharCho - MgTharCho HnaLoneTharKoAHlaSin 15:12Download
97MgTharCho - MgTharCho HnaLoneTharKoAHlaSin 10:07Download
98MgTharCho - MgTharCho YalSaYarMawSaYar KaN 46:53Download
99Daw Mya Mya Hlaing - MyaMyaHlaing MiKhinPhyitLarMyi 24:01Download
100NayWinMyint - NayWinMyint 20110509 KyunTawToeNgeNge... 4:15Download
101NayWinMyint - NayWinMyint KyunTawDoeNgalNgal
...

အဲဒီ လင့်ခ်လေးတွေကို သိတာတော့ကြပါပြီ ၊ဒါပေမယ့် သိသူတွေများလို့ မတင်ပေးဖြစ်ခဲ့တာပါ။ ဒါပေမယ့် အခုမေးလ်ထဲကိုလဲ ၀င်လာတော့လည်း၊ စာပေလည်းဝါသနာပါပြီး မသိသူတွေ များရှိခဲ့ရင် ဆိုတဲ့အတွေးလေးနဲ့ ပြည်လည်မျှဝေဖြစ်ပါတယ်ခင်ဗျာ।။

https://skydrive.live.com/?cid=4f525f1c338a8df7&sc=documents&id=4F525F1C338A8DF7!353

အထက်က အနီရောင် လင့်ခ်လေးကတော ကိုဇော် (www.zaw357.net) အရင်က ပေးထားတဲ့ လင့်ခ်ပါဗျာ॥ အဲဒီမှာလည်း ဒေါင်းလုပ် လုပ်လို့ရပါတယ်ခင်ဗျာ။ အားလုံးပဲအဆင်ပြေကြပါစေ။