Showing posts with label ဘာသာရေး မှတ်မှတ်ရရ. Show all posts
Showing posts with label ဘာသာရေး မှတ်မှတ်ရရ. Show all posts

Sunday, November 25, 2012

မလေးရှားနိုင်ငံ ပီနန် ပဲရပ်မြို့နယ် ကွာလာကူရောင်းတွင် ဆရာတော် ဦးသုမင်္ဂလ ဓမ္မဒါနတရားပွဲ ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)


ဆရာတော် (ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ ၊ ပီနန်မြို့ ပဲရပ်မြို့နယ် ကွာလာကူရောင်းရွာ စတဲ့နေရာများတွင် တရားတော်များကို ဟောကြားခဲ့ပြီး ဆက်လက်၍ ၊ ပီနန်မြို့ ပီနန်ကျွန်း စသည့်နေရာများနှင့် ကွာလာလမ်ပူမြို့ ၊ မလ္လကာမြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၃.၁၁.၁၂ သောကြာနေ့တွင် မလေးရှားနိုင်ငံ (ပီနန်မြို့ ပဲရပ်မြို့နယ် ကွာလာကူရောင်းရွာ) ကိုစုလောင် မကြူခိုင်တို့၏ ဂိုဒေါင် တွင် ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ ဓမ္မဒါန တရားပွဲ အစီအစဉ်ကို ည ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ ရှစ်ပါး သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ သီလခံယူပြီးသော အချိန်တွင် တရားလာရောက် နာယူကြသော ပရိတ်သတ်များမှ သံဃာတော် အရှင်သူမြတ်များကို ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ 

သင်္ကန်းကပ်လှူပြီးသော အချိန်တွင် ဆရာတော်များမှ ဘေးရန်အန္တရာယ် ကင်းဝေးစေရန်အတွက် ပရိတ်တရားတော်များကို ရွတ်ဖတ်ပေးခဲ့ပါသည်။ ဆရာတော် တရား ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ ရတနာ သုံးပါးအကြောင်း လိုက်နာပြုပြင်သင့်သော သီလအကြောင်း ၊ သမာဓိအကြောင်း ပညာအကြောင်း ၊ ဘာသာရေးအကြောင်း အရာများ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမ အသိပေး ဟောပြောခဲ့ပါသည်။ 

ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုခဲ့ပါတယ်။ မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ် တ္ထု ၅၂၇၀ ကိုဆက်ကပ် လှူဒါန်းရာ ဆရာတော်၏ အကျိုးတော်ဆောင်မှ လက်ခံခဲ့ပါသည်။ 

၎င်းနောက် ပြုပြုသမျှ ကုလိုလ် ကောင်းမှုများကို ရေစက်ချ အမျှတန်းပေးဝေ ခဲ့ပါသည်။ ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံ (ပဲရပ်မြို့နယ် ကွာလာ ကူရောင်းရွာ) ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ ကားအကြိုအပို့များဖြင့် တရားတော် လာရောက်နာယူကြပြီး ဂိုဒေါင် ပြည့်လျှံ သွားခဲ့ပါသည်။ 

တရားလာရောက် နာယူကြသော ပရိတ်သတ်များကို အကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ပါသည်။ ဆရာတော် တရားပွဲ အစီအစဉ်ကို " ဗုဒ္ဓသာသနံ စိရံ တိဌာတု " ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော် သုံးကြိမ်ရွတ်ဆိုပြီး ည ၁၁း၀၀ အချိန်တွင် ရပ်နားခဲ့ပါသည်။ 


နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

Friday, November 23, 2012

မလေးရှားနိုင်ငံ အီပို့မြို့တွင် ဆရာတော် ဦးသုမင်္ဂလ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)


ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ စတဲ့နေရာများတွင် တရားတော်များကို ဟောကြားခဲ့ပြီး ဆက်လက်၍ ဘာတာဝပ် ၊ ပီနန် ၊ ကွာလာလမ်ပူမြို့ ၊ မလ္လကာမြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၂.၁၁.၁၂ ကြာသပတေးနေ့တွင် မလေးရှားနိုင်ငံ (အီပို့မြို့) နယူးဝေါလ်ကုန်တိုက် ၊ ပထမထပ် THE STORE ကုန်တိုက်ရှေ့ ခန်းမတွင် ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ ဓမ္မဒါန တရားပွဲ အစီအစဉ်ကို ည ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ 

ဆရာတော် ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ ရတနာ သုံးပါးအကြောင်း လိုက်နာပြုပြင်သင့်သော အရာများကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမဟောပြောခဲ့ပါသည်။ ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုခဲ့ပါတယ်။

မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ် ဝတ္ထုကိုဆက်ကပ် လှူဒါန်းရာ ဆရာတော်၏ အကျိုးတော်ဆောင်မှ လက်ခံခဲ့ပါသည်။ ၎င်းနောက် ပြုပြုသမျှ ကုလိုလ်ကောင်းမှုများကို ရေစက်ချ အမျှတန်းပေးဝေ ခဲ့ပါသည်။ 

ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲအစီအစဉ်ကို မလေးရှားနိုင်ငံ (အီပို့မြို့) ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ ကားအကြိုအပို့များဖြင့် တရားတော် လာရောက်နာယူကြပြီး နယူးဝေါလ်ကုန်တိုက် ခန်းမ ပြည့်လျှံသွားခဲ့ပါသည်။ ဆရာတော် တရားပွဲ အစီအစဉ်ကို " ဗုဒ္ဓသာသနံ စိရံ တိဌာတု " ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော် သုံးကြိမ်ရွတ်ဆိုပြီး ည ၁၁း၀၀ အချိန်တွင် ရပ်နားခဲ့ပါသည်။ 


နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

Thursday, November 22, 2012

မလေးရှားနိုင်ငံ ကွမ်တန်းမြို့တွင် ဆရာတော် ဦးသုမင်္ဂလ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)


ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ နေရာများတွင် တရားတော်များကို ဟောကြားခဲ့ပြီး ဆက်လက်၍ အီပို့ ၊ ပီနန် ၊ ကွာလာလမ်ပူမြို့ ၊ မလကာမြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၂.၁၁.၁၂ ဗုဒ္ဓဟူးနေ့တွင် မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) Per Satuan Eng Choon Kuantar No.1/68. Jalan Bukit Ubi/25200 Kuantar ခန်းမတွင် ဓမ္မဒါန တရားပွဲကို ပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ ဓမ္မဒါန တရားပွဲအစီအစဉ်ကို ည ၉ နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ ဆရာတော် ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ ရတနာ သုံးပါးအကြောင်း လိုက်နာပြုပြင်သင့်သော အရာများကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမ ဟောပြောခဲ့ပါသည်။ 

ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုစေခဲ့ပါတယ်။ မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ် ဝတ္ထုကိုဆက်ကပ် လှူဒါန်းရာ မလေးရှားရင်းဂစ် ၂၆၀၁၅ ကို ဆရာတော်၏ တပည့်မှ လက်ခံပေးခဲ့ပါသည်။ 

၎င်းနောက် ပြုပြုသမျှ ကုလိုလ်ကောင်းမှုများကို ရေစက်ချ အမျှတန်းပေးဝေ ခဲ့ပါသည်။ ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲအစီအစဉ်ကို မလေးရှားနိုင်ငံ (ကွမ်တန်းမြို့) ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ ကားအကြိုအပို့များဖြင့် တရားတော် လာရောက်နာယူကြပြီး Per Satuan Eng Choon Kuantar No.1/68. Jalan Bukit Ubi/25200 Kuantar ခန်းမ ပြည့်လျှံသွားခဲ့ပါသည်။ ည ၁၁း၂၁ မီနစ် အချိန်တွင် ဆရာတော်၏ တရားပွဲ အစီအစဉ်ကို ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေထက် လင်းစေသော် သုံးကြိမ်ရွတ်ဆိုပြီး ရပ်နားခဲ့ပါသည်။ 

 

နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/

မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့တွင် ဆရာတော် ဦးသုမင်္ဂလ ၏ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ)


မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့တွင် ဆရာတော် ဦးသုမင်္ဂလ ၏ ဓမ္မဒါနတရားပွဲ အစီအစဉ် ကျင်းပပြီးစီး (သတင်း ဓာတ်ပုံများ) ဆရာတော် ဦးသုမင်္ဂလ(ဒယ်အိုး) ဟောကြားမည့် တတိယအကြိမ်မြောက် ဓမ္မဒါနတရားပွဲ အစီအစဉ်ကို မလေးရှားနိုင်ငံအတွင်း အဓိကမြို့များဖြစ်သော ဂျို့ဟိုး ၊ ကွမ်တန်း ၊ အီပို့ ၊ ပီနန် ၊ ကွာလာလမ်ပူမြို့ ၊ မလကာ မြို့များတွင် တရားပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

ဓမ္မဒါန တရားပွဲ အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကိုမြစိုး + မခင်မေကျော်(ရွှေကမ္ဘာ စတိုးနှင့် စားသောက်ဆိုင် ၊ ကိုစည်သူ + မနန္ဒာ (Star Treader Employment Agency) မှ ကြီးမှူးကျင်းပ ပေးခြင်းဖြစ်ပြီး ယနေ့ ၂၀.၁၁.၁၂ အင်္ဂါနေ့တွင် မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့ Dewan Taman Sri Tebru Hall ခန်းမတွင် ဓမ္မဒါနတရားပွဲကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဓမ္မဒါန တရားပွဲအစီအစဉ်ကို ည ၈ နာရီအချိန်တွင် စတင်ခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။ ၎င်းနောက် ဆရာတော်ဘုရားထံမှ သီလခံယူကြပြီး ဆရာတော် ဟောကြားတော်မူသော တရားတော်ကို နာယူခဲ့ကြပါတယ်။ ဆရာတော် ဟောကြားရာတွင် ဗုဒ္ဓဟောကြားတော်မူသော တရားတော်များနှင့် ၊ လိုက်နာပြုပြင်သင့်သော အရာများကို တရားတော်လာရောက် နာယူကြသော ဗုဒ္ဓဘာသာဝင်များအား ဆုံးမဟောပြောခဲ့ပါသည်။ 

ယင်းနောက် တရားနာ ပရိတ်သတ်များအား ၁၅ မီနစ်ခန့် တရားထိုင်စေပြီး ဒုက္ခရောက်နေသော လူသားအားလုံးအတွက် ရည်ရွယ်၍ သစ္စာပြုဂါထာကို တရားနာယူကြသော ပရိတ်သတ်များအား ရွတ်ဆိုစေခဲ့ပြီး (၃၁)ဘုံအား မေတ္တာပို့ အစီအစဉ်ကို ရွတ်ဆိုစေခဲ့ပါတယ်။ မေတ္တာပို့ပြီးစီးသော အချိန်တွင် ဆရာတော်အား လှူဖွယ်ဝတ္ထုကိုဆက်ကပ် လှူဒါန်းရာ မလေးရှားရင်းဂစ် ၃၃၅၁၈ ကို ဆရာတော်၏ တပည့်မှ လက်ခံပေးခဲ့ပါသည်။

၎င်းနောက် ပြုပြုသမျှ ကုလိုလ် ကောင်းမှုများကို ရေစက်ချ အမျှတန်းပေးဝေ ခဲ့ပါသည်။ဆရာတော် ဦးသုမင်္ဂလ၏ ဓမ္မဒါန တရားပွဲအစီအစဉ်ကို မလေးရှားနိုင်ငံ ဂျို့ဟိုးမြို့မှ ရွှေမြန်မာ ဗုဒ္ဓဘာသာဝင်များမှ ကားအကြိုအပို့များဖြင့် တရားတော် လာရောက်နာယူကြပြီး Dewan Taman Sri Tebru Hall ခန်းမအထဲအပြင်တွေမှာ ပြည့်လျှံသွားခဲ့ပါသည်။ ဆရာတော်တရားပွဲ အစီအစဉ်ကို ဗုဒ္ဓ သာသနံ စိရံ တိဌာတု သုံးကြိမ်ရွတ်ဆိုပြီး ည ၁၁ နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

 

နေဇော်လင်း
(သတင်း၊ဓာတ်ပုံ)
Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/