Friday, July 9, 2010

အများနှင့်ဆိုင်သည့် ဆိုက်ဘာ လုံခြုံရေး Local site-2


ကွန်ပျူတာနည်းပညာကို အသုံးပြုရင်း ဆိုက်ဘာသက်တမ်းရလာတဲ့ ကျွန်တော် တို့ရဲ့ နေ့စဉ်ဘ၀မှာ သတိထားအရေးပေးသင့်တဲ့ ပုဂ္ဂိုလ်ရေး၊ ဒါမှမဟုတ် လုပ်ငန်း အတွင်းဆိုင်ရာ လုံခြုံရေးစတဲ့ အကြောင်းအရာတွေ ရှိလာပါပြီ။ ဒါကြောင့်မို့ ဒီတစ်ပတ် အိုင်တီ လုံခြုံရေးတွေထဲက သိထားသင့်တာတွေအပိုင်း(၂)အဖြစ် ဖော်ပြလိုက်ပါတယ်။

အသုံးပြုသူဆိုင်ရာလုံခြုံရေး (၂)

ဥကအူသသု အီးမေးလ်၊ ၀က်ဘ်အီးမေးလ်တွေသာမက facebook ခေါ်တဲ့ social networking ၀က်ဘ်ဆိုက်တွေအထိပါ အသုံးပြု နေတဲ့ ခေတ်ကြီးမှာ သတိမထားမိတဲ့အမှားတွေ ရှိနေပါတယ်။ ဆိုက်ဘာအတွေ့အကြုံနည်းနေတဲ့ ပြည်တွင်းအင်တာနက် အသုံးပြုတဲ့ သူတွေရဲ့ အမြင်မှာ လုံခြုံမှုကျိုးပေါက်တိုင်း ၀န်ဆောင်မှုပေးနေတဲ့ သူတွေကိုသာ အာရုံမဲ အပြစ်တင်တတ်ကြပါတယ်။ ဒါကြောင့် အသုံးပြုပိုင်းနဲ့ ပတ်သက်ပြီး အင်တာနက် အီးမေးလ်ဆိုင်ရာ လုံခြုံရေးတချို့ကို ဖော်ပြလိုက်ပါတယ်။


ကိုယ်တိုင်အမြဲသတိထား

၁။ အင်တာနက်နဲ့ အီးမေးလ်တွေအသုံးပြုနေသူဟာ ပထမဦးဆုံးလုပ်သင့်တာက ကွန်ပျူတာဗိုင်းရပ်စ်နဲ့ လုံခြုံမှုကာကွယ်ရေး (Anti vurus & Security Protection) ဆော့ဖ်ဝဲတွေကို အသုံးပြုရပါမယ်။ ပြည်တွင်းမှာလည်း အလွယ်တကူ ၀ယ်ယူရရှိနိုင်တာမို့ ပထမ ဦးဆုံးဆောင်ရွက်သင့်ပါတယ်။ ဒါတွေကို အရင်ဆုံးဝယ်ယူတပ်ဆင်ပြီး မိမိကွန်ပျူတာတစ်ခုလုံး ကွန်ပျူတာဗိုင်းရပ်စ် ကင်းစင်သွား အောင် scan လုပ်ပစ်လိုက်ပါ။ ဒါမှ ID Theft လို့ခေါ်တဲ့ rootkit နဲ့ keystoke logger တွေ အကုန်နီးပါးကင်းစင်သွားမှာပါ။ ဒါပေမယ့် အခမဲ့ရရှိတဲ့ Antivirus Software တွေမှာ အလုံးစုံကာကွယ်နိုင်ဖို့ ပြည့်စုံတဲ့ feature တွေမပါဝင်ပါဘူး။ ဒါကြောင့်မို့ ၀ယ်ယူသုံးစွဲ လိုက်ပါ။

၂။ ကွန်ပျူတာကွန်ရက်တိုက်ခိုက်ခံရမှုအများဆုံးမှာ အီးမေးလ်က တစ်ဆင့် ကူးစက်ဝင်ရောက်တိုက်ခိုက်တတ်ပါတယ်။ အီးမေးလ် လက်ခံရရှိသူက ကွန်ပျူတာဗိုင်းရပ်စ်ဆော့ဖ်ဝဲကို အမှတ်တမဲ့ဖွင့်မိရင်း မိမိအီးမေးလ် ကွန်ရက်တွင်းက သူငယ်ချင်းတွေဆီ ဗိုင်းရပ်စ် ပါတဲ့ အီးမေးလ်တွေကို အလိုအလျောက် ပေးပို့တတ်ပါတယ်။ လက်ခံရရှိသူကလည်း လိပ်စာနာမည်က ကိုယ်နဲ့သိနေတဲ့ အတွက် ဖွင့်ဖောက်မိရင်း ဆက်လက်ကူးစက်ခံရပါတယ်။ ဒါကြောင့် Anti virus & Security Protection ဆော့ဖ်ဝဲတွေကို ၀ယ်ယူအသုံးပြုပါ။

ဖိုးဝလုံး
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၇၃)

0 comments: