Thursday, July 15, 2010

ဆိုက်ပရပ်တွင် ကျင်းပရန် စီစဉ်ထားသော ဖျော်ဖြေပွဲ ဖျက်သိမ်းခဲ့မှုကြောင့် ဂျနီဖာလိုပက်ဇ် ဒေါ်လာသန်း ၄၀ ကျော် လျော်ကြေးပေးရဖွယ်ရှိ

ဆိုက်ပရပ်ကျွန်း မြောက်ဘက်ရှိ တူရကီအမျိုးသားပိုင် ဟိုတယ်တွင် ကျင်းပရန် စီစဉ်ထားသောတေးဂီတ ဖျော်ဖြေပွဲအစီအစဉ်အား ဖျက်သိမ်းခဲ့မှုကြောင့် ကမ္ဘာကျော်အဆိုတော် ဂျနီဖာလိုပက်ဇ်အနေဖြင့် လျော်ကြေးငွေဒေါ်လာ သန်း ၄၀ ကျော် ပေးလျော်ရမည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။


တူရကီနိုင်ငံဘက်မှ ပိုင်ဆိုင် ထားသည့် ဆိုက်ပရပ်ကျွန်းမြောက်ဘက်တွင် တည်ရှိသော ကာစီနိုဟိုတယ်တစ်ခုတွင် ဇူလိုင်လ ၂၄ ရက် နေ့၌ ကျင်းပရန် စီစဉ်ထားသည့် တေးဂီတဖျော်ဖြေပွဲကို ဂျနီဖာလို ပက်ဇ်ဘက်မှ အကြောင်းပြချက် တစ်စုံတစ်ရာမျှ မပေးဘဲ ဖျက်သိမ်းခဲ့သဖြင့် နစ်နာကြေးဒေါ်လာ ၃၅သန်း မှ သန်း ၄၀ အတွင်း ရရှိရန် တရား ဥပဒေအရ တောင်းဆိုသွားမည်ဟု သတင်းဌာနများသို့ ပြောဆိုခဲ့သည်။


၄၁ နှစ်မြောက် မွေးနေ့အထိမ်း အမှတ်အဖြစ် ဂျနီဖာလိုပက်ဇ်သည် တူရကီနှင့် ဂရိတို့ပိုင်ဆိုင်ထားသည့် ကျွန်းပေါ်တွင် ဖျော်ဖြေပွဲကျင်းပရန် သဘောတူညီခဲ့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးဆိုင်ရာဝေဖန်မှု များနှင့် ရင်ဆိုင်လာရသောကြောင့် ဂျနီဖာလိုပက်ဇ်သည် အဆိုပါဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ သူမ၏ ပြောရေးဆိုခွင့်ရှိသူက ယခုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ဂျနီဖာလိုပက်ဇ်သည် တူရကီနှင့် ဂရိ တို့အကြား အငြင်းပွားမှုဖြစ်ပေါ်နေ သော ကျွန်းပေါ်တွင် ဖျော်ဖြေပွဲကျင်းပရန် အခက်အခဲရှိသောကြောင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။

0 comments: