Thursday, July 8, 2010

ဂျာမနီအသင်း၏ပွဲစဉ်များကို ရာနှုန်းပြည့်မှန်ကန်အောင် ခန့်မှန်းပေးခဲ့သည့် ရေဘဝဲ "ပေါလ်" ဆီမီးဖိုင်နယ်အတွက် စပိန်အသင်းကိုရွေးချယ်

paul1

ယခု ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်း၏ အနိုင်အရှုံးရလဒ်များကို ရာနှုန်းပြည့် မှန်ကန်အောင် ခန့်မှန်းပေးထားခဲ့သည့် ရေဘဝဲ ပေါလ်သည် လာမည့် ဆီမီးဖိုင်နယ်ပွဲစဉ် ဂျာမနီ-စပိန် ပွဲအတွက် စပိန်အသင်းကို ရွေးချယ်လိုက်ကြောင်း သိရှိရသည်။ပေါလ်သည် ဂျာမနီအသင်း၏ ပွဲစဉ်များဖြစ်သည့် သြစတြေးလျ၊ ဂါနာ၊ အင်္ဂလန်နှင့် အာဂျင်တီးနားတိုနှင့် ပွဲများတွင် ဂျာမနီအသင်းကို အနိုင်ရမည့်ဘက်မှ ခန့်မှန်းခဲ့ပြီး ဆားဘီးယားနှင့်ပွဲတွင် ဂျာမနီအသင်း ရှုံးနိမ့်မည့်ဘက်မှ ခန့်မှန်းခဲ့ဘူးသည်။ ထို့အပြင် ပြီးခဲ့သည့် ယူရို ၂၀၀၈ ပြိုင်ပွဲတွင်လည်း ဂျာမနီအသင်း၏ ပွဲ ၇၀ % ကို မှန်ကန်အောင် ခန့်မှန်းပေးခဲ့ဘူးသည်။ ယခုပွဲစဉ်အတွက် စပိန်အသင်းကို ရွေးချယ်ခဲ့သည့်အတွက် ဂျာမနီတစ်နိုင်ငံလုံး စိတ်ပျက်လျှက်ရှိသည်။

paul2

1 comments:

ကိုဇော် said...

ကွက်တိပဲဟေ့. .