Saturday, July 10, 2010

world Cup ချန်ပီယံ စပိန် ဖြစ်မည် ဟု ရေဘဝဲလေးမှ ဟောလိုက်ပြီ

World Cup final: Paul the psychic octopus predicts Spain will beat Holland
Paul the psychic octopus has predicted Spain will beat Holland and win World Cup 2010 while Germany shall be triumphant in the third and fourth place play-off.




By Tim Hart


Published: 10:59AM BST 09 Jul 2010

လာမည့် Monday မြန်မာစံတော်ချိန် 1:00 am တွင် စတင်မဲ့ Spain နှင့် Holland အသင်း
အတွက် အနိုင်အရှုံးအဖြေပေါ်ထွက်နေပြီဆိုရင် စာဖတ်သူတို့ ဟားတိုက်နေလောက်ပါမည်

Paul လို့အမည်ပေးခြင်းခံရတဲ့ octopus ( ရေဘဝဲ )လေးတစ်ကောင်ကတော့ Spain အသင်း
နိုင်မည်ကို 10:59AM BST 09 Jul 2010 တွင် သရုပ်ပြခဲ့ပါသည်။
၎င်း ရေဘဝဲသည် နှစ်နှစ်ကြာကြာ အမှားကင်းစွာ အနိုင်အရှုံးရလဒ်တွေကို ဖော်ပြနိုင်ခဲ့
တယ်လို့လည်း သိရပါတယ်။ ထို ရေဘဝဲ လေးအား ဂျာမနီ နိုင်ငံမှ မွေးစားထားတာဖြစ်ပါတယ် ။ ယခုနှစ် World Cup ရာသီတွင်လည်း ပေါလ်ဟာ ပွဲစဉ်တစ်လျှောက် Germany ၏ ရလဒ်များကို Serbia ,Spain တို့နှင့်ယှဉ်ပြိုင်သည့် semi-finals ထိတိုင် မှန်ကန်စွာ ဖော်ပြနိုင်ခဲ့ပါတယ် ။ Spain အသင်းနှင့် မယှဉ်ပြိုင်သည်အထိ Paul
ရေဘဝဲအား German ပြည်သူလူထုမှ တခဲနက် ချီးကျူးထောပနာပြုနေကြပါသေးတယ်.
German Vs Spain ပွဲစဉ်ပြီးနော် Spain နိုင်ပြီးနောက်ပိုင်းမှာ Spain ဝန်ကြီးချုပ်
Prime Minister Jose Luiz Rodriguez Zapatero မှ " အင်း.. ပေါလ် (ရေဘဝဲ ) ကိုတော့
ဘော်ဒီဂါတ်တွေနဲ့တောင် ထားရတော့မယ်နဲ့တူပါတယ်
" ဟူ၍ပင် နောက်ပြောင်ခဲ့ပါတယ်။
"သူ့အတွက် ကျနော်တွေးထားပါတယ် .သူ့ကို ဘေးရန်ကင်းတဲ့နေရာမှာ ထားဖို့ စိတ်ကူးလိုက်
ပါပြီ
" ဟု ဝန်ကြီးချုပ်က ထပ်မံပြောခဲ့ပါတယ်။
စပိန်ပိုင်နက်နယ်မြေ ရေလုပ်ငန်းဦးစီးဥာန ဝန်ကြီးချုပ် minister Elena Espinosa မှလည်း
ပေါလ် အား ကာကွယ်ဖို့ ကျိန်တွယ်ပြောကြားခဲ့တယ် ဆိုပဲ..
" တင်္နလာနေ့ရောက်ရင်တော့ ကျနော် ဥရောပ သမ္မဂ ကောင်စီ ကိုသွားပြီး ငါးမဖမ်းရတား
မြစ်ချက် အဆိုကို တောင်းမှာပါ။ ဒါမှ ပေါလ်ကို ဂျာမန်တွေ မစားနိုင်တော့မှာလေ
" ဟု သူ့အ
စီအစဉ်ကို ထပ်လောင်းပြောကြားသွားပါတယ်..
ပေါလ် ဟာ တတိယနေရာလုပွဲအတွက်တောင် ဟောကိန်းထုတ်ခဲ့ပါသေးတယ် .
သူ့ရဲ့လက်တံတွေက Germany ပုံးအားဖွင့်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ သူ၏မွေးစား
နိုင်ငံ ဂျာမနီမှ Uruguay အား နိုင်မည်ဆိုသည်ကို မိနစ်အနည်းငယ်အတွင်းမှာ သူဆုံးဖြတ်
ပေးခဲ့ပါတယ် ..

ဒီနေရာ မှာ ပေါလ် ဟောခဲ့တဲ့ ဘောလုံးပွဲစဉ် အဖြေ ၆ခုကို ပရိတ်သတ်များကြည့်ရှုနိုင်ပါတယ်...

သူတစ်ကယ် မှန်မမှန် ဆိုတာကိုတော့ ကျနော်တို့ ဆက်လက်စောင့်မျှော် ကြယုံပေါ့ ..
သူလုပ်ပေးလို့ ပြိုင်ပွဲမှာ နိုင်သွားတဲ့ လောင်းထားသူတွေကတော့ ပေါလ်ကို ကျေးဇူးတင်နေ
ကြလေရဲ့ ..ဝါသနာရှင် ဘောလုံးချစ်သူ လောင်းသူများအတွက် သတင်းလေးတစ်ခု
ဖြစ်မယ်ဆိုရင် ကျေနပ်ပါတယ်..
ဘောလုံးဝါသနာရှင် အားလုံး ပျော်ရွှင်ကြပါစေ..

ချောကလက်မြို့သူ /သား သူငယ်ချင်းများအား ခင်မင်လေးစားလျှက်..
" ဝက်ဝံလေး "

1 comments:

Crystal said...

ရင်ခုန်စရာကောင်းတယ်။