Wednesday, July 21, 2010

နဂါးမီးလုံး (Naga Fireballs)



နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ လပြည့်နေ့ရောက်ပြီဆိုရင် ထိုင်းနိုင်ငံနှင့် လောနိုင်ငံကြားမှာရှိတဲ့ မဲခေါင်မြစ်ထဲမှ ထူးဆန်းစွာ ကြက်ဥလုံးခန့်ရှိတဲ့
အနီရောင်မီးလုံးတွေ က ရေထဲမှ ကောင်းကင်ပေါ်သို့ ပေပေါင်းများစွာကို
အရှိန်နဲ့ ထိုးထက်သွားတာမျိုး ဖြစ်ပေါ်တယ်လို့ သိရပါတယ်။


ထိုအချိန်ရောက်ပြီဆို ထောင်ပေါင်းများစွာသော လူတွေဟာ ထိုမြင်ကွင်းကို
ကြည့်ဖို့အတွက် မြစ်ကမ်းပါးကိုစုပြုံပြီး ရောက်ရှိလာကြပါတယ်။
ထိုပွဲတော်ကိုတော့ Phayanak ပွဲတော်လို့ခေါ်ပါတယ်။


ပါးစပ်သမိုင်းများအရကတော့
ဗုဒ္ဓမြတ်စွာ ဘုရားဟာ နတ်ပြည် မှ ကမ္ဘာမြေကြီးကို ပြန်လာခြင်းကို ရေအောက်မှာရှိတဲ့ နဂါးကြီးက ကြိုဆိုတဲ့အနေနဲ့ မီးလုံးတွေ
မှုတ်ထုတ်တာလို့ဆိုပါတယ်။ ဒဏ္ဍာရီများအရကလည်း ထိုအမီးလုံးတွေကို မှုတ်ထုတ်တာ
နဂါးကြီးမင်း ဖြစ်တယ်လို့ဆိုပါတယ်။ ထိုနားမှာ နေထိုင်တဲ့ လူတွေဟာလည်း
ယခုချိန်ထိ




ထိုမြစ်အောက်မှာ နဂါးရှိတယ်လို့ ယုံကြည်ထားကြသူတွေဖြစ်ပါတယ်။ ပြီးတော့ ထိုနဂါးဟာ ဗုဒ္ဓဘုရားထံမှာ ခစားနေတဲ့
နဂါးမင်းဖြစ်တယ်လို့လည်း လက်ခံထားကြသူတွေဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Nong
Khai ခရိုင်မှာ အောက်တိုဘာလ လပြည့်နေကိုရောင်လာရင် မီးလုံးတွေဟာ
သဘာဝအလျှောက် တက်လာကြတာဖြစ်ပါတယ်။ နောက်ပြီးတော့ Nong Khai မြို့မှာ ရှိတဲ့
Wat Pho Luang Phra Sai ခေါ်သော ဗုဒ္ဓကျောင်းဆောင်မှာလဲ
ကျောက်ဖြစ်ရုပ်ကြွင်းများဖြစ်တဲ့ နဂါးအရိုး နဂါးဥ နဂါးသွား
တို့ရှိတယ်လို့ဆိုပါတယ်။ ထို နဂါးမှုတ်တဲ့မီးလုံးတွေကို
လာကြည့်တဲ့သူတွေဟာလည်း တကယ်ဘဲနဂါမှုတ်တာလို့ လက်ခံကြသလို မယုံတဲ့သူတွေဟာလည်း
ငြင်းလို့မရဘဲ လက်ခံကြရပါတယ်။ ထိုမြစ်ဟာ မီတာ ၇ဝဝ အကျယ်ရှိပါတယ်။
အငြင်းသန်တဲ့သူတွေကတော့ ဒီကိစ္စဟာ နဂါးမဟုတ်ဘူး နဂါးက
ဒီလိုမီးလုံးတွေမှုမထုတ်ဘူး မီးတောက်ဘဲ မှုတ်ထုတ်တာလို့လည်း ငြင်းကြပါတယ်။
သိပ္ပံပညာအရကတော့ ထိုကိစ္စဟာ သတ္တဝါတစ်ကောင်မှုတ်ထုတ်တာမဟုတ်ဘဲ သဘာဝ ဂစ် ငွေတွေ
မီးလောင်ပြီး အပေါ်ကိုတက်တာလို့ဆိုပါတယ်။ သို့သော်လည်း ဂစ်ငွေ့ တွေဟာ
အောက်တိုဘာလပြည့်တကြိမ်း ဘဲမီးလောင်တာလားလို့မေးစရာရှိလာပါတယ်။
မည်သို့ပင်စေ ကမ္ဘာပေါ်မှာ သိပ္ပံပညာရှင်တွေ ဖြေရှင်းလို့ မရတဲ့ ထူးခြားသော
သဘာဝတရား ၁၃ ခုထဲမှာ ထို နဂါးမီးလုံးများ (Naga Fireballs) ဆိုတာကလည်း
တစ်ခုအပါအဝင်ဖြစ်နေပါသေးတယ်။
သူငယ်ချင်းတို့ကတော့ youtube ထဲကနေ လောလောဆယ်ကြည့်လိုက်ပေါ့ဗျာ အဝေးကရိုက်ထားတဲ့ဗီဒီိယိုကလစ်လေး ဖြစ်ပါတယ်
ဂရုစိုက်ကြည့်ရင်တော့ မြင်ရမှာဖြစ်ပါတယ်


1 comments:

မုန်တိုင်း said...

ညီလေးရေ
တော်တော်လေ့လာထားလို့ အသိတောင်နောက်ကျနေပြီကွ