Wednesday, June 9, 2010

အမေရိကန်ဘောလုံးအသင်းအား သမ္မတအိုဘားမားတွေ့ဆုံအားပေး

သမ္မတ ဘာရတ်အိုဘားမားကိုယ်တိုင် အားပေးခဲ့မှုက မိမိတို့ အမေရိကန် လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားတွင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မည့် တွန်းအားတစ်ရပ် ဖြစ်စေခဲ့ကြောင်း ဂျိုနသန်စပက်တာက ပြောကြားလိုက်သည်။ ၀က်စ်ဟမ်းယူနိုက်တက် ခံစစ်မှူးက ၎င်းတို့အား သမ္မတက တောင်အာဖရိကသို့ မထွက်ခွာမီ အိမ်ဖြူတော်သို့ ဖိတ်ကြားကာ အကောင်းဆုံး ပြိုင်ပွဲဝင်နိုင်စေရန် ဆုမွန်ကောင်း တောင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်၏ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ခဲ့သူ စပက်တာက “ကျွန်တော်တို့အားလုံး သမ္မတကြီးအပြင် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့နဲ့ပါ တွေ့ခွင့်ရခဲ့ပါတယ်”ဟု ၎င်း၏ အတွေ့အကြုံအား ပြောကြားခဲ့သည်။ “ဒါဟာ ကြီးကျယ်တဲ့ ချီးမြှောက်မှုပါပဲ။ သမ္မတကြီးက ကျွန်တော်တို့အသင်းကို အကောင်းဆုံး အားပေးပါ့မယ်လို့တောင် ကတိပေးလိုက်သေးတယ်”ဟု စပက်တာကဆိုသည်။ အမေရိကန် လက်ရွေးစင်အသင်းသည် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ လက်ရှိအစိုးရအဖွဲ့ ထိပ်တန်းပုဂ္ဂိုလ်များနှင့်အတူ အိမ်ဖြူတော်တွင် အမှတ်တရ ဓာတ်ပုံအရိုက်ခံခဲ့သေးသည်။ စပက်တာက ၎င်းသည် သမ္မတကြီးမှာ ၀က်စ်ဟမ်းယူနိုက်တက် ပရိသတ်တစ်ဦးဆိုသော ကောလဟာလများမှာ အမှန်ဟုတ်မဟုတ် မေးခွင့်မရလိုက်ကြောင်းလည်း ပြောကြားခဲ့သည်။ “သူ့ကို ခဏလောက်ပဲ မြင်ခဲ့ရတယ်။ သမ္မတကြီးက တော်တော်အလုပ်များတာပဲ”ဟု စပက်တာကဆိုသည်။

United States Football Team

ဖူလ်ဟမ်အသင်းတွင် ကစားဖူးသည့် လက်ရှိအမေရိကန် အသင်းခေါင်းဆောင် ကားလို့စ်ဘိုကန်နီဂရာက “သမ္မတနဲ့ တွေ့ခွင့်ရတာ ကျွန်တော်တို့အတွက် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ရပ်တစ်ခုပါ။ တကယ်လည်း အသင်းအတွက် အကျိုးရှိစေပါတယ်”ဟု သုံးသပ်ခဲ့သည်။ အမေရိကန် လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလား ပွဲဦးထွက်အဖြစ် နာမည်ကြီး အင်္ဂလန်အသင်းနှင့် ဇွန်လ(၁၂)ရက်နေ့တွင် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်သည်။

0 comments: