Wednesday, June 5, 2013

မလေးရှားတွင် ယနေ့မှ စတင်၍ ဖမ်းဆီးနေပြီ

 

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ မလေးရှားနိုင်ငံအတွင်း မြန်မာအများစု တည်ရှိသော နေရာများကို အော်ပရာဇီ (အဖမ်းအဆီး) ဝင်မည်ဖြစ်ကြောင်း အသိပေး ထုပ်ပြန်ထားပါသည်။ ယနေ့ 5.6.2013 ဗုဒ္ဓဟူးနေ့ အခြေအနေမှာ .... နေ့လည်ဖက်တွင် Selayang ဈေးကြီး တစ်ဝိုက်အောက်ပိုင်းကို မလေးရှား အာဏာပိုင်းများ စတင်ပိတ်ဆို့စစ်ဆေးနေပြီး ယနေ့ 5.6.2013 ဗုဒ္ဓဟူးနေ့ ပြီးခဲ့တဲ့ 11 နာရီက မလေးရှားကွာလမ်ပူမြို့လယ် မြန်မာဆိုင်တန်းများနေရာကို အထူးဖမ်းဆီးရေး အဖွဲ့လိုက် ဖမ်းသွားပြီး ယခု မြန်မာများ နေထိုင်ရာ နေရာများတွင် ပိုက်စိမ်တိုက် ဖမ်းဆီးရေးအဖွဲ့များ စတင်ဖမ်းဆီနေကြောင်း မလေးရှားရာက် မြန်မာများအဖွဲ့မှ သတင်းရရှိပါသည် ။ 

အချုပ်ကား (၈)စီးဖြင့် အဖမ်းခံရသော လူများကို တင်ဆောင်သွားခဲ့သည်။ ယခုဖမ်းဆီးမှုများတွင် မလေးရှားတာဝန်ရှိသူများမှ တရားဥပဒေနှင့်အညီ လုပ်ဆောင်မည် ဖြစ်ပြီး ယခုလတ်လောတွင် အချုပ်ထဲထည့်မည် ဖြစ်ကြောင်း သိရှိရသည်။ ပထမဦးဆုံး မလေးရှား ကွာလာလမ်ပူတွင် ဖမ်းဆီးမှု့ အကြီးစား အပြီ ယခု ဆလာရန်းဈေး အား စတင်ဝိုင်း ထားပြီဖြစ်ပါသည် ။ 

ယနေ့ဖမ်းဆီးမှု့များ အားလုံးသည် မြန်မာနိုင်ငံသားမျာ ကြားဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုင်ခိုက်မှု့များအပေါ် ထိန်းချုပ်ကိုင်တွယ်နိုင်ရန် အတွက်နှင့် နိုင်ငံတကာမှ ဖိအားများဖြစ်မလာခင် မလေးရှား အာဏာပိုင်များစတင် အရေးယူနေသည်ဟု ယူဆရပါသည်။ 

 အောက်ပါနေရာတွင် အပြည့်အစုံ ဝင်ရောက်ဖတ်ပါရန် ..... http://www.malaysiaonlineradiomedia.com/2013/06/blog-post_7645.html

1 comments:

Anonymous said...

A pink round bassinet with pink decorative bed
linen can really look stunning any time of the day
or night. In choosing a pram, first of all you need to make a decision as to what features you
want. Check also for features like water- or flame-resistance.



my homepage :: www.homeopatias.org