Saturday, June 8, 2013

မလေးရှားတွင် ဖမ်းဆီးမိသော မြန်မာများထဲမှ အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ

 

 ခေါ်ယူစစ်ဆေးခံနေရသော မြန်မာ ၁၀၀၀ ကျော်အထိ ရှိနေပြီး အထောက်အထား မခိုင်လုံသူများ ထောင်ကျခံရဖွယ်ရှိ 

The Star သတင်းဌာန၏ ၀က်ဘ်ဆိုက်တွင် ဇွန် ၆ ရက်က သတင်းကို ဖော်ပြထားပုံ ဇွန် ၅ ရက် မလေးစံတော်ချိန် နံနက် ၁၁ နာရီခန့်မှစ၍ မြန်မာအများအပြား နေထိုင်သော အမ်ပန်း၊ ချရတ်၊ ဆလာရန်း ဒေသများတွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇွန် ၆ ရက်တွင် မြန်မာလူမျိုး ၁၀၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း မလေးရှား သတင်းဌာန တစ်ခုဖြစ်သော The Star တွင် ဖော်ပြထားသည်။ 

The Star သတင်းဌာနက မလေးရှား၌ ယခုဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများနှင့် ဆက်စပ်နေကြောင်း ကွာလာလမ်ပူ ဒုတိယရဲချုပ်အာမာဆင်းက ပြောကြားခဲ့သည်။

 ခေါ်ဆောင်သွားသူများအား ဖမ်းဆီးထားခြင်း မဟုတ်ဘဲ အထောက်အထား ခိုင်လုံမှု ရှိမရှိကို စစ်ဆေးနေခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူ ကိုကျော်ဦးက ''အခု ဖမ်းထားတဲ့လူတွေမှာ အထောက်အထား မရှိတဲ့ လူ ၉၀၀ ကျော်လောက်ရှိတယ်။ သူတို့ကို ထောင်လေးလကနေ ခြောက်လလောက်အထိ ချနိုင်တယ်။ 

သူတို့ကို ထောင်ချလို့ လွတ်ရက်စေ့ရင် မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ် ၀ယ်ပေးရမယ်။ မ၀ယ်ပေးနိုင်ရင်တော့ သူတို့ကို ထိန်းသိမ်းရေးစခန်းကို ပို့လိမ့်မယ်။ ထိန်းသိမ်းရေးစခန်းမှာ လာရွေးမယ့်လူ မပေါ်မချင်း နေရာမှာပဲ တချို့ဆိုရင် တစ်နှစ်ကျော်လောက် နေရတယ်။ နောက်ဆုံး UN လက်မှတ်ထုတ်ပေးမှပဲ ထွက်ခွင့်ရသွားတာ'' ဟု Eleven Media Group သို့ ပြောပြသည်။ 

ဆက်လက်ဖတ်ရန် .............  

1 comments:

Anonymous said...

"Hello, we have a client who is looking for Myanmar bloggers for an education campaign.
It's an event organized by Malaysia's leading telco giant to facilitate skills and talent development in Myanmar targeted at
Secondary school, Pre-U and Uni students as well as working adults seeking working opportunities with a company like Axiata.
Time not sure yet. next month probably. There will be incentive given for your participation."
Would you be interested? Hope to hear from you soon!