Sunday, October 9, 2011

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့်အခြေအနေများသို့ ဦးတည်သွားမည် ဖြစ်ကြောင်း CPI ဥက္ကဋ္ဌ ခြိမ်းခြောက်


တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှို(ဓါတ်ပုံ - Bloomberg News)

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီဆိုသော သတင်းနှင့်ပတ်သက်ပြီး တရုတ် အစိုးရသတင်းဌာန ဆင်ဟွာ က တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှိုကို မေးမြန်းခဲ့ရာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဆိုခြင်းမှာ တည်ဆောက် မှုများ ရပ်ဆိုင်းသည်ဟုဆိုလိုပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။

ရပ်ဆိုင်းမည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဆက်သွယ်အကြောင်းကြားခဲ့ခြင်း မရှိကြောင်း၊ အထူးပင်အံ့အားသင့်မိကြောင်း လူကျိရှိုက ပြောကြားသွားခဲ့သည်။

အောက်တိုဘာလ ၃ ရက်နေ့တွင်ဆင်ဟွာက စီမံကိန်းရပ်လိုက်ပါက မည်သို့ဖြစ်လာနိုင်သည်ဆိုခြင်းကို မေးမြန်းရာတွင် လူကျိရှို က မြန်မာနှင့်တရုတ်သည် ယခုနှစ် အစောပိုင်းတွင် သဘောတူညီမှုတစ်ခုရခဲ့ပြီး နှစ်ဖက်ဘဏ်များက တရုတ် ယွမ်ငွေဖြင့် ချေးငွေသဘောတူညီချက်တစ်ခုကို လက်မှတ်ထိုးခဲ့ကြောင်း၊ ချေးငွေပြန်ဆပ်မည်ကို အာမခံသည့်အနေဖြင့် မြန်မာအစိုးရဘက်က မြစ်ဆုံရေအားလျှပ်စစ်စက်ရုံအတွက် ရရှိသောရှယ်ယာများဖြင့် အာမခံခဲ့ကြောင်း၊ယင်းမှရရှိရန် မျှော်လင့်ထားသည်များကို ချေးငွေပြန်ဆပ်ရန် အဓိကရင်းမြစ်အဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊ မြစ်ဆုံစီမံကိန်းရပ်လိုက်ပါက ချေးငွေသဘောတူညီချက် ချမှတ်မှုအပေါ် ဆိုးဆိုးရွားရွားသက်ရောက်နိုင်ကြောင်း သတိပေးခဲ့သည်။


၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် မြစ်ဆုံစီမံကိန်းကိုစတင်ခဲ့ပြီး ဆည်ဧရိယာတွင် နေရာရွှေ့ပြောင်းမှုများ မှာ ပြီးစီးပြီဖြစ်သည်ဟု လျူက ဆိုသည်။ပြင်ဆင်မှုများဖြစ်သော လမ်းတည်ဆောက်မှု၊ သောက်သုံးရေ ထောက်ပံ့မှု၊ လျှပ်စစ်ထောက်ပံ့မှု၊ ဆက်သွယ်ရေးနှင့်မြေနေရာညှိခြင်းများ အပြည့်အ၀စတင်တင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။လမ်း၊ ရေသန့်စက်ရုံ၊ ဆီသိုလှောင်ရုံတို့မှာ ပုံကြမ်းပေါ်နေပြီဖြစ်ပြီး ပင်မရေလွှဲပြွန် နှင့်လမ်းလွှဲစနစ်များအတွက် တူးဖော်မှုများ စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံအတွက်သာ အကျိုးရှိမည်ဟုသတင်းများထွက် ပေါ်နေသည့်အပေါ် ဆင်ဟွာကမေး မြန်းခဲ့ရာတွင်လည်းဆည်ကြီးမှာ နှစ် ၁၀၀ကျော်ခံမည်ဖြစ်သောကြောင့် မိမိ တို့ နှစ် ၅၀ သုံးပြီးမြန်မာကို လုံး ၀လွှဲပေးသောအခါ မြန်မာအစိုး ရသည် အမေရိကန်ဒေါ်လာ ဘီလျံ ဆယ်ချီပြီးပုံမှန်ဝင်ငွေရတော့မည် ဖြစ် ပြီး တိုက်ရိုက်စီးပွားရေးအရ အကျိုးအမြတ်ရှိမည်မှာလည်း ဒေါ်လာဘီလျံရာချီနေမည်ဖြစ်ကြောင်း လူကျိရှိုက နောင်အနှစ် ၅၀ ကျော် တွင်မှ အကျိုးအမြတ်ရမည့်အ ကြောင်းကို ပြောသွားခဲ့သည်။

တည်ဆောက်ရေးအမြင့်ဆုံး ရောက်သည့်အချိန်တွင် လုပ်သား လေးသောင်းမျလိုမည်ဖြစ်ပြီး လက်ရှိ တွင်မြန်မာလုပ်သား နှစ်ထောင်အထိ ပင် အလုပ်အကိုင်အခွင့်အလမ်းဖန် တီးပေးထားနိုင်ပြီဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

ဆည်တည်ဆောက်မှုကြောင့် ရေကြီးမှုနှင့် ငလျင်ကဲ့သို့သော အန္တရာယ်များဖြစ်ပေါ်လာနိုင်သည်ဟု စိုးရိမ်မှုအပေါ်အာမခံနိုင်ခြင်းရှိမရှိ မေးမြန်းခဲ့ရာတွင် အနှစ် ၁၀၀ ကျော် ဆည်တည်ဆောက်ရေးလုပ်ငန်း ဖွံ့ဖြိုးသည့်ကာလအတွင်း ဆည်တည်ဆောက်မှုကြောင့် ရေလွှမ်းခြင်း၊ငလျင်လှုပ်ခြင်း မရှိခဲ့ဟု လူကျိရှိုက ဆိုသည်။ သို့ရာတွင် ဆည်ကျိုးသောကြောင့် ရေလွှမ်းနိုင်ခြင်းနှင့် ငလျင်လှုပ်ချိန် ဆည်ကျိုးပါက ဖြစ်လာနိုင်ချေကိုမူ ထည့်သွင်းပြောကြားသွားခြင်းမရှိပေ။

မြစ်ဆုံဆည်၏ ရေလွှမ်းမှုကာကွယ်နိုင်သည့် စံနှုန်းမှာ အနှစ် ၁၀၀၀ လျှင်တစ်ကြိမ်နှုန်းဖြစ်ပြီး ပိုမိုသေချာစေရန် အနှစ်တစ်သောင်း တစ်ကြိမ်အဖြစ် သေချာစွာ ဒီဇိုင်းဆွဲခဲ့ကြောင်းဖြေကြားခဲ့သည်။
သဘာဝပတ်ဝန်းကျင် ပြဿနာနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်လည်း ''လူလုပ်တာမှန်သမျှက သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအချို့တော့ ရှိတာပဲလေ''ဟု ပြောကြားခဲ့ပြီး ဆည်တည်ဆောက်ရေးလုပ်ငန်း ဖွံ့ဖြိုးလာခြင်းနှင့်အတူ သဘာဝပတ်ဝန်းကျင် ကာကွယ်မှုများ အဆင့်မြင့်လာခဲ့ကြောင်း ချေပခဲ့သည်။

အမေရိကန်မှ နှစ် ၈၀ ရှိပြီဖြစ် သော ဟိုးဗားဆည်ကြီးကို ရည်ညွှန်း ပြောသွားခဲ့သော်လည်း ယင်းဆည်ကြီးကြောင့် ကော်လိုရာဒိုမြစ်ဝှမ်းတွင် ဒုက္ခရောက်မှု၊အပင်နှင့်သက်ရှိ မျိုးစိတ်များ မျိုးသုဉ်းကုန်မှုအပါအ၀င် ကြုံတွေ့ခဲ့ရသောပြဿနာများကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ ဘရာဇီး-ပါရာဂွေး ပူးပေါင်းတည်ဆောက်ခဲ့သော အီတေပူဆည်ကြီး၏ အကျိုးရလဒ်များကို ပြောကြားခဲ့သည်။ သို့ရာတွင် ဘရားဇီးက ThreeGorges ဆည်နှင့် အီတေပူ ဆည်ပြီးလျှင် ကမ္ဘာ့တတိယ အကြီးဆုံးဖြစ်လာမည့် ဆည်သစ်ကြီးတစ်ခုကို တည်ဆောက်မည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

Three Gorges Dam ကို ဒီဇိုင်းရေးပေးခဲ့သော Changjiang Institute of Survey,Planning, Design and Research အင်စတီကျု က ဧရာဝတီမြစ်ဝှမ်းအပေါ်ပိုင်း နှင့် မြစ်ဆုံဆည်တည်ဆောက်ရေးဒီဇိုင်း အတွက်တာဝန်ယူပေးခဲ့ခြင်းကြောင့် စိတ်ချရသည်ဟု လူကျိရှိုကပြော ကြားခဲ့သည်။သို့ရာတွင် တရုတ်အစိုးရသည် Three Gorges ဆည်တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာခဲ့သော မျှော်မှန်းမထားနိုင်သည့် ပြဿနာများအတွက် ၀န်ခံခဲ့ပြီး နိုင်ငံတွင်း ဧရာမဆည်ကြီးများ တည်ဆောက်ရေးကို ပြန်လည်သုံးသပ်ခဲ့ပြီးဖြစ်သည်။

ရွှေ့ပြောင်းပေးခဲ့ရသော ဒေသခံများကို တစ်အိမ်ထောင် ငွေတစ်သိန်း၊ရောင်စုံတီဗွီတစ်လုံးနှင့် နှစ်ထပ်သစ်၊အုတ်နှစ်မျိုးသုံးအိမ်တို့ ပေးအပ်ကူညီခဲ့ကြောင်း၊ ကျောင်းများ၊ဆေးရုံများကိုလည်း ကွန်ကရစ်သက်သက်ဖြင့်သာ ဆောက်ထားပြီး ကျောင်းသားများကို ဖတ်စာအုပ်များ၊ယူနီဖောင်းများ၊ စာရေးကိရိယားများ ပေးအပ်ခဲ့ကြောင်းပါ ထည့်ပြောသွားခဲ့သည်။

နောက်ဆုံးအနေဖြင့် တရုတ် စကားပုံနှစ်ခုဖြစ်သည့် ''မျက်မြင်တွေ့ရခြင်းသာ ယုံကြည်ခြင်းဖြစ်သည်'' ဆိုသော စကားပုံနှင့် ''ထင်မြင်ချက်အားလုံးကို တံခါးဖွင့်ထားသူသာ ပညာရှိဖြစ်ပြီး အရူးကမူ သူလိုချင်သည်ကိုသာ သူယုံကြည်သည်'' ဆိုသော စကားပုံနှစ်ခုကို သုံးနှုန်းသွားခဲ့သည်။

Ref;Xinhua,CPI: Mutually Beneficial and Double Winning China-Myanmar Myitsone Hydropower


http://www.news-eleven.com/

Friday, October 7, 2011

ဆရာမျိုးဟန်ကို - 2011, October လ အတွက် ဗေဒင် ဟောစတမ်း

http://api.ning.com/files/mW8NxfD7D-PkZDttT4TXT3W23trJG-EqInIv*PTlWH0RyybPIRllYUtJvSYcaqbFGYpeZF1lTmAGwPbFxDo4qt9AXF7GScJL/name1.gif

ဆရာမျိုးဟန်ကို - 2011, October လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ကိစ္စများ အဆင်ပြေသော်လည်း လုပ်ဖော်ကိုင်ဖက် အချင်းချင်း စကားပြောဆိုမှု အဆင်မပြေပါ။ အလုပ်သစ် နေရာအသစ် ရရှိလာမည်။ သူငယ်ချင်းအသစ် မိတ်ဆွေအသစ်များ ရရှိမည်။ စက်ပစ္စည်းဝင်မည်။ ရွှေဝင်မည်။

ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ကြွေးတင်မည်။ ညီအသစ်ကိုမောင်နှမများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ ခရီးယာယီထွက်ရမည်။ အဝတ်အထည်များဝင်မည်။ သူငယ်ချင်းများနဲ့ ပျော်စရာကောင်းသော ခရီးသို့ ထွက်ရမည်။

ပညာရေး အဆင်ပြေလာမည်။ သူငယ်ချင်းများထံမှ အကူအညီ ရမည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ ချစ်သူဟောင်းထံမှ ဆက်သွယ်လာမည်။ ချစ်သူနှစ်ဦး အတွက်နဲ့ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ သာယာ စကားများနေရသော အချိန်လေးပါ။

ဒီလအတွက် ကျန်းမာရေး ညံ့မည်။ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် မိမိနေအိမ်ဘုရားတွင် ပန်းအနီရောင် ၇ ပွင့်ကို လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ 0 5 6 2

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ ရပ်တန့်နေသော စီးပွားရေး လုပ်ငန်းများ ပုံမှန်လည်ပတ်လာမည်။ အလုပ်အသစ်တွေ လုပ်ဆောင်ရမည်။ သူငယ်ချင်းမိတ်တွေများထံမှ ကူညီပေးမှု ရမည်။ လုပ်ငန်းဆောင်တာ ကိစ္စများ အကြံညဏ်ပေးသူ ကူညီပေးသူများ ရှိလာမည်။

ငွေကြေးကိစ္စများ အဆင်ပြေမည်။ ချေးဌားထားသော ငွေကြေးများ ပြန်ရမည်။ ငွေဝင်သော် အနည်းငယ် ကုန်ကျမှု ရှိနေပါသည်။ စက်ပစ္စည်း အဟောင်းဝင်ပါက မကောင်းပါ။ဘာသာရေး လုပ်ငန်းများ ကိစ္စများ ပြုလုပ်ရမည်။ ရွှေထွက်မည်။ ခရီးယာယီများ မကြာခဏ သွားရမည်။ လူမှုရေးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။

ပညာရေး ကံကောင်းနေသော ပုံမှန်ကံကောင်းလာမည်။ အကူအညီပေးသူ ပေါ်မည်။

ယခုလတွင်း အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ အချစ်ရေးကြားလူ ဝင်နှောက်ယှက်ခံရမည်။ အိမ်ထောင်ရေးကိစ္စများ မကြာခဏ စကားများနေမည်။

ယခုလ အတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ဒူးနာ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့တွင် အဖြူုရောင် ပန်း ၁၅ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍
ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 4 7 1 4

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း အလုပ်အကိုင်များ အဆင်မပြေသေးပါ။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုလို နဲ့ အချိန်နေမည်။ လက်အောက်ငယ်သားများထံမှ အကူအညီ ရရှိမည်။ လူမှုဆက်ဆံရေးများ အနည်းငယ် လွဲချော်နေမည်။

ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ အဖတ်မတင်သေးပါ။ ရွှေဝင်မည် လူဝင်မည်။ အဝတ်အထည်များ ဝင်မည်။
အမွေကိစ္စများ ငွေကြေးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ရမည်။ ခရီးဝေးလို့ ထွက်ရမည်။ နေအိမ်သို့ ပန်းပင် ပန်းအိုးများ ရောက်လာပါက ကံကောင်းလာမည်။

ပညာရေး ကြိုးစားနေမည် သင်တန်းကိစ္စများ အဆင်ပြေပါသည်။

ဒီလအတွင်း အချစ်ရေးမှာ ချစ်သူနှင့်အတူ ပျော်စရာကောင်းသော အချိန်လေးပါ။ ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများတွင် ညီအစ်ကို မောင်နှမများ အတွက်နဲ့ စကားများနေရမည်။

ဒီလအတွင်း ကျန်းမာရေးမှာ မျက်စီအားနည်းခြင်း ၊ အိပ်ရေးပျက်ခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက်တွင် စံပယ်ပန်း ၈ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 5 2 0 5

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေမည်။ အထက်လူကြီးများနဲ့ ပူးတွဲလုပ်ကိုင်ရမည်။ စမ်တူလုပ်ငန်းများ အဆင်ပြေနေ အချိန်လေး ဖြစ်ပါသည်။ မိသားစု အတွင်း အလုပ်အကိုင် ကိစ္စများ တိုးတက်လာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ အဖက်ဖက်က ငွေဝင်ကိန်းရှိပါသည်။ ငွေဝင်နေသော်လည်း မစုမိသေးပါ။ မိသားစု အတွင်း ခရီးထွက်ရမည်။ စနေနံ ပစ္စည်းများ ဝင်မည်။ အလှူအတန်းကိစ္စများ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ အပူလောင် ခံရတတ်သည်။ သတိထား၍ လုပ်ကိုင်ပါ။

ပညာရေး ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။

အချစ်ရေးမှာ အသဲကွဲခံရမည်။ မိမိ ဂရုစိုက်တတ်သော ချစ်သူနှင့် တွေ့မည်။ အိမ်ထောင်ရေး အဆင်ပြေနေသော အချိန်လေးပါ။

ယခုလ ခေါင်းမူး ခေါင်းကိုက် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်တွင် အဝါရောင်ပန်း ၁၇ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 1 2 5 2

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်များ အဆင်မပြေသေးပါ။ အလုပ်ထဲ စိတ်ပျော်ရွှင်မှု မရှိပဲ ဖြစ်နေမည်။ ဆုံးဖြတ်ရ ခက်သောကိစ္စများ ပြသာနာများကို အနည်းငယ် ရင်ဆိုင်နေရမည်။ စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။ လက်အောက်ငယ်သားများ ထံမှ အကြံပေးသူ ပေါ်လာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ကိုယ်ပိုင်ငွေများ သာမက သူတစ်ပါး ငွေများ ပစ္စည်းများ
လက်ခံ ရရှိမည်။ ရုတ်တစ်ရက် ငွေဝင်သလို ရုတ်တစ်ရက် ငွေကုန်ကျမှု ကိစ္စများ ဖြစ်ပေါ်နေမည်။ စက်ပစ္စည်း ဝင်လာမည်။ အိမ်မက်ကောင်း မက်မည်။

ယခုလအတွင်း အဆင်ပြေပါသည်။ အကူညီပေးသူ ပေါ်လာမည်။

ဒီလအတွင်း အချစ်ရေး ကိစ္စများ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ စကားပြောဆိုမှု အဆင်ပြေပါသည်။

ဒီလအတွင်း အိပ်ရေးပျက်ခြင်း ၊ သွေးအားနည်းခြင်းများ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက်တွင် အဖြူရောင်ပန်း ၁၉ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 2 1 6 4

၆။ သောကြာသားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေမည့် လမ်းစများ ပေါ်ပေါက်လာမည်။ အကူအညီပေးသူများ ပေါ်မည်။ စမ်တူကိစ္စများ လုပ်ကိုင်ရာတွင် အနည်းငယ် စိတ်ညစ်နေရမည်။

ငွေကြေး ကိစ္စများ အဆင်ပြေလာမည်။ ချေးဌားထားသော ငွေကြေးများ အကြွေးများ ပြန်ရမည်။ ငွေဝင်နေမည်။ ယခုလအတွင်း ငွေကြေးများ ချေးဌားခြင်းများ ခဏရှောင်လိုက်ပါ။ မိသားစုအတွင်း စီးပွားရေး လုပ်ငန်းများ အဆင်ပြေလာမည်။ မိတ်ဆွေ သူငယ်ချင်းများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ အဝတ်အထည် ဝင်မည်။ စနေနံဝင်ပါက နိမိတ်ကောင်းပါသည်။ ခရီးယာယီ ကိစ္စများသွားရမည်။

ယခုလအတွင်း ပညာရေးကိစ္စများ အဆင်ပြေလာမည်။

ယခုလအတွင်း အချစ်ရေး ချစ်သူနဲ့ ပျော်စရာကောင်းသော နေ့ရက်များကို ဖြတ်သန်းရမည်။ ယခုလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။

ယခုလအတွင်း ကျန်းမာရေးမှာ လက်နာမည်။ အိပ်ရေးပျက်မည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက်တွင် သရက်ညွှန့် ၂၁ ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 9 0 5 2

၇။ စနေသားသမီးများ အတွက်

ယခုလအတွင်း အလုပ်ကိစ္စများ အဆင်ပြေပါသည်။ တွဲဖက် လုပ်ငန်းများ စမ်တူကိစ္စလုပ်ငန်းများ တိုးတက်လာမည်။ မိမိ နှင့် ပူးတွဲလုပ်ကိုင်နေသူများကို ဂရုစိုက်ပါ။ အတိုက်အခံ ဖြစ်နေရမည်။ လက်အောက်ငယ်များ ထံမှ အကူအညီ ရမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရှာသလောက် ရမည် ။ ငွေဝင်မည်။ ခရီးထွက်ရမည်။ ရွှေဝင်မည်။ လူဝင်မည်။ စာအုပ်ဝင်မည်။ မိသားစု အတွင်း အတိုက်အခံ စကားများရမည်။ ကြာသပတေးနံပစ္စည်းများ ဝင်လာမည်။

ယခုလအတွင်း ပညာရေး အဆင်ပြေပါသည်။ သင်တန်းကိစ္စများ အကူအညီရလာမည်။

အချစ်ရေးမှာ ချစ်သူနဲ့ စကားများနေရမည်။ ယခုလ အိမ်ထောင်ရေး ကိစ္စများ သားသမီးအတွက်နဲ့ အနည်းငယ် စကားများ ရန်ဖြစ်နေရမည်။

အခုလအတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်းဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက်တွင် နှင်းဆီနီ ၇ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 1 4 9 8


http://api.ning.com/files/rAZgvFF8RoW7*I345Vs-LHUU6PytDMShHl00XaAh5XbWDhIM-JxuA7BCxNSCqZ2gj5eZEcEyCjIHDTK7SnDpCXtl*G9RFqxG/name12.gif

2011, October လ လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆရာမျိုးဟန်ကို

October လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် - ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 016 , 606 1917 , 017, 226 0715 ... စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Source by :http://www.myohanko.br.ms/

Tuesday, October 4, 2011

မလေးရှားနိုင်ငံအတွင်း ကေအယ်လ် နှင့် ပီနန်မြို့များတွင် မြန်မာစာပေ ဟောပြောပွဲ အစီအစဉ်များ ကျင်းပမည်


ပုံပေါ်တွင် စာဖတ်လိုသော မိတ်ဆွေများ ကလစ်တစ်ချက်နှိပ်၍ ဖတ်နိုင်ကူးနိုင်ပါသည်။

နာရေးကူညီမှုအသင်း (ကေအယ်လ်) မှ ကြီးမှူးကျင်းပသော ၂၀၁၁ ခုနှစ်အတွက် ပထမအကြိမ် အဖြစ် မြန်မာစာပေ ဟောပြောပွဲကို မလေးရှားနိုင်ငံအတွင်း ကေအယ်လ် ၊ ပီနန် စသည့်နေရာများတွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ပထမအကြိမ် မြန်မာစာပေဟောပြောပွဲ အတွက် ဖိတ်ကြားထားသော စာရေးဆရာများဖြစ်တဲ့ ဆရာနွမ်ဂျာသိုင်း မှ " စာရေးသူမှ စာဖတ်သူသို့ " ခေါင်းစဉ်ဖြင့် ဟောပြောပေးမှာ ဖြစ်ပြီး ဆရာ အကြည်တော် မှ " လမင်းဖမ်းပွဲ " ခေါင်းစဉ်ဖြင့် ဟောပြောပေးမှာ ဖြစ်ပါတယ်။ ဆရာမ သန်းမြင့်အောင်မှ" လူမှ ဘဝ ပရဟိတ နယ်ပယ် "ဆိုတဲ့ စာပေခေါင်းစဉ်ဖြင့် ဟောပြော သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

စာပေဟောပြောပွဲ အစီအစဉ်များကို အောက်ပါ အစီအစဉ် အတိုင်း ကျင်းပ ပြုလုပ်သွားပါမည်။

(ကေအယ်လ်)

နေ့ရက်
၁၁.၁၂.၂၀၁၁ (တနင်္ဂနွေနေ့ )

အချိန်
နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီ အထိ

နေရာ
SM ကုန်တိုက် (၆)လွှာ
ကိုတာရာယာ ဘေးအဆောက်အဦး

(ပီနန်မြို့)

နေ့ရက် = ၁၈.၁၂.၂၀၁၁ (တနင်္ဂနွေနေ့ )
အချိန် = နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီ အထိ
နေရာ = ဓမ္ဓိကာရာမ မြန်မာဘုန်းတော်ကြီးကျောင်း


မြန်မာစာပေ ဟောပြောပွဲအစဉ်များ နှင့် ပက်သက်၍ ဆက်သွယ်စုံစမ်းလိုပါက အောက်ပါဖုန်းနံပတ်များသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ကေအယ်လ် စာပေဟောပြောပွဲ အတွက် ဆယ်သွယ်ရန်

ဦးမျိုးပိုင်
016, 2727 044

ကိုသက်
017, 2838 470

ကိုဆန်းမင်းဦး
016, 3687 939

ကိုစိုးမိုးအောင်
010,8343 475

ကိုအော်စကာ
016,6738 398

ကိုစိုးဝင်း
016, 6938 766

သတင်းကွန်ယက်
016,6598 531


ပီနန် စာပေဟောပြောပွဲ အတွက် ဆက်သွယ်ရန်


ကိုထွန်းရီ
016,4640 784
(အမေ့ရင်သွေး တေးဂီတ)


ဦးပေါ်ဦး
012, 5152 439
(အောင်သပြေ စားသောက်ဆိုင်)


ကိုဇော်နိုင်
012,5195 283
(အောင်သပြေ စားသောက်ဆိုင်)


ကိုနန္ဒ
017, 4667 281

ကိုဆန်း
012,4450 099
(အမေ့ရင်သွေး တေးဂီတ)

ကိုရဲ
012,5173 457
(မိုးသောက်နေ စတိုးနှင့် စားသောက်ဆိုင်)

ကိုဆန်းလွင်
(အောင်သဖူ စားသောက်ဆိုင်)


Source by : www.nayzawlin1.com - www.nayzawlin1.org- www.nayzawlin1.net

Saturday, October 1, 2011

သတင်းမီဒီယာဆိုင်ရာ ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက် အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ပုဂ္ဂလိကသတင်းစာများ ရရှိလာမှာဖြစ်ကြောင်း

ပြည်ထောင်စုလွှတ်တော်က သတင်းမီဒီယာဆိုင်ရာ ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ပုဂ္ဂလိကသတင်းစာများ ရရှိလာမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက် မြောက်နေ့အစီအစဉ်တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ''မေးခွန်းကိုမေးရသည့်အဓိက ရည်ရွယ်ချက်ကတော့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်လို့ဖော်ပြထားပါတယ်။

ပုဒ်မခွဲ (က) မှာ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ထိပ်ဆုံးမှာကို ပါရှိပါတယ်။ ကျွန်တော်တို့လက်ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သစ်မှာလည်း ပြည်ထောင်စုအစိုးရ သမ္မတကြီး ကိုယ်တိုင်တောင်မှ စတုတ္ထမဏ္ဍိုင်များရဲ့ အရေးပါပုံအခန်းကဏ္ဍကို အကျယ်တ၀င့် ရှင်းလင်းပြောကြားပြီး ဖြစ်ပါ တယ်။ ဒီအတွက်ကြောင့်မို့လို့ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာများရဲ့ အခန်းကဏ္ဍကလည်း များစွာမှ အရေးပါလှတယ်ဆိုတာကို ထပ်မံတင်ပြလိုပါတယ်။ ဒီလို မီဒီယာကဏ္ဍ အရေးပါတဲ့အထဲမှာ မီဒီယာအနေနဲ့ ပုံနှိပ်မီဒီယာများ၊ ရုပ်သံမီဒီယာများ မီဒီယာမျိုးစုံ ရှိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ပုံနှိပ် မီဒီယာအနေနဲ့ကတော့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ စာနယ်ဇင်းတွေ ဒီလိုထုတ်ဝေဖြန့်ချိနေတာမျိုးတွေ ရှိပါတယ်။ ဒီနေရာမှာ တင်ပြလိုတာကတော့ ကျွန်တော်တို့ နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေတဲ့နေရာမှာ ပုဂ္ဂလိကသတင်းစာများ ယနေ့တိုင် မြန်မာနိုင်ငံမှာ တစ်စောင်မှ ထုတ်ဝေခြင်းရှိတာကို မတွေ့ရသေးပါဘူး ဥက္ကဋ္ဌကြီး ခင်ဗျာ။ ကျွန်တော်တို့ အာဆီယံနိုင်ငံတွေကို ကြည့်မယ်ဆိုရင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေဖြန့်ချိမှု မပြုနိုင်သေးတာ မြန်မာနိုင်ငံ တစ်နိုင်ငံပဲ ကျန်ရှိပါတော့တယ် ဥက္ကဋ္ဌကြီး ခင်ဗျာ။ ကျွန်တော်တို့ တစ်ပါတီစနစ် ကျင့်သုံးဆဲဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာတောင်မှ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့် ရရှိနေတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ် ဥက္ကဋ္ဌကြီး ခင်ဗျာ။ အဲဒီအတွက်ကြောင့်မို့လို့ နိုင်ငံတော်ရဲ့ ခေတ်ပြောင်း စနစ်ပြောင်းမှာ လိုအပ်နေတဲ့ နေ့စဉ်ထုတ် ပုဂ္ဂလိကပိုင်သတင်းစာ တစ်စောင်၊ ဒါမှမဟုတ်လည်း သတင်းစာများကို ထုတ်ဝေခွင့်ပြုနိုင်၊ မပြုနိုင်နဲ့ စပ်လျဉ်းတဲ့မေးခွန်းကို မေးမြန်းလိုခြင်း ဖြစ်ပါတယ် ဥက္ကဋ္ဌကြီး ခင်ဗျာ။ မေးမြန်းလိုတဲ့ မေးခွန်းကတော့ ပုဂ္ဂလိကမှ အလုံးစုံ ပိုင်ဆိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိသော နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်း စာထုတ်ဝေခွင့်ကို မည်သည့်အချိန်တွင် ခွင့်ပြုပေးပါမည်နည်း၊ ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ၊ မရှိပါကလည်း အဘယ်အကြောင်းကြောင့် ခွင့်ပြုပေးနိုင်ခြင်း မရှိသည်ကို ဖြေကြားပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာတင်ပြ မေးမြန်းအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးအများကြီးတင်ရှိပါတယ်'' ဟု မေးမြန်းခဲ့ရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြန်လည်ဖြေကြားရာ၌ အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဥက္ကဋ္ဌကြီးခင်ဗျာ။ ယနေ့အခါမှာ ကျွန်တော်တို့နိုင်ငံအတွင်း စာပေ ထုတ်ဝေခွင့်နဲ့ပတ်သက်ပြီး ကြည့်မယ်ဆိုရင် စာပေထုတ်ဝေခွင့် မှတ်ပုံတင်ပေါင်း ၉၆၁ ခု ရှိပြီးတော့ အဲဒီမှတ်ပုံ တင်ထားကြတဲ့ပုဂ္ဂိုလ်၊ ကုမ္ပဏီများဟာ မိမိတို့နဲ့သက်ဆိုင်ရာ စာပေ၊ စာစောင်များကို ရေးသား၊ ထုတ်ဝေ၊ ဖြန့်ချိလျက် ရှိနေကြပါတယ်။ အဲဒီအထဲမှာ ဂျာနယ် ၁၅၉ စောင်က အပတ်စဉ် ထုတ်ဝေလျက်ရှိပြီးတော့ မဂ္ဂဇင်း ၁၄၉ စောင်က လစဉ်ထုတ် ဝေလျက်ရှိနေပါတယ်။ အပတ်စဉ်ထုတ် ဂျာနယ်များဟာ ရက်အလိုက် ထုတ်ဝေနေကြတာ ဖြစ်ပြီးတော့ တနင်္လာနေ့ မှာ ၃၄ စောင်၊ အင်္ဂါနေ့ မှာ ၁၇ စောင်၊ ဗုဒ္ဓဟူးနေ့မှာ ၂၁ စောင်၊ ကြာသပတေးနေ့မှာ ၁၇ စောင်၊ သောကြာနေ့မှာ ၁၉ စောင်၊ စနေနေ့မှာ ၁၁ စောင်နဲ့ တနင်္ဂနွေနေ့ မှာ ၁၃ စောင် ထုတ်ဝေဖြန့်ချိ နေကြပါတယ်။ ကျန်တဲ့ ၂၆ စောင်ကတော့ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေဖြန့်ချိလျက် ရှိပါတယ်။

ဒီဂျာနယ် ထုတ်ဝေမှုကို ကြည့်ရင် ဂျာနယ်များဟာ တနင်္လာနေ့မှသည် တနင်္ဂနွေနေ့အထိ နေ့စဉ် ထုတ်ဝေနေကြတာကို တွေ့မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ဂျာနယ်များဟာ နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများသဖွယ် ပြည်သူတွေအတွက် သတင်းနဲ့ အသိဗဟုသုတများကို ဖြန့်ချိပေးနေတာ တွေ့ရမှာဖြစ်တယ်လို့ ရှင်းပြလိုပါတယ်'' ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားခဲ့သည်။

''ကနေ့အခါမှာ အခြေခံဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုရေးသားထုတ်ဝေမှုများဟာ အခြေခံဥပဒေပုဒ်မ ၃၅၄ မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေပုဒ်မ ၃၅၄မှာ ပြဋ္ဌာန်းထားတာကတော့ ဒေါက်တာမြတ် ဉာဏစိုးလည်း ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။

ဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင် နိုင်ငံသားတိုင်းဟာ နိုင်ငံတော် ရဲ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူအများရဲ့ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေများနဲ့ မဆန့်ကျင်လျင် မိမိတို့ရဲ့ ယုံကြည်ချက်၊ မိမိတို့ရဲ့ ထင်မြင် ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားဖြန့်ချိခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။
စာပေ၊ စာနယ်ဇင်းများဟာ အဲဒီပြဋ္ဌာန်းချက်နဲ့အညီ လုပ်ဆောင်ကြရမှာဖြစ်တယ်လို့ ပြောလိုပါတယ်။

အဲဒီပြဋ္ဌာန်းချက်ကို ကျွန်တော်တို့ ဆန်းစစ်ကြည့်ရင် သတင်းမီဒီယာသမားများဟာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိကြသလို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး တို့ကို ထိပါးခြင်းမရှိအောင်လည်း တာဝန်ယူကြရမှာ ဖြစ်ပါတယ်။

အလားတူပါပဲ သတင်းမီဒီယာသမားများဟာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိသလို ပြည်သူအများရဲ့ ကိုယ့်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေများကို မဆန့်ကျင်မိအောင်လည်း ထိန်းသိမ်းကြရမယ့် တာဝန်ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်သူများရဲ့ ကိုယ်ကျင့်တရား အကျိုးငှာဆိုတဲ့ စကားဟာကျယ်ပြန့်ပါတယ်။ ကျယ်ပြန့်တဲ့အတွက် အချို့သောကိစ္စတွေအတွက် ဥပဒေနဲ့ ပြဋ္ဌာန်းထားလို့ ရနိုင်မှာဖြစ်သလို အချို့သောပြည်သူများရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ဆိုတဲ့ကိစ္စများဟာ ဥပဒေနဲ့ ပြဋ္ဌာန်း လို့ ရကောင်းမှ ရမှာဖြစ်ပါတယ်။

ဒါကြောင့် ဥပဒေပြဋ္ဌာန်းလို့ရတာတွေကို ဥပဒေနဲ့အညီ လိုက်နာကျင့်ကြံရမှာ ဖြစ်ပြီးတော့ ဥပဒေပြဋ္ဌာန်းလို့မရနိုင်တဲ့ ပြည်သူများရဲ့ ကိုယ်ကျင့်တရား အကျိုးငှာဆိုတဲ့ ကိစ္စတွေကိုတော့ ဆင်ခြင်တုံတရားနဲ့ လိုက်နာဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သတင်းမီဒီယာ သမားများဟာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရှိသလို လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားတို့ကို ပေါင်းစပ်ယှဉ်တွဲ အသုံးပြုရမှာဖြစ်ကြောင်း ကျွန်တော်ရှင်းလင်းပြောကြားလိုပါတယ်'' ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဆက်လက်ပြောကြားခဲ့သည်။

''ကျွန်တော်တို့ ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ သတင်းမီဒီယာဆိုင်ရာဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းနဲ့ အသစ်ပြဋ္ဌာန်းခြင်းတို့ပြုလုပ်ပြီးတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းနိုင်အောင် စီမံဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်က သတင်းမီဒီယာဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်၊ ဖြည့်စွက် အတည်ပြု ပြဋ္ဌာန်းလိုက်တာနဲ့တစ်ပြိုင်နက်တည်း သတင်းမီဒီယာလောကရဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း အားလုံးပြီးစီးမှုနဲ့ ဟန်ချက်ညီဖြစ်ပြီးတော့ အားလုံး သဟဇာတ ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလို သတင်းမီဒီယာများ ပြဋ္ဌာန်းပြီးတဲ့အခါမှာ သတင်းမီဒီယာသမားများဟာ ဥပဒေနဲ့အညီ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်များ ရရှိကြမှာ ဖြစ်သလို ပုဂ္ဂလိကသတင်းစာများလည်း ရရှိလာမှာဖြစ်ကြောင်း ဖြေကြားရင်း နိဂုံးချုပ်ပါတယ်''ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အမျိုးသားလွှတ်တော်၌ ပြောကြား ခဲ့သည်။

အာရှနိုင်ငံများအတွင်း ပုဂ္ဂလိက သတင်းစာမရှိသော နိုင်ငံသုံးနိုင်ငံသာ ကျန်ရှိတော့ပြီး အဆိုပါနိုင်ငံများမှာ မြန်မာနိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့ ဖြစ်ကြကြောင်း သိရှိရပါသည်။ ယင်းနိုင်ငံ သုံးနိုင်ငံမှလွဲ၍ ကျန်ရှိသော အာရှနိုင်ငံများမှာ ပုဂ္ဂလိကသီးသန့် အနေ ဖြင့်လည်းကောင်း၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍လည်းကောင်း နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေလျက်ရှိနေကြောင်း သိရပါသည်။

'skynet တို့လို ပုဂ္ဂလိက TV Channel တွေ အများကြီး ခွင့်ပြုပေးသလို အစိုးရနှင့်ဆက်စပ်တဲ့ သတင်းစာတွေ ခွင့်ပြုပေးနေတယ်။ ပုဂ္ဂလိကသတင်းစာလည်း အခုပဲ ခွင့်ပြုပေးသင့်တယ်။ ၁၉၆၂ ဥပဒေထုတ်ပြီး နောက်ပိုင်းမှာတောင် ဥပဒေအရ ပုဂ္ဂလိကသတင်းစာ ရှိနေသေးတယ်။ အာရှမှာ ပုဂ္ဂလိကသတင်းစာ မရှိတာ မြောက်ကိုရီးယား၊ လာအိုနဲ့ မြန်မာ သုံးနိုင်ငံပဲ ရှိတော့တယ်။ နိုင်ငံတကာက journalist အချင်းချင်းမေးလို့ journal ကလို့ပြောရင် သူတို့နားမလည်ဘူး။ journal ဆိုတာ ဘာသာရပ်ဆိုင်ရာတွေအတွက် အဓိကထား ထုတ်ကြတာဖြစ်တယ်။ limited အရမ်းဖြစ်တယ်။ အခုခေတ် သိပ်မရှိတော့ဘူး။ printed media မှာ သတင်းစာ၊ မဂ္ဂဇင်းပဲ အများဆုံးရှိတယ်။ ဒီမိုကရေစီရဲ့စံနှုန်းမှာ သတင်းလွတ်လပ်ခွင့်နဲ့ ပုဂ္ဂလိကသတင်းစာ ရှိ မရှိက စံနှုန်းတစ်ခုပဲ ဖြစ်တယ်။ လွတ်လပ်ခွင့်နဲ့ တာဝန်ယူမှုကို ချိတ်ဆက်ထားတာတော့ သဘောတူပါတယ်။ ဒါပေမယ့် မျှမျှတတ ဖြစ်စေချင်ပါတယ်။ တခြားမကြည့်နဲ့ 7 Day journal အယ်ဒီတာချုပ် ကိုမျိုးသာထက်ကို အခု BBC သတင်းထောက်ဘ၀မှာ ဆက်ဆံပုံက Double Standard ဖြစ်နေ တယ်။ Private newsmedia တွေနဲ့ပတ်သက်ပြီး အစိုးရရဲ့ အမြင်တွေ ပြောင်းသင့်ပြီလို့ မြင်ပါတယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။

http://www.news-eleven.com/