Monday, November 7, 2011

မဟာချိုင် ရေကြီးမှု သတိပေးချက်



ဖေ့စ်ဘုတ်ပေါ်မှာ မျှဝေထားတဲ့ အရေးပေါ် သတိပေးချက်ပါ။ မဟာချိုင်ရောက် မြန်မာတွေ သတိထားနိုင်ဖို့ လက်တို့ပေးဖို့ သတင်းပါ။

(မဟာချိုင် ရေကြီးမှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ်မှာ နောက်ဆက်တွဲ တွေ့ရတာတွေကို ထပ်တင်ပေးလိုက်ပါတယ်။)

မဟာချိုင်ဒေသ ရေကြီးလျှင် ကာကွယ်ရေး စီမံချက်

မဟာချိုင်းဒေသကို စက်မှုဇုံအထူးဒေသ အဖြစ်ထိုင်းအစိုးရမှ ကာကွယ်နေဆဲဖြစ်ပါသည်။ သဘာဝကို အံတုနေရသော လုပ်ငန်းဖြစ်သည့် အားလျှော်စွာ မမျှော်လင့်သော အခြေအနေတရပ်သို အချိန်မရွေး ရောက်နိုင်ပါသည်။

တနေ့ တခြား ရေကြီးလာနေသော မဟာချိုင်ဝန်းကျင်ဒေသ နေထိုင်ကြသော မြန်မာပြည်မှ လာရောက် အလုပ်လုပ်နေကြသော မြန်မာပြည်သားများ ကြိုတင်ပြင်ဆင်ရန် နှင့် သိထားစေရန်။

မိမိတို့ ကိုင်ဆောင်ထားသည့် နေထိုင်ခွင့်ကဒ်ပြား။

ဆေးရုံလက်မှတ်ကဒ်ပြား။

မြန်မာပတ်စပို့ ။

ကလေးမွေးစာရင်း။

စသည့် ...

၁ - အရေးကြီးသည့် စာရွတ်စာတမ်းများကို ပလပ်စတစ်ထူထူ အိပ်ထဲတွင် မီးအပူပေးပြီး အသေပိတ်ထားပါ။ ထိုအထောက်အထားများပါသည့် ပလပ်စတစ်အိပ်ကိ မိမိကိုယ်နှင့် သွားလေရာ မပျောက်အောင် တပါတည်း ကြိုးချည်သယ်ဆောင်သွားပါ။

၂ - အဖုံးပိတ်နိုင်သော ပလပ်စတစ် ရေပုံးထဲတွင် သကြားနှင့် ဆား ရောထားသော လက်ဖြစ် ဂလူးကို့  ကီလိုဝက်တထုတ်။ သောက်ရေသန့်  ၂ လီတာမှ ၄ လီတာ။ ဆန် ၅ ကီလို။ ဆီ ၂၅ ကျပ်သား။ အဝတ်ပါး၂ စုံ။ အိုးငယ် တလုံး။ မီးသွေး( ဓါတ်ငွေ့ မီးဖိုငယ်) တို့ ကို အဆင်သင့်ပြင်ထားပါ။

၃- ရုက်တရက်ရေလွမ်းမိုးမှုဖြစ်လာလျှင် နီးစပ်ရာ စာသင်ကျောင်းများ။ ဘုန်ကြီးကျောင်းများ။ ရဲကင်း အဆောက်အဦးများသို့ သွားရောက်နေထိုင်ကြပါ။

အထူးသတိပြုရန်မှာ ...

လူနေအဆောက်အဦးများ စက်ရုံ ခေါင်မိုးများတွင် နေထိုင်ခြင်း မပြုပါစေနှင့်။ ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာများကို တရားဥပဒေအရ အရေးယူခံရဖွယ်ရှိသည်။

၎- မိမိ ထွက်ခွာလာခဲ့သော အိမ်များ အခန်းများမှ လျှက်စစ်မီးကိုသေချာစွာ ပိတ်ခဲ့ပါ။ မိမိအခန်းမှ မထွက်ခွာခင် နောက်ဆုံးအချိန်အထိ သေသေချာချာ စစ်ဆေးပြီးမှ ထွက်ခွာကြပါ။ စိတ်ကို တည်ငြိမ်အောင်ထားပါ။ စိတ်ကို ပြာယာမခပ်မိအောင် သတိထားပါ။ ကူညီကြပါ။

၅- မဟာချိုင်ဒေသကြီးတခုလုံး ကားဆိုင်ကယ် အသွားအလာ ပြတ်လောက်အောင် ရေအောက်သို့  မြုတ်ခဲ့လျှင် လူအများစုဝေးရာဒေသကို မဟာချိုင်အနောက်ဖက် ရနောင်းသို့ သွားသည့် အဝေးပြေး ကားလမ်းမကြီးဖြစ်သည်။ ထိုလမ်းကြီးတလျှောက်တွင် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် ထိုင်းအာဏာပိုင်များက ယာယီရုံးများ ဖွင့်လှစ်ပြီး ကူညီဆောင်ရွတ်မည်ဖြစ်သည်။

ယာယီဆက်သွယ်ရန်
ဦးမြင့်အောင် ၆၆ ၈ ၆၈၂၀၉၂၉၄
International Care
မဟာချိုင်

Source by :http://www.irrawaddyblog.com

Saturday, November 5, 2011

ဆရာမျိုးဟန်ကို - 2011, November လ အတွက် ဗေဒင် ဟောစတမ်း ...

http://api.ning.com/files/HjpMDXTMhTHcuNuY9QdUDGlUWJeplJ45la3aSBuYAhg7LPLRRYTX4I9heITZ7DMCTeXKECNSqkPzqML6TgvuETuWKXYCcxdS/b2.gif

ဆရာမျိုးဟန်ကို - 2011, October လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း အလုပ်အကိုင် ကိစ္စများ အနည်းငယ်ကောင်းမွန်လာမည်။ အလုပ်ကောင်းသော်လည်း စိတ်ပျော် ရွှင်မရှိပဲ ဖြစ်နေမည်။ အထက်လူကြီးနဲ့ ပြသာနာကိစ္စများ ဖြေရှင်းရမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စကားများရမည်။ အလုပ်ပြောင်းလိုစိတ် နေရာပြောင်း လိုစိတ်များ ဖြစ်ပေါ်နေမည်။

ညီအစ်ကို မောင်နှမများ မိသားစု အတွင်း လုပ်ငန်းအဆင်ပြေလာမည်။ လူမှုရေး ကိစ္စများအတွက်နဲ့ အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ မရခင် ကုန်ကျများနေမည်။ အဖတ်မတင်သေးပါ။ အလှူအတန်းကိစ္စများ ပရဟိတကိစ္စများပြုလုပ်ရမည်။ ခရီးသွားရမည်။ စနေနံ ပစ္စည်းများ ဝင်လာမည်။

ပညာရေး ရည်မှန်းချက် အသစ်ပေါ်လာမည်။ အဆင်ပြေလာမည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်နေရသော ပြသာနာများ မကြာခဏ ဖြစ်ပေါ်နေမည်။ အိမ်ထောင်ရေးမှာ ပျော်ရွှင်အေးချမ်းနေရသော အချိန်လေးပါ။

ဒီလအတွက် အအေးမိခြင်း ၊ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့ ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် မိမိနေအိမ်ဘုရားတွင် ပန်းသီး ၃ လုံး လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ 5 2 8 1

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်လာနေသော အချိန်လေးပါ။ ဆက်လက်ကြိုးစား၍ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ အကြံညဏ်ပေးသူ ကူညီပေးသူများ ရှိလာမည်။ အလုပ်ကိစ္စများတွင် ဆက်ဆံနေရသော လူအများနှင့် အနည်းငယ် ပြသာနာ ဖြစ်မည် စကားများရမည်။ စိုးရိမ်စရာ မရှိပါ။ အဆင်ပြေလာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေမည်။ ငွေစုမိနေမည်။ စက်ပစ္စည်း အသစ်ထပ်ဝင်မည်။ လူဝင်မည်။ ကြာသပတေးနံ အတွက် အနည်းငယ် စိတ်ညစ်နေရမည်။ အဝတ်အထည် ဝင်မည်။ အိမ်မက်ကောင်း မက်လာမည်။ လူမှုရေးကိစ္စများတွင် မိမိ ပါဝင်ဆောင်ရွှက်ပေးရမည်။

ပညာရေး ကိစ္စများ ကြိုးစားနေရမည်။ သင်တန်း ကိစ္စများများ လေ့လာတက်ခွင့် ရမည်။

ယခုလတွင်း အချစ်ရေးကိစ္စများ နီးရက်နဲ့ ဝေးနေရမဲ့ အချိန် ဖြစ်နေမည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်မပြေ ဖြစ်ဖြစ်နေမည်။

ယခုလ အတွင်း ကျန်းမာရေးမှာ ဇက်ကြောတက်ခြင်း ၊ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့တွင် လိမ္မော်သီး ၄ လုံးကို မိမိ နေအိမ်ဘုရားတွင် လှူဒါန်း၍ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 3 2 8 6

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေနေသော အချိန်ဖြစ်ပါ၍ ကြိုးစား၍ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ စမ်တူကိစ္စများ အလုပ်များ လုပ်ဆောင်ရမည်။ လုပ်ငန်းများ တိုးတက်လာမည်။

ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ အကူညီပေးသူ ပေါ်မည်။ အကူအညီပေးသူ ပေါ်လာမည်။ ငွေဝင်မည်။ ဗုဒ္ဓ္ဓဟူးနံ ဝင်မည်။ လူဝင်မည်။ မိသားစု အတွင်း အနည်းငယ် စကားများနေရမည်။ ပျော်စရာကောင်းသော နေရာသို့ ခရီးထွက်ရမည်။

ပညာရေး ကံကောင်းနေသော အချိန်ဖြစ်ပါသည်။

ဒီလအတွင်း အချစ်ရေးမှာ အဆင်မပြေသေးပါ။ ဝေးနေရမည်။ ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက်တွင် သရက်သီး ၆ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 9 0 0 0

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်မပြေသေးပါ။ အလုပ်ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ အချိန်ကုန်နေမည်။ ယခုလအတွင်း စမ်တူလုပ်ငန်းများ သတိထား၍ လုပ်ပိုင်ပါ။ အထက်လူကြီးထံမှ အကူအညီရမည်။ ဒီလအတွင်းမှာ စိတ်ညစ်ပြီး အလုပ်လုပ်နေရမည်။ စီးပွားရေးမှာ ခဏလေးတော့ စောင့်ရဦးမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ အဖက်ဖက်က ငွေဝင်ကိန်း ရှိပါသည်။ ငွေကြေးကိစ္စများ ကတော့ ချက်ချင်းလိုတဲ့ ငွေကိုချက်ချင်း ရှာလို့ မရဘူးနော်။ သဘောက ခဏစောင့်ရဦးမှာပါ။ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ ငွေဝင်နေသော်လည်း မစုမိသေးပါ။ခရီးတွေက ရုတ်တစ်ရက်သွားလာခြင်း ရှောင်ပါ။ သူတစ်ပါးကိစ္စတွေနဲ့ အလုပ်ရှပ်နေမည်။

ပညာရေး ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။ ပညာရေး ကိစ္စများလည်း အောင်မြင်လာမည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ အချစ်ရေးမှာ အဆင်ပြေပါသည်။ အိမ်ထောင်ရေး ကိစ္စများ စိတ်ပူစရာ မရှိပါ။ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။

ယခုလ အတွင်း ကျန်းမာရေး ကိစ္စများ ခါးနာမည် ၊ ခြေထောက်နာမည်။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်တွင် နို့ ၇ ခွက်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 8 6 9 6

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်များ မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ အဆင်ပြေမည့် လမ်းစများ ပေါ်ပေါက်လာမည်။ အကူအညီပေးသူများ ပေါ်မည်။ စမ်တူကိစ္စများ လုပ်ကိုင်ရာတွင် အနည်းငယ် စိတ်ညစ်နေရမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ယခုလအတွင်း သူငယ်ချင်း မိတ်ဆွေများနှင့် လုပ်ငန်းတစ်ခု ကို လုပ်ဆောင်ရမည်။ ရွှေဝင်မည်။ ထီကံကောင်းလာမည်။ အဝတ်အထည် အသစ်များ ဝင်မည်။

ပညာရေး ပုံမှန် သင့်တင့် ရှိနေသော အချိန်လေးပါ။

ဒီလအတွင်း အချစ်ရေး ကိစ္စများ ပျော်စရာတွေ ကြုံရတတ်ပါတယ်။ ချစ်သူမရှိရင် ချစ်သူရမည်။ စန်းပွင့်နေမည်။ အိမ်ထောင်ရေးကိစ္စများ စကားများနေရသော အချိန်လေးပါ။

ဒီလအတွင်း မျက်စီအားနည်းမည် ၊ သွားနာ သွားကိုက် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက်တွင် သြဇာသီး ၅ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 6 9 8 9


၆။ သောကြာသားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ပုံမှန်အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။ စီးပွားမတက်သလို စီးပွားမကျသေးပါ။ ကြိုးစား၍ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။ အောင်မြင်ဖို့အတွက် လမ်းစပေါ်လာမည်။ ယခုလအတွင်း အလုပ်ကိစ္စများ အတွက်နဲ့ စိတ်တိုင်းမကျသော်လည်း အနည်းငယ် အဆင်ပြေလာမည်။ စမ်တူကိစ္စများ အဆင်မပြေသေးပါ။

ငွေကြေး ကိစ္စများ အတွက်နဲ့ စိတ်ပူပင်နေရမည်။ ရသမျှကုန်နေမည်။ မစုမိသေးပါ။ ငွေဝင်နေမည်။ မိသားအတွင်းမှ ကူညီသူပေါ်မည်။ ရုတ်တစ်ရက် ငွေဝင်ပြီး ရုတ်တစ်ရက် ကုန်နေမည်။ကြွေးတင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ လုပ်ဖော်ကိုင်ဖက်များနဲ့
အဆင်မပြဖြစ် တတ်ပါသည်။ အိမ်မက်ကောင်း မက်လာမည်။ ထီကံစမ်းပါ။

ယခုလအတွင်း ပညာရေးကိစ္စများ ကြိုးစားနေရသော အချိန်လေးပါ။

ယခုလအတွင်း အချစ်ရေး ချစ်သူနဲ့ အဆင်မပြေပဲဖြစ်နေမည်။ စကားများနေရမည်။ ယခုလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။ မိမိအိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။

ယခုလအတွင်း ကျန်းမာရေးမှာ အိပ်ရေးပျက်မည်။ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက်တွင် ဇီးသီး ၈ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 5 4 8 4

၇။ စနေသားသမီးများ အတွက်

ယခုလအတွင်း အလုပ်ကိစ္စများ အဆင်ပြေပါသည်။ အတိုက်အခံများကို အောင်မြင်လာမည်။ အလုပ်အတွင်း ကောင်းသောကိစ္စများ တိုးတက်ပြောင်းလဲ လာမည်။ အဆင်ပြေလာမည်။ အလုပ်များ အဆင်ပြေလာသော်လည်း စိတ်တိုင်းမကျသေးပဲ ဖြစ်နေမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ ကံကောင်းလာမည်။ ချေးဌားခြင်း ခဏရှောင်ပါ။ စိတ်ညစ်ရတတ်ပါသည်။ လူမှုရေး ကိစ္စများတွင် ကူညီပေးနေရမည်။ ဘာသာရေး ကိစ္စများ အလှူအတန်းကိစ္စများ ပြုလုပ်ရမည်။ ရွှေဝင်မည်။ မိသားစု အတွင်းလူဝင်လာမည်။ စနေနံကိစ္စများ အတွက် အနည်းငယ် စိတ်ညစ်နေရမည်။

ယခုလအတွင်း ပညာရေးကိစ္စများ အဆင်မပြေ ဖြစ်တတ်ပါသည်။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေလာမည်။ ဝေးကွာ နေရသော ချစ်သူများ ပြန်လည် ဆုံဆည်းခွင့် ရမည်။ ယခုလ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း သူတစ်ပါးအတွက်နဲ့ စကားများ နေရမည်။

အခုလအတွင်း ကျန်းမာရေးမှာ စက်ပစ္စည်း ထိမိခိုက်မိ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက်တွင် သောက်တော်ရေ ၄ ခွက် နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 3 2 5 9

http://api.ning.com/files/E5hVbuq3FpBcYLh-Hko6wmnHhOuSSvV1tO8rdGAJx4bqYhQ-oAz*Ninq4UdXWBSwdF6w0iyL6JYAH4u8m0qWfiHW1y0nuEpX/b1.gif

2011-November လတွင် မိမိရဲ့ဘဝလေး များလည်း(၁၁)မီးငြိမ်း၍ အေးချမ်းပါစေ။ စေတနာမှန်၍ စိတ်ကောင်းထားတတ်သူတိုင်း ကံကောင်းကြပါစေ။ ...... ဆရာမျိုးဟန်ကို

November လတွင်း မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် - ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Source by : http://www.myohanko.br.ms/

ရေကြီးမှုအပေါ် အမြတ်မထုတ်ဖို့ ထိုင်းမှာ အမိန့်ထုတ်



(အောက်ဖော်ပြပါသတင်းက ဘန်ကောက်ပို့စ်က သတင်းဖြစ်ပါတယ်။ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကိုမိုးသီးဇွန်က မြန်မာအလုပ်သမားများ သိရှိရေး ဘာသာပြန်ဖော်ပြကြဖို့ တိုက်တွန်းထားတာကို Sandah Aung က ဘာသာပြန်ပေးထားတာ ဖြစ်ပါတယ်။)

ပစ္စည်းလှောင်ခြင်းနှင့် မတရား အမြတ်တင် ရောင်းချခြင်းမှ ကာကွယ်ရန် ထိုင်းအစိုးရက ရေဘေးကာလအတွင်း မရှိမဖြစ် လိုအပ်သော ကုန်စည်များရောင်းချရန် ဈေးနှုန်းများကို အကြံပြု ကြေညာလိုက်သည်ဟု လက်ထောက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖွန် ဆာရာဖောက တနင်္လာနေ့တွင် ပြောကြားသည်။

ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ၎င်း၏ ဈေးနှုန်းထိန်းချုပ် ကုန်စည်စာရင်းတွင် ရေဘေးအတွက် လိုအပ်သော ကုန်စည်များကို ထည့်သွင်းပြီးနောက်တွင် ထိုကုန်များအား သိုလှောင်ခြင်းမှ ကာကွယ်ရန်အလို့ငှာ ပြည်တွင်းကုန်သွယ်ရေးဌာနက ထိုကုန်များကို ရောင်းချသင့်သည့်ဈေးနှုန်းများကို အကြံပြုခဲ့သည်ဟု မစ္စတာ ဖွန်ကဆိုသည်။

၆၀၀ စီစီ သောက်ရေသန့်ဘူး၏ ဈေးနှုန်းကို ခုနစ်ဘတ်အထက် ဈေးနှုန်းဖြင့် မရောင်းရန်လည်းကောင်း၊ ၇၅၆ စီစီ ရေသန့်ဘူးကို ကိုးဘတ်ထက် မရောင်းရန်လည်းကောင်း၊ ၁.၅ လီတာဘူးကို ၁၄ ဘတ်ထက် ပိုမရောင်းရန်လည်းကောင်း လက်ထောက်ဝန်ကြီးက အကြံပြုလိုက်သည်။

ရေးဘေးနှင့် သက်ဆိုင်သော အခြားကုန်များအတွက် အကြံပြုဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

နှစ်ဆယ့်ငါးကီလို သဲအိတ်တစ်အိတ်လျှင် ၄၅ ဘတ်စီ
အင်္ဂတေတုံး ၁၀ ဘတ်စီ
အသက်ကယ် အင်္ကျီ ၄၅၀ ဘတ်စီ
လူနှစ်ဦးဆန့် ဖိုင်ဘာလှေ ၄၅၀၀ ဘတ်စီ
လူလေးဦးဆန့် ဖိုင်ဘာလှေ ၆၅၀၀ ဘတ်စီ
ရာဘာလှေ တစ်စုံလျှင် ၂၀၀ ဘတ်စီ
ဂါလံနှစ်ဆယ်ဆန့် ရေတိုင်ကီ ၃၅၀ ဘတ်စီ
ဂါလံလေးဆယ်ဆန့် ရောတိုင်ကီ ၆၀၀ ဘတ်စီ
ရေစုတ်စက် ၄၅၀၀ ဘတ်စီ

ရေဘေးနှင့် သက်ဆိုင်သောကုန်များကို အကြံပြုဈေးနှုန်းထက် ပိုမိုရောင်းချပါက ထောင်ဒဏ် ခုနစ်နှစ်ကျခံပြီ ငွေဒဏ် ၁၄၀ ၀၀၀ ဘတ် ပေးဆောင်ရမည်ဟု မစ္စတာ ဖွန်ကဆိုသည်။

တိုးမြင့်လာသေ လိုအပ်ချက်များကို ဖြည်ဆည်းရန်နှင့် အမြတ်ကြီးစား ကုန်သည်များ ဈေးမကားနိုင်စေရန် နိုင်ငံမြောက်ပိုင်း အရှေ့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ ရေသန့်ထုတ်သူများကို ရေဘေးသင့် ဗဟိုလွင်ပြင်ဒေသသို့ တတ်နိုင်သရွေ့ တင်ပို့ရန် ညွှန်ကြားထားသည်ဟု မစ္စတာ ဖွန်က ပြောကြားသည်။

ကြက်ဥများ ပြတ်လတ်လျက်ရှိသည်ဟူသော သတင်းများထွက်ပေါ်နေသော်လည်း မဟုတ်မှန်ဟု ဥစားကြက် မွေးမြူသူများအသင်းက ပြောကြားသည်။ ရေဘေးကြောင့် ဥစားကြက်ခြံ ငါးရာခိုင်နှုန်းသာ ပျက်ဆီးသည်ဟု သိရသည်။

ရေဘေးသတိပေးကြေညာချက်များကြောင့် ထိတ်လန့်တကြားဖြစ်ကာ ကြက်ဥများ စုဆောင်းခြင်းကြောင့် ကြက်ဥပြတ်လတ်သည်ဟု ထင်ဖွယ်ဖြစ်ခဲ့ကြောင်းကို ဥစားကြက်မွေးမြူသူများအသင်း ဥက္ကဌ မနော့ ကျူတက်တက်က ရှင်းပြသည်။

တစ်နေ့လျှင် ကြက်ဥ ၂၈ သန်းနှင့် ၂၉ သန်းကြား ထုတ်လုပ်နိုင်သော ဥစားကြက်ခြံများမှာ ပြဿနာ အနည်းငယ်သာ တွေ့ကြုံရကြောင်း သိရသည်။

ကြက်ခြံတချို့တွင် ဥစားကြက်များ သေဆုံးခဲ့သော်လည်း ကြက်မွေးမြူသူများက အချိန်မှီ ဖယ်ရှားခဲ့သဖြင့် ဆုံးရှုံးမှု နည်းပါးခဲ့ကြောင်း သိရသည်။

ကြက်ဥတစ်ဥလျှင် ပေါက်ဈေး သုံးဘတ်ရှိကြောင်း သိရသည်။

Source by :http://www.irrawaddyblog.com

Wednesday, November 2, 2011

လင်မယားနှစ်ဦး လိင်ဆက်ဆံ နေပုံကို ဗီဒီယို ခိုးရိုက်ခဲ့လို့ ဓားထိုးခံရ



သူတစ်ပါးလိင်ကိစ္စအား ချောင်းမြောင်း ကြည့်ရှု တတ်သူတစ်ဦးသည် ၎င်း၏ အိမ်နီးချင်း လင်မယား လိင်ဆက်ဆံနေကြပုံကို ချောင်း မြောင်းကာ ဗီဒီယို ရိုက်ကူးခဲ့ရာ အဆိုပါ အိမ်နီး ချင်းမှ ဒေါသထွက်ကာ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းကို ခံခဲ့ရသည်။

အိမ်နီးချင်းလင်မယား လိင်ဆက်ဆံနေ သည့် ဗီဒီယိုအား ထိုအိမ်နီးချင်း၏ သားကိုပင် ပြသခဲ့သည့် အဆိုပါ လိင်ကိစ္စ ချောင်းမြောင်း ကြည့်ရှုသူမှာ La Kampo ဆိုသူ ဖြစ်သည်။ ရဲမှ အသက် ၄၄ နှစ်ရှိပြီဖြစ်သော အဆိုပါ အိမ်နီးချင်းအား ဓားထိုးမှုဖြင့် ဖမ်းဆီးခဲ့ပြီး La Kampo ၏ အလောင်းကိုမူ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဧပြီလ ၁၉ ရက်နေ့ ည ၇း၃၀ ခန့်တွင် La Kampo သည် ဂျလန်း အူတာရာရှိ ၎င်းတို့ရွာရှိ အိမ်နီးချင်း၏အိမ်သို့ သွားရောက်ခဲ့ပြီး စကား စမြည် ပြောဆိုပြီးနောက် အိမ်နီးချင်းတို့၏ အ၀တ် အစားမပါသော ဗီဒီယိုများ ရိုက်ကူးထားမှု အကြောင်းကို ၁၇ နှစ် အရွယ်ရှိ အိမ်နီးချင်း၏ သားဖြစ်သူအား ပြောပြခဲ့သည်။

သားဖြစ်သူ ၎င်းအား မသိကျိုးကျွန်ပြု သောအခါ La Kampo သည် မီတာ ၂၀ ဝေးသော ၎င်း၏အိမ်သို့ ပြန်လာခဲ့သည်။ အိမ်နီးချင်းသည် La Kampo ၏ အိမ် သို့ သွားခဲ့ပြီး ဒေါသအလွန်ထွက်ကာ ဓားဖြင့် ထပ်တလဲလဲ ထိုးခဲ့ဟန်တူသည်။

La Kampo သည် အဆင့်ဆင့် ထိုး သွင်းထားသော ဓားဒဏ်ရာများနှင့် သွေးအိုင်ထဲ တွင် သေဆုံးသွားခဲ့သည်။ အဆိုပါ အိမ်နီးချင်းသည် လူသတ်မှု ကျူးလွန်ခဲ့သော ဓားကိုယူကာ အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ရဲစခန်းသို့ ထွက်လာခဲ့သည်။

ဆန်ဒါကန်းရဲအရာရှိ Rowell Marong မှ ပြောကြားရာတွင် နှစ်ဦးစလုံးမှာ အင်ဒိုနီးရှား လူမျိုးများဖြစ်ပြီး အလုပ်ကြမ်းသမား များဖြစ် သည်ဟု ဆိုသည်။

Source by : ရိုးရိုး (သတင်းကွန်ယက်)
Ref: the Star