Tuesday, February 14, 2012

မလေးရှားရောက် ရွှေမြန်မာများအား အထူး သတိပေးချက် - 2



အ ထူး သ တိ ပေး အပ် ပါ သည် ....

မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ အခု အချိန်တွင် မလေးရှားနိုင်ငံအတွင်း အော်ပရာစီ(စစ်ဆင်ရေး) ကိစ္စများကို စတင်ပြုလုပ် အကောင်အထည် ဖော်ဆောင်လျှက် ရှိနေပါတယ်။ သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက်အထား မရှိသူ အိုဗာစတေး သမားများ အနေဖြင့် သတိဖြင့် နေထိုင် သွားလာကြပါရန် သတိပေး အပ်ပါသည်။

အခု အရေးပေါ် သတင်းအရ ဖေဖော်ဝါရီ 15-16-17 ရက်နေ့များတွင် မလေးရှားနိုင်ငံအတွင်း အသေးစား အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု သတင်း ရရှိပါသည်။ မလေးရှား လ၀က နှင့် ရဲ အရာရှိများက အရပ်ဝတ်ဖြင့် လှည့်လည်နေပြီး မိမိတို့ စစ်ဆေးချင်သောသူအား .... ၄င်းတို့၏ ၀န်ထမ်းကဒ်များ ထုပ်ပြပြီး စစ်ဆေးကြပါသည်။ အိုင်စီ (နိုင်ငံသား လက်မှတ်) ကိုင်ဆောင် ထားသူများပင် မသင်္ကာပါက ကားဖြင့် ခေတ္တ တင်ဆောင်သွားပြီး သေချာ စစ်ဆေးပြီးမှ ပြန်လွှတ်ပါသည်။

ဆက်လက်၍ ကျွန်တော့်ထံသို့ ဖုန်းမှ သတင်းပေးချက်အရ မနက်ဖြန်အတွက် ရာဝမ်းနယ်မြေတွင်း အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု ပြောပြလာပါတယ်။ နေ့ရက် ၊ အချိန် ၊ နေရာများကို တိတိကျကျ ပြောပြခြင်း မရှိပါဘူး ။

ယခု 6P ကိစ္စများ နဲ့ ပက်သက်ပြီး အားလုံး တရားဝင် ဖြစ်ရေးအတွက် အော်ပရာစီ(စစ်ဆင်ရေး) များ စတင်နေပြီ ဖြစ်ပါတယ်။ သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ လူစည်ကားသော နေရာများ နှင့် မိမိနေထိုင်သော ပတ်ဝန်းကျင်များအတွင် သတိထား၍ နေထိုင် သင့်ပါကြောင်း နှင့် မိမိ ခရီးသွားလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက် အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းအား ဂရုစိုက် သတိထား သင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို ကျွန်တော်သိရှိ လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ အရေးကြီးသော မလေးရှားမှ သတင်းများကို ကျွန်တော်ရဲ့ဖုန်း = +6010 2148 677 နှင့် အီးမေး nayzawlin1@nayzawlin.com - nayzawlin1@gmail.com ကိုပေးပို့၍ မလေးရောက် ရွှေမြန်မာများ ဘေးရန် အန္တရာယ် ကင်းဝေး စေရန်အတွက် သတင်း ကဏ္ဍမှ မိမိသိရှိတာ တင်ပြသင့်တာကို အကူအညီပေး အကြံညဏ်ပေး နိုင်ပါသည်။

Nay Zaw Lin 1



http://www.nayzawlin.com/search/label/Malaysia

Malaysia News Information & Online Radio Blogger

Sunday, February 12, 2012

မလေးရှားရောက် ရွှေမြန်မာများအား အထူး သတိပေးချက်



အထူး သတိပေး အပ်ပါသည် ....

ယနေ့ မလေးရှား နိုင်ငံရှိ ကေအယ်မြန်မာဆိုင်များတွင် နံနက်အချိန် နှင့် နေလည်ပိုင်း အချိန်တွင် အော်ပရာစီ( စစ်ဆင်ရေး) များဝင်ရောက် စစ်ဆေး ဖမ်းဆီးနေကြောင်း သတင်း ရရှိပါသည်။ မလေးရှားနိုင်ငံ နေရာတိုင်းတွင် အော်ပရာစီ( စစ်ဆင်ရေး) လုပ်ငန်းများ စတင်အကောင်အထည် ဖော်နေပြီ ဖြစ်ပါသည်။

သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ ကေအယ် အနီးတစ်ဝိုက် နှင့် လူစည်ကားသော နေရာများသို့ သွာလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက်အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းကို သတိပြုသင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ အရေးကြီးသော မလေးရှားမှ သတင်းများကို ကျွန်တော်ရဲ့ အီးမေး nayzawlin1@nayzawlin.com - nayzawlin1@gmail.com ကိုပေးပို့၍ မလေးရောက် ရွှေမြန်မာများ အတွက် သတင်း ကဏ္ဍမှ တင်ပြ အကူအညီပေး နိုင်ပါသည်။

အယ်ဒီတာ



Saturday, February 11, 2012

ရခိုင်ပြည်နယ် သံတွဲဈေး မီးလောင်

Sithu Aung တစ်မြို့ လုံးက ဈေးကို မှီခိုစားသောက်နေကြရတာ ဖြစ်ပါတယ်။ ဈေးက ဆိုင်တွေ မှာ အလုပ်လုပ်နေကြတဲ့ဝန်ထမ်းပေါင်း များစွာဟာ အလုပ်လက်မဲ့ ဖြစ်ကုန်ကြရတဲ့ အပြင် ဈေး က တစ်မြို့ လုံးရဲ့ ဥစ္စာဓန တွေ စုနေတဲ့ နေရာဖြစ်တဲ့ အတွက် တစ်မြို့ လုံး တော်တော် ဒုက္ခ ရောက်နေကြပါတယ်။ အခုထိ မီးရှိနေသေးတဲ့ အတွက် မြို့ နေလူထု ရဲ စစ်တပ် မီးသတ် တို့ ဟာ အခု အချိန်ထိ မီးသတ်နေကြရတုန်းပါ။ မီးညွန့်ကတော့ 9 နာရီ ဝန်းကျင်ခန့် မှ ကျသွားပါပြီ။










စတင်လောက်တဲ့ နေရာက ရုံ (ဆ) ဘေးဖက်က ဈေး အလည်ကောင်တည့်တည့် ကနေစတင်လောက်ကြွမ်းခဲ့တာပါ။ စက်ချုပ်ဆိုင် တွေရှိတဲ့ နေရာဖက်က စတင်လောင်ကြွမ်းခဲ့ပါတယ်။ မီးလောက်ပြီး နာရီဝက်အကြာမှာ သံတွဲမြို့ မီးသတ်ဌာန မှ မီးသတ်ကား ရောက်ရှိလာခဲ့ပေမဲ့။ မီးသတ်ကားတွင် ရေအလုံအလောက်မပါခဲ့ပါဘူး မီးသတ်ကား က ရေပန့်ကလဲ အားပျော့်သော ရေအနည်းငယ်သာ ထွက်ခဲ့ပါတယ်။ 6နာရီ ခွဲခန့်မှ စတင်ပြီး မဇင် လေယဉ်ကွင်းစီမံကိန်း ဟော်တယ်ဇုန် များမှ ရေတင်ကားများရောက်ရှိလာပြီးမီးသတ်ကားများနှင့် အတူ ညှိမ်းသတ်ခဲ့ပါတယ်။ 


စတင်လောက်မြိုက်ရာနေရာမှ အထည်ဆိုင် ပိုင်ရှင် မချိုဆိုသော အမျိုးသမီးကို မီးသတ်မှာ ခေါ်ယူသွားသည်ဟုသိရပါတယ်။ ဖရောင်းတိုင်မီး နှင့် ဆိုင်ခင်းနေစဉ်လောက်မြိုက်ခဲ့သည်ဟု ယူဆကြကြောင်း သိရပါတယ်။ အတည်တော့ မပြုနိုင်သေးပါ။ 


 ‎043-65222 သံတွဲ Exchange ကို ခေါ်ယူကာ သံတွဲမြို့ ရှိ ဌာန ဆိုင်ရာ ဖုန်းနာပတ် များကို မေးမြန်နိုင်ကြပါကြောင်း သတင်းထောက်အားလုံးအား အသိပေးအပ်ပါသည်။


http://www.facebook.com/media/set/?set=a.3017000476441.2135958.1605484743&type=3 


အထက်ပါ လင့်ခ်မှ ကူးယူတင်ပြပါသည်။

Thursday, February 9, 2012

ဆရာမျိုးဟန်ကို - 2012, February လ အတွက် ဗေဒင် ဟောစတမ်း

http://api.ning.com/files/w715Vm7H10282*0xS1uZMMZ9oo8zV8HGDinCSDQxJTLoGuB2CiVtoEJb3tWmOy62efojHEGpW1RsnTwcjZd2pAfm*qvMHegT/myohanko.feb.gif

ဆရာမျိုးဟန်ကို - 2012, February လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

သင့်ရဲ့ ရည်မှန်းချက်တွေ အဆင်ပြေလာမည်။ အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေသော အချိန်ဖြစ်ပါသည်။ ဒီလ အတွင်းမှာ သူတစ်ပါးအတွက်နဲ့စိတ်ညစ်နေရမည်။ ငွေကြေး အတွက်နဲ့ စိတ်ညစ်နေရမည်။ ငွေကြေးများ မစုမိသော အချိန်ဖြစ်ပါသည်။

ဝင်သလောက် ကုန်ကျမှုများ ရှိနေပါသည်။ ဒီလတွေထဲ အနည်းငယ် စိတ်ညစ်နေရမည်။ ခရီးကိစ္စများ အဆင်ပြေမည်။ ခရီးယာယီ ကိစ္စများသွားနေရမည်။ အချစ်ရေးမှာ အဆင်ပြေနေပေမဲ့ စကားပြောဆိုမှုများ အဆင်မပြေပဲ ဖြစ်နေမည်။

ချစ်သူနဲ့ခွဲရမည်။ အိမ်ထောင်ရေးမှာ အဆင် မပြေသေးပါဘူး။ ဒီလအတွင်း ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။ယတြာ = ကံကောင်း စေရန်အတွက် အိမ်ဘုရားတွင် ပန်းအဝါရောင် ၈ ပွင့်ကို တင်လှူ၍ ဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ 4 7 8 6

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွှယ်တာလေးတွေ ပုံမှန်လေးသာ အဆင်ပြေနေမည်။ ဒီလအတွင်းမှာ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ စီးပွားရေးကိစ္စတွေမှာတော့ ကူညီပေးသူများ ပေါ်လာမည်။အထက်လူကြီးနဲ့ စကားပြောဆို ကိစ္စများ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။ အလုပ်ထဲ စိတ်တစ်ခြား လူတစ်ခြားဖြစ်နေမည်။

ငွေကြေးကိစ္စတွေမှာ ငွေဝင်ဖို့ လမ်းစတွေ ရှိပါသည်။ ရအောင်သာ စုပေတော့ ငွေကတော့ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ မိသားစုအတွင်း အလှူအတန်းကိစ္စများ ပြုလုပ်ရမည်။ အချစ်ရေးကတော့ မိမိချစ်သူ အတွက်နဲ့ အမြဲစိတ်ညစ်နေရမည်။

အိမ်ထောင်ရေးမှာ အဆင်ပြေနေမဲ့ အချိန်လေးပါ။ အခုလ ကျန်းမာရေး သွေးအားနည်းတာတို့ ခေါင်းမူးတာတို့၊ သွေးတိုးတာတို့ ဖြစ်မည်။ ယတြာ = သောက်တော်ရေခွက် နှစ်ခွက်ကို ဆင့်၍ အိမ်ဘုရားတွင် ကပ်လှူရင်းလိုရာ ဆုတောင်းယူပါ။ ကံကောင်းလာမည်။ အကျိုးပေးသော ဂဏန်း ။ ။ 4 0 2 3

၃။ အင်္ဂါ သားသမီးများ အတွက်

ဒီလအတွင်းမှာ စိတ်မောလူမောနဲ့ လှုပ်ရှားနေရမဲ့ အချိန်လေးပါပဲ။ အလုပ်အကိုင်များ ပုံမှန်လေးပါပဲ ပြုလုပ်နေရမည်။ အလုပ်အတွက်နဲ့ ပက်သက်၍ အနည်းငယ် စိတ်ညစ်ရတာမှအပ ထူးထူးထွေထွေ မရှိပါဘူး။ မိသားစုအတွင်း ပျော်စရာကိစ္စများ ဝမ်းသာစရာများ ဆက်တိုက်ဖြစ်ပေါ်နေမည်။ ရုတ်တစ်ရက် ကံကောင်းမှုများ ကြုံတွေ့ရမည်။ ငွေကြေးကိစ္စများ အဆင်ပြေနေမဲ့ အချိန်လေးပါ။

မိမိမျှော်မှန်းနေသာ ကိစ္စများ အဆင်ပြေလာမည်။ ခရီးတွေကတော့ ရုတ်တစ်ရက် သွားနေရမည်။ သူတစ်ပါး ကိစ္စများမှာလည်း ပါဝင်ကူညီရမည်။ သူငယ်ချင်း မိတ်ဆွေများနဲ့ ဆုံတွေ့ရမည်။ အချစ်ရေးမှာ စိတ်ချပါတဲ့ ။ အိမ်ထောင်ရေး ဝေးကွာနေမည်။

ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။ယတြာ = အသက်ကြီးသူ တစ်ဦးကို တရားစာအုပ် တစ်အုပ်လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။
အကျိုးပေးသောဂဏန်း ။ ။ 8 9 6 3

၎။ ဗုဒ္ဓ္ဓဟူးသားသမီးအတွက်

ဒီလအတွင်း လိုရာ ဆန္ဒတွေဟာ ပြည့်စုံလာမှာပါ။ အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေမည်။ သူတစ်ပါး ကိစ္စများကို ဝင်ပါတာတို့ ရှောင်သင့်ပါတယ်။ ဒီလအတွင်းမှာ စိတ်လွတ်ကိုယ်လွတ်လေး အလုပ်လုပ်နေရမည်။ စီးပွားရေး ငွေကြေးကိစ္စများကတော့ အဆင်ပြေနေမည်။

ငွေကြေးကိစ္စများနှင့် ပက်သက်၍ ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပါ။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးတွေက ပုံမှန်လေးသွားလာ နေရမည်။ မိမိသူငယ်ချင်း မိတ်ဆွေများနဲ့ စကားများရမည်။

အချစ်ရေးမှာ ပျော်စရာကောင်းသော အချစ်ကိုတွေ့ရမည်။ အိမ်ထောင်ရေးကတော့ အဆင်ပြေနေမည်။ ကျန်းမာရေးမှာ ဒူးနာ ၊ ခါးနာဖြစ်မည်။ ယတြာ = နေအိမ်ဘုရားတွင် ဖယောင်းတိုင် ၈ တိုင်ထွန်း၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ 2 4 8 5

၅။ ကြာသပတေး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်များ အဆင်ပြေနေမည်။ မျှော်လင့်သော ရည်ရွှယ်ချက်များ အကောင် အထည်ပေါ်မည်။ လက်ရှိ အလုပ်တွင် နေရာရနေသော်လည်း စိတ်ညစ်မှု အနည်းငယ် ရှိပါသည်။ ယခုလအတွင်း ငွေကြေးကိစ္စများ ပုံမှန် အဆင်ပြေပါသည်။

သူတစ်ပါးအတွက် ငွေကြေးများ ကူညီနေရမည်။ သူငယ်ချင်း မိတ်ဆွေများနှင့် ဆုံတွေ့ရမည်။ ခရီးယာယီများ ဆက်တိုက် သွားနေရမည်။ပညာရေး ကြိုးစားနေရမဲ့ အချိန်လေး ဖြစ်ပြီး ပညာရေး ကံကောင်းပါသည်။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေမည်။ ပျော်ရွှင်နေမဲ့ အချိန်လေးပါ။ အိမ်ထောင်ရေးမှာ ရန်စကား များနေရမည်။ မိသားစု အိမ်တွင်းရေး အတွက် အနည်းငယ် စိတ်ညစ်ရမည်။ ယခုလ ကျန်းမာရေးမှာ ခါးနာမည် ၊ ဇက်ကြောတက်မည်။

ယတြာ = ကံကောင်းလာ စေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်ပိုင်းတွင် ရေသန့်တစ်ဗှူးကို ကလေး တစ်ယောက် အား လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 4 0 4 9

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ထဲတွင် စိတ်ညစ်မှု မရှိသော်လည်း စကားပြောဆိုရသော ကိစ္စများတွင် စိတ်ညစ်နေရမည်။

ငွေကြေး ငွေကံကောင်းပါသည်။ အဆင်ပြေလာမည်။ မိတ်ဆွေ သူငယ်ချင်းများနှင့် စကားပြောဆိုမှု အဆင်မပြေပါ။ စေတနာကို ဝေဒနာ အထင် ခံရမည်။ အလှူအတန်း ကိစ္စများ ပြုလုပ်ရမည်။ ခရီးယာယီ သွားရမည်။

အချစ်ရေးမှာ အဆင်ပြေ ကံကောင်းနေမည်။ ယခုလ အိမ်ထောင်ရေးကိစ္စများ ရန်စကားများ နေရပေမဲ့ အဆင်ပြေပါသည်။ အခုလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေ ညံ့မည်။ ယတြာ = စနေနေ့ နံနက်ပိုင်းတွင် သခွားသီး တစ်လုံးကို ခါးမှ ချိုး၍ ရေမျှောရင်း ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 8 2 1 1

၇။ စနေသားသမီးများ အတွက်


ဒီလတွင်း ဖြစ်ချင်သော ရည်ရွှယ်သော ကိစ္စလေးတွေ များနေမည်။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေ နေသော်လည်း အနည်းငယ် စိတ်ညစ်နေမည်။ ယခုလက်ရှိ ဆုံးဖြတ်ရခက်သော ကိစ္စများ ဖြစ်ပေါ်နေမည်။

ငွေကြေးကိစ္စများ ရလိုက် ကုန်လိုက် ဖြစ်နေသော်လည်း အဆင်ပြေလာမည်။ သူငယ်ချင်း မိတ်ဆွေအသစ်များ ရရှိမည်။ ပျော်ရွှင်သော ခရီးများ သွားရမည်။ ပညာရေး ကံညံ့နေမည်။ ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ ဝေးနေရသော ချစ်သူ ထံမှ ဆက်သွယ်မှု ပြန်ရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။

ဒီလအတွက် ကျန်းမာရေးမှာ ခြေထောက်နာမည် ၊ အိပ်ရေးပျက်မည်။ ယတြာ = ကံကောင်းစေရန် အတွက် တနင်္ဂနွေနေ့ တွင် မိမိ နှစ်သက်ရာ သစ်သီး ၅ မျိုးကို အသက်ကြီးသူ တစ်ဦးဦးအား လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 2 2 4 7

ဆရာမျိုးဟန်ကို

NO. 314 , Block P/B ,
Jin Cheras Taman Cheras ,56100
Kuala Lumpur Malaysia

Ph; 017, 226 0715
myohankonew@gmail.com

http://www.myohanko.br.ms/