Sunday, April 17, 2011

နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3aMFmtQbytHYwbiKRGbXiuOzFefmQmEcsrd6dk4SPgNwWFagC8YjpRWgN1Z_YgnrT8-69Hz3t-eaSvCRHEJKCKhFRgJK7fR5QjljLJePu5sK_ZZ_itMzz7tMxgxSRshg53vX5N8hEepfD/s320/New+Year+wallpapers.jpg

မင်္ဂလာပါ။

http://t3.gstatic.com/images?q=tbn:ANd9GcQNr9l0POeCGwjKkQ1Vwg3XxfbmLA-iH7OeAAJ1hWjhw0FvCABreGN2wn19

နှစ်သစ်လေးမှာ စာဖတ်သူ မိတ်ဆွေများ အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg68XNDwX8OZcCdPq8PaXRI6gFs4SrnqEEIgTfwEnYRRY-SEzDZYGm0oYjpLu-J51nYXq7rTIhUxUWiQjWwpSNyaJdLLrgMgIiWzAKsfLXcYq_EMfCllO1VsZ763fNa3BKJ2DlNurVrYWF/s320/New-Year-2011-wallpapers-Collection-19.jpg

အခုဆို မြန်မာခုနှစ် ၁၃၇၃ နှစ်ဆန်းတစ်ရက်နေ့ = 17.4.2011 ရက်
တနင်္ဂနွေနေ့ လေး ကို ရောက်နေပါပြီ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVnpgs7ZpnVZAKhN8Z7KQ6G_hFX5xZri1grs2UgusWFXB7EOHeYAT-ZaSB4EGYaQTphzCeKi6wTUN0nAcp2sXts_Kt9rhqoAjP22t9JBZ5OIR2286rsoRg_6K0y5Iint_4avp0Q71LNu7n/s1600/happy-new-year-wallpaper-016.jpg

အားလုံးပဲ နှစ်သစ်လေးနဲ့ အတူ အဝေးရောက် နေကြသော မြန်မာများအားလုံး
ဘေးရန်အန္တရာယ်များ ကင်းဝေးကြပြီး အဆင်ပြေကြပါစေ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXs9iFs3jwe6HjjH8RFj4hVyyUQew974e1wacj1aAoUx0emBcaa_JymLHF3BiCqf18N3JkUV4-Il0citm_tL_FcZelm0drY5Q150aTLcaDBqz88u8FRYkhUMACHTWcf28mGRNMkL_pasal/s320/happy-new-year-wallpaper-8.jpg

လိုရာဆန္ဒတွေ အမြန်ပြည့်ဝပြီး မိသားစုများနဲ့ အတူတူ ပျော်ရွှင်စွာ
နေထိုင်နိုင်ကြပါစေ။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmnSQbm6CMYCIpcaDkCqawY8TcXmyekR7fKDeETNyVRT7VlolpM29-VR_1NWOHiNPaFPGviJdKLHwT5yQ8zLxVq0eIxOWnD1wtJxEpZgzhWg_Rur_EhTReCrmW7w8Y34XUr-lYSpKpyEG8/s320/New-Year-Wallpaper-2011.jpg


http://api.ning.com/files/XhTK2YqZ3jdyl4sSneWmm9F4V5lF4n-2qITl905QfVCn0uYigY8cOGh8E85KSB77cw6v3sHTggVY6cv*EqpSfMZUhcN1XNPO/00aL051RSF.gif


ခင် မင် လေး စား လျှက်

မိုးယံ .....

Friday, April 15, 2011

မြင်ချင်တာ နဲ့ ကြားနေရတာ







ဒီလိုသီချင်းလေးတွေနဲ့ သင်္ကြန်အေးအေးတွေ မြင်ရ ကြားရတာ စိတ်ချမ်းသာတယ်။ ဘယ်နှယ့်ဗျာ၊ ပြောတော့ ကြီးကြီးကျယ်ကျယ် မြန်မာ့နှစ်ကူး သင်္ကြန်တဲ့၊ ရိုးရာ သင်္ကြန်တဲ့၊ မြန်မာတို့ ယဉ်ကျေးမှုတဲ့၊ အတာကူးတဲ့လ၊ ထန်းကူးတဲ့လ၊ တန်ခူးလ၊ ဘာတွေမှန်းကို မသိဘူး။ ကိုယ်လဲ အဘိုးအိုမဟုတ်သေးပါ၊ (အဘိုးအို အဖြစ်နဲ့ ကဲနေသူတွေလဲ ရှိပါတယ်)။ သင်္ကြန်ဆိုတာကို ပျော်ပါတယ်၊ ဘာမှ ကြီးကြီးကျယ်ကျယ် မသိပါဘူး၊ သိစရာလဲမလို သင်္ကြန်ဆို ရေပက်ပေါ့၊ဆိုပေသိ၊ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ကို ပါမလာအောင်၊ သင်္ကြန်ရေနဲ့ ဆေးတာတဲ့၊ ကောင်းတယ် သဘောကျတယ်။ မကောင်းတာ မဟုတ်တာ မလုပ်နဲ့တဲ့ သိကြားမင်းက ခွေးသားရေမှာ မှတ်သတဲ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြောက်ကြောက်လန့်လန့်နဲ့ မလုပ်နဲ့ပေါ့။ မောင်ရင်းနှမတွေလို ခင်ခင်မင်မင် ရေလောင်း၊ အိုး ပျော်စရာ အလွန်ကောင်း၊ မုန့်လုံးရေပေါ်တွေ ကျွေးကြ၊ ငရုတ်သီးတွေ ထည့်ပေးကြ ၊ စားသူမှာ ရေစိုလို့ ချမ်းနေတုန်း ဗြုန်းဆို ငရုတ်သီးကို ၀ါးမိ၊ အချမ်းပဲ ပြေသွားသလို၊ရွှေရင်အေးတွေသောက် ၊ အိုးမဲတွေ လိုက်သုတ်၊ အဘိုးကြီး အဘွားကြီးတွေကို လက်သည်းခြေသည်းညှပ်ပေး၊ ခေါင်းလျှော်ပေး၊ အဲဒါ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ သင်္ကြန်။

နောက်တော့ ရေကို ရိုးရိုးမပက်၊ ရာဘာ ဘော်လုံးထဲ ထည့်ပြီးပေါက်၊ အေးချမ်းစေချင်လို့မဟုတ်ဘူး၊ အသားနာစေချင်တာ၊့ဆီခွက်ထဲထည့်ရိုးရိုးမပက်၊ခွက်စောင်းခုတ်၊ အသားနာစေချင်တာ ကောင်မလေး တွေကို ရေလောင်းတယ်၊ ပိုပြီးစိုစေချင်လို့တဲ့ ၊ ဂုတ်ပေါ်ကနေ အင်္ကျီစလေး အသာဟ၊ ရေလောင်းချ အောက်လဲ ငုံ့ကြည့်လေး၊ ကျောလဲ လက်နဲ့သပ်သေး၊ အဲဒါ နှမချင်းမစာနာတဲ့ သင်္ကြန်၊ဖိနပ်ကလေး ခါးထိုး ၊ မဏ္ဌပ်ရှေ့ ရေပိုက်တွေအောက်မှာ ကွေးနေအောင်က၊ အဲဒါ အရူးသင်္ကြန် ၊ ကိုကြီးကျော်အရှုံးပေး ရအောင် သောက်၊ မူးပြီဆို အမျိုးသမီးတွေ တင်ပါးတွေ လိုက်ကိုင်၊ ထိကပါး ရိကပါးတွေ လုပ်၊ ဒါဟာ ယဉ်ကျေးမှုကိုပြတဲ့သင်္ကြန်၊ စတိတ်ရှိုးဆိုတဲ့ အဆိုတော်တွေကို အောက်ကနေ ဆဲ၊ ပြောင်းဖုးရိုးနဲ့ပစ်၊ အဲဒါ မြန်မာသင်္ကြန်၊

အံမယ် ခေတ်ဆိုတာကလဲ ပြောင်းသကိုး၊ ခက်တာက အဲဒီခေတ်ဆိုတာကို လူကလုပ်ပြီးပြောင်းတာ၊ အဲဒါကို ခေတ်ကပြောင်းနေလို့ လူက ပြောင်းတယ်ဆိုပြီး ကျွန်ုပ်တို့ မဟာမနုဿများက ဆင်ခြေ အမျိုးမျိုးပြကြ သဗျာ။ ဒါနဲ့ပဲ ခေတ်မှီတဲ့ သင်္ကြန်ကြီးကို ဆင်နွဲကြသပေါ့လေ။ လာပါပြီ ကောင်မလေးတွေ အရိုကို အရှိ အတိုင်းသာ မြင်စေချင်တာဆိုပြီး သီချင်းကလေး ငြီးပြီးထွက်လာကြတယ်၊ အံမယ် လူမိုက်ရုပ်နဲ့ ကောင်တွေ ရံပြီးတော့ပေါ့လေ။ ဒါနဲ့ပဲ ချမ်းလို့ဆိုပြီး အပူအခါးရည်သောက်၊ အဲဒီ အပူရည်တွေ သောက်ပြီး ပူလာကြတယ်၊ အံ့တယ် ကိုယ်တွေများ အပူရည်တွေကို တစ်ခါတစ်ခါ သောက်မိပါတယ်။ မပူလာပါဘူး၊ သူတို့က သင်္ကြန်ရက်လေး သောက်ပြီး ပူလာတာ၊ အံ့သဗျာ၊


သင်္ကြန် မြန်မာတို့ရဲ့ ယဉ်ကျေးမှု ရိုးရာသင်္ကြန်၊ စဉ်းစားမရတာက ဆေးရုံတွေမှာ ကုတင်တွေ မလောက်လို့တဲ့။ ရဲသားကြီးတွေခဗျာ.. သင်္ကြန်လဲ မကဲရဘူးတဲ့လေ၊ နှစ်ဆန်းတစ်ရက်နေ့တုန်းကတောင် ကိုကျော်သူ ကားလိုက်မောင်းရသေးတယ်။ မြန်မာ သင်္ကြန်ဆိုပဲ။

နံမည်ကြီးတယ် ဗိုလ်ချုပ်ဈေးသင်္ကြန်၊အော် ဗိုလ်ချုပ်ဆိုလို့ ဗိုလ်ချုပ်တွေ အများကြီးဆိုတော့ နားရှုပ်သွားမလားပဲ။ ကျွန်တော်ရည်ရွယ်တဲ့ ဗိုလ်ချုပ်က တိုင်းပြည်ကချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုပြောတာ ၊ အဲဒီ အမျိုးသားခေါင်းဆောင်ကြီးရဲ့ အမှတ်တရ ဈေးထဲမှာ ၊ လူကလုပ်တဲ့ ခေတ်ကို အမှီလိုက်နေရတဲ့ အမျိုးကောင်းသမီးများကြတော့ သင်္ကြန်ရေကစားတာ အင်္ကျီမပါဘူးဗျာ၊ ကြိုးလေး နှစ်ချောင်းရယ်.. အလုံးကာရယ်ပဲ မြင်တယ်။ ကျွန်တော်တော့ အင်္ကျီမဟုတ်ဘူးမှတ်တာပဲ။ အဲဒါက မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ပွဲတဲ့လေ။

သေချာ စဉ်းစားကြည့်တော့ သင်္ကြန်ဆိုတာလဲ ဘာမှ မဟုတ်ပါဘူးဗျာ။ ကမြင်းကြောထချင်တာကို နံမည် တစ်ခုပေး ကောင်းတာလေး နည်းနည်းနဲ့ ကာကွယ်ထားတယ်လို့ပဲမြင်မိတယ်။ ရေမလောင်းလဲ ဘာဖြစ်လဲ ဘာမှ မဖြစ်ဘူး၊ လောင်းတော့ ဘာဖြစ်လဲ။ အဲဒီပွဲရှိတော့ ပြင်ရဆင်ရ၊ ပိုက်ဆံကုန် လူပင်ပန်း နေမကောင်း ရန်ဖြစ် ဆေးရုံရောက် အပျိုရည်ပျက် ထောင်ကျ ဗိုက်ပူ သိက္ခာကျ ငရဲကြီး ။ အဲဒါ မြန်မာသင်္ကြန်။


ကမ္ဘာမှာ ဒီလောက်ရေချို ရှားပါးနေတဲ့ကမ္ဘာမှာ ဧရာဝတီ၊ စစ်တောင်း ၊ ချင်းတွင်းနဲ့ သံလွင် တစ်သွင်သွင်းစီးသမျှ မြန်မာပြည်ရေမရှား။ သင်္ကြန် ငါးရက်မှာ ဖြုန်းတဲ့ ရေချိုတွေကို တစ်ပြည်လုံး တွက်ချက်ကြည့်ပြီး၊ သင်္ကြန်ဆိုတာကို နည်းနည်းလျော့၊ အဲဒီ ရေချိုတွေများ ရေငတ်လို့ သေလုနီးပါး ဖြစ်နေတဲ့ ကလေးငယ်လေးတွေကို တင်ပို့လိုက်ရင် .......


မိုးယံ

Monday, April 11, 2011

သင်္ကြန်တွင် မိန်းကလေးများအတွက်

မိန်းကလေးတွေ ... သင်္ကြန်မှာ ချမ်းနေတုန်း ..ကော်ဖီပူပူတိုက်တိုင်း .. ယုံယုံကြည်ကြည်မသောက်ကြပါနဲ့ ..။

ဘ၀ ...ပါ ...လမ်းကြောင်းပြောင်းသွားနိုင်ပါတယ် ..။

ကာမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်းသို့ တရားမ၀င်လမ်းကြောင်းများမှတစ်ဆင့် အလွယ်တကူ တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် သင်္ကြန်အတွင်း ..လူငယ်များအကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိုင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိုင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။

ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။
ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိုင်သော ချိုသာသောအနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်းသိရသည်။

http://www.alibaba.com/product-gs/347362243/Lady_Coffee_sex_product_.html

ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။ နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။


mandalaly gayzette က ukok44 ရဲ့ ပိုစ့်တစ်ခုကို သင်္ကြန်အတွက် အထူးသတိပြုရန် မွမ်းမံပြီးတင်ပေးလိုက်ပါတယ် ..။
သူငယ်ချင်းအားလုံး ရှိသမျှ social site တိုင်းမှာ သင်္ကြန်အမီ share ကြပါ ..။