Thursday, January 19, 2012

ဘန်ကောက်က မြန်မာများ သတိထားကြဖို့ (Daliy News, Thailand)



အန္တရာယ် သတိထားကြဖို့ပါ။ ယခုလေးတင်ပဲ ထိုင်းလူမျိုး ပေါက်ပေါက် ရောက်ရောက် မိတ်ဆွေတွေ အများကြီးနဲ့သိကျွမ်းခင်မင်တဲ့ မြန်မာမိတ်ဆွေ တစ်ယောက် ကပြောပြတဲ့ သတင်းလေးပါ။ ကိုယ့်မြန်မာလူမျိုးတွေ အန္တရယ်ဖြစ်မှာစိုးလို့ အသိပေးလိုက်ရပါတယ်။

ထိုင်းနိုင်ငံထဲကိုရောက်နေတဲ့ အကြမ်းဖက်သမားတွေကို အကုန်လုံးဖမ်းမမိသေးပါ။ ဒါကြောင့်မို့အခုရက်ပိုင်းမှာ
အထူးသဖြင့် ဘန်ကောက်မှာရှိကြတဲ့ မြန်မာများ သင်္ဘောသားများ အနေနဲ့ အနောက်နိုင်ငံလူဖြူ ဧည့်သည်အလာများတဲ့ ကောက်ဆန်လမ်း (Soi Kaosan) နာနားလမ်း (Soi-Na Na) (ဆူခွမ်ဗစ် ဆွိုင် ၄) နဲ့ အခုကြားတဲ့သတင်းအရ

သူတို့တွေအဓိက ပစ်မှတ်ထား နေတယ်လို့ သိရတဲ့ ဆူခွမ်ဗစ် ဆွိုင် အဆုတ်ခ် ( Soi Asok - ဆွိုင် ၂၁) ကပျော်ပွဲစား ရုံမျိုး တွေကို သွားပြီးငေးမော သောက်စားတာ တွေကို ရှောင်ကျဉ်စေ ချင်ပါတယ်။ ကျန်တဲ့ ကုန်တိုက်တွေ ဘာတွေကိုလည်း မလိုအပ်ရင် သိပ်မသွားတာ ကောင်းမယ် ထင်ပါတယ်။

လေးစားလျက်။

ကိုထူးဆန်း

Source by :http://onlinepyadaik.com/profiles/blog/show?id=4021190%3ABlogPost%3A413454&xgs=1&xg_source=msg_share_post

Tuesday, January 17, 2012

ကျောင်းအုပ်ဆိုတဲ့ သတ္တ၀ါ လူမဆန်လိုက်တာ..


 
( သတင်း နဲ့ ဓာတ်ပုံ - မြတ်မိုး / ဧရာဝတီ )
သင်္ဃန်းကျွန်းမြို့နယ် အ.မ.က(၂၀) ကျောင်းအနီး ဘောလုံး လာရောက် ကစားသော
ကျောင်းသား တစ်ဦး ကြိုးတုပ်ရိုက်နှက်ပြီး ၄နာရီကျော်ကြာ ကျောင်းအတွင်း ချုပ်နှောင်ခံခဲ့ရကြောင်း ကာယကံရှင် မိသားစုထံမှ သိရသည်။

အ.ထ.က(၁)သင်္ဃန်းကျွန်းတွင် သတ္တမတန်း တက်ရောက်နေသော အသက် ၁၂နှစ်အရွယ်
ပြည့်စုံကို အ.မ.က(၂၀)သင်္ဃန်းကျွန်းမှ ကျောင်းအုပ်ကြီး ဦးဌေးလွင်
ရိုက်နှက် ချုပ်နှောင်မှုကြောင့် ကလေးငယ်သည် သင်္ဃန်းကျွန်း ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ပြည်စုံ၏ အဒေါ်ဖြစ်သူက
ပြောသည်။

'' ကလေးက အကြောက် လွန်သွားတယ်၊ ကလေးကို တွေ့တာ နောက်ထပ် တစ်နာရီနောက်ကျရင်
အသက်တောင် မီမှာ မဟုတ်ဘူး၊ ဒဏ်ရာကြီးကြီးမားမား မရဘူး၊ အကြောက် လွန်ပြီး
ဖျားနေတာ" ဟု သင်္ဃန်းကျွန်းဆေးရုံတွင် တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။

အဆိုပါ ကျောင်းအနီးတွင် ဇန်န၀ါရီ ၁၄ရက်နေ့ နံနံက် ၉နာရီတွင် ပြည်စုံသည်
သူငယ်ချင်းများနှင့် အတူ ဘောလုံး ကန်နေစဉ် ကျောင်းအုပ်ကြီး ထွ က်အော်မှုကြောင့် ကလေးငယ်များ အားလုံး ထွက်ပြေးခဲ့ပြီး ထိုထွက်ပြေးသွားသော ကလေးငယ်များထဲမှ ပြည့်စုံကို ကျောင်းအတွင်းသို့
ကျောင်းအုပ်ဆရာကြီးသည် လိမ်ညာခေါ်ဆောင်ပြီး ကျောင်းစောင့်နှစ်ဦးကို
လက်ပြန်ကြိုးတုပ်ခိုင်းပြီး ရိုက်နှက်ခိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

'' ကျန်တဲ့ကလေးတွေက အိမ်ကို လာပြောပြောချင်း လိုက်သွားတာ၊ ကျောင်း အပေါ်ထပ်ရောက်တော့ လက်ပြန်ကြိုးတုပ်ခံထားပြီး ကြမ်းပြင်မှာ ခွေခွေလေးလဲနေတဲ့ မောင်လေးကို တွေ့လိုက်တော့ ကလေးက သတိမေ့နေပြီ" ဟု ပြည်စုံ၏ အစ်မအရင်းဖြစ်သူက ပြောသည်။
ကြိုးဖြည်ပေးပြီး အိမ်သို့ပြန်ခေါ်ရန် ကျောင်းအုပ်ဆရာကြီးကို အစ်မဖြစ်သူ ပြောရာတွင် ကျောင်းထဲသို့
အခွင့်မရှိ ၀င်ရောက်မှုဖြင့် တရားပြန်စွဲမည်ဖြစ်ကြောင်း အ.မ.က(၂၀)ကျောင်းအုပ်ကြီး ဦးဌေးလွင်က ပြောဆိုလိုက်သည်။

''မောင်လေးကြောက်တယ် ကြောက်တယ်ပြောပြီး ရေပဲတောင်းနေတယ်၊ အဲဒီ ကျောင်းအုပ်ကြီးကလဲ မောင်လေးကို ပြန်မထည့်တော့ ကျွန်မထိုင် ရှိခိုးပြီး ပြန်ခေါ်လာရတယ်"ဟု အစ်မဖြစ်သူက ဆိုသည်။

ဤအမှုနှင့် ပတ်သက်ပြီး မိသားစုက
သင်္ဃန်းကျွန်းရဲစခန်းတွင် အမှုဖွင့်ထားပြီး
မြို့နယ်ပညာရေးမှူးများထံ တိုင်ကြားထားကြောင်း သိရသည်။

ပြည့်စုံသည် ကျောင်းအတွင်းသို့ ခိုးဝင်ခဲ့ပြီး ကျောင်းဝန်း အတွင်း ဗုံးလာထောင်မည် စိုးသဖြင့် ကျောင်းလုံခြုံရေးအရ ချူပ်နှောင်ရခြင်း ဖြစ်သော်လည်း ရိုက်နှက်ခြင်း မရှိကြောင်း
ကျောင်းအုပ် ဦးဌေးလွင်က မြို့နယ်ပညာရေးမှူးရှေ့တွင် ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်း ဖြစ်ပွားမှုနှင့် ပတ်သတ်ပြီး အ.မ.က(၂၀)ကျောင်းအုပ် ဦးဌေးလွင်ထံ ဆက်သွယ် မေးမြန်းရာ တွေ့ဆုံခွင့်မရရှိခဲ့ပါ။

'' ကလေးတွေကလဲ ကျောင်းထဲဝင်ဆော့တယ်၊ ဆရာကြီးက ဆုံးမတာပါ၊ ရိုက်နှက် ချုပ်နှောင်ခဲ့တာ မဟုတ်ပါဘူး" အ.မ.က(၂၀)ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းအကျိုးဆောင်များက ပြည့်စုံမိသားစုထံ လာရောက် ညိုနိုင်းပေးပြီး ကလေးငယ်အတွက် မုန့်များ လာရောက်ပေးခဲ့ကြောင်း ပြည့်စုံ၏ အဒေါ်ဖြစ်သူက ဆိုသည်။

''ကျွန်မတို့ လျော်ကြေးလိုချင်လို့လဲ တိုင်ထားတာ မဟုတ်ဘူး၊ ကလေးတစ်ယောက်ကို ဒီလောက်ထိ လုပ်စရာမလိုပါဘူး" ဟု ၎င်းက ပြောသည်။


 
၁၄ ရက်နေ့လည် ၃ နာရီခွဲ အချိန်မှာ ကျမ မနှင်းပွင့်ဖြူ အသက် ၂၂ နှစ်၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက
(နိုင်) ၁၂၁၉၃၆ ရဲ့ နေအိမ်ကို လမ်းထဲမှ ဟူစိန် လာရောက်ပြီး “မကြီးရဲ့ မောင် ပြည့်စုံကို     ကျောင်းအုပ်ဆရာကြီးက ဘောလုံးကန်လို့ ဖမ်းထားတယ်” လို့ လာပြောပါတယ်။

ကျမ မောင်လေးက အသက် ၁၂ နှစ်၊ အထက (၁) သင်္ကန်းကျွန်းမှာ သတ္တမတန်း တက်နေတာပါ။ ကျောင်းအုပ် ဆရာကြီးက အမက (၂၀) သင်္ကန်းကျွန်းမြို့နယ် ကပါ။ သူ့ မူလတန်းကျောင်းဘေးမှ ဘောလုံးသွားကန်လို့ပါ။
ကျမနဲ့ ဟူစိန် လည်း အမက (၂၀) ကို အပြေးရောက်သွားပါတယ်။ ကျောင်းအောက်ရောက်တော့ ကလေး တစ်ယောက်ကို မောင်လေး ဒီမှာ ကောင်လေး တစ်ယောက်ကို ဆရာကြီး ဖမ်းထားတယ်ဆိုလို့ လာတာလို့ မေးတော့၊ အဲဒီကလေး က ဟုတ်တယ် မကြီး သားပြမယ်ဆိုပြီး အပေါ်ထပ်မှာ ဆိုလို့ ကျမ
တစ်ယောက်တည်း အပေါ်ထပ် တက်သွားပါတယ်။ ဟူစိန်က အောက်မှာ ကျန်ခဲ့ပါတယ်။

ကျမ  မောင်လေးကို ၀ရံတာမှာ လက် နောက်ပြန်ပြီး နိုင်လွန်ကြိုးနဲ့ တုတ်ထားတာပါ။ တမံတလင်း ကြမ်းပြင်၊
နောက်မှာ နံရံနဲ့ မီပြီး ကလေးက ခွေခွေလေးဖြစ်နေပါတယ်။ ကျမ ကလေးကို နှိုးပါတယ်။ မနိုးပါဘူး။ ပါးကို အတင်းလှုပ်တော့မှ ကလေးက မျက်ဖြူလှန်ပြီး နိုးလာပါတယ်။

“မကြီး သားကြောက်တယ် ၊ သား ရေသောက်မယ် ၊ ရေဆာတယ်” ပဲပြောနေတယ်။ အနီးနားက အခန်းထဲမှာ မိန်းမ တစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ကို ကျမ တွေ့တော့ ရေနည်းနည်း တိုက်ပါလို့ပြောပြီး၊ အဲလ်ပိုင်း ရေသန့်ဘူးလေးထဲမှာ ရေလက်ကျန် ဖင်ကပ်လေးကိုတွေ့လို့ ဆွဲယူလိုက်ပါတယ်။
ကလေးကို ရေ အရင်တိုက်ပြီးမှ ကြိုးဖြေပေးလိုက်ပါတယ်။ သူ့လက်တွေ အရမ်းနာနေပါတယ်။ ကြိုးက နိုင်လွန်ကြိုး နီဖြူ ကြားပါ။ ရှုပ်ယှပ်ခတ်နေအောင် ချည်ထားတာကြောင့် အချိန်အတော်ကြာမှ ပြေသွားပါတယ်။
ကျမ က နင်ကို ဘယ်သူဖမ်းတာလဲ ဘယ်သူကြိုးတုတ်တာလဲ မေးတော့၊ သားပြန်မယ် သားကြောက်တယ်ချည်း ပြောနေတယ်။ သားကို ကျောင်းအုပ်ဆရာကြီး လူနှစ်ယေက်နဲ့ ဖမ်းပြီး ကြိုးတုတ်ထားတာလို့ ပြောပါတယ်။ ကလေးကို နီးရာ ခုံအစိမ်းလေးမှာ ထိုင်ခိုင်းထားပါတယ်။
ကျမက ရေတောင်းယူခဲ့တဲ့ အခန်းသွားပြီး အစ်မ ကျောင်းအုပ်ဆရာကြီးက ဘယ်သူလဲလို့ မေးပါတယ်။ အဲဒီမှာ မိန်းမက ပန်းကန်ဆေးနေပြီး ယောင်္ကျားကအင်္ကျီ လဲနေတာကို ကျမ တွေ့ရပါတယ်။ ကျမ သူနဲ့တွေ့ပြီး ကလေးကို ပြန်ခေါ်တော့၊ အဲဒီမှာ ဦးလေးကြီးက “ငါ ကျောင်းဆရာအုပ်ပဲ၊ ငါ ဖမ်းတာ”လို့ ပြောပါတယ်။
“နင်က ဘာကကောင်မလို့ သူ့ကို ကြိုးကို ဖြေပေးတာရတာလဲ” လို့  ကျမကို ပြောပါတယ်။

ဆရာကြီးလုပ်ထားတာကြည့်ပါအုံး။ ကလေးကို တိရစ္ဆာန်တစ်ကောင်လို ကြိုးနဲ့ တုတ်ထား
စရာလားလို့ ပြန်ပြောတော့၊ သူက “နင်မောင်က မုန့် ခိုးစားတယ်” လို့ ပြောတော့ ကျမမောင်လေးက “ကျနော်
မခိုးစားဘူး ကျနော် မခိုးစားဘူး” လို့ ပြောပါတယ်။

ကျမမောင်လေးကို ပြန်ခေါ်သွားမယ်ဆိုတာ မထည့်ပေးဘူး။ ကျန်မတို့ မောင်နှမကို သူတို့ ခြိမ်းခြောက်ပါတယ်။ ကျမ ကို ၄ ချက် စွပ်စွဲပြီး ရဲစခန်းပို့မယ်လို့ ပြောပါတယ်။ (၁) ခွင့်မပြုဘဲ ကျောင်းထဲဝင်လို ၊ (၂) ရေဘူးကိုယူလို (၃) သူ့ကို ပြန်ပြောလို့၊ (၄) ကြိုးဖြေလို့ ဆိုပြီး ကျမကို ခြိမ်းခြောက်ပါတယ်။
ကျမက ကျောင်းထဲကို အောက်က ကလေးတစ်ယောက်ပို့လို့  ၀င်လာတာ၊ ရေဘူးက ကလေးအတွက် အရေးကြီးလို့ ခွင့်တောင်းပြီးယူတာလို့ သူကိုပြန်ပြောတာ၊ ဆရာကြီးမှန်းမသိလို့ ပြောမိတာပါ၊ ကြိုးဖြေပေးတာ ကလေး လက်တွေညောင်းပြီး လက်ကောက်ဝတ်တွေ နီရဲလို့ ဖြေပေးတာလို့ ကျမ ပြန်ရှင်းတာကို စားမလိုဝါးမလိုနဲ့ ဒေါသတကြီး ကြည့်နေပါတယ်။
“တကယ်လို့  ဒီကလေး ရေမသောက်ရလို့ စက္ကန့်ပိုင်းအတွင်း သေသွားရင် ဘယ်လို လုပ်မလဲ” လို့ မေးတော့ ငါသေအောင် မလုပ်ဘူးတဲ့ နင်ကိုလည်း သွားခွင့်မပြုဘူးတဲ့  အဲဒါဘယ်လိုလုပ်ပေးရမလဲ နင်စဉ်းစားတဲ့။
ကျမ မောင်လေး မျက်ဖြူလှန် ခွေယိုင်ပြီး ကြောက်နေတဲ့  ကျမတို့ မောင်နှမ ဆရာကြီးကို ထိုင်ကန်တော့ပြီး တောင်ပန်းခဲ့ပါတယ်။ အဲဒါကို သူက မကျေနပ်ဘဲ မိဘခေါ်ခဲ့၊ မိဘ လာမှ လွှတ်မယ်လို့ ပြောပါတယ်။ အဲဒါနဲ့ အောက်မှ ကျန်နေခဲ့တဲ့ ဟူစိန်ကို ကျမ အစ်ကိုကို သွားခေါ်လို့ ပြောလိုက်ပါတယ်။ အမေ မသိစေနဲ့လို့လည်း
ပြောလိုက်ပါတယ်။

တအောင့်နေတော့ အစ်ကို ရောက်လာတယ်။ ကျမ က “ကိုကြီး ကလေးကို သူတို့ ကြိုးတုတ်ဖမ်းထားတာ မုန့်ခိုးစားလို့တဲ့ ၊ မောင်လေးက မဟုတ်ဘူးပြောတယ်၊ ဘောလုံးကန်တာတဲ့” ဆိုပြီး ပြောပြလိုက်တယ်။
အဲဒီမှာ ဆရာကြီးက “နင့်မောင်ကို မိဘ ဘယ်မှနေလဲလို့  ငါမေးတယ်။ နင့်မောင်က မြောက်ဒဂုံလိုလို တောင်ဒဂုံလိုလို ဟိုလိုလို ဒီလိုလို ပြောနေတယ်” ဆိုတော့ ကျမက “ကလေးက မိဘသိမှာကို ကြောက်ပြီး ပြောတာပါ၊ ကျမတို့က ဒီနားမှ နေတာ အဲဒီ အဝေးကြီးကနေ ဒီကလေးလေးတွေ လာဆော့မလား” လို့ ပြန်ပြောလိုက်ပါတယ်။
ဘောလုံးကန်တဲ့ သူတွေထဲမှာ ကျမ မောင်လေး က ၁၂ နစ် အကြီးဆုံးပါ၊ ၈ နှစ် ၉ နှစ် ကလေးတွေလည်း ပါတယ်။ ဒီမှာလာဆော့တဲ့ ကလေးတွေအကုန်လုံးက ဒီသမာဓိရပ်ကွက်ထဲက ဆိုတာ လူတိုင်းသိတယ်။ အစ်ကိုကိုလည်း ဆရာကြီးက မင်းညီက ပုံမှန်ဟုတ်ဘူးတဲ့ မျက်လုံးတွေက စိတ်မှကောင်းရဲ့လား၊ ကလေးကို စိတ်မနှံဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြောပါတယ်။ ကလေးကလန့်ပြီး မျက်ဖြူလန်နေတာ။ အစ်ကိုကိုလည်း တောင်းပန်လိုက်အုံးပြောတော့ အစ်ကိုက ဆရာကြီးကို တောင်းပန်းပါတယ်။
ကျောင်းအုပ်ဆရာကြီးက ကျမတို့ လိပ်စာကိုတောင်းပြီး နောင်ဒီလို့ ဖြစ်ရင် မလွယ်ဘူးတဲ့  စခန်းပို့မယ်လို့ ထပ်ပြောတယ်။ ကလေးက ရဲစခန်းဆိုတဲ့ အသံကြားပြီး ကြောက်လန့် နေတယ်။ မကြီး တောင်းပန်လိုက် သားကြောက်တယ်လို့  ပြောပါတယ်။ ကျမတို့ တောင်းပန်းခဲ့ပြီး မောင်နှမတွေ ငိုယိုပြီးပြန်လာခဲ့ပါတယ်။
ကလေးက လမ်းမလျှောက်လို့ မရအောင် ပျော့ခွေနေတယ်။ လက်မှာလည်း ကြိုးအရာကြီးတွေ ထင်းနေတာ။ အစ်ကိုက ချီပြီး စက်ဘီးနဲ့ အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ မိဘ မသိအောင် အိပ်ခန်းထဲ ကုတင်ပေါ်မှာ လှဲခိုင်းထားရတယ်။
နောက် ၁၀ မိနစ်လောက် ကြာမှာ အဒေါ်( အမေ့ ညီမ ) ရောက်လာတယ်။ ကလေးက ခြေလက်တွေ အေးနေတယ်။ နင်တို့  ဆေးရုံတင်လို့ ပြောပါတယ်။ ငါ အဲဒီကျောင်းအုပ်ကြီးကို သွားတွေ့မယ်လို့ ပြောပါတယ်။ ဒေါ်ကြီးက ကလေးကို ဆေးရုံးအရင်တင်မယ်ဆိုပြီး ညနေ ၄ နာရီ ၁၀ မိနစ် လောက်မှပဲ ဆေးရုံ တင်လိုက်ပါတယ်။
အရေးပေါ် အခြေနေဖြစ်သွားပါတယ်။ ကလေးက နိုးလိုက် မေ့မျောသွားလိုက် ဆေးရုံမှာ ဖြစ်နေပါတယ်။ မျက်ဖြူလှန်ပြီး ခြေဖျား လက်ဖျားတွေ အေးနေတယ်။ သူသတိရတဲ့ အချိန်မှာ သားကြောက်တယ်ချည်းပဲ ပြောနေသည်။
“မောင်လေးကို ဘယ်သူ ကြိုးတုတ်ပြီးဖမ်းတာလဲ” လို့ မေးတော့
“သားကိုကျောင်းအုပ် ဆရာကြီးက ကျောင်းစောင့် ဦးလေးကြီး နစ်ယောက်ကို လွှတ်ပြီး ကျောင်းထဲမှာ ဘောလုံးကန်မယ်လို့ လိမ်ပြီးခေါ်တယ်။ သားတို့ အချင်းချင်း ကစားနေတာ သူတို့နှစ်ယောက် ၀င်ပါမယ်ဆိုပြီး ညှပ်ဖမ်းတာ ကျန်တဲ့ ကလေးလေးတွေကတော့ ထွက်ပြေးတယ်။ သားတို့ က ၉ နာရီခွဲလောက်က ကစားနေတာ၊ အိမ်ပြန်ကာနီး ၁၁ နာရီ ကျော်လောက်မှ ဖမ်းတာ”

အတူကစားတဲ့ ကလေးတစ်ယောက်က ပြောတယ်။ မကြီးမောင်ကို ကျောင်းကလူကြီးနှစ်ဦး ဖမ်းပြီး
အပေါ်ထပ် ခေါ်သွားတာ တွေ့လိုက်တယ်။ သားပုဆိုးကျန်ခဲ့လို့ သွားယူတော့ ကျောင်းအုပ်ကြီးက
သူ့ကို လက်သီးနဲ့ ထိုးနေတယ်။ ကြိမ်လုံးနဲ လည်း ရိုက်တာ တွေ့တယ်”

ကလေးတွေ ကျောင်းပိတ်ရက် လမ်းထဲမှာ ဘောလုံးကန်လို့ မရလို့၊အနီးနားက ကျောင်းနားမှာ ဘောလုံး သွားကစားတာပါ။ နားငြီးလို့ မကစားစေချင်ရင် ကောင်းကောင်းမွန်မွန် မဆုံးမဘဲ၊ အခုလို့ ရက်ရက်စက်စက်
ပြုလုပ်ခဲ့တာပါ။ ညဘက် ရဲစခန်းကိုသွားပြီး အကြောင်းကြားခဲ့ပါတယ်။

နောက်တနေ့  တနင်္ဂနွေနေ့မှာ အထက (၁) သင်္ကန်ကျွန်းမှ ကျောင်းအုပ်ကြီး၊ မြို့ နယ်ပညာရေးမှူးကြီးနဲ့ 
ကြိုးတုတ်ပြီးရိုက်တဲ့ အမက (၂၀ ) ကျောင်းအုပ်ကြီးက မနက်ပိုင်းမှာ ကျမနဲ့ အဒေါ်ကို ခေါ်တွေ့ပါတယ်။ ပညာရေးမှူးရုံးကို အကြောင်းမကြားဘဲ ရဲစခန်းကို အကြောင်းကြားလို့ ဆူပါတယ်။

အဒေါ်ကတော့ ကျောင်းပိတ်ရက် ဖြစ်နေလို့ မလာတာလို့ ပြောပါတယ်။ ကျောင်းအုပ်ကြီးက
သူမလုပ်ဘူးလို့ ငြင်းပြီး ကျမတို့ကို တရားစွဲမယ်လို့လည်း ခြိမ်းခြောက်ပါတယ်။ ကလေးကိုတော့
တနင်္လာနေ့ အထိ သင်္ကန်းကျွန်း စံပြဆေးရုံ ကလေးဆောင်မှာ ဆက်တင်ထားပါတယ်။

နှင်းပွင့်ဖြူ (သင်္ကန်းကျွန်း) 
မောက္ခမဂ္ဂဇင်း

အထပ် ၃၀ ဟိုတယ်ကို ၁၅ ရက်ဖြင့် အပြီးဆောက်နိုင်သော ချီးကျူးဖွယ်ရာ တရုတ် အင်ဂျင်နီယာများ



ဒီ ဟိုတယ်သစ်ကြီးကတော့ မထင်မှတ်နိုင်စရာ ဇတ်ကြောင်းနဲ့ ပါပဲ။ ဟိုတယ်အထပ်ပေါင်း ၃၀ ကို ၁၅ ရက်နဲ့ အပြီးတည်ဆောက်ခဲ့ တာပါပဲ။ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်၊ ချန်ရှားမြို့ ကုန်းတွင်းပိုင်းတွင်တည်ရှိသည့် အဆိုပါ ဟိုတယ် အားတည်ဆောက် ရေးကာလတိုအတွင်း အလုပ်သမား တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒါဏ်ရာ ရရှိမှုပင်မရှိခဲ့ ဟုဆိုပါတယ်။

အချိန်တိုအတွင်း အလျင်အမြန် တည်ဆောက်ခဲ့ သည့် တိုင် စတုရန်းပေ ၁၈၃၀၀၀ ရှိသည့် အဆိုပါဟိုတယ် ကြီးဟာ ပြင်းအားပမာဏ အဆင့် ၉ အထိရှိမည့် ငလျင်ဒါဏ်ကိုပါ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်လို့ တာဝန်ယူ တည်ဆောက်ခဲ့ သည့် Broad ကုမ္ပဏီရဲ့ အဆိုအရ သိရှိရပါတယ်။

အဆိုပါ တည်ဆောက် ရေးဖြစ်စဉ် တစ်ခုလုံးအား အကျဉ်းချူပ် ဗီဒီယိုဖြင့် ရိုက်ကူးဖန်တီးကာမှတ်တမ်းတင် ထားပါတယ်။ သူတို့ ဗီဒီယိုထဲမှာ ကြေငြာထားတဲ့ အတိုင်းသာအ ချက်အလက်တွေ အကုန်လုံးမှန်တယ် ဆိုရင်တော့ ဆောက် လုပ်ရေး ကုမ္ပဏီ တရုတ်များကို ချီးကျူးရမှာ အမှန်ပါပဲ။

ဒါက တော့ ဗီဒီယိုလေးပါ။



Source by :http://www.onekokoaung.co.cc/

Sunday, January 15, 2012

မလေးရှားမှ သူငယ်ချင်းများ ကျေးဇူးပြ၍ ကူညီပေးကြပါရန်



မလေးရှားမှ သူငယ်ချင်းများ ကျေးဇူးပြ၍ ကူညီပေးကြပါရန်

မောင်လေးရေ ....

အစ်မ အမျိုးသားရဲ့ ညီလေးက ၁၉၉၈ ခုနှစ်က တည်းက မလေးမှာ အလုပ်လုပ်ရင်း အဆက်အသွယ် မရတာ အခုထိဘာဘဲကွယ်။ အစ်မတို့ လည်းတတ်နိုင်သလောက် လက်လှမ်းမှီရာ မေးမြန်းပေမဲ့ ဘာမှ သတင်း အစ်မတို့ မရဘူးကွယ် .... မိသားစုတွေလည်း စိတ်ပူနေပါတယ်။

အခု အစ်မ သူ့ရဲ့ ဓါတ်ပုံနဲ့ ကိုယ်ရေးရာဇ၀င် အချို့ကို ပေးလိုက်ပါတယ်။ သေလား ရှင်လား မသိတော့ မိဘတွေမှာလည်း ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး မောင်လေးရဲ့ ဘလော့ဂ်ရော နီးစပ်ရာ ဝက်ဆိုက်တွေမှာ ကူညီတင်ပေး စေချင်ပါတယ်။




အမည် - လှဖုန်း (ခေါ်) ကိုကို
အဘ - ဦးလှသိန်း
အသက် - ယခုသက်ရှိထင်ရှား ရှိလျှင် ၄၇ နှစ်
နေရပ် - အမှတ်(၆) ဓမ်မိက၀တီလမ်း၊ စမ်းချောင်း ၊ ရန်ကုန်

ဆက်သွယ်ရန်

မခင်ခင်စိန်

khinsein2008@gmail.com

အထက်က ရေးထားသလိုပါပဲ စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများလည်း ဖော်ပြပါ ဦးလေးကို မြင်ဖူးတယ် တွေ့ဖူးတယ် ဆိုရင် ဆက်သွယ်ပြီး ကူညီပေးလိုက်ကြပါနော် ... သူငယ်ချင်းက စိတ်ကောင်းရှိပါတယ်။ သူတစ်ပါး အခက်အခဲ ဖြစ်နေတာ တတ်နိုင် သလောက် ကူညီ ပြောပြလိုက်ကြပါနော် ... ကျေးဇူးတင်ပါတယ်။



www.nayzawlin.com - www.nayzawlin1.net - www.nayzawlin1.org

အဝေးရောက် မြန်မာနိုင်ငံသားများ နှင့် မလေးရှားရောက် မြန်မာများ အတွက် အထူး ဝန်ဆောင်မှု ကူညီမှုဖြင့် ကျွန်တော်၏ ဆိုက်လေးတွင် ဘာသာရေးကိစ္စများ လူမှုရေး ကိစ္စများ အလုပ်အကိုင်ကိစ္စများ လူပျောက် ကြေငြာများ မိမိတို့ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စများ နှင့် မွေးနေ့ ဆုတောင်းများ မင်္ဂလာ ဆုတောင်းများ အမှတ်တရ သီချင်း တောင်းလို သူများ စီးပွားရေး လုပ်ငန်း ကြော်ငြာချက် လေးများကို မလေးရှားနိုင်ငံအတွင်းမှ သီးသန့် နေ့စဉ် လူဦးရေ 1352 နှင့် နိုင်ငံအားလုံး နေ့စဉ် ဝင်ရောက်ဖတ်ရှုနေသော ဦးရေ 4578 ရှိသော www.nayzawlin.com တွင် စေတနာဖြင့် အခမဲ့ ကူညီ ဖော်ပြ ထည့်ပေးလျှက် ရှိပါသည်။ ဆက်သွယ်ရန် - nzl@nayzawlin.com - nayzawlin1@gmail.com nayzawlin@nayzawlin1.net - Phone : 0 1 0 - 2 1 4 8 6 7 7 သို့ ဆက်သွယ် ပေးပို့ ကြော်ငြာ နိုင်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။