Thursday, March 3, 2011

2011, March လ အတွက် ဗေဒင် ဟောစတမ်း

Photobucket

2011,March လ အတွက် ဗေဒင် ဟောစတမ်း ၊ ဆရာကြီးမင်းသိင်္ခ ၏ တပည့် ဆရာမျိုးဟန်ကို ၊ 2.3.2011 မှ 2.4.2011 နေ့အထိ တစ်လတာ ဟောစတမ်း - 2011, March လ အတွက် ဗေဒင် ဟောစတမ်း ၊ ဆက်သွယ်ရန် ၊ NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia http://www.myohanko.br.ms - myohankonew@gmail.com - Ph; 016, 606 1917 , 017, 226 0715 , 010 2148 677 - ၇ ရက်သားသမီးများ အားလုံး၂၀၁၁ နှစ်သစ်လေးမှာ မိမိရဲ့ဘဝလေးများလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ၊


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyiCgB0yL3e44_9NzCgL93aCVuj3LfPP2BSfo7gHi9XOfwJujyWrPyobsbtXuqLeamHzr19pjwK5wrpJyXN5eeR5n-dXLAho2pTKGIdfxACyNz_gmNBLpfTkHvjVpWvqcmUFUYv6arzXVV/
၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အကူအညီပေးသူ ပေါ်မည်။လုပ်ငန်းကိစ္စများ အကုန်လုံး အဆင်မပြေပေမဲ့ စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။လုပ်ငန်းကိစ္စများ နေရာတိုင်ခင်းကိစ္စများ ပြောင်းရွှေ့မှု ရှိသော်လည်း အဆင်ပြေနေမည်။

ဒီလအတွင်းမှာ မိမိကို ကူညီသော်လည်း မိမိအား စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ စကားများရကိန်း မရှိပေမဲ့ အနည်းတော့ စိတ်ညစ်နေမည်။ ယခုလအတွင်း ငွေကြေးများ ရသလောက် ကုန်နေမည်။ ငွေကြေး ကူညီပေးသူရှိပါသည်။ အဖတ်မတင်ပါ။ ရသလောက် ကုန်ကျမှုများ ရှိပါသည်။

ဒီလအတွင်းမှာ သွားလာမှု ကိစ္စများနေမည်။ အငြိမ်မနေရပါ။ ခရီးယာယီကိစ္စများ အမြဲသွားလာနေရမည်။ ပညာရေးမှာ ကံညံ့နေသော အချိန်လေးပါ။

ဒီလအတွင်း အချစ်ရေးမှာ စိတ်တိုင်းမကျပဲ ဖြစ်နေမည်။ ပြသာနာ ကြီးကြီးမားမား မရှိပေမဲ့ စကားများရနေမည်။ ခဏ ယာယီ ခွဲခွာရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေပါသည်။စကားပြောဆိုမှုများလည်း အောင်မြင်ပါသည်။

ဒီလအတွက် ကျန်းမာရေးမှာ အိပ်ရေးပျက်ခြင်း ၊ သွေးအားနည်းခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက်တွင် အဝါရောင် လက်ကိုင်ပဝါ တစ်ထည်ကို ရေမျှော၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 3 3 5 5

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBBCQkreugG3RKjjG9o0L5_42Apxia7EK8qVJCdCroPkI-NSOdBr44dxxZ8yl_Rg08wfSeK3ELokxqhGGuEDq7PjFD9ZM2A_wlZN_KhQEAz_qRTM95ZS8UuzF_tuZx9ewkhmBnTfMguK5y/
၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း မမျှော်လင့်ပဲ နာမည်ကောင်းရကိန်း ကြုံမည်။ လူဝင် လူထွက်မည်။ မိမိ မျှော်လင့်နေသော ရည်ရွှယ်ချက်များ အနည်းငယ် အကောင်အထည် ပေါ်မည်။ အလုပ်အကိုင် ကိစ္စများလည်း ပုံမှန်လေး အဆင်ပြေနေမည်။

စီးပွားရေး ငွေကြေးကိစ္စများ ကံမကောင်းသေးပါ။ မိမိ မျှော်လင့်သလို မဖြစ်လာသေးပါ။ မိမိ မိသားစု ကံကောင်းမှု များကြုံမည်။ ပညာရေး လှုပ်ရှားနေရသော အချိန်လေးပါ။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေသော်လည်း တွေ့တိုင်း စိတ်ညစ်မှု လေးတွေ ဝင်ဝင်လာမည်။ နီးရက်နဲ့ ဝေးနေရမည် အချိန်လေးပါ။ အိမ်ထောင်ရေးမှာ စိတ်ညစ် နေသောအချိန်ဖြစ်ပါသည်။

ယခုလအတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ ညနေပိုင်းတွင် စာအုပ်တစ်အုပ်ကို သူငယ်ချင်းတစ်ဦးအား လက်ဆောင် ပေး၍ ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 7 8 7 2


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij5eG9uVdVUv8mh3uwhTPhwxH6aFXIdgevnLdkz0JRaoP3aNeijMvCStrkNCkvI1fLb4Qee42-Cxj6JzFjnU6ocxdB4N7n_-H9UOQ8u1OXhxZ0So5M5naWlHmscEmNn_PYDIaLiz4gNBeT/
၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလအတွင်း မျှော်လင့်ချက်တွေ တစ်ပိုင်းတစ်စ အောင်မြင်မှု ရရှိမည်။ အိမ်နေရာ ပြောင်းရွှေ့မှုများ ရှိပါသည်။ ညအိပ်ညနေ ခရီးသွားရမည်။အလုပ်အကိုင်အဆင်ပြေနေသော အချိန်လေးပါ။

ဒီလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ အများကြီး မဟုတ်ရင်တောင် မိမိ အတွက် အဆင်ပြေပါသည်။ ငွေကြေးကိစ္စများ အတွက် ကူညီသူ ပေါ်လာမည်။ ပညာရေးမှာ ကြိုးစား နေရဆဲပါပဲ။ မိသားစု ညီအစ်ကို မောင်နှမ အတွင်း ထီပေါက်မည်။

အချစ်ရေးမှာ ပြေလိုက် မပြေလိုက်ပါပဲ။ ဒီကြားထဲ မျက်နှာပွင့်လန်း နေမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အိမ်ထောင်ဖက် နှင့် ခွဲခွာနေမည်။

ဒီလအတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်မည်။

ယတြာ = ကံကောင်းလာ စေရန်အတွက် အင်္ဂါနေ့ နံနက်ပိုင်း ဘုရားဆွမ်းတော် ကပ်လှူ၍ လိုရာ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 0 5 7 5


Photobucket

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZTlygiWlCo4ZppSVVsv2Mpn8jOB_TkeOAA5zoUyJIy8ousEMKg-buHdJ2RlN5wzyHdufb2M81Okz3tabshkvr9EdJ97bbOaBVleGQ3K0J62NABkZr4kZ9vVB26-j029Wfak873Gv_lyr7/
၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း မိမိတွင် ပျော်ရွှင်စရာ တစ်ဖက် ၊ စိတ်ညစ်စရာ တစ်ဖက်နဲ့ ဖြစ်နေမည်။ ယခုလအတွင်း မိမိ ရည်မှန်းချက်များ အထမြောက်ပါသည်။ ကြိုးစား၍ လုပ်ဆောင်ပါ။ အောင်မြင်ပါသည်။


ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရုတ်တစ်ရက် ငွေဝင်ပြီး ရုတ်တစ်ရက်ပဲ ငွေကြေးကုန်မည်။ ငွေကြေးကိစ္စများ အနည်းငယ် စိတ်ညစ်မှု ရှိနေသော်လည်း အဆင်ပြေပါသည်။
မိမိ နေအိမ်သို့ စက်ပစ္စည်း ဝင်မည်။

ခရီးကိစ္စများ သွားလာရမည်။ ချစ်သူ အသစ်ရရှိမည်။ ချစ်သူဟောင်းနဲ့ ဝေးနေရမည်။ အိမ်ထောင်ရေးမှာ စိတ်ပျော်နေသော အချိန်လေးပါ။ ပျော်စရာကောင်းသော နေ့လေးတစ်ခုပိုင်ဆိုင်ခွင့်လေး ရရှိမည်။

ယခုလ ကျန်းမာရေးမှာ ထိခိုက်ခိုက်မိ ၊ မျက်စိအားနည်း ဖြစ်မည်။

ယတြာ = ကံကောင်းလာ စေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင်လိမ္မော်သီး ၃ လုံးကို မိမိနေအိမ် ဘုရားတွင် ကပ်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 1 6 2 0

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnSksxAqQRAX7eNsXOPBg-0WJgEnUQB2Jh70iUPj0dSWYfDR_ec_HLYei5eJfm7ui1iZtclwOihnCVY5KcHVvcFAamXZgVPKp-StZ4Iw9inIHtszHw15G-SGmYjdtcEw7eZLFLjlG6mJur/
၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်းမှာ လှုပ်လှုပ်ရှားရှား အလုပ်ကိစ္စများနဲ့ မိမိရဲ့ ပြသာနာများကို ဖြေရှင်းနေရမည်။ အဆင်မပြေတာတွေ များနေသော်လည်း အကြီးအကျယ် စိတ်ညစ်မှု မရှိပါ။ ကောင်းသော ကိစ္စလေးတစ်ခု ပြောင်းလဲလာမည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။

ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ အကူအညီပေးသူ ပေါ်မည်။ ကြွေးတင်မည်။ ပစ္စည်းပျောက်ရှမှု ဖြစ်မည်။ ပညာရေကိစ္စများ အဆင်ပြေပါသည်။ ပညာရေး သင်တန်းများ တက်ရမည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။

ဒီလအတွင်း အချစ်ရေးမှာ ဆက်ရန်မရှိသေးပါ။ လွမ်းနေရသော အချိန်လေး ဖြစ်ပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ အခုလ ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေးညံမည်။

ယတြာ =ကြာသပတေးနေ့ နံနက် ၆ နာရီတွင် စံပယ်ပန်း ၉ ပွင့်ကို စနေသားသမီး တစ်ဦးကို ပေးပြီး လိုရာ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 8 2 2

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAncOPSZHzyhyseQa2PTPTiYxPfT9vK5iNMXW1vcYzU3twUxxhbF8TGOGQuxCL0YmDvEyP279XEXcwqqw2VmjRTG1fxSgp0P524vNyNrwGnSJStddqvBDEqIh0Ey4-aLPhbEhak6JYstHr/
၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်အကိုင်လေးတွေ နဲ့ မိမိလုပ်ဆောင်နေသော ကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။ မိမိနဲ့ ဆက်ဆံနေရသူများက မိမိအား ငြိုငြင် နေမည်။ ဂရုစိုက်၍ ပေါင်းသင်းပါ။

ငွေကြေး အဆင်ပြေသေးပါ။ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဆိုသလို ဖြစ်နေမည်။ ငွေကြေးများ ကူညီသူ ရှိသော်လည်း စိတ်ညစ်မှုများ ရှိနေပါသည်။ ငွေဝင်ကိန်း ရှိပါသည်။ အဝတ်အထည် အသစ်ဝင်မည်။

ဒီလအတွင်း ခရီးကိစ္စများ မမျှော်လင့်ပဲ သွားရမည်။ ပညာရေးကိစ္စများ တိုးတက်မှု ရှိသော အချိန်လေးပါ။

အချစ်ရေးမှာ ကံကောင်းပါသည်။ ရည်ရွှယ်သူနှင့် ဖူးစာဆုံရမည်။ အိမ်ထောင်ရေး အမြဲတမ်းလိုလို စကားများနေရမည်။ အဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ သွေးအားနည်းခြင်း ၊ ထိမိခိုက်မိဖြစ်ခြင်း ဖြစ်မည်။

ယတြာ = မိမိနေအိမ် ဘုရားတွင် သပြေညွန့် ၁၁ ညွန့်ကို သောကြာနေ့ နံနက်ပိုင်းတွင် တင်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 1 0 9 0


Photobucket


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp6lb9G4-OHGxVJi4RW07rfcT2qr1bbwpI6IQOKEP69GIGgfQbE63gqTxWcVfXL2xqzBeqZhU3jW9CYq_19xDNwG1nKARDv2Rfma_dnTJj6-sgWsZ1aZL-wJ8XQdGyOAkWqaDsQgXKHU5J/
၇။ စနေသားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်အကိုင်ကိစ္စများ ရည်ရွှယ်ချက်များ အောင်မြင်မည်။ ခရီးသွားရမည်။ ချစ်သူ ခင်သူများနှင့် စကားများရမည်။ ငွေဝင်မည်။ စက်ပစ္စည်းဝင်မည်။ မိတ်ဆွေသစ် ရမည်။

ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရသလောက်လေး အဖတ်တင်နေမည်။ ခရီးကိစ္စများ သွားလာမှုများ အဆင်ပြေနေမည်။ လူမျိုးခြား ဘာသာခြား တစ်ဦးဦးနှင့် အလုပ်အကိုင်ကိစ္စများ ပညာရေးကိစ္စများ လုပ်ဆောင်ရမည်။

ပညာရေး ကံကောင်းနေမည်။ အချစ်ရေးမှာ ပျော်ရွှင်နေရသော်လည်း မမျှော်လင့်ပဲ လမ်းခွဲရမည်။ ယခုလ အိမ်ထောင်ရေးကိစ္စများ ပျော်စရာကိစ္စများ ကြုံမည်။ အဆင်ပြေပါသည်။

အခုလအတွင်း ကျန်းမာရေးမှာ အစားအသောက် ဂရုစိုက်ပါ။ အစားမှားမည်။

ယတြာ = မိမိနေအိမ်ဘုရားတွင် ပိတောက်ညွန့် ၅ ညွန့်ကို စနေနေ့ နံနက် ၇ နာရီ ၄၅ တင်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 7 0 3 9


၂၀၁၁ နှစ်သစ်လေးမှာ မိမိရဲ့ဘဝလေးများလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆ ရာ မျိုး ဟန် ကို

Kuala Lumpur Malaysia




မှက်ချက်။ ဗေဒင်ဟောစတမ်း ကို ဆရာမျိုးဟန်ကို ၏ ခွင့်ပြုချက်ဖြင့် လာရောက် တင်ပေးပါသည်။
မိမိရဲ့ ဆိုက်များတွင် လစဉ် ဟောစတမ်း များ တင်လိုပါက myohankonew@gmail.com သို့
ဆက်သွယ်နိုင်ပါကြောင်း .......

1 comments:

Angelhlaing(May everybody be happy and healthy! said...

ဗေဒင်လာတွက်တာ အဲ့ မှားလို့ လာဖတ်တာပါအကို။ကောင်းသောနေ့လေးဖြစ်ပါစေ။