Tuesday, March 1, 2011

ဟာသအပိုင်းအစများ..


ဘယ်အပိုင်းလဲ..

ဖိုးထောင် - ငါက ရန်ကုန်မှာ မွေးတာလေ။
ကြွက်လေး - ဟုတ်လား၊ ဘယ်အပိုင်းတုန်းကွ..
ဖိုးထောင် - ဟ..မင်းကလဲ တစ်ကိုယ်လုံးပေါ့ကွ..

ကလေးမလိုချင်ဘူး

ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။
တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။
ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း
အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊
ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့်
"ဆရာမ ကလေးမလိုချင်ဘူး" ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက
"ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။

နောက်ကျရတဲ့ အကြောင်းအရင်း..

ဆရာမ - ဖိုးထောင် မင်းဒီနေ့ဘာလို့ ကျောင်းနောက်ကျရတာလဲ။

ဖိုးထောင် - ဟို..လမ်းမှ လူတစ်ယောက် တစ်ထောင်တန် ကျပျောက်သွားလို့ပါဆရာမ..

ဆရာမ - သြော်ဟုတ်လား.. သူပိုက်ဆံ သားက ကူရှာပေးနေရလို့ ကျောင်းနောက်ကျသွားတယ် ဆိုပါတော့။

ဖိုးထောင် - မဟုတ်ပါဘူး ဆရာမ၊ ပိုက်ဆံကို ကျွန်တော် တက်နင်းထားမိလို့ပါ ဆရာမ။

မပူပါဘူး..

စားသောက်ဆိုင်တစ်ဆိုင်တွင် ဧည့်သည်မှာသောဟင်းများကို စားပွဲသို့ သယ်ဆောင်လာသော ဖိုးထောင်အား..

ဧည့်သည် - ဟင်းတွေသယ်လာတုန်းက ခင်ဗျားလက်မ ဟင်းရည်ပန်းကန်ထဲ ရောက်နေတာ ကျွန်တော်တွေ့လိုက်တယ်ဗျ.

ဖိုးထောင် - ဟာ ကျွန်တော်ဘာမှမဖြစ်ဘူးအစ်ကို.. ဟင်းရည်ကမပူပါဘူးအစ်ကိုရဲ့..


Moe Min

6 comments:

Anonymous said...

အားရပါးရ ရယ်သွားပါတယ်

သူကြီးမင်း (တုံးဖလား) said...

မျက်မှန်နဲ့ ပုံကြီးကို ဘလော့ပိုင်ရှင် ပုံလားလို့ မျက်စိမှားသွားတာ ခွင့်လွှတ်။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Angelhlaing(May everybody be happy and healthy! said...

ရယ်မောစရာလေးတွေအတွက်ကျေးဇူးပါအကို။

ချမ်းလင်းနေ said...

ဘယ်အပိုင်းလဲ...းဝ)

Anonymous said...

Hi! Nice site ....)

myathida33@gmail.com said...

အရမ်းကိုကောင်းတဲ့ ဟာသတွေပါ