Tuesday, March 22, 2011

ဘေလာ့ဂ္ဂါ စကား၀ိုင္း

ဘေလာ့ဂ္ဂါ စကားဝိုင်းမှ သူငယ်ချင်းအပေါင်းအသင်းအားလုံးကို ကြိုဆိုပါတယ်ခင်ဗျာ …. ။ ကျွန်တော်တို့ ဘလော့ဂ်ဂါ စကားဝိုင်းလေးက ဘလော့ဂ်ဂါ တွေတင်မဟုတ်ပါဘူး အွန်လိုင်းပေါ်မှာရှိတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေအားလုံး လွတ်လွတ်လပ်လပ်နဲ့ ဆွေးနွေးပြောဆိုနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ် ။ ကျွန်တော်တို့ရဲ့ ညီအစ်ကို ဘလော့ဂ်ဂါ တွေရော အွန်လိုင်းမှ သူငယ်ချင်းတွေရော ဒီနေရာလေးမှာ နည်းပညာပိုင်း ၊ စာပေ ၊ ရသ ၊ အနုပညာ ၊ လူမှုဘ၀ အစရှိတဲ့ ပုံစံမျိုးစုံ ဆွေးနွေးချက်မျိုးစုံတို့ကို လွတ်လပ်စွာ ဆွေးနွေးတိုင်ပင် ကြရင်း ဘလော့ဂ်ဂါ များသာမက အွန်လိုင်းပေါ်က သူငယ်ချင်းများ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးပြီး နွေးထွေးတဲ့ လူမှုကွန်ယက်လေးတစ်ခုကို ဖေါ်ဆောင်ချင်တဲ့ စိတ်ကူးတစ်ခုတည်းနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ် ။ ကျွန်တော်တို့ ဘလော့ဂ်ဂါ စကားဝိုင်းမှာ တစ်ခြားပိုစ့်တွေတင်မည် မဟုတ်ပဲ … ဆွေးနွေးလိုသူများ တောင်းဆိုသော ခေါင်းစဉ်များဖြင့် ပို့စ် များတည်ဆောက်ပြီး ကွန့်မန့်များတွင် ဆွေးနွေးတိုင်ပင်သည့် ပုံစံမျိုးဖြင့် ကျွန်တော်တို့ စကားဝိုင်းလေးကို အသက်သွင်းဖို့စီစဉ်ထားပါတယ် … ။ ဒီဆိုက်လေးမှာ ကျွန်တော် အပါအ၀င် ဒီဆိုက်အတွက် ပါဝင်ကူညီသူများက ဆိုက်ပြင်ဆင်မွန်းမံ သူများအနေနဲ့သာ တည်ရှိနေမှာဖြစ်ပြီး ဆွေးနွေးသည့်ခေါင်းစဉ်များ … ဆွေးနွေးလိုသည့် အကြောင်းအရာများအားလုံးမှာ လွတ်လပ်စွာတည်ရှိနေမှာ ဖြစ်ပါတယ် …. ။ ဆွေးနွေးပြောဆိုရာတွင်လည်း တစ်ဦးတစ်ယောက်တည်းမှ ဒိုင်ခံ ဖြေရှင်းပြောဆိုချင်းမျိုးမဟုတ်ပဲ တစ်ယောက်နှင့်တစ်ယောက် အသိပညာ မျှဝေတဲ့ပုံစံမျိုးနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးလိုသည့် ခေါင်းစဉ်(သို့) အကြောင်းအရာများကို “ဆွေးနွေးလိုသည့် အကြောင်းအရာများ” ဆိုသည့် ပိုစ့် အောက်မှ ကွန်မန့် မန့်ရန်နေရာတွင် ရေးသားခဲ့နိုင်ပါသည် ။ သူငယ်ချင်းတို့ ဖွင့်လှစ်တောင်းဆိုသော ဆွေးနွေးသည့်ခေါင်းစဉ်များကို တောင်းဆိုသူ (သို့)ဆွေးနွေးချက် ဖွင့်လှစ်သူ၏ နာမည်ဖြင့် ဆွေးနွေးချက်ပိုစ့်များကို တင်ပေးမှာဖြစ်ပါတယ် ။ဘလော့ဂ်ဂါ စကားဝိုင်း ၀ိုင်းတော်သားများမှ အထူးမေတ္တာရပ်ခံလိုသည်မှာ ဆွေးနွေးပြောကြားရာတွင် ဆဲဆိုရိုင်းပြခြင်းများကို လုံးဝ(လုံးဝ) မပြုလုပ်ရန်ပဲ ဖြစ်ပါတယ် ။ မိမိသိသော အတတ်ပညာ ၊ အသိပညာ ၊ အတွေးအခေါ် များကို သူတစ်ပါးအား ပြန်လည်မျှဝေ ဆွေးနွေးရင်းဖြင့် ကျွန်တော်တို့ရဲ့ ဘလော့ဂ်ဂါ စကားဝိုင်းလေးကို စတင် အသက်သွင်းကြရအောင်ဗျာ …….။


သူငယ်ချင်း ညီအစ်ကိုအားလုံး မင်္ဂလာပါခင်ဗျာ .... သူငယ်ချင်းတို့ဆွေးနွေးပြောဆိုလိုသော နည်းပညာ ၊ ကဗျာ ၊ စာပေ ၊ ရသ ၊ လူမှုဘ၀ အစုံအလင်တို့ကို ဒီပို့ အောက်တွင်ပါသော ကွန်မန့် ရေးရန်နေရာတွင် ရေးသားပြီး ဆွေးနွေးချက် ပိုစ့် အသစ်များကို ဖွင့်လှစ်နိုင်ပါပြီ ။ သူငယ်ချင်းတို့ ဖွင့်လစ်လိုသော ဆွေးနွေးချက် အကြောင်းအရာများကို အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးချက် ပိုစ့်များအဖြစ် ကျွန်တော်တို့ ၀ိုင်းတော်သားများမှ ပြန်တင်ပေးမှာ ဖြစ်ပါတယ် ။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ချက်ခြင်း မတင်ပေးနိုင်ခဲ့လျှင် အနည်းငယ်သည်းခံပေးပါရန်နှင့် ဖွင့်လှစ်လိုသော ဆွေးနွေးချက်များကို အမြန်ဆုံး တင်ပေးနိုင်အောင် ကြိုးစားသွားပါ့မယ်ခင်ဗျာ ။ သူငယ်ချင်းအားလုံး ပျော်ရွှင်နိုင်ပါစေ ။


http://blogger-discuss.blogspot.com/



7 comments:

Anonymous said...

ငြင်းပဲ ငြင်းကြမှား)

ကိုဇော် said...

ဘာတွေပြောရမှာလဲ ဟင် . .
ပါးစပ်က တစ်ပေါက်ပဲ ရှိပြီး နားက နှစ်ပေါက် ဆိုတော့ နားပဲ ထောင်တော့မယ်။ အဲ . .ဒါပေမဲ့ လက်ချောင်းက ဆယ်ချောင်း ဖြစ်နေလေတော့....

crystal said...

လောလောဆယ် စာဖတ်တာပဲ ကောင်းတယ် :P

ဒုတိယ said...

ကျွန်တော်တို့ တွေ ဒီနေရာလေးကို လူသိထင်ရှား ဖြစ်အောင်အရင်နိုးဆော်ကျရင် ကောင်းမလားလို့ ....

...အလင်းစက်များ said...

ဒို့ ဂတော့ စိတ်စိတ်ပဲ ဏေတပ်တယ်...

မောင်မောင် said...

ကြော်ငြာလာဖတ်သွားပါတယ် ကိုမိုးယံရေ..

Angelhlaing(May everybody be happy and healthy! said...

အန်တီလေးလဲ ပါဝင်နားထောင်ချင်လို့ပါနော်..
ချန်ထားခဲ့နဲ့နော်...:P:P
အကိုရေ ထားခဲ့ရင်တော့ ငိုမှာပဲနော်။
အဟီး...
ကောင်းသောနေ့လေးဖြစ်ပါစေ။