Sunday, March 27, 2011

ဗျူး (tag)

တစ်ကယ်တော့ အင်တာဗျူး ခံရတယ်ဆိုတာ အိမ်သာကျင်းတူး ရတာလောက်တော့ မခက်လှပါဘူး။ ဟုတ်တယ်လေ၊ ကိုယ့်မှာ နာမည်ကြီးမင်းသမီးတွေလို အိမ်ထောင်ဆက်များတာလည်း မဟုတ်၊ ရှိမှန်းသိတာကိုလည်း ဖော်လှန်လှစ်နေတာ မဟုတ်တော့ ကိုယ့်ပါဆင်နယ်လ် ဆိုတာလဲ အာဆင်နယ် လောက် ဘယ်သူမှ စိတ်ဝင်စားမည်မထင်။ သို့သော် မိန်းမဖျင်းတို့၏ ထုံးစံအတိုင်း စပ်စုတတ် အတင်းတုတ်တတ်သော သူများကတော့ မေးမြန်းကြပါလိမ့်မည်။ သို့ပေမယ့် ပြဿနာ ကြီးကြီးမားမားတော့လည်း မရှိပါဘူးလေ၊ ကိုယ့်ဘ၀အကြောင်းတွေ မေးရင် မှားခဲ့တာတွေ ရှိမယ်၊ မှန်တာတွေလဲ ရှိမယ်ပေါ၊ လူလို့ အမည်တပ်ခံရတဲ့ သတ္တ၀ါတစ်ကောင်ဆိုတော့လဲ အမှားနဲ့မကင်းပါဘူး။ ဘ၀မှာတစ်ခါမှားတာ လှည်းသားငါးရာနဲ့လား ဆိုတော့လည်းမဟုတ်ဘူး၊ ကိုယ့်ရပ်ကွက်ထဲက ငမူးတွေနဲ့ ၊ ဟိုဘက်ရပ်ကွက်က ထောင်ထွက် သာအေးတို့ အပေါင်းအပါတစ်စု လောက်နဲ့ရယ်ပါ လို့ ပြန်ဖြေတဲ့ မယ်မျိုးနဲ့လည်း ညီအစ်ကိုလို ရင်းနှီးတာလောက်ပဲ ရှိတာ သူ့လောက်တော့ မမှားပါဘူးဗျာ။ ငယ်ငယ်က ရှက်ကြိုးနဲ့ ချက်ကြိုးကို သူနာပြုဆရာမ မှားဖြတ်တာလေ ကိုယ်ဖြတ်ခိုင်းတာမှ မဟုတ်ပဲ။ အဲဒီတော့ အမှားဆိုတာ နည်းနည်းတော့ ရှိခဲ့တာပေါ့လို့ ပြောချင်တာပါ။ ထားပါတော့လေ.. အခု ညီလေးက အစ်ကို့ကို မေးမယ်ဆိုတာတွေမေးပါဦး။ အချိန်တော့ သိပ်မရဘူးနော်.. အစ်ကိုက အခု ဟမ်းဖုန်းကနေ ကားကို ကွန်ထရိုးလုပ်ပြီးမောင်းမဲ့ ကိစ္စအတွက် ပန်းသီးကုမ္ပဏီ နဲ့ နီဆန်း ကား ထုပ်လုပ်ရေးက သူတွေနဲ့ မိတင် ရှိသေးတယ်ကွာ။

မေး= Blog ဆိုတာကို ဘယ်အချိန်လောက်ကသိပြီး ဘယ်လိုစဖြစ်ခဲ့တာလဲဆိုတာ သိပါရစေ ။

အော်.. ဒါလား၊ ဒါက တော့ညီလေးရယ်..အစ်ကိုက ၂၀၀၈ လောက်ကတည်းက ရင်းနှီးခဲ့တာပါ။ ဒါပေမယ့် ရေရေရာရာတော့ သိလှတယ်မဟုတ်ပါဘူး။ အစ်ကိုက zopia တို့ dada.net တို့လောက်သာ သုံးခဲ့ဖူးတာလေ၊ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် အဲဒါတွေလဲ သိလှတယ်မဟုတ်ဘူး၊ တောသားမြို့တက် ကိုမောင်ခက် ဆိုတာ အစ်ကိုပဲလေ။ အဲဒီတုန်းက အလကား ရတဲ့မေးလ်ကို အလကားထားရင် အလကားပဲဆိုပြီး အလကားမဖြစ်အောင် အကောင့်ဝင်ထားလိုက်တာပါ၊ တစ်ကယ်တော့လည်း ကိုယ်မှ မသုံးတတ်တာ အလကားကတော့ အလကားပါပဲ။

မေ= အရင်တုန်းက ဘလော့ရေးတာနဲ့ အခု နဲ့ ဘာတွေကွာခြားတယ်လို့ထင်ပါသလဲ ဘာတွေတိုးတက်ပြောင်းလဲလာပြီး ဘာတွေမပြောင်းလဲသေးဘူုးလို့ထင်ပါသလဲ ။

ဒီမေးခွန်းကတော့ ရှင်းပါတယ် ညီလေးရာ။ အစ်ကိုက အရင်ကတည်းက ဘလော့ဂ်ရေးတာမှ မဟုတ်တာ၊ ဘလော့ဂ်ကူးတာ၊ တစ်ချို့ဆို သူတို့ တန်ဖိုးထား ဖန်တီးထားတာလေးတွေကို အစ်ကိုက ကူးပြီးလူတွင်ကျယ်လုပ်တယ် ၊ သူတို့နံမည်မတပ်လို့ဆိုပြီး နည်းနည်းတော့ နှာကစ်တာပေါ့လေ။ အဲဒါကိုသူတို့က ကူးမရအောင်လုပ်ကြတယ်၊ ကူးတဲ့သူတွေကလဲ ကူးမြဲပါပဲ။ ခက်တာက အစ်ကိုကလည်း ဘယ်သူရေးလဲ သေချာမသိဘူ၊ အစ်ကိုမေးလ်ထဲ ၀င်လာကတည်းက နံမည်မှ မပါတာ၊ အစ်ကိုကတော့ နေ့စဉ်မေးက ၀င်တာပါ၊ ဘယ်ဆိုက်က ကူးတာပါ၊ အဲဒီမှာ ပို့စ်တင်တာက ဘယ်သူပါဆိုတာကို ထည့်ပေးပါတယ်။ တစ်ခါတစ်လေ အဆင့်ဆင့်ဖော်ဝပ်တွေကို ရှာရတာလဲ မောတာနဲ့ ဒီအတိုင်းတင်ပေးလိုက်တာပဲ။ အဲဒါကြောင့်ကိုယ့်လိပ်ပြာ ကိုယ်လုံချင်တာနဲ့ ဘေးမှာ ၀န်ခံချက်ရေးပြီး တင်တယ်ပေါ့လေ။ သိသလောက် မှတ်သလောက်လေးကို သိစေချင်လို့ ပြန်မျှတဲ့ သဘောပါလို့။ အစ်ကို ကိုယ်တိုင်ရေးတဲ့ ပေါက်တတ်ကရတွေဆိုရင်တော့ စာရဲ့ အဆုံးမှာ မိုးယံ လို့ မဖြစ်မနေထည့်ပါတယ်။ ကိုက စာတွေဖတ်ခဲ့ပြီးတော့ ပတ်ဝန်းကျင်နဲ့ အံမ၀င်ဖြစ်ခဲ့တာ နှစ်နဲ့ချီပြီးကြာခဲ့တယ်လေ၊ ဘလော့ဂ်ဆိုတာ ဘာလဲဆိုတာ မဖြစ်ညစ်ကျယ် ဥာဏ်နဲ့သိလာတော့ ကိုယ်ပြောချင်တာလေးတွေ ၊ ကိုယ်ဖြစ်စေချင်တာလေး တွေကို ရင်ဖွင့် ခံစားဖို့ ဆိုပြီးလုပ်ထားခဲ့တာပါ၊ အခုထိတော့ အကောင်အထည်မပေါ်သေးပါဘူး။ ပြောရရင်တော့ ကိုယ်က ပေါတောတော အကျင့်မပျောက်သေးဘူး။

ပြောင်းလဲလာတာကတော့ နိုင်ငံတစ်ကာက မိတ်ဆွေတွေနဲ့ ခင်မင်ခွင့်ရတယ်၊ လူတွေရဲ့ စိတ်ဓါတ်တွေ ပိုသိလာတယ်၊ သူငယ်ချင်းတွေ တိုးတာတယ်။ အဲဒီလို တိုးလာလို့ အဆင်ပြေတဲ့သူတွေနဲ့ အပြင်မှာ တွေ့ခွင့်ရရင် မုန့်ကပ်စားရတယ်။ အဓိကတော့ ပိုက်ဆံအကုန်သက်သာတာပေါ့လေ၊ ဘ၀တူချင်း ဂုတ်သွေးစုပ်တဲ့ မြေခွေးစုတ်ဆိုလည်းမမှားဘူးပေါ့လေ။နောက်တစ်ခုက နည်းပညာဆိုက်တွေကနေ ကိုယ်သိချင်တဲ့ စာအုပ်တွေ ဒေါင်းလို့ရတာ အတော့်ကိုအဆင်ပြေတယ်။ နောက်ပြီး ဖတ်ချင်တဲ့ အခြား စာအုပ်တွေလည်းရတယ်။ ဟိုတစ်လောကဆို မြတ်ပုလဲဖြူ ဆိုတဲ့ ညီမလေးတစ်ယောက် အကူအညီနဲ့ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ စာအုပ်တစ်အုပ် ပြန်ရတယ်၊ ဆန်းလွင်ရဲ့ ကမ္ဘာတွေးခေါ်ရှင်ကြီးများ။နောက်ပြီး ညီအစ်ကိုလို ခင်မင်ရတဲ့ ကိုဇော်တို့ ဆိုရင် ဖုန်းဆက်လိုက် မေးလ်ပို့လိုက်နဲ့ ပြဿနာ အားလုံး သူ့ဆီခေါင်းရောင်းလိုက်တယ်။ အံမယ် ဒါထက်ရှိသေးတယ် အလှပြင်ချင်ရင် မာမီအုပ်ဆီကို သွားလိုက်၊ ပေါင်းတင်းမလား၊ ဆံပင် ဗောက်ဖျောက်မလား။ အို အစုံအစုံ ပါပဲ။ စာရေးဖို့ ဆိုရင် ကိုဇော် တို့ က အစမှ အဆုံးတိုင်ကူညီတယ်။ ကိုမြစ်ကျိုးအင်းတို့ကလည်း ရေးနည်းသားနည်းတွေ သင်တယ်၊ စာဖတ်နာအောင် ဆုံးမကြတယ်။ လူကောင်းတွေနဲ့ ခင်မင်ခွင့်ရတယ်၊ အကူအညီတွေရတယ်၊ လူသားချင်းကူညီ ထောက်ထားမှုတွေ ပိုပြီးခံစားတတ်လာတယ်။

မေ= အရင်ဘယ်သူ့စာတွေဖတ်ရတာ အားကျမိသလဲ အခုကော ဘယ်လိုစာမျိုးတွေ အဖတ်များပါသလဲ ။

ဒါကတော့အပြည့်အစုံဖြေရင်တော်တော်ရှည်မယ်ထင်တယ်။ ဟိုအရင်က မနိုင်းနိုင်း စာတွေကို မေးလ်ထဲက တစ်ဆင့်ဖတ်တယ်။ သူ့ဆိုက်ကိုသွားဖတ်တယ်၊ သေသေချာချာမှတ်မိနေတာကတော့ ကိုဇော် ရေးတဲ့ ကျည်ဆံကာမိန့်ခွန်း အဲဒါလေးကို အမြဲအမှတ်ရနေတယ်။ နောက်သူ့ရဲ့ ခက်ဆစ်တို့ သူဌေးနှာဗူးမကျရင် အလုပ်ထွက်မယ့် လူစားများ ဆိုတာတွေက မေ့မရအောင် မှတ်မိနေတယ်။ မှတ်မိစေတဲ့ အကြောင်းတွေကလဲ ရှိနေပြီးသားကိုး။နောက်ပြီး တည်ငြိမ်အေး ကိုဆိုစီ၊လရောင်လမ်း (ကိုတေဇာ)၊ ဦးမြစ် (မြစ်ကျိုးအင်းရဲ့) အမေ့စိန်နားကပ်တို့၊ အနာဂတ်နိုင်ငံတော်တို့၊ ကိုအောင်ရဲ့ သူရဲဇတ်လမ်းတွေ ကိုမင်းဒင်ရဲ့ ကမ္ဘာမကြေ မြန်မာပြည်ဥဒါန်း၊ ဘကျောက်ရဲ့ ဟာသနှော စာတွေ၊ မရွှေစင်ဦးရဲ့ စေတနာ စာတွေ၊ ဒါတောင် မှတ်မိသလောက် ရွတ်ရင်လည်း ကြာနေမယ်။ အခု တော့ ကိုမင်းဒင်ရဲ့ သက်ခိုင်နဲ့၊ ကိုဇော် ရယ် မြစ်ကျိုးအင်းရယ် ဘကျောက် (ရွှေရတုမှတ်တမ်း) ကို ညတိုင်း တစ်ပုဒ်စီ ဖတ်နေတယ်။ ကျွန်တော်ဆိုက်ရဲ့ ဘယ်ဖက်မှာတင်ထားတဲ့ ဖတ်သည် ရဲ့ အောက်ကစာတွေ ၊နောက်ပြီး အမှောင်ထဲကအလင်းစက်.၊ နောက်ပြီး တော်တော်များများဘလော့ဂ်တွေကိုလဲ ဖတ်ပါတယ်။

မေ= ဘလော့ကိုလာဖတ်တဲ့သူတွေ နဲ့ မှတ်ချက်အကြောင်းလေးတွေကော ပြောပြပေးပါအုံး ။

အဲဒါကတော့ ပြောရခက်ခက်ပဲ၊ လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့လေ၊ ကျွန်တော်ကတော့ ကွန့်မန်တွေ တွေ့ရင်ပျော်နေတာပဲ။ ဘလော့ဂ်ဂါ တော်တော်များများလဲ အဲလိုပဲထင်ပါတယ်။ မှတ်ချက်တွေနဲ့ ပတ်သက်လို့တော့ ခံစားချက်တစ်ခု ရှိတာက ၊ ညီအစ်ကိုလို ခင်ရတဲ့ သိပ်တော်တဲ့ ကောင်လေးတစ်ယောက် ကျွန်တော်နဲ့ ဝေးသွားကတည်းက တော်တော်စိတ်မကောင်းဖြစ်မိတယ်။ တစ်ဖက်က မန့်တာကသူ့အတွက် သိပ်ပြီးထိခိုက်သွားစေတာကိုး။လွတ်လပ်စွာ ထင်မြင်ချက်ပေးခွင့်ရှိတဲ့ နေရာမှာ ကိုယ့်စိတ်ဓါတ်ကိုဖေါ်ပြတဲ့ ကွန်မန့်တွေက တန်ဖိုးတစ်ခုလို့ ကျွန်တော်ထင်မြင်ပါတယ်။အဲဒီအကြောင်းကို ရေးထားတဲ့ တစ်ယောက်ရဲ့ စာကို ကျွန်တော်တောင် တစ်ဆင့်ဖေါ်ပြဖူးသေးတယ်။ နောက်တစ်ခုက ကော်မန့်တွေ အတွက် ဒီနားမှာ ရေးထားတာလေးလဲ သဘောကျမိတယ်။အခုတစ်လောတောင် မယ်မျိုးက ကော်မန့်တစ်ခု အတွက် ခံစားနေရရှာတယ် အဲလိုတွေကြားမိရင်တော့ စိတ်မကောင်းဖြစ်မိတယ်။

မေး= ဘယ်လိုစာတွေရေးဖြစ်သလဲ ဘာအကြောင်းတွေရေးဖြစ်လဲ။

်ရေးဖြစ်တဲ့စာတွေကတော့ ကဗျာ အပိုင်းအစတွေရယ်။ စိတ်အချဉ်ပေါက်လာတဲ့ ခံစားမှုမျိုးရယ်ပါပဲ။ ဘာသာရေးနဲ့ပတ်သက်ရင်တော့ တစ်လွဲတွေဖြစ်နေရင် ၀င်ဖြဲတဲ့စာတွေရေးတတ်ပါတယ်။ အချစ်ကတော့ ဘယ်လိုမှ ခံစားလို့မရလို့ အချစ်အကြောင်းဆို ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်တယ်။ မရေးတတ်ဖူး။ အခုတစ်လောတော့ တဂ်တဲ့စာတွေရေးတယ်၊ ခင်မင်မှုလည်းတိုး ရယ်လဲရယ်ရ၊ အသိပညာတွေလဲ ရတော့ အဲလိုမျိုး တဂ်တွေတော့ ရေးဖြစ်တယ်။ ရေးနိုင်အောင်လဲ ကြိုးစားတယ်။ ကိုယ်ရေးချင်တာလေးတွေ ရေးနိုင်ဖို့တော့ အခုအချိန်လုပြီး စာဖတ်နေတယ်။ အချိန်ပေးပြီးလာဖတ်တဲ့သူတွေကို အကျိုးမယုတ် စေချင်တာပါ။

မေး = ဘာအကြောင်း အရေးချင်ဆုံးလဲ
အဲဒါကို ဖြေဖို့တော့ နည်းနည်းဝန်လေးတယ်။ ရေးချင်တာက တော့ အတွေးအခေါ် ဒဿနတွေနဲ့ ရသ တွေပါ။ အထူးသဖြင့် စိတ်ပညာရောယှက်တဲ့ အတွေးအခေါ်မျိုး လူဘ၀ကို ထင်ဟတ်စေတဲ့ ရသမျိုးတွေရေးချင်တာ ။ အဲဒါတွေ ဖြစ်ဖို့ ၀မ်းစားပြည့်ဖို့လိုတယ်။ စာတွေများများဖတ်နေတယ်။ လူမမြင်တဲ့ နေရာတွေမှာ ရေးထားတယ်။ တန်းဝင်နိုင်လောက်ရင် တတ်သိတဲ့ လူတွေကိုပြမယ်။ပြီးတော့မှ လူမြင်ကွင်းကို ချပြမှာပါ။

မေး= ဘလော့ရဲ့ ကောင်းကွက် ဆိုးကွက်တွေကော ဘာများရှိတယ်လို့ထင်ပါသလဲ ။

လော့ဂ်တွေရဲ့ ကောင်းကွက်က အချိန်နဲ့ တပြေးညီ သတင်းတွေသိနိုင်တယ်။ အခု ကဒါဖီလိုမျိုး ၊ မနေ့က မြန်မာငလျင်လိုမျိုး၊ဒီနေ့ တင်ဖြစ်တဲ့ ၀ိုင်းစုလိုမျိုး၊ ပြီးခဲ့တဲ့ ဂျပန် ဆူနာမီလိုမျိုး ဒီဘလော့ဂ်တွေရဲ့ ကျေးဇူးတော်ကြောင့် အချိန်မှီ ပြင်ဆင်ဆောင်ရွက်စရာတွေကို အချိန်မဆိုင်းလုပ်နိုင်မယ်လို့ ထင်ပါတယ်။ စာပေနဲ့ ပတ်သက်တာတွေ လဲ မေးမြန်းဆေးနွေးနိုင်တယ်။ နည်းပညာအကူအညီတွေ အခမဲ့ရနိုင်နေတယ်။ ခင်မင်မှုတွေ တိုးစေတယ်။ လူလူချင်းရိုင်းပင်းကူညီမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာလို့မြင်ပါတယ်။ ဆိုးကွက်တွေကတော့ ရန်လိုက်ဖြစ်နေတာပ၊ဲ ဆွေးနွေးဝိုင်းပါဆို အတင်းပြောကြတယ်။ ငါတစ်ကော ကောကြတယ်။ ထင်မြင်ချက်ပေးပါဆို ဆဲကြတယ်။အမြင်မတူတာကို ရန်သူလို သဘောထားကြတယ်။ ဘာသာရေး ပုတ်ခတ်မှုတွေ ဆိုးဝါးကြတယ်။ အဲဒါတွေကိုတော့ ဆိုးကွက်တွေလို့မြင်ပါတယ်။

မေး= သူငယ်ချင်းတွေကို ဘာများပြောချင်ပါသေးလဲ

သူငယ်ချင်းတွေကိုတော့ ကောင်းတာ မှန်သမျှ ရှေ့ဆက်ပါလို့။ အားမငယ်နဲ့လို့၊ အားလုံးပဲ သိကြတဲ့ အတိုင်းလေ ဘ၀ဆိုတာကလဲ တိုက်ပွဲ ခယ်မဆိုတာက မပြစ်မှားသင့်ရာ သွားရည်စာမဟုတ်လား၊ တရုတ်လိုရှာ ကုလားလိုစု မြန်မာလို မသုံးနဲ့ဆိုတာတွေ နားမယောင်နဲ့၊ သောက်ရင်သေတတ်တဲ့ သေရည်တွေ မသောက်နဲ့၊ (ဘီယာလောက်ဆိုတော်သေး)၊ ဘယ်သူမှ အားမကိုးနဲ့၊ မိမိကိုယ်သာ ကိုးကွယ်ရာ။ ပိုက်ဆံပါရင် ငွေငါးရာလောက် ချေးစမ်းပါဗျာ။:D


မိုးယံ
(26.3.2011)



16 comments:

khin oo may said...

အစအဆုံးဖတ်သွား၏. ကောင်း၏.။

မောင်စေတနာ said...

ကိုဂျီး မိုးယံ ....

တကယ်လန်းတယ်ဂျာ
ရေးထားတာ

နောက်လည်းအဲလို စာလေးတွေ ဆက်လက်
ရေးသားနိုင်ပါစေဂျာ....

ခင်မင်လျှက်

နေဇော်လင်း

PhyoPhyo said...

ဒီအင်တာဗျူးလေးကို ဖတ်ရတော့ ဘယ်လိုခံစားရပါသလဲ?
ဟုတ်ကဲ့၊ ဖြေသွားတဲ့ ဘလော့ဂါလေးမိုးယံဆိုတာ ဒီလိုပါလားလို့ သိသွားပါပြီရှဥ့်။
(တော်တော်နောက်တဲ့လူ) :) ဘာတဲ့ ကွန်မန့်တစ်ခု
“ဖနောင့်ချွန်ချွန် ခြေအိတ်များ... ယခင်က အင်္ဂါဂြိုဟ်ပေါ်တွင် တစ်ဆိုင်ရှိသည်။ ယခုတော့ ကမ္ဘာမြေပေါ်မှာဆိုင်ခွဲ ထပ်ဖွင့်သည်ကြားသည်။ အန္တာတိကတိုက်တွင် နီညိုရောင်ခြုံထည်ကြီး ဆင်းမြန်လျှက် ပိန်သွယ်သော အမျိုးသမီးကြီးတစ်ဦးရောင်နေပါသည်။” ရယ်လိုက်ရတာ .. ကွန်မန့်ပေးကောင်းတယ် ထင်နေ သူက ဆရာအတ္တကျော် “ကွန်မန့်ပေးတတ်ရဲ့လား”ဖတ်ထားတာကိုး ၊
အော် .. ဒီလိုကိုး

အဖြူရောင်နတ်သမီး said...

ဟိဟိ..
ရီရတယ်...
အောက်ဆုံးက စကားလေးအကြိုက်ဆုံးပဲ..
ထိတယ်ကွာ...:P

nYi ThU E@in said...

အတည်ပေါက်နဲ့ ဖိန့်ထားတာတွေနော်
ဟင်းဟင်း သိဒယ်:P
ဒါနဲ့ ဗျူးခန်းထဲမှာ အနော့်အကြောင်း ထည့်ရေးထားတာ တွေ့ပြန်ပကော:)
စိတ်မပူပါနဲ့လေ တစ်နေ့တော့ ငမိုးဆီ ရောက်လာအုံးမှာပါ မဝေးတော့ဘူး

Angelhlaing(May everybody be happy and healthy! said...

အဟီး အကို ချေးတော့ချေးချင်တယ် ဗေဒင်ဟော ထားလို့ :P:P:P:P
အရမ်းကောင်းတဲ့ ဗျူးလေးပါအကိုရေ။
ကောင်းသောနေ့လေးဖြဖစ်ပါစေ...။

ကိုဇော် said...

အဟ . . ဘလော့နဲ့ အဆက်ပြတ်နေပြီး အခုမှ ပြန်ဝင်ခါစ ရှိသေး။ ဖတ်လိုက်ရလို့ သဘောသကျ ရှိလှတယ်။ ဆက်ရေးပါ ဘာပဲ ဖြစ်ဖြစ် ၊ နောက်ဆို အဲဒါကိုက ကိုယ့်လိုင်း ဖြစ်သွားမှာပေါ့။

၅၀၀ တော့ ချေးချင်သား ကိုယ့်မှာလည်း ရှိတာမှ ၂၀၀ တည်း။ ၃၀၀ ထပ်ချေးပြီး ၈၀၀ မှတ်ထားလိုက်ပါလား။

crystal said...

မလေးကို တကယ်လာတော့မှ အသေအချာ ဗျူးရသေးတာပေါ့ ဟင်း ဟင်း ဟင်း။

Anonymous said...

အင်းဒီလိုဗျူးမယ် ဒီလိုဖြေ မယ်ဆိုရင်တော့ အဆင်ပြေပါတယ်
တော်ကြာရင် တရားရုံးတွေဘာတွေ ရောက်နေမှာ စိုးလို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မောင်မျိုး said...

ချစ်စရာကောင်းတဲ့ စာပဲ တကယ်ကျေးဇူး မင်းဆီက ဒီလိုစာမျိုးတွေ ဖတ်ချင်တာ အမှန်း)

မိုးခါး said...

အိမ်ထောင်ဆက် များတယ်တော့ သတင်း သဲ့သဲ့ ကြားမိသလိုပဲ .. :P

နာမည်ရင်းက ကိုမောင်ခက်ကိုး .. တွေ့ရတာ ၀မ်းသာပါတယ်ရှင် :P

ရေးထားတဲ့ အမှောင်ထဲက စာတွေ တန်းဝင်လာမယ့် ချိန်ကို စောင့်နေပါမယ် ..း)

...အလင်းစက်များ said...

ဟ.... နင့်မလဲ မရေးဘူး မရေးဘူးနဲ့  ရေးချလိုက်ပြန်တော့ ဂျိတ်နဲ့  ဂျိုနဲ့  ... ဟုတ်ပေါင်.. အချိတ်နဲ့  အဆက်နဲ့  သိမ်းကြုံးချသွားတာပါလားဟ..

ငါဘလောဂါလောကမှာ မသိတာတွေ အများကြီးရှိသေးတယ်ဟေ့.... နောင်မှ မေးရဦးမယ်.. (ငါ့နာမည်ကြီးထည့်ထားတာကိုး ဟိ)

စကားမစပ်... အစ်မရစ္စတယ်လ်က နင့်ကို အသေဗျူးမယ်ဆိုပါလားဟေ့... မလေးကို အရောက်လာပြီးကို ဗျူးမယ်တဲ့ သေချာပြင်ထားပေတော့ ပြီးရင် ငွေ ၅၀၀ ချေးထားလိုက်... (ဘတ်) :P

ညိမ်းနိုင် said...

ကိုမောင်ခက် ဗျူးခန်းလေးက ဖတ်လို့ကောင်းသဗျ...။
လူမမြင်တဲ့ နေရာကစာတွေ ဖတ်ချင်သေးတယ်ဗျိုးးးး)

akhayar said...

အရင်အကြွေးတောင်မကျေသေးဘူး
ငွေချေးပြန်ပြီ...ဟင်းး.....

ဗျူး တာလေး ကောင်းတယ်...

မြစ်ကျိုးအင်း said...

အောက်ဆုံးစာသားလေးတော့ ကျော်ဖတ်သွားလိုက်တယ်။

sosegado said...

ဝိုင်းစုပုံကြောင့် အဗျုးခံရတာဖြစ်မယ်၊
ချေးတာ ၅၀၀ ထဲလားဗျာ၊ လေဆိပ်က ပစ္စည်းသယ်တဲ့သူတွေတောင် ၅၀၀ ဆိုမယူဘူး၊