Monday, February 28, 2011

ပြည်တွင်း ဒီဇယ်ဆီ ဆိုင်ဈေး တစ်ဂါလန် ကျပ် ၃၃၀၀ မှ ကျပ် ၄၀၀၀ သို့ မြင့်တက်


w62222
ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်လာမှုနှင့်အတူ ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များမှ ရောင်းချသည့် ဒီဇယ်ဆီဈေးမှာ တစ်ဂါလန်လျှင် ကျပ် ၃၃၀၀ မှ ကျပ် ၄၀၀၀ သို့ နှစ်ပတ်အတွင်း ထိုးတက်လာကြောင်း သတင်း ရရှိပါသည်။

ကမ္ဘာ့ရေနံစိမ်းဈေးမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၆ ဒေါ်လာ ၀န်းကျင်ရှိရာမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၂၃ သို့ မြင့်တက်လာပြီးနောက် ပြည် တွင်းဈေးပါ မြင့်တက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များမှ ရောင်းချသည့် ဒီဇယ်ဈေးမှာ တစ်ဂါလန် ကျပ် ၃၃၀၀ ၀န်းကျင်သာရှိပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တစ်ဂါလန် ကျပ် ၃၅၀၀ ၀န်းကျင်သို့ လည်းကောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တစ်ဂါလန်ကျပ် ၄၀၀၀ သို့ လည်းကောင်း ဆက်တိုက် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်ထင်တယ် လစ်ဗျားနိုင်ငံနဲ့ လတ်တလော ရေနံနဲ့ရပ်တည်တဲ့ နိုင်ငံအချို့ရဲ့ အခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်''ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးကလည်း ရှင်းပြခဲ့သည်။

ရန်ကုန်နှင့် နယ်မြို့များတွင် ဓာတ်ဆီဈေး မြင့်တက်မှုအပေါ် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ''ရန်ကုန်မှာ ဓာတ်ဆီ အပြင်ပေါက်ဈေးက တစ်ဂါလန် ကျပ် ၃၈၀၀ ရှိတယ်။ နယ်မြို့တွေမှာ တစ်ဂါလန်ကို ကျပ် ၄၇၀၀ အထိ ၀ယ်သုံးရတယ်။ အပြင်မှာ ဓာတ် ဆီပြန်ကောက်တဲ့ သူတွေက တစ်ဂါလန် ကို လာရောင်းရင် ကျပ် ၃၆၀၀ အထိ ပေးတဲ့အတွက် ဆိုင်တွေမှာ ဓာတ်ဆီတန်းစီတဲ့သူတွေ ညအိပ်တောင်စောင့်လာတဲ့အထိ ဖြစ်နေတယ်လေ''ဟု ရှင်းပြခဲ့သည်။

ပြည်တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များမှ ဒီဇယ်ဈေး (တစ်ဂါလန်၊ ကျပ်)
အပတ်စဉ် ပျမ်းမျှ ဈေးနှုန်းများ နေ့ရက် ပြည်တွင်းဒီဇယ်ဈေး
၂၅-၁၂-၂၀၁၀ ၃၁၀၀-၃၃၀၀
၁-၁-၂၀၁၁ ၃၂၀၀-၃၃၀၀
၈-၁-၂၀၁၁ ၃၂၀၀-၃၃၀၀
၁၅-၁-၂၀၁၁ ၃၂၀၀-၃၃၀၀
၂၂-၁-၂၀၁၁ ၃၃၀၀
၂၉-၁-၂၀၁၁ ၃၃၀၀
၅-၂-၂၀၁၁ ၃၃၀၀
၁၂-၂-၂၀၁၁ ၃၃၀၀-၃၄၀၀
၁၉-၂-၂၀၁၁ ၃၅၀၀-၃၆၀၀
၂၇-၂-၂၀၁၁ ၄၀၀၀

http://www.news-eleven.com/

Saturday, February 26, 2011

အရေးကြီးပါသည် ဆက်လက်ဖြန့်ဝေပေးကြပါရန်

> အရေးကြီးပါသည် ဆက်လက်ဖြန့်ဝေပေးကြပါရန်။ သူငယ်ချင်းတို့အကောင့်ကို
> knaniar@gmail.com ဆိုသောအကောင့် လာအပ်ခဲ့မည်ဆိုပါက
> လုံးဝလက်ခံခြင်းမပြုကြပါနှင့်..
ထိုအကောင့်မှာ မြန်မာနိင်ငံ
> ရှိသမီးပျိုလေးများကို မှောင်ခိုတင်သွင်းနေသော အဖွဲ့တစ်ခုမှ
> အကာင့်တစ်ခုဖြစ်ကြောင်း..သိရှိထားပါသည်..ကျေးဇူးပြုပြီး
> ယခုမေးလ်(Mail)လေးကို ဆက်လကိဖြန့်ဝေပေးစေ ချင်ပါသည်

လိုအပ်မယ်ထင်လို့ သိသိခြင်းမျှဝေခြင်းဖြစ်ပါတယ်.
http://www.sbsangpi.com ဆိုဒ်မှပြန်လည်ဖြန့်ဝေသည်။

ဘ၀ပြောင်းလာပုံ


ရုတ်တရက် မြင်လိုရလို့.. ဒီကောင့်ကို ဘယ်လိုထင်ကြဦးမလဲ မသိဘူး။

ဒါပေမယ့် ဒါလေးက အကောင်ပေါက်လေးပါဗျာ
မွေးဖွားလာ စက ပေါ့။
တစ်ပတ် သား လေးပေါ့။
၁၃ ရက်သားလေး။
၁၇ ရက်သားလေး ဘ၀။
သင်က ဘာကောင်လို့ ထင်ထားလို့တုန်းဗျ။

Thursday, February 24, 2011

အွန်လိုင်းမှဖြစ်ပွားနေသော၃၇၆ မဟုတ်သော ၃၇၆ များ

အွန်လိုင်းကနေချစ်သူတွေဖြစ်ပြီး ဘ၀ပါပေးချစ်ခဲ့တဲ့ ကောင်မလေးတွေအကြောင်းကို တင်ပြပြီးပါပြီ

အခုတခါမှာတော့ ပုဒ်မ၃၇၆လို့ ဆိုထားတာတဲ့အလိုမတူဘဲ ကာမရယူမှုပါ ပထမဆုံးပဒ်မ၃၇၆ အကြောင်းကို အရင်ရှင်းပြပါ့ မယ်။ (နားလည်သလောက်လေ့လာမိသလောက်ပေါ့ နော်.)။

ပုဒ်မ၃၇၆ ဟာမိန်းကလေးတစ်ဥိးရဲ့ အလိုဆန္ဒမပါပဲ. သားမယားအဖြစ် ပေါင်းသင်းနေတာတာကို ဆိုလိုပါတယ်။မိန်းကလေးတော်တော်များများ မိမိမချစ်မနှစ်သက်တဲ့ သူကိုပေါင်းသင်းနေထိုင်ဖို့ မဖြစ်နိုင်ပါဘူး ၊ အခုမှုခင်းတွေမှာဖတ်နေရတာဟာများသောအားဖြင့် ၃၇၆ မှုတွေပါ....။

ယောက်ျားတွေဟာ ဖွဲတစ်ဆုပ်ကိုကိုင်နိုင်တဲ့ခွန်အားရှိသရွေ့ ၃၇၆ မှုကိုကျူးလွန်နိုင်ပါတယ်။ ဒါပေမယ့် အခုအွန်လိုင်းမှာဖြစ်နေတာတွေတော်တော်များများမှာ ခန့်မှန်းမိသလောက်

ရယူလိုမှုမပါဘဲ အဖြူသက်သက်ချစ်တယ်ဆိုတာ မရှိသလောက်ပါပဲ..အဲ့ဒီလို အွန်လိုင်းမှာ ချစ်တယ်လို့ ပြောပြီးအပြင်မှာတွေ့ ၊ကျူနေပြီးချစ်သူသက်တမ်း နှစ်လကနေ သုံးလအတွင်းမှာ living together ဖြစ်သွားနိုင်ပါတယ်။ (အဲ့လိုမဟုတ်ဘဲအချစ်စစ်နဲ့ချစ်နေတာတွေလဲ ရှိပါတယ်..တဖက်သက်မပြောပါဘူး.)အဲ့ လိုအတူနေပြီးမှ(လိုချင်တာရလို့ )ပြတ်သွားတာတွေထားခဲ့ တာကိုခံစားရတဲ့ မိန်းကလေးတွေဒုနဲ့ ဒေးရှိနေပါတယ်။

မိန်းမတစ်ယောက်ရဲ့သိက္ခာကြောင့် ဖွင့်မပြောဘဲသာ နေရင်နေမှာပါ၊ သူ့ရဲ့အပျိုစင်ဘ၀ကတော့ ပျက်စီးသွားပါပြီ၊ အရင်ပို့ စ်မှာရေးခဲ့ သလိုပေါ့၊ နောက်ထပ်အဲ့ဒီ မိန်းကလေးဟာ ချစ်သူထပ်ထားလို့ လက်ထက်ရင်တောင် အိမ်ထောင်ရှင်ယောက်ျားရဲ့ ညိုညင်မှုကိုခံရနိုင်ပါတယ်။ ကဲ..ဒါဆို စဉ်းစား ရအောင်နော်.....။

ပုဒ်မ၃၇၆ဆိုတာအလိုမတူဘဲရယူမှု...........။ ဒါပေမယ့်အခုဖြစ်နေတာက အလိုတူရယူပြီးမှ ကျောရရုံ ကြံသွားတာမိန်းကလေးတွေဟာ နှာခေါင်းပါပေလို့ မပါရင်အညစ်အကြေးကိုမုန့်လို့ ပြောကျွေးရင်တောင် စားမယ်လို့ ရှေးလူတွေပြောတာကြားဖူးပါတယ်၊ မိန်းကလေးတွေ အချစ်က ယောက်ျားလေးတွေထက် ရှစ်ဆပိုကြီးပါတယ်။ ပိုလည်းချစ်တတ်ပါတယ်၊ သူတို့ တကယ်ချစ်မိရင် သူတို့ အသက်တောင်မှပေးရဲတဲ့ သူတွေတွေ့ ဖူးပါတယ်။ သူတို့ချစ်တဲ့သူ လိမ်နေမှန်း သိရင်တောင်ယုံကြည်နေတာမိန်းမတွေရဲ့စိတ်ပါ။ အဲ့စိတ်ကလဲ အပြစ်တစ်ခုလို့ယူဆ လို့ရနိုင် ပါတယ်။ အဲ့လိုအတူနေပြီးမှ ပြတ်သွားတာကိုကျတော့ဘယ်ပုဒ်မနဲ့ တရားစွဲမလဲ...၃၇၆ လား ။ မဖြစ်နိုင်ဘူး။ သူအလိုတူလို့ အတူနေပြီး အခုမှ၃၇၆ ပုဒ်တပ်လို့မရတော့ပါဘူး. အွန်လိုင်းမှနေပြီး ကာမလိမ်လည်ရယူမှုတွေရှိနေလို့  တရားစွဲနိုင်မဲ့ ပုဒ်မတစ်ခုတော့ လိုချင်မိတယ်..။

နှစ်ဥိးသဘောတူပေမဲ့ ကျောရရုံကြံသွားတဲ့ ယောက်ျားတွေအတွက် ဘယ်လိုအပြစ်က ထိုက်တန်မလဲ Death Note လို စာအုပ်ရှိလို့ကတော့ စုံစမ်းပြီးနာမည်တွေချရေးပစ်မှာ သေချာပါတယ်..အဲ့ လိုလူတွေရှိနေလို့ ယောက်ျားကောင်းတွေဟာ နာမည်ပျက်ပြီး အရှက်ရနေတာပါ ။ ညွှန်း တဖက်သက် မပြောပါဘူး။ တကယ်ချစ်လို့ တကယ်အပြင်မှာ လက်ထပ်သွားတာတွေရှိပါတယ် ။ နည်းလွန်းပါတယ်။

ဒိပို့စ်ရေးတာရိုင်းတာပါရင် တောင်းပန်ပါတယ်၊ ဒီပို့စ်ဟာအွန်လိုင်းကနေ မိန်းကလေးတွေရဲ့ အရှက်နဲ့ သိက္ခာကို420လုပ်နေတဲ့ ယောက်ျားလေးတွေ ဆင်ခြင်နိုင်အောင်ေ၇းပေးတာပါ၊ မိန်းကလေးတွေလည်းချစ်၇င်ဥိးနှောက်သုံးဖို့ ပါ၊အဲ့လိုလိမ်ညာရယူနေတဲ့ ယောက်ျားတွေဟာသူတို့ သာအဲ့ လိုမတရားလုပ်ရင်လုပ်မှာပါ၊ သူတို့ နှမ၊အစ်မတွေသာအဲ့ လိုဖြစ်ရင်တော့ တုတ်တွေဓားတွေနဲ့ သတ်မယ် ဖြတ်မယ်ဖြစ်ကြမှာပါ။ နှမချင်းမစာနာတာကို ပြောတာပါ အမျိုးထိတော့ သိလိုက်တာ၊ သူတို့ ကျတော့ ဒိကမတရားခံလိုက်ရတဲ့ မိန်းကလေးတွေကျတော့ ဘယ်လိုခံစားရမလဲ...။


အပျော်တွဲတာကိုလက်ခံပါတယ်၊အပျော်အတူနေတာကိုတော့ လက်မခံနိုင်ပါဘူး။ နောက်ဆုံးအနေ နဲ့အွန်လိုင်းမှာယောက်ျားအားလုံးကို မကောင်းဘူးမပြောပါဘူး ကောင်းတဲ့ သူတွေရှိပါတယ်၊သူတို့ တွေကို ချီးကျူပါတယ် လေးလဲလေးစားပါတယ်။ အဲမကောင်းတဲ့ သူတွေလဲရှိတာကိုတော့မမေ့ပါနဲ့။ အပျော်ကြံနေတဲ့အကျင့်လေးတွေကို ပြင်ပြီး သစ္စာရှိရှိချစ်နိုင်ဖို့ မျှော်လင့် ပါတယ်..

မှတ်ချက်။ ။တချို့မိန်းကလေးများကျတော့လဲ ယောက်ျားလေးက သစ္စာရှိတာတောင် ကိုယ့်သိက္ခာ ကိုယ်မနှမျောပဲ သစ္စာဖောက်သွားတာတွေရှိပါတယ်၊ အဲ့လိုမိန်းကလေးကိုတော့ စာရင်းထဲထည့်နေစရာ မလိုတော့လို့ မရေးတော့ ပါဘူး။



ညွှန်းပုံလွှာ

ဆက်ဖတ်စေချင်တာ

Tuesday, February 22, 2011

အပျို၊အပျိုစစ်နှင့် အပျိုစင်.......


အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။

ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။ နယ်ချဲ့တယ်ဆိုတာ လက်နက်ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး...။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေးမှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ...။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။

ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့  စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီး....။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး...။ သိသိရဲ့ နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်...။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး...။

ပြီးခဲ့သော ချစ်သူများနေ့ ...။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့  နေ့ ထူးနေ့ မြတ်တော့ မဟုတ်ပါ...။ ဒါပေမဲ့ ချစ်သူတွေရဲ့ ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေးတွေပေး ချော့ကလက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့ မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေးမို့ ကိုယ့်နိုင်ငံရဲ့  နေ့ ထူးနေ့ မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါတယ်...။အယ်...လက်မခံနိုင်တာက ဘာလဲ......။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြတာကိုပင်...။

ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့ အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်းအပ် သည်များကိုတောင်း၊ လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့်သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်...။ ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့  အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့်အထိပင်တဲ့....။ဒါမြန်မာနိုင်ငံမှာနော်..။ တို့ မြန်မာလူမျိုးတွေ ဖြစ်နေတာ...။ကဲ...ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်....။

အပျို .......

အပျိုဆိုတာ ဘာကို ဆိုလိုသလဲ.....၊။

အားလုံးသိကြမှာပါ...။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ...။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်...။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်...။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်....။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ...။ဒါကို အပျိုလို့ခေါ်ပါတယ်....။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံး ပါဝင်ပါတယ်...။

အပျိုစစ်.......

အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး...။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်...။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ...။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်...။

အပျိုစင်.......

အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး....။ခုလို အခြေအနေမှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်...။အပျိုစင် ဆိုတာဘာလဲ...။ အပျိုစင်ဆိုတာ ယောင်္ကျားများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်...။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး...။

~~`~~~~~~~~~~~~~@@@@@@@@@@@~~~~~~~~~~~~~~~~~

အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့ များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား...။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့  တာဝန်ပါ...။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်.....။

ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်....။

ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်...။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး...။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ ရယ်....။

ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ...။အကြွေပန်းကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်...။ ခရေပန်းလို အကြွေကို ကောက်နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်...။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ...။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်...။

ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်....။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး...။အချိန်မတန်ခင် မကြွေလိုက်ကြပါနှင့်နော်...။ကိုယ့်အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် “မေ့” ညီမတွေ ကြိုးစားကြပါ...။ နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့  ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ ...။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့  ပန်းတစ်ပွင့်ကိုအရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ....။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူမည့်သူ မဟုတ်ပါဘူး...။

“မေ့”ညီမတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ...။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ...။

မေသဇင်

Monday, February 21, 2011

ဆင်းတုကို ရှိခိုးတာက



ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကောအကျိုးရှိပါမလား။

ဗုဒ္ဓဘာသာကဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား? ဆင်းတုတွေရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ ဘုရားဖြစ်အောင်ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။


ဒါတွေကအခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်းမြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။


ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။


ဓမ္မစေတီ…ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့

ပိဋကတ်သုံးပုံ၊

မဂ်လေးတန်၊

ဖိုလ်လေးတန်နဲ့

နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စားကိုးကွယ်ဆည်းကပ်နိုင်တယ်။


ဥဒ္ဒိဿစေတီ…

သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။


ပရိဘောဂစေတီ…

မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။


အဲဒီတော့ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကိုရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီးရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။


ဥပမာ…ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာစက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီးရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါကမိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကိုကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။


ဒါကြောင့်ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကိုရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။

မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာပဲ။ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။


ဒါကြောင့်ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။

ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဆည်းကပ်ကိုးကွယ်နေတာက

အရဟံအစ ဘဂ၀ါအဆုံး

အတုမရှိတဲ့ ဂုဏ်တော်များရဲ့ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊

ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ဓမ္မတရား၊

သစ္စာလေးပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့

မြတ်စွာဘုရားရဲ့ အဆုံးအမဩ၀ါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊

ဒီဘုရား၊တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါတော့မလဲ။

ကိုးကား-(ဒေါက်တာမင်းတင်မွန်)

Image Hosting by imagefra.me
http://www.sbay-student.org/

www.dhammaanalysis.multiply.com/

Saturday, February 19, 2011

အိပ်ယာထဲကနေ ပြတိုက်ကို လေ့လာမယ်


ရုရှားနိုင်ငံရဲ့ virtual tour of the Basilica of San Pedro ကို လေယာဉ်လက်မှတ်ခ မကုန် လူလည် မပင်ပန်းဘဲ အိပ်ယာထဲကနေ လေ့လာရေး သွားကျရအောင်။ ကျွန်တော် သူငယ်ချင်းတွေကို 3D နည်းပညာကို အပြည့်အ၀ အသုံးချပြီ ပြတိုက်တစ်ခုလုံးကို အသေးစိတ် သေချာ လေ့လာနိုင်အောင် ပြုလုပ်ထားတဲ့ ရုရှားနိုင်ငံ စိန့်ပိတာစဘက်စ်မြို့ရဲ့ virtual tour of the Basilica ရဲ့ ပြတိုက်ကို ကိုယ်တိုင် ပြတိုက်ထဲ ရောက်ပြီ လေ့လာနေရသလို ခံစားမှု့တွေ ပေးတဲ့ 3D နည်းပညာ ရဲ့ အစွမ်းကို လေ့လာစေချင်လို့ တင်ပြပေးဖြစ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက ပြတိုက်တွေကို ဒီလို နည်းစနစ် နည်းပညာတွေ အသုံးပြုနိုင်မယ်ဆိုရင် လူငယ်တွေ အလွယ်တကူ လေ့လာနိုင်ကျမယ်လို့ ယုံကြည်ပါတယ်။ ပြတိုက်ကို သွားလေ့လာဖို့ဆိုတာ အချိန်ရယ် စိတ်ရယ် ငွေကြေးရယ်ဆိုတာ လိုအပ်လာပါပြီ။ နယ်မှာ ရောက်နေလင့်ကစာ ရန်ကုန်လိုမြို့က ပြတိုက်တွေကို အင်တာနက်ကနေ အလွယ်တကူ လေ့လာနိုင်မယ်ဆိုရင် လူငယ်တွေ သမိုင်းကို စိတ်ဝင်စားလာမှာ မလွဲဧကန်ဖြစ်ပါတယ်။ အောက်က လင့်လေးကို ကလင်ပြီ လေ့လာနိုင်ပါတယ်။

အသုံးပြုနည်း

မိမိကြိုက်နှစ်သက်ရာ ဂဏန်းကလေးတွေကို click ပြီ Mouse သို့မဟုတ် Keyboard မှာ arrow key များကို အသုံးပြုနိုင်ပါတယ်။

မှတ်ချက် ။။။။။။အင်တာနက် ချိတ်ဆက်ထားရပါမည်။

http://www.vatican.va/various/basiliche/san_pietro/vr_tour/index-en.html


မိုးထက်မြင့် (နည်းပညာ)

သက္ကရာဇ် 3000 မှာကြုံတွေရမဲ့ တိုးတက်မှု


ဒီ ကာတွန်းလေးတွေကို အီးမေးက ရပါတယ်။
သက္ကရာဇ် ၃၀၀၀မှာ ကြုံရမယ့် တိုးတက်ဖြစ်ထွန်းမှုတွေကို ကြိုတင်နိမိတ်ဖတ်ထားပါသတဲ့။
--------------------------------------
ကြေးစားအားကစားသမား :)
Photobucket
--------------------------------------
အိမ်သာတက်ရင်း ရေလွှာလျှောစီး :)
Photobucket
--------------------------------------
အိပ်ပျော်နေရင်း ကာယလေ့ကျင့်ခန်းလုပ် :)
Photobucket
--------------------------------------
ဒီဇိုင်းအမျိုးမျိုး ပြောင်းနိုင်တဲ့ အ၀တ်အစား :)
Photobucket
--------------------------------------
အော်တိုရိပ်စက် :)
Photobucket
--------------------------------------
လွယ်လွယ်လျှင်လျှင် အလှပြင် :)
Photobucket
--------------------------------------
“Stop”ဆိုရင် ရပ်ကိုရပ်ရမယ် :)
Photobucket
--------------------------------------
လောင်စာချွေတာဖို့ ဆပ်ကပ်ဆရာက ကျောင်းကြိုပို့ :)
Photobucket
--------------------------------------
ကမ္ဘာ့တိုက်ကြီးတွေကြား ကားနဲ့သွား :)
Photobucket
--------------------------------------
ဟယ်လီကော်ပတာ ဦးထုပ် :)
Photobucket
--------------------------------------
ကျောပိုးအိပ်က ကျောပိုး :)
Photobucket
--------------------------------------
ခြေလေးချောင်း ဂျင်းဘောင်းဘီ :)
Photobucket
--------------------------------------
ပေါက်ကရလုပ်ရင် ဆုံးမတဲ့ ကွန်ပျူတာ :)
Photobucket
--------------------------------------
မျက်လှည့်လောက်စွမ်းတဲ့ အရိုးအထူးကု :)
Photobucket
--------------------------------------
နှပ်ချေးသုတ်စက် :)
Photobucket

Friday, February 18, 2011

ခြေချောင်းလက်ချောင်း အများဆုံးပါတဲ့ မြန်မာကလေး

လက် ၁၂ ချောင်း၊ ခြေ ၁၄ ချောင်း နှင့် မြန်မာကလေး ကမ္ဘာကျော်ပြီ
မမိုးမခအထောက်တော် အမှတ် ၈
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၁
စင်္ကာပူရောက် ဖေဖေကို ဖုန်းဆက်နေသလား။

ခြေချောင်းလက်ချောင်း အများအပြားရှိသည့် မြန်မာကလေးသတင်းကို နိုင်ငံတကာရှိ သတင်းဌာနပေါင်း ၁၀၀ ကျော်က ရေးသား ထုတ်လွှင့်နေကြသည်။

ထိုကလေးမှာ ရန်ကုန်မြို့တွင် နေထိုင်သူ ​၁ နှစ် ၄ လအရွယ် လဲ့ရတီမင်း ဖြစ်သည်။


လက် ၁၂ ချောင်းနှင့် သမီးလေးက အရာဝတ္ထုများကို ဆုပ်ကိုင်ရာတွင် “ပိုတောင် မြဲနေသေးတယ်” ဟု အသက် ၂၆ နှစ်အရွယ် မိခင် မမင်းမင်းစိုးက AP သတင်းဌာနကို ပြောသည်။

ကလေးဖခင် ကိုညီညီထွန်းသည် စင်္ကာပူရှိ သင်္ဘောကျင်းတခုတွင် ရှိနေပြီး အလုပ်အကိုင် စာချုပ် သက်တမ်း ကုန်ဆုံးမည့် ၂၀၁၂ ဧပြီလ ကျော်မှ အိမ်ပြန်မည်ဟု AP သတင်းက ဆိုသည်။


ခြေချောင်း လက်ချောင်း အများအပြား ပါဝင်သည့် လဲ့ရတီမင်းကို ဂင်းနစ်ကမ္ဘာ့စံချိန်စာရင်းတွင် ပါဝင်နိုင်ရန် မိသားစုက ကြိုးစားနေသည်ဟု ဆိုသည်။



AP သတင်းဌာနက ဤကလေးနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် ထင်ရှားသည့် ခွဲစိတ်ပါရဂူ ဒေါက်တာ Craig Camasta ကို ဆက်သွယ်မေးမြန်းခဲ့သည်။

မိဘတချို့က ၎င်းတို့၏ ကလေးများနှင့် တခြား ကလေးများ မတူကွဲပြားနေခြင်း မလိုလားကြောင်း၊ ကလေးတွင် ခြေချောင်း၊ လက်ချောင်း အပို ပါရှိပါက တနှစ်အရွယ် ရောက်လျှင် ခွဲစိတ် ဖြတ်တောက်လိုကြကြောင်း သူက ပြန်လည် ဖြေကြားခဲ့သည်။

လန်ဒန်အခြေစိုက် ဂင်းနစ်က အသိအမှတ်ပြုပါက ဆုငွေ ပေးမည် မဟုတ်သော်လည်း အသိအမှတ်ပြု မှတ်တမ်းလွှာ ပေးမည် ဖြစ်သည်။

သမီး နှင့် တွေ့ရသော မိခင် မမင်းမင်းစိုး။
သူ၏ ၃ နှစ်ကျော်အရွယ် သမီးကြီးမှာ ခြေချောင်းလက်ချောင်း အရေအတွက် ပုံမှန် ပါရှိသည်ဟု ဆိုသည်။

လဲ့ရတီမင်း၏ သတင်းကို လွန်ခဲ့သည့် ၆ လ ခန့်ကပင် ရန်ကုန်အခြေစိုက် မြန်မာပို့စ်တွင် ဖော်ပြပြီး ဖြစ်သည်။


၁ မိနစ်ကျော်ကြာ AP ရုပ်သံသတင်းတွင် တွေ့ရသော မိခင်။
(မှတ်ချက်။ စက္ကန့် ၃၀ စာ ကြော်ငြာကို ဦးစွာ ကြည့်ရှုရမည်)
ဓာတ်ပုံများ - AP

ကမ္ဘာတစ်ဝန်းလုံး လက်ချောင်း ခြေချောင်း အများဆုံး လူသား မြန်မာနိုင်ငံမှ မလဲ့ရတီမင်း ကို
လူ အများ စိတ်ဝင်စား
ကိုကိုလတ် (အမရပူရ) Myanmar Post ဂျာနယ်၊ သြဂုတ် ၃၁၊ ၂၀၁၀

မလဲ့ရတီမင်းသည် ၂၀၁၀ပြည့်နှစ်၊ သြဂုတ် ၁၈ရက်တွင် အသက် ကိုးလ တင်းတင်းပြည့်ခဲ့ပြီး ဖြစ်သည်။ သူမ၏ ဘယ်ညာ လက်တစ်ဖက် စီတွင် လက်ချောင်း ခြောက်ချောင်း စီပါ၍ စုစုပေါင်း လက်ချောင်း ၁၂ ချောင်း ပါရှိသည်။ သူမ၏ ဘယ်ညာ ခြေတစ်ဖက်စီတွင် ခြေချောင်း ခုနစ်ချောင်းစီပါ၍ စုစုပေါင်း ခြေချောင်း ၁၄ ချောင်း ရှိပါသည်။ သူမ တွင် လက် ချောင်း ခြေချောင်း အားလုံး စုစုပေါင်း ၂၆ ချောင်း ရှိသည်။

၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ ဂင်းနစ် စံချိန်ရှင် အိန္ဒိယ နိုင်ငံသား ဟာနေး (၁၅နှစ်) တွင် လက်ချောင်း ခြေချောင်း အားလုံး စုစုပေါင်း၂၅ချောင်းသာ ရှိသည်။ မြန်မာ နိုင်ငံသူ မလဲ့ ရတီမင်းက ဘယ်ခြေ၌ ခြေချောင်း တစ်ချောင်း ပိုသည်။

၂၀၁၁ ခုနှစ် ကမ္ဘာ့ ဂင်းနစ် မှတ်တမ်းတွင် လက်ချောင်း ခြေချောင်း အများဆုံး လူသား အဖြစ် မြန်မာနိုင်ငံမှ မလဲ့ရတီမင်းဖြစ်လာရေး နှင့်စပ်လျဉ်း၍ လူအများက စိတ်ဝင်စားနေကြ သည်။

မလဲ့ရတီမင်းကို တောင်ဥက္ကလာပ မြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံ ကြီး၌ ဒေါက်တာ ဒေါ်မြတ်သန္တာအောင် က ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၄၅ မိနစ် တွင် အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့သည်။ ဖခင် ဦးညီညီထွန်း (ခေတ္တစင်ကာပူ) နှင့် မိခင်ဒေါ်ဖြိုးမင်းမင်းစိုး တို့တွင် သမီးကြီး မကေဇင်သန့် (သုံးနှစ် သုံးလ) နှင့် သမီးငယ် မလဲ့ရတီမင်း (ကိုးလ ကျော်) သမီး နှစ်ဦးသာ ရှိသည်။

မြန်မာနိုင်ငံ သည် ယခင်က ကမ္ဘာ့ဂင်းနစ်မှတ်တမ်း နှစ်ကြိမ် ၀င်ခဲ့ဖူးသည်။ ပထမ ကမ္ဘာ့ အံ့ဖွယ်မြတ်ရွှေတိဂုံနှင့် ဒုတိယ ပိဋ ကတ်သုံးပုံ အာဂုံဆောင် ရွတ်ဆိုနိုင်သည့် ကမ္ဘာ့ အံ့ဖွယ် မင်းကွန်း ဆရာတော်ဦးဝိစိတ္တ သာရာဘိဝံသ (ပျံတော်မူပြီး) တို့ ဖြစ်သည်။ ယခု တတိယအကြိမ် ကမ္ဘာ့ အံ့ဖွယ် လူသား မလဲ့ရတီမင်း အလှည့်ပင်။ မလဲ့ရတီမင်းသည် မွေးဖွားပြီးချိန်တွင် ကိုယ်ခန္ဓာ အလေးချိန် ခုနစ်ပေါင် ခြောက်အောင် စရှိပြီး ထူးခြားမှုမှာ အများတကာ မိခင်များကဲ့သို့ ရေမြွှာပေါက်ပြီး မွေးဖွား လာသည့် ကလေး မဟုတ်ပါ။ သမင်မများ သားမွေး သကဲ့သို့ သန့်ရှင်းစွာ အခြောက် မွေးဖွားခဲ့သည်။ မွေးစမှ ယခု ကိုးလကျော်ထိ ကျန်းမာသည်။ လက်ချောင်း၊ ခြေချောင်း များသည် အချိုးကျပြီး ပုံမှန်အတိုင်း ဖွံ့ဖြိုးလျက် ရှိသည်။

ယခုအခါ မလဲ့ရတီမင်း သည် မိခင်ဖြစ်သူ ဒေါ်ဖြိုးမင်းမင်းစိုးနှင့် အတူ အိမ်အမှတ် ၇၃၇၊ ၁၆ လမ်း၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့၌ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိသည်။ အံ့ဖွယ် သမီးငယ်နှင့် စပ်လျဉ်း၍ သိလိုသည့် အချက်များ ရှိခဲ့ပါလျှင် မိခင်ဖြစ်သူ၏ ဖုန်းနံပါတ် - ၇၃၀၁ ၃၅၃၉ သို့ ဆက်သွယ် မေးမြန်း နိုင်ပါသည်။

Mail ထဲဝင်လာ ပြန်မျှတာ

Wednesday, February 16, 2011

အကြားအမြင်ပညာရှင်...လူကြီးမင်းနှင့်.

ရောက်တတ်ရာရာဖတ်ကြည့်ပါ..........။။ ကျွန်တော်တို့တွင်...မြန်မာကွ......ဟုကြွေးကြော်စရာများအားသိရှိသမျှတင်ပြတော့အံ့...............။။။။။။။။။ ကျွန်တော်တို့မြန်မာပြည်တွင်စက်မှုလုပ်ငန်းများတိုးတက်လျှက်ရှိရာတွင်...ေ၇စုပ်စက်မှ ရေပိုက်လုံးအား ခုံဖိနပ်သဲကြီုးအဖြစ် ပြောင်းလဲထုတ်လုပ်သော အသေးစားလုပ်ငန်းမှသည် ပြည်တွင်းထုတ် နိုင်ငံခြားကားများကိုလည်းထုပ်လုပ်လျှက်ရှိရာတွင်....ယင်းကားများအားသံချေးမတက်သောနေရာအား

သံချေးတက်အောင်ပြုလုပ်ခြင်း...အကောင်းအတိုင်းရှိသောနေရာအား အပေါက်ဖြစ်အောင်ဖေါက်ကာ ဂဟေပြန်ဆက်လျှက် အစုတ်ဖြစ်အာင်ပြုလုပ်(အစုတ်ပုံစံပေါက်မှသာယာဉ်မှတ်ပုံတင်ထုတ်ပေးသောကြောင့် ) သော အကောင်းမှအစုတ်ဖြစ်အောင်ပြုလုပ်နိုင်သောအတတ်ပညာရှင်များ...များစွာရှိပေသည်။။။။

နိုင်ငံခြားတိုင်ပြည်များမှ..လူစီးရန်မသင့်သော..မီးရထားတွဲအစုတ်များအားလက်ခံပြုပြင်ကာ...အသစ်ကဲသို့

ဖြစ်စေလျှက်..ပို့ဆောင်လုပ်ငန်းများတွင်အမြန်မီးရထားများအဖြစ်တွင်ကြယ်စွာအသုံးပြုစေခြင်းဖြင့်လည်း

အစုတ်မှအကောင်းသို့ ပြောင်းလဲနိုင်သော အတတ်ပညာရှင်များလည်း တဖက်မှပြန်လည်တိုးတက်လျှက် ရှိသည်။။။။။။

အတတ်ပညာရှင်ရွက်ပုံးသီးများလည်းအများအပြားရှိကြအံ့.......ဥပမာတင်ပြရသော်....................

ကမ္ဘာကျော်အောင်မတော်...သော်လည်း...ပန်းချီအတတ်ပညာရှင် များလည်း များစွာရှိကြရာတွင်. ..နံရံဆေးေ၇း အတတ်တွင် နိုင်ငံသားတိုင်းတတ်ကြွမ်းကြရာတွင်။နီးစပ်ရာရေးခြစ်စရာများဖြင့် အရုပ်ထင်အောင်ပြုလုပ်ရာတွင်...ယောင်္ကျားလေးအိမ်သာတွင်းမှအနုပညာမြောက်လက်ရာ(စိတ်အစာပြေ)

ရုပ်ပုံများရေးဆွဲခြင်းနှင့်ကမ္ဘာကျော်ရေးသားချက်များအားတွေနိုင်အံ့။။။။။။။

။။။။။အတွေးအခေါ်ဒသနပညာရှင်များလည်းများစွာပေါ်ပေါက်လျှက်ရှိရာတွင်..ပညာရှင်များ၏..အတွေးအခေါ်

ဒဿန ပညာရှင်များ၏..ရေးသားချက်များအားလည်း.ဘစ်ကား.မီး၇ထားနှင့်နေရာစုံတွင်တွေ့မြင်နိုင်သည်....

ဥပမာတင်ပြ၇သော်..........................

ကွမ်းတံတွေမထွေးရ။ လက်မထုတ်ရခေါင်းမပြူရ။ ခါးပိုက်နှိုက်သတိပြု။ မေ့ကျန်ပစ္စည်းတာဝန်မယူ။ မိမိပစ္စည်းမိမိတာဝန်။ လူလိုသိပါ။ ဆန္ဒကိုသိက္ခာဖြင့်ထိမ်းပါ။ ခွေးများသာသေးပေါက်ရန်။ အမှိုက်မပစ်ရ။ လမ်းပိတ်ထားသည်။ဓါတ်ပုံဗွီဒီယိုမရိုက်ရ။ အစစ်ဆေးခံရန်ရပ်။တို့ဖြစ်ပြီး။။ရေးသော်ကုန်အံ့မထင်............

အတတ်ပညာရှင်များလည်းများစွာပေါ်ပေါက်လျှက်ရှိရာတွင်ကမ္ဘာမကျော်ကြပါ...၄င်းပညာရှင်များမွေးထုတ်ရာ

တွင်အေ၇းပါသောအချက်အားတင်ပြအံ့......စက်နှင့်ယာဉ်ပြင်အတတ်ပညာအား ယာဉ်များမြန်မာနိုင်ငံသို့ စတင်ဝင်ရောက်မှတ်ပုံတင်သည့် ..က/.... အက္ခရာမှသည်.ယနေ့..နောက်ဆုံးပေါ် မော်ဒယ် များအထိ ကြွမ်းကျင်စွာ ပြင်ဆင်နိုင်သောမက္ကင်းနစ်များရှိရာ ၄င်းပညာရှင်များ များပြားစေခြင်းငှာ. လမ်းမများအားချိုင့်ခွက်များ၊ အခုံးများ၊ အပေါက်အပြဲများဖန်တီးကာ...၄င်းမော်တော်ယာဉ်မျာအား လမ်းပေါ်မောင်းစေခြင်းဖြင့်ပျက်စီးစေကာ..ပြင်ဆင်မှုအတတ်ပညာအား..လူတိုင်တတ်မြောက်စေသည်။။။။

အကြားအမြင်ပညာရှင် လူကြီးမင်းများလည်း များစွားရှိကြပေသည်.၄င်းအကြားအမြင်လူကြီးမင်းများ မွေးထုတ်နိုင်ရန်ဆောင်ရွက်ရာတွင်. .အကြားအာရုံကောင်းစေရန်. ဟန်းဖုန်းများအား.. ဝေဖ်မမိအောင် ပြုလုပ်ထားပေးခြင်း. လိုင်းဖုန်းများအားလိုင်းပူးထားပေးခြင်းဖြင့် အာရုံစူးစိုက်စေလျှက် အကြားပညာရှင်များ ဖြစ်စေပါသည်။

လူကြီးမင်းများဖြစ်စေရန်အတွက်မူ ခေါ်ဆိုသောဖုန်းမှ... “လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်မှု ဧ၇ိယာပြင်ပသို့ ရောက်နေပါသည်”ဟုအကြိမ်ကြိမ် “လူကြီးမင်း” ဟုခေါ်စေလျှက်. လူအားလုံးအားလူကြီးမင်းများဖြစ်စေခြင်း။။။။

။အမြင်ပညာရှင်ဖြစ်စေရန်အတွက်မှု နေ့စဉ် .ကိုရီးယားဇာတ်လမ်းတွဲများ အား. တီဗွီတွင်နေ့စဉ်အကြိမ်ကြိမ် ပြသပေး ခြင်းဖြင့်၎င်း.......အမြင်ပညာရှင်များဖြစ်စေကာ..အားကျအတုယူစေခြင်းဖြင့်ကျွန်တော်တို့တွင်...

....အကြား/အမြင်/လူကြီးမင်း/ပညာရှင်များပေါ်ပေါက်လျှက်ရှိပါကြောင်း......

...မိတ်ဆွေ..သင့်တွင်ပညာရှင်ဖြစ်ရန်မျာစွာအခွင့်အရေးရှိသည်...

...မပေါ့ဆနှင့် ကြိုးစားလော...



...............နာဂစ်................(nargiv605)

Saturday, February 12, 2011

မေ့လို့မရဘူး

ဖေဖော်ဝါရီ ၁၂ နဲ့ ၁၃ ကို ကျော်ပြီး ၁၄ ကိုတွေးနေရင် .. မင်းကို မင်း
မြန်မာလို့ လူပုံအလယ်မှာ မပြောနဲ့ ... မင်းအစား ငါရှက်လို့ပါ ...


ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့



ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါစုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား



အောင်ဆန်းပေးတဲ့ မြန်မာပြည်



အရပ်ပုပု မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံးလူသား။
သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။
လွတ်လပ်ရေးကိုစဉ်းစား ရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစား ရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
- ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ လွတ်လပ်ရေးဆိုတာတစ်ခု တည်းနဲ့
ပကတိရိုးရှင်းသန့်စင် ခဲ့တဲ့သူ

သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
လုပ်သက်က ခပ်နုနု

ကျောင်းသားပေါက်စ သခင်ပေါက်စ
စစ်သားပေါက်စ နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ အသက်က ၃၀ မရှိတရှိ။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့အောင်ဆန်းက နယ်နယ်ရရမဟုတ် -
ရိုးသားတဲ့မြန်မာတွေထက် ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက် ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက် ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာ တွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။

တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့ တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
အောင်ဆန်းရှေ့ ရောက်ရင် ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့ သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
ဒီပြည်လုံးကျွတ်အားကိုစုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့ အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ အောင်ဆန်းနဲ့အတွေ့မှာ။
ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀ အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ အားလုံး အရည်ပျော်သွားခဲ့ကြ။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့
ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့ 
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။

--- မမေ့နဲ့
မင်းတို့ ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့ မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့ မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့ ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့ ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့ အလောင်းကောင်တွေဆင့်ြ ပီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။
မြန်မာလူမျိုးတိုင်းမှာ အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ မြန်မာ့အဖေ အောင်ဆန်းပေါ့။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ

သူ့ သားကျရင်လဲ သူ့ အဘေးနဲ့ ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ ကျုပ် မှာထားရအုံးမယ်။

Friday, February 11, 2011

မနေတတ်တဲ့ကောင်

နေတတ်ရင် ကျေနပ်ဖို့ ကောင်းတဲ့ လောကအလယ်မှာ
မနေတတ်လို့ ခဏခဏ မျက်မုန်းကျိုးခံရတဲ့ ကောင်ကို လိုက်ရှာတာ
မောလိုက်တာ... ချွေးဒီးဒီးကျပြီး မျက်နှာတွေအဆီပြန်လို့။

ရှာမရတဲ့အဆုံး ကိုယ်လုံးပေါ်မှန်ရှေ့ရပ်မိတော့မှ
လားလား... မနေတတ်တဲ့ကောင် မတ်တပ်ကြီး။

ဇတ်ကားနံမည်က
မေ့မရတဲ့ နေစွဲများဆိုလား
လူတွေ ပါးစပ်ဖျားရေပန်းစားနေလွန်းသလားပဲ။

ပညတ်ထားတဲ့ ရက်တွေချင်းယှဉ်ရင်
တန်ဖိုးမဲ့သယောင် ဖြစ်တတ်လို့
သဘာဝက ငိုချဖူးတဲ့နေ့တွေ ဓမ္မတာပဲ။

တစ် ပြီးမှ နှစ် လာရင် သဘာဝကျတာပဲလေ
ကျော်တယ်ခွတယ်ဆိုတာ မသမာသူတွေလုပ်ရပ်
မေ့တယ်မေ့တယ်ဆိုတာ လူဖျင်းတွေလုပ်ရပ်
မသိချင်ယောင်ဆောင်တာ တာဝန်မဲ့သူတွေလုပ်ရပ်
ဘာမှ မလုပ်တာ ဘာမှမဖြစ်မဲ့သူတွေ လုပ်ရပ်

အမေကိုကျော်ပြီး မိထွေးကိုလွမ်းရအောင်
မိထွေးတော် ဂေါတမီလဲ မရှိတော့ပါဘူး
တိုင်းပြည်နဲ့ လူမျိုးကို မေ့ပြီး ကိုယ်နဲ့သူ့အတွက်ဆိုတာ
အတ္တ၀ါဒီတွေသာဖြစ်ပေမပေါ့

စည်းလုံးမှုရယ် ဖခင်ရယ်ကို မေ့ပြီး
တဏှာကို အသားပေးတာ ဘယ်လင်ကို သွားတိုင်းကြည့်မလို့လဲ
ဘယ်လင်ကိုမှ သွားမတိုင်းနဲ့ဦး
ဖြိုခွဲခံနေရတဲ့ လူတွေနဲ့ ဇီဝိန်ချုပ်သွားတဲ့သူတွေကို မမေ့နဲ့။
သူသာ မရှင်သန်ခဲ့ရင် ငါရော ရှင်သန်မှာလား

ဝမ်းလျားမှောက်ပြီး တံတားခင်းခဲ့တာ
အေးအေးချမ်းသာ လျှောက်ဖို့ပါ
လှမ်းမှန်ကိုတော့ လျှောက်စေချင်တာပေါ့
ဒေ၀ဒတ်လောင်းလို ကျောကိုတော့ ဖနောင့်နဲ့မပေါက်နဲ့။

မိုးယံ (11.2.2011)

မမကို ချစ်တယ်

ခုတလော YouTube မှာ လူကြိုက်များနေတဲ့ မြန်မာသီချင်းဗီဒီယိုကလစ်လေး အကြောင်း မျှဝေချင်ပါတယ်။

သီချင်းလေးနာမည်ကတော့ "မမကိုချစ်တယ်" တဲ့။ ကောင်လေးတယောက်က မမတယောက်ကို ချစ်မိတဲ့ အကြောင်း သီချင်းလေးပေါ့ဗျာ။ ဒီသီချင်းဗီဒီယို Mtv လေးကို ဖန်တီးထားတာဟာ သဘာဝ သိပ်ကျချင်မှကျမယ်။ ဒါပေမယ့် သာမန်ပုံစံခွက်ထဲက ခွဲထွက်ပြီး Contemporary အနုပညာသစ်အဖြစ် ဖန်တီးထားတာဖြစ်လို့ လူကြိုက်များနေတာ ဖြစ်ပါတယ်။ သီချင်းထဲမှာ သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေကလည်း သရုပ်ဆောင်အရမ်းကောင်းပါတယ်။

တချို့ မမတွေကတော့ ဒီသီချင်းဗီဒီယိုကို ကြည့်ပြီးတော့ သိပ်မကြိုက်ကြဘူး။ ဒါပေမယ့် ဒီသီချင်းမူဗီဟာ YouTube စာမျက်နှာပေါ် တက်လာပြီး ရက်ပိုင်းအတွင်းမှာတင် ဝင်ကြည့်သူပေါင်း သန်းနဲ့ချီသွားခဲ့တာကြောင့် Youtube ရဲ့ CEO အကြီးအကဲ Chad Hurley ကနေ ဒီသီချင်းဖန်တီးသူ Edo Vader (မြန်မာနိုင်ငံသား) ကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း Bangkok post သတင်းစာမှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ဒီသီချင်းကို ထိုင်းဒါရိုက်တာ တဦးနဲ့ ပူးပေါင်းကာ ထိုင်းသရုပ်ဆောင်တွေနဲ့ ရိုက်ကူးခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာ့ရနံ့ ပါဝင်အောင် ကြိုးစားရိုက်ကူးထားတာဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

သူငယ်ချင်းတို့ကို အများကြီးမညွှန်းချင်တော့ပါဘူး။ ကိုယ်တိုင်သာ ဝင်ကြည့်ပြီး ဝေဖန်သုံးသပ်ကြပါတော့ဗျား။

YouTube ကို ဒီနေရာမှာ ဝင်ကြည့်ပါ။

YouTube ဝင်မရတဲ့ ပြည်တွင်းက သူငယ်ချင်းတွေအနေနဲ့ facebook ဒီနေရာမှာ ဝင်ကြည့်နိုင်ကြပါတယ်။


မြန်မာချစ်သူများဆိုက်က blueboy ရဲ့ ပို့စ် ၊ မေးလ်ထဲရောက်လာတာ မအိချို ရဲ့ နံမည်နဲ့ပါ။

Thursday, February 10, 2011

ခိုးယူသွားနိုင်သည့် Black Device




Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်သည့် Black Device ရရခြင်း နည်းပညာနဲ့ ပက်သက်တဲ့ အရေးကြီးပြီးဆိုရင် ချက်ချင်းပြန်ဝေမျှလိုက်ပါတယ်.တခါတလေကြတော့ ကူးပြီးပေး ရတာလဲ မကောင်းသလို..ကိုယ်ကိုတိုင်ဘဲသိသလိုလိုပြန်ပြီးရေးတာလဲ..မကောင်းဘူး.လေဆိုတော့..ရရခြင်း. ဒီလိုမျိုး အရေးကြီးတဲ့ နည်းပညာသတင်းကို ပြန်ဝေမျှလိုက်တာပါ.. ဖြစ်နိုင်တယ်. မဖြစ်နိုင်ဘူးတော့ စာဖတ်သူတွေအနေနဲ့ ချင့်ချိန်ပြီး ဆုံးဖျတ်ပေးကြပါ..ကျွန်တော်တို့အနေနဲ့ ကိုယ့်အာဘော်လေး တွေနဲ့ကိုယ့်အကြိုက်လေးတွေ ရောတာတွေများမိတက်တဲ့ အခါမှာလဲ နားလည်ပြီး..လိုအပ်တာလေးတွေယူပြီး
မလိုအပ်တာလေးတွေ ထားခဲ့ကြလို့ရပါတယ်....

အရေးကြီးမည်ထင်လို့ Forward mail မှပြန်ဝေမျှလိုက်ပါတယ်။


From Forward mail :
ကွန်ပျူတာ Keyboardတွင် ရိုက်နှိပ်လိုက်သမျှ စာလုံးအားလုံးကို မှတ်သားထားနိုင်သည့် Hardwareတစ်မျိုး ပေါ်ပေါက်နေကြောင်း သိရှိရသည်။ Black Deviceဟု အမည်ပေးထားကြသည့် အဆိုပါ ကိရိယာလေးအား System Casingနှင့် ချိတ်ဆက်ထားသည့် Keyboardကြိုးတွင် ကြားခံတပ်ဆင်ထားရပြီး အမှတ်မထင် ကြည့်ရှုပါက Keyboard Adaptorတစ်ခုနှင့် ပုံစံချင်း ဆင်တူသည်။ ထိုကိရိယာကို ကွန်ပျူတာတွင် ရိုက်နှိပ်လိုက်သမျှ အချက်အလက်များကို ခိုးယူသိမ်းဆည်းထားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တီထွင်ထားခြင်းဖြစ်သည်။ စာလုံးတိုင်း၊ အက္ခရာတိုင်းကိုသာမက Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်သဖြင့် Privacyအတွက် အလွန်ကြောက်စရာကောင်းသည့် Deviceတစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

အင်တာနက်ကဖေးများတွင် အဆိုပါကိရိယာငယ်များ တပ်ဆင်ထားမှု ရှိမရှိကို သတိပြုသင့်ပြီး Credit Cardနံပါတ်များ ထည့်သွင်းကာ Onlineဈေးဝယ်စနစ် ထွန်းကားနေသည့် နိုင်ငံကြီးများတွင် ပိုမိုသတိထားရမည့် ကိရိယာလည်းဖြစ်သည်။ ထိုကိရိယာကို တရားဝင် ရောင်းချမှု မပြုသေးသည့်တိုင် လူအများကြားတွင် စတင်ပြန့်နှံ့နေပြီဖြစ်ရာ Onlineအသုံးပြုသူများအနေနှင့် အင်တာနက်ဆိုင်များတွင် မိမိအသုံးပြုမည့် ကွန်ပျူတာမှ Keyboardကေဘယ်လ်ကြိုးကို ဦးစွာစစ်ဆေးသင့်ပါသည်။ ထိုကိရိယာဟု ယူဆရဖွယ်ရှိသော အရာတစ်ခုခု တွေ့ရှိပါက ထိုစက်ကို ရှောင်ရှားသင့်ပြီး မိမိ၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရမှုမှ ကာကွယ်သင့်ပါသည်။ ထိုကိရိယာလေးအား ဒေါ်လာ(၃၀)မျှ ဈေးနှုန်းသတ်မှတ်ပြီး Onlineရောင်းဝယ်ရေး ၀က်ဘ်ဆိုက် Geekတွင် ရောင်းချနေကြောင်း သတင်းရရှိသည်။


mg min

ကျေးဇူးတင် တောင်းပန်


ကျေးဇူးပါ ကိုအောင် (ပျူနိုင်ငံ) ကိုလင်းထက် နဲ့ ကိုအလင်းစက် .နဲ့ ဦးဇွတ် ။ လင့်ခ်တွေ ပြန်ရှာနိုင်အောင် လေးဖြူ(ကြိုတင်ကြံစည်မှု)ထားတဲ့ ဦးဇွတ် ။ ရှေ့က ဒွတ်ခတွေနဲ့ နည်းပေးလမ်းပြ ဘလော့ဂ်ဂါ ကိုကိုမမများ ။ တစ်ကူးတစ်က စီပုံးမှာလာအော် ပြီး သတိပေးတဲ့ အလင်းစက် ၊ ပို့စ်တင် သတိပေးတဲ့ ကိုအောင်(ပျူနိုင်ငံ)၊ ရှင်းလင်း ပြောပြပေးတဲ့ ကိုလင်းထက်။

သေချာတစ်ခုချင်းဖြုတ်ရန် အချိန်မရတာ တစ်ကြောင်း။ နည်းပညာ သူငယ်တန်းမို့ မကျွမ်းကျင်တာ တစ်ကြောင်း အကြောင်းကြောင်းကြောင့် ဖြုတ်လိုက်ရသော ဆရာတော်များ မောင်နှမများ ရဲ့လင့်ခ်များကို ပြန်လည် ချိတ်ပေးပါမည်ခင်ဗျာ။


အခုတော့ အဆင်ပြေတယ်လို့ ပြတာပဲ။

အားလုံးကိုကျေးဇူးပါ

Wednesday, February 9, 2011

ခရီးသည်တင်ယာဉ်များ၏ မတော်တဆမှုနှင့် ပေါ့ဆမှုများကြောင့် ဇန်န၀ါရီလအတွင်း ခြောက်ဦးသေဆုံးကာ ၇၂ ဦးထိခိုက်ဒဏ်ရာရရှိ

6199
ဇန်န၀ါရီလ နောက်ဆုံးပတ်အတွင်း ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့်
လမ်းဆုံ၌ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကို တွေ့ရစဉ်

ယခုနှစ် နှစ်စဖြစ်သော ဇန်န၀ါရီလတစ်လတာအတွင်း ခရီးသည်တင် ယာဉ်များကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားမှု ၂၃ မှုဖြစ်ပွားခဲ့ပြီးခြောက်ဦး သေဆုံးခဲ့ကာ ၇၅ ဦးထိ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ရန်ကုန် တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီမှ သိရသည်။

6199a

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီစီမံမှုအောက်ရှိ ခရီးသည်တင်ယာဉ် လိုင်း ၁၈ လိုင်းတွင် ပြီးခဲ့သည့် ဇန် န၀ါရီလ တစ်လတာအတွင်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ရာတွင် အနောက်ပိုင်းခရိုင်ယာဉ်လိုင်းမှ ယာဉ်မတော်တဆမှု ရှစ်မှု၊ သေဆုံး သူ နှစ်ဦးနှင့် ဒဏ်ရာရရှိသူ ၃၀ ဦး ဖြင့် အများဆုံးပေါ်ခဲ့သည်ဟု သိရ သည်။

မ.ထ.သ (မြို့တွင်း) ယာဉ် လိုင်းမှ ယာဉ်မတော်တဆမှု ၅ မှု၊ သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆ ဦးရှိခဲ့ကြောင်း သိရပြီး မြောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ ယာဉ်မတော်တဆမှုလေးမှု၊ သေဆုံးသူမရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ ၂၁ ဦး ရှိခဲ့ကြောင်း သိရသည်။ သန်မြန်သူ ယာဉ်လိုင်းတွင် ယာဉ်မတော်တဆမှု နှစ်မှု၊ သေဆုံးသူတစ်ဦးနှင့် ဒဏ်ရာ ရရှိသူ သုံးဦးရှိခဲ့ပြီး တောင်ပိုင်းခရိုင် ယာဉ်လိုင်းတွင် ယာဉ်မတော်တဆမှု နှစ်မှု၊ သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း သိရသည်။ အရှေ့ပိုင်းခရိုင်ယာဉ် လိုင်းတွင် မတော်တဆမှုတစ်မှုနှင့် သေဆုံးသူတစ်ဦးရှိခဲ့ပြီး မ.ထ.သ (အဝေးပြေး) ယာဉ်လိုင်းတွင် ယာဉ်မတော်တဆမှုတစ်မှုနှင့် ထိခိုက်ဒဏ် ရာရရှိသူနှစ်ဦးရှိခဲ့သည်ဟုသိရသည်။


ယာဉ်တိုက်မှုတွေမဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာထက် ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာကားစီးစီး လုံခြုံစိတ်ချစွာ သွားလာနိုင်တဲ့ ကားတွေ၊ လမ်းတွေ၊ လူသွားစင်္ကြံတွေဖြစ်ဖို့ အရင်လိုအပ်ပါတယ်။ စည်းနဲ့ကမ်းနဲ့ မမောင်းဘဲ မဆင်မခြင်ပြိုင်မောင်းတာကို ထိထိရောက်ရောက် အရေးယူရမှာပါ . . .


"ခရီးသည်တင်ယာဉ်တွေရဲ့ မတော်တဆမှုတွေ၊ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေ အမြဲလိုလို ဖြစ်ပေါ်နေပါတယ်။ ယာဉ်တိုက်မှုတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာထက် ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာ ကားစီးစီး လုံခြုံစိတ်ချစွာ သွားလာ နိုင်တဲ့ ကားတွေ၊ လမ်းတွေ၊ လူသွား စင်္ကြံတွေဖြစ်ဖို့ အရင်လိုအပ်ပါတယ်။ စည်းနဲ့ကမ်းနဲ့ မမောင်းဘဲ မဆင်မခြင်ပြိုင်မောင်းတာကို ထိထိရောက်ရောက် အရေးယူရမှာပါ။ တစ်ဖက် က တိကျစွာအရေးယူရမှာ ဖြစ်သလို၊ စည်းကမ်းတကျ မောင်းနှင်တတ်တဲ့ ယာဉ်လုပ်သားတွေကိုလည်း ထောက်ပံ့မှုတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဆုပေးဒဏ်ပေးစနစ်ပေါ့။ အပေးအယူ မျှသင့်ပါတယ်။

ယာဉ်လုပ်သားတွေ မှာ နေ့စဉ်နဲ့အမျှ မိုးလင်းက မိုးချုပ် အလုပ်ချိန်များတာ၊ လူအများနဲ့ထိတွေ့ ဆက်ဆံရတာတွေ ရှိနေတဲ့အပြင် စာအုပ်စာပေ ဖတ်ရှုလေ့လာနိုင်မှု အားနည်းတော့ ဘယ်လောက်ပဲ အသိပညာပေးပြီး ရေးသားပေမယ့် မဖတ်နိုင်ရင် အလကားပါပဲ။ ဒါကြောင့် တိုက်ရိုက်ရောက်နိုင်တဲ့ အသိပညာပေး ဖြန့်ဝေမှုတွေထိရောက်ဖို့ လိုပါတယ်" ဟု အငြိမ်းစား အစိုးရအရာရှိကြီးတစ်ဦးကပြောပြခဲ့သည်။

http://www.news-eleven.com/

Monday, February 7, 2011

သေချာဖတ်ကြည့်ပေးပါ။ ထင်မြင်ချက်လည်း ရေးခဲ့ပေးပါ

ဦးဇင်းဆီသို့ Forward မေးလ်တစ်ခုရောက်လာလို့ ဖတ်ကြည့်လိုက်ပါတယ်။ ဖတ်ကြည့်ပြီးတော့ အောက်ဆုံးမှာမေးထားတဲ့ မေးခွန်းလေးတွေကိုဖြေပေးဖို့ စဉ်းစားနေမိပါတယ်။ အဲဒီလို မိမိထင်ရာ ဖြေလိုက်ရင်လည်း တခြားသူတွေရဲ့ အမြင်ကို မရဘဲဖြစ်မှာဆိုးလို့ မိမိထင်မြင်ချက်ကို မရေးသေးဘဲ စာဖတ်သူပရိသတ်များရဲ့ ဗဟုသုတ၊ အကြံဉာဏ်ကိုလည်း လိုချင်သေးတာမို့ အရင်ဦးဆုံး မေးလ်ထဲရောက်လာတဲ့အတိုင်း တင်ပေးလိုက်ပါတယ်။ သေချာဖတ်ပြီး ထင်မြင်ချက်လေးတွေ ပေးစေချင်ပါတယ်။ ပေးကြဖို့လည်း အနှုးအညွတ်တောင်းပန်းပါတယ်။ တကယ်လို့ ဆိုဒ်မှာ ထင်မြင်ချက်မပေးချင်ဘူးဆိုရင်လည်း ဦးဇင်းမေးလ် Sanninaymin@gmail.com မှာ မေးလ်ပို့လို့ ရပါတယ်။ ဒီထင်မြင်ချက်ပေးခြင်းသည် သင့်ရဲ့လူ့ဘ၀ရလာတဲ့ ဘ၀ခံယူချက် ဘယ်လိုရှိသလဲဆိုတာ ဖော်ပြပေးမယ်လို့ ထင်ပါတယ်။ မပေးရင်တော့ လူ့ဘ၀ရဲ့ခံယူချက် မရှိလို့ပဲ နေမှာပေါ့နော်။ Forward မေးလ်ထဲ ရောက်လာတဲ့ စာလေးကတော့ ဒီတိုင်းလေးပါပဲ။


ဦးတိဿလို့ဆိုရင် အဲသည်နယ်တစ်ဝိုက်မှာ မသိသူရှားပါတယ်။ ဘာလို့လည်းဆို တော့ ဦးတိဿက အဟောအပြောသိပ်ကောင်းတော့ အလှူပွဲအတန်းပွဲတိုင်းလိုလို သူချည်းတရားဟောနေရတာကိုး။ နောက်ပြီး ဦးတိဿက ဓမ္မာစရိယဘွဲ့ရပုဂ္ဂိုလ်ဆိုတော့ မန္တလေးက နာမည်ကြီးစာသင်တိုက်ကြီးတစ်တိုက်မှာ စာချဆရာတော်လည်း လုပ်နေပါတယ်။


အဲဒီဂုဏ်ပုဒ်တွေနဲ့အညီ ဦးတိဿကလည်း အနေအထိုင်မှန်တယ်။ စကားပြောနည်းတယ်။ ရိုးသားတယ်၊ ပွင့်လင်းမှုရှိတယ်၊ ရပ်ရွာကိစ္စမှန်သမျှကိုလည်း ရှေ့တန်းကနေတက်တက်ကြွကြွကူညီလေ့ရှိပါတယ်။ အဲဒါကြောင့် ရပ်ရွာကလည်း ဦးတိဿကို ကြည်ညိုကြတယ်။ လေးစားကြတယ်၊ ချစ်ကြောက်ရိုသေကြတယ်။


အကြောင်းကိစ္စတစ်ခုခုရှိလို့ ဦးတိဿရွာကိုပြန်ခဲ့ပြီဆိုရင် မှန်မှန်ကန်ကန်ရှိကြတဲ့ သူတွေက ဦးတိဿကို ခရီးဦးကြိုဆိုပြုကြတယ်။ မမှန်မကန်နဲ့သောက်သောက်စားစား မူးယစ်သမားတွေကတော့ ကြောက်လန့်ပြီး ပြေးကုန်ကြတယ်။ အဲဒီလောက်အထိ ဦးတိဿက အရှိန်အ၀ါကြီးမားလွန်းလှပါတယ်။


ဦးတိဿမှာ မွေးချင်းငါးယောက်ရှိပါတယ်။ အဲဒီထဲမှာ ဦးတိဿက ဒုတိယမြောက် သားရတနာပဲဖြစ်ပါတယ်။ အစ်ကိုအကြီးဆုံးနဲ့ ဦးတိဿအောက်နှစ်ယောက်က ကြင်ယာကိုယ်စီနဲ့တစ်အိုး တစ်အိမ်စီနဲ့ ဖြစ်နေကြပါပြီ။ ဒါပေမယ့် အသက် အငယ်ဆုံးဖြစ်တဲ့ မိသဲစုကတော့ အိမ်ထောင်မပြုသေးပဲ မိဘတွေနဲ့အတူနေပါတယ်။ ဦးတိဿမှာ အငယ်ဆုံးလည်းဖြစ် အိမ်ထောင်ကလည်းမပြုသေး၊ နောက်ပြီးမိဘတွေနဲ့ အတူနေတဲ့ မိသဲစုလေးကို ဂရုတစိုက်ရှိခဲ့ပါတယ်။ ပညာရေးဘက်မှာဆိုရင်လည်း သူများထက်အောက်တန်းမကျရအောင် တက္ကသိုလ်ဘွဲ့ရတဲ့အထိ ဦးတိဿကပဲ ချီးမြှင့် ထောက်ပံ့ပေးခဲ့ပါတယ်။ မြန်မာပြည်အနှံ့ မိဘတွေကိုဘုရားဖူးပို့ပြီဆိုရင်လည်း မိသဲစုက နောက်ကနေထပ်ကြပ်မကွာ ပါပြီးသားပါပဲ။


ဦးတိဿကလည်း မိသဲစုအပေါ် ကြည့်ရှုစောင့်ရှောက်သလို မိသဲစုကလည်း အစ်ကိုဖြစ်တဲ့ ဦးတိဿအပေါ် ဂရုတစိုက် ရှိခဲ့ပါတယ်။ ဦးတိဿ မန္တလေးကနေ အကြောင်းကိစ္စနဲ့ရပ်ရွာကို ရောက်လာပြီဆိုရင်လည်း မိသဲစုကပဲ ဆွမ်းကွမ်းဝေယျာဝစ္စတွေကို တာဝန်ယူပြီး ချက်ပြုတ်ဆက်ကပ်ပေးပါ တယ်။ သင်္ကန်းဆိုရင်လည်း ဖွတ်လျှော်ပြီး မီးပူတိုက်ပေးရ၊ ဦးတိဿကြိုက်တတ်တဲ့ ဆွမ်းဘောဇဉ်ကိုလည်း မရိုးအောင် ချက်ပြုတ်ပေးလိုက်ရနဲ့ မိသဲစုမှာလည်း အစ်ကိုဦးဇင်းအတွက် မောတယ်ပန်းတယ်လို့ မရှိပါဘူး။ အဲဒီလို မောင်နှမနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကျေးဇူးတွေပြုပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ နေထိုင်ကြတာကိုပဲ ပတ်ဝန်းကျင်က ချီးကျူးဂုဏ်ယူနေကြပါတယ်။ အားကျမက်မောနေကြတဲ့ သူတွေလည်းရှိကြလေရဲ့။


ဦးတိဿရဲ့ မွေးရပ်ဇာတိကလေးက မြို့နဲ့အလှမ်းမဝေးလေတော့ မြို့ပေါ်က ကုန်စိမ်းသည်တွေ၊ ကုန်ခြောက်သည်တွေ၊ နောက်အသားငါးသည်တွေဟာ နေ့စဉ်နေ့တိုင်း လိုလို လာရောက် ရောင်းချနေကြပါတယ်။ တစ်ချို့ကျပြန်တော့လည်း ရွာထဲကပဲတွေ၊ နှမ်းတွေ၊ စပါးတွေ၊ ကြက်ဘဲစတဲ့ တိရစ္ဆာန်တွေကို ၀ယ်ယူပြီး မြို့ပေါ်ကို ရောင်းချနေကြတဲ့ ကုန်သည်ယောင်ယောင်၊ ပွဲစားယောင်ယောင် တွေလည်း ရှိနေကြပါတယ်။


အဲဒီအထဲမှာ မြို့ပေါ်က အမဲသားတွေကို ရွာထဲကိုလာရောင်း၊ ရွာထဲက သားသတ်နွားတွေကို မြို့ပေါ်မှာတက်ရောင်းနေတဲ့ ယာကွတ်ဆိုတဲ့ လူလည်းပါပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ဧည့်သည်လာရင် ၀မ်းသာကြသလို ဧည့်သည်ပြန်ရင် လည်း လွမ်းတတ်ကြတဲ့အလေ့အထဟာ အခုချိန်ထိ အရိုးစွဲနေကြတုန်းပါပဲ။ နောက်ပြီး ရိုးသားဖြူစင်လှတဲ့ တောသူတောင်သားတွေဟာ ဧည့်သည်ဆိုရင် လူမျိုးမရွေး၊ ဘာသာမရွေး၊ မရှိရှိရာကရှာကြံပြီး ဧည့်ခံတတ်ကြပါတယ်။


အဲဒီအထဲမှာ ဦးတိဿရဲ့ ခမည်းတော်ဦးလွန်းကြွယ်နဲ့မယ်တော်ဒေါ်ခင်မိုးတို့လည်း ပါပါတယ်။ ဦးလွန်းကြွယ်+ဒေါ်ခင်မိုးတို့ဟာ မြို့ပေါ်က အမဲအသားအရောင်းအ၀ယ် လုပ်နေတဲ့ ယာကွတ်ဆိုတဲ့ လူနဲ့လည်း ရင်းနှီးကျွမ်းဝင်နေကြပါတယ်။ သူတို့မြို့ကို သွားရင်လည်း ယာကွတ်ကကျေပြွန်အောင် ဧည့်ခံတတ်ကြသလို ကိုယ့်ဆီလာရင်လည်း ဧည့်ဝတ်မပျက်စေရပါဘူး။


ယာကွတ်ကလည်းဦးလွန်းကြွယ်ကြိုက်တတ်တဲ့ အမဲခြောက်၊ အမဲအူ၊ အမဲသဲစတဲ့ ကောင်းပေ့ဆိုတဲ့ အသားတွေကို ပို့ပေးသလို ဦးလွန်းကြွယ်+ဒေါ်ခင်မိုးတို့ကလည်း သူတို့ ယာကထွက်တဲ့ သစ်သီးဝလံတွေကို လူကြုံနဲ့တစ်လှည့်၊ သမီးနဲ့တစ်ဖုံ ပို့ခိုင်းခဲ့ပါတယ်။


အဲဒီတော့ ပညာတတ်ဘွဲ့ရလည်းဖြစ်၊ တစ်ရွာလုံးမှာ အချောဆုံးအလှဆုံးလည်းဖြစ်၊ နောက်ပြီး ဦးတိဿရဲ့အရှိန်အ၀ါကြောင့် ဘယ်လူပျိုကာလသားကမှ မော်မကြည့်ရဲတဲ့ မိသဲစုလေးဟာ သားသတ်နွားသတ်တဲ့ ယာကွတ်နဲ့အတော်ပင် ရင်းနှီးကျွမ်းဝင်နေကြပါတယ်။ ဦးလွန်းကြွယ်+ဒေါ်ခင်မိုးတို့က လည်း အမဲသားမျက်နှာကြောင့် ယာကွတ်နဲ့သမီးတို့ရဲ့ ရင်းနှီးကျွမ်းဝင်မှုကို တားမြစ်ပိတ်ပင်ဖို့ ပျက်ကွက်ခဲ့ပါ တယ်။

ကျားဆိုတဲ့သတ္တ၀ါဟာ သားကောင်ကိုတွေ့တဲ့အခါ သနားတယ်ဆိုတာ မရှိသလို သူ့ရဲ့စက်ကွင်းထဲကို ရောက်လာတဲ့အခါမှာလည်း အလွတ်ပေးတယ်ဆိုတာလည်း မရှိပါဘူး။ အဲဒီတော့ ဦးတိဿရဲ့ အသည်းနှလုံးတွေနဲ့ စုပုံပြီး ချစ်ခဲ့ရတဲ့ မိသဲစုဆိုတဲ့ ယုန်သူငယ်မလေးဟာ သားသတ်ယာကွတ်ဆိုတဲ့ ကျားရှေ့မှာ မှောက်လျက်လဲသလိုမျိုး ဖြစ်ခဲ့ရပါတယ်။


ဒီအကြောင်းကို မန္တလေးမြို့ပေါ်မှာ စာချဘုန်းကြီးအဖြစ် သတင်းလည်းကြီး၊ တရားဟောဘက်မှာလည်း ထူးချွန်လှတဲ့ ဦးတိဿခမျာ ဘယ်လိုမှမသိရှာခဲ့ပါဘူး။ ဦးလွန်းကြွယ်+ဒေါ်ခင်မိုးတို့ရဲ့ ပြုမူပုံတွေကို ရပ်ထဲရွာထဲက မျက်စိစပါးမွှေးစူးနေကြတဲ့ ရွာသူရွာသားတွေကလည်း မျက်နှာတောင် ကောင်းကောင်း မော်မဖူးရဲကြတဲ့ ဦးတိဿကြီးကို ဘယ်သူမှလည်း မလျှောက်ရဲကြသလို လျှောက်ဖို့ရာမှာလည်း အခွင့်မကြုံခဲ့ကြပါဘူး။


ဦးလွန်းကြွယ်နဲ့ဒေါ်ခင်မိုးတို့ကလည်း သားသတ်သမားယာကွတ်နဲ့ သမီးဖြစ်သူ မိသဲစုတို့ရဲ့ အခြေအနေကို တကယ်ပဲမသိရော့လေသလား၊ ဒါမှမဟုတ် အမဲသား မျက်နှာကြောင့် သိသိကြီးနဲ့ လွှတ်ပေးထားသလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ပတ်ဝန်းကျင်ကလည်း ကိုယ့်ထမင်းကိုယ်စားပြီး အမုန်းခံရမယ့်အခြေအနေဆိုတော့ ဘယ်သူမ မမေးမြန်းကြပါဘူး။ ဒီလိုအကြောင်းအကျိုးတွေကြောင့် ယာကွတ်နဲ့မိသဲစုတို့ရဲ့သံယောဇဉ်နှောင်ကြိုးဟာ ပိုလို့ပင် ချည်မိလျက်သား ဖြစ်နေပါတော့တယ်။


တစ်နေ့မှာ ဦးလွန်းကြွယ်နဲ့ဒေါ်ခင်မိုးတို့ဟာ သူ့ရဲ့သမီးချောချောလှလှလေး မိသဲစုကို သားသတ်သမားထံ ပေါ်ဦးပေါ်ဖျားဖြစ်တဲ့ ပဲဆီနှင့်ခြံကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေ လက်ဆောင်ပေးဖို့ရန် မြို့ကိုတစ်ယောက်တည်း လွှတ်လိုက်ပါတယ်။ သမီးဖြစ်သူဟာ မြို့ကို တစ်ခေါက်ခေါက်သွားရင် အနည်းဆုံး နှစ်ညအိပ် သုံးညအိပ် ကြာတတ်ပါတယ်။


အခုလည်းပဲ မိသဲစုသွားတာဟာ နှစ်ညအိပ်သုံးရက်ရှိပြီမို့ သမီးပြန်လာမယ့် လာလမ်းကိုသာ မှန်းမျှော်လို့ စောင့်ကြိုနေပါတယ်။ ဒါပေမယ့် သမီးကတော့ ပြန်မလာပါဘူး။ သူ့ရဲ့ကိုယ်စား “ ဖေဖေနဲ့မေမေ သမီး ယာကွတ်နဲ့လက်ထပ်လိုက်ပါပြီ။ သမီးကိုခွင့်လွှတ်ပါ“ဆိုတဲ့ လူကြုံနဲ့ပို့လိုက်တဲ့ စာလွှာလေးပဲ ပြန်လာပါတော့တယ်။


ဒီအကြောင်းကို ကြားသိသွားတဲ့ ဦးတိဿလည်း မန္တလေးကနေရွာကို ကပျာကယာနဲ့ ပြန်လာခဲ့ပါတယ်။ ရွာပြန်ရောက်တော့အသည်းပုံပြီးချစ်ခဲ့ရတဲ့ ညီမရဲ့ကယောက်ျားက လူမျိုးခြား၊ ဘာသာခြားဖြစ်နေတယ်ဆိုတဲ့ အသံလည်းကြားရော ယမ်းပုံမီးကျသလို အပြင်းအထန်ပေါက်ကွဲတော့တာပါပဲ။ ပိုပြီးဆိုးတာက မိသဲစုလေးရဲ့ ယောက်ျားက လူပျိုလူလွတ်မဟုတ်ဘဲ သားသမီးငါးယောက်အဖေ ဖြစ်နေပါသတဲ့။


ဒါပေမယ့် မိသဲစုခမျာ လှပတဲ့အပျိုရည် နဂိုလို ပြန်မဖြစ်လာတာကတစ်ကြောင်း "ပေါက်တဲ့နဖူး မထူးဘူး“ဆိုပြီး ဖြစ်ရတာကတစ်ကြောင်း၊ နောက်ပြီး မိဘည်ီကိုမောင်နှမ ကြားမှာ မျက်နှာမလှ အရှက်ရတာကတစ်ကြောင်းဆိုတော့ အဲဒီလူမျိုးခြား ဘာသာခြားရဲ့မယားငယ်အဖြစ်နဲ့ပဲ စုံးစုံးမြှုပ်သွားရပါတယ်။ အခုဆိုရင် မိသဲစုမှာ သားသမီးတွေတောင်ရနေပါပြီ။ သားသမီးတွေအားလုံး ဗုဒ္ဓဘာသာဝင်မဟုတ်ကြသလို မိသဲစုကိုယ်တိုင်ကလည်း ဘာသာပြောင်းပေးလိုက်ရတဲ့အထိဖြစ်သွားပါတယ်။


နောက်ပိုင်းကြားသိရတာက မိမိကို ပညာလည်းသင်ပေး၊ အစ်ကိုအရင်းလည်း ဖြစ်တဲ့ ဦးတိဿကြီးကိုတောင် ရှိခိုးဦးချခိုင်းလို့ မရတော့ပါဘူးတဲ့။ ဒီအကြောင်းလေးဟာ “ပြောမယုံ ကြုံမှသိ“ ဆိုတာမျိုးလို မကြုံဖူးပဲနဲ့ ပြောမယ်ဆိုရင် ဘယ်သူမှ ယုံနိုင်မှာ မဟုတ်ပါဘူး။ ဒီအကြောင်းဟာလည်း လုပ်ကြံပြီးရေးထားတာလည်း မဟုတ်ပါဘူး။ အထက်အညာရွာတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်အကြောင်းလေးပဲ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အိမ်ထောင်ပြုတာ စည်းကမ်းမရှိတဲ့ မိသဲစုကိုပဲ အပြစ်တင်ရမလား။ ဒါမှမဟုတ် အမျိုးသားရေးနဲ့ပတ်သက်ပြီး သွန်သင်ဆုံးမမှု ပျက်ကွက်ခဲ့တဲ့ ဦးတိဿကြီးကိုပဲ အပြစ်တင်ရမလား ။ နောက်ပြီး သားသမီးကို ဆိုဆုံးမမှုမပြုပဲ လမ်းမှားရောက်အောင် ပို့ပေးတဲ့ မိဘတွေဖြစ်တဲ့ ဦးလွန်းကြွယ်နဲ့ဒေါ်ခင်မိုးတို့ကိုပဲ အပြစ်တင်ရမလား စဉ်းစားစရာဖြစ်ပါတယ်။


မိမိက ဘာသာရေး၊ လူမှုရေးနဲ့ပတ်သက်ပြီး ရှေ့တန်းကနေ ဦးဆောင်ဦးရွက် ရှိနေပေမယ့် အမျိုးသားရေးဘက်မှာတော့ တစ်လုံးတစ်ပါဒမျှ သွန်သင်ဆုံးမမှုမရှိခဲ့တဲ့အတွက် အခုလို "အိတ်ပေါက်နဲ့ဖားကောက် "သလိုမျိုး ဖြစ်သွားရတာဖြစ်ပါတယ်။


နောက်ပြီး ငါ့ညီမ၊ ငါ့ဆွေမျိုး၊ ငါ့အသိုင်းအ၀ိုင်းထဲမှာ ဒီလိုလူမျိုးခြား၊ ဘာသာခြားနဲ့ဘယ်တော့မှ မညားလောက်ပါဘူးဆိုပြီး အန္တရာယ်ကို အထင်သေးခဲ့တာတွေလည်း ပါပါတယ်။ အဲဒါကြောင့် ရဟန်းတော်များအနေနဲ့ “အိတ်ပေါက်နဲ့ဖားကောက်“သလိုမျိုး မဖြစ်ရအောင် ကိုယ်နဲ့နီးစပ်ရာ အသိုင်းအ၀ိုင်းမှာ အမျိုးသားရေးသတိ၊ ဘာသာရေးအသိအမြင်တွေ ပြန့်ပွားအောင် နိုးနိုးကြားကြားလေးတော့ ရှိနေစေချင်ပါတယ်။

ကျမ်းညွှန်း-အရှင်ပညောဘာသ (ဖိုးပညော-သပိတ်ကျင်း)

သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ ဒါရိုက်တာကြီးက လမ်းဘေးမှာ ဘ၀ကစုတ်ပြတ်နေတဲ့ ဘာသာခြား ကောင်မလေးကို ကယ်တင်ပေးရင်း သံယောဇဉ်တွေ တွယ်ခဲ့ကြတယ်။ ဒါပေမယ့် တစ်နေ့မှာ လူရာသွင်းဖို့ အတွက် လက်ထပ်ဖို့ ကောင်မလေးကိုပြောတော့ ဘာသာခြားကောင်မလေးက သူ့ဘာသာထဲမ၀င်နိုင်ရင် ရှင့်ကို လက်မခံဘူးတဲ့။ ကျွန်တော် မြင်နေတာကတော့ မြန်မာလူမျိုး ဗုဒ္ဓသာသနာဝင်တွေဟာ အခြားသော ဘာသာဝင်တွေလောက် ခံယူချက်မပြင်းထန်ကြပါဘူး။ ငွေကြေးနဲ့ အောင်မြင်မှု အနည်းငယ်လောက်အတွက် သံသရာနဲ့ ရင်းရဲကြတာကိုလည်း အံ့သြမဆုံး ဖြစ်မိပါတယ်။အချို့ကျတော့လဲ အသက်နဲ့ရင်းပြီးကို ခံယူချက်ပြင်းထန်တာကို ကိုယ်တွေ့ကြုံဖူးပါရဲ့ ။ လူဦးရေ သန်းငါးဆယ်ကျော်နဲ့ ယှဉ်လိုက်ရင်တော့ (မတန်မရာ လိုက်တုပြီး နမူနာပေးရရင်) မြတ်စွာဘုရားရှင် ရဲ့ လက်သဲခွံပေါ်က မြေမှုန့်လေးတွေနဲ့ မဟာပထ၀ီ မြေကြီးနဲ့ ကွာသလောက် ဖြစ်နေတာကို ရင်နာမဆုံးလို့။