Monday, August 20, 2012

မာစီဒီးမှ ကိုယ်ယောင်ဖျောက်ကား နည်းပညာ မိတ်ဆက်


မာစီဒီးမှ ကိုယ်ယောင်ဖျောက်ကား နည်းပညာ မိတ်ဆက်

ယင်းနည်းပညာကို မတ်လက မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါတယ်။

မာစီဒီးမော်တော်ယာဉ်ကုမ္မဏီရဲ့  ကြိုးပမ်းမှု တစ်ရပ်ဖြစ်ပါတယ်။ ကားကိုယ်ပျောက်ဆိုပေမယ့် အမှန်တော့ အမြင်ကို လှည့်စားခြင်း ဖြစ်ပါ တယ်။ ကားရဲ့ ဘော်ဒီကို စူပါ LED မီးလုံးအရေလွှာနဲ့ ခြုံလိုက်ပြီး ကင်မရာနဲ့ ရိုက်ကူးထားတဲ့ တိုက်ရိုက် ပုံရိပ်တွေကို LED မီးလုံးတွေပေါ်မှာ ထင်နေစေမှာ ဖြစ်ပါတယ်။ ဟိုက်ဒရို လောင်စာသုံး F cell ကားလို့အမည်ပေးထားပြီး အမှန်တကယ် ကိုယ်ပျောက်စေနိုင်အောင် ဆက်လက်ကြိုးပမ်းမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကားတစ်ကိုယ်လုံး ကိုယ်ပျောက်နိုင်ဖို့အတွက် အပြင်တစ်ထပ်မှာ LED မီးလုံး အရေလွှာခြုံနေရပါသေးတယ်။ ပြီးတော့ Resolution ကောင်းကောင်းကင်မရာလည်း လိုအပ်ပါတယ်။ ဒီလို ပစ္စည်း ပစ္စယ အပိုတွေ မလိုအပ်တော့မယ် ကိုယ်ယောင်ဖျောက်နိုင်တဲ့ ကား နည်းပညာကို မာစီဒီး က မဝေးတော့တဲ့ အနာဂတ်မှာ ထုတ်ဖော်ပြသတော့ မယ် လို့ ဆိုထားပါတယ်။

ဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

http://youtu.be/ZIGzpi9lCck

chrome://newtabhttp//techspacejournal.blogspot.com/2012/08/blog-post_7562.html

0 comments: