Sunday, August 22, 2010

သံသရာကြီး ချာလည်လည်။



တစ်နေ့သော အခါတွင် သူဌေးကြီးဦးဘောဂသည် ခရီးထွက်စရာရှိသောကြောင့် သူ၏အတွင်းရေးမှူး ဒေါ်သီရိကိုခေါ်၍ ....
သီရိရေ...ဆရာတို့ခရီးသွားရမယ်ကွာ။စီစဉ်စရာရှိတာ စီစဉ်လိုက်ဟေ့...ဟုပြောလေသည်။
ဒေါ်သီရိသည် ခရီးအတွက် ပြင်ဆင်ပြီးသောအခါ သူမ၏ အမျိုးသားအား ၄င်းခရီးသွားရန်ရှိကြောင်းပြောပြ၏။
မောင်ရေ...သီရိ ဆရာနဲ့ ခရီးထွက်ရမယ်။တစ်ပတ်လောက်ကြာမယ်ထင်တယ်။ဒီတစ်ပတ်အတွင်းတော့ ကိုယ့်ကို ကိုယ် ဂရုစိုက်နော်မောင်.
ထိုအခါ သူ၏အမျိုးသားသည် ဝမ်းသာအားရဖြင့် သူ၏ မယားငယ်အားခေါ်၍ ....
သည်းရေ..အိမ်ကဟာမကြီး တစ်ပတ်လောက် ခရီးသွားစရာရှိတယ်တဲ့။ဒီတစ်ပတ်တော့ ကိုယ်တို့ လွတ်လွတ်လပ်လပ်နေလို့ ရပြီ...........ဟုပြောလေသည်။
မယားငယ်လေးသည် ထိုသတင်းကိုကြားလျှင် သူမ အချိန်ပိုင်း စာပြပေးရသော အောင်အောင်ဟူသောကောင်လေးအား ၄င်း၏ သင်တန်းကို
တစ်ပတ်နားမည်ဖြစ်ကြောင်းပြောလေသည်။
အောင်အောင်သည် သင်တန်းတစ်ပတ်ပိတ်ပေးသောကြောင့် ဝမ်းသာအားရဖြင့် သူ၏ အဖိုးဖြစ်သူ သူဌေးကြီး ဦးဘောဂအား တစ်ပတ်ခရီးထွက်ရန် ပူဆာလေတော့သည်။
အချစ်ဆုံးမြေး၏ ဆန္နကို မငြင်းဆန်နိုင်သော ဦးဘောဂသည် ၄င်း၏ခရီးအား ဖျက်လိုက်ကြောင်း
ဒေါ်သီရိအား ပြောပြန်၏။ဒေါ်သီရိကလည်း သူမ၏ အမျိုးသားအား ခရီးစဉ်
ပျက်သွားကြောင်းပြောပြန်၏။
သူမ၏ အမျိုးသားသည်လည်း မယားငယ်အားခေါ်၍ ထိုအကြောင်းကိုပြောပြပြန်၏။မယားငယ်လေးသည်လည်း ကျောင်းသားလေးအောင်အောင်ကို
သင်တန်း ပြန်ခေါ်မည်ဖြစ်ကြောင်း ပြောပြန်လေသည်။အောင်အောင်သည်လည်း သူ၏
အဖိုးကို ခရီးသွားရန်မဖြစ်နိုင်တော့ကြောင်း ပြောပြလေပြန်၏။ဦးဘောဂသည်လည်း
သူ၏ ခရီးကို ပြန်လည်စတင်ရန် ဒေါ်သီရိအားစီစဉ်ခိုင်းပြန်လေသည်။
ဒေါ်သီရိသည်လည်း...................
သူမ၏ အမျိုးသားသည်လည်း............
မယားငယ်သည်လည်း..............
အောင်အောင်သည်လည်း..........
ဦးဘောဂသည်လည်း................
လည်း...............
လည်း...............လည်း.................
ဤသို့ဖြင့်....................
ဒန်တန့်တန်။
Source By Daily Mail

0 comments: