Tuesday, April 5, 2011

2011, April လ နှစ်သစ် အတွက် အထူး ဗေဒင် ဟောစတမ်း ....

Photobucket

မဟာသင်္ကြန်အတွက် အထူး ကူညီပေးပါသည်။ ဆရာကြီး မင်းသိင်္ခ ၏ တပည့် ဆရာမျိုးဟန်ကို - 2011 အတွက် နှစ်သစ်ကူး မည့် အချိန် ၊ နေရက်များ - မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် ယခုနှစ်တွင်သိကြားမင်းသည် သိန္ဓောမြင်းစီး၍ ရေချမ်းအိုးပိုက်ကာ ဆင်းသက်မည်။မဟာသင်္ကြန်ကျချိန်မှာ ခရစ်နှစ် ၂၀၁၁ ခုနှစ် ဧပြီလ ၁၄ ရက် ကြာသပတေးနေ့ မွန်းလွဲ ၃နာရီ ၄၀ မိနစ် ၄၉ စက္ကန့်တွင် ကျရောက်မည်။မဟာသင်္ကြန်အကြိုနေ့ = 13.4.2011 ရက် ဗုဒ္ဓ္ဓဟူးနေ့ , မဟာသင်္ကြန်အကျနေ့ = 14.4.2011 ရက် ကြာသပတေးနေ့ , မဟာသင်္ကြန်အကြတ်နေ့ = 15.4.2011 ရက် သောကြာနေ့ ,မဟာသင်္ကြန်အတက်နေ့ = 16.4.2011 ရက် စနေနေ့ , နှစ်ဆန်းတစ်ရက်နေ့ = 17.4.2011 ရက် တနင်္ဂနွေနေ့ ဖြစ်ပါသည်။ နှစ် သစ် မှာ ပျော် ရွှင် ချမ်း မြေ့ ကြ ပါ စေ ....


2.4.2011 မှ 2.5.2011 နေ့အထိ တစ်လတာ ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း အလုပ်အကိုင် ကိစ္စများ အကူအညီပေးသူ ပေါ်မည်။ အောင်မြင် ရည်ရွှယ်သောလမ်းစ ပေါ်လာမည်။ လက်ရှိ စိတ်ညစ်မှု အနည်းငယ် ရှိသော်လည်း စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။

ဒီလအတွင်းမှာ ရည်ရွှယ်ချက်များ အနည်းငယ် လမ်းစပေါ်လာမည်။ပေါင်းသင်း ဆက်ဆံရေး အဆင်မပြေပါ။ စိတ်ညစ်မှု ရှိပါသည်။

ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ အလုပ်အကိုင် ကိစ္စများ အောင်မြင်သောလမ်းစပေါ်မည်။ ဒီလအတွင်းမှာ ခရီးတိုများ ဆက်တိုက် သွားလာနေရ မည်။ ပညာရေးမှာ ကံကောင်းနေသောအချိန်လေးပါ။

ဒီလအတွင်း အချစ်ရေးကိစ္စများ ပြသာနာများ ဖြစ်နေသော်လည်း တည်မြဲနေသော အချိန်လေးပါ။စိတ်ညစ်မှုများ ရှိနေသော်လည်း အဆင်ပြေပါသည်။အိမ်ထောင်ရေးမှာ သာယာနေသော အချိန်လေး ဖြစ်ပါသည်။

ဒီလအတွက် ကျန်းမာရေးမှာ မျက်စိအားနည်းခြင်း ၊ ခေါင်းမူး ခေါင်းကိုက် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် မိမိနေအိမ်ဘုရားတွင် တနင်္ဂနွေနေ့ နံနက်တွင်
ပိတောက်ညွန့် ၆ ညွန့်ကို လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 1 9 8 2


၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာသော အချိန်လေးဖြစ်ပါသည်။မိမိ အတွက်အကူညီပေးသူများ အကြံညဏ်ပေးသူများ ပေါ်လာမည်။ လူမျိုးကွဲနဲ့ တွဲဖက်၍ လုပ်ငန်းဆောင်တာ များ ပြုလုပ်ရမည်။

ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ထီကံကောင်းပါသည်။ငွေကြေးများ ချေးဌားခြင်း ရှောင်ပါ။အနည်းငယ်စိတ်ညစ်ရမည်။ မိမိ မိသားစုအတွင်းကျန်းမာရေးညံ့မည်။ ပညာရေး ကြိုးစားနေမည့် အချိန် ကာလလေးပါ။

အချစ်ရေးမှာ ဝေးနေရသော်လည်းနီးစပ်နိုင်ပါသည်။ အချစ်ရေးတွင်စကားပြောဆိုမှု အဆင်မပြေသေးပါ။ အိမ်ထောင်ရေးမှာ ပျော်ရွှင် သာယာလာမည်။ စကားပြောဆိုမှုများ အဆင်ပြေပါသည်။

ယခုလအတွင်း ကျန်းမာရေးမှာ အကြောတက်ခြင်း ၊ ခါးနာခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက်တွင် ဌက်ကလေးများကို
အစားကျွေးပြီး ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 5 6 2 7

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလအတွင်း မျှော်လင့်ချက် အကြံအစီစဉ်များ အောင်မြင်လာနိုင်မဲ့ အချိန်လေးပါ။အလုပ်အကိုင် နေရာများ နေရာထိုင်ခင်းကိစ္စများ ပြောင်းရွှေ့ပြောင်းလဲ၍ လုပ်ကိုင်နေထိုင်ရမည်။

ဒီလအတွင်း ငွေကြေးကိစ္စများ ပုံမုန်အဆင်ပြေနေမည်။ ရသလောက်လေး ကုန်နေမည်။ လူမှု ဆက်ဆံရေးတွင် စကားအပြောအဆိုများသတိထားဆက်ဆံပေးပါ။ အဆင်မပြေဖြစ်တတ်ပါသည်။ ပညာရေးကိစ္စများ စိတ်မဝင်စားပဲ ဖြစ်နေမည်။ ဆက်လက် ကြိုးစားပေးပါ။

အချစ်ရေးမှာ နှစ်ကိုယ်တူ ပျော်ရွှင်နေရမည်။ ဘေးစကားတွေ ရှိနေသော်လည်းစိတ်ညစ်စရာ မရှိပါ။ ဒီလအတွင်း အိမ်ထောင်ရေးမှာ ခရီးထွက်ရမည်။ သားသမီး ဝင်ကိန်း ရှိပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာမျက်စိအားနည်းခြင်း ၊ စက်ပစ္စည်းနှင့် ပက်သက်၍ အနာတရ ဖြစ်မည်။ ဂရုစိုက်ပါ။

ယတြာ = ကံကောင်းလာ စေရန်အတွက် အင်္ဂါနေ့ ညနေပိုင်းတွင် အသက်ကြီးသူ တစ်ဦးဦးအား အအေး ၃ ဗူး လှူ၍ လိုရာ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 6 2 5 4


၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်များ ပုံမှန်အနေအထားလေးမှာ တည်ရှိနေမည်။မိမိက ကြိုးစားသော်လည်း ပတ်ဝန်းကျင် အနှောင့်အယှက် ရှိနေပါသည်။ပေါင်းသင်း ဆက်ဆံရေးတွင် ယုံကြည်မှု အလွဲသုံးစားခံရခြင်း နှင့်အတူ အတိုက်အခံများ ရှိနေသောလည်း အောင်မြင်မည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ထီကံစမ်းပေးပါ။ငွေကြေးကိစ္စများ အနည်းငယ် ကူညီမည့်သူ ရှိနေမည်။မိမိ မိသားစု အတွင်း ပြသာနာများ အတွက် စိတ်ညစ်နေရမည်။ပညာရေး ကံကောင်းပါသည်။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေသော် မလိုအပ်သော ကိစ္စများ ပြသာနာများကို ချစ်သူ နှင့် အတူ ဖြေရှင်းနေရမည်။ အိမ်ထောင်ရေးမှာ စိတ်ပျော်နေသော အချိန်လေးပါ။ မိသားစုအတွင်း စိတ်ညစ်မှု ပျော်ရွှင်မှု လေးတွေ ပေးနိုင်သော အချိန်လေးဖြစ်ပါသည်။

ယခုလ ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။

ယတြာ = ကံကောင်းလာ စေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်ပိုင်းတွင် အဖြူရောင်ပန်း ၁၉ ပွင့်ကို မိမိနေအိမ် ဘုရားတွင် ကပ်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 1 4 0


Photobucket


၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်အကိုင်ကိစ္စများ ကြိုးစားလုပ်ဆောင်နေရမည်။စိတ်ပင်ပန်း ကိုယ်ပန်းဖြစ်နေသော်လည်း အောင်မြင်နေသော အချိန်လေးပါ။ဒီလအတွင်း ကြာသပတေး သားသမီးများအနေဖြင့် အခွင့်လမ်းကောင်းကြုံတွေ့နိုင်မှုနှင့် အတူ နာမည်ကြီးခြင်း နာမည်ကောင်းရခြင်းများ ကြုံမည်။

ငွေကြေးကိစ္စများ ငွေဝင်ကိန်းရှိပါသည်။ အဆင်ပြေပါသည်။ ငွေကြေးကိစ္စများနှင့်ပက်သက်၍ ကူညီပေးသူ ပေါ်မည်။ ပညာရေကိစ္စများ ကြိုးစားလုပ်ဆောင်နေမည်။အဆင်ပြေပါသည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။

ဒီလအတွင်း အချစ်ရေးမှာ အဆက်အသွယ်များ ရရှိလာမည်။ လွမ်းနေရသော်လည်း ပျော်စရာကောင်းနေသော
အချိန်လေး ဖြစ်ပါသည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်စရာ ကောင်းသောနေ့ရက်လေးကို ဖြတ်သန်းနေရမည်။ အဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ သွေးအားနည်းခြင်း ၊ အိပ်ရေးပျက်ခြင်းများ ဖြစ်မည်။

ယတြာ =ကြာသပတေးနေ့ နံနက်ပိုင်းတွင် အနီရောင် မီးခြစ် လေးတစ်လုံးအား ရေမျှောလိုက်ပါ။ ကံကောင်းလာစေရန် အတွက် လိုရာ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 1 1 6 5


၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်ကိစ္စများအတွက်နဲ့ စိတ်ညစ်မှုများ ရှိနေမည်။ အလုပ်အကိုင်များအောင်မြင်လာသော်လည်း မိမိအောင်မြင်မှုကို မနာလိုမုန်းတီးခြင်းများ ဖြစ်ပေါ်လာမည်။ဂရုစိုက်၍ ပေါင်းသင်းပါ။ မိမိလုပ်ဆောင်မှု စွမ်းရည်ကြောင့် အောင်မြင်မှုရရှိနိုင်ပါသည်။

ငွေကြေး အဆင်ပြေလာမည်။ မထင်မှတ်ပဲ ငွေဝင်လာမည်။ စက်ပစ္စည်းများ ဝင်မည်။ စနေနံ ထွက်မည်။ ဒီလအတွင်း ကျန်းမာရေးညံ့နေသော်လည်းစိုးရိမ်စရာ မရှိပါ။

ဒီလအတွင်း ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါ။ပညာရေးကိစ္စများ ကံကောင်းလာမည်။

အချစ်ရေးမှာ အဆင်မပြေသေးပါ။ ပြသာနာလေးတွေ ရှင်းနေရမည်။ စကားများနေရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေမည်။ သားသမီးများ အတွက်နဲ့ စိတ်ညစ်နေမည်။

ဒီလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့မည်။

ယတြာ = မိမိနေအိမ် ဘုရားတွင် ပန်းသီး ၁၉ စိပ်ကို သောကြာနေ့ နံနက်ပိုင်းတွင်တင်လှူ၍ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 9 3 1 0


၇။ စနေသားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်အကိုင်ကိစ္စများ အနည်းငယ် အခက်အခဲများ ရှိနေပါသည်။ယခုလအတွင်း မိမိရဲ့ ဆုံးဖြတ်ချက်များကို သေချာစီစစ်၍ လုပ်ဆောင်ပါ။အောင်မြင်မှု ရှိနိုင်သော်လည်း စမ်တူကိစ္စများကို လုပ်ဆောင်ရာတွင် သတိပြုရန် လိုအပ်ပါသည်။

ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ငွေကံကောင်းပါသည်။ ဘာသာရေးကိစ္စများပြုလုပ်ဆောင်ရွှက်ရမည်။ ခရီးကိစ္စများ သွားလာမှုများ အဆင်မပြေသေးပါ။ ပညာရေး အနည်းငယ် အဆင်မပြေဖြစ်မည်။ အခဲအခက်များ အနည်းငယ် ရင်ဆိုင်ရမည်။

အချစ်ရေးမှာ ကံကောင်းနေမည်။ ချစ်သူ ခင်သူများနဲ့ ပျော်စရာကောင်းသော ခရီးများကို သွားရမည်။ ယခုလ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။

အခုလအတွင်း ကျန်းမာရေးမှာ ခြေထောက် ထိမိခိုက်မိ ဖြစ်မည်။

ယတြာ = စနေနေ့ နံနက်ပိုင်းတွင် ကလေးတစ်ဦးဦးသို့ တစ်ခုခု ဝယ်ကျွေးလိုက်ပါ။ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 5 4 7 6


၂၀၁၁ နှစ်သစ်လေးမှာ မိမိရဲ့ဘဝလေးများလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆရာမျိုးဟန်ကို

2011,April လ အတွက် ဗေဒင် ဟောစတမ်း ၊ ဆရာကြီးမင်းသိင်္ခ ၏ တပည့် ဆရာမျိုးဟန်ကို ၊ 2.4.2011 မှ 2.5.2011 နေ့အထိ တစ်လတာ ဟောစတမ်း - 2011,April လ အတွက် ဗေဒင် ဟောစတမ်း ၊ ဆက်သွယ်ရန် ၊ NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 016, 606 1917 , 017, 226 0715 , ၇ ရက် သားသမီးများအားလုံး ၂၀၁၁ နှစ်သစ်လေးမှာ မိမိရဲ့ဘဝလေးများလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ၊ ဆရာမျိုးဟန်ကို ....


Source by :http://www.myohanko.br.ms

2 comments:

Angelhlaing(May everybody be happy and healthy! said...

အဲဒါမျိုးဆို ရှေ့ဆုံးမှ လာအားပေးသွား၏။
အဟီးးးး ကောင်းသောနေ့လေးဖြစ်ပါစေအကို။

မျောက်ဟန်ကျိုး said...

ဟဲ့ကောင်မ....မေမိုးယံ

ညည်း ကို လင်ရမယ်ဟောထားသေးလား...