အဝတ်အစားများချွတ်ပြပြီး မဲဆွယ်သည့် ပိုလန်အမျိုးသမီး လွှတ်တော်အမတ်
အဝတ်အစားများချွတ်ပြပြီး မဲဆွယ်သည့် ပိုလန်အမျိုးသမီး လွှတ်တော်အမတ် © dailymail
နိုင်ငံရေးတွင် မဲဆွယ်မှု အမျိုးမျိုး ရှိနိုင်ပြီး စိတ်ဝင်စားစရာ
နည်းလမ်းမျိုးစုံကို အသုံးပြုလေ့ ရှိသည်မှာ အဆန်းတကျယ် မဟုတ်ချေ။
သို့သော်လည်း ပိုလန်နိုင်ငံမှ အမျိုးသမီး လွှတ်တော်အမတ်
ကိုယ်စားလှယ်လောင်း တစ်ဦး၏ မဲဆွယ်ပုံက မျက်လုံးပြူးလောက်စရာ
ဖြစ်နေလေသည်။ အသက် ၂၃ နှစ်ရှိ ကက်တာဇီနာ လီနက်သည် သူမ၏ မဲဆန္ဒရှင်
အမျိုးသားများ အကြိုက်တွေ့မည့် မဲဆွယ်မှု တစ်ခုကို ပြုလုပ်လိုက်လေသည်။
လီနက်သည် မဲဆွယ်သည့် DVDအတွင်း အဝတ်အစားများကို ချွတ်ပြခဲ့သည်။ ယင်းသည်
မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်မည့် အကောင်းဆုံး နည်းလမ်း ဟုတ်မဟုတ်
မသေချာသော်လည်း လီနက်က အလုပ်ဖြစ်မည်ဟု ယုံကြည်နေသည်။ “ကျွန်မရဲ့ ပစ်မှတ်က
လူငယ်ပိုင်းကိုပါ။ လူငယ်တွေ စိတ်ဝင်စားမယ့် အတွေးအခေါ်မျိုးကို ကျွန်မ
လုပ်ခဲ့တာပါ”ဟု လီနက်ကဆိုသည်။
သူမသည် ဗီဒီယိုအတွင်း ပန်းရောင် ဘရာစီယာကို
ချွတ်ပစ်လိုက်ပြီးနောက် အပေါ်ပိုင်း ရင်သားများကို Censored ဆိုသော
စကားလုံးများဖြင့် ကာကွယ်ထားလေသည်။ ထို့အပြင် သူမ၏ SLDပါတီကို
မဲပေးရန်လည်း တိုက်တွန်းစာကို ထည့်သွင်းထားလေသည်။ SLDမှ ပြောရေးဆိုခွင့်ရ
အရာရှိတစ်ဦးက ထိုသို့သော မဲဆွယ်မှုမျိုးသည် လက်ဝဲယိမ်း ပါတီများတွင်
ရှိမည် မထင်ကြောင်း မှတ်ချက်ပြုသွားသည်။
Sourec : Daily Mail
7 comments:
ထူးထူးဆန်းဆန်းပါလား ကမိုးယံရယ် ဘလောဂါကိုကိုတို့ မဲထည့်ကြမယ်ထင်တယ်း)
မယ်ဆွယ်ချက်ကတော့ ကြမ်းပါ့....ထည့်မယ် ထည့်မယ်...။
အဓိကအနိုင်ရဘို့ဆိုတော့လည်း ကိုယ်သန်ရာသန်ရာပေါ့ မောင်မိုးယံရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မောင်မိုးယံ... သူကြီးမင်း မျက်စိရှက်နေတယ်။ ရှင်းရှင်းလင်းလင်း မမြင်ရလို့။း))
ဒါနဲ့..
အမျိုးသားများကျတော့ ဘယ်လိုများ မဲဆွယ်ကြမလဲ မသိဘူးနော်။ ခွီးးးးးးးးးးးးး
ခင်မင်လျှက်
ူလူသားအားလုံးအတွက်အ၀တ်အစားများချွတ်......လို့ဖတ်မိတယ်
အရင်ပို့စ်တွေတုန်းကလည်း တူတူပဲ
ဟားဟား.....
တခြားလူတွေတော့မသိဘူး
သူ့နိုင်ငံရဲ့ နာမည်ကိုက ပိုလန် ကိုး..အခြားသူတွေ မဲဆွယ်တာနဲ့ ဘယ်တူလိမ့်မလဲ
အဲလိုဆိုထည့်ပြီးသားပဲဗျာ မဲပြောတာပါ
ထူးထူးဆန်းဆန်း တက်နိုင်ပါပေ့ ပိုလန်သူရယ်
Post a Comment