Thursday, February 2, 2012

မိဘတွေအတွက် ရင်လေးစရာ မြန်မာပြည်က ရှိုးပွဲကြော်ငြာ



လာမည့် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊လွှမ်းပိုင်၊
ဝိုင်းစုခိုင်သိန်း စတဲ့ နာမည်ကြီး အဆိုတော်တွေပါဝင်တဲ့ hip hop show ပွဲကျင်းပပြုလုပ်မယ် လို့ သိရပါတယ်။ သာမန်
သီချင်းဆိုတာ ပြောစရာမရှိပေမယ့် အဲပွဲအတွက် ဝေဖန်စရာတွေထွက်လာစေတဲ့ အကြောင်းရင်းကတော့ ရှိနေပါတယ်။

ပရိသတ်တွေကြားမှာလည်း ဝေဖန်သံတွေဆူညံနေတာပါ။ အကြောင်းကတော့ တခြားမဟုတ်ပါဘူး အဲပွဲမှာပြုလုပ်မယ့်
ကံစမ်းမဲအစီအစဉ်နဲ့ ပတ်သက်တာပါပဲ။ ပွဲကို လာရောက် အားပေးတဲ့ ပထမဆုံး စုံတွဲ(၅၀၀) ကို လက်ဆောင်တွေပေး
မယ့်အပြင် တူတူနေဖို့ အခန်းများကို ကံစမ်းမဲတွေ ဖောက်ပေးသွားပါမည် ဆိုတာပါပဲ။ လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်ကို
သွားနေတဲ့ မြန်မာနိုင်ငံမှာ တကယ်ပဲ အဲလောက်ထိ လွတ်လွတ်လပ်လပ် အခန်းထဲမှာ စုံတွေတွေ လက်မထပ်ရသေးဘဲ
နေချင်သလိုနေ အိပ်လို့ရနေပြီလားဆိုတာ အရှက်အကြောက်တရားကို အသက်ထက်တန်ဖိုးထားတဲ့၊ လက်မထပ်ရသေး
ဘဲ အတူနေအတူအိပ်ခြင်းကို မြန်မာ့ယဉ်ကျေးမှုအရ လက်သင့်မခံတဲ့ တိုင်းပြည်မှာ ဒီလိုကံစမ်းမဲဟာ ရိုင်းရာကြနေတယ်
လို့ ပြောဆိုဝေဖန်နေကြပါတယ်။
အွန်လိုင်းမှာတော့ ရှိုးပွဲကြော်ငြာကို ဒီလိုဝေဖန်သရော်ထားကြပါတယ်


ပွဲအတွက် လက်မှတ်ပိုရောင်းရဖို့ ကံစမ်းမဲလုပ်တာလား၊ ဒီမိုကရေစီရပြီ ဖြစ်ချင်သလိုဖြစ် နေချင်သလိုနေကြမယ်ဆိုပြီး
လုပ်ဆောင်တာလားမသိပါဘူး။ အရင်ဆုံးစုံတွဲ(၅၀၀) ကတော့ ကံစမ်းမဲပေါက်ရင် မမြင်ကွယ်ရာမှာ နေဖို့ အခန်းတစ်ခန်း
ရမှာပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကလူ့အရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေအပေါ် ဒီလို မဟုတ်တဲ့ ကံစမ်းမဲ ဆွဲဆောင်မှုတွေနဲ့
စိတ်ဓာတ်တွေ ဖျက်ဆီးနေရင်တော့ ရှေ့ကလူကြီးတွေ ဘယ်လိုပဲ ကောင်းအောင်လုပ်ခဲ့လုပ်ခဲ့ အမွေဆက်ခံမယ့် လူငယ်
တွေလက်ထက်ရောက်ရင်  တိုင်းပြည်အတွက် ရှေ့ရေးကတော့ ရင်လေးစရာ ဖြစ်နေပါလိမ့်မယ်။ အနုပညာကို အနုပညာ
လိုခံစားတာ အပြစ်ပြောစရာမရှိပေမယ့် ဒီလိုမျိုးလုပ်ရပ်တွေဟာ မိဘတွေအတွက်ရော၊ တိုင်းပြည်အတွက်ပါ ရင်လေး
စရာလုပ်ရပ်တွေဖြစ်လို့ ပြည်သူကို အနုပညာနဲ့ဖျော်ဖြေပါ၊ ကိုယ့်ရှိုးပွဲ လူဝင်ဖို့အတွက်တော့ မဟုတ်တဲ့ ကံစမ်းမဲတွေနဲ့
မဆွဲဆောင်ပါနဲ့လို့ နိုင်ငံကျော် အဆိုတော်တွေကို ရွှေမြန်မာမှ တိုက်တွန်းလိုက်ချင်ပါတယ်။



ရွှေမြန်မာမှကူးယူဖော်ပြသည်။
http://goldenmyanmarnews.blogspot.com/2012/02/blog-post.html



 

ဒီ ကာတွန်းပုံလေးကတော့ ...ကာတွန်းအောင်ဆန်းကျော် ရဲ့ ဖေ့ဘွတ်က ကူးလာတာပါခင်ဗျာ။

7 comments:

မဒမ်ကိုး said...

သမီးများမွေးလို့ကတော့ မွေးကတည်းကလင်ပေးစားလိုက်တော့မယ်အေ အေးရော
ဘာလို့ဆိုတော့ တို့နိုင်ငံက ကြာရင် ဗိုလ်ချူပ်ပြောတဲ့ ဟိုနိုင်ငံဖြစ်တော့မှာဆိုတော့လေး))))

မအိမ်သူ said...

ဘာပြောရမယ်မှန်းတောင်မသိတော့ဘူး.. စီးပွားရေးသမားတွေ ငွေတစ်ခုကလွဲလို့ တခြားဘာမှသိကြတော့ပုံမပေါ်ဘူး...း((

မိုးယံ said...

မြင်ရ ကြားရ အော့နှလုံးနာလွန်းလို့ပါဗျာ...။ ဒီလောက်ကြီးကြတော့လည်း...သိပ်ကိုခံပြင်းလွန်းလို့ပါ။ အဲလောက် အောက်တန်းကျပြီး အသိစိတ်မဲ့ဖို့တော့မကောင်းဘူးလေဗျာ....သူများနိုင်ငံနဲ့ယှဉ်ရင်တော့ တစ်မျိုးပေါ့လေ...ဒါပေမယ့် မြန်မာပြည် မြန်မာ့ယဉ်ကျေးမှုတော့ အလေးထားသင့်ပါတယ်... အဲလိုသာ ဆို ကိုယ်ပိုင်ယဉ်ကျေးမှုတို့ သမိုင်းကြောင်းတို့ဆိုတာ သူများအလွယ်တစ်ကူ ၀ါးမျိုးသွားမှာပေါ့...။ တစ်ခါတစ်လေကျတော့... မြန်မာပြည်ဟာ ဒီမိုကရေစီနဲ့ မတန်ဘူးဆိုတာ ဒါမျိုးတွေကို မြင်တော့ ပြောသူကို အဆိုးမဆိုသာဘူး ထင်တာပဲ

Anonymous said...

လုပ်ချင်ရာ လုပ်လို့ရတာကို ဒီမိုကရေစီ လို့ထင်နေကြတယ်။

ညိမ်းနိုင် said...

လေမိုးရေ.....
တစ်ခုတော့ရှိတယ်ဟ...ရေစီးကြောင်းဆိုတာ တားလို့မရ
ဘူး....၊ထိမ်းပေးလို့ပဲရတယ်တဲ့....၊ဒီမိုကရေစီ၊အမျိုးသား
ယဉ်ကျေးမှုလက္ခဏာများ၊ခေတ်ရေစီးကြောင်း၊ဂလိုဘယ်
လိုက်ဇေးရှင်း...ဒါတွေမှာ ပိုင်းခြားထားတဲ့ စည်းမျဉ်းက ပါး
လျားလွန်းလှတော့ အကုန်ဒွေရောယှက်တင်ဖြစ်ကုန်တတ်
တာပေါ့လေ...။ခေတ်ပြောင်းခေတ်လွဲမှာ ဒါမျိုးတွေရော၊
ဒါထက်ဆိုးတာတွေရော မြင်ရတွေ့ရပါလိမ့်ဦးမယ်ထင်ရဲ့၊
တစ်ခုပဲရှိတယ်....အခန်းပေးတိုင်းလည်း သွားချင်မှသွား
ပါလိမ့်မယ်လေ...၊မပေးလည်း ဟိုတယ်တွေပေါပါ့....:)

thetswan88 said...

အဲဒီပွဲကို စီစဉ်ထုတ်လုပ်သူတွေနဲ့ အဆိုတော်တွေကို ပြောလိုက်ချင်ပါတယ်၊အဲဒီအခန်းတွေကို မဲထေါက်မည့်အစား ခင်ဗျားတို့ နှမ၊အမတွေကို အဲဒီအခန်းတွေမှာထည့်ပြီး ရှိုးပွလြာကြည့်တဲ့ လူတွေကို မဲဖေါက်ပေးပါလား....

thetswan88 said...

အဲဒီပွဲကို စီစဉ်ထုတ်လုပ်သူတွေနဲ့ အဆိုတော်တွေကို ပြောလိုက်ချင်ပါတယ်၊အဲဒီအခန်းတွေကို မဲထေါက်မည့်အစား ခင်ဗျားတို့ နှမ၊အမတွေကို အဲဒီအခန်းတွေမှာထည့်ပြီး ရှိုးပွလြာကြည့်တဲ့ လူတွေကို မဲဖေါက်ပေးပါလား....