Saturday, February 4, 2012

Facebook အစွမ်းကြောင့် ချစ်သူများနေ့ ရှိုးပွဲ ကံစမ်းမဲ အစီအစဉ်ပြောင်း

ယခုကြော်ငြာ

ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် မျှော်စင်ကျွန်း စတိတ်ရှိုးပွဲစဉ်က အခန်းတွေ မဲဖောက်ပေးတဲ့ အစီအစဉ်ကို Facebook ပေါ်ကတဆင့် လူအများအပြား ဝိုင်းရှုံ့ချခဲ့တာကြောင့် ပွဲစီစဉ်သူတွေခင်မျာ အဲဒီအစီအစဉ်ကို ပြောင်းလိုက်ပုံရပါတယ်။ အခုအစီအစဉ်အသစ်က ချောင်းသာကို စရိတ်ငြိမ်းဖြစ်ကြောင်းပါ။

ယခင် ကြော်ငြာမှာတော့ ချစ်သူများနေ့ ညနေ ၅ နာရီ စတင်ဂီတပွဲ လက်မှတ်ဝယ်တဲ့ စုံတွဲတွေအတွက်ပါ တဲ့။ ဗေဒင်မေးပေးမယ် ဆိုတဲ့ မက်လုံး၊ ညစာကျွေးမယ် ဆိုတဲ့ ဆွဲဆောင်ချက်တွေ တွေ့ရပါတယ်။ အခန်း ကံစမ်းမဲ ဖောက်ပေးမယ် ဆိုတဲ့ မက်လုံးကတော့ facebook စာမျက်နှာတွေမှာ လူပြောများခဲ့ပါတယ်။

Source by :http://www.irrawaddyblog.com

Friday, February 3, 2012

ရွာဘုန်းကြီးပျံပွဲမှာ ဆိုင်ကယ်အစောင့်လုပ်ပြီး စာသင်ခုံဖိုး ရှာဖွေနေရသော ကျောင်းဆရာများ



ပိုမို လျော့နည်းလာသည့် ပညာရေး ဘတ်ဂျတ် အသုံးစရိတ်ကြောင့် စာသင်ကျောင်းများနှင့် ကျောင်း ဆရာဆရာမများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရလေသည်။ ၃၁ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင်မူ လက်ရှိပညာရေး ဘတ်ဂျတ်ထက် ၂ ဆ တိုးသွားမည်ဟု အာဘောင်အာရင်းသန်သန်ဖြင့် ကတိတော့ဖြင့် ပေးထားပြန်ပါသည်။ ဤအတွက် မြန်မာကျောင်း ဆရာဆရာမများ မုဒိတာပွားနေကြကြောင်း မောက္ခက သတင်းရရှိပါသည်။

ပညာရေးသမားကြီးတစ်ဦးဖြစ်သူ မွန်ပြည်လုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းကမူ ပညာရေးဘတ်ဂျက်ကို အဆ ၂၀ အထိ တိုးမြှင့်ပေးသင့်သည်ဟု ပညာရေးအတွေ့အကြုံ၊ ပညာရေးခံစားချက်ဖြင့် အကြံပြုထားသည်။ ဆရာတစ်ဦးကျောင်း၊ ဆရာ ၂ ဦးကျောင်းများ အထောင်အသောင်း ရှိနေသေးသည် မဟုတ်ပါလား။

သံဖြူဇရပ်မြို့၊ နှစ်ကိုင်းကျေးရွာတွင်မူ ရွာသူရွာသူများနှင့် ကလေးသူငယ်များ လွန်စွာ ၀မ်းမြောက်ဖွယ်ရာ မင်္ဂလာသတင်းကို ကြားသိလိုက်ရကြသည်။ အထက (ခွဲ) လျှောက်ထားခဲ့သည်ကို ခွင့်ပြုမိန့်ကျလာခြင်းပင်တည်း။ တိုင်းပြည်အမှန်တကယ် ပြောင်းလဲစပြုနေပြီလားဟု အားရ၀မ်းသာဖြစ်ကြရသည်။

သို့သော် ကျောင်းကိုမူ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်နယ်ပညာရေးဌာနတို့က တာဝန်ယူ ဆောက်ပေးရကောင်းမှန်း မသိတတ်ကြသေးပါ။ အဘယ်အတွက် ပညာရေးဌာနတို့ တည်ရှိနေပါသနည်း။ ပညာရေးဝန်ကြီးဌာနမှာ စာသင်ကျောင်းဆောက် ရန် တာဝန်မရှိပါက အဘယ်မည်သော တာဝန်များယူထားကြပါသနည်း။ နှစ်ကိုင်းရွာသားတို့ သိလိုလှကြောင်း ရင်ဖွင့် တင်ပြလာကြသည်။

ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ကို ပညာရေးဖြင့် တည်ဆောက်အံ့ဟု ကြွေးကြော်နေလေရာ သံဖြူဇရပ်၊ နှစ်ကိုင်းရွာ သား ကျောင်းဆရာဆရာမတို့ မနေသာပြီ။ ရွာ့အရေး၊ နိုင်ငံအရေးမို့ ကိုယ်တိုင်ပင် အလှူခံထွက်ပြီး `ကိုယ်ထူကိုယ်ထ နိုင်ငံတော်ကျောင်း´ ကို တည်ထောင်ကြရန် အားထုတ်ကြရတော့သည်။

အလှူရှင်အချို့က စေတနာဖြင့် လှူဒါန်းကြသလို၊ အချို့မှာ ကျောင်းဆရာဆရာမများအပေါ် မကြေမနပ်။ အားမနာပ မြည်တွန် တောက်တီး၍ ပိတ်သလေး ဘေးပစ် မှိုးချိုးမျှစ်ချိုး ပြောပြီးသကာလ ကလေးများ ပညာရေးအတွက် အလှူ ထည့်ဝင်ပါကြသည်ဟု ဆိုပါသည်။ မြန်မာရွာ၊ မွန်ရွာပီပီသသ ထောက်ခံသူ၊ ကန့်ကွက်သူ၊ ကြားနေသူ စသည်ဖြင့် ၃-၄ ဂိုဏ်းလောက် ကွဲနေသည်ဟု သတင်းရရှိပါသည်။

သို့သော် ပညာရေ့းမို့ ကျောင်းဆရာဆရာမများခမျာ အပြုံးမပျက်ပါ။ စာသင်ခန်းထဲတွင်လည်း အပြုံးပန်းကိုဆင်၊ ရွာသူကြီးရှေ့တွင်လည်း အပြုံးပန်းကိုဆင်ပါဟု ပညာရေးကောလိပ်တွင် လေ့ကျင့်ထားခဲ့ကြသည်ပဲ။

ရွာသားအချို့က ဤသို့ အကြံပေးခဲ့ကြသည်။ ကျောင်းဆရာတွေ စာသင်ခုံမရှိရင် ရွာဘုန်းကြီးပျံပွဲမှာ စက်ဘီး၊ ဆိုင်ကယ်အစောင့်လိုက်ကြတဲ့။ ရတဲ့ပိုက်ဆံနှင့် စာသင်ခုံဆောက်ကြတဲ့။

ဤတွင် ပညာရည်တိုးတက်လိုသူ နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာများကလည်း ပညာရေး ဘတ်ဂျတ် ၂ ဆ တိုးမည့် လွှတ်တော် သတင်းကို အသာထား၍ စာသင်ခုံ ရရှိရေးအတွက် လာမည့် ဘုန်းကြီးပျံပွဲတွင် ဆိုင်ကယ်အစောင့် လုပ်ကြမည်ဟု သတင်းရရှိပါကြောင်း။

Source by : http://www.maukkha.org/

Thursday, February 2, 2012

မိဘတွေအတွက် ရင်လေးစရာ မြန်မာပြည်က ရှိုးပွဲကြော်ငြာ



လာမည့် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊လွှမ်းပိုင်၊
ဝိုင်းစုခိုင်သိန်း စတဲ့ နာမည်ကြီး အဆိုတော်တွေပါဝင်တဲ့ hip hop show ပွဲကျင်းပပြုလုပ်မယ် လို့ သိရပါတယ်။ သာမန်
သီချင်းဆိုတာ ပြောစရာမရှိပေမယ့် အဲပွဲအတွက် ဝေဖန်စရာတွေထွက်လာစေတဲ့ အကြောင်းရင်းကတော့ ရှိနေပါတယ်။

ပရိသတ်တွေကြားမှာလည်း ဝေဖန်သံတွေဆူညံနေတာပါ။ အကြောင်းကတော့ တခြားမဟုတ်ပါဘူး အဲပွဲမှာပြုလုပ်မယ့်
ကံစမ်းမဲအစီအစဉ်နဲ့ ပတ်သက်တာပါပဲ။ ပွဲကို လာရောက် အားပေးတဲ့ ပထမဆုံး စုံတွဲ(၅၀၀) ကို လက်ဆောင်တွေပေး
မယ့်အပြင် တူတူနေဖို့ အခန်းများကို ကံစမ်းမဲတွေ ဖောက်ပေးသွားပါမည် ဆိုတာပါပဲ။ လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ်ကို
သွားနေတဲ့ မြန်မာနိုင်ငံမှာ တကယ်ပဲ အဲလောက်ထိ လွတ်လွတ်လပ်လပ် အခန်းထဲမှာ စုံတွေတွေ လက်မထပ်ရသေးဘဲ
နေချင်သလိုနေ အိပ်လို့ရနေပြီလားဆိုတာ အရှက်အကြောက်တရားကို အသက်ထက်တန်ဖိုးထားတဲ့၊ လက်မထပ်ရသေး
ဘဲ အတူနေအတူအိပ်ခြင်းကို မြန်မာ့ယဉ်ကျေးမှုအရ လက်သင့်မခံတဲ့ တိုင်းပြည်မှာ ဒီလိုကံစမ်းမဲဟာ ရိုင်းရာကြနေတယ်
လို့ ပြောဆိုဝေဖန်နေကြပါတယ်။
အွန်လိုင်းမှာတော့ ရှိုးပွဲကြော်ငြာကို ဒီလိုဝေဖန်သရော်ထားကြပါတယ်


ပွဲအတွက် လက်မှတ်ပိုရောင်းရဖို့ ကံစမ်းမဲလုပ်တာလား၊ ဒီမိုကရေစီရပြီ ဖြစ်ချင်သလိုဖြစ် နေချင်သလိုနေကြမယ်ဆိုပြီး
လုပ်ဆောင်တာလားမသိပါဘူး။ အရင်ဆုံးစုံတွဲ(၅၀၀) ကတော့ ကံစမ်းမဲပေါက်ရင် မမြင်ကွယ်ရာမှာ နေဖို့ အခန်းတစ်ခန်း
ရမှာပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိကလူ့အရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေအပေါ် ဒီလို မဟုတ်တဲ့ ကံစမ်းမဲ ဆွဲဆောင်မှုတွေနဲ့
စိတ်ဓာတ်တွေ ဖျက်ဆီးနေရင်တော့ ရှေ့ကလူကြီးတွေ ဘယ်လိုပဲ ကောင်းအောင်လုပ်ခဲ့လုပ်ခဲ့ အမွေဆက်ခံမယ့် လူငယ်
တွေလက်ထက်ရောက်ရင်  တိုင်းပြည်အတွက် ရှေ့ရေးကတော့ ရင်လေးစရာ ဖြစ်နေပါလိမ့်မယ်။ အနုပညာကို အနုပညာ
လိုခံစားတာ အပြစ်ပြောစရာမရှိပေမယ့် ဒီလိုမျိုးလုပ်ရပ်တွေဟာ မိဘတွေအတွက်ရော၊ တိုင်းပြည်အတွက်ပါ ရင်လေး
စရာလုပ်ရပ်တွေဖြစ်လို့ ပြည်သူကို အနုပညာနဲ့ဖျော်ဖြေပါ၊ ကိုယ့်ရှိုးပွဲ လူဝင်ဖို့အတွက်တော့ မဟုတ်တဲ့ ကံစမ်းမဲတွေနဲ့
မဆွဲဆောင်ပါနဲ့လို့ နိုင်ငံကျော် အဆိုတော်တွေကို ရွှေမြန်မာမှ တိုက်တွန်းလိုက်ချင်ပါတယ်။



ရွှေမြန်မာမှကူးယူဖော်ပြသည်။
http://goldenmyanmarnews.blogspot.com/2012/02/blog-post.html



 

ဒီ ကာတွန်းပုံလေးကတော့ ...ကာတွန်းအောင်ဆန်းကျော် ရဲ့ ဖေ့ဘွတ်က ကူးလာတာပါခင်ဗျာ။

မလေးရှားနိုင်ငံ နီလိုင်းမြို့TAMAN SEMARK Block 16 တွင် မီးလောင်မှု ဖြစ်ပွား Daliy News, Malaysia (သတင်း ဓာတ်ပုံ)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsfCyj-cO6Gux4ewTL4_V-VYya6KSPxpzSk1wTtYMAKu20Fa7u4haiAERa4ZUyk7sZht9CdfhJ5Pp0SweZk7vA4_fScdzro0l91pYcPbAkCATIxszwPR6MzjZSJ6V_Cd1add0geFf80hQ/s1600/01022012257.JPG

မလေးရှားနိုင်ငံ နီလိုင်းမြို့ TAMAN SEMARK Block 16 မြန်မာ အင်ဒို နီပေါ ဘင်္ဂလား မလေး အလုပ်သမား ပေါင်းစုနေထိုင်တဲ့ ၅ထပ် အပေါ်ဆုံး တိုက်ခန်းတွေ ၀၁.၀၂.၂၀၁၂ ယနေ့ည ၈နာရီ အချိန်မှ စတင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2sCsHUNbQSYClY2RvUVws2J741TwwSlSzlYXdsJMGnjd8Ud1mB5134370EAvtH6PPyaf4Sn5OKT7lyy5Ki5FmUj1ybOR9riPsXrYBtTqqBarYIrQAVhMQe_1zpaBKD_BWp5ddNX-dssA/s1600/01022012271.JPG

ဘာကြောင့် ဘယ်လို မီးစတင်လောင်တယ် ဆိုတာတော့ မသိရသေးပါဘူး။ ကျွန်တော်တို့ နေတဲ့ တိုက်နဲ့ဆို ကပ်လျှက်ရှိတယ်။ ကျွန်တော်နေတဲ့ တိုက်ကို ကူးမလားလို့ အလုပ်ကနေအမြန် ပြေးလာပြီး ရှိအမျှပစ္စည်းလေးတွေ အရန်သင့် ထုပ်ထား ရပါတယ်။ ခဏနေတော့ မီးသတ်ကား ၂ စီး ရောက်လာပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGJQdOQOZSzEKNfIsgV3pM70b5BHXkp88VOvGctpZknRMmpnl7i3iD01HUqxtxtqR-UJ_f8B2r3bHafikAKbCyPityya-cIzLrzpT4C06VGrfhSYKABDgE8fFdUL1SvDznz4_Jb5MN6Qo/s200/01022012310.JPG

အခု ည ၁၀ နာရီကျော်နေပြီ အချိန်ထိတော့မီး မငြိမ်းသေးပါဘူး အခုနောက်ထပ် မီးသတ်ကား အကြီးစား အပေါ်တက်နိုင်မဲ့ လှေကားတွေနဲ့ ကားတစီး ထပ်ရောက်လာပြီး မီးငြိမ်းနေကြပါတယ်။ မလေး လူမျိုးတွေ ကတော့ မီးလောင်တာကို ၀ိုင်းကြည့်ပြီး လက်ခုပ် တီးနေကြပါတယ်။ အခု ၁၀ နာရီကျော် အထိ မီးမငြိမ်းသေးပါဘူး ... မျက်မြင် ကိုယ်တိုင် ကြုံတွေ့ သတင်း ပေးပို့သူ ကိုမုန်တိုင်း မှ ပြောပြပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3_QnCxmwxyat9yEzEh4glwOr6jefrqdHxn0QweRq4ZWlAYXGc5_EV1qqzxnyjeql3S0SoG1R24apssxZSdcW_5fW3NapP6bC8w9ZD4Dt6yC55KLrLnJhksUl_LX3iDRI9L2lFU-q5s9I/s1600/01022012253.JPG

အခင်းဖြစ်ပွား မီးလောင်နေသော လမ်းမအနီးမှာ ကားတွေ လူတွေနဲ့ လမ်းတစ်လျှောက် ပြည့်ကျပ်နေပြီး သတင်းထောက်တွေ သတင်း လာယူနေကြောင်း သိရှိရပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkMC3G8Ie5KO1E3fS9HyhQMajj1Ia6tmhmTyHoPjVFl71_BEnWK62FroLDEInTyBf9XQi94gFSVRCPs__GbIngEcqotpqXWB_KeliV0ePteo3NLDdp_mVGRbpxAmhPv2K1qt9RtVSpcyg/s200/01022012279.JPG

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivMNek5Bs6umy-8QHtUahdDOgnuFd-2sQ6aHu3EhB9Db99sr906etvBNFO18BFiEW-eRedHU_I9AIGTdNBfyJcicpX3hK3aKS0zfJ8ry8Fn9JU12CcfWvAmB5sBN8wkMbjgEeRFAL99Q0/s200/01022012288.JPG


http://www.nayzawlin.com/2012/02/taman-semark-block-16-daliy-news.html