Saturday, July 9, 2011

သင့် လက်ကိုင် ဖုန်းဖြင့် ဝိတ်ချ လိုပါသလား ....

http://www.yoyarlay.com/images/resized/images/stories/yyl/2011/7/8/h_8_35_8_200_200.jpg

တစ်စုံ တစ်ယောက်က သူတို့ရဲ့ နေ့လယ်စာကို လက်ကိုင် ဖုန်းနဲ့ ဓာတ်ပုံ ရိုက်နေတာ တွေ့ရင် အထိတ် တလန့် မဖြစ်သွားပါနှင့်။ ဒါက မိမိရဲ့ တစ်နေ့တာ စားတဲ့ အစားအစာ တွေကို မှတ်တမ်း တင်တဲ့ အခါ စာအုပ်ထဲမှာ မရေးချဘဲ ဖုန်းကို အစားအသောက် ဒိုင်ယာရီအဖြစ် အသုံးချတဲ့ စိတ်ကူး လေးတစ်ခု ဖြစ်ပါတယ်။

သင်တစ်နေ့တာ စားသမျှ အစားအစာ တွေကို မှတ်တမ်း တင်ခြင်းက မကောင်းတဲ့ စားသောက်မှု အလေ့အထများကို ဖျောက်ဖျက် ပစ်ရာမှာ ထိရောက်တဲ့ နည်းလမ်း တစ်ခုဖြစ်တယ်။

သင်ထမင်း စားတိုင်း ဒါမှမဟုတ် သရေစာစားတိုင်း သင့်ရဲ့ လက်ကိုင် ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူထားပြီး ယင်းဓာတ်ပုံများကို ပြန်လည်သုံးသပ်ပါ။ အာဟာရဓာတ်ပညာရှင် ဒေါက်တာ နာရက်စ်လက်ပ်ဆီက “သင့်ထမင်းပွဲကို ဓာတ်ပုံများ ရိုက်ယူ ထားခြင်းဟာ အကျိုးကျေးဇူး ရှိတယ်ဆိုတာ ကျွန်ုပ်တွေ့ရပါ တယ်။

သင်ဘာတွေ စားခဲ့သလဲဆိုတာ ပြန်လည်သုံးသပ်ဖို့ တွန်းအားပေးပါတယ်” လို့ ပြောပါတယ်။ အမေရိကန် နိုင်ငံမှာတော့ သင်ရိုက်ထားတဲ့ အစားအစာ ဓာတ်ပုံများကို အာဟာရ ဓာတ်ပညာရှင်တစ်ဦး ဆီပေးပို့ပြီး ထို ပညာရှင်က သင်စားသောက်ခဲ့တဲ့ အစားအစာတွေကို စိစစ်စိတ်ဖြာပြီး ရလဒ်ကို သင့်ဆီပြန်လည်ဖြေကြား ပေးပါတယ်။

http://www.yoyarlay.com/

Friday, July 8, 2011

ဆရာမျိုးဟန်ကို - 2011, July လ အတွက် ဗေဒင် ဟောစတမ်း ....

http://api.ning.com/files/iHP0mG4R8ExCib9LcH9boGwDFmEgnR11FHi2CHsLSV44mWreH8ED3P9jxT3EUb3TY2vTUdM8pHZ7Gt4Nz4GPXbCZJNcPXFta/july.gif

ဆရာမျိုးဟန်ကို - 2011, July လ အတွက် ဗေဒင် ဟောစတမ်း ....

http://api.ning.com/files/1KJxeBz1N0V5ukZhPWPYE2uGszLkOk0L9Ui8l3cxEsUmrvW8Xq8XP3jY8gpNwQHbtDNo-8px2zpe9-m2kBNfPgBHJLPFKUmm/sun.gif.png
၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း ရည်ရွှက်ချက် အောင်မြင်လာမည်။ ရည်ရွှယ်နေသော ကိစ္စများ အကောင်အထည်ပေါ်မည်။ အလုပ်အကိုင် ကိစ္စများ စိတ်ညစ်၍ လုပ်ကိုင်နေရသော်လည်း စိတ်ပျော်ရွှင်မှုများ ရရှိလာမည်။

ငွေကြေးကိစ္စများ ရသလောက်ကုန်နေမည်။ ဝင်သမျှ ထွက်နေမည်။ သူတစ်ပါး ကိစ္စများ အတွက်နဲ့ငွေကုန်ကျမှုများ ရှိပါသည်။ ခရီးသွားရမည်။ မိသားစု ဆွေမျိုးသားချင်း ကိစ္စများအတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။

ပညာရေး တိုးတက် ကောင်းမွန် အဆင်ပြေလာမည်။

ဒီလအတွင်း ချစ်သူအဟောင်းနဲ့ အဆင်မပြေ ဖြစ်မည်။ ချစ်သူအသစ်ထပ်ရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။

ဒီလအတွက် ကျန်းမာရေးမှာ ထိမိခိုက်မိ မကြာခဏ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ပန်းအနီရောင် ၉ ပွင့်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 4 5 6 8

http://api.ning.com/files/VFX2cFWztX5pzaIAW290LwUc1p7jcqni9c1k01r66mjJglbLWq1GW3-rbeW1pbUUhj1xSpKtOstMkLX6YCrHZZ9QL-8-atjm/mon.gif.png
၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ အလုပ်ကိစ္စများ ရုတ်တစ်ရက်ခဏလေး ရပ်တန့်ပြီး ပုံမှန်ပြန်၍ လည်ပတ်လာမည်။ အထက်လူကြီးနဲ့ ပူးတွဲလုပ်ဆောင်ရမည်။

ငွေဝင်လာမည်။ ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ ငွေဝင်မည်။ ငွေကံကောင်းလာမည်။ တွဲဖက် အလုပ်ကိစ္စများ လုပ်ကိုင်ရမည်။ ခရီးထွက်ရမည်။ ကောင်းသော ခရီးဖြစ်ပါသည်။

မိသားစုတွင်း ဝေးကွာနေသော သူများနဲ့ ဆုံတွေ့ရမည်။ အဆင်ပြေလာမည်။ ပညာရေး ကြီုးစားမှု အားနည်းနေမည်။

ယခု အချစ်ရေးကိစ္စများ ချစ်သူနဲ့ ခဏတာ ဝေးနေရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ စကားများနေရပေမဲ့ အဆင်ပြေပါသည်။

ယခုလ အတွင်း ကျန်းမာရေးမှာ အိပ်ရေးပျက် ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အဖြူရောင်ပန်း ၄ ပွင့်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 5 5 2 5

http://api.ning.com/files/ekec9MkLUP9ry3zEQS9txns9AMq0t1AwhPswlFc8DH*hLXRdwIOIshSJolDb3O5IW6CCBmXknQwChqHhkz-Bgmr*keWPDtjt/tue.gif.png
၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါသည်။ အလုပ်တွင် စိတ်ပါ လက်ပါ မဟုတ်ပဲ စိတ်တစ်ခြား လူတစ်ခြား ဆိုသလို ဖြစ်နေမည်။ အလုပ်ကိစ္စများ အဆင်ပြေလာမည်။

ဒီလအတွင်း ငွေဝင်နေသော်လည်း ထွက်ငွေများနေမည်။ ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ လူမှုရေး ကိစ္စများ အတွက်နဲ့ ငွေအကုန်အကျ များနေမည်။

မိသားစုအတွင်း တိုးတက်ပြောင်းလဲလာမည်။ ပညာရေး ရည်မှန်းချက် အသစ်ပေါ်မည်။

အချစ်ရေးမှာ ချစ်သူနဲ့ ခဏတာ ပြသာနာ ဖြစ်သော်လည်း ပြန်လည် အဆင်ပြေလာမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။

ဒီလအတွင်း ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ၊ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့ခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက်ပိုင်းတွင် အစိမ်းရောင် လက်ကိုင်ပဝါ တစ်ထည်ကို သွားလေရာ ဆောင်ထားလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 4 5 5 4

ဟင်္သာတမြို့တွင် ကလေးငယ်အား ညှဉ်းပန်းနှိပ်စက်သူ လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကို အမှုဖွင့်စစ်ဆေး

http://www.weeklyeleven.com/images/stories/July11/Bi/4149.jpg

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ လက်သမားရပ်ကွက် ဦးပါရဲ ဘုရားအနီး ဦးပါရဲတာကြီးတန်းလမ်း ရှိ You & me လက်ဖက်ရည်ဆိုင်တွင် ဆိုင်ရှင်က အလုပ်သမား ကလေးငယ် အားညှဉ်းပန်းနှိပ်စက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသော တောင်ထိပ်ကွက်(ခ) မောင်စိုးထက်အောင် ၉ နှစ် အရွယ် ကလေးငယ်အား လွန်ခဲ့သည့် သုံးလ၀န်းကျင်က အလုပ်ရှင်မှ ခေါ်လာခဲ့ကြောင်း သိရှိရသည်။ ကလေးငယ်သည် သုံးလတာအတွင်း အလုပ်ဝင်ခဲ့ရသော ဟင်္သာတမြို့ရှိ You & me လက်ဖက်ရည်ဆိုင် သုံးဆိုင်စလုံးတွင် အကြိမ်ကြိမ် ထွက်ပြေးခဲ့ကြောင်း၊ ပထမနှစ်ဆိုင်တွင် ထွက်ပြေးခဲ့စဉ်က ဆိုင်ရှင်မှ ရန်ကုန်ကိုပြောင်း၍ အလုပ်လုပ်ရမည်ဟု ဆိုကာ ရန်ကုန်သို့မပို့ဘဲ ဟင်္သာတမြို့တွင်သာ ပြန်လည် အလုပ်လုပ်ကိုင်စေခဲ့ကြောင်း ယခုနောက်ဆုံး ဦးပါရဲတာ ကြီးတန်းလမ်းရှိ အဆိုပါလက်ဖက်ရည်ဆိုင်မှ ဇွန်လ ၂၅ ရက်က ထွက်ပြေးခဲ့ရာတွင် ဆိုင်ရှင်က လိုက်လံခေါ်ယူခဲ့ပြီး အိမ်အရောက်တွင် ဆိုင်ရှင် ထက်မှူး ဌေးဝင်း(ခ)စနိုး ၂၂ နှစ်ဆိုသူက မောင်ထိပ်ကွက်(ခ) မောင်စိုးထက်အောင် ၉ နှစ်အား အိပ်ခန်း ရှေ့ရှိထုပ်တန်းတွင် မီး ကြိုးနှင့် လက်ပြန်ကြိုးတုပ်၍ ဆွဲထားစဉ် ကြိုးပြတ်ကျ၍ ကလေးမေးစေ့ ထိခိုက်ကွဲအက်ခဲ့ကြောင်း၊ အခန်းရှေ့ထုပ် တန်းတွင် လက်ပြန်ကြိုးတုပ်၍ ချည်ထားကာ ရိုက်နှက်ခဲ့ပြီး ကော်ဘူးဖင်ကို မီးဖြင့်ထိုးပြီး ကော်ပူစက်များကို ကလေး၏ ကျောကုန်း၊ ခါး၊ တင်ပါးတို့ တွင် ချခဲ့ကြောင်း၊ ထို့နောက် ရေခဲသေတ္တာပေါ်ရှိ မီးပူကိုအပူပေး၍ကျောကုန်း၊ ဗိုက်နှင့်တင်ပါးတို့တွင် ထိုးခဲ့ကြောင်း၊ ထို့နောက် ကလေးမှာ တစ်ညလုံးထုပ်တန်းတွင် နေခဲ့ရကြောင်း သိရသည်။

နောက်နေ့ နံနက် ၁၁ နာရီအချိန် ဆိုင်ရှင်လင်မယားနိုးလာပြီး ကြိုးကိုဖြေပေးကာ ညက နှိပ်စက်ရာတွင် အသုံးပြုခဲ့သည်များကို ရှင်းခိုင်းခြင်း၊ မီးဖိုချောင် တွင် အလုပ်လုပ်ခိုင်းခြင်းတို့ကို အိမ်အနောက်ဘက် အခန်း၌စေခိုင်းခဲ့ကြောင်း သိရပါသည်။ နောက်ရက်အနည်းငယ်တွင် ကလေးငယ်သည် ထွက်ပြေးခဲ့ပြီး အနီးရှိ အိမ်တစ်အိမ်၌ ပုန်းအောင်းနေခဲ့ကာ အိမ်ရှင်အကူအညီဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် အမှတ်(၁) ရဲစခန်း၌ ကလေး၏ အဒေါ်ဖြစ်သူက ဇွန်လ ၂၇ ရက်နေ့တွင် တိုင်ကြားခဲ့ပြီး ဟင်္သာတဆေးရုံတွင် ဆေးကုသမှုများပြုခဲ့ရာ ဇူလိုင်လ ၃ ရက်နေ့တွင် ဆေးရုံမှဆင်းခဲ့ပြီး အဒေါ်ဖြစ်သူ၏ နေအိမ်တွင် ခေါ်ယူထားကြောင်း သိရှိရသည်။

အဆိုပါအမှုကို ဟင်္သာတအမှတ် (၁) ရဲစခန်းမှ (ပ) ၈၇/၂၀၁၁ ပုဒ်မ ၃၂၄ ဖြင့် အရေးယူထားပြီး မြို့နယ်ဥပဒေ မှပုဒ်မ ၃၂၆/၃၄၂ ဖြင့် ပြောင်းလဲအရေးယူရန် အကြံပေးခဲ့ကြောင်း အမှုစစ် ဒုရဲအုပ်မြင့်သိန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆/၃၄၂ ဖြင့် ဇွန်လ ၃၀ ရက်နေ့တွင် ဟင်္သာတမြို့နယ် တရားရုံးသို့ တရားခံအား အချုပ်ဖြင့် တရားစွဲတင်ပို့ခဲ့ရာ မြို့နယ်တရားသူကြီးမှ ရာကြီးအမှတ် ၁၇၂၆/၂၀၁၁ ဖြင့် လက်ခံပြီး ဇူလိုင် လ ၄ ရက်နေ့မှစ၍ ချိန်းဆိုစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

http://www.weeklyeleven.com

Thursday, July 7, 2011

ကာမေသုမိစ္ဆာစာရကံ အကျယ်ဖွင့်ဆိုချက်

ဒီကာမေသုမိစ္ဆာစာရကံနှင့်ပတ်သတ်ပြီး ဦးဇင်းကို လူတော်တော်များ မေးကြပါတယ်။ ခဏခဏလည်း ဖြေပေးပါတယ်။ ဒါပေမဲ့ ဒီကံနှင့်ပတ်သတ်ပြီး ယောင်ဝါးဝါးနားမလည် ဖြစ်နေကြတယ် ထင်ပါဘိ။ အဲဒါကြောင့် ဒီတစ်ခါတော့ ဦးဇင်း တက်သိလေ့လာထားသမျှကို ပွင့်ပွင့်လင်းလင်း စုံစုံလင်လင်ဖြစ်အောင် ဖြေပေးလိုက်ပါတယ်။ ပွင့်လင်းအားကြီးလို့ လူကြီးလူကောင်းများအနေဖြင့် မသုံးသင့်တဲ့ မပြောသင့်တဲ့စကားလုံးများ ပါနေလျှင်လည်း နားနှင့်မနာ ဖ၀ါးနှင့်နာပါလို့ပဲ တောင်းပန်လိုက်ပါတယ်။ လူငယ်များ ဒီကံနှင့်ပတ်သတ်ပြီး နားရှင်းကာ ရှောင်ကြဉ်လိုက်နာနိုင်အောင် ယခုအောက်ကမေးထားတဲ့မေးခွန်းကိုပါ တစ်ဆက်တည်း ဖြေပေးလိုက်ပါတယ်။ အမေးနှင့်အဖြေလေးကတော့ ဒီလိုပါ။


အရှင်ဘုရားတပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ ကာမေသု မိစ္ဆာစာရကံနှင့်ပတ်သက်၍ သေချာစွာသိရှိလိုပါသဖြင့် မေးမြန်းခြင်းဖြစ်ပါသည်ဘုရား။

(၁) ကာမပိုင် မိဘမှအစ ဆွေမျိုး၊ ရပ်ဆွေရပ်မျိုးများ မရှိတော့သော အမျိုးသားအမျိုးသမီးတစ်ယောက်ကို ကျူးလွန်လျှင်အပြစ်မဖြစ်ဘူးဆိုသည်မှာ ဟုတ်ပါသလားဘုရား။

(၂) အရူးမများအား ကျူးလွန်လျှင်လည်း အပြစ်မဖြစ်ဘူးဆိုသည်မှာ ဟုတ်ပါသလားဘုရား။

(၃) မိမိ ကာမပိုင်သောအမျိုးသမီးရှိသော်လည်း အပျော်မယ်များနှင့် ပျော်ပါးခြင်းစသည်များသည်လည်း အပြစ်ကျူးလွန်ရာရောက်ပါသလားဘုရား။

(၄) ၄င်းအပြင် အမျိုးသမီးတစ်ယောက်မှ နောက်တစ်ယောက်ပြီးတစ်ယောက် ထပ်ယူခြင်းသည် အပြစ်သင့်ပါသလားဘုရား။

(၅) တပည့်တော်တို့မြန်မာသမိုင်းတွင် ဘုရင်အဆက်ဆက်သည် အမျိုးသမီးများစွာထားရှိပါသည်ဘုရား။ ထိုမင်းများသည် မင်းကျင့်တရားနဲ့ ညီညွတ်ပါသလားဘုရား။

(၆) ထို့ပြင် သိကြားမင်းသည်လဲ နတ်ပြည်တွင် နတ်သမီး (၂၅၀၀၀၀၀၀)နှင့်နေခြင်းသည် ဘယ်လိုဘုန်းကံမျိုးပါလဲဘုရား။

(၇) မိဘအုပ်ထိန်းသူအောက်တွင်ရှိသော အမျိုးသမီးနှင့် ရယ်ငန်၍ ကျူးလွန်နေကြသော်လည်း (အမျိုးသမီးသည် ခွင့်ပြုကြည်ဖြူ၏) နောင်တွင် လက်ထပ်ယူကြလျင်လည်း အပြစ်ဖြစ်ပါသလားဘုရား။ မည်ကဲ့သို့အပြစ်ရှိပါသလဲဘုရား။ ကံကိုကျူးလွန်တိုင်း အပြစ်ဖြစ်ပါသလားဘုရား။

အထက်ပါမေးခွန်းများကို တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ဖြေကြားပေးတော်မူပါဘုရား။


အင်း ပထမဦးဆုံး ကာမေသုမိစ္ဆာစာရကံနဲ့ပတ်သတ်ပြီး သိထားရမည်က လောကတွင် လောက၀စ္စ၊ ပဏ္ဏတ္တိဝစ္စဟု နှစ်မျိုးရှိရာ ဒီကံတရားသည် လောက၀စ္စထဲတွင် ပါဝင်ပေသည်။ လောက၀စ္စဆိုသည်မှာ မိမိနှင့်ကိုယ်ချင်းစာပြီး နားလည်သိရှိ သဘောပေါက်ရမည်ဖြစ်ပါသည်။ သူတစ်ပါးသားမယားကို မိမိက ကျုးလွန်မယ်လို့ စိတ်ပေါ်လာတဲ့အခါမှာ မိမိစိတ်ထဲမှာ ဒီလိုလေး တွေးတောကြည့်သင့်ပါတယ်။ ငါကျုးလွန်မဲ့ မိန်းကလေးဟာ ငါ့ရဲ့ မိခင်၊ အမ၊ နှမဆိုလျှင်ရော ငါဘယ်လိုခံစားရမလဲ။

အဲဒီလိုတွေးတောတဲ့အခါမှာ မိမိရဲ့မောင်နှမဆွေမျိုးသားချင်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် မိမိစိတ်ရဲ့ခံစားချက်အတိုင်း တစ်ဘက်လူမှာလည်း သူနဲ့ဆက်စပ်သူများ ဘယ်လိုခံစားရမယ်ဆိုတာ တွေးဆကြံဆနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် ကာမေသုမိစ္ဆာစာရကံကို မကျုးလွန်မိအောင် ရှောင်ကြဉ်သင့်ပါတယ်။

ကာမေသုမိစ္ဆာစာရကံထိုက်သည့်အင်္ဂါရပ်များကို ပထမဦးဆုံးပြောပြပါမယ်။

၁။ အဂမနိယဌာနတာ - မသွားလာအပ်သော အရာဌာနဖြစ်ခြင်း။

၂။ သေ၀နာစတ္တံ - မှီဝဲလိုသော စိတ်ရှိခြင်း။

၃။ မဂ္ဂေနမဂ္ဂပဋိပတ္တိ - မဂ်ခေါ်လိင်ဖြင့် လိင်ထဲသို့ သွင်းခြင်း။

၎။ သာဒိယနံ - သာယာခြင်း။

ဒီအင်္ဂါ (၄)ရပ်လုံးပြည့်စုံမှ ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်။ ဒီလေးပါးထဲက အင်္ဂါတစ်ပါးပါး ချို့ယွင်းလျှင် ကံမထိုက်ပေ။ သို့သော် တစ်ပါးပါးကျုးလွန်မိလျှင် အပြစ်သေးသော အကုသိုလ်တော့ ဖြစ်ပေသည်။

သူတပါး၏ ခင်ပွန်း၊ ဇနီး၊ မယားတို့ကို သဘောတူ၍ဖြစ်စေ မတူပဲဖြစ်စေ ပြစ်မှားကျူးလွန်ခြင်းကို ပါရဒါရကံဟု ခေါ်သည်။ ပရဒါရကံက ကာမေသုမိစ္ဆာစာရကံထက် ပို၍ အပြစ်ကြီးပါသည်။ ကာမေသုမိစ္ဆာစာရကံဆိုသည်မှာ မိမိတရားဝင်ယူထားသော ယူထားသူမှအပ အုပ်ထိန်းခြင်းမကင်းသော မိန်းမ(၂၀)ကို သဘောတူ၍ဖြစ်စေ၊ မတူ၍ဖြစ်စေ ကာမဆက်ဆံလျှင် ကာမေသုမိစ္ဆာစာရကံထိုက်ပေသည်။

အဆိုပါ မိန်းမ(၂၀)တို့မှာ

၁။ အမိအုပ်ထိန်းသောသူ။

၂။ အဘအုပ်ထိန်းသောသူ။

၃။ အမိအဘစုံ အုပ်ထိန်းသောသူ။

၎။ မောင်ကြီး မောင်ငယ် အုပ်ထိန်းသောသူ။

၅။ အမကြီး အမငယ် အုပ်ထိန်းသောသူ။

၆။ ဆွေမျိုးတို့ အုပ်ထိန်းသောသူ။

၇။ အမျိုးအနွယ်တို့ အုပ်ထိန်းသောသူ။

၈။ အပေါင်းအသင်း မိတ်ဆွေသီတင်းသုံးဖော်တို့ အုပ်ထိန်းသောသူ။

၎င်းမိန်းမ(၈)ဦးတို့ကို ကျူးလွန်လျှင် ယောက်ျားတွေမှာသာ ကံထိုက်၍ မိန်းကလေးများမှာ ကံမထိုက်ပေ။ အဘယ့်ကြောင့် ထိုမိန်းကလေးများသည် သူတို့ကာမကို သူတို့ပိုင်သေးသောကြောင့် ဖြစ်သည်။ မိဘစသော အုပ်ထိန်းစောင့်ရှောက်သူများကို တစ်ပါးသူက တရားဝင်မတောင်းယူရသေးသောကြောင့် ဖြစ်ပေသည်။

၉။ ထိန်းမြား (တစ်နည်း)လက်ထပ်ပြီးသောသူ။

၁၀။ ဘုရင်ကောက်ယူရန် သတ်မှတ်ထားသောသူ။

၁၁။ ဥစ္စာဖြင့် ၀ယ်ယူထားသောသူ။

၁၂။ အလိုတူ ပေါင်းသင်းနေသောသူ။

၁၃။ ပုဆိုးတန်းတင်ပေါင်းသင်းနေသောသူ။

၁၄။ စည်းစိမ်ကိုပေး၍ပေါင်းသင်းနေသောသူ။

၁၅။ ရေခွက်၌ လက်ဆုံချ၍ မိဘကပေးစားထားသောသူ။

၁၆။ ခေါင်းခုချ၍ လင်မယားအဖြစ်နေသောသူ။

၁၇။ ကျွန်ကို မယားပြုထားသောသူ။

၁၈။ အမှုလုပ်ကို မယားပြုထားသောသူ။

၁၉။ စစ်မြေပြင်မှ သုံးပန်းရခဲ့သောသူ။

၂၀။ ခေတ္တမျှပေါင်းရန် ငှားယူထားသောမိန်းမတို့ပင် ဖြစ်ပေသည်။

ထိုတွင် အမှတ်(၉)မှ(၂၀)ထိ မိန်းမ(၁၂)ယောက်အနက် တစ်ယောက်ယောက်ကို လွန်ကျူးလျှင် ယောက်ျားရော မိန်းမပါ ကာမေသုမိစ္ဆာစာရကံထိုက်ပေသည်။

ထို့ပြင် မိမိမယားပင် ဖြစ်စေကာမူ အောက်ပါအကြောင်း (၄)ပါကြောင့်လည်း ကံထိုက်ပါသည်။

၁။ ကိုယ်ဝန် အလွန်ရင့်သောအခါ။

၂။ မိဘ၊ဆရာ၊ သူတကာမြင်၍မသင့်သောနေရာ။

၃။ ကျင့်ရိုး ကျင့်စဉ် မဟုတ်သော နည်းစနစ်များဖြင့် ကျင့်ခြင်း။

၎။ ဆေးဝါးမှီးဝဲ ရှိမြဲအင်္ဂါထက် လွန်နေခြင်းတို့ပင် ဖြစ်ပေသည်။

ဒကာမေးထားတဲ့ မေးခွန်းများကို ဦးဇင်းတစ်ခုချင်းစီ ထပ်ရှင်းပြပေးပါမယ်။ နံပါတ်(၁-၂)သည် အထက်ပါအုပ်ထိန်းသူ (၂၀)ထဲ မပါရှိလျှင်တော့ အပြစ်မရှိပါ။ အုပ်ထိန်းသူရှိနေလျှင်တော့ အပြစ်ရှိပေသည်။

နံပါတ်(၃)သည် မိမိမှာ ကာမပိုင်ရှိသောကြောင့် မည်သည့်မိန်းမမျိုးနှင့်မဆို ကျူးလွန်လျှင် အပြစ်ရှိပေသည်။

နံပါတ်(၄) အုပ်ထိန်းသူခွင့်ပြုချက်ရ၍ နောက်ထပ်မိန်းမယူလျှင် မိမိသည်တရားဝင်တောင်းယူထားသောကြောင့် အပြစ်မရှိပါပေ။

နံပါတ်(၅) ဘုရင်များသည် မိဖုရားကော်ယူရာ၌ တရားဝင်လက်ထက်ယူလျှင် အပြစ်မရှိပေ။ တိတ်တိတ်ပုန်းယူလျှင်တော့ မင့်ကျင့်တရား၌လည်း ငါးပါးသီလလုံခြုံရမည့်ဖြစ်၍ အပြစ်ရှိပြီး မင့်ကျင့်တရားနှင့်မညီပေ။

နံပါတ်(၆) သိကြားမင်းသည် အရင်လူ့ဘ၀က မာဃအမည်နှင့် လမ်းပြင်ခြင်း၊ တံတားဆောက်ခြင်း၊ ဇရပ်ဆောက်ခြင်းစတဲ့ ကောင်းမှုများလုပ်ခဲ့၍ သိကြားမင်းဖြစ်ပြီးလျှင် ယခုပွင့်ခဲ့တဲ့ဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်ထံခဏခဏသွားပြီး တရားနာခဲ့ခြင်းကြောင့် သောတာပန်ဖြစ်သွားပါတယ်။ အဲဒီသောတာပန်ဖြစ်ပြီးနောက် အရင်သိကြားမင်းဘ၀ကနေ ယခုတစ်ဖန်ဆက်လက်ပြီး သိကြားမင်းဖြစ်ရပါတယ်။ နတ်မိဖုရားများရခြင်းကတော့ နတ်သမီးဖြစ်လာမည့်သူများသည် နတ်သားများ၏ ဗိမာန်တွင်း၊ ဗိမာန်ရှေ့တည့်တည့်တွင် မဖြစ်ဘဲ လေးဘက်လေးလံနတ်သားများ၏ဗိမာန်ကြားတွင် လာဖြစ်ပါက သိကြားမင်းသည် နတ်သားများ အငြင်းပွားစရာလုစရာဖြစ်နေလျှင် သူကပဲ ကောက်ယူခြင်းကြောင့် နတ်မိဖုရားများရခြင်း ဖြစ်ပေသည်။

နံပါတ်(၇) မိန်းကလေးဘက်ကကြည်ဖြူသော်လည်း မိဘစသောအုပ်ထိန်းသူများထံ တရားဝင်ခွင့်မတောင်းရသေးဘဲ ကျုးလွန်လျှင် အပြစ်ရှိပေသည်။ စေ့စပ်ခြင်းစသည့် တရားဝင်အုပ်ထိန်းသူများထံ ခွင့်တောင်းပြီးသားဖြစ်လျှင်တော့ တကယ်လည်း တရားဝင်လက်ထက်ယူဖြစ်ပါက အပြစ်မရှိပါပေ။

ယခုခေတ် ရည်းစားအတွဲများသည် အုပ်ထိန်းသူရှိသူများအား ကျုးလွန်မိလျှင် အပြစ်ရှိပေသည်။ အထက်ပါ မိန်းမ(၂၀)မှ တစ်ကနေရှစ်အထိ ပါဝင်နေသော မိန်းကလေးများမှာမှု ကာမေသုမိစ္ဆာစာရကံတော့ မထိုက်ပေ။ သို့သော် ယောက်ျားများအား သွေးဆောင်မာယာများမှုရှိပါက အကုသိုလ်အပြစ်တော့ ဖြစ်ပေသည်။ ထို့ပြင် အိမ်ထောင်ကျပြီးသူများသည် မိမိတရားဝင်ယူထားသော မိန်းမမှတစ်ပါး ကျန်သောသူများနှင့် အယုတ်ဆုံး ပြည်တန်ဆာမနှင့်ကျုးလွန်လျှင်လည်း ကာမေသုမိစ္ဆာစာရကံထိုက်ပေသည်။ အိမ်ထောင်မကျသေးသောသူများသည် အုပ်ထိန်းသူက ခွင့်ပြုထားသော ပြည်တန်ဆာမလည်းဖြစ်၊ ကာယကံရှင်ပြည်တန်ဆာမကလည်း ကြည်ဖြူမည်၊ သူများစပွန်ဆာပေးထားတာလည်း မရှိသေးလျှင် ကာမေသုမိစ္ဆာစာရကံ မထိုက်ဘဲ ရာဂသောင်းကျန်မှု အကုသိုလ်တော့ ဖြစ်ပေသည်။ အုပ်ထိန်းသူက ခွင့်ပြုမထားသော သူများက မိမိအရင် သတ်မှတ်ထားပြီးသား ပြည်တန်ဆာမကိုကျူးလွန်မိလျှင်တော့ ကာမေသုမိစ္ဆာစာရကံ ထိုက်ပေသည်။

ဒကာမေးထားတဲ့ မေးခွန်းတွေရဲ့ တစ်ခုချင်းစီကိုရော၊ ကာမေသုမိစ္ဆာစာရကံထိုက်သည့် အင်္ဂါရပ်များကိုရော၊ မကျုးလွန်သင့်သည့် မိန်းကလေးများကိုရော၊ မကျင့်သင့်သည့်အချိန်ကာလ နည်းစနစ်များကိုပါ ရှင်းပြပြီးဆိုတော့ ဒီလောက်ဆို ရှင်းမည်ထင်ပါသည်။ ဒါ့ကြောင့် ဒီမှာပဲ ဦးဇင်းရဲ့အဖြေကို နိဂုံးချုပ်ရင်း လူသားအားလုံး ကာမေသုမိစ္ဆာစာရကံမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါပေသည်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

http://sanninaymin.com

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။