Saturday, July 9, 2011

သင့် လက်ကိုင် ဖုန်းဖြင့် ဝိတ်ချ လိုပါသလား ....

http://www.yoyarlay.com/images/resized/images/stories/yyl/2011/7/8/h_8_35_8_200_200.jpg

တစ်စုံ တစ်ယောက်က သူတို့ရဲ့ နေ့လယ်စာကို လက်ကိုင် ဖုန်းနဲ့ ဓာတ်ပုံ ရိုက်နေတာ တွေ့ရင် အထိတ် တလန့် မဖြစ်သွားပါနှင့်။ ဒါက မိမိရဲ့ တစ်နေ့တာ စားတဲ့ အစားအစာ တွေကို မှတ်တမ်း တင်တဲ့ အခါ စာအုပ်ထဲမှာ မရေးချဘဲ ဖုန်းကို အစားအသောက် ဒိုင်ယာရီအဖြစ် အသုံးချတဲ့ စိတ်ကူး လေးတစ်ခု ဖြစ်ပါတယ်။

သင်တစ်နေ့တာ စားသမျှ အစားအစာ တွေကို မှတ်တမ်း တင်ခြင်းက မကောင်းတဲ့ စားသောက်မှု အလေ့အထများကို ဖျောက်ဖျက် ပစ်ရာမှာ ထိရောက်တဲ့ နည်းလမ်း တစ်ခုဖြစ်တယ်။

သင်ထမင်း စားတိုင်း ဒါမှမဟုတ် သရေစာစားတိုင်း သင့်ရဲ့ လက်ကိုင် ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူထားပြီး ယင်းဓာတ်ပုံများကို ပြန်လည်သုံးသပ်ပါ။ အာဟာရဓာတ်ပညာရှင် ဒေါက်တာ နာရက်စ်လက်ပ်ဆီက “သင့်ထမင်းပွဲကို ဓာတ်ပုံများ ရိုက်ယူ ထားခြင်းဟာ အကျိုးကျေးဇူး ရှိတယ်ဆိုတာ ကျွန်ုပ်တွေ့ရပါ တယ်။

သင်ဘာတွေ စားခဲ့သလဲဆိုတာ ပြန်လည်သုံးသပ်ဖို့ တွန်းအားပေးပါတယ်” လို့ ပြောပါတယ်။ အမေရိကန် နိုင်ငံမှာတော့ သင်ရိုက်ထားတဲ့ အစားအစာ ဓာတ်ပုံများကို အာဟာရ ဓာတ်ပညာရှင်တစ်ဦး ဆီပေးပို့ပြီး ထို ပညာရှင်က သင်စားသောက်ခဲ့တဲ့ အစားအစာတွေကို စိစစ်စိတ်ဖြာပြီး ရလဒ်ကို သင့်ဆီပြန်လည်ဖြေကြား ပေးပါတယ်။

http://www.yoyarlay.com/

0 comments: