Thursday, July 21, 2011

Wordspress မြန်မာ ဘာသာ စာမျက်နှာ သစ်နှင့် အတူ မြန်မာ ဘာသာပြန် Version များ ရယူနိုင်

မြန်မာနိုင်ငံတွင် လူသုံးအများ ဆုံးဖြစ်သည့် Blog Tools တစ်ခုဖြစ် သည့် wordpress.org တွင် ပြည်တွင်း နှင့် ပြည်ပ ပညာရှင်များ ဖြင့် ဖွဲ့စည်း ထားသည့် အဖွဲ့ တစ်ဖွဲ့မှ ကြိုးပမ်း မှုဖြင့် မြန်မာဘာသာ version ဖြင့် တရားဝင် စာမျက်နှာကို ရရှိပြီဖြစ် ကြောင်း အဆိုပါ မြန်မာဘာသာ ဖြင့် လွှင့်တင်ထားသည့် www.mya.wordpress.org တွင် ဖော်ပြချက် များ အရ သိရသည်။

Webpage စာမျက်နှာတွင် wordpress engine ကို wordpress3.0 version မှ စတင်ကာ မြန်မာဘာသာ ပြန်ဆိုခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရသည်။ အဆိုပါ wordpress 3.0 တွင် ဘာသာပြန် ဆိုမှုများမှာ ရာနှုန်းပြည့် မဟုတ်သေးဘဲ ဆက်လက် အဆင့် မြှင့်တင်ထားသည့် wordpress 3.1 နှင့် 3.2 တို့ကို ထပ်မံ ထုတ်လုပ်ပေး ခဲ့ကြောင်း သိရသည်။ ဆက်လက် ၍ အဆင့်မြှင့်တင် မှုအဖြစ် wordpress version 3.1.1 ထွက်ရှိချိန်တွင် မြန်မာဘာသာ version အသုံးပြုသူ များအတွက် အဆင်ပြေစေရန် wordpress မှ version 3.1.1 ကို စတင် ထုတ်လုပ်ပြီး နာရီပိုင်းအတွင်း မြန်မာဘာသာ version ကိုလည်း wordpress 3.1.1 သို့ အဆင့်မြှင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ www.mya.wordpress.org စာမျက်နှာမှာ wordpress.org မှ တရားဝင်ခွင့်ပြုချက်ဖြင့် ရရှိထား သော domain တစ်ခုဖြစ်ပြီး wordpress ကို မြန်မာ ဘာသာပြန်ဆိုမှု များဆိုင်ရာ အချက် အလက်များ၊ အကူအညီများ၊ ဆွေးနွေးမှုများ အစရှိသည်တို့ကို ဝင်ရောက်ဆွေး နွေးနိုင်ကြောင်း သိရသည်။ အထက်ပါ wordpress မြန်မာ ဘာသာပြန် ဆိုမှုများတွင် ဧရာယူနီ ကုတ်ဖောင့်ကို အသုံးပြုထား ကြောင်းလည်း သိရှိရသည်။

http://www.yoyarlay.com/

0 comments: