Saturday, February 5, 2011

2011, February လ အတွက် ဗေဒင် ဟောစတမ်း



2011, February လ အတွက် ဗေဒင် ဟောစတမ်း


၁။ တနင်္ဂနွေသားသမီးများ အတွက်


ဒီလတွင်း မိမိရဲ့ ရည်ရွှက်ချက်လေးတွေ အဆင်မပြေသေးပါဘူးဘာပဲလုပ်လုပ် အနည်းငယ် လွဲချော်နေမည်။ စိတ်ညစ်နေမည်။အလုပ်ပြောင်း ရွှေ့မှုများ နေရာထိုင်ခင်း ပြောင်းရွှေ့မှုများ ရှိပါသည်။

ဒီလအတွင်းမှာ သူငယ်ချင်းများနှင့် စကားပြောဆိုမှုများ လုပ်ကိုင်ဆောင်ရွှက်မှုများ အဆင်မပြေပါ။ ယခုလအတွင်း ငွေကြေးများ အဖတ်မတင်ပါ။ ရသလောက်ကုန်ကျမှုများ ရှိပါသည်။ မစုမိသော အချိန်လေး ဖြစ်ပါသည်။


ဒီလအတွင်းမှာ ခရီးယာယီကိစ္စများ အမြဲသွားလာနေရမည်။ ပညာရေးမှာ ကြိုးစားနေရသော
အချိန်လေးပါ။ ဒီလအတွင်း အချစ်ရေးမှာ ကံကောင်းနေပါသည်။ မိမိ ချစ်သူနဲ့ အဆင်ပြေနေသောလည်း စိတ်ညစ်နေရမည်။ အိမ်ထောင်ရေးမှာ ဝေးနေရမဲ့ အချိန်လေးပါ။

ဒီလအတွက် ကျန်းမာရေးမှာ ချောင်းဆိုး ၊ အအေးမိ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် အိမ်ဘုရားတွင် မိမိနှစ်သက်သော ပန်း ၅ ပွင့်ကို တနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ ဆုတောင်း လိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 1 4 4 0

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း ရည်မှန်းချက်များ အဆင်ပြေနေသော အချိန်လေးပါ။မိမိ မျှော်လင့်နေသော ရည်ရွှယ်ချက်များအကောင်အထည် ပေါ်မည်။အလုပ်အကိုင် ကိစ္စများလည်း အဆင်ပြေလာမည်။

စီးပွားရေး ငွေကြေးကိစ္စများ ကံကောင်းနေပါသည်။ရအောင်သာ စုဆောင်းပါ။ သူတစ်ပါးထံမှ
အကူအညီရမည်။ ယခုလအတွင်း ခရီးယာယီများ သွားလာမှု များနေမည်။ မိမိ မိသားစု လူမှုရေး
ဘာသာရေး ကိစ္စများ ပြုလုပ်ရမည်။

ပညာရေး ကံကောင်းနေသော အချိန်လေးပါ။ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေပါသည်။ သူတစ်ပါး ဝင်နှောက်ယှက်ခံရမည်။ အိမ်ထောင်ရေးမှာ သာယာ ပျော်ရွှင်နေသော အချိန်ဖြစ်ပါသည်။

ယခုလအတွင်း ကျန်းမာရေးမှာ သွေးအားနည်း ၊ ထိမိခိုက်မိ ဖြစ်မည်။

ယတြာ = မိမိ နေအိမ်ဘုရားတွင် သစ်သီး ၆လုံး မိမိရဲ့ မွေးနေ့ တနင်္လာနေ့ ၉ နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 2 4 3 1


၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလအတွင်း မျှော်လင့်ချက်တွေ ရည်ရွှယ်ချက်တွေ အဆင်မပြေ စိတ်ညစ်နေရမည်။ လိုရာဆန္ဒများ အဆင်မပြေသေးပါ။ အလုပ်အကိုင်ကိစ္စများ စကားပြာဆိုမှုကိစ္စများ အတွက် စိတ်ညစ်နေရမဲ့ အချိန်လေးပါ။

ဒီလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလိုက် မပြေလိုက်နဲ့ ဖြစ်နေမည်။ငွေကြေးကိစ္စများ အတွက် ကူညီသူ ပေါ်လာမည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေ ပါသည်။ ပညာရေးမှာ အောင်မြင်မှု ရရှိမည်။

အချစ်ရေးမှာ အဆင်မပြေသေးပါ။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါပဲ။ ဒီလအတွင်း ကျန်းမာရေးညံ့ပါသည်။ ကျန်းမာရေးမှာ ဗိုက်နာ ၊ ဗိုက်အောင့် ဖြစ်မည်။


ယတြာ = မိမိ နေအိမ်ဘုရားတွင် ပန်းသီး ၅ လုံးကို မိမိရဲ့ မွေးနေ့အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဘုရားတွင်ကပ်လှူ၍ ကံကောင်း လာစေရန်အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 2 3 0 0

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း စိတ်ညစ်မှုများနေမည်။ မိမိရည်မှန်းချက် ရည်ရွှယ်ချက်များကိုကြိုးစား၍ လုပ်ဆောင်ပါ။ စိတ်မညစ်ပါနဲ့ ပုံမှန်အနေအထား ကိုပြန်ရောက်မှာပါ။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ကြွေးတင်မည်။လုပ်ငန်းများ တိုးချဲ့ရမည်။ ငွေဝင်ကိန်း ရှိနေပါသည်။ ငွေးကြေးများ စုမိသော အဖတ်မတင်သော အချိန်လေးပါ။

ခရီးကိစ္စများ သွားလာမှု အဆင်မပြေပါ။ အချစ်ရေးမှာ အဆင်ပြေလာမည်။အိမ်ထောင်ရေးမှာ ခွဲခွာနေရမည်။

ယခုလ ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ၊ ကျန်းမာရေးညံ့မည်။

ယတြာ = နေအိမ်ဘုရားတွင် အုန်းညွန့် ၆ ကို ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 3 7 4 9

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်းမှာ အဆင်မပြေတာတွေ များနေမည်။ အလုပ်အကိုင် ကိစ္စများအဆင်မပြေသေးပါ။မိမိ စိတ်ကူးများ ရည်ရွှယ်ချက်များ အဆင်မပြေသေးပါ။ ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ စိတ်ညစ်စရာ အနည်းငယ် ရှိနေသော် လည်းကံကောင်းနေသော အချိန်လေးပါ။

မိမိရဲ့ စီးပွားရေး လုပ်ငန်းများ ပုံမှန်လေး လည်ပတ်နေမည်။ပြန်လည်ကောင်းမွန်လာမည်။ ကူညီပေးသူ ပေါ်မည်။ ငွေကြေးကိစ္စများ ဂရုစိုက်ပါ။ စကားများရတတ်ပါသည်။

ပညာရေကိစ္စများ အဆင်ပြေပါသည်။ ပညာရေး ရည်မှန်းချက်များ အဆင်ပြေလာမည်။ ခရီးကိစ္စများ အဆင်ပြေပါသည်။ ဒီလအတွင်း အချစ်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။ အိမ်ထောင်ရေးကိစ္စများ စကားများ နေရမဲ့ အချိန်လေးပါ။

အခုလ ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်မည်။

ယတြာ = အသက်ကြီးသူ တစ်ဦးဦးအား သစ်သီး ၆လုံး ကိုကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 6 0 5 9

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ အဆင်ပြေနေသော အချိန်လေးပါ။အလုပ်အကိုင်ကိစ္စများ အထက်လူကြီးများနဲ့
စမ်တူ လုပ်ကိုင်ဆောင်ရမဲ့ ကိစ္စများတွင် ပုံမှန်လေးသာ အဆင်ပြေပါသည်။ငွေကြေးကံကောင်းလာမည်။ ငွေကြေးများ ကူညီသူပေါ်မည်။ အကြွေးတင်နေမည်။ ငွေဝင်ကိန်း ရှိပါသည်။

ဒီလအတွင်း ခရီးကိစ္စများ သွားလာမှု အဆင်မပြေပါ။ ပညာရေးမှာ ကြိုးစားနေသော အချိန်လေးပါ။အချစ်ရေးမှာ ကံမကောင်းသေးပါ။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက်ဖြစ်မည်။

ယတြာ = မိမိနေအိမ် ဘုရားတွင် ပန်းသီး ၁၉ စိပ်ကို သောကြာနေ့ နံနက် ၉ နာရီ ၄၅ တင်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 5 1 3 0

၇။ စနေသားသမီးများ အတွက်

ဒီလအတွင်းမှာရည်ရွှယ်သောကိစ္စများအဆင်ပြေပါသည်။ အလုပ်အကိုင်ကိစ္စများ
ပြန်လည်ကောင်းမွန်လာမည်။ မိမိ မိသားစုအတွင်း တိုးတက်ပြောင်းလဲလာမည်။

ငွေကြေးများအတွက်နဲ့ စိတ်ညစ်မှု ရှိနေသော်လည်း အဆင်ပြေပါသည်။ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ စုမိအောင် ကြိုးစားပါ။

ခရီးကိစ္စများ သွားလာမှုများ အဆင်မပြေသေးပါ။ ပညာရေး ဆက်လက်ကြိုးစားနေရမည်။ အချစ်ရေးမှာ ပျော်ရွှင်နေရမည်။ အိမ်ထောင်ရေးကိစ္စများလည်း အဆင်ပြေပါသည်။

အခုလအတွင်း ကျန်းမာရေးမှာ ချောင်းဆိုးခြင်း ၊ မျက်စိအားနည်းခြင်းဖြစ်မည်။

ယတြာ = မိမိနေအိမ်ဘုရားတွင် သောက်တော်ရေ ၃ ခွက်ကို စနေနေ့ နံနက်၉ နာရီ ၄၅ တင်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 4 8 4 0


၂၀၁၁ နှစ်သစ်လေးမှာ မိမိရဲ့ဘဝလေးများလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆရာမျိုးဟန်ကို

NO. 314 , Block P/B ,
Jin Cheras Taman Cheras ,56100
Kuala Lumpur Malaysia

http://www.myohanko.br.ms

myohankonew@gmail.com

Ph; 016, 606 1917 , 017, 226 0715

14.1+24.2+23.3+37.4+60.5+51.6+48.7

မှက်ချက်။ ဗေဒင်ဟောစတမ်း ကို ဆရာမျိုးဟန်ကို ၏ ခွင့်ပြုချက်ဖြင့် လာရောက် တင်ပေးပါသည်။
မိမိရဲ့ ဆိုက်များတွင် လစဉ် ဟောစတမ်း များ တင်လိုပါက myohankonew@gmail.com သို့
ဆက်သွယ်နိုင်ပါကြောင်း .......

6 comments:

Anonymous said...

ကိုပုန်းရေ...ရှင်ကျမ ကိုခေါင်းမူးအောင်များလုပ်လိုက်တာလား ဟင်...ကျမဘယ်လိုယတြာချေရမှာလဲဟင်
“ မိမိနေအိမ် ဘုရားတွင် အသက်ကြီးသူ တစ်ဦးဦးအား သစ်သီး ၆လုံးကိုကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။” မနောက်ပါနဲ့ ငါ့တူရာ

အဖြူရောင်နတ်သမီး said...

အကုန်မှန်၏...

Anonymous said...

ဗေဒင်ကလည်း နှလုံးလမ်းကြောင်းမှာကျွန်းခံနေတုန်းဘဲ :(

Anonymous said...

ဗေဒင်ကလည်း နှလုံးလမ်းကြောင်းမှာကျွန်းခံနေတုန်းဘဲ :(

ko myo said...

ကြာသပတေး။ယတြာအနေဖြင့် လမ်း၌တွေ့ သော

အချွန်ပါသည့် ခဲတစ်လုံးအား မင်းဖြစ်မင်းခံ၊ ငါဖြစ်လည်းမင်းခံ ဟူ၍ သက်စေ့ရွတ်ကာ အရှိန်ပြင်းပြင်းနှင့် ခြေမ

မကွဲမချင်းကန်ပါလေ။ အညံ့များပြေသတတ်။

ko myo said...

္ညျ