Friday, February 11, 2011

မနေတတ်တဲ့ကောင်

နေတတ်ရင် ကျေနပ်ဖို့ ကောင်းတဲ့ လောကအလယ်မှာ
မနေတတ်လို့ ခဏခဏ မျက်မုန်းကျိုးခံရတဲ့ ကောင်ကို လိုက်ရှာတာ
မောလိုက်တာ... ချွေးဒီးဒီးကျပြီး မျက်နှာတွေအဆီပြန်လို့။

ရှာမရတဲ့အဆုံး ကိုယ်လုံးပေါ်မှန်ရှေ့ရပ်မိတော့မှ
လားလား... မနေတတ်တဲ့ကောင် မတ်တပ်ကြီး။

ဇတ်ကားနံမည်က
မေ့မရတဲ့ နေစွဲများဆိုလား
လူတွေ ပါးစပ်ဖျားရေပန်းစားနေလွန်းသလားပဲ။

ပညတ်ထားတဲ့ ရက်တွေချင်းယှဉ်ရင်
တန်ဖိုးမဲ့သယောင် ဖြစ်တတ်လို့
သဘာဝက ငိုချဖူးတဲ့နေ့တွေ ဓမ္မတာပဲ။

တစ် ပြီးမှ နှစ် လာရင် သဘာဝကျတာပဲလေ
ကျော်တယ်ခွတယ်ဆိုတာ မသမာသူတွေလုပ်ရပ်
မေ့တယ်မေ့တယ်ဆိုတာ လူဖျင်းတွေလုပ်ရပ်
မသိချင်ယောင်ဆောင်တာ တာဝန်မဲ့သူတွေလုပ်ရပ်
ဘာမှ မလုပ်တာ ဘာမှမဖြစ်မဲ့သူတွေ လုပ်ရပ်

အမေကိုကျော်ပြီး မိထွေးကိုလွမ်းရအောင်
မိထွေးတော် ဂေါတမီလဲ မရှိတော့ပါဘူး
တိုင်းပြည်နဲ့ လူမျိုးကို မေ့ပြီး ကိုယ်နဲ့သူ့အတွက်ဆိုတာ
အတ္တ၀ါဒီတွေသာဖြစ်ပေမပေါ့

စည်းလုံးမှုရယ် ဖခင်ရယ်ကို မေ့ပြီး
တဏှာကို အသားပေးတာ ဘယ်လင်ကို သွားတိုင်းကြည့်မလို့လဲ
ဘယ်လင်ကိုမှ သွားမတိုင်းနဲ့ဦး
ဖြိုခွဲခံနေရတဲ့ လူတွေနဲ့ ဇီဝိန်ချုပ်သွားတဲ့သူတွေကို မမေ့နဲ့။
သူသာ မရှင်သန်ခဲ့ရင် ငါရော ရှင်သန်မှာလား

ဝမ်းလျားမှောက်ပြီး တံတားခင်းခဲ့တာ
အေးအေးချမ်းသာ လျှောက်ဖို့ပါ
လှမ်းမှန်ကိုတော့ လျှောက်စေချင်တာပေါ့
ဒေ၀ဒတ်လောင်းလို ကျောကိုတော့ ဖနောင့်နဲ့မပေါက်နဲ့။

မိုးယံ (11.2.2011)

5 comments:

သူကြီးမင်း (တုံးဖလား) said...

ပေါက်ကွဲကုန်ပြီ ပေါက်ကွဲကုန်ပြီ။း))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

မနေတက်တဲ့ကောင်တဲ့လား မိုးယံရယ်...
နေရာအထိုင်မကျသေးလို့ပါ...
သည်းခံလော့...သည်းခံလော့...

ကိုထွဋ် said...

အပြင်းစားဒွေဘာရား...........

ကိုထွဋ်

An Asian Tour Operator said...

နေတတ်အောင် နေလော့ ဒကာတော်...




(နောင်တချိန် ဘီယာဒကာ ခံမည် ကို ကြိုသိနေလို့) :))

Crystal said...

အင်း ပေါက်ကွဲကောင်းလေးပဲ...