Saturday, May 7, 2011

ဆရာမျိုးဟန်ကို - 2011, May လ အတွက် ဗေဒင် ဟောစတမ်း ....



2011, May လ အတွက် တစ်လတာ ဗေဒင် ဟောစတမ်း .... ဆရာကြီး မင်းသိင်္ခ ၏ တပည့် ဆရာမျိုးဟန်ကို ... 2011, May လ အတွက် တစ်လတာ ဗေဒင် ဟောစတမ်း ....

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း ဖြစ်ချင်သော ရည်ရွှယ်သော ကိစ္စလေးတွေ များနေမည်။ အလုပ်အကိုင် ကိစ္စများ အဆင်ပြေနေသော်လည်း အနည်းငယ် စိတ်ညစ်နေမည်။ ယခုလက်ရှိ ဆုံးဖြတ်ရခက်သော ကိစ္စများ ဖြစ်ပေါ်နေမည်။

ငွေကြေးကိစ္စများ ရလိုက် ကုန်လိုက် ဖြစ်နေသော်လည်း အဆင်ပြေလာမည်။ သူငယ်ချင်း မိတ်ဆွေအသစ်များ ရရှိမည်။ ပျော်ရွှင်သော ခရီးများ သွားရမည်။ ပညာရေး ကံညံ့နေမည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ ဝေးနေရသော ချစ်သူ ထံမှ ဆက်သွယ်မှု ပြန်ရမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။

ဒီလအတွက် ကျန်းမာရေးမှာ ခြေထောက်နာမည် ၊ အိပ်ရေးပျက်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ တွင် မိမိ နှစ်သက်ရာ သစ်သီး ၅ မျိုးကို အသက်ကြီးသူ တစ်ဦးဦးအား လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 8 3 3 2

၂။ တနင်္လာ သားသမီးများ အတွက်


ဒီလအတွင်း မိမိ လုပ်ဆောင်မှု များ သိပ်အဆင်မပြေသေးပါ။ ရည်မှန်းချက်များ အနည်းငယ် လွဲချော်နေမည်။ အလုပ်အကိုင် ကိစ္စများ အဆင်မပြေသေးပါ။

စီးပွားရေး ငွေကြေးကိစ္စများလည်း မိမိ ထင်သလောက် အဆင်မပြေသေးပါ။ မိမိ ရည်ရွှယ်နေသော စီးပွားရေး ကိစ္စများ ကြန့်ကြာနေမည်။ ခရီးဝေး သွားရမည်။ ပညာရေး ပုံမှန်လေး ကံကောင်းပါသည်။

အချစ်ရေးကိစ္စများ စိတ်ညစ်နေရသော်လည်း အဆင်ပြေပါသည်။ အိမ်ထောင်ရေး အဆင်ပြေပါသည်။

ယခုလ အတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းမည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက်တွင် ကလေးငယ်တစ်ဦးအား ပိုက်ဆံ 20 လှူ၍ ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 3 2 5 4

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလအတွင်း စီးပွားရေး လုပ်ငန်းများ အဆင်ပြေလာမည်။ စမ်တူ ကိစ္စများ အဆင်ပြေနိုင်ပါသည်။ အဖက်ဖက်မှ အကြံညဏ်ပေးသူများ ပေါ်လာမည်။

ဒီလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေနေသော်လည်း ရသလောက် ကုန်ကျမှု များနေမည်။ မိသားစု အတွင်း နေရာထိုင်ခင်း ပြောင်းလဲမှုများ ရှိပါသည်။ ပညာရေး ကိစ္စများ အဆင်ပြေ ပါသည်။

အချစ်ရေးမှာ အဆင်မပြေသေးပါဘူး။ စိတ်ညစ်နေရမဲ့ အချိန်လေးပါ။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။


ဒီလအတွင်း ကျန်းမာရေးမှာ လက်နာမည် ၊ ထိမိခိုက်မိ ဖြစ်တတ်ပါသည်။

ယတြာ = ကံကောင်းလာ စေရန်အတွက် အင်္ဂါနေ့ နံနက်ပိုင်းတွင် အိမ်သန့်ရှင်းရေး လုပ်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 6 3 6 3

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်များ အဆင်ပြေနေမည်။ မျှော်လင့်သော ရည်ရွှယ်ချက်များ အကောင်အထည်ပေါ်မည်။ လက်ရှိ အလုပ်တွင် နေရာရနေသော်လည်း စိတ်ညစ်မှု အနည်းငယ် ရှိပါသည်။

ယခုလအတွင်း ငွေကြေးကိစ္စများ ပုံမှန် အဆင်ပြေပါသည်။ သူတစ်ပါးအတွက် ငွေကြေးများ ကူညီနေရမည်။ သူငယ်ချင်း မိတ်ဆွေများနှင့် ဆုံတွေ့ရမည်။ ခရီးယာယီများ ဆက်တိုက် သွားနေရမည်။ပညာရေး ကြိုးစားနေရမဲ့ အချိန်လေး ဖြစ်ပြီး ပညာရေး ကံကောင်းပါသည်။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေမည်။ ပျော်ရွှင်နေမဲ့ အချိန်လေးပါ။ အိမ်ထောင်ရေးမှာ ရန်စကား များနေရမည်။ မိသားစု အိမ်တွင်းရေး အတွက် အနည်းငယ် စိတ်ညစ်ရမည်။

ယခုလ ကျန်းမာရေးမှာ ခါးနာမည် ၊ ဇက်ကြောတက်မည်။

ယတြာ = ကံကောင်းလာ စေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်ပိုင်းတွင် ရေသန့်တစ်ဗှူးကို ကလေး တစ်ယောက် အား လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 2 0 5 2

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်းမှာ စီးပွားရေး ကိစ္စများ အလုပ်အကိုင်များ အဆင်ပြေလာမည်။ ကူညီပေးသူ အကြံညဏ်ပေးသူ များလည်း ပေါ်လာမည်။ အထက်လူကြီးများမှ ကူညီ စောင့်မမှု ကို ခံရမည်။

ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရသလောက် ကုန်နေသလို ဖြစ်နေမည်။ ငွေကြေးကိစ္စများနှင့်ပက်သက်၍ ကူညီပေးသူ ပေါ်မည်။ ပညာရေး ကိစ္စများ အဆင်မပြေသေးပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေ သေးပါ။

ဒီလ အတွင်း လွမ်းနေရ ဆွေးနေရတဲ့ အချိန်လေး ပါပဲ။ ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော နေ့ရက်လေးကို ဖြတ်သန်းနေရမည်။

ဒီလအတွင်း ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်မည်။

ယတြာ =ကြာသပတေးနေ့ နံနက်ပိုင်းတွင် တရား စာအုပ်တစ်အုပ်ကို အသက်ကြီးသူ တစ်ဦးဦးအား လှူဒါန်း၍ ကံကောင်းလာစေရန် အတွက် လိုရာ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 3 2 2 8

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်ကိစ္စများ အဆင်ပြေ အောင်မြင်နေမည်။ စိတ်ညစ်မှုများ ရှိနေသော်လည်း ကူညီပေးသူ ပေါ်မည်။ လုပ်ငန်းများ အဆင်ပြေလာမည်။

ငွေကြေး ကိစ္စများ အဆင်ပြေလာမည်။ ငွေဝင်ကိန်း ရှိပါသည်။ မိသားစု အတွင်း စိတ်ညစ်မှု အနည်းငယ် ရှိပါသည်။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ ပညာရေးကိစ္စများ ကံကောင်းသော်လည်း အနည်းငယ် စိတ်ညစ်နေရမည်။

အချစ်ရေးမှာ အဆင်ပြေပါသည်။ ချစ်သူနှစ်ဦး ဆုံဆည်းခွင့်ရရှိမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော်လည်း ဘေးစကား ကြောင့် ရန်ဖြစ် နေရမည်။

ဒီလအတွင်း ကျန်းမာရေးမှာ ဝမ်းဗိုက်နဲ့ ပက်သက်သော ရောဂါဖြစ်မည်။

ယတြာ = သောကြာနေ့ နံနက်ပိုင်းတွင် ဘုရားသို့ သွား၍ ကုလိုလ် ပြုပါ။ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 5 1 2 5

၇။ စနေသားသမီးများ အတွက်

ဒီလအတွင်းမှာ အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ထဲတွင် စိတ်ညစ်မှု မရှိသော်လည်း စကားပြောဆိုရသော ကိစ္စများတွင် စိတ်ညစ်နေရမည်။

ငွေကြေး ငွေကံကောင်းပါသည်။ အဆင်ပြေလာမည်။ မိတ်ဆွေ သူငယ်ချင်းများနှင့် စကားပြောဆိုမှု အဆင်မပြေပါ။ စေတနာကို ဝေဒနာ အထင် ခံရမည်။ အလှူအတန်း ကိစ္စများ ပြုလုပ်ရမည်။ ခရီးယာယီ သွားရမည်။

အချစ်ရေးမှာ အဆင်ပြေ ကံကောင်းနေမည်။ ယခုလ အိမ်ထောင်ရေးကိစ္စများ ရန်စကားများ နေရပေမဲ့ အဆင်ပြေပါသည်။

အခုလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေ ညံ့မည်။

ယတြာ = စနေနေ့ နံနက်ပိုင်းတွင် သခွားသီး တစ်လုံးကို ခါးမှ ချိုး၍ ရေမျှောရင်း ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 1 2 5 0

2011, May လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် ... ဆရာကြီး မင်းသိင်္ခ ၏ တပည့် ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms -myohankonew@gmail.com - Ph; 016, 606 1917 , 017, 226 0715 ... စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ......

Source by :http://www.myohanko.br.ms

0 comments: