Wednesday, May 4, 2011

လေးဆယ့်ရှစ် စက္ကန့်အတွင်း အိုဘားမား သုံးခါသေ



အိုစမာ အစား အိုဘားမား သေ

ဂလိုဘယ် နယူးစ် (Global News) က သတင်းကြေညာသူ ကာရိုလင်း ဂျာဗစ် (Carolyn Jarvis) က အိုစမာ ဘင်လာဒင် အသေဖမ်းမိကြောင်း သတင်းကြေညာသွားတာမှာ “အိုစမာ” အစား “အိုဘားမား” ဆိုပြီး ၃ ကြိမ်တိတိ မှားယွင်း ပြောဆိုသွားတာ တွေ့ရပါတယ်။ နာမည်ကလည်း ခပ်ဆင်ဆင်ဆိုတော့ အိုဘားမားမှာ ကာရိုလင်းနဲ့ တွေ့မှာ ၃ ခါ သေရပါကြောင်း ...။ (ဒီသတင်းကြေညာသူ အခု အလုပ်ပြုတ် မပြုတ်တော့ မသိသေးဘူး)




ဒီနေရာမှာ တွေ့တာကို ယူလာတာပါ။
http://www.irrawaddyblog.com/2011/05/blog-post_04.html

2 comments:

ကိုဇော် said...

အဟီး ။ ။ ။
မှတ်ပလား . . . အိုဘားမား။
တကယ်ဆို နယူးဘားမား ဆိုရင် သေမှာ မဟုတ်ဘူး။

သူကြီးမင်း (တုံးဖလား) said...

အင်း သေလောက်တယ်။ သူကြီးကိုယ်တိုင်တောင် မိနစ်ပိုင်းအတွင်း အသံထွက်မှား ဖတ်မိတာ အတော်လေး များတယ်။ သူတို့နှစ်ယောက်က အလည်ထိုင်ဘဲ လွဲတာကိုး။ သတင်းကြေငြာတဲ့ သူကို ကိုယ်ချင်းစာတယ်။ နောက်လဲ ဆက်မှားဦးမှာ သေချာတယ်။

ခင်မင်လျက်